သူမ မလှုပ်ရှားဘူး
Vol. 132 Ch. 1837
မိုကျိ၏ တည်ဆောက်မှုနှင့်ပတ်သက်ပြီး ချီးကျူးမှုကို ယွမ်ယွမ်သိသည်။ သူမသည် အလွန်အားကောင်းသည်ဟု သူ ကြားမိသော်လည်း ကိုယ်တိုင် မျက်လုံးနှင့် မြင်လိုက်ရပြီး မိုကျိ၏ စကားများကို ကြားလိုက်ရာတွင် အံ့ဩနေ တုန်းပင်ဖြစ်သည်။
သို့သော် တခြားသူများမှာ သူတို့လောက် ရှင်းရှင်းလင်းလင်း နားမလည် ကြပေ။ ထိုလူများ၏ အမြင်တွင် ရှီမာယူယူ ဘာမှမလုပ်လိုက်ရဘဲ ပွဲစဉ် နှစ်ခုကို အလွယ်တကူ အောင်သွားသည်ဟု မြင်ကြသည်။
“သူမ ဘယ်လိုလုပ်လိုက်တာလဲ… ပထမနှစ်ကြိမ်တုန်းက လွဲသွားပြီး တတိယအကြိမ်ကျမှ ထိသွားတာလား” မင်းသား ၁ ယွိလျိုသည် ခေါင်းလှည့်ပြီး ယွိချီကို မေးသည် “အစ်ကိုတော် ၇ ဘယ်လိုဖြစ်တာလဲသိလား”
“လေဟာပြင်ပိတ်တာပဲ သူမက ပြိုင်ဘက်နဲ့ သူ့စာချုပ်သားရဲကို နေရာ ကျဉ်းကျဉ်းလေးတစ်ခုမှာ ပိတ်ထားပြီး လှုပ်မရအောင်ုလပ်တာပဲ… အဲလိုဆိုရင် စာချုပ်သားရဲရဲ့ အမြန်နှုန်းက အရင်လိုမဖြစ်နိုင်တော့ဘူး” ယွိချီသည် သူ၏ ညီဖြစ်သူကို ရှင်းပြသည် “ဒါ တကယ် အံ့ဩလောက်စရာပဲ သူမက လေဟာပြင် သိုင်းမှာ အဆင့်တစ်ခုထိရှိနေလိမ့်မယ်လို့ ထင်မထားဘူး”
“ဒီမုရုန်ရှီက တကယ်ပဲ အံ့ဩစရာတွေ အပြည့်ပါလား” မင်းသားလေး ယွိဖေးသည် ရှီမာယူယူအား စိတ်ဝင်တစားကြည့်သည်။
“သူမ နဂါးနက်နဲ့ စာချုပ်တည်ထောင်နိုင်တာက ကံကောင်းလို့ပဲလို့ အစက ထင်ထားတာ… သူမ ဒီလောက် အစွမ်းအစရှိနေမယ်မှန်း ထင်မထား ဘူး… ဆိုလိုတာက သူမက အသုံးမကျဘူးဆိုတဲ့ သတင်းတွေက အမှားတွေပေါ့”
ယွိယန်း ထိုစကားကိုကြားသောအခါ နှုတ်ခမ်းထောင့်မှာ တွန့်တက်သွား ပြီး သူမ ပြောခဲ့သည့်စကားကို ပြန်အမှတ်ရသွားသည်။
“ကောလာဟလတွေကို လွယ်လွယ်ယုံလိုက်လို့မရဘူးလေ ဟုတ်တယ် မလား”
“ဘာတွေပြောနေတာလဲ ညီတော် ၂” ယွိယန်းသည် ရှီမာယူယူဘက်သို့ ကြည့်ပြီး ပြုံးလိုက်သည်ကို မြင်သောအခါ ယွိလျို မေးလိုက်သည်။ ဒီလူနာက သူမအတွက် သူနဲ့ တိုက်ခိုက်ချင်နေတာလား။
“ကျွန်တော် စဉ်းစားကြည့်တာပါ သူမက ဒီလောက်အားကောင်းနေရင် သူမရဲ့ စွမ်းအားက ဘယ်လောက်သန်မာလိုက်မလဲလို့” ယွိယန်း ပြန်ဖြေလေ သည်။
“အစ်ကိုတော် ၇ ပြောတာ ဟုတ်တယ်… နဂါးနကနဲ့ စာချုပ်တည်ထောင် နိုင်တယ်ဆိုတာက အသုံးမကျတာမဟုတ်တော့ဘူး” ယွိဖေး ပြောလိုက်သည် “ဒီလောက်နှစ်တွေ အများကြီးကြာမှ ကောလာဟလတွေကို လျစ်လျူရှုလိုက်ရ မယ်လို့ ထင်မထားဘူး”
ယွိချီ ပြန်မဖြေပေ။ သူသည် ရှီမာယူယူ တခြားသူများနှင့် နောက်ပြောင် နေသည်ကိုကြည့်ပြီး တိတ်တိတ်လေး ပြောမိသည် “ဒီမုရုန်ရှီက တကယ်ပဲ သူမ ရဲ့ အားကို ကောင်းကောင်းကြီး ဖုံးကွယ်နိုင်တာပဲ… မိစ္ဆာနက်အရိပ်နှစ်ယောက် တွဲနဲ့ အိပ်မက်လောကဘိုးဘေးကြီးကို သတ်တာ တကယ်ပဲ သူမပဲလား”
သူသည် ခေါင်းလှည့်ပြီး တအံ့တဩဖြစ်နေသော ရှောင်ရော့ပိုင်ကို ကြည့် လိုက်သည်။ ရှီမာယူယူ ဤမျှအားကောင်းနေမည်ဟုလည်း သူမ သေချာပေါက် ထင်မထားပေ
ဒါပေမဲ့ သူမက တကယ်ပဲမသိဘူးလား။
“ရော့ပိုင် သူမ အင်အားကိုဖုံးထားတာကို မင်းလည်းတကယ်မသိဘူးလား” ယွိချီသည် သူမအား ကြည့်ပြီး သူမ၏ မျက်နှာထားကို ဖတ်ရန်ကြိုးစားနေ သည်။
ရော့ပိုင် ခေါင်းခါလိုက်သည်။
ယွိချီသည် သူမ၏ ဆံဖျားလေးကို ထိပြီး ကစားနေသည် “မင်း တကယ် မသိဖို့ ငါမျှော်လင့်ပါတယ်… မင်း ငါ့ကိုဆွဲချရင် ဘာလုပ်ရမလဲ ငါတကယ် မသိတော့ဘူး”
ရှောင်ရော့ပိုင်သည် သူမ၏ ဆံပင်ကိုပြန်ဆွဲပြီး အားလျော့စွာပင် ပြော လေသည် “ကျွန်မကို ထွက်သွားခွင့်ပေးပါလို့ ကျွန်မပြောပြီးပြီနော်”
“မင်းက ငါ့ရဲ့ အနာဂတ် ကြင်ယာတော်မင်းသမီးပဲ ဘယ်သွားချင်သေး တာလဲ… ငါကလွဲပြီး ဒီတိုင်းပြည်အကုန်လုံးမှာ ဘယ်သူကများ မင်းကို လက်ခံ ရဲမှာလဲ”
“ကျွန်မကို ခြိမ်းခြောက်နေတာလား”
“မင်းကို ခြိမ်းခြောက်တယ် ဟုတ်လား ငါက မင်းရဲ့လုံခြုံရေးကို စိတ်ပူရုံ တင်ပါ”
ရှောင်ရော့ပိုင်သည် ထေ့ငေါ့သော စကားများဖြင့် ပြောလိုက်သည် “မင်းသား ၇ ကျွန်မမှာ ရှင်လိုချင်တာမရှိဘူး… ကျွန်မကို ဖိအားပေးပြီး နေခိုင်း ရင်တောင် ရလဒ်ကတော့ အတူတူပဲ… အဲတုန်းက ရှင်သာ ကျွန်မအဘိုးကို ကယ်လိုက်မယ်ဆိုရင် ရှင်လိုချင်တာ ရနေလောက်ပြီ”
“မင်း ဘာပြောချင်တာလဲ” ယွိချီသည် အပြစ်ကင်းစွာဖြင့် မေးလိုက် သည်။
ရှောင်ရော့ပိုင်သည် သူ့ကို အာရုံမစိုက်တော့ဘဲ ပြိုင်ပွဲကွင်းနေရာသို့ ပြန် လှည့်သွားသည်။
ရှီမာယူယူ ကြည့်လိုက်ချိန်တွင် သူမ၏ မျက်လုံးထဲတွင် လူသတ်ချင်သည့် အကြည့်ရှိနေတုန်းပင်ဖြစ်သည်။
အတန်အသင့်ကြာပြီးနောက်တွင် ပြိုင်ပွဲပြီးဆုံးသွားသည်။ တိုက်ရိုက် အဆင့်တက်သွားသော ဖန်းရင်ဟန် အပါအဝင် ၆၀၈ ယောက်သည် နောက် ပြိုင်ပွဲ တစ်ဆင့်သို့တက်ကြသည်။
ရှီမာယူယူ ပြန်သွားရန် စောနေသေးသည်။ သူမနှင့် မုရုန်ဟွေ့တို့ မင်းသား၏ခြံဝန်းသို့ ရောက်ချိန်တွင် မမှောင်သေးပေ။
တယွိမင်းသားနှင့် ယွိယန်းတို့သည် စောင့်ရင်းနှင့် ခြံဝန်းထဲတွင် စစ်တုရင် ကစားနေသည်။
“လာပြီလား ဒီပွဲပြီးတဲ့အထိ စောင့်ပေးဦး” တယွိမင်းသား ပြောလိုက် သည်။
ရှီမာယူယူသည် ပွဲကိုလေ့လာနေသော ယွိယန်းကိုကြည့်ပြီး တယွိ မင်းသားမှာ သူ့ကို မည်မျှချစ်ပြီး တခြားသူများ၏ အမြင်မှ ဖုံးဖိပေးနိုင်လောက် အောင် မည်မျှအလိုလိုက်ခံသည်ကို သိချင်နေသည်။
“တခြားသူတွေရဲ့ အမြင်မှာတော့ ငါက အသက်မရှည်တဲ့ နေမကောင်းတဲ့ ကလေးပေါ့… ခမည်းတော်က ငါ့ကို ပိုအလိုလိုက်ရင်တောင် သူများတွေက ဂရုမစိုက်ကြဘူးလေ” သူမ သတိမထားမိသည့်အချိန်တွင် ယွိယွမ်သည် ခေါင်းမော့လာပြီး သူမကို ပြုံးပြီး ပြန်ဖြေလေသည်။
“ဟင်” ရှီမာယူယူ မှင်တက်သွားသည်။ သူမ စဉ်းစားနေတာကို သူ ဘယ် လိုလုပ်သိတာလဲ။
“မင်းအတွေးတွေက သိသာနေတာပဲ… ပြီးတော့ ငါက စိတ်ဖတ်နိုင်တယ် လို့ မင်းကိုပြောရင် ယုံမှာလား” ယွိယန်း မေးလိုက်သည်။
“ကျွန်မ မယုံဘူး… ရှင်သာ စိတ်ဖတ်နိုင်ရင် ဒီတစ်ပွဲကို ရှင်ရှုံးမှာမဟုတ် ဘူး” ရှီမာယူယူ ပြောလိုက်သည်။
ယွိယန်း မျက်ခုံးများကို ပင့်လိုက်သည်။ သူ ရှုံးမယ်ဆိုတာကို သူမ ဘယ် လိုသိတာလဲ။
“မင်း ဘယ်လိုသိတာလဲ” ယွိယန်း မေးလိုက်သည်။
“မှန်းလိုက်တာပါ မင်းသား စ,ဖို့ပြင်လိုက်ကြရအောင်ပါ” ရှီမာယူယူ ပြော လိုက်သည်။
“ဟုတ်ပြီ” တယွိမင်းသား ထရပ်လိုက်သည် “ငါတို့ ရေပူစမ်းကို သွားကြ မလား”
“ဟုတ်ပါတယ်” ရှီမာယူယူ ပြန်ဖြေသည်။
သူတို့သည် ရေပူစမ်းသို့ အတူသွားကြသည်။ သို့သော် ဤတစ်ကြိမ်တွင် ငွေအပ်များ တင်ရန် ကျောက်စားပွဲကို အသင့်ပြင်ထားသောကြောင့် ယွိယန်းကို အပ်မကိုင်ခိုင်းတော့ပေ။
သူမ အပ်စိုက်ပြီးသည်နှင့် တယွိမင်းသားသည် ခံစားရပိုကောင်းလာ သည်။
“ပြီးခဲ့တဲ့တစ်ခေါက် အပ်စိုက်ပြီးကတည်းက ငါ့ခန္ဓာကိုယ် ပိုကောင်းလာ တယ်လို့ ခံစားရတယ်… အပ်စိုက်တာနဲ့တင် ငါ့ဒဏ်ရာကို တကယ်ပဲ ကုမရဘူး လား”
“ဒါက ယာယီပဲခံမှာပါ” ရှီမာယူယူ ပြောလိုက်သည် “အခုတော့ အအေး ဓာတ်နဲ့ ခန္ဓာကိုယ်ထဲက တားမြစ်ဆေးကို ထောင့်တစ်ထောင့်မှာ ပိတ်ထားတာ ပဲရှိတာ… အဲဒါကို အရမ်းပုံသွားအောင် ဖိနှိပ်ထားလို့မရဘူး… အဲလို ဖိနှိပ်ိုက်လို့ ပြန်ကန်ထွက်လာတဲ့ သက်ရောက်မှုက ပိုအားကောင်းမှာ… အဲအချိန်ကျရင် ဒီ ပစ္စည်းတွေကို သုံးမရတော့ဘဲ ဘာမှကို လုပ်နိုင်မှာမဟုတ်တော့ဘူး… အဲဒီ ပစ္စည်းတွေက ရှာရခက်နေလို့လား”
“ပစ္စည်းတစ်ခုနှစ်ခုကတော့ ရှာရခက်နေတယ်… ဒါပေမဲ့ အဲဒီပစ္စည်းတွေ ရဲ့နေရာတွေကို သတင်းရထားပြီးလို့ လူလွှတ်ပြီးရှာခိုင်းလိုက်ပြီ… နောက် နှစ်ရက်လောက်ဆို သတင်းပြန်ရလာမှာပါ” ယွိယန်း ပြောလေသည်။
“ဒါဆိုရင် နောက်နှစ်ရက်လောက် စောင့်ကြတာပေါ့” ရှီမာယူယူ ပြော လိုက်သည် “မင်းသားရဲ့ အခြေအနေက ထပ်ပြီးအချိန်ဆွဲလို့မရတော့ဘူး မြန်မြန်ရှာတွေ့လေ ပိုကောင်းလေပဲ… ထပ်ပြီးအချိန်ဆွဲနေရင် သူ့ဒဏ်ရာကို ကုနိုင်ရင်တောင် သူ့ရဲ့ကျင့်စဉ်အဆင့်ကို သက်ရောက်သွားလိမ့်မယ်”
“ငါတို့ နားလည်ပြီ ပစ္စည်းတွေရတာနဲ့ မင်းကိုလာရှာခိုင်းလိုက်မယ်” ယွိယန်း ပြောလိုက်သည်။
“ဟုတ်ပါပြီ”
နောက်ဆုံးတွင်တော့ ယွိယန်းသည် သူမကို ပြန်လိုက်ပို့သည်။
“ကြင်ယာတော်မင်းသမီးက ဒီနေ့ပွဲတော်လေး ကျင်းပမှာမို့လို့ နယ်စားနဲ့ သားတွေသမီးတွေကို ဖိတ်ထားတယ်.. ဒီနေ့ မင်းအတွက် သူမ လုပ်တာထင် တယ်”
“သူမက ပွဲကြီးပွဲကောင်းလုပ်တော့မှာပဲ” ရှီမာယူယူသည် နှုတ်ခမ်းများကို တွန့်လိုက်သည်။ ကြင်ယာတော်မင်းသမီးသည် သူမကို ဤနည်းလမ်းဖြင့် သတ် လိမ့်မည်ဟု မထင်ပေ။
“မင်းက သူမရဲ့ အိပ်မက်လောကဘိုးဘေးကြီးနဲ့ မိစ္ဆာနက်အရိပ် နှစ်ယောက်တွဲကို သတ်ခဲ့တာလေ… ပြီးတော့ မင်းက တည်းခိုဆောင်ကနေ ထွက်မလာတော့ မင်း ထွက်လာအောင် လမ်းရှာရတာပေါ့”
“မိစ္ဆာနက်အရိပ်နှစ်ယောက်တွဲဟုတ်လား အဲဒါဘယ်သူလဲ” ရှီမာယူယူ မေးလိုက်သည်။
“မိစ္ဆာနက်အရိပ်နှစ်ယောက်တွဲက သူမရဲ့ အားအကောင်းဆုံး လုပ်ကြံသူ တွေပဲ.. ဘာလဲ သူတို့ကို မင်းသတ်တာမဟုတ်ဘူးလား”
“မသတ်ပါဘူး ကျွန်မ အိပ်မက်လောကဘိုးဘေးကြီးကိုပဲတွေ့ခဲ့တာ မိစ္ဆာနက်အရိပ်နှစ်ယောက်တွဲကို တွေ့တောင် မတွေ့ဖူးဘူး” ရှီမာယူယူသည် အတိအကျပင် ပြောလေသည်။
“နယ်စားတို့ တခြားသူများဖြစ်နေမလား” ယွိယန်း မေးလိုက်သည်။
“မဖြစ်နိုင်ဘူး သူတို့ကို ကျွန်မအဖေသတ်လိုက်တာ ဒါမှမဟုတ် ဦးလေးမိုကျိတို့ သတ်လိုက်ရင် ကျွန်မကို ပြောမှာပဲ… အပြင်ထွက်တဲ့အချိန်ဆို လည်း သတိထားဖို့ အကြံပေးမှာ… ဒါပေမဲ့ သူတို့က မပြောထားဘူး… သူတို့ နှစ်ယောက်က ကျွန်မကိုသတ်ဖို့လာတာ သေချာရဲ့လား” ရှီမာယူယူ မေးလိုက် သည်။
“သေချာတယ်” ယွိယန်းသည် သေချာနေသည်။ သူသည် သူမ၏ မျက်နှာ ထားကိုမြင်သောအခါ မေးလိုက်သည် “ဘာလို့လဲ ဘယ်သူလို့ထင်လို့လဲ”
***