← Chapters

ကြိုးမဲ့ဖုန်း

Vol. 48 Ch. 716

ကြိုးမဲ့ဖုန်း

Vol. 48 Ch. 716

လေနှင့်မိုး ရုံးခန်းအသစ်တစ်ခုတွင် ဖြစ်သည်။ အဆောက်အဦအပေါ်တွင် ရှေးခေတ် တရုတ်အက္ခရာဖြင့် ‘လေနှင့်မိုး’ ဟု ဖော်ပြထားသည်။

ထိုအဆောက်အုံအတွက် ဖုန်းယွီ ကုန်ကျစရိတ် တော်တော် ကုန်ခဲ့သည်။ သို့ရာတွင် သူသုံးထားသည့် ငွေနှင့် ထိုက်တန်သည်ဟု ခံစားလိုက်ရသည်။ မည်သည့်အတွက်ဟူမူ ဤဧရိယာအား ပေကျင်း စီးပွားဇုံအဖြစ် သတ်မှတ် ခံရပြီ မဟုတ်ပေလော။

နောင်တွင် နိုင်ငံတကာနှင့် တရုတ်ကုမ္ပဏီများသည် ၎င်းတို့၏ တရုတ်နိုင်ငံ ရုံးချုပ်များကို ဤနေရာတွင် တည်ထောင်ကြ ပေလိမ့်မည်။ CCTV ၊ ပြည်သူ့ နေ့စဉ် တို့ပင် ပါဝင်ပေသည်။ ဤနေရာသည် တရုတ်နိုင်ငံ၏ အကျော်ကြားဆုံး စီးပွားရေးခရိုင် ဖြစ်လာလိမ့်မည်။ ရှန်ဟိုင်း၏ စီးပွားရေးဇုံနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။

အဆောက်အဦးတွင် ရှေးဟောင်းတရုတ် အက္ခရာမှာလည်း ကြီးမားလှပေသည်။ ဤအဆောက်အဦးသည် ဤနေရာ၌ အထင်ကရ နေရာတစ်ခု ဖြစ်လာမည်မှာ သေချာပေသည်။

လေနှင့်မိုး လျှပ်စစ်သည် ဤသို့ ကြီးမားသည့် ရုံးခန်း အဆောက်အဦ မလိုအပ်ချေ။ လေနှင့်မိုး ပို့ဆောင်ရေး၊ အိုက်ဝါ လျှပ်စစ်၊ လေနှင့်မိုး ဆေးဝါးစီမံကိန်း၊ ပမ့်မြို့တော် ဆေးဝါးကုမ္ပဏီနှင့် ဖုန်းယွီ၏ အခြားကုမ္ပဏီများသည် ဤအဆောက် အဦးတွင် ပေကျင်းရုံးခွဲများ တည်ထောင်ထားကြသည်။ ထိုင်ဟွာမဟာကုန်တိုက် ရုံးချုပ်ကိုလည်း ဤအဆောက်အဦးသို့ ပြောင်းရွှေ့ထားသည်။

အဆောက်အဦး၏ ကျန်အခန်းများကို ငှားရမ်းထားသည်။ ဖုန်းယွီသည် ငှားရမ်းခများကို အလွန်ကျေနပ်ပေသည်။ ထိုငှားရမ်းခများမှ ယခုခေတ် အနေအထားဖြစ်သည်။ နောင် (၃)နှစ်မှ (၅)နှစ်အတွင်း ငှားရမ်းခ အဆများစွာ တိုးလာမည် ဖြစ်သည်။ ဤအဆောက်အဦးတွင် ရုံးခန်း ငှားသည့် ကုမ္ပဏီများသည် (၃)နှစ်သာ ဖြစ်သည်။ ငှားရမ်းခများ တိုးလာ၍ သဘောမတူပါက ထွက်သွားနိုင်ပေသည်။ ငှားရမ်းခ မြင့်မြင့်မားမား ပေးလိုမည့် အခြား ကုမ္ပဏီများ ရှိနေလိမ့်မည်။

အပေါ်ဆုံးထပ်ရှိ အကြီးဆုံး ရုံးခန်းမှာ ဖုန်းယွီ၏ ရုံးခန်း ဖြစ်သည်။ စတုရန်းမီတာ(၅၀၀) ရှိပေသည်။ သူ့ ရုံးခန်း အတွင်း အားကစား ခန်းမ၊ အပန်းဖြေရာနေရာ၊ အနားယူရန်နေရာနှင့် အရန်အခန်းများစွာ ရှိပေသည်။ ခေါင်မိုးပေါ် တက်ရန်ပင် သီးသန့်လှေခါး တစ်ခုရှိပေသည်။ ထိုအတွက် ဖုန်းယွီ အထူးတောင်းဆိုထားခြင်းဖြစ်သည်။ နောင်တွင် ဟယ်လီကော်မတာအတွက် ခေါင်မိုးပေါ်တွင် ရဟတ်ယာဉ်ကွင်း တည်ဆောက်ချင်ပေသည်။

တရုတ်နိုင်ငံတွင် လေကြောင်းဆိုင်ရာ စည်းမျဉ်းများ တင်းကြပ်ထားသည်။ သို့ရာတွင် နှစ်အနည်းငယ် ကြာလာမည့် အခါ စည်းမျဉ်းများ ဖြေလျော့လာကာ ပုဂ္ဂလိက ကိုယ်ပိုင် လေယာဉ်များနှင့် လေကြောင်းလိုင်း ကုမ္ပဏီများ စတင်ပိုင်ဆိုင် လာကြပေလိမ့်မည်။

ဖုန်းယွီသည် အထူးဓာတ်လှေကားဖြင့် သူ့ရုံးခန်းသို့ တက်လာခဲ့သည်။ မိန်ကျစ်ကောင်း စားပွဲပေါ်မှ ဖုန်းကောက် ကိုင်ကာ တစ်ဖက်အခန်းသို့ ခေါ်လိုက်သည်။

“သူဌေး ရောက်လာတယ်..”

ဖုန်းယွီ အပန်းဖြေခန်းသို့ လျှောက်သွားလိုက်သည်။ ထိုနေရာတွင် ဘားတစ်ခု ရှိပေသည်။ မန်ဘာ သီးသန့်ဖွင့်ထားခြင်း ဖြစ်သည်။ သစ်သီးခြောက်နှင့် အခြား စားစရာ မျိုးစုံရှိပေသည်။ သစ်သီးခြောက်ပန်းကန် ယူကာ ဘားတွင် ထိုင်စောင့် နေလိုက်သည်။

အိုက်ဝါ နတ်ဆိုးလေးမှ သွမ့်ယုံဖျင်၊ အိုက်ဝါ လျှပ်စစ်မှ ရှုလီဟွာ၊ လေနှင့်မိုး လျှပ်စစ်မှ ကျန်းဝမ်မင် နှင့် အခြားလူနည်းနည်း ပါဝင်ပေသည်။ ဖုန်းယွီ ၎င်းတို့ကို အစာပြေစားရင် လက်ဟန်ပြလိုက်ပြီး မိန်ကျစ်ကောင်း အခန်းထဲမှ ထွက်သွားကာ အခန်းတခါး ပိတ်ထားလိုက်သည်။

“အဘိုးကြီးသွမ့် ခင်ဗျားပြောတဲ့ ကြိုးမဲ့ဖုန်းဆိုတာ ဘာလဲ.. ကျုပ်တို့ အင်ဂျင်နီယာတွေ အားလုံး ခေါ်ထားတယ်.. ခင်ဗျား ကျုပ်တို့ လုပ်ပေးရမှာကို ပြော..”

ဖုန်းယွီသည် ထိုစီမံကိန်း အောင်မြင်မည်ကို သေချာပေါက် သိနေသဖြင့် စိတ်လျှော့ထားသည်။ သူ့ယခင်ဘဝတွင် သွမ့်ယုံဖျင်သည် ကုမ္ပဏီ ပြန်လည်ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ၎င်းတို့နှင့်အတူ ရုန်းထွက်ပြီးနောက် လုပ်ပိုင်ခွင့်များ စွန့်ခွာသွားသည်။

သွမ့်ယုံဖျင် စိတ်ပျက်အားငယ်ခြင်းမရှိချေ။ နည်းပညာ ကျွမ်းကျင်မှုရှိကာ ဈေးကွက်ကို ကောင်းကောင်း နားလည်ပေသည်။ အဆက်အသွယ်များကို အသုံးကာ ကြိုးမဲ့ဖုန်းထုတ်လုပ်ရန် လိုင်စင်ရထားပေသည်။

ယခင်က BBK ကြိုးမဲ့ဖုန်းများသည် တရုတ်နိုင်ငံတွင် အလွန်ရေပန်းစားခဲ့သည်။ ဈေးကွက်ဝေစု (၇၀)ရာခိုင်နှုန်း ကျော် သိမ်းပိုက်ထားသည်။ ထိုထုတ်ကုန်မှာ သွမ့်ယုံဖျင်၏ ရန်ပုံငွေများ အမြန်ဆုံး ပြန်လည် စုဆောင်ကာ ကုမ္ပဏီ အခြေခံ အုတ်မြစ် ထူထောင်နိုင်လိုက်သည်။

နောက်ပိုင်းတွင် BBK လျှပ်စစ်သည် မိတ္တူစက်များ၊ ဆဲလ်ဖုန်းများ အပါအဝင် ထုတ်ကုန်များစွာ မိတ်ဆက်ခဲ့သည်။ ထိုထုတ်ကုန်များအားလုံးသည် ဈေးကွက်တွင် ရောင်းအားကောင်းခဲ့ပေသည်။

ထို့ကြောင့် ဖုန်းယွီသည် သွမ့်ယုံပမ့်ကို ယုံကြည်မှုရှိပေသည်။ သူ့ယခင်ဘဝ၌ သွမ့်ယုံပမ့်သည် BBK လျှပ်စစ်ကို တည်ထောင်ခဲ့သည့် နှစ်ဖြစ်သည်။ လအနည်းငယ် စောနေသော်လည်း ကုမ္ပဏီ၏ နည်းပညာ စွမ်းရည်များသည် ဖုန်းယွီ၏ ယခင်ဘဝထက် များစွာ မြင့်မားပေသည်။

သွမ့်ယုံပမ့် ခေါင်းညိတ်လိုက်ပြီး အားလုံးကို ကြည့်ကာ..

“ကြိုးမဲ့ဖုန်း၊ မုတ်ဆိတ်ရိတ်စက် တွေဆိုတာ တခြားနိုင်ငံတွေမှာ ရှိနေတာ နှစ်တော်တော် ကြာပြီ။ ဒါက လက်ကိုင်ဖုန်းနဲ့ အခြေစိုက်စခန်းကို ချိတ်ဆက်ဖို့အတွက် ရေဒီယိုလှိုင်းသုံးထားတဲ့ ဖုန်းတစ်ခုပဲ.. အဲ့ လက်ကိုင်ဖုန်းက အခြေစိုက်စခန်းနဲ့ မီတာတော်တော် အကွာကနေ ချိတ်ဆက်ထားနိုင်တယ်.. ဒီကြိုးမဲ့ဖုန်းက သမားရိုးကျ ဖုန်းတွေထက် ပိုပြီး အဆင်ပြေတယ်.. ခက်ခဲတဲ့ နည်းပညာ မဟုတ်တဲ့အပြင် ဈေးကွက် အလားအလား အရမ်းကောင်းတယ်..”

“ရှုလီဟွာသည် စီးကရက်ပြာကို ပြာခွက်အတွင်းတောက်ထည့်ကာ..

“ကျုပ်တို့ အိုက်ဝါလျှပ်စစ်ကနေ ရေဒီယိုလှိုင်းဘက်မှာ ကိုင်တွယ် ဖြေရှင်နိုင်တယ်.. ဒီနည်းပညာနဲ့ ပတ်သက်ရင် တခြားလူတွေထက် ပိုပြီး အကျွမ်းတဝင်ရှိတယ်..”

အိုက်ဝါလျှပ်စစ်သည် လက်ရှိအချိန်၌ ပေဂျာများနှင့် စတော့ ပေဂျာများကိုသာ ထုတ်လုပ်သော်လည်း ၎င်းသည် လက်ကိုင်စကားပြောစက်များ စတင်ထုတ်လုပ်နေပြီ ဖြစ်သည်။ ဤနည်းပညာပိုင်းတွင် တရုတ်နိုင်ငံ၌ အကောင်းဆုံး မဟုတ်သော်လည်း သွမ့်ယုံပမ့်နှင့် ကျန်လူများထက် သာပေသည်။

ရှုလီဟွာနှင့် သူ့လူများသည် လက်ကိုင်ဖုန်းများ ထုတ်လုပ်ချင်နေကြသည်။ ဖုန်းယွီသည်လည်း ထိုအကြံအစည်ကို ထောက်ခံပေသည်။ သူတို့၏ လက်ကိုင်ဖုန်း နည်းပညာများကို ပြီးပြည့်စုံစေရန် ဤကြိုးမဲ့ဖုန်းကို အသုံးချနိုင် ပေသည်။

ကျန်းဝမ်မင်မှ..

“ကျုပ်တို့က LCD နဲ့ ခလုပ်တွေ ပိုင်းမှာ ပိုနိုင်တယ်.. အဲ့အပိုင်း ကိုင်တွယ်ပေးနိုင်တယ်..”

အိုက်ဝါ အိမ်သုံး လျှပ်စစ်ပစ္စည်းမှ တာဝန်ခံတစ်ဦးက..

“အဲ့နယ်ပယ်တွေမှာ ခင်ဗျားတို့လောက် မကျွမ်းကျင်ဘူး.. ဒါပေမယ့် ခင်ဗျားတို့ ဖုန်းနဲ့ အသံဖမ်းတဲ့ အစိတ်အပိုင်း လိုအပ်ရင်တော့ ကျုပ်တို့ ကောင်းကောင်း နိုင်တယ်.. ဒါမှမဟုတ် စပီကာနဲ့ အသံစနစ်မှာ အကူအညီလိုရင် ကျုပ်တို့လဲ ကူညီပေးနိုင်တယ်..”

တစ်ယောက်ချင်း ပြောပြီးသွားသည့်အခါ အားလုံး သွမ့်ယုံပမ့်ကို ကြည့်လိုက်သည်သည်။ သူတို့သည် ဤထုတ်ကုန်၏ အရေးကြီးသော အစိတ်အပိုင်းများ အားလုံး ကိုင်တွယ်မည်ဖြစ်သည်။ သို့ဆိုလျှင် အိုက်ဝါ နတ်ဆိုးလေးမှ ဘာကို ဆက်လုပ်မည်နည်း။

“ကျုပ်တို့က လက်ကိုင်ဖုန်းတွေကို ချိတ်ဆက်နိုင်တဲ့ အခြေစိုက်စခန်းတစ်ခုဖြစ်တဲ့ နည်းပညာကို မတော်တဆ တီထွင်မိလိုက်ပါတယ်.. ပြောချင်တာက ကျုပ်တို့က အဆောက်အဦး တစ်ခုမှာ ပင်မစက်တစ်လုံးရှိရင် လက်ကိုင်ဖုန်း တစ်လုံး အခန်းထဲမှာ ထားခဲ့လို့ရတယ်.. အဲ့လိုနည်းနဲ့ ဘယ်အခန်းမှာ ရှိရှိ ဖုန်းခေါ်ဆိုမှု လက်ခံလို့ရတယ်.. ကျုပ်လူတွေက ရေဒီယိုလှိုင်းဘက်မှာလဲ နိုင်နင်းပါတယ်.. ဒီနယ်ပေမှာ အကူအညီ ပေးနိုင်ပါတယ်.. ပြီးတော့ ကျုပ်တို့က ဒီထုတ်ကုန်အတွက် ဈေးကွက်ရှာဖွေမှုလဲ တော်တော်လေး လုပ်ထားပါတယ်.. ဒါပေမယ့် ဈေးကွက်ထဲမှာတော့ ဈေးကွက်မရှိသေးဘူး.. တင်သွင်းလာတဲ့ အမှတ်တံဆိပ် တွေကလဲ ဈေးအရမ်းကြီးပြီး ကြိုးမဲ့ဖုန်းတစ်လုံးရဲ့ ကုန်ကျစရိတ်က မမြင့်ပါဘူး..”

ယခုအချိန် တရုတ်တွင် ကြိုးမဲ့ဖုန်း တစ်လုံးသည် မည်မျှ ကျသင့်သနည်း။ ယွမ် (၁)သောင်း၊ (၂)သောင်း ခန့် ရှိပေသည်။ တရုတ်နိုင်ငံ၏ ထိပ်တန်း ကြိုးမဲ့ဖုန်း အမှတ်တံဆိပ်များမှာ ဖိလစ်၊ မိုတိုရိုလာ၊ ပန်နက်ဆိုးနစ်နှင့် စီးမန်းတို့ ဖြစ်သည်။ ကျန်းဝမ်မင်၏ တွက်ချက်ထားမှုအပေါ် အခြေခံ၍ ကြိုးမဲ့ဖုန်း တစ်လုံး၏ ကုန်ကျစရိတ်သည် ယွမ်(၂၀၀)အောက်သာ ဖြစ်သည်။ ထိုကုမ္ပဏီကြီးများ၏ စီးပွားရေးဆိုင်ရာ ကျွမ်းကျင်မှုကြောင့် ကုန်ကျစရိတ် များစွာ နိမ့်သွားနိုင်ကြောင်း ခံစားလိုက်ရသည်။

သူတို့၏ အမြတ်ငွေ မည်မျှ ရနိုင်မည်နည်း။ အကြိမ်ပေါင်းများစွာ ကုန်ကျစရိတ် တွက်ချက် ကြည့်ကြသည်။

ဤအစည်းအဝေးသို့ တက်ရောက်သူ အားလုံးသည် ဤထုတ်ကုန် ထုတ်လုပ်ရန် အစွမ်းအစ ရှိကြသည်။ အစုရှယ်ယာတွင် မြင့်မားသည့် အမြတ်အစွန်းများနှင့် ဤထုတ်ကုန်ကို မည်သည့်အတွက် ကိုယ်တိုင် ထုတ်လုပ် ရောင်းချခြင်း မပြုရမည်နည်း။

အချိန်အတော်ကြာ ဆွေးနွေးပြီးနောက် ဖုန်းယွီ စကားတစ်ခွန်းမှ မဟသည်ကို ရုတ်တရက် သတိထားမိလိုက် ကြသည်။ ၎င်းတို့အားလုံး ငြိမ်သွားကာ ဖုန်းယွီအား ကြည့်လိုက်သည်။

ဖုန်းယွီ သူကိုင်ထားသည့် မက်မွန်သီးခြောက်ကို ပြန်ချ၍ လက်သုတ်လိုက်သည်။ ထို့နောက် စားပွဲပေါ်ရှိ စာရွက် စာတမ်းများကို ညွှန်ပြကာ ရေသောက်လိုက်သေးသည်။

“အဲ့ဒါ ဖိလစ်က ပို့ပေးထားတဲ့ အချက်အလက်တွေ .. အားလုံးကြည့်လို့ရတယ်..”

ကျန်းဝမ်မင် ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားကာ..

“ဖိလစ်က ကျုပ်တို့အတွက် သူ့တို့ရဲ့ ကြိုးမဲ့ဖုန်း နည်းပညာတွေ ပေးလိုက်တာလား..”

“ကျုပ်တို့က ဖိလစ်နဲ့ မိတ်ဖက်တွေဆိုတော့ ကျုပ်တို့တွေ နည်းပညာ မျှဝေဖို့ သဘောတူထားတယ်လေ.. ဒါက အသစ်အဆန်းတစ်ခု မဟုတ်ပေမယ့် ခင်ဗျားတို့ကို အချိန်ကုန်သက်သာအောင် အကူအညီ ရလောက်တယ်.. ပြီးတော့ ဖိလစ်က အဲ့ဆက်စပ်နည်းပညာတွေရဲ့ မူပိုင်ခွင့်တွေလဲ ပိုင်ထားတယ်.. ဒါတွေကို သုံးရင်လဲ ကျုပ်တို့အတွက် အခမဲ့ပဲ..”

ဤသည်မှာ နည်းပညာ အသစ်မဟုတ်ကြောင်း အားလုံး သိပေသည်။ ဖိလစ်နှင့် လဲလှယ်သော လေနှင့်မိုး လျှပ်စစ် နည်းပညာများသည် နောက်ဆုံးပေါ် နည်းပညာများ မဟုတ်ချေ။

“အရမ်းကောင်းတယ်.. မန်နေဂျာဖုန်း.. ဒီအချက်အလက်တွေနဲ့ဆို ကျုပ်တို့တွေ (၃)လအတွင်း ကမ္ဘာပေါ်မှာ အကောင်းဆုံး ကြိုးမဲ့ဖုန်းတစ်လုံး တီထွင်နိုင်မယ်လို့ အာမခံတယ်..”

သွမ့်ယုံပမ့် မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေပေသည်။

ဖုန်းယွီ ရယ်မောရင်း..

“ခင်ဗျားတို့ကို ကျုပ် ယုံပါတယ်.. ဒီ ကြိုးမဲ့ဖုန်း စီမံကိန်းကို သွမ့်ယုံပမ့် ဦးဆောင်လိမ့်မယ်.. ကျန်တဲ့သူတွေက ဖွံ့ဖြိုးရေး အဖွဲ့ဖွဲ့ဖို့အတွက် ကိုယ့်လူတစ်ချို့ လွှတ်နိုင်တယ်.. ဒီစီမံကိန်း အောင်မြင်တဲ့အချိန် ခင်ဗျားတို့အားလုံး ဂုဏ်ပြုဆုတွေ ရကိုရလိမ့်မယ်.. ခင်ဗျားတို့ အားလုံးကို လှလှကြီး ဆုချမှာ..”

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters