← Chapters

ဖေး ဘာလုပ်ခဲ့သလဲ

Vol. 19 Ch. 269

ဖေး ဘာလုပ်ခဲ့သလဲ

Vol. 19 Ch. 269

---

"ဒီလိုအချိန်မျိုးမှာ အဲ့ဒီနေရာကို ရှင်တကယ် သွားချင်တာ သေချာရဲ့လား"

ယီလန်သည် အာရန်၏ ရည်ရွယ်ချက်များကို နားမလည်စွာဖြင့် မေးလိုက်မိသည်။

သူ ထွက်ပြေးချင်သည်ဆိုလျှင်ပင် ပို၍ အဓိပ္ပာယ်ရှိဦးမည်ဖြစ်သော်လည်း သူ၏ ဦးတည်ရာသည် ထွက်ပြေးခြင်းနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။

အာရန်သည် စိတ်ပိုင်းဖြတ်ပြီးသားဖြစ်ပုံရသဖြင့် ယီလန်လည်း ဘာမှ မလုပ်နိုင်ခဲ့ပေ။

သူသည် သေခြင်းတရားကို တမင်တကာ လိုက်လံရှာဖွေတတ်သူ မဟုတ်ကြောင်း သိထားသဖြင့် သူပြောသည့်အတိုင်းသာ ယုံကြည်စွာလိုက်လုပ်ရန် ဆုံးဖြတ်လိုက်သည်။

"ရှင်ပြောတဲ့နေရာဆီကို တိုက်ရိုက်ဆက်သွယ်ထားတဲ့ ဂိတ်ဝင်ပေါက်တစ်ခုကို လိုချင်နေတာလား ဒါမှမဟုတ် ဝိညာဉ်လောကမှာ အရင်နားဦးမလား" ဟု သူမက သူ၏ ရွေးချယ်မှုကို အတည်ပြုရန် မေးလိုက်သည်။

အာရန်က ခပ်ပြုံးပြုံးဖြင့်ပင် သူမကို မေးလိုက်သည်။

"ကိုယ် ဘယ်လိုလုပ်ချင်မယ် ထင်လဲ"

သူ၏ မျက်နှာအမူအရာများအရ တိုက်ရိုက်ဆက်သွယ်ထားသော ဂိတ်ဝင်ပေါက်များသည် သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်အပေါ် မည်သို့သက်ရောက်မှု ရှိနေသည်ကို မမေ့သေးကြောင်း ရှင်းလင်း နေသည်။

ဖြစ်နိုင်ပါက သူသည် အနားယူခြင်းမရှိဘဲ တိုက်ရိုက်ဆက်သွယ်ထားသော ဂိတ်ဝင်ပေါက်များကို ဖြတ်သန်းသွားလာချင်စိတ် လုံးဝရှိမနေခဲ့ပေ။

ယခင် တစ်ကြိမ်တည်းနှင့်ပင် လုံလောက်နေပြီဖြစ်သည်။

သူသည် ထိုကဲ့သို မိမိ ကိုယ်ကိုယ် ပြန်လည် နှိပ်စက်ချင်သည့် ဝါသနာရှိသူတစ်ဦးလည်းမဟုတ်ပေ။

"ဝိညာဉ်လောကမှာ နာရီဝက်လောက် နားမယ် အဲ့ဒီကနေမှ ကိုယ်တို့ ပန်းတိုင်ဆီ ကို ဆက်ပြီးချီတက်မယ်" ဟု ယီလန်အား ပြောလိုက်သည်။

"ဖန်းယုအတွက် စာတစ်စောင်လောက် ချန်ထားခဲ့ဦးမလား" ဟု ယီလန်က အာရန်ကို မေးလိုက်သည်။

သူတို့သည် အဓိကခန်းမဆောင်နှင့် သိပ်မဝေးတော့ကြောင်း သတိပြုမိလိုက် သဖြင့်လည်း ဖြစ်သည်။

"ရတယ်မလိုဘူး ကိုယ်တို့ သိပ်မကြာခင်မှာ ပြန်ရောက်လာမှာပဲကို" ဟု အာရန်က ခေါင်းခါရင်း သူမ၏ အကြံပြုချက်များကို ပယ်ချလိုက်သည်။

ဘိုးဘေးအကြီးအကဲများသည် ယနေ့ ဘာမှလှုပ်ရှားဦးမည် မဟုတ်ကြောင်း သူ အတည်ပြုပြီး ဖြစ်သဖြင့် သူ့တွင် အချိန်များစွာ ရှိနေသည်။

ဤအဖိုးတန်သော အချိန်လေးကို သူ ဘယ်ကိုသွားနေသည်ဆိုသည့် အကြောင်းပြချက်များ ရှာဖွေရန် အချိန်ဖြုန်းချင်စိတ် မရှိနေခဲ့ပေ။

ယီလန်လည်း ခေါင်းညိတ်ပြလိုက်ပြီး ဝိညာဉ်လောကဆီသို့ ဂိတ်ဝင်ပေါက်တစ်ခု ဖန်တီးလိုက်သည်။

ထို့နောက် သူတို့နှစ်ဦးသည် ထိုဂိတ်ဝင်ပေါက်အတွင်းသို့ အတူတကွ ဝင်ရောက်လိုက်ကြပြီး ဝိညာဉ်လောကရှိ ဝိညာဥ်နန်းတော် ၏ အဓိကခန်းမဆောင်သို့ ရောက်ရှိသွားလေသည်။

အာရန်သည် ထိုနေရာသို့ ရောက်ရှိသွားသောအခါ လက်ရှိဝိညာဥ်ဘုရင်မဖြစ်သူ ဖီလိုနာ တစ်ယောက် ရှိမနေသည်ကို သတိပြုမိလိုက်သည်။

သူမသည် ဝိညာဉ်လောကနှင့်ပတ်သက်သော အခြားကိစ္စရပ်များကို ဆောင်ရွက်နေနိုင်သည်ဟု တွေးမိလိုက်သဖြင့် သူမကို မဆင့်ခေါ်တော့ပေ။

သူသည် ရိုးရှင်းစွာပင် ပလ္လင်ပေါ်တွင် ခေတ္တခန့်ထိုင်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို အနားပေးရန် မျက်လုံးများကို မှိတ်ထားလိုက်သည်။

ဘာကြောင့်မှန်း မသိပဲ သူ၏ ခန္ဓာကိုယ်သည် အဆင့်တက်လာသည်နှင့်အမျှ ပိုမိုအားကောင်းလာသော်လည်း ဝိညာဉ်တစ်ယောက်မှ ဖန်တီးထားသော ဝိညာဥ်ဂိတ်ပေါက်တစ်ခုကို ဖြတ်သန်းခြင်း၏ အကျိုးသက်ရောက်မှုမှာ ယခင်အကြိမ်များအတိုင်း အတူတူပင်ဖြစ်လေသည်။

ပြောရမည်ဆိုလျှင် သူယခုကဲ့သို့ ပို၍ အားကောင်းလာလေလေ ဤသက်ရောက်မှုများသည် သူ၏ ခန္ဓာကိုယ်အပေါ်သို့ ပို၍ပင် ဆိုးရွားလာလေလေ ဖြစ်ပုံရလေသည်။

သူသည် တစ်ခုတည်းသော ဂိတ်ဝင်ပေါက်ကိုသာ ဖြတ်သန်းလာခဲ့ခြင်းဖြစ်ကာ ၎င်းသည် ဝင်ပေါက်နှစ်ခုကို တိုက်ရိုက်ဆက်သွယ်ထားခြင်းပင် မဟုတ်သေးသော်လည်း သူသည် အော့အန်ချင်စိတ်များ အထိပင် ဖြစ်ပေါ်လာခဲ့လေသည်။

ကံကောင်းစွာဖြင့် သူသည် နဂါးလျှာအစွမ်းဖြင့် သူ့ကိုယ်သူ ထိန်းချုပ်ထားနိုင်၍သာ သူ၏ ခန္ဓာကိုယ်သည် အနည်းငယ် ပိုမို သက်သာစေခဲ့ခြင်းဖြစ်လေသည်။

ထို့နောက် အာရန်သည် မျက်လုံးများကို မှိတ်လျက် ပလ္လင်ပေါ်တွင် ထိုင်နေပြီး သူ၏ ခန္ဓာကိုယ်သည် ဝိညာဥ်ဂိတ်ပေါက်များအတွက် ဘာကြောင့် ဤမျှ အားနည်းနေရသည်ကို တွေးတောနေခဲ့သည်။

နာရီဝက်ခန့်ကြာပြီးနောက် အာရန်သည် မျက်လုံးများကို ပြန်ဖွင့်လိုက်ရာ အနည်းငယ် ပိုမို လန်းဆန်းလာသည်ဟု ခံစားလိုက်ရသည်။

သို့သော် သူသည် နောက်ထပ် ဖြတ်သန်းရမည့် ဂိတ်ဝင်ပေါက်တစ်ခုအကြောင်း တွေးမိလိုက်ရုံဖြင့်ပင် ပင်ပန်းနွမ်းနယ်သကဲ့သို့ခံစားလိုက်ရသဖြင့် သက်ပြင်းတစ်ချက်သာ ချလိုက်ရသည်။

ထို့နောက်အာရန်သည် ယီလန်အား ဂိတ်ဝင်ပေါက်နောက်တစ်ခု ထပ်ဖွင့်ရန် ပြောလိုက်သည်။

သူတို့နှစ်ဦး ထိုဂိတ်ဝင်ပေါက်အတွင်းသို့ ဝင်ရောက်သွားချိန်တွင် ဖီလိုနာသည် ပြင်ပမှ ပြန်ရောက်လာချိန်ကွက်တိဖြစ်သွားခဲ့ပြီး သူမသည် ဂိတ်ပေါက်အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားသည့် သူတို့၏ ကျောပြင်များကိုသာ မြင်လိုက်ရလေသည်။

....

ဂိတ်ပေါက်၏ တစ်ဖက်ခြမ်းတွင် အာရန်သည် ဝေးလံသော တောင်ထိပ်တစ်ခုတွင် ပေါ်လာခဲ့ပြီး မိုင်ပေါင်းထောင်ချီ ကျယ်ဝန်းသော အလွန်ခန်းနားသည် နန်းတော်ကြီးတစ်ခုကို စိုက်ကြည့်နေခဲ့သည်။

ထိုဧရိယာတစ်ဝိုင်အတွင်း လူငယ်၊ လူကြီး အရွယ်စုံကို မြင်တွေ့နေရပြီး အများစုမှာ တက္ကသိုလ်တစ်ခုမှ ကျောင်းသားများဖြစ်ဟန်ရသော တူညီသည့် ယူနီဖောင်းဝတ်စုံများကို ဝတ်ဆင်ထားကြသည်။

အာရန် ပြန်လည်ပေါ်ထွက်လာခဲ့သည့်နေရာသည် တောင်ပိုင်းတိုက်ကြီး ၏ အလယ်ဗဟိုတွင် ဖြစ်လေသည်။

ပုံမှန်အားဖြင့် လုံခြုံရေးများစွာ ရှိနေသောကြောင့် ဤနေရာသို့ ရောက်ရှိရန်မှာ မဖြစ်နိုင်လောက်အောင် ခက်ခဲလေသည်။

---

---

လုံခြုံရေးတာဝန်ခံပုဂ္ဂိုလ်တစ်ဦးသည် သူ၏အသိစိတ်ကို သူရဲကောင်းအကယ်ဒမီ အနီးတစ်ဝိုက်ရှိ နေရာတစ်ခုလုံးကိုလည်း လွှမ်းခြုံထားသဖြင့် မည်သူမျှ မိမိတို့၏ အချက်အလက်များကို ဖော်ထုတ်မခံရဘဲ ဤနေရာသို့ ချက်ချင်း ရောက်ရှိလာနိုင်ခြင်းမရှိပေ။

အနည်းဆုံးတော့ ထိုသို့ပင် ဖြစ်ခဲ့သင့်လေသည်။

သို့သော်လည်း အာရန်သည် ဤနေရာ၏ ကာကွယ်ရေး တာဝန်ခံပုဂ္ဂိုလ်ကို သတ်ပစ်ခဲ့မိပြီးသားဖြစ်နေသည်။

ထိုပုဂ္ဂိုလ်မှာ သူရဲကောင်းအကယ်ဒမီ၏ ဒုတိယကျောင်းအုပ်ဟု အများက သတ်မှတ်ထားသော သူ့ကဲ့သို့ အခြားကမ္ဘာမှလူတစ်ဦး ဝင်ရောက် ပိုင်ဆိုင်ထားသော ဝိညာဥ်လမ်းလျှောက်သူ ပင်ဖြစ်လေသည်။

ဝိညာဥ်လမ်းလျှောက်သူသည် လွန်ခဲ့သည့်ကာလ တစ်ခုကတည်းကပင် သေဆုံးခဲ့ပြီးဖြစ်လေသည်။

ထိုသူ၏ သေဆုံးမှုနှင့်အတူ သူရဲကောင်းအကယ်ဒမီ၏ နေရာအများစုကို လွှမ်းခြုံထားခဲ့သည့် အာကာသဟင်းလင်းပြင်သက်ရောက်မှုများသည် လုံးဝနီးပါး ပျောက်ကွယ်သွားခဲ့လေသည်။

ဟင်းလင်းပြင်စွမ်းအင်ကို ထိမ်ချုပ်နိုင်သည့် စွမ်းရည်ရှိသော အခြာ သူရဲကောင်းအနည်းငယ်ခန့် ရှိနေသေးသော်လည်း သူရဲကောင်းအကယ်ဒမီမှ တစ်ဦးတည်းသော အတုမရှိ S အဆင့် ဟင်းလင်းပြင်သခင်ဖြစ်သော ဝိညာဥ်လမ်းလျှောက်သူလောက် ထိုအစွမ်းကို ကြွမ်းကျင်သည့်သူတော့ တစ်ဦးတစ်လေမျှပင် မရှိနေပေ။

အာရန်သည် ဝိညာဥ်လမ်းလျှောက်သူ ကို သတ်လိုက်မိချိန်က ထိုသူ၏ သေဆုံးမှုသည် ဤနည်းလမ်းဖြင့် သူ့အား အနာဂါတ်တွင် အကျိုးပြုလာလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။

နောက်ဆုံးတွင် အရာအားလုံးသည် တစ်ပတ်ပြန်လည်လာခဲ့ပြီး သူ့အား အကျိုးပြုနိုင်ခဲ့လေသည်။

သို့သော်လည်း အာရန်၏ ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများအရ ပို၍ လွယ်ကူလေလေ ပို၍ သတိထားရမည် ဖြစ်လေလေ ဟုသဘောပေါက်လိုက်သည်။

ဤလောကတွင် အလကားရသည့် အရာဟူ၍ မရှိပေ။

အထူးသဖြင့် သူ့ကဲ့သို့ ကံမျိုးပိုင်ဆိုင်ထား လူများအတွက်ဖြစ်လေသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း သူ၏ ကံသည် အတော်လေး ကောင်းမွန်နေခဲ့သော်လည်း သူ လုံးဝမမျှော်လင့်ထားသည့်အချိန်တွင် သူ့ကံက သူ့ကို ဒုက္ခပေးနိုင်သည်ဟူသော သူ၏ သီအိုရီကိုမူ လက်မလွှတ်နိုင်သေးပေ။

"မစ်ထ်က ဒီသူရဲကောင်းအကယ်ဒမီမှာပဲ ရှိနေသေးတဲ့ပုံရတယ် သူမ ထွက်မသွားသေးဘူး" ဟု ယီလန်က အာရန်ကို ပြောလိုက်သည်။

သူမသည် မစ်ထ်ကို မမြင်နိုင်သော်လည်း အလွန်အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး၏ ဖြစ်တည်မှုကိုမူ ခံစားသိနိုင်နေသည်။

ထိုပုဂ္ဂိုလ်၏ အော်ရာသည်ပင်လျှင် နားလည်ရန် အလွန်ခက်ခဲလှသည်။

လူတစ်ယောက်သည် အားနည်းလေလေ ထိုအော်ရာအရှိန်အဝါကို သတိပြုမိရန် ပို၍ခက်ခဲလေလေဖြစ်သည်။

သာမန်လူတစ်ဦးသည် ထိုအော်ရာထုတ်လွှင့်နေသူ၏ ဘေးတွင် ရပ်မိနေလျှင်ပင် မည်သည့် ထူးဆန်းသောအရာကိုမျှ ရှာတွေ့နိုင်မည်မဟုတ်ပေ။

ပို၍ အစွမ်းထက်သူများသာ ထိုအော်ရာကို ခံစားသိရှိနိုင်ကြမည်ဖြစ်ပြီး ၎င်းသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သိရှိနိုင်ကြလေသည်။

၎င်းသည် ဤသူရဲကောင်းအကယ်ဒမီကျောင်း၏ ကျောင်းတွင်းတစ်နေရာတွင် ငြိမ်နေသော လုံးဝနှိုးဆွ ပေးရန်မသင့်သော ‌အလွန်ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးတစ်ကောင်နှင့်ပင် တူနေသည်။

"ဒီမှာ ကျွန်မတို့ ဘာလုပ်ကြမှာလဲ ရှင်ကကော မစ်ထ်ကို နှောင့်နှေးအောင် ဘယ်လိုအစီအစဥ်တွေ ဆွဲထားတာရှိနေလဲ"

ယီလန်သည် အာရန်ကို မေးလိုက်သော်လည်း သူ၏ အစီအစဉ်များကို ယခုအချိန်ထိ မရှင်းလင်းနေသေးပေ။

"အစီအစဉ်ကတော့ ရိုးရှင်းပါတယ် ဖေးလုပ်ခဲ့သလိုမျိုး ကိုယ်တို့လုပ်ကြည့်ကြမယ်လေ ကိုယ်က သူ့ရဲ့အကြံကို နဲနဲလောက် အတုခိုးလိုက်တယ်ဆိုပါတော့"

အာရန်က မကြာသေးမီက သူရဲကောင်းတစ်ဦးဆီမှ ခိုးယူရရှိထားသော အသွင်ပြောင်းသည့် ပုတ်သင်ညိုသွေးမျိုးဆက်ကို အသုံးပြု၍ သူ၏ သွင်ပြင်ကို ဖေး အဖြစ် ပြောင်းလဲကြည့်ရင်း ပြောလိုက်သည်။

"သူ လုပ်ခဲ့တာကို လိုက်လုပ်ကြမယ်ဟုတ်လား ရှင်...ရှင်က အရှင်သခင်တစ်ယောက်ကို တကယ်ကြီး ပြန်ပေးဆွဲတော့မလို့လား"

ယီလန်သည် အာရန်၏ စကားကြောင့် အလွန်အံ့အားသင့်သွားခဲ့လေသည်။

အာရန်သည် မိစ္ဆာဂိုဏ်း၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုနိုင်အောင် မစ်ထ်အား နှောင့်နှေးစေရန် သို့မဟုတ် အာရုံပြောင်းစေရန် ဤနေရာသို့ ရောက်ရှိလာခြင်းသာဖြစ်သည်ဟု သူမ ထင်ထားခဲ့သည်။

သို့သော် အာရန်သည် မစ်ထ်ကို ပြန်ပေးဆွဲရန် အမှန်တကယ်ပင် စီစဉ်နေသည်တဲ့လား….။

ဤသည်မှာ သူ၏ အစီအစဉ်အစစ်အမှန်တဲ့လား ...။

အာရန် အတွဲ (၄) ပြီးပါပြီ။

#Catfoot

All Chapters