လမ်းကျဉ်းလေးမှာ ရန်သူနဲ့တွေ့ခြင်း
Vol. 132 Ch. 1835
နောက်တစ်ဆင့်တက်သည့် ပြိုင်ပွဲဝင်များ ဒဏ်ရာကုသရန်နှင့် အားပြည့် စေရန်အတွက် ပြည်နယ်ပြိုင်ပွဲ၏ တစ်ပွဲချင်းစီအကြားတွင် ငါးရက်တာအချိန် ပေးသည်။
နယ်စားအိမ်တော်သို့ တစ်ညတာသွားသည်မှလွဲပြီး ကျန်သည့်အချိန်များ တွင် ရှီမာယူယူသည် အနားယူသည်။ ထို့ကြောင့် ပြဿနာရှာချင်သူများသည် သူမကို ဘာမှလုပ်မရတော့ပေ။
နောက်ပြိုင်ပွဲတစ်ချီတွင် ၁,၁၂၅ ယောက် တက်သည်။ ပြိုင်ပွဲဝင်မှာ မ,ဂဏန်းဖြစ်နေသဖြင့် မ,ဂဏန်းရမည့် ပြိုင်ပွဲဝင်မှာ အလိုအလျောက် တစ်ဆင့် တက်သွားမည်ဖြစ်သည်။
မဲနှိုက်ရန် တင်ဆက်သူ ကြေညာလိုက်ချိန်တွင် ရှီမာယူယူနှင့် ဖန်းရင်ဟန် တို့လည်း တခြားသူများနှင့်အတူ သွားလိုက်ကြသည်။
“နံပါတ်တွေ အများကြီးရှိတယ် ဒါပေမဲ့ သုညရေးထားတာက တစ်ခုပဲရှိ မယ်… သုညကိုနှိုက်မိတဲ့သူက ပြိုင်စရာမလိုဘဲ တိုက်ရိုက်နောက်တစ်ချီတက် သွားမယ်” တင်ဆက်သူ ပြောလေသည်။
“သခင်မလေး ကျွန်တော်တို့ သုညရမယ်လို့ ထင်လား” ကျန်းမင်တ မေး လိုက်သည်။
“သခင်မလေး အဲနံပါတ်နှိုက်မိဖို့ အခွင့်အရေးများမယ်ထင်တယ်၊ မင်းက တော့… ကံကောင်းစရာအကြောင်းမရှိဘူးဆိုတော့ စဉ်းတောင်မစဉ်းစားနဲ့ တော့” ဖန်းရင်ဟန်သည် စိတ်ရှုပ်သည့်ပုံစံဖြင့် ပြောလေသည်။
“ဟေး ငါရချင်ရမှာလေ” ကျန်းမင်တသည် မေးစေ့ကိုပင့်လိုက်သည် “ဘယ်သူမှ အတပ်မသိဘူး”
“မင်းက ကံကောင်းပြီး ဇာတ်လိုက်ဖြစ်မယ်လို့ ငါမထင်ရုံတင်ပဲ” ဖန်းရင်ဟန် ပြောလေသည်။
“ငါ စိတ်ကူးယဉ်လို့ရတယ်လေ.. ပြီးတော့ ငါတို့ကံမကောင်းရင်တောင် သခင်မလေး ကံကအမြဲတမ်းကောင်းနေတာပဲ” ကျန်းမင်တသည် အားတက် သရော်ပြောလေသည်။
“အကုန်လုံးမှာ အခွင့်အရေးရှိကြတယ်လေ” ရှီမာယူယူသည် သုညကို ရလိမ့်မည်ဟု မထင်ပေ။ သူမ၏ ကံမှာ…
သူတို့သည် မဲနှိုက်သည့်နေရာသို့ ရောက်လာကာ သူမသည် သေတ္တာထဲ သို့ လက်ထည့်ပြီး နံပါတ်ကိုဆွဲယူလိုက်သည်။ ပြီးနောက် တခြားလူ နံပါတ်နှိုက် ရန်အတွက် နေရာမှဖယ်ပေးလိုက်သည်။
“သခင်မလေး သခင်မလေး နံပါတ်ဘယ်လောက် ရလဲ” ကျန်းမင်တသည် သူ၏ နံပါတ်ကိုမကြည့်ဘဲ ရှီမာယူယူကို အရင်မေးလေသည်
ရှီမာယူယူသည် ပြုံးပြီး ခေါင်းခါလိုက်သည်။ သူမသည် သူတို့ကို ၆၀၀ ဟု အတိအကျရေးထားသည် နံပါတ်ပြလိုက်သည်။
ထိုနံပါတ်သည် အရင်တစ်ခေါက် ၂၅၀၀ ဆိုသည့် နံပါတ်ထက် ပိုကောင်း သလိုရှိသည်။
ကျန်းမင်တသည် အနည်းငယ် စိတ်ပျက်သွားသည်။ သူမသာ သုညကို မနှိုက်မိပါက ထိုနံပါတ်ကို မည်သူရသွားမလဲဆိုသည်ကို သိချင်မိသည်။
“မင်းရရင်ရမှာလေ” ရှီမာယူယူသည် ပြုံးပြီးပြောလိုက်သည်။
“ကျွန်တော်က အဲလောက်ကံမကောင်းပါဘူး” ကျန်းမင်တသည် ပြောပြီး သူ၏ နံပါတ်ကို ဖွင့်ကြည့်ကြည့်လိုက်သည်။ ၂၅၁… အရင်တစ်ခေါက်က နံပါတ် ထက် ကောင်းသည့်ပုံပင်။ သူသည် လက်ထဲမှ ကတ်ပြားကို ယမ်းလိုက်သည် “ကြည့်လေ ကံမကောင်းဘူးလို့ ပြောသားပဲ”
“အဲဒါလည်းကောင်းတာပဲ အဆင့်တက်ဖို့ ငါတို့ကိုယ်ပိုင် အားကိုပဲ မှီခိုရ မှာပေါ့” ရှီမာယူယူသည် သူ့ပခုံးကို ပုတ်လိုက်သည်။
“ဟုတ်တယ်” ကျန်းမင်တ ခေါင်းညိတ်သည်။ သူသည် ဖန်းရင်ဟန်အား ကြည့်ပြီး မေးလိုက်သည် “မင်းနံပါတ်ကရော..”
ဖန်းရင်ဟန်သည်လည်း ရှီမာယူယူ၏ နံပါတ်ကို သိချင်နေသဖြင့် သူ၏ နံပါတ်ကိုမကြည့်ရသေးပေ။ ကျန်းမင်တပြောမှပင် သူ၏ စာရွက်ကိုဖွင့်ကြည့် လိုက်ရာ ကြက်သေသေသွားတော့သည်။
“ဘာဖြစ်လို့လဲ နံပါတ် ဘယ်လောက်ရတာလဲ” ကျန်းမင်တသည် မှီပြီး ကြည့်လေသည်။ သူလည်း ကြက်သေသေသွားသည်။ ခဏအကြာတွင် သူ သည် ပခုံးကိုပုတ်ပြီး အော်လေသည် “ဘုရားရေ မင်းမှာ ဘယ်လိုဇာတ်ရုပ်ရှိနေ တာလဲ”
“ငါမသိဘူးလေ” ဖန်းရင်ဟန် ပြောလေသည် “ငါ အိပ်မက်မက်နေတာ လား”
“သေစမ်း မင်းတကယ်ပဲ သုညနှိုက်မိတာပဲ… မင်းတော့ ဇာတ်လိုက်ဖြစ် ပြီ” ကျန်းမင်တ အော်နေသော်လည်း ပါးစပ်မှာ နားရွက်ကိုတက်ချိတ်နေသည်။
ဖန်းရင်ဟန် နံပါတ်သုညရသွားသည်ဟု ရှီမာယူယူ ကြားသောအခါ ပြုံး လိုက်သည် “မဆိုးဘူး အနည်းဆုံးတော့ ငါတို့ပြည်နယ်က နောက်တစ်ဆင့် တက်တာပေါ့”
“ကျွန်တော်လည်း ကျွန်တော့်ကံက ဒီလောက်ကောင်းနေမှန်းမသိဘူး” ဖန်းရင်ဟန်သည် ပျော်ရွှင်စွာ ပြောလေသည်။
“မဆိုးဘူး မဆိုးဘူး” ကျန်းမင်တ ပြောလေသည် “အိုး ဒါပေမဲ့ ငါရမယ်လို့ ထင်ထားတာ… ဘယ်လိုဖြစ်လို့ မင်းက ကံကောင်းသွားတာလဲ”
“မင်း ပြိုင်ပွဲဝင်ဖို့ သွားပြင်လိုက်တော့လေ”
“အင်း… ငါလည်း အဆင့်တက်ဖို့ ကြိုးစားရမယ်”
“နံပါတ်သုညနှိုက်မိတဲ့ ပြိုင်ပွဲဝင်က ဒိုင်လူကြီးဆီကိုလာပြီး သတင်းပို့ပါ” တင်ဆက်သူ အော်လေသည်။
ဖန်းရင်ဟန်သည် တစ်ခါတည်းနှင့်မသွားပေ။ သူသည် ရှီမာယူယူဆီသို့ စာရွက်ကို ပေးပြီးပြောလေသည် “သခင်မလေး… သခင်မလေးသွားတာ ကောင်းမယ်”
သူ ထိုသို့လုပ်မည်ဟု ရှီမာယူယူ ထင်မထားပေ။ သူမသည် စာရွက်ကို သူ့ ဆီသို့ ပြန်ပေးပြီး ပြောလိုက်သည် “ငါ ဒါမလိုပါဘူး မဟူရာရှိနေတာပဲ… နောက်တစ်ဆင့်တက်ဖို့က ပြဿနာမရှိဘူး.. မင်းက ဒီနံပါတ်ကိုနှိုက်မိမှတော့ မင်းပဲယူလိုက်လေ… မြန်မြန်သွားလိုက်တော့ ဒိုင်လူကြီး စိတ်ပူနေတော့မယ်”
“ဟုတ်တယ် သခင်မလေးရဲ့ မဟူရာက မင်းထက် ပိုအားကောင်းတယ် သေချာပေါက် အလွယ်လေး အဆင့်တက်သွားမှာပဲ… မင်းမလိုချင်ရင်လည်း ငါ့ ပေးလေ” ကျန်းမင်တသည် စာရွက်ယူရန် လက်ဆန့်ထုတ်သည်။ သို့သော် ဖန်းရင်ဟန်သည် လက်ကိုပြန်ရုတ်ပြီး မျက်လုံးလှိမ့်ကာ ဒိုင်လူကြီးဆီသို့ သွား လိုက်သည်။
“ဒီကောင်တော့ ညီအစ်ကိုဆိုတာ မရှိဘူးပဲ” ကျန်းမင်တသည် ညည်းညူ လေသည်။
“လာလေ ပြန်ရအောင်” ရှီမာယူယူသည် ခေါင်းခါပြီး ပြုံးလိုက်သည်။
သူတို့ နားနေသည့်ဧရိယာသို့ရောက်သောအခါ ဖန်းရင်ဟန် သုညရွေးမိ သည်ကို သိသဖြင့် လျောင်ပြည်နယ်မှလူများ ပျော်ရွှင်ကြသည်။
“ကောင်းတယ် ကောင်းတယ် လျောင်ပြည်နယ်က အရင်တစ်ခေါက်က ထက် အခြေအနေကောင်းမှာပဲ” မုရုန်ဟွေ့သည် ပြုံးပြီးပြောလေသည် “မင်းတို့ အားလုံးအကောင်းဆုံး လုပ်ရမယ်”
“ဟုတ်ကဲ့ပါ” အဆင့်တက်သူ တချို့မှာလည်း ယုံကြည်ချက်များရှိသွား ကြသည်။
ဒိုင်လူကြီးသည် ဖန်းရင်ဟန်ကို စာရင်းသွင်းပြီးသည်နှင့် တင်ဆက်သူ အား ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် တင်ဆက်သူသည် ဗလာနယ်မြေကို ဖွင့်ပြီး အော်လိုက်သည် “ပထမဆုံး အယောက် ၁၀၀ ကဗလာနယ်မြေကို ဝင်ပါ မယ်”
အရင်ကကဲ့သို့ပင် ပထမဆုံး ပြိုင်ပွဲဝင် အယောက် ၁၀၀ သည် စာရင်း ပေးပြီးသည်နှင့် ဗလာနယ်မြေသို့ဝင်ကာ အဆောင်ယူကြသည်။ ပြီးနောက် ပြိုင်ဘက်ကိုရှာဖွေကာ နှစ်ယောက်တွဲတိုက်ခိုက်ရမည်။
ရှီမာယူယူသည် နောက်ဆုံးအသုတ်တွင်ဖြစ်ရာ နားနေခန်းမှပင် ဖန်းရင်ဟန်တို့နှင့်အတူ ပြိုင်ပွဲကို ကြည့်နေလိုက်သည်။ မရဏာသူတော်စင်များ ၏ တိုက်ပွဲစွမ်းအားမှာ မနိမ့်လှသည်ကို သူမ သိလိုက်သည်။ သူတို့၏ အင်အား နှင့်ပေါင်းလိုက်သောအခါ ထိုလူများသည် တိုက်ပွဲသက်ရောက်မှု ခံရနည်းသည်။
“မင်တက ဝင်သွားလိုက်ပြီ တကယ်တော့ သူ့ပြိုင်ဘက်က အဲလူဖြစ်နေ တာပဲ” ဖန်းရင်ဟန်သည် အနည်းငယ် အံ့ဩနေကာ ပြုံးလိုက်သည် “အဲလူက ဇီပင်းကို မသန်စွမ်းဖြစ်အောင် လုပ်မိတော့မလို့… အခုမင်တနဲ့ သွားတွေ့တော့ လက်စားချေနိုင်မယ်ထင်တယ်”
“သူက ဇီပင်းရဲ့ အသက်သွေးကြောကို ဖြတ်လိုက်တဲ့လူလား” ရှီမာယူယူ မေးလိုက်သည်။
“ဟုတ်တယ် အဲတုန်းက ကျွန်တော်တို့ကို တိုက်ခိုက်တဲ့လူများတယ် ဇီပင်းက မင်တကိုကယ်ဖို့ အဲလူတွေကို ကြိမ်းမောငး်လိုက်တာ အဲလူက ဇီပင်း ရဲ့သွေးကြောတွေကို ဖြတ်လိုက်တာပဲ” ဖန်းရင်ဟန် ပြောပြသည်။
“ဒါဆိုရင် ဒီအစီအစဉ်က ကောင်းသွားတာပဲ” ရှီမာယူယူ ပြောလိုက်သည် “မင်တက အရင်ကတည်းက ဒီကိစ္စကို ရင်ခံနေတာ… ဒီနေ့ ဇီပင်းအတွက် လက်စားချေနိုင်မယ်ဆိုတော့ စိတ်ထဲက အလုံးကြီးကို ဖြေရှင်းပြီးသားဖြစ်သလို သူ့ရဲ့ ကျင့်စဉ်တွေအတွက်လည်း ကောင်းသွားတာပေါ့”
“ဟုတ်တယ်” ဖန်းရင်ဟန်လည်း ထိုသို့တွေးသည်။
သူ၏ သူငယ်ချင်းတစ်ယောက်အနေနှင့် ကျန်းမင်တသည် အပေါ်ယံတွင် ပြုံးနေသော်လည်း စိတ်ထဲတွင် စိုးရိမ်မှုရှိသည်ကို သူမြင်နိုင်သည်။ ကျန်းမင်တ သည် ရယ်မောပြီး နောက်ပြောင်နေသော်လည်း ထိုကိစ္စကိုတော့ စိတ်ထဲတွင် အလေးအနက်ထားသည်ကို သူသိသည်။
အစီအစဉ်မှာ ဤကဲ့သို့ဖြစ်လာမည်ဟု သူထင်မထားပေ။ နတ်ဘုရား၏ အလိုကျပင်။
ဗလာနယ်မြေအတွင်းတွင် ကျန်းမင်တသည် သူ၏ပြိုင်ဘက်ကိုမြင်သော အခါ စိတ်ထဲမှ ဒေါသကိုမချုပ်တည်းနိုင်ပေ “ဒုတိယပွဲမှာ မင်းနဲ့တွေ့ရမယ်လို့ ထင်မထားဘူး ဘုရားက ငါ့ကိုကြည့်ပေးသားပဲ”
“ငါ မင်းသူငယ်ချင်းကို မသန်စွမ်းအောင် လုပ်နိုင်ရင် မင်းကိုလည်း လုပ် နိုင်တယ်” ထိုလူသည် ကျန်းမင်တကို မှတ်မိကာ မငြင်းဆန်ပေ။ ယခုအချိန်တွင် သူ၏ သရုပ်မှန်ပေါ်သွားသည်ကို ဂရုမစိုက်တော့ပေ။ သူ့ကို ဤနေရာတွင် ခေါင်းဖြတ်နိုင်ပါက အရင်လျောင်ပြည်နယ်မှလူများကို လုပ်ခဲ့သည့်ကိစ္စကို မည်သူမှ သိကြတော့မည်မဟုတ်ပေ။
“အဲဒါကတော့ ဘယ်သူက လက်ဦးမလဲဆိုတာပေါ်မှာ မူတည်တယ်” ကျန်းမင်တသည် သူ၏ စာချုပ်သားရဲကိုခေါ်ထုတ်လိုက်သည်။ တစ်ချိန်တည်း မှာပင် သူသည် ဝိညာဉ်စွမ်းအင်ကို စုစည်းကာ ရင်ဘတ်ရှေ့တွင် အမည်းရောင် ဓား ၇ ချောင်းအဖြစ်ပြောင်းပြီး တစ်ချိန်တည်း ပစ်လွှတ်လိုက်သည်။
သူ၏ ပြိုင်ဘက်သည်လည်း ဝိညာဉ်စွမ်းအင်ကိ စုစည်းကာ မှိန်း ၇ ချောင်း အဖြစ်ပြောင်းပြီး ဓားမည်း ၇ ချောင်းနှင့် လမ်းတစ်ဝက်တွင် တိုက်ခိုက်ရာ တချွင်ချွင် အသံများထွက်လာသည်။
ရှီမာယူယူ ပထမဆုံးပွဲစဉ်ကိုမြင်သောအခါ ဤတစ်ပွဲတွင် ကျန်းမင်တ အနိုင်ရမည်ကို သိသဖြင့် စိတ်အေးသွားလေသည်။
***