← Chapters

စတင်ရောင်းချခြင်း

Vol. 48 Ch. 710

စတင်ရောင်းချခြင်း

Vol. 48 Ch. 710

“ပျော်စရာ နှစ်ကူးပါ.. အစ်ကိုဖုန်း..”

နှစ်သစ်ကူး၏ ပထမဆုံးနေ့ ဖြစ်ပြီး ဖူကွမ်းကျန့်သည် ဖုန်းယွီအား ဖုန်းခေါ်ကာ ဆုတောင်စကားပြောလိုက်သည်။ ဤသည်က တရုတ်နှစ်ကူး ရိုးရာဓလေ့ဖြစ်ပေသည်။

“အစ်ကိုဖူ.. ကျေးဇူးတင်ပါတယ်.. နှစ်သစ်မှာ ပျော်ရွှင်ပါစေ.. ကျုပ်တောင် ဖုန်းခေါ်တော့မလို့..”

ဖုန်းယွီ လိမ်ပြောလိုက်သည်။ အမှန်တကယ်တွင် သူလီနာ့အိမ်သို့ အလည်သွားတော့မည် ဖြစ်ကာ မည်သူ့ကိုမှ ဖုန်းမခေါ်အားတော့ချေ။

“ဟားဟားဟား.. ငါမှာ မင်းအတွက် သတင်းကောင်း တစ်ခုရှိတယ်.. ငါတို့ဝယ်ထားတဲ့ အစုရှယ်ယာတွေ အများကြီး တိုးလာပြီ.. ငါ့ အကြီးဆုံးဦးလေးက အဲ့ဒါတွေ ရောင်းဖို့ အချိန်တန်ပြီတဲ့..”

“ကောင်းပြီလေ.. ဟယ်ကျောက်ကျီးကို မင်းနဲ့ ဆက်သွယ်ခိုင်းလိုက်မယ်.. ဒီနေ့ အားလုံး ရောင်းပစ်မှာလား.. အသုတ်လိုက် ခွဲရောင်းမှာလား..”

“ငါ့ဦးလေးကတော့ ဒီ(၂)ရက်အတွင်း အားလုံး ရောင်းသင့်တယ်တဲ့.. ဒီနေ့ လျှပ်စစ် ကုမ္ပဏီတွေနဲ့ စမယ်.. မနက်ဖြန် ဓာတုကုမ္ပဏီရှယ်ယာတွေ ရောင်းမယ်..”

“ကောင်းတယ်.. ငါသိပြီ.. မင်းဦးလေးကိုလဲ နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးတယ် ပြောပေးအုံး.. ငါစီစဉ်လိုက်မယ်..”

(၂)ယောက်သား ခေတ္တမျှ စကားစမြည်ပြောပြီးနောက် ဖုန်းယွီ ဟယ်ကျောက်ကျီးကို ဖုန်းခေါ်လိုက်သည်။

“အဘိုးကြီးကျောက်.. ကျုပ်တို့ ပြင်ဆင်မှုတွေ လုပ်ရမယ်.. ဖူမိသာစုနဲ့ ဆက်သွယ်ပြီး ဓာတု ကုမ္ပဏီရဲ့ ရှယ်ယာတွေ အားလုံး မနက်ဖြန် ရောင်းထုတ်လိုက်တော့.. ဒီနေ့ညတော့ သူတို့တွေ လျှပ်စစ်ကုမ္ပဏီ ရှယ်ယာတွေ ကိစ္စ လုပ်လိမ့်မယ်..”

“ဟုတ်ကဲ့ သူဌေး.. ရှယ်ယာတွေ ရောင်ထုတ်ပြီးရင် ရန်ပုံငွေတွေတဲ့ ဘာဆက်လုပ်ရမလဲ..”

ဤလုပ်ငန်းသည် လေနှင့်မိုး အတိုင်ပင်ခံ၏ ရန်ပုံငွေများသာ ပါဝင်ပေသည်။ ဖုန်းယွီ၏ ကိုယ်ရေးကိုယ်တာ ရန်ပုံငွေ လည်းပါဝင်ပေသည်။ ဖုန်းယွီသည် မိုက္ခရိုဆော့ဖ် ရှယ်ယာ နည်းနည်း ရောင်းကာ ထိုကုမ္ပဏီများ၏ ရှယ်ယာများ ဝယ်ခဲ့ခြင်း ဖြစ်သည်။

“မိုက္ခရိုဆော့ဖ် ရှယ်ယာတွေ ဝယ်ဖို့ ကျုပ်ရန်ပုံငွေတွေ သုံးလိုက်.. အရင်အတိုင်းပဲ.. ဈေးကွက်မှ ရနိုင်သလောက် ဝယ်လိုက်.. ဈေးကွက်ထဲမှာ ရွေးစရာမရှိရင် ကျုပ်တို့ ဖောက်သည်တွေရဲ့ ရန်ပုံငွေတွေကို မိုက္ခရိုဆော့ ရှယ်ယာ ဒါမှမဟုတ် တခြားနည်းပညာ ရှယ်ယာတွေ ဝယ်ပေးလို့ရတယ်.. အမေရိကန် ဈေးကွက်မှာ ကျုပ်တို့ရဲ့ ရန်ပုံငွေ တော်တော်များများ အာရုံထည့်ထားသင့်တယ်.. ငွေတွေ ကျန်သေးရင် နိုင်ငံခြားငွေ၊ ရွှေ၊ ကုန်ပစ္စည်းတွေ ဝယ်ဖို့ ဘာစည်းမျဉ်းစည်းကမ်းမှ လိုက်နာဖို့မလိုဘူး.. ကျုပ်တို့ ဖောက်သည်တွေ ငွေကြေးဆုံးရှုံးနိုင်ခြေ လျော့ချပြီး နင့်နေအောင် ရှုံးတာမျိုး အဖြစ်မခံနိုင်ဘူး..”

လေနှင့်မိုး အတိုင်ပင်ခံသည် ဖောက်သည်များစွာကို ဆွဲဆောင်နိုင်ခြင်းမှာ ၎င်းတို့သည် မည်သည့် ဖောက်သည် တစ်ဦးတစ်ယောက်ကိုမှ ၎င်းတို့၏ ရင်းနှီးမြုပ်နှံငွေ မဆုံးရှုံးဘူးခဲ့ခြင်းကြောင့် ဖြစ်သည်။ ပထမအချက်မှာ ကမ္ဘာ့စီးပွားရေးသည် အထူးသဖြင့် အမေရိကန် ဈေးကွက်တွင် ကောင်းမွန်နေပေသည်။ နောက်တစ်ချက်မှာ ဖုန်းယွီသည် သူ့ဝန်ထမ်းများအား ရှေးရိုးဆန်စွာ ရင်းနှီးမြုပ်နှံရန် ပြောထားသောကြောင့် ဖြစ်သည်။ ထို့အပြင် ဖုန်းယွီသည် ၎င်းတို့အား လမ်းကြောင်းမှား၍ ရင်းနှီးမြုပ်နှံမှု မပြုလုပ်မိစေရန် ညွှန်ပြပေးတတ်ပေသည်။

“စိတ်ချ သူဌေး.. ကျုပ်တို့ ဖောက်သည်တွေရဲ့ ငွေတွေ မဆုံးရှုံးစေရဘူး.. ဒီနေ့ညနေ အလုပ်ဆင်းချိန် အားလုံး ပြန်ခေါ်လိုက်မယ်… ပြီးတော့ ပျော်စရာ နှစ်သစ် ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်..”

“အားလုံး ပျော်စရာ နှစ်သစ် ဖြစ်ပါစေဗျာ.. အာ.. အားလုံးကြိုးစား လုပ်ကြပါ.. ဝန်ထမ်းတွေအတွက် အပိုဆုအဖြစ် အမြတ်ငွေရဲ့ (၁)ရာခိုင်နှုန်း သုံးပေးလိုက်..”

အမြတ်ငွေ၏ (၁)ရာခိုင်နှုန်း ဆိုသည်မှာ ကိန်းဂဏန်းအရ မများချေ။ သို့ရာတွင် ဤလုပ်ငန်း၌ ရင်းနှီးမြုပ်နှံ ထားသည့် ပမာဏမှာ များလွန်းလှပေသည်။ ဖုန်းယွီ တစ်ယောက်တည်းသည်ပင် ဟောင်ဒေါ်လာ (၁)ဘီလီယံ ရင်းနှီးမြုပ်နှံထားသည်။ ဤလုပ်ဆောင်ချက်မှာ ပြန်လည်ရရှိမှုမှာ (၅၀)ရာခိုင်နှုန်း ကျော်လောက်သည်။ ဖောက်သည်များ၏ ရန်ပုံငွေများနှင့်အတူ ၎င်းတို့ အမြတ်ငွေ၏ (၁)ရာခိုင်နှုန်း ဆိုသည်မှာ ဟောင်ဒေါ်လာ (၁၀)သန်း ကျော်ပေလိမ့်မည်။ ဤပမာဏမှာ ပွဲစားများအတွက် တရားဝင် ကော်မရှင် မပါသေးချေ။

ထို့အပြင် ယခုတစ်ကြိမ် ရင်းနှီးမြုပ်နှံမှုကို ဖုန်းယွီ ညွှန်ကြားထားပြီး ဝန်ထမ်းများအားလုံး ညွှန်ကြားချက်အတိုင်း လိုက်နာမှသာ များပြားသည့် ပမာဏ ရရှိနိုင်ပေလိမ့်မည်။ နှစ်သစ်ကူးတွင် (၂)ည အလုပ် လုပ်ယုံဖြင့် သိန်းဂဏန်းလောက် ရှာနိုင်ပေသည်။ အားလုံး ဝမ်းသာပီတိ ဖြစ်ကြရတော့သည်။

ယခုတစ်ခေါက် ရင်းနှီးမြုပ်နှံမှုမှ ပြန်လည်ရရှိသည့် အကျိုးအမြတ်သည် မျှော်လင့်ထားသည်ထက် များစွာ ပိုနေပေသည်။ အစပိုင်းတွင် ရှယ်ယာဈေးများ အလွန်ကျဆင်းသွား၍ ဖြစ်နိုင်ပေသည်။ ထိုကုမ္ပဏီများ၏ အစုရှယ်ယာရှင်များသည် ၎င်းတို့၏ ရှယ်ယာတန်ဖိုး မြှင့်တင်ရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။ ထိုကုမ္ပဏီများ၏ စတော့ရှယ်ယာများတွင် အမေရိကန် ဘဏ္ဍာရေးအဖွဲ့ အစည်းများမှ ဝယ်ယူခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။ ဟောင်ကောင်၊ မကာအိုနှင့် အခြားသော သူဌေးကြီးများ အစုရှယ်ယာ ဝယ်ယူမှုများ ရှိခဲ့သည်။ ထိုလုပ်ဆောင် ချက်များသည် ရှယ်ယာဈေးနှုန်းများ လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာစေသည်။

ထိုကုမ္ပဏီများ၏ ရှယ်ယာများ ဝယ်ယူသူတိုင်းသည် (၅၀)ရာခိုင်နှုန်းကျော် ပြန်လည်မြတ်နိုင်မည်ဖြစ်ပြီး (၂)လသာ ကြာမြင့်ပေသည်။

ဖုန်းယွီသည် ရှယ်ယာဈေးများ ပိုမိုမြင့်တက်လာမည်ဟု မျှော်လင့်ထားပေသည်။ မှန်ပေ၏။ အစုရှယ်ယာဈေးနှုန်းများ မြင့်တက်မှု နှေးကွေးသွားပေပြီ။ ဖူမိသားစုနှင့် ကျန်လူများသည် အစုရှယ်ယာများကို ယခုအချိန် ထုတ်ရောင်းလိုက်ပါက ရှယ်ယာဈေးများ ထပ်မံ ကျဆင်းသွားပေလိမ့်မည်။ ဖုန်းယွီသည်လည်း ရလဒ်များ လုံလောက်ပြီဟု ခံစားမိသည်။ (၂)လအတွင်း (၅၀)ရာခိုင်နှုန်း အမြတ်ငွေသည် သိသာသော ပမာဏ ဖြစ်ပေသည်။ ဤသည်မှာ သေးငယ်သည့် အောင်မြင်မှုဟု မယူဆချေ။ ကြီးကျယ်ခန်းနားသော အောင်မြင်မှု ဖြစ်သည်။

(၁)ဒေါ်လာမှ (၂)ဒေါ်လာသို့ ကူးပြောင်းရန် လွယ်ကူကြောင်း လူအများ ပြောဖူးပေသည်။ သို့ရာတွင် သန်း(၁၀၀)မှ သန်း(၂၀၀)သို့ ပြောင်းလဲရန်မလွယ်ကူချေ။ ဖုန်းယွီ ထိုစကားကို ရယ်မောလိုက်သည်။ လမ်းကြောင်း မှန်မှန်ဖြင့် ရင်းနှီးမြုပ်နှံပါက (၁)ဘီလီယံမှ (၂)ဘီလီယံသို့ အမြတ်ဆုံး ပြောင်းလဲနိုင်ပေသည်။

*********

“ဥက္ကဋ္ဌ နိုရီရို.. ကျုပ်တို့ ရှယ်ယာဈေးနှုန်းတွေ မကြာခင်ကပဲ သိသိသာသာ မြင့်တက်လာတယ်.. ပြီးခဲ့တဲ့နှစ် အထိတ် အထိပ်ကို ပြန်မရောက်သေးပေမယ့် သိပ်မကြာလောက်တော့ဘူး.. ကျုပ်တို့တွေ (၃)လအတွင်း အထွတ်အထိပ်ကို ပြန်ရောက်လောက်တယ်.. ကျုပ်တို့အားလုံး မင်းစကား နားထောင်ပြီး ရှယ်ယာတွေ ကိုင်ထားကြတာ.. ဒီတစ်ကြိမ်မှာ ငါတို့တွေ အကျိုးအမြတ် မြင့်မြင့် ရလောက်တယ်..”

ဆိုနီ၏ ဘုတ်အဖွဲ့ အစည်းအဝေးတွင် ဒါရိုက်တာ တစ်ယောက် ရယ်မော ပြောလိုက်သည်။ ၎င်းတို့၏ နောက်ဆုံး အစည်းအဝေးတွင် နိုရီရို အိုဂါအား ရာထူးမှ ဆင်းပေးစေချင်သည်ကို မေ့သွားပေပြီ။

နိုရီရို အိုဂါလည်း ကျေနပ်အားရနေပေသည်။ ၎င်းတို့အားလုံး မိမိအား ရာထူးမှ ဆင်းစေချင်သေးသည်လော။ ဤအစု ရှယ်ယာဈေးနှုန်းများ ကယ်တင်ရေး အစီအစဉ်ကို မိမိစဉ်းစားခဲ့သည်။ ဤသို့သော အစီအစဉ်များကို သူတို့ထဲမှ မည်သူ အကောင်အထည်ဖော်နိုင်မည်နည်း။ မိမိ အစီအစဉ်ကြောင့်သာ မဟုတ်ပါက ရှယ်ယာဝယ်ယူသူ အများအပြား ရှိလိမ့်မည် မဟုတ်ချေ။

ဆိုနီ၏ ဥက္ကဋ္ဌ ဖြစ်လာတော့မည့် သူတစ်ယောက်ပင်။ ဤထိုင်ခုံနေရာကို မိမိမှလွဲ၍ မည်သူမှ မထိုက်တန်ချေ။

ညပိုင်းတွင် နိုရီရို အိုဂါသည် အမေရိကန် ဈေးကွက်ကို စောင့်ကြည့်ခဲ့သည်။ နေ့စဉ် ညမအိပ်မှီ ကြည့်ရှုတိုင်း ဆိုနီ၏ ရှယ်ယာဈေးများ တက်လာသည်ကို တွေ့မြင်နေကျ ဖြစ်သည်။ ယခုသူသည် အခန်းကျယ်တစ်ခုအတွင်း ရေချိုး နေပေသည်။ နောက်ပိုင်းတွင် ဇနီးသည်နှင့် ရင်ခုန်စရာ အချိန်များ လိုချင်နေသေးသည်။

နိုရီရို အိုဂါသည် အဝတ်အစားများ ဝတ်ဆင်ကာ ရှယ်ယာဈေးနှုန်းများ ကြည့်လိုက်သည်။ ရှယ်ယာများသည် နောက်ထပ် (၀.၅)ရာခိုင်နှုန်း တက်လာကာ အရောင်းအဝယ် စတင်နေချေပြီ။ ယနေ့တွင် အစုရှယ်ယာ ဈေးနှုန်း နောက်ထပ် (၂)ရာခိုင်နှုန်းလောက် တိုးလောက်ပေသည်။

နိုရီရို အိုဂါ၏ ဇနီးသည် အခန်းအတွင်း ဝင်လာပြီး ရေချိုးဝတ်စုံကို ချွတ်ကာ နိုရီရို အိုဂါရှေ့တွင် ဒူးထောက် လိုက်သည်။ နိုရီရို အိုဂါလည်း ထိုင်ခုံတွင် ပြန်မှီကာ သက်ပြင်းချလိုက်သည်။

ဇနီးဖြစ်သူ၏ ဆံပင်ကို ပွတ်သပ်ကာ အိမ်ထောင်ရေး သူခ ခံစားရန် စတင်လိုက်သည်။ ထို့စဉ် သူ့မျက်လုံးများ ကွန်ပျူတာ မျက်နှာပြင်ကို အမှတ်မထင်ကြည့်မိကာ အေးစက်သွားတော့သည်။ လူသည်လည်း ချက်ချင်း ပျော့ခွေ သွားတော့သည်။

သူ့ဇနီးလည်း အံ့ဩသွားသည်။ သူ့သွားဖြင် လင်ယောက်ျား၏ မထိခိုက်သင့်သည့် နေရာကို ထိခိုက်မိသွားသည် ထင်ကာ နိုရီရို အိုဂါ စိတ်ပြန်လည် ထက်သန်လာရန် ကြိုးစားလိုက်တော့သည်။

သို့ရာတွင် နိုရီရို အိုဂါသည် သူ့ကို ရုတ်တရက် တွန်းထုတ်လိုက်သဖြင့် အခင်းပြင်ပေါ် လဲကျသွားတော့သည်။

သို့တိုင်အောင် နိုရီရို အိုဂါသည် သူနှင့်ပျော်ပါးရန် ဟန်လုပ်နေသည်ဟုသာ ထင်နေပေသည်။ ခင်ပွန်းဖြစ်သူသည် သူ့အပေါ် ဤမျှ ကြမ်းတမ်းစွာ ဆက်ဆံခြင်းသည် ပထမဆုံးအကြိမ်မဟုတ်ချေ။ သူသည်လည်း ကြောက်ရွံ့ဟန်ဆောင်ကာ ခင်ပွန်းဖြစ်သူ ပြန်လည် ချော့မော့မည်ကို မျက်လုံးမှိတ်၍ စောင့်နေလိုက်သည်။

အချိန်ကြာမြင့်သည်အထိ စောင့်ဆိုင်းပြီးသည့်တိုင် ခင်ပွန်းသည် မချော့သေးချေ။ ထို့အစား ကြမ်းပြင်ပေါ်သို့ ရေပက်လိုက်သံ ကြားလိုက်ရသည်။ ရေများ သူ့ကိုယ်ပေါ်သို့ စီးကျလာပေသည်။

နိုရီရို အိုဂါ၏ ဇနီးဖြစ်သူ အမှန်တကယ် ထိတ်လန့်စွာ မျက်လုံး ဖွင့်ကြည့်လိုက်သည်။ ဤသည်က သူ့စရိုက် မဟုတ်မှန်း သိထားပေသည်။ ခင်ပွန်းဖြစ်သူ စိတ်ဆိုးနေချိန်တွင် ပစ္စည်းများ ပေါက်ခွဲတတ်ပေသည်။ မည်သို့ ဖြစ်သွား သနည်း။ ညစာ စားချိန် နိုရီရို အိုဂါမှ ကုမ္ပဏီသည် ကောင်းကောင်း လည်ပတ်နေပြီး ဒု-ဥက္ကဋ္ဌမှ ဥက္ကဋ္ဌရာထူး သို့ မကြာမီတိုးမြှင့်ခံရတော့မည် ဖြစ်ကြောင်း ပြောထားပေသည်။

နိုရီရို အိုဂါ၏ ဇနီးသည် ချက်ချင်း ထရပ်လိုက်စဉ် ခင်ပွန်းမှာ ကွန်ပျူတာ မျက်နှာပြင်အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ဖန်သား မျက်နှာပြင်သည် အစိမ်းရင့်ရောင်ဖြင့် ပြည့်နေသည်ကို တွေ့လိုက်ရသည်။ သူသည် အချိန်ပြည့် အိမ်ရှင်မ ဖြစ်သော်လည်း အစိမ်းရင့်ရောင်သည် ငွေကြေးဆုံးရှုံးခြင်းဖြစ်ကြောင်းကိုမူ သိထားပေသည်။

နိုရီရို အိုဂါသည် ကုမ္ပဏီ၏ ရှယ်ယာဈေးများ တက်လာပြီး စုဆောင်ငွေအားလုံးကို ကုမ္ပဏီ ရှယ်ယာများတွင် ရင်းနှီးမြုပ်နှံထားကြောင်း ပြောထားပေသည်။ ယခု ရှယ်ယာဈေးများ ထိုးကျသွားသည်။ နိုရီရို အိုဂါ အလွန် ဒေါသထွက်နေသည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။

သို့ရာတွင် ကုမ္ပဏီ၏ ရှယ်ယာများ မည်သည့်အတွက် ထိုးကျသွားသနည်း။ နိုရီရို အိုဂါမှ ကုမ္ပဏီ၏ ရှယ်ယာ ဈေးများ ဆက်တက်နေမည်ဟု ပြောထားသည် မဟုတ်ပေလော။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters