← Chapters

စိတ်ပူနေသည့် ကျန်းလွေ့ချန်း

Vol. 48 Ch. 719

စိတ်ပူနေသည့် ကျန်းလွေ့ချန်း

Vol. 48 Ch. 719

လီမင်သဲသည် အစိုးရ အရာရှိများကို အနည်းဆုံး ရက်အတန်ကြာ တောင့်ခံနိုင်လိမ့်မည်ဟု ဖုန်းယွီ ထင်မြင်ထားသည်။ မကိုင်တွယ်နိုင်လျှင်ပင် ကျန်းလွေ့ချန်းကို အချိန်မရွေး အကူအညီ တောင်းနိုင်ပေသည်။ သို့ရာတွင် ကျန်းလွေ့ချန်းသည် ဖုန်းယွီအား ဖုန်းဆက်၍ စက်ယန္တရားကုမ္ပဏီကို စာရင်းသွင်းနိုင်ရေး ဆွေးနွေးရန် သူ့ရုံးခန်းသို့ လှမ်းခေါ်လိုက်သည်။

ကျန်းလွေ့ချန်း မည်သည့်အတွက် စိတ်ပြောင်းသွားသနည်း။ ဖုန်းယွီသည် ကျန်းလွေ့ချန်းအား သူ့ကုမ္ပဏီများ စာရင်းမသွင်းချင်ကြောင်း သေချာပြောထားပေသည်။ အဘယ့်ကြောင့်ဆိုသော် အချိန်မတန်သေး၍ ဖြစ်သည်။ ဖုန်းယွီသည် နှစ်အတန်ကြာ တိုးတက်အောင် လုပ်ဆောင်ပြီးမှ စာရင်းသွင်းချင်ပေသည်။ ကျန်းလွေ့ချန်း၏ မြို့တော်ဝန် သက်တမ်းအတွင်း သူ့ကုမ္ပဏီကို စာရင်းသွင်းမည်ဟု ကတိပေးထားပေသည်။ ကျန်းလွေ့ချန်းသည် (၂)နှစ်ကိုပင် မစောင့်နိုင်ဖြစ်နေပြီလော။

အမှန်တကယ် မစောင့်နိုင်သည်မှာ ကျန်းလွေ့ချန်း မဟုတ်ဘဲ ပြည်နယ်အစိုးရ နံပတ်(၁) ဖြစ်ပေသည်။

ပြည်နယ်အစိုးရ၏ နံပတ်(၁)သည် အသက်ကြီးနေပြီဖြစ်ပြီး အထက်အရာရှိများက ၎င်းကို ယခုနှစ်တွင် အငြိမ်စား ယူ၍ ကျောထောက်နောက်ခံပြုပေးရန် တောင်းဆိုထားသည်။ ယခင် အတွေ့အကြုံများကို အခြေခံ၍ နံပါတ်(၁)မှာ အရင်ဆုံး ရာထူးတိုးနိုင်ပေသည်။ သို့ရာတွင် ရာထူးမတိုးဘဲ အနားယူရမည့် အနေအထားသို့လည်း ပြောင်းလဲ သွားနိုင်ပေသည်။

ပြည်နယ်အစိုးရ နံပတ်(၁)အဆင့်သည် ယခုအချိန် ပြည်နယ်ဝန်ကြီးအဆင့်ဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီဝင် တစ်ယောက်ဖြစ်သည်။ သူ့အတွက် နောက်တစ်ဆင့်မှာ နိုင်ငံ ခေါင်းဆောင်ခွဲ ဖြစ်သည်။ ထိုအဆင့် (၂)ခုကြားတွင် အငြိမ်းစားခံစားခွင့်၌ ကွာခြားချက် ကြီးမားလှသည်။ နိုင်ငံ ခေါင်းဆောင်ခွဲအဖြစ် ရာထူးတိုးမြှင့်ခံရပါက နောက်ထပ် နှစ်အနည်းငယ် ဆက်လက် လုပ်ကိုင်နိုင်မည် ဖြစ်သည်။ အငြိမ်းစား ယူလိုခြင်း မရှိသေးချေ။ ဘာသာရေးတွင်လည်း လှူဒါန်းမြဲ လှူဒါန်းနိုင်မည်ဟု ခံစားနေရသည်။

လောင်ကျင်းပြည်နယ်နှင့် ပြဿနာမှာ နယ်မြေ တည်နေရာဖြစ်သည်။ ကုန်သွယ်မှုတွင် ကမ်းရိုးတန်းဒေသများနှင့် နှိုင်းယှဉ်၍ မရချေ။ ထို့အပြင် အစိုးရသည် ဗဟိုအစိုးရ၏ ပံ့ပိုးကူညီမှု မရှိသဖြင့် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခဲ့သည်။ အခြား အကြောင်းပြချက်လည်း ရှိသေးသည်။ စိုက်ပျိုးရေးနှင့် သစ်တောဌာနသည် စိုက်ပျိုးရေးကို တာဝန်ယူကာ သစ်တောနှင့် မြက်ခင်းပြင် အုပ်ချုပ်ရေးအဖွဲ့မှ သစ်တောများကို ကိုင်တွယ်ခဲ့သည်။ ထိုစက်မှုလုပ်ငန်း နှစ်ခု၏ အမြတ်အစွန်းများနှင့် အခွန်အားလုံးကို သက်ဆိုင်ရာဌာနများသာမက တိုင်ဒေသကြီး အစိုးရအဖွဲ့ထံ လွှဲပြောင်း ပေးအပ်ခဲ့သည်။

လောင်ကျင်းပြည်နယ်၏ အကြီးဆုံး ကုန်သွယ်ဖက်မှာ ရုရှားဖြစ်သည်။ ၎င်းတို့သည် အဓိကအားဖြင့် စားသောက် ကုန်များ တင်ပို့ခဲ့သည်။ ယခု ဖုန်းယွီ၏ မော်တော်ကားများနှင့် အခြားလိုအပ်သည်များ တင်ပို့ ရောင်းချနေပေသည်။ သို့ရာတွင် ကမ်းရိုးတန်း ဒေသများနှင့် နှိုင်းယှဉ်ပါက ကွာခြားမှု ကြီးမားနေဆဲ ဖြစ်သည်။

လောင်ကျင်းပြည်နယ်ရှိ အကြီးစား စက်မှုလုပ်ငန်းသည် ကောင်းမွန်ပေသည်။ စက်မှုလုပ်ငန်း၏ တိုးတက်မှုသည် နိုင်ငံအတွင်း ပျမ်းမျှ အနေအထားထက် ပို၍ မြင့်မားပေသည်။ လယ်ယာသုံး စက်ယန္တရားများနှင့် မော်တော်ကား ထုတ်လုပ်ရေးကဲ့သို့သော ကဏ္ဍအချို့တွင် တရုတ်နိုင်ငံ၌ အတိုးတက်ဆုံး ဖြစ်သည်။

ခရိုင်အစိုးရ နံပတ်(၁)သည် အငြိမ်းစားမယူမီ ရာထူးတိုးရန် မမျှော်လင့်ခဲ့ချေ။ ယခုမူ ရာထူးတိုးခံရနိုင်သည်ဟု ခံစားခဲ့ရပြီး အနားယူရန် မလိုအပ်တော့ပေ။

ပြည်နယ်အစိုးရ၏ အမှတ်(၁)သည် သူ့အုပ်ချုပ်မှုအောက် အောင်မြင်မှုအချို့ ရခဲ့သဖြင့် ရာထူးတိုးရန် ကြိုးစားနိုင် ခဲ့သည်။ သို့ရာတွင် သူ့ပြိုင်ဘက်များတွင်လည်း သူကဲ့သို့ အရေးပါသည့် ပံ့ပိုးကူညီမှုများ ရှိနေပေသည်။ အငြိမ်းစားမယူဘဲ အာဏာလက်ကိုင် ဆက်ရှိချင်သေးသည်။

မကြာမီကပင် ဗဟိုအစိုးရ အစည်းအဝေး၌ ပြည်နယ်အစိုးရ အမှတ်(၁)မှ အခြားပြည်နယ် အုပ်ချုပ်ရေးမှူးများသည် သူတို့လုပ်ငန်းနှင့် ပတ်သက်၍ သတင်းပို့မှုများ ကြားခဲ့ရသည်။ ထိုလူများသည် အစည်းအဝေးတွင် မိမိတို့ ပြည်နယ် များ၏ တိုးတက်မှုများအကြောင်း အစီရင်ခံရန် မည်သည့်အတွက် ခွင့်ပြုထားကြောင်း သိပေသည်။ ၎င်းတို့ ပြည်နယ်တွင် စာရင်းဝင်ကုမ္ပဏီ အများအပြား ရှိနေ၍ ဖြစ်သည်။

ကုမ္ပဏီတစ်ခု စာရင်းသွင်းပြီးသည်နှင့် ကုမ္ပဏီ၏ တန်ဖိုး အဆများစွာ တိုးလာမည်ကို ပြည်နယ်အစိုးရ နံပတ်(၁) သဘောပေါက်ပေသည်။ ဆိုလိုသည်မှာ မူလ(၁)ယွမ်သည် (၃)ယွမ်မှ (၅)ယွမ် ဖြစ်လာသည်လော။ သန်း(၁၀၀)သည် သန်း(၃၀၀)ရာမှ (၅၀၀) ဖြစ်လာမည်လော။ ဆိုလိုသည်မှာ ပြည်နယ်၏ စီးပွားရေးသည် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

ကုမ္ပဏီကို စာရင်းသွင်းပြီးနောက် အစိုးရ၏ ရှယ်ယာများ လျော့သွားမည် ဖြစ်ကြောင်း ပြည်နယ်အစိုးရ နံပတ်(၁) သိသော်လည်း အကျိုးအမြတ် ပိုမိုရရှိမည်ဟု ယူဆမိသည်။ ထိုသို့ မဟုတ်ပါက ကုမ္ပဏီ အများအပြား မည်သို့ စာရင်းသွင်းကြမည်နည်း။

ထိုခေါင်းဆောင်များ၏ ဂုဏ်ယူဝင့်ကြွားသော အသွင်အပြင်နှင့် ဗဟိုအစိုးရ ခေါင်းဆောင်များ၏ နှစ်သက် သဘောကျသော ပုံစံကို ကြည့်ယုံဖြင့် လောင်ကျင်းပြည်နယ် အစိုးရ နံပတ်(၁) မနာလို ဖြစ်ခဲ့ရသည်။

ရလဒ်များ ထိုသို့ မကောင်းပါက ရာထူးတိုးနိုင်မြင့် အခွင့်အရေးမှာ ပြိုင်ဖက်များလက်အတွင်း ကျရောက်သွား ပေတော့မည်။

အစိုးရ အရာရှိ အများစုသည် သူ့အသက်အရွယ်တွင် အငြိမ်းစား ယူခဲ့ကြသည်။ သို့ရာတွင် ပြည်နယ် အစိုးရ၏ နံပတ်(၁)သည် အာဏာလက်ကိုင်ထားစဉ် လုပ်ပိုင်ခွင့်အာဏာကို အသုံးချခဲ့သည်။ ပတ်ဝန်းကျင်ရှိ လူများကို အမိန့်ပေး လေ့ရှိသည့် သူ့လုပ်ပိုင်ခွင့်ကို လက်လွှတ်မခံနိုင်ချေ။

သူဖြစ်လိုရာထိ မအောင်မြင်သေးဟု ခံစားရပြီး အလုပ်ဆက်လုပ်၍ ရနိုင်သေးသည်။ ယခုအချိန်တွင် မည်သည့်အတွက် အနားယူကာ နောက်ကွယ်မှ နေသင့်သနည်း။ သူ့ရလဒ်များသည် အခြားသော ခေါင်းဆောင်များ ထက်သာလွန်သည်ဟု ခံစားနေရပြီး ရာထူးတိုးလောက်ပေသည်။

သူ့အတွက် ပံ့ပိုးမှုများကို တန်ဖိုးမထားတတ်သည့် အထက်အရာရှိများ ကဲ့သို့ မဟုတ်ချေ။ မည်သည့်အတွက် ဆိုသော် သူသည် အခြားသူများအကြား ထင်ရှားပေါ်လွင်စေမည့် အရာတစ်ခု ချို့ယွင်းနေခြင်းကြောင့် ဖြစ်သည်။

ပမ့်မြို့တော်တွင် သန်းဆယ်ဂဏန်းမျှသာ တန်ဖိုးရှိသော စက်ယန္တရား ကုမ္ပဏီ တစ်ခုရှိပေသည်။ နှစ်အနည်းငယ် အတွင်း တိုးတက်လာပြီးနောက် ကုမ္ပဏီ၏ တန်ဖိုးသည် ဘီလီယံ များစွာထိ တိုးလာသည်။ ထိုကုမ္ပဏီသည် တရုတ်နိုင်ငံ၏ အကြီးမာဆုံး ကုမ္ပဏီတစ်ခု ဖြစ်လာပေသည်။ ဤသည်ကို ကြီးမားသည့် နိုင်ငံရေး အောင်မြင်မှုဟု ယူဆနိုင်ပေသည်။

သို့ရာတွင် ပြည်နယ်အစိုးအရ နံပတ်(၁)သည် မလုံလောက်သေးကြောင်း ခံစားရသည်။ အခြားပြည်နယ်များတွင် လည်း ဘီလီယံချီ တန်ဖိုးရှိသော ကုမ္ပဏီများ ရှိကာ ထိုကုမ္ပဏီများမှာ အစိုးရပိုင် လုပ်ငန်းများ ဖြစ်သည်။ အကယ်၍ စက်ယန္တရားကုမ္ပဏီသည် ၎င်း၏ တန်ဖိုးကို ယွမ်(၁၀)ဘီလီယံကျော်အထိ တိုးမြှင့်နိုင်ပါက ၎င်း၏ ရာထူးတိုးရန် အခွင့်အလမ်း ပိုများမည် ဖြစ်သည်။

(၁၀)ဘီလီယံကျော် တန်ဖိုးရှီသည့် တရုတ်၏ ပထမဆုံး စာရင်းဝင်ကုမ္ပဏီသည် ၎င်းတာဝန်ယူထားသည့် ပြည်နယ် တွင် ပေါ်လာခဲ့သည်။ ဤသည်က သူ့အတွက် အကြွေးတစ်မျိုး မဟုတ်ဟု မည်သူ ပြောနိုင်မည်နည်း။ အထက်လူကြီးများ သေချာပေါက် သတိထားမိပေလိမ့်မည်။

ပြည်နယ်အစိုးရ နံပတ်(၁)ကို ခေါင်းဆောင်ကြီး၊ သံလက်သီးကျူးနှင့် အခြားနိုင်ငံအဆင့် ခေါင်းဆောင်များစွာက ချီးကျူးခဲ့ကြသည်။ အသက်(၅)နှစ်မှ (၈)နှစ်ခန့်သာ ငယ်လိုက်ပါက ဗဟိုအစိုးရသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။

သို့ရာတွင် ယခုမူ အသက်ကြီးနေပြီ ဖြစ်သဖြင့် ရာထူးတိုးရေးအတွက် တိုက်ပွဲဝင်ခြင်းသည်သာ နောက်ဆုံး အခွင့်အရေး ဖြစ်သည်။

ပြည်နယ်အစိုးရ နံပတ်(၁)သည် စက်ယန္တရား ကုမ္ပဏီကို ပြန်လည်ပြုပြင်ဖွဲ့စည်းမည်အား အဆိုပြုသူမှာ ကျန်းလွေ့ချန်း ဖြစ်ကြောင်း သိထားခဲ့ပြီး သူကိုယ်တိုင်လည်း ထိုအဆိုပြုချက်ကို ထောက်ခံခဲ့သည်။ အကယ်၍ သူသာ ထိုအဆိုပြုချက်ကို မထောက်ခံခဲ့ပါက ၎င်းတို့သည် ဖွဲ့စည်းပုံ ပြန်လည်ပြုပြင်ကာ အောင်မြင်မှု ရရှိခဲ့မည်လော။ ထိုအချိန်သည် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွဲ့စည်းခြင်းမှာ ဆုံးရှုံးမှုရှိနေသည့် လုပ်ငန်းများ အတွက်ဖြစ်သည်။ စက်ယန္တရားကုမ္ပဏီသည် အမြတ်အစွန်းများ ရှိနေသေးသည်။

ကျန်းလွေ့ချန်းသည် ဖုန်းယွီနှင့် အလွန်ရင်းနှီးခဲ့ပြီး ပြည်နယ်အစိုးရ နံပတ်(၁)သည် ကျန်းလွေ့ချန်းမှာ ထိုပုဂ္ဂလိက စီးပွားရေးသမားနှင့် လျှို့ဝှက်ဆွေးနွေးနေသည်ဟု တိုင်ကြားချက် လက်ခံရရှိခဲ့သည်။ သူသည် ဤသတင်းများ အားလုံး ပယ်ချကာ ကျန်းလွေ့ချန်းကို ထောက်ခံခဲ့သူဖြစ်သည်။

ကျန်းလွေ့ချန်းသည် သူ့ကြောင့် ရာထူးတိုးနိုင်ခဲ့သည်။ အကယ်၍ သူသည် ကျန်းလွေ့ချန်းအား နိုင်ငံခြား ကုန်သွယ်ရေးရုံးမှ ပမ့်မြို့တော် အစိုးရသို့ လွှဲပြောင်းပေးခဲ့စဉ်က ကျန်းလွေ့ချန်းဆိုသည်မှာ ဘာမှ မဟုတ်သေးချေ။

ကျန်းလွေ့ချန်းသည် သူ့ကိုယ်ပိုင် အရည်အချင်းကြောင့် လက်ရှိရာထူး ရနိုင်ခဲ့သည်မှာ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ သို့တိုင်အောင် ပြည်နယ်အစိုးရ နံပတ်(၁)၏ ကူညီပံ့ပိုးမှု မရှိဘဲ ပမ့်မြို့တော်၏ မြို့တော်ဝန် ဖြစ်လာမည် မဟုတ်ချေ။ ကျန်းလွေ့ချန်းသည် မြို့တော်ဝန်အဖြစ် ရာထူးတိုးမြှင့်ခံရသော်လည်း၊ သူသည် ပမ့်မြို့တော် မြို့တော်ဝန် အဖြစ်မှ ပြည်နယ်ခွဲ(ဝန်ကြီး) အဆင့်ရရှိနိုင်လိမ့်မည်။

ထို့အပြင် ပြည်နယ်အစိုးရ နံပတ်(၁)သည် ပမ့်မြို့တော် ဆေးဝါးစက်ရုံ တစ်ခုလုံးကို ပြန်လည် ဖွဲ့စည်းရန် ကျန်းလွေ့ချန်း၏ အဆိုပြုချက်ကို ထောက်ခံခဲ့သည်။ သို့အတွက် ပမ့်မြို့တော် ဆေးဝါးစီမံကိန်းကို ဖွဲ့စည်းနိုင်ခဲ့သည်။

ယောက်ျားများအားလုံး တစ်ကိုယ်ကောင်းဆန်ကာ မိမိအတွက်သာ တွေးတောတတ်ကြသည်။ ကျန်းလွေ့ချန်းသည် ပြည်နယ်အစိုးရ၏ နံပတ်(၁)ရာထူးကို တိုးမြှင့်နိုင်သော်လည်း ရာထူးတိုးပြီးနောက် ကျန်းလွေ့ချန်းသည် ပြည်နယ် အစိုးရ နံပတ်(၁)ထံမှ ပံ့ပိုးကူညီမှုများ ဆက်လက် ရရှိနေနိုင်ပေသည်။ ဤသည်က နှစ်ဦးနှစ်ဖက် ကောင်းကျိုး ဖြစ်သည်။

ပြည်နယ်အစိုးရ နံပတ်(၁)မှ ကျန်းလွေ့ချန်းမှ သူ့ထံသို့ ပမ့်မြို့တော် ယန္တရားကုမ္ပဏီကို စတော့ဈေးကွက်တွင် အမြန်ဆုံး စာရင်းသွင်းခွင့်ပြုနိုင်ရန် ဖုန်းယွီအား စည်းရုံးပေးစေလိုကြောင်း ပြောခဲ့သည်။ သူသည် လောင်ကျင်း ပြည်နယ်တွင် ဘီလီယံပေါင်းများစွာ တန်ဖိုးရှိသည့် စာရင်းဝင် ကုမ္ပဏီတစ်ခု လိုချင်ပေသည်။ ဤသည်မှာ သူ့ အသက်မွေးဝမ်းကြောင်းအတွက် ပိုမိုတိုးတက်စေရန်အတွက် အလျော့အတင်း ပြုလုပ်နိုင်သည့် သော့ချက် တစ်ခု ဖြစ်သည်။

ကျန်းလွေ့ချန်းသည်လည်း စိတ်းပူပန်နေမိသည်။ ဖုန်းယွီသည် စီးပွားရေးနှင့် ပတ်သက်ပါက ပါရမီရှင် တစ်ယောက် ဖြစ်ကြောင်း သိနေပေသည်။ ဖုန်းယွီလောက် အောင်မြင်နိုင်သူ တစ်ယောက်မှ မတွေ့ဖူးသေးချေ။ အခြားနိုင်ငံများမှ နာမည်ကြီး စီးပွားရေးသမားများပင် ဖုန်းယွီနှင့် မယှဉ်နိုင်ချေ။

ဖုန်းဘွီသည် ပမ့်မြို့တော် ယန္တရားကုမ္ပဏီကို စာရင်းသွင်းရန် အချိန်မတန်သေးကြောင်းနှင့် ကျန်းလွေ့ချန်း သည်လည်း သူ့အပေါ် ယုံကြည်ရန် ရွေးချယ်ခဲ့သည်။ သို့အတွက် ထိုကိစ္စ ထပ်မဟတော့ချေ။ ယခုမူ ပြည်နယ်အစိုးရ နံပတ်(၁)၏ ထောက်ခံမှု ပြန်လည်ရယူလိုပေသည်။ ပြည်နယ်အစိုးရ နံပတ်(၁)သည် သူမြို့တော်ဝန်ဖြစ်အောင် ပံ့ပိုး ပေးခဲ့သဖြင့် အကျပ်ရိုက်ခဲ့ရသည်။

နောက်ဆုံးတွင် ပြည်နယ်အစိုးရ နံပတ်(၁) ခြေတစ်လှမ်း ဆုတ်သွားသည်။ ကျန်းလွေ့ချန်းမှ ဖုန်းယွီအား ခေါ်ယူပေးကာ သူကိုယ်တိုင် ပြောပေလိမ့်မည်။ သို့အတွက် ကျန်းလွေ့ချန်းမှာ ဖုန်းယွီအား ခေါ်လိုက်ရတော့သည်။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters