← Chapters

မည်သူ သင်ခန်းစာ ပေးမည်နည်း

Vol. 48 Ch. 714

မည်သူ သင်ခန်းစာ ပေးမည်နည်း

Vol. 48 Ch. 714

စကူတာ နောက်မှ ထိုင်ရင်း ဖုန်းယွီ လီနခါးလေးကို လှမ်းဖက်လိုက်ကာ..

“ဒီလိုမျိုး ဘယ်နှစ်ကြိမ် ရှိပြီလဲ.. ဒီကိစ္စ ဘာလို့ မပြောတာလဲ..”

“ရက်နည်းနည်းတော့ကြာပြီ.. အစပိုင်း (၂)ယောက်ပဲ ရှိတာ.. ဒါပေမယ့် တဖြည်းဖြည်း များလာရော.. သူတို့တွေ အကုန် ကျောင်းသားမိဘရဲ့ ဆွေမျိုးတွေ.. ငါ့မှ ရည်းစားရှိတယ် ပြောလဲ နှောက်ယှက်နေကြတာပဲ..”

“နင် ငါ့ကို အစောကတည်းက ပြောသင့်တာ.. ငါ သူတို့ကို သင်ခန်းစာ တစ်ခု ပေးမှာပေါ့.. ဒါဆို နင့်ကို အနှောက် အယှက် ပေးမှာ မဟုတ်တော့ဘူး.. သူတို့ကိုယ်သူတို့ မှန်ထဲ ပြန်ကြည့်သင့်တယ်.. ငါ့ရည်းစားကိုများ ဘယ်ကောင်က လာဖက်ချင်နေတာလဲ.. အနှောက်အယှက်တောင် အဖြစ်မခံနိုင်ဘူး..”

“ညစာ ဘာစားမလဲ.. အရင်သွားဝယ်ရအောင်လေ..”

ဖုန်းယွီ မဆင်မခြင် လုပ်ချင်နေသော်လည်း လီနမှာမူ သူ့ကို စိုးရိမ်စိတ် တွေ့မြင်ရ၍ ပျော်ရွှင်နေပေသည်။

ဖုန်းယွီ လီနခါးအား ခပ်တင်းတင်း မွေ့ဖက်ကာ..

“စားမလား..”

“ဟိုးဆရာ.. ဟိုး..”

လီန ရှက်ရှက်ဖြင့် အော်လိုက်သည်။

(၂)ယောက်သား ကျောင်းအနားရှိ ဈေးသို့သွားကာ လိုချင်သည်များ ဝယ်၍ တိုက်ခန်းအသစ်သို့ ပြန်လာ လိုက်ကြသည်။ ဤသည်က လီနကျောင်းနှင့် အနီးဆုံး တိုက်ခန်းတစ်ခုပင်။ သင်တန်းတက်သည့် အလယ်တန်း ကျောင်းနှင့်လည်း နီးပေသည်။ ပထမတွင် ဤတိုက်ခန်းပိုင်ရှင်များသည် ပြင်ဆင်ပြီးဆဖြစ်၍ ပြန်လည် မရောင်းချင် ကြချေ။ သို့ရာတွင် ဖုန်းယွီ ကမ်းလှမ်းသည်မှာ ဤသို့သော တိုက်ခန်း(၂)ခန်း ပြန်ဝယ်နိုင်သည့် ငွေပမာဏ ဖြစ်သဖြင့် ချက်ချင်း သဘောတူကာ နောက်တစ်နေ့ ရွှေ့ပြောင်းသွားကြတော့သည်။

ဖုန်းယွီသည် တိုက်ခန်းအတွက် သန့်ရှင်းရေး အလုပ်သမား အနည်းငယ်ခေါ်ကာ သန့်ရှင်းရေး ပြုလုပ်ပြီးနောက် သူတို့(၂)ယောက်အတွက် အချစ် ကမ္ဘာငယ်လေး တစ်ခု ဖြစ်သွားတော့သည်။

လီန မီးဖိုချောင်အတွင်း အလုပ်များနေပြီး ဖုန်းယွီမှာမူ အိပ်ယာခင်းပေါ်မှ ရုပ်မြင်သံကြား ရှေ့တွင် ရောက်နေသည်။ အခန်းစီးများ ပိတ်ထားလိုက်သည်။ ဖုန်းယွီမှာ ဤပုံစံမျိုးဖြင့် စိတ်အပမ်းဖြေနည်းအား အလွန် နှစ်သက်ပေသည်။

ညစာ စားပြီးသည့်အခါ လီန သန့်ရှင်းရေးလုပ်နေစဉ် ဖုန်းယွီ နောက်မှနေ၍ ပွေ့ဖက်ကာ..

“ဒါတွေ ထားလိုက်စမ်းပါ.. နက်ဖန်မှ ရှင်းလိုက်မယ်.. အခု မေးစရာရှိတယ်.. မင်းမှာ ရည်းစား ဘယ်နှစ်ယောက် ရှိလဲ..”

လီန ဖုန်းယွီအား အသာတွန်းပစ်ကာ..

“ပေါက်ကရပြောတာတွေ ရပ်လိုက်တော့.. တစ်မိနစ်အတွင်း ဒါတွေ ပြီးအောင် သန့်ရှင်ရေး လုပ်လိုက်မယ်..”

“ဘယ်သူ ပေါက်က ပြောနေလို့လဲ.. ဟိုတစ်ယောက်ဆို တော်တော်ရိုင်းပြီး တိုက်ခိုက်ချင်နေပုံနဲ့..”

ဖုန်းယွီ လီနတင်သားအား လှမ်းရိုက်လိုက်သေးသည်။

“အား…”

“ပြောစမ်းပါ ရည်းစား ဘယ်နှစ်ယောက်တောင် ရှိနေလဲလို့.. ဘာလို့ မဖြေတာလဲ..”

“ငါမှ ရေမထားမိတာ.. ဘယ်လိုလုပ် သိမှာလဲ..”

“အာ.. နင် မရိုးသားဘူး.. အပြစ်ပေးမှ ရတော့မယ်ထင်တယ်..”

ဖုန်းယွီ လီနကို ပုခုံးပေါ်ထမ်းတင်ကာ နှုတ်ခမ်းစွန်း၌ ယုတ်မာသည့် အပြုံးတစ်ခု ပေါ်လာပေသည်။

“ပြောမှာလား မပြောဘူးလား.. အခုဖြေ..”

ဖုန်းယွီ စိတ်အားထက်သန်စွာ မေးလိုက်သည်။

လီန တစ်ကိုယ်လုံး ပျော့ခွေသွားတော့သည်။ ဆိုဖာကိုသာ ကိုင်မထားမိပါက ကြမ်းပြင်ပေါ် ပြုတ်ကျသွားပေ လိမ့်မည်။

နှစ်ယောက်စလုံး စိတ်ကျေနပ်ပြီးချိန်တွင် လီနမှာ ဖုန်းယွီအပေါ်တွင် မှောက်ကျသွားသည်။ ယခုအချိန်ထိ နှစ်ယောက်သား ဆိုဖာပေါ်တွင်သာ ရှိနေသေးသည်။ ဖုန်းယွီသည် ကြမ်းပြင်ပေါ်မှ အဝတ်တစ်ထည် ကောက်ယူကာ လီနကျောပြင်တွင် လွှမ်းခြုံပေးလိုက်သည်။

လီန အနည်းငယ် လှုပ်ရှားသွားချိန်တွင် ဖုန်းယွီ တစ်ခုခုအား သတိရသွားသည့်အလား လီနကို ကျစ်ကျစ်ပါအောင် ပွေ့ဖက်ကာ..

“ဘယ်သွားမလို့.. ငါ့ကို အကုန်မပြောရသေးဘူးလေ.. မေးခွန်းတွေ ဖြေပေးအုံး..”

“အာ.. နင် မပြီးနိုင်သေးဘူးလား..”

“မေးခွန်းမှ မဆုံးသေးတာ.. မဟုတ်သေးပါဘူး.. အခု နင့်ကို နိပ်စက်ရမယ့် အချိန်ရောက်ပြီပဲ..”

ဖုန်းယွီ ထရပ်ကာ လီနအား ရေချိုးခန်းအတွင်း ခေါ်သွားတော့သည်။

*********

နောက်တစ်နေ့ ဖုန်းယွီနိုးလာသည့်အခါ လီနသည် နံနက်စာ ပြင်ဆင်နေပေပြီ။ မနေ့ညက အကြွင်းအကျန်များကိုမူ သန့်ရှင်းရေး လုပ်ပြီးသွားပေပြီ။

ဖုန်းယွီ ကွေ့ပတ်သွားကာ လီနခါးကို ပွေ့ဖက်ကာ..

“မနက်စာ စားပြီးရင် နင့်အလုပ်ထိ ငါလိုက်ပို့မယ်..”

“ကျောင်းမသွားဘူးလား..”

“အခု ငါက အလုပ်သင်လေ.. ဒါပေမယ့် ငါ့ကုမ္ပဏီမှာပဲ လုပ်နေတာ..”

ဖုန်းယွီ ဝမ်းသာအားရ လေသံဖြင့် ပြန်ပြောလိုက်သည်။

“သွား.. ရေချိုးလိုက်တော့.. မနက်စာ စားချိန်ရောက်နေပြီ..”

လိနသည် ပွေ့ဖက်ထားသည့် ဖုန်းယွီအား တွန်းထုတ်လိုက်သည်။ ဖုန်းယွီ ယမန်နေ့ညပိုင်းတွင် ပင်ပန်းခဲ့သည် မဟုတ်လော။

*************

(၂)ယောက်သား အောက်ထပ်ဆင်းသွားချိန်တွင် မိန်ကျစ်ကောင်း ကားနှင့် အသင့်စောင့်နေသည်။ ယာဉ်မောင်း တစ်ယောက် ရှိထားသည့် အကျိုးကျေးဇူးသာပင်။

“သူဌေး.. ငါ့လူတွေ ထပ်ခေါ်လိုက်ရအုံးမလား..”

မိန်ကျစ်ကောင်း မေးလိုက်သည်။

လီနသည် ဖုန်းယွီအာ စိတ်ရှုတ်ထွေးစွာ ကြည့်လိုက်သည်။ မည်သည့်အတွက် လူခေါ်ရန် လိုအပ်မည်နည်း။

ဖုန်းယွီ ခေါင်းညိတ်ပြကာ…

“မှန်တယ်.. အားလုံးခေါ်လိုက်.. ကိုယ်က ရန်မစရင် ရပြီ.. ဒါပေမယ့် ဘယ်ကောင် လက်ညှိုးထိုးထိုး တမ်းရိုက်ပစ်”

ယောက်ျားတိုင်း သဝန်တိုတတ်သည် မဟုတ်ပေလော။ ထို့အပြင် ဖုန်းယွီမှာ သည်းခံနိုင်စွမ်းရှိသူ တစ်ယောက် မဟုတ်ချေ။ ကျောင်းယန်သည် မနေ့က အဖြစ်အပျက်အတွက် လက်စားချေမည်ဖြစ်ကြောင်း အတိအကျ ပြောနိုင် ပေသည်။

ကားသည် ကျောင်းတံခါးသို့ ဖြည်းဖြည်းချင်း ရောက်လာပြီး ဖုန်းယွီ တစ်ချက် လှည့်ပတ်ကြည့်လိုက်ရာ ကျောင်းဝင်း အပြင်ဘက်တွင် သွားလာနေသည့် လူတစ်အုပ်ရှိနေပေသည်။ ၎င်းတို့အားလုံး တံခါးဘက်သို့ လှမ်းကြည့်နေ ကြသည်။ လမ်းတစ်နေရာတွင် ကားတစ်စီးရပ်ထားပေသည်။

လီန တစ်ခုခု လွဲနေကြောင်း ခံစားလိုက်ရကာ ဖုန်းယွီ ဘက်လှည့်ကာ..

“နင် စိတ်မရှုတ်ရအောင် ကျန်းဟန်ကို ဖုန်းဆက်လိုက်မယ်..”

ဖုန်းယွီ လီန လက်ကလေးကို ကိုင်ကာ အပြုံးဖြင့်ပင်..

“ငါ့ကို ယုံပါ.. ငါ စိတ်မြန်တဲ့သူ မဟုတ်ပါဘူး.. ဒါလေးလောက်မှ ငါမဖြေရှင်းနိုင်ရင် နင်နဲ့ ဘယ်လိုလုပ် လာနေနိုင်မှာလဲ.. နင့်အတန်းသာ သွားတက်လိုက်.. နင့် တပည့်တွေ စောင့်မနေရစေနဲ့..”

လီန ကားပေါ်မှ ဆင်းသွားလိုက်သည်။ သို့ရာတွင် စာသင်ခန်းသို့ သွားရာတွင် တည့်တည့် မသွားဘဲ ကွေ့ပတ် လျှောက်နေပေသည်။ ဖုန်းယွီ သူ့ကို လက်ပြနှုတ်ဆက်လိုက်သည်။

ကျောင်းသားများ ရောက်လာကာ မိဘများသည် သားသမီးများကို အပ်နှံထားခဲ့ပြီးနောက် ကျောင်းဝင်အပြင်တွင် လူနည်းစုသာ ရှိတော့သည်။

ထိုလူအုပ်စုသည် ချက်ချင်းပင် ဖုန်းယွီကို ဝိုင်းရံထားကာ မိန်ကျစ်ကောင်း မှာမူ ကားထဲမှ ထွက်သွားလိုက်သည်။

“ဟေ့.. မနေ့က ငါ့ညီကို ရိုက်လိုက်တဲ့ကောင်လား..”

မိုးပြာရောင် အဝတ်အစား ဝတ်ထားသည့် အာမန် မေးလိုက်ခြင်းပင်။

“အဲ့ဒါ ငါပဲ.. ဘာဖြစ်ချင်လို့လဲ..”

ထိုလူ ဝန်ခံရဲသည်လော။

“ဒီတော့ မင်းပေါ့လေ.. ဒါဆိုလဲ ငါတို့ကို အပြစ်မတင်နဲ့.. ပြီးတော့ ငါ့ညီကို တောင်းပန်လိုက်.. နောက်ဆို ဆရာလီကို လိုက်နေတာ ရပ်လိုက်တော့..”

ဖုန်းယွီ မျက်လုံးများ မှိတ်ကာ ကားပေါ်တွင် အနားယူနေလိုက်သည်။ အပြင်ဘက်တွင် မည်သို့ဖြစ်နေနေ သူနှင့် မသက်ဆိုင်သည့် အလားပင်။ ညပိုင်းက မိမိ ပင်ပန်းခဲ့သည် မဟုတ်ပေလော။

မိုးပြာရောင် ဝတ်ဆင်ထားသူသည် ကားတံခါးဖွင့်ရန် ကြိုးစားချိန်၍ မိန်ကျစ်ကောင်း သူ့လက်ကို လှမ်းဆွဲကာ..

“ရပ်လိုက်..”

“ဟာကွာ.. ဒီကောင်ကို တွယ်စမ်းကွာ..”

“အုန်း…….”

ဂျင်းရှပ်အင်္ကျီဝတ်ဆင်ထားသည့် လူသည် မီတာတော်တော်များများ လွှင့်ပျံ ထွက်သွားကာ မိန်ကျစ်ကောင်းမှာ သူ့ခြေထောက်များ ဖြေလျော့ထားလိုက်သည်။ ထို့နောက် လှည့်ကြည့်ကာ လူတစ်ယောက်၏ လက်ကို ဆုပ်ကိုင်ကာ လိမ်လိုက်သည်။ အရေအတွက်များနေသော်လည်း ခြိမ်းခြောက်မှု မခံစားရချေ။ ထို့အပြင် စောင်ကျင်း အမှန်တံဆိပ် ကားအချို့ အရှိန်ပြင်းပြင်းနှင့် ရောက်လာနေသည်ကို တွေ့လိုက်ရသည်။

ကျောင်းယန် မျက်နှာတွင် ပြုံးနေပေသည်။ ယမန်နေ့က သက်တော်စောင့် တစ်ယောက် ပါလာသဖြင့် အလွန် ကောင်းသည် ထင်နေသည်လော။ မိမိရှေ့တွင် မာနကြီးပြနေပေသည်။ ဤသည်က ပေကျင်းဖြစ်သည်။ ယနေ့ သင်ခန်းစာ တစ်ခု ပေးရပေတော့မည်။

ဟမ်။ မည်သည်တို့ မှားနေသနည်း။ လူ (၇)ယောက်သည် တစ်ယောက်တည်း သမားကို အနိုင်မယူနိုင်ဘူးလော။ ကံကောင်းသည်မှာ ကျောင်းယန်တွင် သူ့လူများ အသင့်အနေအထား ရှိနေသေးသည်။ သူ ညွှန်ကြားလိုက်သည်နှင့် ကျန်လူများ ကားပေါ်မှ ဆင်းကာ ထိုလူထံသို့သွားကာ မမေ့နိုင်မည့် သင်ခန်းစာ တစ်ခု ပေးကြပေတော့မည်။

လူအနည်းငယ်သည် ဖုန်းယွီကားဆီသို့ အပြေးသွားကာ တံခါးဆွဲဖွင့်လိုက်သည်။ ဖုန်းယွီမှာ သူ့ခေါင်းကို နောက်သို့ မှီထားလျှက်ပင်။ တံခါးဖွင့်သူသည် လမ်းမပေါ်သို့ မျက်နှာဖြင့် ကျသွားတော့သည်။

ဒုတိယမြောက် ကားအတွင်း ဝင်ရန် ကြိုးစားသူမှာလည်း ကော်လာမှ ဆွဲထုတ်ခြင်း ခံလိုက်ရသည်။ မည်သည့် တုန့်ပြန်မှုမှ မလုပ်နိုင်မှီ မျက်နှာပေါ်သို့ လက်သီးချက်များ ရောက်လာတော့သည်။

“မင်း ဘာတွေ လုပ်နေတာလဲ.. ငါတို့ ဖောက်သည်ကို ကာကွယ်ပေးဖို့က ငါတို့အတွက် ထိပ်တန်း ဦးစားပေးလေ.. တံခါးတွေ အရင်ပိတ်ရမယ်ဆိုတာ မသိဘူးလား..”

လျိုကျစ်ကန်းအသံ ကြားလိုက်ရသည်။

လျိုကျစ်ကန်းမှာမူ ဤနေရာကို လေ့ကျင့်ရေးကွင်းအဖြစ် သတ်မှတ်ထားပေသည်။

ကျောင်းယန်မှာ လူတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရပြီ အားလုံးမှာလည်း တိုက်ခိုက်ရေးသမားများ ဖြစ်ကြသည်။ သူ့လူများ မည်သို့မှ မယှဉ်နိုင်ချေ။

ကျောင်းယန် ချက်ချင်း ကားတံခါး ဖွင့်လိုက်သည်။ ထွက်ပြေးချင်သော်လည်း ချက်ချင်းပင် ဘောလုံး တစ်လုံးကဲ့သို့ လမ်းပေါ်သို့ လိမ့်သွားတော့သည်။

ဖုန်းယွီမှာမူ ကားအတွင်း၌သာ ထိုင်လျှက်ရှိပြီး ကျန်းဟန်၏ ဖခင်ထံ ဖုန်းခေါ်ကာ..

“ဦးလေး ကျန်း.. ကျုပ် အမှတ်(၄)အလယ်တန်းကျောင်း တံခါးဝမှာရောက်နေတာ.. တစ်ယောက်ယောက် ကျုပ်ကို ရိုက်ချင်နေတယ်.. ကျုပ်အခြေအနေ ကောင်းပါတယ်.. သက်တော်စောင့်တွေ ပါတယ်လေ.. အဲ့လူတွေတော့ အခြေအနေ စိုးလောက်တယ်.. ခင်ဗျား ရဲတွေကို ပြောပေးလို့ရမလား.. ကျေးဇူးတင်ပါတယ်..”

ဖုန်းယွီအနေဖြင့် ဤပြဿနာကို ဖြေရှင်ရန် အကူအညီ များစွာ ခေါ်နိုင်ပေသည်။ သို့ရာတွင် ဖုန်းယွီမှာ ကျန်းဟန်၏ ဖခင်ကိုသာ ခေါ်ရန် ရွေးလိုက်သည်။ ဤနည်းဖြင့် ပို၍ ရင်းနှီးလာနိုင်ပေသည်။ အခြားတစ်ယောက်ကို ခေါ့်လိုက်ပါက ကျန်းဟန်၏ ဖခင် စိတ်မကောင်း ဖြစ်နေပေလိမ့်မည်။

ဖုန်းယွီ ကားအပြင်ဘက်ရှိ လူများကိုကြည့်ရင်း ခေါင်းအသာ ယမ်းလိုက်သည်။ ဤသည်က ထိုလူများ တောင်းဆို ခြင်းပင်။ မည်သူ့အား အပြစ်တင်နိုင်မည်နည်း။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

အံ့မခန်းပါရမီရှင် (ဖုန်းယွီ)

All Chapters