← Chapters

ပြတ်သားသော မဟူရာ

Vol. 132 Ch. 1836

ပြတ်သားသော မဟူရာ

Vol. 132 Ch. 1836

သူတို့၏ ကျင့်စဉ်အဆင့်မှာ တူညီသော်လည်း ကျန်းမင်တသည် အထင်သေးတတ်သော သူ့ပြိုင်ဘက်ထက် အနည်းငယ်သာသည်။ သူ၏ တိုက်ပွဲစွမ်းအင်မှာ ကျန်းမင်တလောက် မကောင်းပေ။

သူတို့နှစ်ယောက်လုံးသည် ဝိညာဉ်စွမ်းအင်သုံးပြီး တိုက်ခိုက်သော်လည်း ကျန်းမင်တသည် တစ်ဖက်လူ သေသည်အထိ တိုက်ခိုက်နိုင်သည်။

တစ်ဖက်လူသည် ဝိညာဉ်စွမ်းအင်နှင့် တိုက်ခိုက်နေရာ နှစ်ယောက်လုံး ဝိညာဉ်စွမ်းအင် ကုန်ခါနီးတွင် ဆေးသောက်ချိန်ယူပြီး ဆက်တိုက်ခိုက်ကြ သည်။

နှစ်ဖက်လုံးသည် ဆေးထုတ်ကာ သောက်လိုက်သည်။ သို့သော် ဆေး သက်ရောက်မှုမှာ မတူညီသည်မှာတော့ ထင်ရှားလွန်းသည်။ ကျန်းမင်တ၏ ဆေးမှာ ရှီမာယူယူ ဖော်စပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် သက်ရောက်မှုမှာ အလွန်မြန်ဆန်ကာ သူ၏ဝိညာဉ်စွမ်းအင်သည် အမြန်ပင် ပြန်ပြည့်သွားသည်။ ထိုအချိန်တွင် ကျန်းမင်တသည် ခြေတစ်လှမ်းသာသွားသည်။

သူသည် ဗျူဟာပြောင်းကာ အရင်လို ချုပ်တည်းနေခြင်းမရှိတော့ပေ။ သူ၏ မရဏာစွမ်းရည်သည် အားအပြည့်ဖြင့် ထွက်လာပြီး ပြိုင်ဘက်ဆီသို့ တစ်လုံးပြီးတစ်လုံးပစ်သည်။ ပြိုင်ဘက်သည် အသစ်ပြန်ပြည့်လာသော ဝိညာဉ် စွမ်းအင်ကိုသာ ကာကွယ်ရန်သုံးရသဖြင့် တိုက်ခိုက်ရန် ဝိညာဉ်စွမ်းအင် မကျန် တော့ပေ။ ကျန်းမင်တသည်လည်း သူ့ကိုအချိန်မပေးပေ။

“ဖူး…” သူ၏ပြိုင်ဘက်သည် ပါးစပ်မှ သွေးများအန်ချပြီး ခန္ဓာကိုယ်တစ် ခုလုံး ဒဏ်ရာများဖြင့် မြေပေါ်သို့ ပြင်းထန်စွာ လဲကျသွားတော့သည်။ သူသည် ပါးစပ်ဟပြီး အရှုံးကိုဝန်ခံချင်နေသော်လည်း စကားပြောရန် အချိန်မရှိခင်မှာပင် ကျန်းမင်တသည် မရဏာသိုင်းဖြင့် သူ့ဆီဝင်လာသည်။

“ဖူး… ဖူး… ဖူး… ဖူး…”

ထိုလူ၏ လက်ကောက်ဝတ်နှင့် ခြေချင်းဝတ်များမှ သွေးများ ပန်းထွက် လာပြီး မြေကြီးတစ်ခုလုံး စိုစွတ်သွားလေသည်။

“မင်းကို ငါ ပြန်ပေးတာပဲ” ကျန်းမင်တသည် ဓားရှည်ကိုင်ပြီး သူ့ဘေး တွင် ရပ်နေသည်။ ဓားထိပ်ပိုင်းမှာ သူနှင့် ၁ မီလီမီတာမျှသာ ဝေးကွာသည် “မင်း ရှုံးပြီ”

“ငါ… မရှုံးဘူး…”

“အရှုံးကို ဝန်မခံဘူးလား မဟုတ်ရင် အသေခံမှာလား” ကျန်းမင်တ၏ ဓားရှည်သည် သူ၏ အရေပြားကို ထိုးဖောက်နေပြီးဖြစ်ရာ အနည်းငယ်သာ ထိုးစိုက်လိုက်လျှင် လည်ချောင်းမှ သွေးများထွက်လာမည်ဖြစ်သည်။

“ငါ… အရှုံးပေးပါပြီ”

“မင်းက သေဖို့တောင်မတန်ဘူး… မင်းလိုလူမျိုးက တစ်သက်လုံး အား နည်းသွားရမယ်” ကျန်းမင်တသည် ဓားရှည်ကိုဖယ်ပြီးနောက် သူ၏ အဆောင် ကို ထုတ်ပြီး ချေမွလိုက်သည်။ ပြီးနောက် ဒိုင်လူကြီးဆီသို့ သတင်းသွားပို့သည်။

ထိုလူသည် သူ၏ သွေးကြောများ အဖြတ်ခံလိုက်ရသဖြင့် စိတ်စွမ်းအင် သုံးသည့်အတိုင်အောင် အဆောင်ကိုမချေမွနိုင်ပေ။ သူသည် မြေပေါ်တွင် လှဲလျောင်းနေကာ အားလုံးပြီးသည့်အချိန်၊ ဗလာနယ်မြေဖွင့်သည့်အချိန်ထိ စောင့်ရသည်။ ပြီးမှ သူ့ကိုခေါ်ထုတ်ရသည်။

ဗလာနယ်မြေမှ သူ့ကို ခေါ်ထုတ်လာသည့်အချိန်တွင် သူသည် အသက် မျှင်းမျှင်းသာ ကျန်တော့သည်။

“တော်တယ်” မုရုန်ဟွေ့ ချီးကျူးလေသည်။

“အကုန်လုံး သခင်မလေး ကျေးဇူးကြောင့်ပါ” ကျန်းမင်တသည် ရှီမာယူယူအား ကျေးဇူးတင်သော အကြည့်ဖြင့်ကြည့်လေသည် “သခင်မလေး ရဲ့ ဝိညာဉ်စွမ်းအင် ပြန်ဖြည့်တဲ့ဆေးကြောင့်သာမဟုတ်ရင် သူ့ကိုနိုင်မှာမဟုတ် ဘူး”

“မင်းသာ တိုက်ရည်ခိုက်ရည်မရှိရင် ငါလည်း ပေးမှာမဟုတ်ဘူးလေ” ရှီမာယူယူ ပြောလိုက်သည် “မင်းဒဏ်ရာက ပြင်းတဲ့ပုံပဲ ဆေးသောက်ပြီး သွား နားလိုက်တော့”

“ကျေးဇူးတင်ပါတယ် သခင်မလေး” ကျန်းမင်တသည် ဆေးယူသွားပြီး ခုံတွင်ထိုင်ကာ ဝိညာဉ်စွမ်းအင်သုံးပြီး ဒဏ်ရာများကို ကုစားလေသည်။

“သခင်မလေးရဲ့ ဆေးတွေက အရမ်းမိုက်တာပဲ… အရင်တုန်းက မသောက်ဖူးတော့ ဒီလောက် သက်ရောက်မှုကောင်းလိမ့်မယ်လို့ မသိထားဘူး.. အခုကြည့်မှပဲ တခြားဆေးတွေထက် အများကြီးကောင်းနေတာပဲ… ဒါက ပြိုင်ပွဲဝင်မယ့် ငါတို့လူတွေအတွက် အားသာချက်ပဲ” မုရုန်လင်း ပြောလေသည်။

ပထမပွဲစဉ်မှာ အမြန်ပင်ပြီးစီးသွားလေသည်။ လူအများစုမှာ အခွင့်အရေး ပင်မရလိုက်ဘဲ တိုက်ရိုက်ပင် ပြုတ်သွားတော့သည်။ နှစ်ယောက်ကြားမှ အင်အားကွာခြားချက်မှာ ကြီးလွန်းသဖြင့် နည်းလမ်းများမှာ အသုံးမဝင်ပေ။

“အစတုန်းက စွမ်းအား ကွာခြားချက်ကြီးခဲ့တာ ဒါပေမဲ့ နောက်ပိုင်း ပြိုင်ပွဲ တွေကျတော့ အင်အားက အတူတူလောက်ပဲ အဲတော့ ဒါအရေးကြီးတယ်” မုရုန်ဟွေ့ ပြောလေသည်။

“ကျွန်တော်တို့ ဒီနှစ်ရလဒ်က အရင်ကထက် ကောင်းမယ်လို့ယုံတယ်” မုရုန်လင်း ပြောလိုက်သည်။

သူ ထိုလူများကို ယုံကြည်နေလွန်းခြင်းမဟုတ်ဘဲ ရှီမာယူယူ၏ ဆေးကို ယုံကြည်ချက်ရှိနေခြင်းဖြစ်သည်

သူမ ထိုဆေးများကို မည်သို့သန့်စင်သည်ကိုတော့ သူ မသိပေ။ ပါဝင် ဆေးပစ္စည်းများနှင့် အဆင့်များမှာ တူညီသည်။ အဲဒါကို သူမက ဆေးမတူတာ ကို ဘယ်လိုများ သန့်စင်နိုင်တာလဲ။

နောက်လာသည့် ပြိုင်ပွဲများတွင် သူတို့ ခန့်မှန်းထားသလိုပင် ပြိုင်ဘက်၏ အင်အားမှာ တူညီနေသဖြင့် လျောင်ပြည်နယ်မှလူများ အနိုင်ရကြသည်။ ရှီမာယူယူ၏ အလှည့်မရောက်ခင်တွင် လျောင်ပြည်နယ်သည် ငါးကြိမ် အဆင့် တက်သွားရာ သူတို့ထင်ထားသည်ထက် ရလဒ်ကောင်းနေသည်။

နောက်ဆုံး ၁၀၇ ယောက်ဝင်သွားချိန်တွင် သူမ၏ ပြိုင်ဘက်သည် ဂူဇီပင်းတို့ကို ထိခိုက်အောင်လုပ်ခဲ့သည့်သူများ ဖြစ်နေသည်ကို ရှီမာယူယူ တွေ့ လိုက်ရသည်။

အစပိုင်းက သူမ၏ ပြိုင်ဘက်ကို အရှုံးကို ဝန်ခံနိုင်ရုံသာ တိုက်ခိုက်မည်ဟု စဉ်းစားထားခဲ့သည်။ သို့သော် အခုပြိုင်ဘက်မှာ ရန်သူဖြစ်နေသဖြင့် ထိုအဆင့် ကိုကျော်လိုက်လေသည်။ သူမသည် မဟူရာကိုခေါ်ထုတ်ပြီး သူ့ကျောပေါ်တွင် ထိုင်ကာ လေထဲသို့ ပျံသွားလိုက်သည်။

သူမ၏ ပြိုင်ဘက်သည်လည်း စာချုပ်သားရဲကိုခေါ်ထုတ်ပြီး လေထဲသို့ ပျံသွားလိုက်သည်။

“မင်းမှာပဲ စာချုပ်သားရဲပျံရှိတယ်လို့ ထင်မနေနဲ့ မင်းရဲ့ နဂါးနက်က အားကောင်းချင်ကောင်းလိမ့်မယ်… ဒါပေမဲ့ ငါ့ရဲ့အံ့ဖွယ်အဆင့်သားရဲနဲ့တော့ မယှဉ်နိုင်သေးဘူး မင်း…”

“အပိုစကားတွေ တအားပြောတာပဲ” ရှီမာယူယူ၏ နားမှာယားလာသည် “မဟူရာ လှုပ်ရှားတော့”

မဟူရာသည် ပြိုင်ဘက်ကို ထည့်စဉ်းစားမနေတော့ဘဲ အမြီးကို ဝေ့ယမ်း လိုက်သည်။ သို့သော် လွဲချော်သွားသည်။

သူ၏ ပြိုင်ဘက်သည် အမြီးကိုရှောင်လိုက်နိုင်လေသည်။

ပြိုင်ဘက်သည် ရှီမာယူယူ၏ မျက်နှာမှ အံ့ဩမှုကိုကြည့်ပြီး ရွှင်လန်း အားရစွာ ပြောလေသည် “ငါ့သားရဲပျံက မြန်တယ်လို့ နာမည်ကြီးတယ်… မင်း ရဲ့ နဂါးနက်က ဘယ်လိုလုပ် လိုက်မှီမှာလဲ”

“အဲလောက် ဘဝင်မြင့်မနေနဲ့” နဂါးနက်သည် ပစ်မှတ်လွဲချော်သွားပြီး ပြိုင်ဘက်၏ လှောင်ပြောင်ခြင်းကို ခံရလေသည်။ သူ၏ ဒေါသထွက်နေ‌သော နှာခေါင်းနှင့်အမြီးသည် ပျံလာပြန်သည်။

ထပ်မံလွဲချော်သွားလေသည်။

မဟူရာသည် အနည်းငယ် ထုံထိုင်းသွားသည်။ နှစ်ကြိမ်ဆက်တိုက် ပစ်မှတ်ကို လွဲချော်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

“ငါ မင်းကို တစ်စစီဆွဲဖြဲပစ်မယ်” သူသည် ခေါင်းမော့ကာ အော်လိုက် သည်။ သူသည် ပျံတက်ကာ ပြိုင်ဘက်ကို တိုက်ရိုက်တိုက်ခိုက်မည်ပြုသည်။

“မဟူရာ စိတ်ရှည်ပါလို့ ငါ ဘယ်နခါပြောရမှာလဲ… မင်း ပထမဆုံး အကြိမ်လွဲသွားတော့ ဒုတိယအကြိမ် ကြိုးစားကြည့်.. ထပ်လွဲသွားရင် တတိယ အကြိမ်ကြိုးစားကြည့်.. သွား ဒီတစ်ခါ အလုပ်ဖြစ်မှာ” ရှီမာယူယူသည် ချော့မော့ပြောလေသည်။

သူမ မဟူရာကို တားလိုက်သောအခါ ဒေါသအနည်းငယ် ငြိမ်းသွားသည်။ သည်တစ်ကြိမ် ပစ်မှတ်ကို ရိုက်လိုက်လျှင် ထိမည်မသေချာသော်လည်း ရှီမာယူယူမှ ထိမည်ဟု ပြောလျှင် သေချာပေါက်ထိမည်။

ထို့ကြောင့် သူသည် လေထဲရှိ သားရဲနှင့်လူဆီသို့ အမြီးကိုထပ်မံ ဝေ့ယမ်း လိုက်သည်။

ရှီမာယူယူ၏ စာချုပ်သားရဲမှာ ငေးလောက်စရာ ဖြစ်နေခြင်းကြောင့် ရှီမာယူယူ ပြိုင်ပွဲအတွင်းသို့ ဝင်သွားကတည်းကပင် အပြင်မှလူများသည် စောင့် ကြည့်နေကြသည်။ အရင်တစ်ကြိမ်က သူမ၏ သားရဲသည် ပြိုင်ဘက်ကို အမြီး တစ်ချက်ယမ်းလိုက်သည်နှင့် သတ်နိုင်ခဲ့သည်ကို အားလုံးမှတ်မိကြသည်။ ဤ တစ်ကြိမ်တွင်လည်း ထိုသို့ဖြစ်မည်ဟု ထင်ထားကြသည်။ သို့သော် နှစ်ကြိမ် ဆက်တိုက် လွဲချော်မည်ဟု ထင်မထားပေ။

မဟူရာ တတိယအကြိမ် တိုက်ခိုက်ချိန်တွင် အသုံးဝင်လိမ့်မည် မဟုတ်ဟု အားလုံး ထင်ထားလိုက်ကြသည်။ သို့သော် အထင်နှင့်လွဲသွားသည်။ သူတို့၏ ပြိုင်ဘက်သည် အမြီးလာနေသည်ကို အေးခဲနေပြီး ကြည့်နေသည်နှင့် တူသည်။

“ဘုန်း…”

ထိုလူနှင့် သူ၏သားရဲသည် မြေပြင်ပေါ်သို့ ကျသွားကာ တစ်ခါတည်း ပါးစပ်အပြည့် သွေးများ အန်ချတော့သည်။

“မင်းကို ပုန်းခွင့်ပေးမယ်… မင်းမှာ အံ့ဩလောက်စရာ အရှိန်နှုန်းရှိတယ် မလား လာလေ ထပ်ပျံလိုက်” မဟူရာသည် ပြောပြီးသည်နှင့် ထိုလူနှင့် သူ၏ သားရဲဆီသို့ အမြီးဖြင့် နောက်တစ်ကြိမ်ရိုက်လိုက်လေသည်။ မြေကြီးတွင် အပေါက်ပေါ်လာမှပင် သူ ကျေနပ်သွားလေသည်။

ရှီမာယူယူသည် သူ၏ နဖူးကိုထိပေးလိုက်သည်။ ဒီကောင်ကတော့ အရှက်မရှိတာကို လုပ်လိုက်ပြန်ပြီ။

“ဟုတ်ပြီ သွားရအောင်” သူမသည် အဆောင်ထုတ်ပြီး ချေမွလိုက်သည်။ ပြီးနောက် မဟူရာကိုခေါ်ကာ ဒိုင်လူကြီးဆီသို့ သတင်းပို့လိုက်သည်။

မဟူရာသည် သူ၏ပြိုင်ဘက်ကို သေသည်အထိ ရိုက်လိမ့်မည်ဟု ထင် မထားသဖြင့် ပရိသတ်များသည် အလွန်အံ့ဩနေကြသည်။ ပွဲနှစ်ပွဲလုံးတွင် သူမ သည် လက်ချောင်းမှပင် မမြှောက်လိုက်ပေ။

“အဆုံးကို မြင်လိုက်လား” လန်ယွိ မေးလိုက်သည်။

“မြင်လိုက်တယ်” ယွိရှီသည်လည်း အံ့ဩနေသည် “သူမှာ အဲလောက် ကောင်းတဲ့ လေဟာပြင်သိုင်းရှိလိမ့်မယ်လို့ထင်မထားဘူး”

“မိုက်တယ်” လန်ယွိသည် မေးစေ့ကို ထိလိုက်သည် “အဲလိုဆိုရင် သူမက တည်ဆောက်မှုသခင်ပေါ့… သူမမှာ ငါတို့ မသိသေးတဲ့ အကြောင်းတွေ ဘယ်လောက်ရှိနေသေးတာလဲမသိဘူး”

သိပ်မဝေးကွာသော နေရာတွင် ယွမ်ယွမ်သည် မိုကျိကို မေးလေသည် “အဲဒါက လေဟာပြင်ပိတ်လိုက်တာမဟုတ်ဘူးလား သူမ ဘယ်အဆင့်ထိ ရောက်သွားတာလဲ”

“သူမ ဘယ်အဆင့်ထိရောက်သွားတာလဲတော့ ငါမသိဘူး ဒါပေမဲ့ သူမက ငါ့ထက်သာတယ်ဆိုတာတော့ သိတယ်” ထိုစကားများကို မိုကျိ ပြောလိုက် သဖြင့် ယွမ်ယွမ်မျက်လုံးများပြူးကျယ်သွားတော့သည်။

***

All Chapters