← Chapters

မင်းအချိန် မဟုတ်သေးဘူး

Vol. 48 Ch. 718

မင်းအချိန် မဟုတ်သေးဘူး

Vol. 48 Ch. 718

လီမင်သဲအား ဖိတ်ခေါ်ခဲ့သူမှာ ကျန်းလွေ့ချန်းမဟုတ်ချေ။ ကျန်းလွေ့ချန်းသည် ပမ့်မြို့တော် ယန္တရား ကုမ္ပဏီကို စာရင်းသွင်းလိုပါက လီမင်သဲကို ဆင့်ခေါ်မည် မဟုတ်ချေ။ မည်သည့်အတွက်ဟူမူ ထိုကုမ္ပဏီသည် မည်သူ၏ ဆုံးဖြတ်ချက် အောက်တွင် ရှိနေကြောင်း သိထား၍ဖြစ်သည်။ ထိုသူမှာ ဖုန်းယွီသာပင်။

လီမင်သဲကို ဖိတ်ခေါ်ခဲ့သူမှာ ပမ့်မြို့တော် အစိုးရ အတွင်းရေးမှူးဖြစ်သည်။ သူ့ရာထူး တိုးရေးအတွက် အကျိုးဆောင်မှု လိုအပ်နေပေသည်။ ဖုန်းယွီသည် စက်ယန္တရားကုမ္ပဏီ၏ အဓိက ရှယ်ယာရှင်ဖြစ်ပြီး အလုံစုံ တာဝန်ယူသူ ဖြစ်ကြောင်း သိထားပေသည်။

သို့ရာတွင် အတွင်းရေးမှူးသည် ဖုန်းယွီကို ဖိတ်ခေါ်သည့်အခါ ဖုန်းယွီသည် ကုမ္ပဏီကို စာရင်းသွင်းချင်စိတ် မရှိကြောင်း သိလိုက်ရသည်။ သို့အတွက် လီမင်သဲကို စည်းရုံနိုင်မည်ဟု မျှော်လင့်ကာ ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။ ဖုန်းယွီသည် လီမင်သဲအား အလွန်ယုံကြည်ကြောင်း သိထားပေသည်။ သို့မဟုတ်ပါက ဖုန်းယွီသည် လီမင်သဲ အစိုးရ ဝန်ထမ်း အဖြစ်မှ စောစောနှုတ်ထွက်ကာ ကုမ္ပဏီတစ်ခုလုံး လက်ထဲပေးထားမည် မဟုတ်ချေ။ လီမင်သဲကိုလည်း ကုမ္ပဏီ၏ အစုရှယ်ယာများ ပေးအပ်ခဲ့သည်။

ထိုကုမ္ပဏီ စာရင်းသွင်းလိုက်ပါက ပမ့်မြို့တော် အစိုးရတစ်ခုလုံးအပေါ် အကျိုးဆောင်နိုင်မည် ဖြစ်သဖြင့် ကျန်းလွေ့ချန်း တားမြစ်လိမ့်မည်မဟုတ်ဟု အတွင်းရေးမှူး ယူဆထားသည်။ အကယ်၍ အတွင်းရေးမှူးသာ ရာထူးတိုးလာပါက ကျန်းလွေ့ချန်း၏ ရာထူးကိုပင် လွှဲပြောင်း ရယူနိုင်ပေလိမ့်မည်။ ကျန်းလွေ့ချန်းသည် လွန်ခဲ့သည့် (၂)နှစ်အတွင်း ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့ကာ ရာထူးတိုးရန် မျှော်လင့်ချက် မြင့်မားနေပေသည်။ ထို့အပြင် ပြည်နယ် အစိုးရအဖွဲ့၏ ထောက်ခံမှုလည်း ရရှိခဲ့သည်။

ပြည်နယ်အစိုးရ၏ နံပတ်(၁)မှာ ယခုနှစ်ကုန်တွင် အနားယူတော့မည်ဖြစ်ကြောင်း ကောလာဟလများ ထွက်ပေါ် နေပေသည်။ ထိုအချိန်တွင် ကျန်းလွေ့ချန်းသည် ပြည်နယ်အစိုးရတွင် အားအကောင်းဆုံး ကျောထောက်နောက်ခံ ဆုံးရှုံးရပေလိမ့်မည်။ ကျန်းလွေ့ချန်းသည် ပမ့်မြို့တော် အစိုးရ’ ပါတီအတွင်းရေးမှူး မဖြစ်ချင်ချေ။ အစိုးရဝန်ထမ်း လောကတွင် ခြေလှမ်းတစ်လှမ်း မှားယွင်းခြင်းမှာ ကျရှုံးခြင်းကို ဆိုလိုပေသည်။

လီမင်သဲသည် ပါတီအတွင်းရေးမှူးကို မစော်ကားရဲသဖြင့် ဖုန်းယွီကိုသာ အကူအညီ တောင်းရတော့သည်။

ကုမ္ပဏီ စာရင်းသွင်းခြင်းမှာ ကုမ္ပဏီများစွာအတွက် ရန်ပုံငွေရှာရန် နည်းလမ်းတစ်ခုဖြစ်ကြောင်း ဖုန်းယွီ သိထား ပေသည်။ ဘဏ်များမှ ချေငွေရယူခြင်းထက် ပိုကောင်းကာ ကုမ္ပဏီ တန်ဘိုးကို ထိထိရောက်ရောက် မြှင့်တင် နိုင်ပေသည်။

ဖုန်းယွီကမူ စာရင်းမသွင်းချင်ချေ။ ကုမ္ပဏီကို စာရင်းသွင်းလိုက်သည်နှင့် ကမ့်မြို့တော် ယန္တရားကုမ္ပဏီတွင် သူ၏ ရှယ်ယာများ လျော့သွားမည် ဖြစ်သည်။ ကုမ္ပဏီ စာရင်းဝင်ရန်အတွက် အနည်းဆုံး အစုရှယ်ယာ စုစုပေါင်း၏ (၂၅)ရာခိုင်နှုန်းကို အများထံ ကမ်းလှမ်းရမည် ဖြစ်သည်။ ထိုသို့ ပြုလုပ်လိုက်ပါက ဖုန်းယွီနှင့် သူ့ဖခင်ပိုင်ဆိုင်မှုမှာ (၅၀)ရာခိုင်နှုန်းအောက် ရောက်သွားလိမ့်မည်။

ကုမ္ပဏီကို စာရင်းသွင်းပြီးပါက ရှယ်ယာဈေးများ တက်လာကာ ရှယ်ယာများ အဖိုးတန်လာပေလိမ့်မည်။ သို့ရာတါင် ဤသည်မှာ ၎င်းတို့၏ ရှယ်ယာများ ရောင်းချင်သူများ အတွက်ဖြစ်သည်။ ဖုန်းယွီသည် သူ့ရှယ်ယာများကို ရောင်းချ ချင်စိတ် မရှိချေ။

ဖုန်းယွီ၏ ယခင်ဘဝတွင် ကုမ္ပဏီကြီး အများအပြားသည် ရန်ပုံငွေ ရှာချင်သဖြင့် စာရင်းသွင်းချင်ကြခြင်း မဟုတ်ချေ။ အရင်းအနှီးအတွက် ရင်းနှီးမြုပ်နှံထားရခြင်းကြောင့် ဖြစ်သည်။ အကျိုးတူ ရှယ်ယာရှင်များ မည်ကဲ့သို့ ငွေရှာမည်နည်း။ ၎င်းတို့သည် စာရင်းဝင်ပြီးနောက် ကုမ္ပဏီ၏ အစုရှယ်ယာများကို ရောင်းချခြင်းအပေါ် မူတည် ပေသည်။

ရင်းနှီးမြုပ်နှံသူများ ကြိုက်နှစ်သက်သည့် စွမ်းဆောင်ရည် ကောင်းမွန်သည့် ကုမ္ပဏီ သို့တည်းမဟုတ် ကုမ္ပဏီ အချို့၏ ရှယ်ယာဈေးများ တက်ပြီးရင်း တက်လာမည် ဖြစ်သည်။ ရင်းနှီးမြုပ်နှံထားသူများသည် ထိုကာလအတွင်း ၎င်းတို့၏ ရှယ်ယာများကို ရောင်းထုတ်ပစ်နိုင်ပေသည်။ တစ်ခါတစ်ရံ ပြန်လည်ရရှိသည့် အမြတ်ငွေမှာ (၂၀)ရာခိုင်နှုန်း ကျော်ပေသည်။

ပုံမှန်အားဖြင့် ရင်းနှီးမြုပ်နှံသူများသည် ဦးစားပေး စတော့များကိုသာ ပိုင်ဆိုင်ပေသည်။ ၎င်းတို့တွင် မဲပေးခွင့် မရှိသော်လည်း အမြတ်ဝေစုများ ရရှိပေလိမ့်မည်။ ထို့အပြင် ၎င်းတို့၏ အစုရှယ်ယာများ ရောင်းချရာတွင်သာ ဦးစားပေး လုပ်ဆောင်ကြသည်။

အချို့ကုမ္ပဏီများသည် ၎င်းတို့၏ ကြွေးမြီ အချိုးအစား လျော့ချရန် စာရင်းသွင်းကြသည်။ ကုမ္ပဏီများစွာတွင် အကြွေးများ ရှိသော်လည်း စာရင်းဝင်နိုင်ပေသည်။ စာရင်းသွင်းပြီးသည်နှင့် ထိုအကြွေးများ ပြန်ဆပ်နိုင်မည် ဖြစ်သည်။

စာရင်းသွင်းခြင်းအတွက် အကျိုးကျေးဇူးများလည်း ရှိပေသည်။ ယခုမူ စတော့ဈေးကွက်တွင် စာရင်းဝင် ကုမ္ပဏီများ သိပ်မကျန်တော့ချေ။ ကုမ္ပဏီအား စာရင်းသွင်းလိုက်ပအါက အမှတ်တံဆိပ် ထင်ပေါ်မှုနှင့် ပုံရိပ်မြှင့်တင်နိုင်မည် ဖြစ်သည်။ သို့ရာတွင် ပမ့်မြို့တော် ယန္တရား ကုမ္ပဏီအနေဖြင့် ထိုသို့ မလိုအပ်ချေ။ ပမ့်မြို့တော် ယန္တရား ကုမ္ပဏီသည် ဆိုင်ကယ်များ စတင်ရောင်းချချိန်မှ စ၍ ကုမ္ပဏီသည် တရုတ်နိုင်ငံ တစ်ဝှမ်းတွင် ထိပ်တန်း အမှတ်တံဆိပ် ဖြစ်လာသည်။ ထုတ်ကုန်များ အားလုံးမှာ မုန့်များရောင်းရသကဲ့သို့ သွက်လှပေသည်။

အထူးသဖြင့် ပုဂ္ဂလိကပိုင် ကုမ္ပဏီများသည် ကောင်းမွန်စွာ လည်ပတ်နိုင်နေပါက စာရင်းသွင်းရန် စဉ်းစားမည် မဟုတ်ချေ။ ဥပမာအားဖြင့် ရှန်ဖုန်း ကုန်သွယ်ရေး ကုမ္ပဏီကဲ့သို့ပင်။ ဖုန်းယွီ၏ ယခင်ဘဝတွင် လူများစွာသည် ထိုကုမ္ပဏီကို စာရင်းသွင်းရန် ကြိုးစားခဲ့ကြသည်. ကုမ္ပဏီကို စာရင်းသွင်းထားပါက ပိုမိုလုပ်ဆောင်နိုင်မည်ဟု ပိုင်ရှင်များကို ပြောခဲ့ပေသည်။ သို့ရာတွင် ငွေကြေး မလိုကြောင်း ပိုင်ရှင်များ ငြင်းဆိုခဲ့သည်။

စာရင်းသွင်းခြင်း၏ နောက်ထပ် အားနည်းချက်မှာ ငွေရေးကြေးရေးအား အများပြည်သူသို့ ထုတ်ဖော်ပြသရန် လိုအပ်ပေသည်။ ပမ့်မြို့တော် ယန္တရားကုမ္ပဏီတွင် အကြွေးများ သို့တည်းမဟုတ် စာရင်းတု ပြုလုပ်ထားခြင်း စသည်တို့ကြောင့် မဟုတ်ချေ။ ဖုန်းဘွီသည် သူ့နာမည်အား အစီရင်ခံစာများတွင် မပေါ်စေချင်၍ပင်။

ဖုန်းယွီသည် သူ့ပိုင်ဆိုင်မှုများကို အားလုံး မဖုံးကွယ်နိုင်သော်လည်း ပုံရိပ်ကို နှိမ့်ချကာ အေးဆေးဆေး နေကာ ငွေရှာ ချင်ပေသည်။

ဖုန်းယွီသည် ဟောင်ကောင်တွင် ကိုယ်ပိုင် ကုမ္ပဏီတစ်ခု တည်ထောင်ပြီး ကုမ္ပဏီ အသီးသီး၏ သူ့ရှယ်ယာများ အားလုံးကို ဟောင်ကောင် ကုမ္ပဏီသို့ လွှဲပြောင်းပေးချင်နေသည်။ သို့ရာတွင် အလွန်ဒုက္ခရောက်ရပေသည်။ ထိုသို့ ပြုလုပ်ရန် ဖုန်းယွီအတွက် ပမာဏ များလွန်းလှပေသည်။

လက်ရှိ ဟောင်ကောင်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းအဖြစ် သတ်မှတ်၍ မရသေးချေ။ ဖုန်းယွီသာ ထိုသို့ ပြုလုပ်ပါက သူ့ပိုင်ဆိုင်မှုများကို နိုင်ငံခြားသို့ လွှဲပေးနေကြောင်း လူအများ ထင်ကြပေလိမ့်မည်။ ဖုန်းယွီသည် မစ္စတာလူအား အကူအညီတောင်းခဲ့သော်လည်း ဖုန်းယွီသည် သူ့ရှယ်ယာများ အားလုံးကို ဈေးကွက်ပေါက်ဈေး ဖြင့် မရောင်းမချင်း ထိုကိစ္စကို မစ္စတာလူ ကိုင်တွယ်၍ မရချေ။ ထိုသို့ မဟုတ်ပါက ဗဟို အစိုးရမှ ဝင်ရောက်ကာ အရောင်းအဝယ်များ ရပ်ဆိုင်းပစ်ပေလိမ့်မည်။

အကယ်၍ (၁၉၉၇)ခုနှစ် နှောင်းပိုင်း ဟောင်ကောင် ပြန်လည်ပေါင်းစည်းပါက ဟောင်ကောင်တွင် ကိုယ်ပိုင် ကုမ္ပဏီတစ်ခု တည်ထောင်ရန် ဖုန်းယွီအတွက် ပိုမို လွယ်ကူ လာပေလိမ့်မည်။

ဖုန်းယွီသည် ထိုကိစ္စ စဉ်းစားမှုကို ရွှေ့ဆိုင်းရန်သာ ဆုံးဖြတ်လိုက်သည်။ ထို့အပြင် သူ့ကုမ္ပဏီများကို စာရင်းသွင်းရန် အချိန်မကျသေးချေ။ အထူးသဖြင့် တရုတ် စတော့ဈေးကွက်တွင်ပင်။ တရုတ်နိုင်ငံ၏ စတော့ဈေးကွက်သည် ပုံမှန် မြင့်တက်ခြင်း စတင်နေပေသည်။ ဤသည်က စတော့ဈေးကွက်အား ခြယ်လှယ်ရန် တားဆီးရန်သာပင်။

သို့ရာတွင် ယခုနှစ် တရုတ်ဈေးကွက် မတည်မငြိမ်ဖြစ်နေသေးသည်။ တရုတ်နိုင်ငံသည် ငွေတိုက် စာချုပ် အများအပြား ထုတ်ပေးခဲ့ပြီး လုံခြုံရေး ကုမ္ပဏီများစွာသည် ဈေးကွက်ကို ကြိုးကိုင်လာကြသည်။ ယခုနှစ်အတွင်း ဈေးကွက် ကျဆင်းသွားမည် ဖြစ်ပြီး ရင်းနှီးမြုပ်နှံသူများ ယုံကြည်မှု မဲ့သွားလိမ့်မည်။ ကုမ္ပဏီ တစ်ခုကို စာရင်းသွင်း ထားပါက ရှယ်ယာ ဈေးများပင် ကျဆင်းသွားနိုင်ပေသည်။

ဖုန်းယွီသည် ဈေးကွက်ကို အမှန်တကယ် ချယ်လှယ်လိုပါက မည်သူမှ သူ့ပြိုင်ဖက် ဖြစ်မည် မဟုတ်ချေ။ သူ၏ နည်းပညာဆိုင်ရာ အသိပညာနှင့် ငွေကြေးပံ့ပိုးမှုများသည် တရုတ်နိုင်ငံတွင် ထိပ်သီးဖြစ်ပေသည်။

သို့ရာတွင် ဖုန်းယွီ ဤသည်ကို မလိုချင်ချေ။ ဒုက္ခရောက်အောင် မလုပ်ချင်ချေ။ အရာအားလုံး ဖုံးကွယ်ထားနိုင်လျှင် ပင် အခြားသူများ၏ နောင်ရေးကို သိရှိနိုင်ပြီး ဈေးကွက် ခြယ်လှယ်သူအဖြစ် တံဆိပ်ကပ်ထားနိုင်ပေသည်။ အခြား ရင်းနှီးမြုပ်နှံသူများ၏ ခက်ခက်ခဲခဲ ရထားသည့် ငွေများကို လှည့်ဖြားရယူပါက အပြစ်ရှိပေလိမ့်မည်။

ကုမ္ပဏီအား စာရင်းသွင်းပြီးနောက် စီမံခန့်ခွဲမှု များစွာ လုပ်ကိုင်ရပေအုံးမည်။ လီမင်သဲနှင့် ကျန်လူများသည် စာရင်းဝင် ကုမ္ပဏီတစ်ခုကို စီမံခန့်ခွဲရန် လိုအပ်ချက်များ ရှိနေသေးကြောင်း ဖုန်းယွီ ခံစားခဲ့ရသည်။ ထိုလူများသည် အသစ်အသစ်သော အရာများ လက်ခံနိုင်သော်လည်း ၎င်းတို့၏အရှိန်နှင့် အသစ်ဝင်ရင်ဆိုင်ရမည့် အရှိန်အဟုန် လောက် မြန်ဆန်နိုင်မည် မဟုတ်ချေ။

ထို့အပြင် စာရင်းသွင်းရန် ကုန်ကျစရိတ်မှာ အလွန်မြင့်မားပေသည်။ ကုမ္ပဏီသည် စာရင်းသွင်းရန် ရှေ့နေများ ငှားရမ်းခြင်း၊ လူများငှားရမ်းခြင်းတို့ လိုအပ်ပေသည်။ ကုမ္ပဏီ၏ စာရင်းစစ်သည် ပိုမို တင်းကြပ်လာမည် ဖြစ်ပြီး ကုမ္ပဏီ၏ အသေးစိတ်အချက်အလက်များကိုပါ စစ်ဆေးရန် လိုအပ်ပေသည်။ ဖုန်းယွီသည် ၎င်း၏ ကုမ္ပဏီရှယ်ယာ များအားလုံးကို ဟောင်ကောင်ရှိ ကိုယ်ပိုင် ကုမ္ပဏီသို့ လွှဲပြောင်း ပေးမည်ဆိုပါက ပို၍ပင် ခက်ခဲသွားပေလိမ့်မည်။

ကုမ္ပဏီ တစ်ခုအတွက် ကောင်းကျိုးဆိုးကျိုးများစွာ ပါဝင်ပေသည်။ ဖုန်းယွီသည် ထိုသို့တွေးမိပြီး သူ့ကုမ္ပဏီများ စာရင်းသွင်းချိန် မရောက်သေးကြောင်း ခံစားရသည်။

ဖုန်းယွီသည် လီမင်သဲအား အစိုးရအရာရှိများကို တောင့်ခံထားရန်သာ ပြောလိုက်သည်။ လီမင်သဲသည် ကုမ္ပဏီ၏ ရှယ်ယာအနည်းငယ် ပေးအပ်ထားသဖြင့် သူ့တွင်လည်း တာဝန်ရှိပေသည်။ ဖုန်းယွီသည် အစိုးရ အရာရှိများအတွက် အကျိုးဆောင်မှု ပေးနိုင်ပေးအတွက်ဖြင့် သူ့ကုမ္ပဏီကို မည်သည့်အခါတွင်မှ စာရင်းသွင်းမည် မဟုတ်ချေ။

အထူးသဖြင့် ဖုန်းယွီသည် ပမ့်မြို့တော်၏ ပါတီ အတွင်းရေးမှူးကို မသိချေ။

သို့ဖြစ်၍ ဖုန်းယွီသည် ဤကိစ္စအား အမှန်တကယ် မဖြေရှင်းနိုင်ပါ သူ့ကို အကြောင်းကြားရန် လီမင်သဲအား ပြောလိုက်သည်။ ထိုပြဿနာ ဖြေရှင်းရန် ပြန်ရပေလိမ့်အုံးမည်။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters