← Chapters

ငြင်းဆိုခြင်း

Vol. 48 Ch. 720

ငြင်းဆိုခြင်း

Vol. 48 Ch. 720

ဖုန်းယွီသည် ကျန်းလွေ့ချန်းနှင့် တွေ့ဆုံပြီးနောက် တံခါးပိတ် ဆွေးနွေးခဲ့ကြသည်။ ကျန်းလွေ့ချန်းမှလည်း ဖုန်းယွီအား အဖြစ်အပျက်အားလုံး ပြောခဲ့ပြီး ဖုန်းယွီအား သူ့ကုမ္ပဏီကို စာရင်းသွင်းရန် အတင်းအကြပ် ဖိအား မပေးခဲ့ချေ။ ကျန်းလွေ့ချန်း သူ့အား အတင်းအကြပ် မလုပ်ခဲ့သည့်အပေါ် ဖုန်းယွီ ဝမ်းသာသွားသည်။

ကျန်းလွေ့ချန်း၏ အကူအညီမပါဘဲ ဖုန်းယွီ၏ စီးပွားရေးလုပ်ငန်းများသည် ဤမျှ မြန်ဆန်စွာ ကြီးထွားနိုင်မည် မဟုတ်ချေ။ ဖုန်းယွီ လုပ်ငန်းစတင်ချိန်တွင် ကျန်းလွေ့ချန်းသည် သူ့လုပ်ငန်းများကို အတင်းအကြပ် သိမ်းပိုက်ရန် အခွင့်အရေး များစွာရခဲ့သည်။

ထို့အပြင် ပြည်နယ်အစိုးရ၏ နံပတ်(၁)သည် ဖုန်းယွီကိုသာ တွေ့ဆုံလိုသည်။ ဖုန်းယွီသည် သူနှင့်တွေ့ရန် စိတ်မဝင်စားသော်လည်း ပမ့်မြို့တော် ယန္တရားကုမ္ပဏီ သို့တည်းမဟုတ် ပမ့်မြို့တော် ဆေးဝါးစီမံကိန်းကို စာရင်း မသွင်းရန် ဆုံးဖြတ်ခဲ့သည်။ ပြည်နယ်အစိုးရသည် လုပ်ထုံးလုပ်နည်းများကို ရိုးရှင်းအောင် ပြုပြင်ပေးမည် ဆိုလျှင်ပင် သဘောမတူနိုင်ချေ။

ယခုအချိန်မှ အချိန်မတန်သေးချေ။

ကျဆင်းနေသည့် ဈေးကွက်တွင် ကုမ္ပဏီများကို စာရင်းသွင်းခြင်းသည် အရှုံးမရှိသော်လည်း ရှယ်ယာဈေးနှုန်းများ ဆက်လက်ကျနေမည် ဖြစ်သည်။ မည်သည့်အတွက် ရှယ်ယာဈေး မတက်မချင်း မစောင့်နိုင်ရမည်နည်း။

နံနက် (၁၀)နာရီတွင် ဖုန်းယွီသည် ကျန်းလွေ့ချန်းနှင့်အတူ ပြည်နယ်အစိုးရ နံပတ်(၁)၏ ရုံးသို့ လိုက်သွားသည်။

ဤသည်က ပထမဆုံး တွေ့ဆုံမှုမဟုတ်ဘဲ ပြည်နယ်အစိုးရ နံပတ်(၁)သည် ဖုန်းယွီနှင့် အကြိမ် အနည်းငယ် စကားပြောဖူးပေသည်။ သို့ရာတွင် မရင်းနှီးကြချေ။ ဖုန်းယွီသည် ကျန်းလွေ့ချန်း၏ ရုံးခန်းကဲ့သို့ စိတ်အေးလက်အေး မရှိချေ။

“အတွင်းဝန်ရှု…”

“လာ.. ထိုင်ကြ.. ရှောင်ဝမ် လက်ဖက်ရည် ပြင်ဟေ့..”

အတွင်းဝန်ရှုသည် ကျန်းလွေ့ချန်း၊ ဖုန်းယွီတို့နှင့်အတူ ဆိုဖာရှိရာ လျှောက်သွားသည်။ ဤသည်က ဖော်ရွေသည့် ပြရုပ်တစ်ခု ဖြစ်ပြီး ရင်းနှီးသူများနှင့်သာ လုပ်လေ့ရှိသည့် အပြုအမူ ဖြစ်သည်။ ဖုန်းယွီအား ပထမဆုံးတွေ့ဆုံစဉ် ကတည်းက ထိုလူငယ် မရိုးရှင်းကြောင်း ခံစားရသည်။ အဘယ့်ကြောင့်ဆိုသော် လူတော်တော်များများသည် ဤနေရာ၌ သူနှင့်တွေ့ဆုံရပါက တုန်လှုပ်သွားတတ်ကြသည်။

ပြည်နယ်အစိုးရ နံပတ်(၁)မှ ဖုန်းယွီသည် ခေါင်းဆောင်ကြီး၊ သံလက်သီးကျူးတို့နှင့် တွေ့ဆုံစဉ်ကပင် စိုးရိမ် ပူပင်စိတ် လုံးဝမရှိကြောင်း သတိထားမိပေသည်။ ဖုန်းယွီ၏ အောင်မြင်မှုသည် ကံတရာကြောင့် မဟုတ်ကြောင်း ပို၍ ယုံကြည် လာခဲ့သည်။

ခေါင်းဆောင်ကြီးနှင့်ပင် ပုံမှန်အတိုင်း စကားပြောဆိုနိုင်သော လူငယ်တစ်ဦးသည် သူ့ဖိအားလောက်နှင့် မည်သို့ ဦးညွတ်နိုင်မည်နည်း။ ထိုလူငယ်ကို ခေါင်းဆောင်ကြီးမှ ချီးကျူးခဲ့ပြီး၊ သံလက်သီးကျူးမှလည်း သူ့ကို စည်းရုံးသိမ်းသွင်းချင်ကြောင်း ကောလာဟလများ ကြားနေရသည်။ ဖုန်းယွီအား ဖိအားပေးရန် ပြည်နယ်အစိုးရ နံပတ်(၁)ဟူသည် သူ၏ လုပ်ပိုင်ခွင့် အခွင့်အာဏာကို အသုံးမချဝံ့ချေ။ စကားများ ပြန့်နှံ့သွားပါက သူ့ဘဝ နိဂုံးချုပ် သွားပေလိမ့်မည်။ အခြားအကြောင်းပြချက် တစ်ခုမှာ ဖုန်းယွီ၏ ဟောင်ကောင် မိတ်ဆွေဖြစ်ပြီး ယန္တရားကုမ္ပဏီ၏ ရှယ်ယာရှင် တစ်ဦးဖြစ်သည်။

ပြည်နယ်အစိုးရ၏ နံပတ်(၁)သည် ထိုဟောင်ကောင် စီးပွားရေးသမားကို ဖိအားမပေးရဲပေ။ နောက်ဆက်တွဲ ဆိုးကျိုးများ ကြောက်ရပေသည်။ ထိုကာလအတွင်း၌ ဟောင်ကောင် စီးပွားရေးသမားများကို အနှောက်အယှက် မဖြစ်စေဘဲ အဆင်ပြေချောမွေ့စေရေးအတွက် အစိုးရ အရာရှိများအားလုံး အလိုက်သင့်ဆောင်ရွက်ခဲ့ကြသည်။

“မန်နေဂျာဖုန်း.. ငါတစ်ခုလောက် သိချင်လို့.. မင်းဘာလို့ ပမ့်မြို့တော် ယန္တရားကုမ္ပဏီကို စာရင်းမသွင်းချင်တာလဲ.. မင်းကုမ္ပဏီကို စာရင်းသွင်းလိုက်ရင် အကျိုးကျေးဇူးတွေ အများကြီး ရှိတယ်.. မင်းအတွက်လဲ အကျိုးအမြတ် မြင့်မြင့် မားမား ရမှာပဲ..”

အတွင်းဝန် ရှု မေးလိုက်သည်။

“ကုမ္ပဏီတစ်ခုအတွက် အကျိုးအမြတ်များမယ်ဆိုတာ ကျုပ်ဝန်ခံပါတယ်.. ရန်ပုံငွေ တိုးလာပြီး ကုမ္ပဏီအတွက် အရောင်းမြှင့်တင်ရေးကောင်း ဖြစ်လာမှာပါ.. ဒါပေမယ့် အခုက အချိန်မတန်သေးဘူး.. ကျုပ်က စတော့ဈေးကွက်နဲ့ ပတ်သက်ပြီး အခုအချိန်အခါကို ကောင်းကောင်း သိပါတယ်.. ရှယ်ယာရှင် အများစု ကျဆင်းနေပြီး အစုရှယ်ယာ နည်းနည်းပဲ တိုးလာတယ်.. ပြောချင်တာက ရင်းနှီးမြုပ်နှံသူ တော်တော်များများ အစုရှယ်ယာတွေ မဝယ်ကြဘူး.. မနှစ်ကနဲ့ အခုနှစ် အစောပိုင်းမှာ အမေရိကန်နဲ့ ဂျပန်စတော့ရှယ်ယာဈေးကွက် တော်တော် မြင့်လာတယ်.. အခု စာရင်းသွင်းထားရင် ရှယ်ယာဈေးတွေ ကျမသွားနိုင်ဘူး..”

“ဒါက.. ဘယ်လို ပညာမဲ့မှုမျိုးလဲ.. မင်းစကားအတိုင်း ဒီကုမ္ပဏီကို စတော့ဈေးကွက်မှာ စရင်းသွင်းတဲ့ကိစ္စ မကန့်ကွက်ပါဘူး.. ရှယ်ယာဈေးတွေ အများကြီး တက်မလာနိုင်ဘူးလို့ ခံစားရလို့လား.. ဒါကလဲ မင်းရဲ့ ရှယ်ယာဈေးတွေ တိုးလာတာပဲ.. နောက်(၂)နှစ်ကြာရင် ကုမ္ပဏီကို စာရင်းသွင်းတဲ့အခါ ရှယ်ယာဈေးတွေ အများကြီး တက်လာပေမယ့် အခု ကုမ္ပဏီကို စာရင်းသွင်းရင်ရော ဘာကွာမှာလဲ.. နောက်ပိုင်း တိုးတက်မှု နှေးကွေး သွားမှာပေမယ့် (၂)နှစ်လောက်ကတော့ အတူတူပါပဲ..”

အတွင်းဝန်ရှု မေးလိုက်သည်။

ဖုန်းယွီ ခေါင်းခါပြရင်း..

“ပြဿနာက အခုဘာကြောင့် စာရင်းသွင်းရမှာလဲ.. ကုမ္ပဏီရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရန်ပုံငွေ ထပ်ရှာဖို့လား.. ကုမ္ပဏီရဲ့ အမှတ်တံဆပ်ကို လူပိုသိအောင် ပမ့်မြို့တော် ယန္တရားက ဖွံ့ဖြိုးရေး ရန်ပုံငွေတွေ မရသေးပါဘူး.. ကုမ္ပဏီမှာ ရန်ပုံငွေ မလုံလောက်ရင်တောင် ရင်းနှီးမြုပ်နှံမှုတွေ တိုးလာနိုင်သေးတယ်.. လောလောဆယ် တရုတ်နိုင်ငံမှာ ကမ္ဘာကျော်ကားတွေ တည်ဆောက်ချင်တယ်ဆိုပြီး စောင်ကျင်းကို မပြောင်းဘူး.. အခုဆို ကမ္ဘာမှာ နာမည်ကြီးနေတာ တရုတ်ကားတွေပါပဲ.. တရုတ်နိုင်ငံမှာ နံပတ်(၁)မဟုတ်ပေမယ့် ကျုပ်တို့က တရုတ်နိုင်ငံမှာ ထိပ်တန်း မော်ကား အမှတ်တံဆိပ်(၃)ခုနဲ့ နိုင်ငံပါ..”

ဖုန်းယွီသည် စာရင်းဝင်ကုမ္ပဏီအဖြစ်မှ အကျိုးခံစားခွင့် အားလုံး မလိုအပ်ကြောင်း ပြည်နယ်အစိုးရ နံပတ်(၁)ကို ရှင်းလင်းအောင် ပြောခဲ့သည်။ ပမ့်မြို့တော် ယန္တရားကုမ္ပဏီသည် ရန်ပုံငွေ သို့တည်းမဟုတ် လူသိများရန် မည်သည့်အတွက် ကုမ္ပဏီကို စာရင်းသွင်းရမည်နည်း။

ဖုန်းယွီသည် အတွင်းဝန်ရှုမှ သူ့ကို ကုမ္ပဏီ စာရင်းသွင်းရန် မည်သည့်အတွက် အခိုင်အမာ တောင်းဆိုနေကြောင်း သိပေသည်။ အကြွေးရချင်၍ပင်။ သို့ရာတွင် ဖုန်းယွီမှာ အတွင်းဝန်ရှုနှင့် မရင်းနှီးပဲ ယခုအချိန် သူ့ကို ကူညီလိုက်ပါက နောင်တွင် အတွင်းဝန်ထံမှ အကူအညီ များစွာ ရလိမ့်မည်ဟု ထင်မထားချေ။

“မန်နေဂျာဖုန်း.. ပမ့်မြို့တော် ယန္တရားကုမ္ပဏီကို စာရင်းသွင်းရရင် စာရွက်စာတန်းနှင့် အတည်ပြုချက်အားလုံး ငါကိုယ်တိုင် ဂရုစိုက်ပြင်ပေးမယ်.. ပြီးတော့ အခွန်ပေးဆောင်မှုနဲ့ပတ်သက်ပြီး မြေကွက်တွေလောက် သက်သာအောင် မူဝါဒတွေနဲ့ မင်းကုမ္ပဏီကို ကူညီဖို့ အကောင်အထည်ဖော်ပေးမယ်.. ပြည်နယ်အစိုးရကလဲ စောင်ကျင်း မော်တော်ယာဉ်တွေ ဝယ်လို့ရသေးတယ်..”

အတွင်းဝန်ရှု ပြောလိုက်သည်။

ဤသည်မှာ အတွင်းဝန်ရှု ဖုန်းယွီအား ကမ်းလှမ်းနိုင်သည့် အမြင့်ဆုံး ကမ်းလှမ်းချက် ဖြစ်သည်။ သူ့အနေဖြင့် ကတိများ ပိုပေးနိုင်သော်လည်း ဥပဒေနှင့် မညီချေ။ တကယ်တန်း လုပ်ဖြစ်ပါက ဒုက္ခရောက်ရပေလိမ့်မည်။

ဖုန်းယွီ အခိုင်အမာပင် ခေါင်းခါလိုက်ပြီး ..

“အတွင်းဝန်ရှု.. ကျုပ်တို့တွေ အခွန်ပေးထားတဲ့အပြင် လောင်ကျင်းပြည်နယ်မှာရှိတဲ့ စာသင်ကျောင်းတွေကို နှစ်စဉ် ငွေအမြောက်အများ လှူဒါန်းထားပါတယ်.. ပမ့်မြို့တော်ရဲ့ ပထဝီဝင် အနေအထားက ကျုပ်တို့စက်ရုံ တိုးချဲ့ဖို့ မသင့်တော်ဘူး.. ကျုပ်တို့စက်ရုံကိုလဲ တိုးချဲ့ဖို့ အစီအစဉ်ရှိပေမယ့် အခြားဒေသတွေမှာ စက်ရုံခွဲတွေ တည်ဆောက်ဖို့ ရွေးမယ် မှန်းထားပါတယ်..”

အတွင်းဝန်ရှု စိတ်ပျက်သွားသည်။ ဖုန်းယွီ မည်သည့်အတွက် လက်မလျော့ချင်ရသနည်း။ မိမိဘက်မှ ရိုးသားမှုကို ပြသခဲ့ပြီးသည့်တိုင် မိမိတောင်းဆိုချက်ကို လက်မခံနိုင်သေးသည်လော။

စာရင်းသွင်းလိုသည့် ကုမ္ပဏီ အများအပြားသည် ပြည်နယ်အစိုးရထံမှ ပံ့ပိုးကူညီမှုရရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစား နေကြသည်။ သို့ရာတွင် ဖုန်းယွီသည် သူ့ကုမ္ပဏီကို စာရင်းမသွင်းချင်ချေ။ ကမ်းလှမ်းသည့် အချက်များကိုပင် စိတ်မလှုပ်ရှားချေ။

အတွင်းဝန်ရှု မည်သို့ လုပ်သင့်သနည်း။ ဤသို့ဖြင့် သူ၏ နိုင်ငံရေးသက်တမ်း ကုန်ဆုံးရတော့မည်လော။

ကျန်းလွေ့ချန်းသည်လည်း အတွင်းဝန်ရှုကို ဖြေသိမ့်ရန် သို့တည်းမဟုတ် ဖုန်းယွီအား စည်းရုံးရန် မလုပ်နိုင်ချေ။

“မန်နေဂျာဖုန်း.. မင်းစိတ်ပြောင်းဖို့ တခြားနည်းလမ်းရှိလား..”

အတွင်းဝန်ရှုသည် သူ့လက်အောက်ငယ်သားများစွာ ရှေ့တွင် ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ ယခုအချိန် တွင်မူ စိတ်ပျက်နေရပြီး ကျန်းလွေ့ချန်းသည်လည်း သူလေးစားရသည့် ခေါင်းဆောင်အား စိတ်ပျက်အားငယ် နေပုံကိုမြင်ကာ စိတ်မကောင်း ဖြစ်မိသည်။

ကျန်းလွေ့ချန်းမှ..

“ဖုန်းယွီ.. မင်း ပြန်စဉ်းစားကြည့်ပါလား.. ဒီကိစ္စက အတွင်းဝန်ရှု အတွက် အရမ်းအရေးကြီးတယ်..”

ဖုန်းယွီ ခေါင်းခါမြဲ ခါကာ..

“ပမ့်မြို့တော် ယန္တရားကုမ္ပဏီက ဝန်ထမ်းတွေအားလုံးအတွက် ကျုပ်မှာ တာဝန်ယူရအုံးမယ်.. အခုအချိန် ကုမ္ပဏီ စာရင်းသွင်းဖို့ အချိန်မတန်သေးဘူး.. စာရင်းသွင်းပြီး ကျုပ်တို့ ရှယ်ယာတွေ မရောင်းရရင် ဒါမှမဟုတ် ရှယ်ယာ ဈေးတွေ ကျသွားရင် ဝန်ထမ်းတွေ ဆုံးရှုံးမှု တော်တော်များမှာ.. ဒါက ပမ့်မြို့တော်ရဲ့ ဆုံးရှုံးမှုဆိုလဲ ဟုတ်တယ်.. ဒါပေမယ့် ကျုပ်တို့ စာရင်းသွင်းမယ့်အချိန်ကျရင် အတွင်းဝန်ရှုကို ပမ့်မြို့တော် ယန္တရားကုမ္ပဏီဆီ သေချာပေါက် ဖိတ်ခေါ်မယ်ဆိုတာ ကတိပေးပါတယ်။

အတွင်းဝန်ရှု သူ့စကားကြားသည့်အခါ ဖုန်းယွီအပေါ် စိတ်ဆိုးခြင်း မရှိချေ။ သူသည် တစ်သက်လုံး အလုပ်ကြိုးစားခဲ့ပြီး ကုမ္ပဏီတစ်ခုကို သူ့အကျိုးအမြတ်အတွက် စာရင်းသွင်းခိုင်းရသည့်အတွက် အခြားသူအပေါ် အပြစ်မတင်ချင်ချေ။ ထို့အပြင် ဝန်ထမ်းများ နစ်နာနိုင်ပေသည်။ သူ့သည်သာ အပြစ်ရှိသလို ခံစားရပေလိမ့်မည်။

ကိစ္စမရှိချေ။ အများဆုံးမှာ ကျန်နေ့ရက်များကို အနားယူ အပန်းဖြေရင်း နောက်တန်းတွင် ကုန်ဆုံးသွားပေလိမ့်မည်။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters