လူတိုင်း ဆရာလီကို ချစ်သည်
Vol. 48 Ch. 713
ဖုန်းယွီသည် ဖူရုံချီ၏ မွေးနေ့ပွဲသို့ မတက်ရောက်ခဲ့ချေ။ အချိန်မရှိ၍ မဟုတ်ဘဲ ထိုသို့ ပြုလုပ်ရန် မလိုအပ်ဟု ခံစားရ၍ ဖြစ်သည်။ ဖူမိသားစုအတွင်း သူ၏ တည်ရှိမှုမှာ ထိုပွဲသို့ မတက်ရောက်ခဲ့လျှင်ပင် ပြောင်းလဲမည် မဟုတ်ချေ။ အခြားသော သူဌေးကြီးများအတွက်မူ ဖုန်းယွီ၏ စွမ်းရည်များကို သိသွားစေပေသည်။
ကျောင်းသား အများအပြားသည် (၄)နှစ်တာ ကာလပြည့်အောင် စာသင်ရမည်ဖြစ်၍ လာမည့်နှစ်အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ကြပေပြီ။ လီနသည်လည်း ဘွဲ့လွန်တန်းအတွက် ပါမောက္ခမှ လက်ခံထားပြီးဖြစ်သည်။
လီနအား လက်ခံထားသော်လည်း အလုပ်သင်အဖြစ် ဆောင်ရွက်ရန် လိုအပ်သေးသည်။ ဖုန်းယွီသည် အလယ်တန်း ကျောင်း ကူညီ ရှာဖွေပေးခဲ့သည်။ အလယ်တန်း ကျောင်းသားများ၏ စရိုက်မှာ ကြမ်းတမ်းသည့် သဘာဝရှိနေ သော်လည်း အထက်တန်းကျောင်းနှင့် နှိုင်းယှဉ်ပါက စီမံခန့်ခွဲရန် လွယ်သေးသည်။
ဖုန်းယွီသည် ကျောင်းအဝင်ဝ၌ ပန်းများဖြင့် ရပ်စောင့်နေသူများကို တွေ့လိုက်ရသည်။ ဖုန်းယွီ ယနေ့ မည်သို့ထူးခြား မှုရှိကြောင်း မိမိကိုယ်ကို တွေးကြည့်မိတော့သည်။
“ကျောင်းယန်.. နင့်ကိုယ်နင် ကြည့်လိုက်အုံး.. ဆရာလီ မင်းကို ဘယ်တော့မှ သဘောကျမှာမဟုတ်ဘူး..”
ပန်းများ ကိုင်ထားသည့် အမျိုးသား တစ်ယောက်သည် အခြားသော ပန်းကိုင် အမျိုးသား တစ်ယောက်ကို ပြောလိုက် လိုက်ခြင်း ဖြစ်သည်။
“ငါက ဘာဖြစ်နေလို့လဲ.. ငါ့အဖေလဲ ပညာရေးဌာနကလေ.. ဆရာလီ ပေကျင်းမှာ ကျောင်းဆရာ ဆက်လုပ်ချင်ရင် ငါကူညီပေးလို့ရတယ်.. မင်းအဖေက သာသနာရေးက ဝမ်လင်းလေ.. မင်း ဆရာလီကို အဲ့ပြောင့်ဖို့ စဉ်းစားနေ တာလား.. သီလရှင် ဝတ်ခိုင်းမလို့လား..”
ကျောင်းယန် ပြန်ပက်လိုက်သည်။
“ဟွင့်.. မင်းတို့ (၂)ကောင် မိသားစုကို အားကိုးနေကြတာပဲ.. မင်းတို့တွေ အကုန်လုံး ဆရာလီကို လိုက်ရဲတယ်ပေါ့.. ငါဆို အခု MNC မှာ အဆင့်မြင့် စီမံခန့်ခွဲရေး လုပ်နေရတာ.. ငါ့လစာဆို မင်းအဖေရော.. နိုင်ငံခြားရောက် ကျောင်းဆရာ လစာထက် ပိုသေးတယ်.. အားလပ်ရက်တွေမှာရေး ဆရာလီကို နိုင်ငံခြား ခေါ်သွားနိုင်လို့လား.. မင်းတို့ (၂)ယောက် အဲလိုတွေ လုပ်နိုင်လို့လား..”
အောင်မြင်သော စီးပွားရေးသမား တစ်ယောက်ကဲ့သို့ ဝတ်စားထားသူ နောက်တစ်ယောက်မှ ပြောလိုက်သည်။
ဖုန်းယွီ ၎င်းတို့အား မျက်လုံး ထောင့်မှ ကြည့်နေပေသည်။ သူ့ထံတွင် ခံစားချက်များ ဆိုးရွားနေပေသည်။ ထိုလူများ ဆရာလီကို စောင့်နေကြသည်လော။ ……. များ ဖြစ်နိုင်မည်လား။
ကျောင်းဆင်းသည်နှင့် ကျောင်းသားများ မပြေးထွက်လာတော့သည်။
ကျောင်းသား တစ်ယောက်သည် ကျောင်းယန်ထံသို့ အပြေးသွားကာ..
“ဦးလေးဝမ်းကွဲ ဆရာလီ ကားရပ်နားကွင်းမှာ.. ခနနေ ထွက်တော့မယ်..”
ကျောင်းယန် ချက်ချင်း အဝတ်အစားများ ဆွဲဆန့်ကာ ပန်းစည်းကို လက်နှစ်ဖက်ဖြင့်ကိုင်ထားလိုက်သည်။ ကျန်လူများလည်း ထိုသို့သာပင်။ ဤကျောင်းတွင် လှပသည့် ဆရာမ အသစ်တစ်ယောက် ရှိကြောင်း သိထားကြပြီး ဖြစ်သဖြင့် ကြိုဆိုချင်နေကြခြင်းပင်။
ထိုဆရာအသစ် ဆရာလီသည် လူအများ စိတ်ဝင်စား ခံလိုက်ရသည်။ အကယ်၍ ထိုဆရာတွင် ကျောက်ထောက် နောက်ခံကောင်း မရှိပါက ကျောင်းတံခါးဝတွင် စောင့်နိုင်သူ သိပ်ရှိလိမ့်မည် မဟုတ်ချေ။
လီနသည် သူ၏ စတူတာလေးအား တွန်းလျှက် ထွက်လသည်။ ကားမောင်းနည်း သင်ထားသော်လည်း ကားမမောင်း တတ်သေးချေ။ သို့အတွက် ဖုန်းယွီသည် သူ့အတွက် အဆင်ပြေမည့် စကူတာငယ်လေး ဝယ်ပေး ထားခြင်း ဖြစ်သည်။
လီနာသည် ကျောင်းဆရာ တစ်ယောက်အနေဖြင့် အလုပ်မှ အငှားယာဉ် စီး၍ မရချေ။ သူ့အပေါ် ကျောင်းသားများ လွန်လွန်ကျူးကျူး အခင်ကြီးသွားကြ ပေလိမ့်မည်။ ဖုန်းယွီ ဤသည်ကို ရယ်နေပေသည်။ သူ့ ယခင်ဘဝ၌ ကျောင်းဆရာများသည် မာစီးဒီ ဗင် ဖြင့်ပင်အလုပ်သွားနေသည်ကို မြင်ဖူးပေသည်။ အတင်းအဖျင်း ပြောတတ်သူ များမှာ နောက်ကွယ်မှသာ မနာလိုဖြစ်နိုင်ကြပေသည်။
လီနသည် ကျောင်းတံခါးဝတွင် စောင့်နေသည့် ဖုန်းယွီအား မြင့်ရသည့်အခါ ပြုံးလိုက်မိသည်။
ကျောင်းယန် ဆရာလီ ပြုံးနေသည်ကို မြင်လိုက်ရသဖြင့် အလွန် ဝမ်းသာသွားသည်။ ဤသို့ မြင်ဖူးခဲ့ကြသည်လော။ ဆရာလီ မိမိအား သဘောကျနေပေသည်။ အားလုံး ဘေးဖယ်ထားလိုက်မည်။
ကျောင်းယန် ပန်းများကို လက်(၂)ဖက်ဖြင့် ကိုင်ကာ ရှေ့သို့ ထွက်သွားလိုက်သည်။ အောင်နိုင်သူ တစ်ယောက်ကဲ့သို့ လမ်းလျှောက်နေပြီး ကျန်အရှုံးသမား (၂)ယောက်ကို တစ်ချက် ကြည့်လိုက်သည်။ ၎င်းတို့အတွက် အခွင့် အရေး မရှိတော့သည်မှာ သနားစရာပင်။
ဝမ်လင်း လျှင်မြန်စွာ ပြေးထွက်သွားကာ လီနအား ပန်းပေးကမ်းလိုက်ရင်း..
“ဆရာလီ.. ဒီပန်းတွေက မင်းအတွက်ပါ.. ပန်းတွေကို မင်းအလှနဲ့ လိုက်ဖက်အောင် သေချာလေး ပြင်ထားပေး ပါတယ်..”
ကျောင်းယန် မျက်နှာ ပျက်သွားသည်။ ထိုဝမ်လင်း အရှက်ကင်းလွန်းလှပေသည်။ ထိုစကားလုံးများကို စောစောပိုင်းက သူလေ့ကျင့်ထားသည့် စကားလုံးများ ဖြစ်ပေသည်။ သူ့ရှေ့တွင်ပင် ထိုစကားများ ပြောထွက်ပေသည်။
ကျောင်းယန်လည်း လီနအနား အမြန်လျှောက်လာပြီး ပန်းများ ကမ်းကာ..
“ဆရာလီ ကျေးဇူးပြုပြီး ကျုပ်ပန်းတွေ လက်ခံပေးပါ.. မင်းကိုလဲ ဒီပန်းတွေလို နေ့တိုင်း လှစေချင်ပါတယ်..”
MNC တွင် အလုပ် လုပ်သူလည်း မနေနိုင်တော့ပဲ …
“ဆရာလီ.. ကျုပ် အနောက်တိုင်း စားသောက်ဆိုင်မှာ ဘိုကင် ကြိုလုပ်ထားပါတယ်.. အကင်တွေ ဝိုင်တွေနဲ့ ဧည့်ခံ ချင်ပါတယ်..”
ကျောင်းတံခါးဝတွင် စောင့်နေသူများအားလုံး ပန်းကိုယ်စီဖြင့် ပြေးလာကြသည်။ အားလုံး လီန စိတ်ချမ်းသာစေရေး အပြိုင် ကြိုးစားနေကြပေသည်။ ကားတစ်စီးဖြင့် လီနာ၏ စတူတာကို သူ့နောက်ဖုံးထဲ ထည့်ရန် ကြိုးစားသူ တစ်ယောက်ပင် ရှိနေသေးသည်။
လီန မည်သည့်စကားမှ မပြောနိုင်တော့ချေ။ ထိုလူစုသည် ကျောင်းဝင်ဝ၌ အကြိမ်ပေါင်းများစွာ စောင့်ခဲ့ကြ ပေသည်။ သူ့အနေဖြင့် အလွန်စိတ်အနှောက်အယှက် ဖြစ်နေရပေသည်။ သူ့တွင် ရည်းစားရှိကြောင်း ပြောဖူး ထားသော်လည်း ထိုလူများ အကြောတင်းလွန်းလှသည်။
ကံကောင်းစွာဖြင့် ယနေ့၌ ဖုန်းယွီ ရှိနေပေသည်။
ဖုန်းယွီ ရှေ့မှ ပိတ်နေသူများကို တွန်းဖယ်ရင်း လမ်းဖောက်လာနေရပေသည်။ ထိုလူများမှာ ပိန်သော်လည်း သန်မာ ကြပေသည်။
“တောင်းပန်ပါတယ်.. တောင်းပန်ပါတယ်..”
“မင်း ဘာကောင်လဲကွ.. ဘာလို စွတ်တွန်းတိုးနေတာလဲ..”
ကျောင်းယန် ဖုန်းယွီအား ငေါက်လိုက်သည်။
စောစောကပင် ဆရာလီ မိမိအား ပြုံးပြထားသည်ကို ထိုလူများ အလိုက်ကမ်းဆိုး မသိကြချေ။ ထို့အပြင် ထိုကောင် မည်သည့်နေရာမှ ထွက်လာသနည်း။ ထို့အပြင် လက်ဗလာဖြင့် လာနေခြင်းလော။
“ကျုပ် သူ့ရည်းစားပါ.. အလုပ်အပြန် လာကြိုတာပါ..”
ဖုန်းယွီ တည့်တည့်သာ ပြန်ဖြေလိုက်သည်။
“အိုက်ယား.. မင်းစကားပြောရင် ကြည့်ပြောလေ.. ဆရာလီဆိုတာ အခုထိ လူလွတ်တစ်ယောက်ပါ.. မင်းပုံစံနဲ့ ဒီပြိုင်ပွဲမှာ ဝင်မရှုတ်ချင်စမ်းပါနဲ့.. မင်းကိုယ်မင်း ဘယ်လောက် ညံ့ဖျင်းတယ်ဆိုတာ ကြည့်လိုက်အုံး.. ပန်းစည်း တစ်စည်းတောင် မတတ်နိုင်ဘဲ ဆရာလီနား ကပ်ချင်နေသေးတယ်..”
လီန ရယ်မောလိုက်သည်။ ဖုန်းယွီ မည်မျှ ချမ်းသာကြောင်း သူ မသိသော်လည်း ဤနေရာရှိ လူများထက် ချမ်းသာ ပေသည်။ ‘ညံ့ဖျင်း’ဟူသည့် စကားလုံးမှာ ဖုန်းယွီနှင့် မည်သို့မှ မသက်ဆိုင်ချေ။ ယနေ့ ဖုန်းယွီအား ဆင်းရဲသားဟု တံဆိပ်ကပ်ခံလိုက်ရသည်လော။ မည်မျှ ရယ်စရာ ကောင်းလိုက်လေသနည်း။
မိန်ကျစ်ကောင်းသည် ကျောင်းတံခါးဝနှင့် မနီးမဝေးရှိ ကားအတွင်း ရှိနေပေသည်။ သူသည် လက်သီးကို ကျစ်ကျစ် ဆုပ်ကာ ထိုလူများကို အကြိမ်ပေါင်းများစွာ ရိုက်နှက် ဆုံးမ ချင်နေပေသည်။ သို့ရာတွင် ဖုန်းယွီမှ ကားအတွင်း၌သာ စောင့်ခိုင်းထားပေသည်။ မည်သို့ပင်ဖြစ်စေ ဖုန်းယွီအား တံခါးဖွင့်ပေးထားလိုက်သည်။ အကယ်၍ ထိုလူများသည် ဖုန်းယွီအား အုပ်စုဖွဲ့ အနိုင်ကျင့်ရန် ကြိုးစားပါက အပြေးအလွှားသွားရောက်ကာ ထိုသူများကို ကောင်းကောင်း ဆုံးမ ပစ်မည်သာပင်။
ဖုန်းယွီ သူ့ကိုသူ လက်ညှိုးထိုးပြရင်း..
“ငါ.. ငမွဲလား.. သူဌေးလား..”
“သေချာတာတော့ ငါမင်းထက် ချမ်းသာတယ်ကွ..”
ကောင်းယန် မောက်မာစွာ ပြန်ဖြေလိုက်သည်။
“အော်.. ကျောင်းက ကွင်းပြင်နဲ့ အားကစားကွင်း ပြင်ဖို့ စဉ်းစားနေတယ် ကြားတယ်.. ကွင်းပြင်ဖို့တော့ ငါလှူခဲ့ပြီ.. မင်းသာ ပိုချမ်းသာရင် ကျောင်းအားကစားကွင်း ပြင်ဖို့ လှူလိုက်လေ..”
ဖုန်းယွီ တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
“ကျောင်း ကွင်းပြင် ပြန်ပြင်ဖို့ မင်းငွေတွေ လှူလိက်တယ်ပေါ့.. အရူးပဲ.. အုတ်ခဲ တစ်လုံးတောင် တတ်နိုင်ပါ့မလား..”
လီန ဖုန်းယွီအား ပြုံးပြရင်း ရုတ်တရက် စကားဝင်ပြောလိုက်သည်..
“နင် ရောက်လာပြီလား..”
ထိုနေရာရှိ လူများအားလုံး လီန၏ အပြုံးကို မြင်ကာ ပို၍ပင် စိတ်လှုပ်ရှားသွားကြသည်။ ဆရာလီ သူတို့အား ပြုံးပြသည်ဟု ထင်သွားကြပြန်သည်။
ဖုန်းယွီ ထိုလူများကို တစ်ချက်ကြည့်ရင်း လီန၏ စကူတာလေးကို ဆွဲယူလိုက်သည်။ ထို့နောက် သူတို့အား ဝိုင်းနေသူများကို..
“စိတ်မရှိပါနဲ့.. အလုပ်အရမ်းများနေလို့.. မင်းတို့ကို ဖျော်ဖြေဖို့ အချိန်မရှိလို့ပါ..”
ကျောင်းယန်နှင့် ကျန်လူများ ဒေါသတကြီး ဖြစ်သွားတော့သည်။ ထိုလူသည် ဆရာလီ၏ စကူတာလေးကို ကိုင်ဝံ့သည်လော။ ဆရာလီ၏ ချစ်သူ အစစ်အမှန်လော။
ဝံ့ကြွားသည့်နေရာတွင် ထိုလူအား မည်သို့ယှဉ်နိုင်မည်နည်း။
“သူ ကြွားနေတာမဟုတ်ဘူး.. တကယ်ပဲ ငွေတွေ အများကြီး လှူထားတာ.. ရှင်တို့တွေ သတိမထားမိလို့ပါ..”
လီန ဖုန်းယွီအတွက် ကူရှင်းပြရန် ကြိုးစားလိုက်သည်။
“ရှင်းပြ မနေနဲ့တော့ အိမ်ပြန်ရအောင်..”
ဖုန်းယွီ ထိုလူများကို စိတ်မဝင်စားချေ။ မိန်ကျစ်ကောင်းအား ဖုန်းယွီ လက်ဟန်ပြပြီး ဖြန်သွားလိုက်သည်။
ထိုလူအုပ် မည်သည့် စကားမှ ပြန်မပြောနိုင်မှီ လူတစ်ယောက် ဟန်ဆောင်ပန်ဆောင်ဖြင့် သူတို့ထံ ပြေးလာသည်ကို တွေ့လိုက်ရသည်။
“ကျေးဇူးပြုပြီး ကျုပ်သူဌေးကို မနှောင့်ယှက်ပါနဲ့.. အဲ့လိုမှ မဟုတ်ရင် အကျိုးဆက် ခံစားရလိမ့်မယ်..”
သူဌေးလော။ ထိုကောင်သည် သူဌေးလော။ မည်သို့သော ဟာသနည်း။ သက်တော်စောင့်လုပ်ရန် သူငယ်ချင်း တစ်ယောက် ရှိရုံဖြင့် အမှန်တကယ် သူဌေးဖြစ်လာမည်လော။
ကျောင်းယန် မိန်ကျစ်ကောင်းအား ဆွဲထိုးကာ ကြိမ်းမောင်းချင်နေသည်။ ရုတ်တရက် တစ်ကမ္ဘာလုံး ပြောင်းပြန် ဖြစ်သွားသည်ကိုသာ သူတွေ့လိုက်ရသည်။ မိန်ကျစ်ကောင်းမှ သူ့ကို မြေပေါ် ကိုင်ပေါက်လိုက်ခြင်းပင်။
“ကျုပ် ထပ်ပြောမယ်.. ငါ့သူဌေး လမ်းကို မပိတ်ဘဲ လမ်းဖယ်လိုက်ပါ..”
မိန်ကျစ်ကောင်း အေးစက်စက် ပြောလိုက်သည်။
မိန်ကျစ်ကောင်း လူတစ်ယောက်ကို မြေပေါ် လှဲသိမ်ထားပြီး ဖြစ်၍ ထိုနေရာရှိ လူအားလုံး ထိန်လန့် ကြောက်ရွံ့သွား ကြသည်။ သက်တော်စောင့် အစစ်အမှန် ဖြစ်နိုင်ပေသည်။ ထိုလူအုပ်မှာ ကြွားလုံးသာ ထုတ်တတ်သော်လည်း တိုက်ခိုက် ရန်ပွဲ ဖြစ်ဖြစ်ရာတွင်မူ သူရဲဘောကြောင်များ ဖြစ်တော့သည်။
လူအုပ်ထဲမှ တစ်ယောက်သည် ခပ်လှမ်းလှမ်းမှ ကာနှင့် မိန်ကျစ်ကောင်းကို တွဲ၍ မြင်လိုက်မိသည်။ ဤသည်မှာ စောင်ကျင်း မော်တော်ကားပင်။ ထိုမော်ဒယ်ကို ယခင်က တစ်ကြိမ်မှ မမြင်ဖူးသော်လည်း အပြင်ပန်း ကြည့်ယုံဖြင့် ဇိမ်ခံကားတစ်စီး ဖြစ်ကြောင်း သေချာပေသည်။
ထိုလူကို စော်ကား၍ မဖြစ်ချေ။ မစော်ကားရဲသူများ ဘေးသို့ ထွက်သွားလိုက်သည်။ မိန်ကျစ်ကောင်းအား ကြောက်ရွံ့သွားကြသူများ ဖြစ်ပေသည်။ မိန်ကျစ်ကောင်း၏ မျက်လုံးများသည် စူးရှကာ ဖိအား ပေးနေပေသည်။ ထိုမျက်လုံးများအတွင်းမှ သတ်ဖြတ်ချင်စိတ်များ ခံစားနေရပေသည်။
လူအုပ်ကြီး လမ်းကြောင်းတစ်ခု ဖွင့်ပေးကာ လီနသည် ဖုန်းယွီအားတင်ကာ စကူတာ မောင်း၍ ထွက်လာခဲ့ လိုက်သည်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)