← Chapters

ကျန်းလွေ့ချန်း၏ ဆုံးဖြတ်ချက်

Vol. 48 Ch. 706

ကျန်းလွေ့ချန်း၏ ဆုံးဖြတ်ချက်

Vol. 48 Ch. 706

ကျန်းလွေ့ချန်း ဖုန်းယွီ၏ မျှော်လင့်ချက်ကြောင့်..

“ပြောင်းပြန်ပါပဲကွာ.. ငါမင်းကို ယုံပါတယ်.. မင်း သန်း(၂၀၀)တန်တယ် ပြောရင် တကယ်တန်လို့ပဲ.. ဘာကြောင့် ယွမ်သန်း(၂၀၀)တန်လဲဆိုတာ သိချင်တာ..”

ဖုန်းယွီ အံ့ဩသွားသည်။ လက်ဖက်ရွက် လှမ်းကိုင်မည့် လက်ပင် လေထဲ၌ ရပ်သွားကာ..

“ကျုပ်ပြောတာ ခင်ဗျားယုံတယ်ပေါ့..”

ကျန်းလွေ့ချန်း ရယ်ရင်းဖြင့်..

“ဘာဖြစ်လို့လဲ.. မင်း ဒီလိုကိစ္စတွေမှာ ဘယ်တုန်းကမှ မလိမ်ဖူးသေးဘူးလေ..”

ယခုအချိန်မျိုးထိ ကျန်းလွေ့ချန်း အားကိုးနေရဆဲပင်။ ကျန်းလွေ့ချန်းအား လှမ်းကြည့်လိုက်သည်။ သို့အတွက် ကျန်းလွေ့ချန်း ပမ့်မြို့တော်၏ မြို့တော်ဝန် ဖြစ်နိုင်ပေသည်။ နိုင်ငံတော်ပိုင်ကြီးကြပ်ရေးနှင့် စီမံခန့်ခွဲရေး ကော်မရှင် (SASAC) မှလူများထက် ထက်မြက်ပေသည်။ ၎င်းတို့ထံမှ ယွမ်သန်း(၂၀၀)ကို မည်သည့်အတွက် လိမ်လည်ရန် ကြိုးစားရမည်နည်း။

“ကျုပ် မင်းကို မလိမ်ပါဘူး..”

ဖုန်းယွီ ရိုးသားစွာ ပြန်ဖြေလိုက်သည်။

“ကောင်းပြီလေ.. ဒါဆို အဆင်ပြေပြီ..”

ကျန်းလွေ့ချန်း စီးကရက်တစ်လိပ် မီးညှိကာ ဆေးလိပ်ငွေ တစ်ရှိုက် ရှိုက်လိုက်သည်။

“အဆင်ပြေတယ်ဆိုတာ ဘာကို ပြောချင်တာလဲ..”

ဖုန်းယွီ စိတ်ရှုပ်သွားသည်။

“ဒီကိစ္စဖြေရှင်းဖို့ ငါအကူအညီပေးမယ်.. ဒီဖော်မြူလာရဲ့တန်ဖိုး သန်း(၂၀၀)က ပြဿနာ မဟုတ်ဘူး.. ဒါပေမယ့် ရှယ်ယာအချိုးအစား အတူတူပဲ ဖြစ်မှ ရမယ်..”

ကျန်းလွေ့ချန်း ပြောလိုက်သည်။

“မြို့တော်အစိုးရက ရင်းနှီးမြုပ်နှံမှု သန်း(၂၀၀)ကျော် တိုးချင်လို့လား..”

ဖုန်းယွီ သွေးတိုးစမ်းလိုက်သည်။

ပမ့်မြို့တော် ဆေးဝါးစီမံကိန်းသည် ၎င်း၏ ရင်းနှီးမြုပ်နှံမှု သန်း(၂၀၀)တိုးနိုင်ပေသည်။ သို့ရာတွင် မြို့တော် ရန်ပုံငွေ အစီအစဉ်အတွင်း၌ ပါဝင်မည် မဟုတ်ချေ။ မြို့တော် ရန်ပုံငွေအား ယခင်ကတည်းက စီစဉ်ပြီးသား ဖြစ်သည်။

ထိုယွမ်သန်း (၂၀၀)အား မြို့တော်မှ မည်သို့ဖုံးကွယ်နိုင်မည်နည်း။ မြို့တော်၏ မည်သည့် ဖွံ့ဖြိုးရေး စီမံကိန်းကို ရွှေ့ဆိုင်းပစ်မည်နည်း။

“မြို့တော်က သန်း(၂၀၀)ဘယ်ပေးနိုင်မလဲ.. ဒါကြောင့် နည်းနည်းပဲ ပေးဖို့ မျှော်လင့်တယ်.. ဆေးဖော်မြူလာကို ပမ့်မြို့တော် ဆေးဝါးစီမံကိန်းလက်ထဲ အရင်ပေးပြီး အဲ့ဆေးကို အရင် ထုတ်လုပ်ရောင်းချလိုက်လေ.. ကုမ္ပဏီမှာ ပြန်ရင်းနှီးမြုပ်နှံဖို့ နောက်နှစ်က စပြီး ရတဲ့အမြတ်ဝေစုကို မြို့တော်က သုံးမယ်.. အဲ့လိုမှမဟုတ်လဲ အမြတ်အစွန်းနဲ့ သန်း(၂၀၀)ထုတ်ယူလိုက်လေ..”

ကျန်းလွေ့ချန်း ဖုန်းယွီအား သူတွေးထားသည့်အတိုင်း ပြောလိုက်သည်။

ဤသည်မှာ ကျန်းလွေ့ချန်း၏ အရိုးရှင်းဆုံး ဖြေရှင်းချက် ဖြစ်ကာ၊ ဖုန်းယွီအပေါ် သူ့ယုံကြည်မှုအပေါ်တွင် အခြေခံ ပေသည်။ ဖုန်းယွီ ကြောင့်သာမဟုတ်ပါက ပမ့်မြို့တော် ဆေးဝါးစီမံကိန်းသည် ယခုအခြေအနေအထိ ကြီးထွားလာမည် မဟုတ်ချေ။ ဆက်လက်ရှင်သန်နိုင်ရေးအတွက် အတိတ်ကကဲ့သို့၌င် မနည်း ရုန်းကန်နေရ ပေလိမ့်မည်။ ဤကုမ္ပဏီသည် မြင့်မားသည့် အမြတ်အစွန်းများရရှိကာ တရုတ်နိုင်ငံ၏ ထိပ်တန်း ဆေးဝါးကုမ္ပဏီ တစ်ခု မည်သို့ ဖြစ်လာနိုင်မည်နည်း။

ဖုန်းယွီ ပါးစပ်ဖွင့်လိုက်ပြီး..

“ခက်တာက ဒီဆေး အခုထိ မအောင်မြင်သေးဘူး.. လက်တွေ့စမ်းသပ်မှုလဲ မစရသေးဘူး..”

ကျန်းလွေ့ချန်း အံ့ဩသွားကာ..

“ဘယ်လို.. ဒီဖော်မြူလာ မအောင်မြင်သေးဘူးလား.. မင်းဘာတွေ ကြိုးစားနေတာလဲ.. ဆေးဖော်မြူလာကို သန်း(၂၀၀)နဲ့ တီထွင်ချင်နေတာလား..”

“ဖော်မြူလာက တစ်ခုတည်းမဟုတ်ဘူး.. (၂)ခု.. တားဆေးအတွက် ဖော်မြူလာ (၂)ခု.. ဒီ တားဆေးတွေအတွက် အသုံးပြုမှုနဲ့ ပတ်သက်ပြီး ကျုပ်တို့ အတည်ပြုထားပြီးသား.. ဆေးဝါးလဲ အောင်မြင်မယ်လို့ အာမခံရဲတယ်… ဒါပေမယ့် လက်တွေ့စမ်းသပ်မှုတွေ လုပ်ဖို့တော့ လိုသေးတာပေါ့..”

ကျန်းလွေ့ချန်း အတွေးများ နက်နဲလာသည်။ ဤသည်က အမှန်တရားဆိုပါက ဖုန်းယွီကို ထောက်ခံစရာ မလိုတော့ချေ။ ထို အဟာရ ဆေးဖော်မြူလာများအကြောင်း လူတိုင်းသိပေသည်။ ထိုဆေးဝါးများကို စမ်းသပ် စစ်ဆေးရန်အတွက် အမြန်ပေးပို့ခဲ့ပြီး အတည်ပြုချက် ရရယူခဲ့သည်။ ထိုဆေးများအတွက် လက်တွေ့စမ်းသပ်မှုမှာ အလွန်အချိန်နည်းပေသည်။

ယခုမူ ဤဆေးအား အမြတ်အစွန်းအတွက် ချက်ချင်း မထုတ်လုပ်နိုင်သေးဘဲ၊ သုတေသနနှင့် တီထွင်ထုတ်လုပ်ရန် ငွေကြေးဆက်လက် သုံးစွဲရန် လိုအပ်နေသေးသည်။ ၎င်းသည် ယခင်ဆေးဖော်မြူလာများနှင့် လုံးဝ ကွဲပြားပေသည်။

ဘေးတွင်နားထောင်နေသည့် အတွင်းရေးမှူးလျိုမှ ရုတ်တရက်..

“မန်နေဂျာဖုန်း.. မင်းဝယ်လာတဲ့ ဖော်မြူလာက ဟိုရောဂါ အမျိုးအစား ကုတဲ့ဆေးလို့ ငါကြားထားတယ်..”

ကျန်းလွေ့ချန်း ခေါင်းမော့ကာ..

“ဘယ်လို ရောဂါမျိုးလဲ..”

ဖုန်းယွီ ကျန်းလွေ့ချန်းအား စိုက်ကြည့်လိုက်သည်။ ကျန်းလွေ့ချန်းသည် ထိုဆေးမှာ မည်သည့်အတွက်မှန်းပင် သိမထားချေ။ မတုံ့ဆိုင်းဘဲ မိမိအား ထောက်ပံ့ချင်နေသည်ကို အံ့ဩသွားမိသည်။

“ဒါက အမျိုးသားတွေ မစွမ်းဆောင်နိုင်မှုကို ကုသပေးဖို့အတွက်ပဲ.. ပိုပြီးတိတိကျကျ ပြောရရင် လိင်အင်္ဂါချို့ယွင်းမှု အတွက်ဆေးပေါ့..”

ဖုန်းယွီ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

ကျန်းလွေ့ချန်း ဖုန်းယွီ မျက်လုံးများကို ပြန်စိုက်ကြည့်နေရာမှ အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ပူပန်နေသည့် အရိပ်အယောင်အား ကြည့်ရခြင်းဖြင့် ဖုန်းယွီအား မွေးခွန်းအနည်းငယ် မေးချင်နေပုံပင်။

ဖုန်းယွီ ဒေါသထွက်သွားသည်။ မည်သည့်နေရာသို့ ကြည့်နေသနည်း။ မိမိတွင် ပြဿနာ အနည်းငယ်ရှိသဖြင့် မိမိကိုယ်တိုင် ဖန်တီးရန် လိုအပ်ကြောင်း သံသယ ဖြစ်နေသည်လော။ မိမိမှာ အသက်(၂၀)ကျော်သာရှိသေးသည်။ အသန်မာဆုံး အချိန်ကာလ ဖြစ်ပေသည်။

“ကျုပ်မှာ ဘာပြဿနာမှ မရှိဘူးနော်..”

ဖုန်းယွီ ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။

ကျန်းလွေ့ချန်း အကြည့်လွှဲ၍ အဝေးသို့ ကြည့်ကာ..

“မင်းခန္ဓာကိုယ်မှာ ဘာပြဿနာရှိတယ်ဆိုပြီး ငါမပြောမိပါဘူး.. မင်းဘာလို့ ရှင်းပြချင်နေတာလဲ..”

ဖုန်းယွီ ကျန်းလွေ့ချန်းအား စိုက်ကြည့်လိုက်စဉ် ကျန်းလွေ့ချန်းမှာ အဝေးသို့ အကြည့်လွှဲလိုက်သည်။

ဖုန်းယွီ သူ့ကိုယ်သူ တည်ငြိမ်စေရန် အသက်ပြင်းပြင်း ရှူလိုက်သည်။

“ပြည်ပ သုတေသီတွေ အဆိုအရ ကမ္ဘာပေါ်က အမျိုးသား (၁၀)ယောက်မှာ (၁)ယောက် လိင်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ ရျိတယ်.. တစ်ချို့က စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ဖြစ်ပြီး.. တစ်ချို့ကတော့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့်ပေါ့.. ဒီတားဆေးကို တီထွင်ရတဲ့ အဓိကအချက်က အဲ့ဝေဒနာကို ထိထိရောက် ရောက် ကုသပေးနိုင်ဖို့ပဲ.. ဒီရောဂါကုဖို့ အခွင့်အလမ်းက (၈၀)ရာခိုင်နှုန်းဆိုတော့ ဈေးကွက် ဘယ်လောက် ကြီးမယ်ထင်လဲ..”

ကျန်းလွေ့ချန်း ခေတ္တတားကာ..

“ရောဂါရှိတဲ့ အမျိုးသားတွေကရော အဲ့လိုဖြစ်နေတယ် ဆိုတဲ့အကြောင်း ဝန်ခံကြမှာလား..”

ဖုန်းယွီ ကျန်းလွေ့ချန်းကို သံသယစိတ်ဖြင့် ချက်ချင်းကြည့်ကာ ၎င်းကိုယ်တိုင် ထိုအခြေအနေ ဖြစ်နေကြောင်း သံသယ ဖြစ်လာမိတော့သည်။

ကျန်းလွေ့ချန်း မျက်နှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူသည်ပင် ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့သည့်ပုံ ပေါ်သွားသည်။ သူမည်မျှ တည်ငြိမ်နေသည်ဖြစ်စေ ဖုန်းယွီ သူ့ကို ထိုသို့သော အကြည့်မျိုး ကြည့်နေသည်ကို ငြိမ် မနေနိုင်ချေ။

“လူတော်တော်များများကတော့ သူတို့မှာ အဲ့လိုအခြေအနေ ရှိတယ်ဆိုတာ ဝန်ခံဖို့ ရှက်ပြီး လိုင်စင်မဲ့ ပညာရှင်တွေဆီမှာ ကုသဖို့ ကြိုးစားကြလိမ့်မယ်.. လမ်းမတစ်လျှောက် မီးတိုင်တွေမှာ ကြော်ငြာမျိုးစုံတွေ့ပြီး တိုင်းရင်းဆေး ဒါမှမဟုတ် ကုပေးနိုင်မယ့် ဆေးတစ်မျိုးမျိုး ရှိတယ် ပြောကြလိမ့်မယ်.. အဲ့ဆေးတွေအကုန်လုံး သက်သေ မပြနိုင်တော့ လူမိုက်တွေတောင် မသုံးကြဘူး.. မတူတဲ့ ဘေးထွက်ဆိုးကျိုး နည်းနည်းပဲ ရှိပြီး ခန္ဓာကိုယ်ကို မထိခိုက်အောင် ဖန်တီးထားတဲ့ ဆေးပေါ့..”

ဖုန်းယွီ၏ ယခင်ဘဝတွင် ယောက်ျားများ၏ ပြဿနာများကို ကုသခြင်းဆိုင်ရာ ကြော်ငြာများစွာကို တွေ့ခဲ့ရသည်။ ထိုကြော်ငြာ အများစုကို နေရာတော်တော်များများတွင် တွေ့ရကာ ထုတ်ကုန်များ၌ ပါဝင်ပစ္စည်းများမှာ ထူးဆန်းနေပေသည်။ တရုတ်တိုင်းရင်းဆေး သို့တည်းမဟုတ် အနောက်တိုင်းဆေးများ မဟုတ်ချေ။ ကြော်ငြာများတွင် ထိရောက်မှုများကို ချဲ့ကားထားပြီး ထိုကုမ္ပဏီများမှ လူများကို လှည့်စားထားလျှင်ပင် ဆေးရှာရန် ရှက်ရွံ့ကြပေလိမ့်မည်။ မည်သည့်အတွက်ဆိုသော် ၎င်းတို့သည် ထိုဆေးများ သောက်နေကြောင်း တခြားသူများ မသိစေလို၍ ဖြစ်သည်။

ပစ်ဇာ၏ Sildenafil သည် ထိရောက်ကာ ကျော်ကြားသည့် ဆေးဝါးကုမ္ပဏီတစ်ခု ဖြစ်ပေသည်။ ဖုန်းယွီ အထင်ကြီးဆုံးသော အရာမှာ ထိုဆေးနှင့် ပတ်သက်သည့် CCTV သတင်းတွင်ပင် ဖော်ပြနေပေသည်။ ထိုဆေး မည်မျှ ထိရောက်ကြောင်း ပြသနေပေသည်။

“ဒါပေမယ့် အဲ့ဆေးကို ဘယ်လိုရောင်းကြမှာလဲ..”

ကျန်းလွေ့ချန်း မေးလိုက်သည်။

“ဒါက ဆေးညွှန်းပဲလေ.. ပမ့်မြို့တော် ဆေးဝါးစီမံကိန်းနဲ့ နီးစပ်တဲ့ ဆေးရုံတွေမှာပဲ အဲ့ဆေး အရောင်းမြှင့်တင်ဖို့ အကူအညီတောင်းရလိမ့်မယ်.. အဲ့ဆေးက ကျုပ်တို့ကို ပြည်ပဈေးကွက်ထဲထိ ဝင်ခွင့်ပေးလိမ့်မယ်.. ဒါ နိုင်ငံတကာ ဈေးကွက်မှာ ငါတို့အတွက် အထင်ကရ ဆေးဝါး ဖြစ်လာလိမ့်မယ်..”

ကျန်းလွေ့ချန်း တုံ့ဆိုင်းနေဆဲပင်။ ထိုဆေးကို ကုမ္ပဏီအတွက် အထင်ကရ ဆေးအဖြစ် အသုံးချရမည်လော။ ထို့နောက် ပမ့်မြို့တော် ဆေးဝါးစီမံကိန်းသည် ထိုသို့သော ရောဂါကို အထူးပြု ကုမ္ပဏီအဖြစ် လူသိများလာမည် ဖြစ်သည်။ သူတို့ အမှတ်တံဆိပ်ဂုဏ်သတင်းနှင့် သင့်တော်မည် မဟုတ်ချေ။

“အဲ့ဆေးက နောင်ဆို ငါတို့ ကုမ္ပဏီအတွက် အနည်းဆုံး အမြတ်ငွေ ဒေါ်လာသန်းရာချီလိမ့်မယ်..”

ဖုန်းယွီ သူ့ယခင်ဘဝက ဒေါ်လာ ဘီလီယံကျော်ရရှိသည့် ပစ်ဇာ၏ နှစ်စဉ် အမြတ်ငွေများကို သတိရမိလိုက်သည်။ သို့ရာတွင် ထိုဆေးကို ကမ္ဘာတစ်ဝှမ်းတွင် လူသိများပြီးသား ဖြစ်၍ပင်။ ပထမနှစ်အနည်းငယ်တွင် အမြတ်ငွေ သိပ်မများဘဲ ပစ်ဇာသည် ဈေးကွက်အတွက် ရုန်းကန်သုံးစွဲခဲ့ရသည်။

“အမြတ်ငွေ ကန်ဒေါ်လာ သန်းရာချီမှာလား.. အမြတ်က အဲလောက်တောင်လား..”

ကျန်းလွေ့ချန်း မျက်လုံးများထဲတွင် ငွေများသာ ပေါ်နေတော့သည်။

“အဲ့ဒါ အနိမ့်ဆုံးကို ပြောတာ..”

ဖုန်းယွီ ပိုင်ပိုင်နိုင်နိုင် ပြန်ဖြေလိုက်သည်။

ကျန်းလွေ့ချန်း အသက်ပြင်းပြင်းရှူကာ..

“ကောင်းပြီလေ.. ငါ့တာဝန်သာထားလိုက်.. ဒါပေမယ့် ပမာဏကို ငါတို့ အမြတ်ငွေ သန်း(၂၀၀)ပဲ ပြန်ပေးမှာ.. ပြီးတော့ အဲ့ဆေး ဈေးကွက်ထဲ ဝင်မှ အတိုးစမေးမှာ..”

ဖုန်းယွီ ခေါင်းညိတ်ပြကာ..

“ကျုပ်က မြို့တော် အစိုးအရအတွက် အခွင့်အရေးကောင်း ယူလာပေးတာတောင် စိတ်မဝင်စားကြဘူး.. စိတ်ဓာတ်ကျလိုက်တာ..”

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters