← Chapters

ကျေးရွာအမည် ပြောင်း၍ ရမည်လော

Vol. 48 Ch. 708

ကျေးရွာအမည် ပြောင်း၍ ရမည်လော

Vol. 48 Ch. 708

ဆီးနှင်းများ ကျဆင်းနေသဖြင့် လူအားလုံးနီးပါး အလုပ်မလုပ်ကြတော့ဘဲ စင်ဝင်အောက်တွင် အနက်ရောင် အကောင်းစား ကားတစ်စီး လာရပ်ပေသည်။ ထို အလွန်လှသည့် ကားနက်ကို ကြည့်လိုက်ကြသည်။ အဘိုးကြီး ဖုန်းအား လာတွေ့သူ ဖြစ်ရပေလိမ့်မည်။

အဘိုးကြီးဖုန်းတွင် အရည်အချင်းရှိသည့် သားတစ်ယောက် ရှိနေသဖြင့် သူ့ဘဝသည် ပိုမို ကောင်းမွန်လာခဲ့ပေသည်။

ယာဉ်မောင်း အရင်ဆင်းလာကာ ဖုန်းယွီအတွက် အမြန် တံခါးဖွင့်ပေးလိုက်သည်။

အဘိုးကြီးဖုန်း၏ သားမဟုတ်ပေလော။ သူပြန်လာပြီလော။

“ရှောင်ယွီ… မိဘတွေဆီ ပြန်လာတာလား..”

အဒေါ်ကြီးတစ်ယောက် ဦးအောင်နှုတ်ဆက်လိုက်သည်။ ဖုန်းယွီ မည်သူနှင့်မှ မတွေ့မှီ နှုတ်ဆက်ရသည်ကို ဂုဏ်ယူစရာ ထင်မှတ်နေပေသည်။ ထိုလူများမှာ ဖုန်းယွီ၏ အိမ်နီးနားချင်းများပင် ဖြစ်သည်။

“မဟုတ်သေးဘူး.. နှင်းတွေ ကျနေတုန်း လေ့ကျင့်ခန်းအဖြစ် ပြန်လာတာလား.. တက္ကသိုလ်ကလဲ ဆောင်ရာသီ ပိတ်ရက်ရှည် ပိတ်ထားတယ်လေ.. ဘာလို့ နောက်ကျနေတာလဲ..”

“ပမ့်မြို့မှ လုပ်စရာ ရှိလို့လေ… နှစ်ကူးပြန်လာဖို့ မှီလောက်မှာပါ..”

ထို့နောက် ကလေးရော လူကြီးများပါ ပေါ်လာပြီး..

“အစ်ကို ဖုန်း.. ဒီနှစ် မီးရှူးမီးပန်း ဖောက်ပေးမှာလား..”

“ဟား ဟား.. ရှောင်ပေါင်လေး.. မီးရှူးမီးပန်းတွေ ကြည့်ရတာ ကြိုက်တယ်ဆိုတော့ မီးရှူးမီးပန်း လွှတ်ပေးရ မှာပေါ့.. ဒီတစ်ခါ မီးရှူးမီးပန်းတွေ အများကြီး လွှတ်မယ်ကွာ.. မင်း ကြိုက်သွားစေရမယ်..”

“ဝေး…. အစ်ကို ဖုန်းယွီ အကောင်းဆုံးပဲ..”

ရှောင်ပေါင် စိတ်လှုပ်ရှားစွာ အော်လိုက်တော့သည်။

ကျန်းမုဟွားသည်လည်း သူ့သားအား ပြတင်းပေါက်မှ စောင့်ကြည့်နေပေသည်။ သူ့သားကို ပထမဆုံး ဆီးကြိုသူ ဖြစ်ချင်နေပေသည်။

“အဒေါ်တို့၊ ဦးလေးတို့ ကျုပ်သွားလိုက်အုံးမယ်.. အားလုံး လွတ်လွတ်လပ်လပ် စကားပြောချင်ရင် ကျုပ်နဲ့ လာတွေ့လို့ ရပါတယ်..”

ဖုန်းယွီ ပြောပြီးသည်နှင့် လက်ဗလာဖြင့် အဆောက်အဦထဲသို့ လျှောက်သွားလိုက်သည်။ သူ့ယာဉ်မောင်း လျိုကျစ်ကန်းမှာ သူဝယ်ထားသည့် ပစ္စည်းများအားလုံး သယ်ဆောင်ကာ နောက်မှ လိုက်သွားရတော့သည်။

ဖုန်းယွီသည် လျိုကျစ်ကန်းအား အချိန်ကြာအောင် စောင့်ကြည့်ခဲ့ပြီး စီမံခန့်ခွဲမှုပညာ သင်ခွင့်ပေးရန် ဆုံးဖြတ် လိုက်သည်။ အတူတူ ကြီးပြင်းလာခြင်း မဟုတ်သော်လည်း တစ်ရွားတည်းသား ဖြစ်ပေသည်။ ဖုန်းယွီသည် သူ့ကိုယ်ရံတော်အဖြစ် ခန့်ထားရခြင်းကို စိတ်မသက်မသာ ခံစားခဲ့ရသည်။

ဖုန်းယွီ၏ သက်တော်စောင့် ယာဉ်မောင်းမှာ မိန်ကျစ်ကောင်းဖြစ်သည်။ သူလည်း ပမ့်မြို့တော်သား ဖြစ်သည်။

“ကျစ်ကန်း.. မင်းပြန်လိုက်အုံးလေ.. ဦးလေးလျို စောင့်နေလောက်ပြီ.. ကျစ်ကောင်း မင်းလဲ မိသားစုနဲ့ နှစ်ကူးပွဲ သွားနွှဲလို့ရတယ်.. ရွာမှာ အားလုံး အေးဆေးပဲ.. တာ့ကျောင်းလဲ ရိနေတာပဲ..”

တာ့ကျောင်းဆိုသည်မှာ ဖုန်းယွီ၏ ဖခင်အတွက် တာဝန်ပေးထားသည့် သက်တော်စောင့် ဖြစ်သည်။ သူ့မိဘများ ဆုံးပါးသွားပြီး သူ့ညီမမှာ အခြားပြည်နယ်သို့ ပြောင်းရွှေ့သွားပေပြီ။ တစ်ယောက်တည်း နေကာ အားလပ်ရပ်များကို ဖုန်းမိသားစုနှင့် ဖြတ်သန်းရန်သာ ရွေးချယ်ထားပေသည်။

မိန်ကျစ်ကောင်း ခေါင်းညိတ်လိုက်သည်။ မန်နေဂျာဖုန်းမှ သူ့တို့ကို ပြန်ခွင့်ပေးမည်ဖြစ်ကြောင်း ကြိုသိထား ပေသည်။ ကျေးဇူးစကားပြောပြီးနောက် လျိုကျစ်ကန်းနှင့်အတူ ထွက်သွားတော့သည်။ လျိုကျစ်ကန်းလည်း သူ့ကို ပမ့်မြို့တော် လိုင်းကားဂိတ်သို့ ပို့ပေးလိုက်သည်။

“သားလေး.. ဘာလို့ နောက်ကျနေတာလဲ.. မင်းလုပ်စရာရှိတာတွေ လွှဲသင့်တဲ့သူ လွှဲမပေးလိုက်ဘူးလား..”

ကျန်းမူဟွား ငြီးတွားလိုက်သည်။

“သား ဝယ်စရာရှိလို့ အမေရိကန်ကို သွားလိုက်တာ.. အလုပ်ပြီးတာနဲ့ ချက်ချင်း ပြန်လာတာ.. အမေတို့ (၂)ယောက်စလုံး ဘာလို့ ပမ့်မြို့တော်ကို မပြောင်းကြတာလဲ.. ချီရှင်းနဲ့ မကြာခန တွေ့ရတာပေါ့..”

ဖုန်းယွီ ပေါ့ပေါ့ ပါးပါးသာ ပြန်ဖြေလိုက်သည်။

ရွာတွင် လေကောင်းလေသန့် ရသော်လည်း လမ်းပန်းဆက်သွယ်ရေး၊ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှု၊ စသည်တို့မှာ မြို့နှင့် နှိုင်းယှဉ်၍ မရချေ။ ထို့အပြင် ပမ့်မြို့တော်သည် ညစ်ညမ်းမှု မရှိချေ။

“ကောင်းပြီ.. မင်းအဖေနဲ့ငါ မြစ်ဘေးမှာ အိမ်တစ်လုံး ဝယ်ဖို့ စဉ်းစားထားတယ်.. မင်းအဖေ ငါးမြှားရတာ အဆင်ပြေ သွားတာပေါ့..”

“တကယ်လား..”

ဖုန်းယွီ အံ့ဩသွားမိသည်။ သူ့မိဘများအား မြို့သို့ ပြောင်းရန်အခါခါ ပြောသော်လည်း ငြင်းဆိုခဲ့သည်။ ရုတ်တရက် မည်သည့်အတွက် ပြောင်းလဲသွားသနည်း။

“မင်းဦးလေးဝမ်လဲ ပမ့်မြို့တော်ကို ပြောင်းရတော့မယ်.. မင်းအဖေလဲ ရွာမှာ သူငယ်ချင်း သိပ်ရှိတာ မဟုတ်ဘူး.. ပြီးတော့ မင်းအဘိုးရဲ့ ကျန်းမာရေး အရင်လောက် ကောင်းတာမဟုတ်ဘူး.. မင်းအဖေက အဘိုးကို ငါတို့နဲ့အတူတူ နေဖို့ ပမ့်မြို့တော်ကို သွားချင်နေပြီ.. သူနေမကောင်း ဆေးရုံပို့ဖို့ ပိုလွယ်တယ်လေ..”

“ဦးလေးဝမ်.. ပမ့်မြို့ကို ပြောင်းသွားတာလား.. သူ ရာထူးတိုးသွားပြီလား..”

ဝမ်သောင်ကျွင်း၏ ဖခင် ရာထူးတိုး အလွန်မြန်ပေသည်။ ဒုံးပျံ ဖက်တက်နေသကဲ့သို့ပင်။

ဖုန်းယွီ မျက်ခုံးပင့်လိုက်သည်။

“ညွှန်ကြားရေးမှူး အနားယူတော့မှာလား..”

“ဟုတ်တယ်.. သူအနားယူဖို့ (၂)နှစ်တောင် မကြာတော့ဘူးကြားတယ်.. ဘယ်လို သိတာလဲ..”

ကျန်းမူဟွား စိတ်ဝင်တစား မေးလိုက်သည်။

မေးစရာ လိုသေးသည်လော။ ဦးလေးဝမ်သည် မြို့တော်၏ စိုက်ပျိုးရေး ဗျူရိုအကြီးအကဲ ရာထူးရယူရန် မြို့တော်သို့ ပြောင်းသွားပေသည်။ ပမ့်မြို့တော် သည် ပြည်နယ်ခွဲတစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ ဦးလေးဝမ်သည် မကြာမီ လက်ထောက်ဌာန ညွှန်ကြားရေးမှူးအဆင့်သို့ တိုးမြှင့်ခံရတော့မည်လော။ လူအများပင် မနာလို ဖြစ်ကြပေ လိမ့်မည်။ သို့ရာတွင် ဦးလေးဝမ်၏ တာဝန်ယူချိန်အတွင်း ရလဒ်ကောင်းများ ရထားပေသည်။

“ထင်မိလို့လေ.. အဖေ ဘယ်မှာလဲ.. စက်ရုံမှာလား..”

“အဘိုးကြီးကျောင်းနဲ့ ဖားသွားရှာလေရဲ့.. ဖားကြော်စားချင်လို့တဲ့လေ.. ဖားစာချင်တာနဲ့ ဘာကိစ္စ သူ့ကိုယ်တိုင် သွားဖမ်းရမှာလဲ.. ဆိုင်မှာ သွားဝယ်လို့ရနေတာကို..”

“ဟား.. ဟား.. အဖေ ပျော်နေတာပဲ.. နေ့တိုင်း မာကျောက်ကစားရတာ ငြီးငွေ့လာလို့ ဖြစ်လိမ့်မယ်..”

နေ့လည်ပိုင်း၌ ဖုန်းရှင်ထိုက် ဖားများ၊ ငါးများနှင့်အတူ အိမ်သို့ ပြန်လာသည်။ ဖုန်းယွီအား ချက်ချင်းခေါ်ကာ သူ့မိသားစုနှင့်အတူ ညစာ စားသောက်ရန် ဖိတ်ကြားခိုင်းလိုက်သည်။ ထားများမှာ အရသာရှိမည့်ပုံပင်။

ဝမ်သောင်ကျွင်းသည် ဖုန်းယွီအိမ်သို့ ဗွီဒီယိုဂိမ်း အတူတူကစားရန် စောစောရောက်လာသည်။ ဒုတိယမျိုးဆက် ဂိမ်းစက်အား ရုပ်မြင်သံကြားနှင့် ဆက်သွယ်၍ ကစားကြသည်။ အားတက်သရော အော်ဟစ် စော့ကစား နေကြသည်။ ထိုသို့ မကစားဖြစ်သည်မှာ ကြာပေပြီ။

“ရွာထဲမှာ ဂိမ်းရုံတစ်ခု အသစ်ဖွင့်ထားတယ်.. မနက်ဖြန် သွားကစားကြမလား…”

ဝမ်သောင်ကျွင်းအတွက် ကျောင်းပိတ်ရက်များသည် သူ့အတွက် ကစားချိန်များသာ ဖြစ်သည်။ သူ့တွင် သူငယ်ချင်း သိပ်မရှိသဖြင့် ဖုန်းယွီ ရွာသို့ ပြန်အလာကိုသာ စောင့်နေရပေသည်။

ဂိမ်းရုံများပင် ရှိနေပြီလော။ ဖုန်းဘွီသည် ထိုနေရာသို့ သွားလည်ရန် အလွန်စိတ်ဝင်စားပေသည်။ သို့အတွက် နောက်နေ့ ဝမ်သောင်ကျွင်းနှင့် အတူသွားရန် သဘောတူလိုက်သည်။

ဝမ်သောင်ကျွင်းမိခင်သည်လည်း ညစာပြင်ရန် ကူညီခဲ့ပေသည်။ သို့အတွက် အချိန်တခနဖြင့် အသင့်ဖြစ်သွား ပေသည်။ ဝမ်သဲကောင်း အလုပ်မှ ပြန်ရောက်သည့်အခါ စားပွဲခုံတွင် အစားသောက်များ ပြည့်နေပေပြီ။ ညစာအတွက် အဓိက ဟင်းလျာမှာ ဖာကြော်ပင် ဖြစ်တော့သည်။

“မင်းတို့(၂)ယောက် မကြာခင် ဘွဲ့ရတော့မယ်.. မင်း ဘာလုပ်ဖို့ စဉ်းစားထားလဲ..”

ဖုန်းရှင်းထိုက် မေးလိုက်သည်။

“ကျွန်တော်တော့ စီးပွားရေးပဲ ဆက်လုပ်မှာ..”

“မင်း အစိုးရဝန်ထမ်း လုပ်ချင်တယ် ပြောဖူးတယ်မို့လား..”

ဖုန်းရှင်းထိုက် စိတ်မချမ်းသာချေ။ ထိုကောင် ယခင်က လိမ်ခဲ့ပေသည်။

“အဖေ.. စီးပွားရေး လုပ်တာက တိုင်းပြည်အတွက် အထောက်အကူ ဖြစ်တယ်.. အခွန်ပေးရတာ ဂုဏ်ယူစရာ ကောင်းတယ်ဆိုတာ မကြားဖူးဘူးလား.. ပြီးတော့ ကျုပ်ပိုင်ဆိုင်မှုတွေနဲ့ဆို တစ်ယောက်ယောက် အောက်မှာ အလုပ်လုပ်လို့ ဖြစ်နိုင်မယ်ထင်လား..”

ဖုန်းယွီ၏ လက်ရှိ ပိုင်ဆိုင်မှုများသည် ဤအသက်အရွယ်သာ ရှိသေးသော်လည်း ဗဟိုအစိုးရ၏ ပါတီကော်မတီသို့ပင် အလွယ်တကူ ဝင်ရောက်နိုင်ပေသည်။

“အဘိုးကြီးဖုန်း.. အခုခေတ် ကလေးတွေမှာ သူတို့ ကိုယ်ပိုင် စိတ်ကူးတွေရှိတယ်လေ.. ထားလိုက်ပါတော့..”

ဝမ်သဲကောင်း ပြောရင်းဖြင့် ဝမ်သောင်ကျွင်းဘက် လှည့်လိုက်သည်။

“မင်းကရော..”

ဝမ်သောင်ကျွင်း၏ မျက်နှာတွင် ဖားများဖြင့် ကာထားပေသည်။ သူ့ဖခင် သူ့အားမေးသည်ကို ကြားသည့်အခါ ချက်ချင်း မျိုချလိုက်ရာ ပါးစပ်တွင်ပင် အဆီများ ပျံကျန်ရစ်တော့သည်။

“ကျုပ်က အစိုးရဝန်ထမ်းပဲ ဖြစ်မှာပေါ့..”

ဝမ်သောင်ကျွင်း ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေလိုက်သည်။ ကျန်းဟန်၏ ဖခင်သည် သူ့အား လမ်းခင်းပေးထားပြီး ဖြစ်သည်။ အစိုးရဝန်ထမ်း မလုပ်ပါက မိုက်မဲရာ ကျပေလိမ့်မည်။ ထို့အပြင် အစိုးရတာဝန်ရှိသူ တစ်ယောက်ဖြစ်ရန် မှာ သူ့အိပ်မက် ဖြစ်သည်။ သို့ရာတွင် ထိုအတိုင်း ဖြစ်လာပါက ဘာဆက်လုပ်ရမည်ကို မဆုံးဖြတ်ရသေးချေ။

“အစိုးရဌာနတွေ အများကြီးရှိတယ်.. ဘယ်ဌာနထဲ ဝင်မှာလဲ..”

ဝမ်သဲကောင်း သူ့သား ကျန်းဟန်နှင့် ပတ်သက်မှုရှိကြောင်း သိထားပြီး ကျန်းဟန်၏ ဖခင်နှင့်ပင် ညှိနှိုင်းမှုများ လုပ်ထားပြီး ဖြစ်ကြောင်း သိထားပေသည်။

“အင်း… ကျုပ်လဲ မသိသေးဘူး..”

ဝမ်သောင်ကျွင်း မျက်လုံး ကလယ်ကလယ်ဖြင့် ပြန်ဖြေလိုက်သည်။ ဖုန်းယွီ သူ့မျက်နှာသူ လက်ဝါးဖြင့် အုပ်ထားရင်း..

“ဒီကိစ္စ မင်း အချိန်ယူ မစဉ်းစားရသေးဘူးလား..”

“ငါ စဉ်းစားထားတာတော့ ကျန်းဟန်နဲ့ ဌာနတစ်ခုထဲ ဝင်လိုက်မှာ..”

ဝမ်သောင်ကျွင်း၏ မျက်နှာကို စိုက်ကြည့်ကာ..

“ငါ့မှာ အစီအစဉ်ရှိတယ်..”

“အသုံးကို မကျဘူး….”

ဖုန်းယွီအိမ်တွင်သာ မဟုတ်ပါက ဝမ်သဲကောင်း သူ့သားကို ထရိုက်ပြီးလောက် ပေပြီ။ ရှေ့ရေးစဉ်းစားမထားဘဲ မည်သို့ ဆက်လျှောက်နိုင်မည်နည်း။

ဖုန်းယွီ ဝမ်သောင်ကျွင်းကို ကြည့်လိုက်သည်။ အရပ် (၁.၉)မီတာ ရှိပြီး မည်သည့် ဌာနသို့ သွားသည်ဖြစ်စေ ခေါင်းဆောင်များ သူ့ကို နှစ်သက်မည် မဟုတ်ချေ။ ရဲတပ်ဖွဲ့ သို့တည်းမဟုတ် အားကစားနှင့် ပတ်သက်သည့် ဌာနများသည်သာ သူအတွက် သင့်လျော်ပေလိမ့်မည်။ သို့ရာတွင် သူ့စရိုက်အရ ရဲတပ်ဖွဲ့တွင် ရှင်သန်နိုင်မည်လော။

“သောင်ကျွင်း.. မင်းကျန်းဟန်နောက် လိုက်မနေနဲ့.. ကျန်းဟန်ကို ရဲဌာနဝင်ခိုင်းပြီး မင်းက တရုတ်ပြည် အားကစား အထွေထွေ အုပ်ချုပ်ရေးမှာဆို မင်းတို့တွေ ဝေးစရာမလိုတော့ဘူး.. မင်းအရွယ်အစားနဲ့ဆို မင်းကြီးကြပ်ရေးမှူး မင်းကို သေချာပေါက် ဆွဲတင်မှာ မဟုတ်ဘူး.. ဒါပေမယ့် အားကစား စီမံခန့်ခွဲရေးမှာကျ မင်းအချိုးအစားကြောင့် အားကစားသမားတွေနဲ့ တော်တော် လိုက်ဖက်မှာ မဟုတ်ဘူးလား..”

ဝမ်သောင်ကျွင်း မျက်လုံးများ တောက်ပလာသည်။

“ဟုတ်တယ်.. ငါ ကွင်းတစ်ခုမှာ စီမံခန့်ခွဲရင်း အားကစားသမားတွေနဲ့ ကစားလို့ရတယ်.. အဖေ.. ကျုပ်စဉ်းစားပြီး သွားပြီ.. ကျုပ် တရုတ်ရဲ့ အားကစား အထွေထွေ အုပ်ချုပ်ရေးပဲ ဝင်ချင်တယ်..”

ဝမ်သဲကောင်း ခေါင်းယမ်းလိုက်မိသည်။ တရုတ်အားကစား အထွေထွေ အုပ်ချုပ်ရေးလော။ ဤကောင် စရိုက်နှင့် ဆိုပါက အခြားဌာနများတွင် ခေါင်းဆောင်များအား စော်ကားမိမှာ သေချာပေသည်။ တရုတ်အားကစား အထွေထွေ စီမံခန့်ခွဲရေး၌ အလုပ် လုပ်သည်က ပိုကောင်းပေသည်။

“အဆင်ပြေပါတယ်..”

“အာ.. ဦးလေးဝမ်.. ကျုပ်တို့တွေ ရွာနာမည် ပြောင်းလို့ရမလား..”

ဖုန်းယွီ ရုတ်တရက် ထမေးလိုက်သည်။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters