← Chapters

မင်းတို့နှစ်ယောက်ရဲ့ ဆေးပညာကတူတယ်

Vol. 131 Ch. 1834

မင်းတို့နှစ်ယောက်ရဲ့ ဆေးပညာကတူတယ်

Vol. 131 Ch. 1834

“အဲဒါကပုံမှန်ပါပဲ အရင်က အအေးဒဏ်ကိုခံစားခဲ့ရတာ ငွေအပ်တွေက် မင်းသားရဲ့ ခန္ဓာကိုယ်ထဲက အရေးကြီးတဲ့ လမ်းကြောင်းတွေဖွင့်ပေးပြီးတော့ အအေးဖိအားကိုလည်း ထိန်းချုပ်ပေးတာ… ဒီသက်ရောက်မှုကတော့ တစ်ချိန် လုံး ရေပူစမ်းမှာ ထိုင်နေတာထက်စာရင် ပိုကောင်းမှာပါ” ရှီမာယူယူ ပြောလိုက် သည်။

“အင်း ဟုတ်ပြီ အဲလိုသက်ရောက်မှုရှိတဲ့ အပ်စိုက်ကုထုံးရှိမယ်လို့ ထင်မထားဘူး” တယွိမင်းသား သက်ပြင်းချလေသည်။

“အဲလောက် မလွယ်ပါဘူး” ရှီမာယူယူ ပြောလိုက်သည် “အပ်စိုက်မယ့် အချက်အချာနေရာတွေကို အတိအကျရွေးရပြီး အပ်ရဲ့အရှိန်နဲ့ နေရာချာထားမှု တွေကလည်း အရမ်းအရေးကြီးတယ်.. နည်းနည်းလေး လွဲသွားတာနဲ့ သက်ရောက်မှုကလည်း အပြောင်းအလဲကြီးသွားမှာ”

“တော်တော်ရှုပ်ထွေးတာပဲ” ယွိယန်း ပြောလေသည် “အဲဒါကြောင့် မင်းရဲ့ ဆေးပညာက သူများတွေထက် ပိုကောင်းတာကိုး”

“မင်းသား ရှာထားတဲ့လူတွေလည်း အစွမ်းအစရှိမယ့်လူတွေဖြစ်မှာ သေချာပါတယ်… ကျွန်မက ဒီအကြောင်းအရာလေးတွေ သိရုံတင်ပါ” ရှီမာယူယူ ပြောလိုက်သည်။

“ဒါပေမဲ့ မင်းက ရုပ်ပဲချောပြီး မကျင့်ကြံနိုင်တဲ့ အသုံးမကျတဲ့လူဆိုပြီး သတင်းတွေထွက်နေတာလေ… မင်း ဒီလောက်အစွမ်းအစရှိလိမ့်မယ်လို့ ထင် မထားဘူး” ယွိယန်း ထောက်ပြလေသည်။

“မင်းသား ၂ ပြောသလိုပဲ အဲဒါကေ ကောလာဟလသက်သက်ပါ.. ငယ်ငယ်ကတည်းက အားနည်းလာတဲ့လူတစ်ယောက်ကလည်း ကျန်းမာရေး ကောင်းနေတာပဲလေ… အဲဒါကြောင့် ကောလာဟလတွေကို မျက်စိမှိတ်ပြီး ယုံလို့မရပါဘူး မဟုတ်ဘူးလား” ရှီမာယူယူသည် သူ့ကို ပြန်ဖြေလေသည်။

“ဟားဟား ငါက ငါ့ကိုယ်ငါ ကာကွယ်ဖို့လုပ်ထားတာပါ” ယွိယန်းသည် မတတ်သာစွာဖြင့် ပြောလိုက်ရသည် “ငါသာ အသုံးဝင်နေရင် ငါ့ခန္ဓာကိုယ်ကို ဒီလိုမျိုးမဖြစ်ချင်ပါဘူး”

ရှီမာယူယူသည် သူ့ကို သနားစဖွယ်ကြည့်လိုက်သည်။ နှစ်တွေအများကြီး ချုပ်တည်းလာရတာ ဘယ်လောက်တောင် ရက်စက်လိုက်လဲ။

ခဏအကြာတွင် ရှီမာယူယူသည် အပ်များကိုထုတ်လိုက်သည်။ လုပ်ငန်း စဉ်မှာ အပ်စိုက်ရချိန်ကထက် ပိုမြန်သည်။ ခဏနှင့် အပ်များအားလုံးကို ပြန်ထုတ်ပြီးလေသည်။

“ပြီးပါပြီ” သူမသည် ငွေအပ်များအားလုံးကို သေတ္တာထဲ ပြန်ထည့်ကာ သေတ္တာကိုသိမ်းပြီး ရေပူစမ်းမှထွက်လိုက်သည်။

“ခမည်းတော် ဘယ်လိုခံစားရလဲ” ယွိယန်းမေးလိုက်သည်။

“အရမ်းကောင်းတယ် ဒီနှစ်တွေမှာ ဒီလိုမျိုး မခံစားရခဲ့ဘူး”

နေလို့ကောင်းသာ ပို၍သက်တောင့်သက်သာဖြစ်နေသည်။ တယွိ မင်းသားသည် ရေပူစမ်းမှထွက်ကာ အဝတ်များကို ဝတ်လိုက်သည်။ ထိုအချိန် တွင် ရှီမာယူယူသည် အဝတ်များကို အခြောက်ခံပြီးနေပြီဖြစ်သည်။

“မုရုန် မင်းသမီးက ဒီလောက် အရည်အချင်းရှိမှန်းသိရင် သူမကို စောစော ခေါ်လာခိုင်းလိုက်ပါတယ်” တယွိမင်းသားသည် သူ့ကို နှစ်ခြိုက်စွာကြည့်လေ သည် “ငါလည်း ခံစားရသက်သာသွားမှာပဲ”

“ဒီကောင်မလေးက သူမရဲ့အရည်အချင်းကို ဖုံးထားတာလေ… သူမ ဒါတွေသိတယ်ဆိုတာကို ကျွန်တော်တောင် မသိဘူး…. ပြီးတော့ မင်းသား အရင် မြို့ပတ်ပြီး သမားတော်ရှာတုန်းက သူတို့တွေက သူမထက် ပိုကောင်း မယ်လို့ထင်ထားခဲ့တာ… ဧကရာဇ်ရဲ့သမားတော်တောင်မှ မင်းသားကို မကုနိုင် ရင် သူမကို တွေးမိမှာတောင်မဟုတ်ဘူး” မုရန်ဟွေ့ ပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့နှစ်ယောက်လုံးကို ကျေးဇူးတင်ရမှာပဲ” တယွိ မင်းသား ပြောလိုက်သည် “မုရုန်ရှီ လိုချင်တာရှိလား”

ရှီမာယူယူသည် ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက်သည် “ကျွန်မ လိုချင်တာကို မင်းသား ပေးဖို့တွန့်ဆုတ်နေလောက်တယ် ထားလိုက်ပါတော့”

“အိုး မင်းက ဘာလိုချင်တာဲ… အဲဒါဘာလဲဆိုတာ ပြောမှ ငါလည်း ပေးရ မလား မပေးရဘူးလား စဉ်းစားရမှာလေ” တယွိမင်းသားသည် အင်္ကျီလက်ကို ဝေ့ယမ်းပြီး ဩဇာဖြင့် ပြောလိုက်သည်။

“ကျွန်မ ဗလာနယ်မြေကို လိုချင်ပါတယ် မင်းသား ပေးဖို့ဆန္ဒရှိပါသလား” ရှီမာယူယူသည် ခေါင်းမော့ပြီး သူ့ကိုကြည့်လေသည်။

တယွိမင်းသားမှာ ထိုစကားကိုကြားပြီးနောက် ပြောလိုက်သည် “မင်းက ငါ့ကို အခက်တွေ့အောင်လုပ်နေတာပဲ”

“ကြည့်ပါ မင်းသားက ကျွန်မကို မပေးဘူးဆိုတာ သိနေတယ်လေ” ရှီမာယူယူ ပြောလိုက်သည်။

“ငါ မင်းကိုမပေးနိုင်တာမဟုတ်ဘူး… ဗလာနယ်မြေက ငါ့ဟာမဟုတ်ဘူး” တယွိမင်းသား ပြောလိုက်သည် “ဗလာနယ်မြေက ရှေးဟောင်းပစ္စည်းမဟုတ် ဘူး လေဟာနယ်ပစ္စည်းတစ်ခုပဲ တခြားတစ်ခုများရွေးလို့ရမလား”

“အခုချိန်တော့ လိုချင်တာကို စဉ်းစားလို့မရသေးပါဘူး” ရှီမာယူယူသည် စိတ်ပျက်သွားခြင်းအလျဉ်းမရှိပေ “မင်းသားက ကျွန်မကို ဆုပေးချင်ရင် ဒဏ်ရာ တွေအကုန် ပျောက်ပြီးသွားတဲ့အချိန်မှ ဆုပေးပါ”

“ဟုတ်ပြီလေ ဒါဆိုရင် လိုချင်တာကို စဉ်းစားထားပေါ့… မဟုတ်ရင် ပစ္စည်းဂိုဒေါင်ကိုသွားပြီး ကိုယ့်ဘာသာသွားရှာလိုက်လေ” တယွိမင်းသား ရယ် မောလေသည်။

“မင်းသားရဲ့ ဒဏ်ရာက ငါးရက်တစ်ခါ ကုပေးဖို့မလိုပါတယ်… ကျွန်မတို့ ပြိုင်ပွဲက ငါးရက်တစ်ခါ ကျင်းပမှဆိုတော့ ပြိုင်ပွဲပြီးတာနဲ့ ဒီကိုလာပြီးတော့ အပ်စိုက်ပေးပါမယ်” ရှီမာယူယူ ပြောလိုက်သည်။

“ကောင်းပြီ အဲဒါဆို ငါလည်း ငါးရက်တစ်ခါ ရေပူစမ်းကိုလာရမှာပဲ… ငါတို့ ဒီမှာပဲတွေ့ကြတာပေါ့” တယွိမင်းသားပြောလေသည်။

“တခြားမရှိတော့ရင် ကျွန်တော်တို့ သွားလိုက်ပါဦးမယ် မင်းသား” မုရုန်ဟွေ့ ပြောလိုက်သည် “ကျွန်တော်တို့ ထွက်လာတာကြာရင် လူတွေ အာရုံ စိုက်စရာဖြစ်နေလိမ့်မယ်”

“မင်းကို ပြောစရာရှိတယ် ရှီအာကို အရင်ပြန်ခိုင်းလိုက်” တယွိမင်းသား ပြောလိုက်သည်။

“အဖေ သမီးအရင် ပြန်နှင့်လိုက်ပါမယ်” ရှီမာယူယူ ပြောလိုက်သည်။

“လိုဏ်ခေါင်းထဲမှာ လမ်းခွဲတွေအများကြီးရှိတာ အပြန်လမ်းကိုမှတ်မိ လား” မုရုန်ဟွေ့သည် စိုးရိမ်စွာဖြင့် မေးလေသည်။

“အကြမ်းဖျင်းတော့ မှတ်မိပါတယ်” လာရာလမ်းတွင် လိုဏ်ခေါင်း၌ တခြားနေရာသို့ ရောက်သွားနိုင်သည့် လမ်းခွဲများစွာရှိသည်ကို ရှီမာယူယူ သတိထားမိသည်။

“ခမည်းတော် ကျွန်တော် သူမကို ဘာလို့ပြန်လိုက်မပို့ရမှာလဲ… အဲဒါဆို ရင် နယ်စားမုရုန်လ်း စိတ်ချမယ်ထင်တယ်” ယွိယန်း ပြောလိုက်သည်။

“အဲဒါလည်း ကောင်းတာပဲ” မုရုန်ဟွေ့ ပြောလေသည် “ဒုက္ခခံပေးလို့ ကျေးဇူးတင်ပါတယ် မင်းသား ၂”

ဆုံးဖြတ်ပြီးသွားသောအခါ ရှီမာယူယူသည် ယွိယန်းနှင့် ထွက်ခဲ့လိုက် သည်။

ယွိယန်းသည် သူတို့လာခဲ့သည့် လိုဏ်ခေါင်းအဝင်ပေါက်သို့ သူမကို ခေါ်သွားသည်။ ရေပူးစမ်းမှ ထွက်လာပြီးနောက်တွင် သူသည် နေမကောင်းပုံ ပြန်ဖြစ်သွားသည်။ သူသည် အားလုံးကို လှည့်စားထားသည်နှင့်တူသည်။

“မင်းသား ၂” ဝင်ပေါက်မှ တပ်သားသည် တံခါးဖွင့်ပေးရာ ယွိယန်း အရင် ဆင်းလိုက်သည်။

ယွိယန်းစောင့်နေသဖြင့် ရှီမာယူယူသည် သူ့နောက်မှ လိုက်ဆင်းလိုက် သည်။ သူမ ဆင်းပြီးနောက်တွင် တည်းခိုဆောင်ဆီသို့ လျှောက်သွားရင်းနှင့် တစ်လမ်းလုံး စကားပြောလာကြသည်။

“မုရုန်ရှီ မင်းက တကယ်ပဲ မုရုန်ရှီလား” ယွိယန်းသည် ရုတ်တရက် မေး လေသည်။

“မင်းသား ၂ ဘာအဓိပ္ပာယ်လဲ” ရှီမာယူယူ မေးလိုက်သည်။

“ငွေအပ်ပညာကို တစ္ဆေလောကမှာ အရင်တုန်းက မမြင်ဖူးဘူး” ယွိယန်း ပြောလေသည်။

“ဒီကမ္ဘာကြီးက ဒီလောက်ကြီးတာ အကုန်လုံးကို သိဖို့ဆိုတာ မဖြစ်နိုင် ဘူးလေ”

“ဟုတ်လား ဒါပေမဲ့ ငါကတော့ အကုန်လုံးကိုသိနေတယ်… အမှောင် မင်းသမီးရဲ့ သမီးက လူသားလောကမှာ ငွေအပ်ပညာနဲ့ နာမည်ကြီးတယ်လို့ ငါ ကြားဖူးတယ်… အဲဒီပညာက မင်းနဲ့တူနေတာမဟုတ်ဘူးလား” ယွိယန်းသည် အေးအေးဆေးဆေးပင် ပြောလေသည်။

“ဟုတ်လား ကျွန်မ အဲဒါကိုမသိထားဘူး” ရှီမာယူယူသည် ဝန်မခံပေ။

“နောင်တစ်ချိန် မင်း သူမနဲ့တွေ့ရင် ဒီအကြောင်း ဆွေးနွေးလို့ရတာပေါ့” ယွိယန်း ပြောလိုက်သည်။

“ဒီအကြံကောင်းတာပဲ အကြံပြုပေးလို့ ကျေးဇူးတင်ပါတယ်”

“ရပါတယ်”

“မင်းသား ၂ သမားတော်ရဲ့ ဆေးပညာကျင့်ဝတ်အရ အဲဒီကျောက်မှုန့်ကို ထပ်မသုံးတော့ဖို့ သတိပေးချင်ပါတယ် မဟုတ်ရင် တကယ်ပဲ မသန်စွမ်းဖြစ် သွား လိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။

“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… ငါ နားလည်တယ် တကယ် လို့ ငါသာ မသန်စွမ်းဖြစ်သွားရင် မင်းကိုကုခိုင်းမှာပါပဲ” ယွိယန်း ပြုံးလိုက်သည်။

“ကိုယ့်ကိုယ်ကိုယ် သေရာသေကြောင်းရှာတဲ့လူအတွက် ကျွန်မရဲ့ ကုသ စရိတ်က အရမ်းဈေးကြီးပါတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ငါက သေရာသေကြောင်းရှာနေတာမဟုတ်ဘူး မင်းလည်း အဲဒါသိပါ တယ်”

“အဲဒါကို ကျွန်မမသိပါဘူး ကျွန်မရဲ့ မျက်လုံးထဲမှာတော့ ဒီလုပ်ရပ်က သေရာသေကြောင်းရှာနေတာပါပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ဒါဆိုရင် ငါတော့ အဲဒီဈေးကြီးတဲ့ ကုသစရိတ်အတွက် စပြီးအသင့်ပြင် ထားရတော့မှာပဲ” ယွိယန်းသည် လေးနက်စွာ ပြောလေသည်။

“ကောင်းပါပြီ ဒါဆို ကျွန်မ မင်းသား ၂ အတွက် ချန်ထားလိုက်ပါမယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဟားဟား” ယွိယန်းသည် စိတ်ပါလက်ပါပြုံးလိုက်သည် “မင်း ငါ့ ညီအစ်ကိုတွေကို သတိထားရလိမ့်မယ်”

“သူတို့က မင်းသား ၂ ထက် ပိုပြီးအန္တာရယ်ကင်းမယ်လို့ထင်ပါတယ်” ရှီမာယူယူ ပြောလိုက်သည် “ရောက်ပါပြီ ပြန်လိုက်ပို့ပေးတဲ့အတွက် မင်းသား ၂ ကိုကျေးဇူးတင်ပါတယ် နှုတ်ဆက်ပါတယ်”

ပြောပြီးနောက်တွင် သူမ လှေကားအတိုင်း တက်သွားပြီး တံခါးဖွင့်ကာ ထွက်သွားလေသည်။

ယွိယန်းသည် သူမ ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်ပြီး အလျင် စလိုထွက်မသွားပေ။ သူသည် နာမည်တစ်ခုကို ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ရှီမာယူယူ…”

***

All Chapters