အလဟသ မဖြစ်
Vol. 48 Ch. 707
ပမ့်မြို့တော် ဆေးဝါးစီမံကိန်းသည် ယခုအချိန်၌ တည်ဆောက်ထားသည့် အမှတ်တံဆိပ် တစ်ခု ဖြစ်သောကြောင့် ဖုန်းယွီအနေဖြင့် အသာစီးရယူရန် စိတ်မဝင်စားခဲ့ချေ။ ထိုဆေးကို အမှတ်တံဆိပ်အမည်ဖြင့် ရောင်းချပါက လူကြိုက်များမည် ဖြစ်သည်။ ထို့အပြင် ပမ့်မြို့တော် ဆေးဝါးစီမံကန်းတွင် သုတေသီများစွာရှိကာ ဖော်မြူလာကို ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ပြီး လက်တွေ့စမ်းသပ်မှုအတွက် အမြန်ဆုံး ဖြစ်ပေလိမ့်မည်။
ထို့အပြင် တရုတ်နိုင်ငံ၏ ဆေးဝါးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများမှာ တင်းကြပ်ခြင်း မရှိချေ။ ဖုန်းယွီသည် ပစ်ဇာထက်စော၍ ခွင့်ပြုချက်ရနိုင်ကာ ထုတ်လုပ်ရောင်းချ နိုင်ပေမည်။ မူပိုင်ခွင့်များ လျှောက်ထားနိုင်ပြီး ပစ်ဇာ၏ ဆေးဝါးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် နှောင့်နှေးစေလိမ့်မည်။ ပမ့်မြို့တော် ဆေးဝါးသုတေသနသည် ဤဆေးကို တီထွင် ထုတ်လုပ်သည့် ပထမဆုံး ကုမ္ပဏီ ဖြစ်လာပေလိမ့်မည်။
အခြားသော ဆေးဝါးကုမ္ပဏီငယ် တစ်ခု ဖြစ်ပါက ထိုကိစ္စများ လုပ်ဆောင်ရန် ခက်ခဲပေလိမ့်မည်။ ထို့အပြင် ဖုန်းယွီသည် သိသာထင်ရှားသည့် ဆုံးရှုံးမှု မခံစားခဲ့ရချေ။ ထိုသုတေသန အချက်အလက်များသည် အထောက်အထား များသာ ဖြစ်ပြီး ဤဆေးထုတ်လုပ်ရန် နည်းပညာဆိုင်ရာ အသိပညာ တစ်ချို့ ပါဝင်နေပေသည်။
ဆွေးနွေးမှု ပြီးသည့်အခါ ဖုန်းယွီသည် ဆိုဖာပေါ်တွင် ခြေချိတ်၍ ဆက်လက် ထိုင်နေလိုက်သည်။
“မင်း ဘာလို့ ဒီရှိနေသေးတာတုန်း.. ဒီမှာ ငါတို့ ရုံးတွင်းဆိုင်မှာ နေ့လည်စာ စားချင်ရင်တော့ အဆင်ပြေပါတယ်.. ဒါပေမယ့် ဈေးကြီးတဲ့ ဟင်းတွေမှာဖို့တော့ စိတ်တောင်မကူးနဲ့..”
“ခင်ဗျား တော်တော်ဟုတ်တဲ့ မြို့တော်ဝန်ပဲ.. ကြည့်စမ်းပါအုံးဗျာ.. ကျုပ်ဟာကျုပ် ဝယ်မစားနိုင်တဲ့ကောင်လို့ ထင်နေတာလား..”
ဖုန်းယွီ မောက်မာစွာ ပြောလိုက်သည်။
ဒါဆို မင်း ငါ့ဆီက ဘာလိုချင်လို့လဲ.. နှစ်က ကုန်တော့မယ်.. ငါအရမ်း အလုပ်များနေတယ်… အစည်းအဝေးတွေလဲ အများကြီး တက်နေရတာ…”
ကျန်းလွေ့ချန်း မျက်မှောင်ကြုတ်လိုက်သည်။ သူ့သည်လည်း ဖုန်းယွီ အကြောင်း ကောင်းကောင်း သိနေပြီး ဖုန်းယွီ တစ်ခုခု အကြောင်းရှိနေပေလိမ့်မည်။
ကောင်းရာကောင်းကြောင်း တစ်ခုခုဆိုပါက စောစောကတည်းက ပါးစပ်ဖွင့်ထားလောက်ပေပြီ။
“လာမယ့် နှစ်ကူးကာလ မြို့တော်အစိုးရအနေနဲ့ ဝန်ထမ်းတွေကို သက်သာချောင်ချိရေး ပေးအုံးမှာလား..”
“အဲဒါ မင်းနဲ့ဘာဆိုင်လို့လဲ.. မင်းဝမ်းကွဲအတွက် တောင်းနေတာလား.. မင်းရဲ့ စည်းစိမ်ဥစ္စာတွေ ပြနေတတ်တာကို… အခု မင်းဝမ်းကွဲလဲ မင်းခြေရာ လိုက်နင်းနေပြီလား.. သူဆို အငယ်တန်း ဝန်ထမ်းတစ်ယောက်ပဲလေ.. အလုပ် လုပ်နေတယ်မို့လား.. စောင်ကျင်း ကားတောင် မောင်းနေတယ်လေ..”
ဤသည်ကို ပြောသည့်အချိန် ကျန်းလွေ့ချန်း ဒေါသထါက်သွားသည်။ ပထမပိုင်း၌ သူသည် ဖုန်းယွီ၏ ဝမ်းကွဲအစ်ကို ကို အထင်ကြီးကာ သူ့အတွက်ရေးမှူး နေရာအတွက်ပင် ပြောင်းရွှေ့ပေးနိုင်ရန် ကြိုးစားခဲ့သေးသည်။ ယခုနှစ်တွင် သူ့ကို စင်ပေါ်တင်ရန် စဉ်းစားနေသေးသည်။
သို့ရာတွင် ဖုန်းယွီ၏ ဝမ်းကွဲမှာ ကားမောင်းသွားကာ မြို့မှ စီစဉ်ထားသည့် ရပ်ကွက်များအတွင်း၌ပင် မနေရဲချေ။ ပမ့်မြို့တော် မြစ်ကမ်းဘေးတွင် ကိုယ်ပိုင်တိုက်ခန်းအသစ် ဝယ်ယူလိုက်သည်။ ထိုတိုက်ခန်း၏ အကျယ်မှာ ဒါရိုက်တာအဆင့် ဝန်ထမ်းများ၏ ရပ်ကွက်များထက်ပင် ပိုကျယ်နေကြောင်း ကြားထားရပေသည်။
ထိုကောင်ထံတွင် လက်ကိုင်ဖုန်းပင် ရှိနေသေးသည်။ အစိုးရဌာန ဌာနမှူးတော်တော်များများ ပေဂျာပင် မကိုင်နိုင်ကြချေ။
ဖုန်းယွီလည်း စကားမပြောနိုင်တော့ချေ။ ထိုအရာအားလုံး သူ့ဖခင်မှ အစ်ကို ဝမ်းကွဲအား ပေးလိုက်ခြင်း ဖြစ်သည်။ သူ့ဖခင်အား မတားပါက ဇိမ်ခံမော်ဒယ် စောင်ကျင်း ကားပင် ပေးပစ်ပေလိမ့်မည်။ ဤသည်က မြို့တော်ဝန်ကို ပေးထားသည့် မော်ဒယ်နှင့် တစ်ပုံစံတည်းပင်။
ထိုတိုက်ခန်းကိုလည်း ဖုန်းယွီ၏ ဖခင်မှ ဝယ်ပေးခဲ့သည်။ တိုက်ခန်းကြီး တစ်ခုဖြင့် သူအစ်ကိုဝမ်းကွဲသည် ရည်းစား ရရန် လွယ်ကူလောက်သည်ဟု အကြောင်းပြပေသည်။ ယခု ချန်းသာသည့် မိသားစုသည် အစိုးရဝန်ထမ်း တစ်ယောက် အနေဖြင့် ကာတစ်စီး ပိုင်ဆိုင်ထားသဖြင့် ရည်းစားရရန် လွယ်သွားပေပြီ။ မြို့တော်အစိုးရမှ ခေါင်းဆောင် အများအပြားသည် ၎င်းတို့၏ သမီးများ သို့တည်းမဟုတ် တူမများနှင့် မိတ်ဆက် ပေးချင်နေကြသည်။
ဖုန်းယွီ ပြုံးကာ..
“အဲ့ဒါ သူ့ကိုယ်ပိုင် ကားပါဗျာ.. သူ့ကိုယ်ပိုင် ငွေနဲ့ဆို ဓာတ်ဆီဘိုးတောင် မရှိလောက်ဘူး.. ပြီးတော့ သူ့အတွက် ဆိုပြီး ကျုပ်အဖေ ဝယ်ပေးလိုက်တာ တားလို့တောင်မရဘူး.. မြို့တော် အုပ်ချုပ်ရေးမှာ ဝန်ထမ်းတွေအတွက် အများသုံးကား မရှိဘူးတဲ့လေ.. ပမ့်မြို့တော် စည်ပင်သာယာကနေ အများသုံး ယာဉ်လိုင်းတွေ ဆွဲလို့ရလောက်တယ်.. မြို့တော်အတွက် အများသုံးကား (၈)စီး ဒါမှမဟုတ် (၁၀)စီးလောက် မှာလိုက်မလား..”
ကျန်းလွေ့ချန်း ပြောစရာ ပျောက်လုလု ဖြစ်သွားသည်။ ဖုန်းယွီသည် မြို့တော် အုပ်ချုပ်ရေးအဖွဲ့အား ပုံမှန် ဖောက်သည်ကဲ့သို့ ဆက်ဆံနေပေသည်။ သူပြန်လာတိုင်း သူ့ထုတ်ကုန်များ ရောင်းချရန် ကြိုးစားနေပေသည်။
“ငါတို့ လုံးဝ မဝယ်နိုင်ဘူး.. တခြားကိစ္စတွေ ရှိသေးတယ်.. နေအုံး.. မင်းငါ့ကို ဘာပြောချင်နေတာလဲ..”
ကျန်းလွေ့ချမ်း တစ်ဝက်တစ်ပျက်နှင့် စကားရပ်ထားလိုက်သည်။ မည်သည့်အတွက် ပြောစရာ စကားကို အပြီး မသတ်ရသနည်း။ တန်းလန်းကြီး ရပ်လိုက်သည်မှာ ခိုးလို့ခုလု နိုင်လှပေသည်။
ဖုန်းယွီ ကျန်းလွေ့ချန်းအား ကြည့်ကာ အရောင်းစာရေး တစ်ယောက်ကဲ့သို့ စိတ်အားထက်သန်စွာဖြင့်…
“မြို့တော် အစိုးရ ဝန်ထမ်းတွေအတါက် သက်သာချောင်ချိရေး လက်ဆောင်အဖြစ် ကျုပ်တို့ ထိုင်ဟွာ ဈေးဝယ်ကဒ်တွေ ဝယ်ပါလား..(၂)ရာခိုင်နှုန်း လျော့ဈေးနဲ့ ပေးမယ်လေ..”
ကျန်းလွေ့ချန်း လှည့်ကာ သူ့စားပွဲနောက်သို့ ပြန်သွားလိုက်ကာ..
“ရှောင်လျို.. ဖုန်းကို ပြန်ပို့လိုက်..”
“အဲ့လို မလုပ်ပါနဲ့.. ကျုပ်တို့အေားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ စကားပြောနေကြတာကို… အစိုရက တရုတ်နှစ်သစ်ကူး လက်ဆောင်တွေ မပေးဘူးလား.. ကျုပ်တို့ ထိုင်ဟွာကုန်တိုက် ဈေးဝယ်ကတ်တွေက ဘာမို့လို့လဲ.. ဒီနည်းနဲ့ဆို ဈေးလဲ သက်သာမယ်.. ကုန်တိုက်မှာ ပစ္စည်းဝယ်ရတာလဲ ဈေးပေါတယ်.. ခင်ဗျား ဝန်ထမ်းတွေ စိတ်ကြိုက်ရွေးဖို့ ပစ္စည်းမျိုးစုံလဲရှိတယ်.. အသားတွေ.. ထမင်းတွေ ပေးရတာထက် ပိုကောင်းပါတယ်လေ..”
ကျန်းလွေ့ချန်း ဖုန်းယွီအား စိုက်ကြည့်ကာ..
“ပြီးခဲ့တဲ့ နှစ်က ထိုင်ဟွာ အာမခံ ဟင်းချက်ဆီ အရောင်းမြှင့်တင်ရေးလုပ်တယ်.. မနှစ်ကလဲ မင်းတို့ ထိုင်ပေ ဝက်သားပဲ.. ဒီနှစ် မင်းရဲ့ ထိုင်ဟွာ ကုန်တိုက် လက်ကျန်တွေ ရှင်းပစ်ချင်နေတာလား..”
“ဘာတွေ ပြောနေတာလဲဗျာ.. ကျုပ်တို့ ထုတ်ကုန်တွေ စဖွင့်ကတည်းက ရောင်းအားကောင်းလွန်းအားကြီးလို့ လက်ကျန်ရယ်လို့ မရှိတာ အားလုံးအသိပဲကို..”
“ဟုတ်ပါတယ်.. ငါတို့ အစိုးရပိုင် ကုန်တိုက်ကြီးတွေတောင် ရှင်သန်ဖို့ မနည်း ရုန်းကန်နေရတယ်လေ..”
ကျန်းလွေ့ချန်း ဒေါသတကြီးဖြင့် ပြန်ဖြေလိုက်သည်။
အစိုးရပိုင် အရောင်းစင်တာသည် မြို့တော်၏ အကောင်းဆုံးနေရာတွင် ရှိပြီး ကုန်တိုက်ဖွင့်လှစ်ခြင်းဖြင့် ထိုင်ဟွာ ကုန်တိုက်များကို အတုယူရန် ကြိုးစားခဲ့သည်။ သို့ရာတွင် ဖွင့်လှစ်ပြီး သိပ်မကြာမှီ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရ ပေသည်။
ကျန်းလွေ့ချန်း သူ့လူများကို စုံစမ်းခိုင်းသည့်အခါ ထိုထိုင်ဟွာကုန်တိုက်သည် သူတို့ကို ပစ်မှတ်ထားနေကြောင်း သိလိုက်ရသည်။ ထိုင်ဟွာကုန်တိုက်များတွင် ရောင်းချသော ပစ္စည်းများအားလုံးသည် အစိုးရပိုင် ကုန်တိုက်များ ထက် ဈေးသက်သာနေပေသည်။ ထိုင်ဟွာကုန်တိုက်သည် အစိုးရပိုင် ကုန်တိုက်အပြင်ဘက်တွင်ပင် လက်ကမ်း စာစောင်များ လိုက်ဝေနေပေသည်။
ပြိုင်ဖက်များ ဖြစ်သော်လည်း ရန်လိုခြင်းမျိုး မဖြစ်သင့်ချေ။ ထိုင်ဟွာ ကုန်တိုက်၏ လုပ်ငန်းသည် အလွန်ကောင်းမွန် ကာ အခြားသူများ မည်သည့်အတွက် မရှင်သန်အောင် လုပ်နေသနည်း။ ယခုနှစ်တွင် မြို့တော်အစိုးရသည် ၎င်းတို့၏ ဝန်ထမ်းများအတွက် လက်ဆောင်များ ပေးအပ်ရပေမည်။ သို့ရာတွင် လက်ဆောင်များအားလုံးကို နိုင်ငံပိုင် ကုန်တိုက်မှ ဝယ်ယူရပေလိမ့်မည်။ ထိုင်ဟွာကုန်တိုက်သို့ မည်သည့်အခါတွင်မှ သွားမည် မဟုတ်ချေ။
“ဒါက တရားမျှတတဲ့ ပြိုင်ဆိုင်မှုပါဗျာ.. ကျုပ်တို့က မူရင်းလေ.. သူတို့က အတုယူထားတာကိုး.. ခင်ဗျား ကျုပ်တို့ကို နှိပ်ကွပ်တယ်လို့ မပြောသင့်ဘူး.. သူတို့က ကောင်းကောင်း မလုပ်တာလေ.. သူတို့ စီမံခန့်ခွဲမှုကြောင့် ဖြစ်မှာပါ.. အဲ့လို မဟုတ်ရင် သူတို့ ကုန်တိုက်မှာ တစ်ခုခု မှားနေလောက်တယ်..”
ဖုန်းယွီ ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။
စီမံခန့်ခွဲမှု ပြဿနာလော။ အစိုးရပိုင် ကုန်တိုက် မန်နေဂျာကို အောက်ခြေ မန်နေဂျာအဖြစ် ထိုင်ဟွာ ကုန်တိုက်တွင် ခေါ်ခဲ့ကြပေသည်။ ထိုကုန်တိုက်မှ လစာနှစ်ဆကျော်ပေးကာ ဘဏ္ဍာရေးနှင့် ဂိုဒေါင်ဌာနများမှ မန်နေဂျာ တော်တော် များများသည် ထိုင်ဟွာကုန်တိုက်ဘက်သို့ ရောက်သွားကြသည်။ ထိုသို့ ဖြစ်ပြီးမှ မိမိတို့ ကုန်တိုက်ကို မည်သို့ ကောင်းစွာ စီမံခန့်ခွဲနိုင်တော့မည်နည်း။
အစိုးရပိုင် ကုန်တိုက်လုပ်ငန်းသည် ကျဆင်းသွားပြီး အရောင်းစင်တာသည်လည်း ထိခိုက်သွားပေသည်။ ကျန်းလွေ့ချန်း စိတ်ပျက်သွားသည်။ သူ့အနေဖြင့် ထိုကုန်တိုက်တွင် မျှော်လင့်ချက်များ ရှိထားသည် မဟုတ်ပေလော။။
ပမ့်မြို့တော်သည် အရောင်းပြခန်းများ ဖွင့်လှစ်ခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ခဲ့ချေ။ ဤကုန်တိုက်သည် ပိုကောင်းသော နေရာတွင်ရှိပြီး ပိုမိုကောင်းမွန်သော ပြုပြင်မွမ်းမံမှုများနှင့် ဖောက်သည်ဝန်ဆောင်မှုများ တိုးမြှင့် ထားပေသည်။ သို့ရာတွင် မူလ အရောင်းပြခန်းများထက်ပင် စီးပွားရေးအခြေအနေ ပိုဆိုးနေပေသည်။
ဖြစ်နိုင်ခြေ အကြီးမားဆုံးမှာ ထိုင်ဟွာကုန်တိုက်ကြောင့် ဖြစ်ပေသည်။ ထိုင်ဟွာကုန်တိုက်နှင့် နီးကပ်စွာရှိနေပြီး ၎င်းတို့သည် နိုင်ငံပိုင် ကုန်တိုက်မှ စီမံခန့်ခွဲရေး ဝန်ထမ်းများအားလုံးကို ခေါ်ယူထာလေသည်။
“တရားမျှတတဲ့ ပြိုင်ဆိုင်မှုတစ်ခုဆိုရင် ငါတို့လူတွေကို အလုပ်ခန့်တာ ရပ်လိုက်လေ..”
“ခင်ဗျားတို့ကမှ သူတို့ကို လစာပိုမြင့်အောင် မပေးနိုင်တာ.. ဝင်ငွေ ပိုမရအောင် တားချင်နေတာလား.. သူတို့မှာ ကျွေးရ မွေးရမယ့် မိသားစုတွေ ရှိတယ်လေ.. ဝင်ငွေ ပိုရဖို့ ကြိုးစားကြတာ ဘာမှားနေလို့လဲ.. အစိုးရပိုင် ကုန်တိုက်တွေ ဆက်မရှင်သန်နိုင်တော့ဘူးဆိုရင် အကြံပေးနိုင်တာ တစ်ခုတော့ရှိတယ်.. အဲ့ဒါ ပိတ်ပစ်ပြီး တက္ကသိုလ်တွေနဲ့ နီးတဲ့ တခြားနေရာ ရွှေ့လိုက်လေ.. ဒါဆို သူတို့လုပ်ငန်း တိုးတက်လာလိမ့်မယ်..”
ကျန်းလွေ့ချန်း ဖုန်းယွီအား သံသယ မျက်လုံးဖြင့် ကြည့်လိုက်သည်။
“တက္ကသိုလ်နဲ့ နီးနီးကို ရွှေ့လိုက်ရမှာလား…”
“ဟုတ်တယ်လေ.. ဘယ်တက္ကသိုလ်မှ ပြောနေတာမဟုတ်ဘူး.. လုံကျန်း တက္ကသိုလ်နဲ့ နီးနီးဆို မဆိုးဘူး.. အဲ့အနီး တစ်ဝိုက်မှာ ကျောင်းတွေ အများကြီးပဲ… လမ်း နည်းနည်းဝေးတယ်ဆိုပေမယ့် လူသွားလူလာ များတယ်လေ.. ဒီတော့ အရောင်းစင်တာ ဆောက်ဖို့ အကောင်းဆုံးနေရာပဲ..”
“ထားလိုက်တော့.. ဒီကိစ္စ နောက်မှပဲ ငါတို့ပြောကြတာပေါ့.. မင်း ငါ့ကို ဘာပြောစရာ ရှိသေးလို့လဲ..”
“နောက်တစ်ခု ရှိသေးတယ်.. ဒီနေရာ (၂)ခုမှာ နေထိုင်တဲ့ သူတွေကို မြို့တော်က ပြောင်းပေးထားတာ ကျုပ်သိတယ်.. မြေကွက်တွေ လေလံတင်ရောင်းမှာလား.. အဲ့နေရာကို ထိုင်ဟွာကုန်တိုက်အတွက် ဘယ်လို ရောင်းပေးမလဲ.. အဲ့နေရာမှာ ကျုပ်တို့ ကုန်တိုက်ဆောက်မယ်.. အဲ့နေရာ(၂)ခုမှာ စည်ကားသိုက်မြိုက်တဲ့ ကုန်သွယ်ရေးဇုန် ဖြစ်လာစေရမယ်လို့ အာမခံတယ်..”
ကျန်းလွေ့ချန်း ဖုန်းယွီအား ဒေါသတကြီး စိုက်ကြည့်နေလိုက်သည်။ ထို(၂)နေရာသည် အရောင်းပြခန်းများ တည်ဆောက်ရန် သင့်တော်ကြောင်း မသိ၍လော။ ထိုမြေကွက်များကို မည်သည့်အတွက် ရောင်းချရမည်နည်း။ သို့ရာတွင် ကျန်းလွေ့ချန်း ခေတ္တစဉ်းစားလိုက်သည်။ အစိုးရပိုင် အရောင်းပြခန်းများ စီမံခန့်ခွဲရသည်မှာ လွယ်ကူပုံ မပေါ်ချေ။ မြို့၏ အကောင်းဆုံးနေရာတွင် ရှိသည့် ကုန်တိုက်များပင် ရုန်းကန်နေရပေသည်။ မြို့တော်သည် နယ်မြေအသစ်တွင် ၎င်းတို့၏ ကုန်တိုက်များ အမှန်တကယ် ဆောက်လုပ်၍ စီမံခန့်ခွဲပါက ဆုံးရှုံးမှု ကြီးကြီးမားမား တွေ့ရနိုင်ပေသည်။ မြို့တော် နယ်မြေကို ရောင်းချ၍ အမြတ်ထုတ်နိုင်ပေသည်။ ထိုနောက် မြို့တော်သည် နှစ်စဉ် အခွန်အခ မြင့်မားစွာ ခံစားနိုင်ပေလိမ့်မည်။
“နှစ်သစ်ကူးပြီးတာနဲ့ အဲ့မြေကွက်(၂)ကွက် လေလံတင်ရောင်းမယ်.. နောက်မှ ရက်အတိအကျ အကြောင်းကြားလိုက်မယ်.. ပြောစရာ မရှိတော့ရင် ပြန်လိုက်တော့..”
ဖုန်းယွီ သူ့လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ တစ်ကျိုက်တည်း အပြီးသောက်ကာ ဖြည်းညှင်းစွာ ထထွက်သွား လိုက်သည်။ မြို့တော်ဝန်ရုံးသို့ သွားခဲ့သည့် ခရီးစဉ်သည် အလဟသ မဖြစ်ခဲ့ချေ။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)