← Chapters

မင်းလည်း တရားမျှတမှုကို အကောင်အထည်ဖော်မှာလား

Vol. 19 Ch. 256

မင်းလည်း တရားမျှတမှုကို အကောင်အထည်ဖော်မှာလား

Vol. 19 Ch. 256

[မိစ္ဆာဂိုဏ်း၏ မဟာအကြီးအကဲတစ်ဦးကို သတ်ဖြတ်နိုင်သည့်အတွက် ဂုဏ်ယူပါသည်။]

[အဆင့် +၁]

[အဆင့် +၁]

[သင်သည် အဆင့် ၃၁ သို့ ရောက်ရှိနိုင်ခဲ့ပါသည်။]

အာရန်၏ ဦးခေါင်းထဲ၌ အသိပေးချက် သုံးခု ထွက်ပေါ်လာပြီး သူ အလွန်တောင့်တ စောင့်ဆိုင်းနေခဲ့ရသော တတိယမြောက် ကြီးမားသော အတားအဆီး နံရံကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း အသိပေးစာရရှိလိုက်လေသည်။

.........

[အမည်: အာရန် (ရန် နက်ခရိုလိုင်း)]

[အဆင့်: ၃၁]

[အချက်အလက် : မိစ္ဆာဂိုဏ်း ၏ အကြီးအကဲ၊ သူရဲကောင်း အကယ်ဒမီ၏ သူလျှို၊ ဝါးမြိုသူ မျိုးဆက်သွေး ပိုင်ရှင်၊ နစ်ခရိုမန်ဆာမျှော်စင်၏ အမွေဆက်ခံသူ၊ ဝိညာဉ်လောက၏ အုပ်စိုးသူ]

[သွေးမျိုးဆက်: အမည်မသိ (၂၅%) ၊ ဝါးမြိုသူ ၊ တော်ဝင်ပင်လယ်နဂါး၊ ပင်လယ်မြွေ၊ ပုတ်သင်ညို]

[စောင့်လျှောက်သူ: ပထမ ဝိညာဉ်ဘုရင်မ ယီလန်]

[စာချုပ်ချုပ်ဆိုထားသော ဝိညာဉ်: ဝိညာဉ်ဘုရင်မ ဖီလိုနာ]

[အသက်: ၂၁]

[စရိုက်လက္ခဏာများ: ရည်မှန်းချက်ကြီးသူ]

-အဆင့်သတ်မှတ်ချက်များ-

[ခွန်အား: ၉၁၅]

[သွက်လက်မှု: ၁၀၁၀]

[ခံနိုင်ရည်: ၉၃၈]

[ဉာဏ်ရည်: ၇၈]

[မာနာ: ၃၀၄၈]

[ကျင့်ကြံခြင်းအဆင့် : မသိ (ချိတ်ပိတ်ထားသည်)]

[သူရဲကောင်းအဆင့်: SSS]

[နတ်ဘုရားမ၏ ကာကွယ်မှု: မသိ]

[ရုပ်ခန္ဓာ: လအရိပ်ရေခဲခန္ဓာ၊ ကံကြမ္မာခန္ဓာ]

[ပိုင်ဆိုင်ထားသော ထူးခြားသည့် ပစ္စည်းများ : အဆိပ်လည်ဆွဲ၊ ပြုပြင်ထားသော လက်နက်၊ အရှင်သခင်သတ်ဓား (မပြည့်စုံ) ၊အနာဂတ်ကို မြင်နိုင်သော ဟောကိန်းလည်ဆွဲ]

[ကျွမ်းကျင်မှုများ: ဓားဧကရာဇ်၏ အော်ရာ၊ အော်ရာ ထိန်းချုပ်နည်း၊ ခွဲခြားသတ်မှတ်ခြင်း ၊ ဝါးမြိုခြင်း၊ ရေနေကျွမ်းကျင်မှု၊ ပျံသန်းခြင်း၊ နဂါးလျှာ၊ နဂါးအသွင်ပြောင်းခြင်း၊ စွမ်းရည်ပေါင်းစည်းခြင်း၊ နှင်းခဲနယ်မြေ၊ အသွင်ပြောင်းလဲခြင်း]

.........

အာရန်သည် တတိယမြောက် ကြီးမားသော အတားအဆီးတစ်ခုကို ကျော်ဖြတ်နိုင်လိုက်သောအခါ သူ၏ ကျင့်စဥ်၊စွမ်းအင်နှင့် အခြားအချက်အလက်များသည် ဒုတိယအမြောက် အတားအဆီးကို ကျော်ဖြတ်ခဲ့စဉ်ကထက်ပင် များစွာ ပိုမိုတိုးပွားလာခဲ့သည်။

ဤတစ်ကြိမ် တိုးပွားမှုသည် သူ၏ ယခင်စိတ်ကူးထားသည်ထက်ပင် များစွာ သာလွန်နေခဲ့သည်။

အချို့ စွမ်းအင်များသည် ငါးဆ သို့မဟုတ် ထိုထက်ပင် ပို၍ တိုးပွားလာခဲ့သည်။

ယခု သူ၏ အချက်အလက်အားလုံးနီးပါးသည် ကျင့်ကြံခြင်း အဆင့် (၅၀) ရှိသော ရှုယင် ကိုပင် ကျော်လွန်သွားခဲ့ပြီးဖြစ်သည်။

တစ်ခုတည်းသော ခြွင်းချက်မှာ သူ၏ ခံနိုင်ရည်အားဖြစ်ပြီး အနည်းငယ်ပင် နိမ့်ကျနေဆဲဖြစ်သည်။

ခွန်အားအရာနှင့်ပတ်သက်၍မူ အာရန်သည် ယခုအချိန်၌ ရှူးယင်၏ အချက်အလက်များထက်ပင် သုံးဆယ်ရာခိုင်နှုန်းခန့် ပို၍ မြင့်မားနေပြီဖြစ်သည်။

သို့သော် အံ့သြဖွယ်အကောင်းဆုံး တိုးတက်မှုမှာ သူ၏ မာနာ အဆင့်များပင် ဖြစ်သည်။

ယခုကဲ့သို့ သူ၏ မာနာများ ပို၍ များပြားလာသောကြောင့် နဂါးလျှာစွမ်းအင်ကို အတိုင်းအတာတစ်ခု အထိ ပိုမိုထိရောက်စွာ အသုံးပြုနိုင်တော့မည် ဖြစ်လေသည်။

သူသည် နဂါးလျှာစွမ်းအင်အသုံးပြုမှု၌ ကျွမ်းကျင်အဆင့်တစ်ယောက် မဟုတ်သေးဘဲ ယခုအချိန်၌ ၎င်း၏ အစွမ်း အနည်းငယ်ခန့်ကိုသာ အသုံးပြုနိုင်သေးသည် ဖြစ်သော်လည်း ၎င်းတို့အားလုံးသည် သူ့အတွက် အလွန်အသုံးဝင်သော အရာများပင် ဖြစ်လေသည်။

အထူးသဖြင့် အခြားသူများက သူသည် နဂါးလျှာအစွမ်းကို အသုံးပြုနေခဲ့သည်ကို မသိနိုင်သောကြောင့် ဖြစ်လေသည်။

သူ၏ နဂါးလျှာအစွမ်းသည် သူ့ထက် ပို၍ အင်အားကြီးမားသော ရန်သူများကိုပင် ခေတ္တမျှ ရင်ဆိုင်နိုင်ရန် သူ၏ အင်အားများကို အချိန်ခဏခန့် တိုးမြှင့်ပေးနိုင်စွမ်းရှိလေသည်။

အထူးသဖြင့် ၎င်းတို့သည် သူ့အား အထင်သေးသည့်အခါတွင် ပို၍ ထိရောက်မှုရှိနိုင်လေသည်။

သူသည် ယခု မဟာအကြီးအကဲကိုလည်း ထိုနည်းအတိုင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သူ၏ လျှင်သွက်လက်မှုများကို ခေတ္တမျှ တိုးမြှင့်ရန် နဂါးလျှာအစွမ်းကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

သို့သော် ဤနေရာ၌ ရှိနေကြသော မည်သူမျှ ထိုအကြောင်းကို မသိနိုင်ပေ။

ယခု သူ၏ အဆင့်သည်လည်း တိုးမြင့်လာပြီဖြစ်သောကြောင့် ၎င်းကို သက်သေပြရန်ပင် စိုးရိမ်စရာ မလိုတော့ပေ။

မည်သို့ပင်ဖြစ်စေ သူသည် ထိုသို့အစွမ်းပြရန်လောက်ဖြင့် ဤနေရာသို့ ရောက်လာခဲ့ခြင်းမဟုတ်ပေ။

သူသည် ပို၍ ကြီးကျယ်ခမ်းနားသော အရာတစ်ခုအတွက် ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်လေသည်။

အာရန်သည် သူ၏ ဒုတိယဦးစားပေးလမ်းကြောင်းအတွက် ရွေးချယ်ခဲ့သော ရွေးချယ်မှုကို ပြီးမြောက်ရန်အတွက်သာ ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်လေသည်။

သူ၏ အချက်အလက်ပြစနစ်ဖန်သားပြင်ထက်တွင် သူ သတိမထားမိသော အခြားပြောင်းလဲမှုတစ်ခုလည်း ရှိနေခဲ့သည်။

အချိန်အတော်ကြာပြီးနောက် သူ၏ စနစ်ဖန်သားပြင်ရှိ စရိုက်လက္ခဏာများနေရာတွင် တစ်စုံတစ်ခုပြောင်းလဲသွားခဲ့သည်။

ယခု သူ၏ စရိုက်လက္ခဏာများနေရာတွင် တည်ငြိမ် ဟူ၍ယခင်က ဖော်ပြထားခဲ့ရာမှ ယခုအခါတွင် ရည်မှန်းချက်ကြီးသူဟု ပြောင်းလဲ ပြသနေလေသည်။

ထိုနေရာရှိ မဟာအကြီးအကဲအားလုံးနီးပါး အထူးသဖြင့် ဇီယာမှာ အာရန်၏ ထိုတန်ပြန်တိုက်ခိုက်မှုကြောင့် အလွန်ပင် အံ့အားသင့်သွားခဲ့သည်။

အဘိုးအိုသည် မဟာအကြီးအကဲများအားလုံးတွင် အားအနည်းဆုံးဖြစ်သော်လည်း သာမန် အကြီးအကဲတစ်ဦးက သူ့အား ထိုမျှလွယ်ကူစွာ သတ်ပစ်နိုင်လောက်သည်အထိ အားနည်းသူ မဟုတ်ပေ။

"သာမန်လှည့်စားမှုအနည်းငယ်ပြုလုပ်လိုက်တာပါ"

ဘိုးဘေးအကြီးအကဲ အနည်းငယ်က အာရန်အား မထီမဲ့မြင်ပြုသော အကြည့်ဖြင့် ကြည့်နေခဲ့ကြသည်။

သူသည် မဟာအကြီးအကဲကို သတ်ခဲ့သော်လည်း ထိုသူသည် ဤကောင်လေးကို အထင်သေးခဲ့သောကြောင့်သာ ဖြစ်ကြောင်း ၎င်းတို့ သိထားကြသည်။

"လူငယ်လေး မင်းက သာမန်အကြီးအကဲတစ်ဦးအတွက် နေရာမဟုတ်တဲ့ ဒီလို အစည်းအဝေးထဲကို အတင်းဝင်လာရဲတဲ့အပြင် ဒါတင်မကဘူး မင်းက တရားမျှတမှုကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့တဲ့ မဟာအကြီးအကဲတစ်ဦးကိုပါ သတ်ပစ်ခဲ့တယ်"

ဘိုးဘေးအကြီးအကဲတစ်ဦးက ထရပ်ကာ သူ၏ မကျေနပ်မှုကို ဖော်ပြလိုက်သည်။

ဤချာတိတ်သည် ၎င်းတို့ကို အနှောင့်အယှက်ပေးရုံသာမက ၎င်းတို့၏ မျက်စိရှေ့၌ ပင် သူတို့၏ လူကို သတ်ပစ်ရဲလေသည်။

ဤသူကို အသက်ရှင်ခွင့်ပေးပါက အနာဂတ်၌ မည်သူက ၎င်းတို့ကို လေးစားကြဦးမည်နည်း။

"တရားမျှတမှုကို အကောင်အထည်ဖော်ချင်တာလား"

အာရန်က ထိုသို့ ပြန်လည် မေးလိုက်ပြီး သူ၏ သိုလှောင်လက်စွပ်အတွင်းမှ အဖြူရောင် အဝတ်စတစ်ခုကို ထုတ်ယူလိုက်သည်။

အာရန်သည် သူ၏ ဓားမှစွန်းပေးနေသော သွေးများကို ထိုအဖြူရောင်အဝတ်စဖြင့် သုတ်လိုက်ကာ ခန်းမအလယ်၌ သေဆုံးလျက်ရှိနေခဲ့သော ဗဟိုဧရိယာ အစောင့်အရှောက်များ၏ ခေါင်းဆောင်ဖြစ်သူကို ရံဖန်ရံခါ လှမ်းကြည့်လိုက်သည်။

၎င်းတို့သည် ၎င်းတို့၏ အင်အားကို ပြသနိုင်ရန်အတွက် ထိုအစောင့်ခေါင်းဆောင်အား နမူနာအဖြစ်ပြသရန် သက်သက်ဖြင့် သတ်ဖြတ်ခဲ့သည်မှာ ရှင်းလင်းနေလေသည်။

"ခင်ဗျား ကလည်း တရားမျှတမှုအတွက် အကောင်အထည်ဖော်ချင်နေတာလား" ဟု သူက ဖန်းယု ပိုင်ဆိုင်သော ပလ္လင်ကို တစ်ချက်ငေးကြည့်ရင်း မေးလိုက်သည်။

ယခုအချိန်၌ ဘိုးဘေးအကြီးအကဲ ကျားယွင်သည် ပလ္လင်ပေါ်၌ ထိုင်နေလျက်ရှိပြီး မည်သည့် တုံ့ပြန်မှုမှ မပြခဲ့ပေ။

အာရန်သည် ထိုဘိုးဘေးအကြီးအကဲ အဘိုးအို၏ သွေးများဖြင့် စွန်းပေနေသော အဝတ်စကို လွှင့်ပစ်လိုက်ရာ မဟာအကြီးအကဲ ကျားယွင်၏ ခြေရင်း၌ ကျရောက်သွားခဲ့သည်။

နောက်ဆုံး၌ သူမသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။

ထိုအတောအတွင်း ဘိုးဘေးအကြီးအကဲ ယန်သည်လည်း အာရန်ကို အလွန်စိတ်ဝင်တစားဟန်ဖြင့် စိုက်ကြည့်နေခဲ့သည်။

သူသည် မည်သည့်နည်းလမ်းကို အသုံးပြုခဲ့သည်ဖြစ်စေ မဟာအကြီးအကဲတစ်ဦးကို သတ်နိုင်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။

သို့သော် သူသည် နောက်ထပ် ဘိုးဘေးအကြီးအကဲတစ်ဦးကို ထိုနည်းအတိုင်း ထပ်မံ အနိုင်ယူနိုင်သေးသည်ဟု ထင်နေခဲ့ခြင်းလား...။

ပထမ၌ သူ၏ စွမ်းရည်များကို ယုံကြည်မှုရှိပုံရသော အာရန်ကို သူ အထင်ကြီးခဲ့သည်။

သို့သော် ယခု အာရန်၏ လုပ်ဆောင်ချက်ကို မြင်သောအခါ သူသည် ထိုသို့ မဟုတ်ကြောင်း သဘောပေါက်လိုက်သည်။

၎င်းသည် ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲခြင်းသာ ဖြစ်လေသည်။

ဤအချိန်၌ပင် ထိုသူ၏ မျက်နှာအမူအရာသည် နဂိုအတိုင်း မပြောင်းလဲဘဲရှိနေကာ သူ၏ အပြုံးသည် လည်း နဂိုအတိုင်းအပြောင်းအလဲမရှိပြုံးနေဆဲဖြစ်လေသည်။

အာရန်သည် သူ့ကို စိတ်ပျက်စေခဲ့သော်လည်း ၎င်းသည် သူ့အား ဖျော်ဖြေမှုပေးနိုင်သူ မဟုတ်ဟု မဆိုလိုပေ။

အနည်းဆုံး သူ၏ သေဆုံးမှုသည် သူ့အတွက် ပျော်စရာကောင်းနေလိမ့်မည်ဖြစ်သည်။

အာရန်ကို သင်ခန်းစာပေးလိုပုံရသော အခြားဘိုးဘေးအကြီးအကဲ၏ လုပ်ဆောင်ချက်၌ သူသည် ဝင်ရောက်စွက်ဖက်လိုခြင်း မရှိပေ။

"ဟင်"

သို့သော် ဘိုးဘေးအကြီးအကဲ ယန်သည် လာမည့် ကြီးကျယ်သော နောက်ထပ် သရုပ် ပြပွဲတစ်ခုကို မျှော်လင့်နေစဉ်မှာပင် သူ၏ နှုတ်ခမ်းပေါ်ရှိ အပြုံးသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရသည်။

သူသည် ရုတ်တရက် အံ့အားသင့်သွားမိကာ သူ၏ ခန္ဓာကိုယ်သည် မသိစိတ်၏ လှုံ့ဆော်မှုဖြင့် ထရပ်လိုက်မိသည်။

ဘိုးဘေးအကြီးအကဲအားလုံးနီးပါးသည် သူအားလှည့် ကြည့်လိုက်ကြသည်။

ဘိုးဘေးအကြီးအကဲယန်မှ ထရပ်လိုက်သည်မှာ အာရန်အား အပြစ်ပေးတော့မည်ဖြစ်သည်ဟု အခြားဘေးအကြီးအကဲများမှ ထင်မှတ်လိုက်ကြသည်။

သို့သော် သူသည် အဘယ်ကြောင့် အံ့အားသင့်နေပုံရသနည်း။

ဘိုးဘေးအကြီးအကဲအချို့သည် ၎င်းအတွက် စိတ်ရှုပ်ထွေးသွားသော်လည်း ထိုအကြောင်းကို များစွာ မတွေးတောခဲ့ကြပေ။

ဤမလေးမခန့်ပြုမူမှုကြောင့် သူသည် အလွန်အံ့အားသင့်သွားခြင်းဖြစ်နိုင်သည်ဟုသာ တွေးမိလိုက်ကြသည်။

အချိန်အတော်များများတွင် ဘိုးဘေးအကြီးအကဲယန်သည် ကိစ္စကြီးငယ်အတာ်များများတွင်ဘာကိုမျှ ဂရုမစိုက်ဘဲ ပျော်ပျော်ပါးပါးသာ ဖြတ်သန်းလိုသူ ကဲ့သို့ ပြုမူခဲ့လေသည်။

ဤတစ်ကြိမ်၌ တစ်စုံတစ်ဦးသည် သူ့အား အလွန်စိတ်ဆိုးစေခဲ့သောကြောင့် သူ သည် အလေးအနက်ထားပြုမူလာခဲ့ခြင်းဖြစ်သလော...။

ဘိုးဘေးအကြီးအကဲ အချို့က ၎င်းသည် သူတို့အား အထင်ကြီးစေရန် အခွင့်အရေးတစ်ခုဟု ထင်မှတ်လိုက်ကြသည်။

၎င်းတို့သည် အာရန်အား ကိုယ်စားဝင်ရောက်ဆုံးမလိုက်ပါက ဘိုးဘေးအကြီးအကဲများ အကြား၌ပင် ထူးခြားသော အဆင့်အတန်းတစ်ခုကိုပိုင်ဆိုင်ထားသော ထိုဘိုးဘေးအကြီးအကဲယန်နှင့် နီးစပ်သွားနိုင်သည်ဟု တွေးမိလိုက်ကြသည်။

ဘိုးဘေးအကြီးအကဲကျားယွင် သည်လည်း ဘိုးဘေးအကြီးအကဲ ယန် ကဲ့သို့ပင် ထိုအရာကို သတိပြုမိလိုက်သဖြင့် မျက်မှောင်ကြုတ်သွားခဲ့သည်။

အာရန်သည် သူ၏ ဓားမှ သွေးများကို သုတ်နေစဉ် လူအများစု သတိမထားမိခဲ့သော လက်စွပ်တစ်ကွင်း သူ၏ လက်ချောင်းများ၌ ရှိနေလေသည်။

သို့သော် ထိုလက်စွပ်သည် သာမန်လက်စွပ်တစ်ကွင်း မဟုတ်သောကြောင့် သူမ သည် ချက်ချင်း သတိပြုမိလိုက်ခြင်းဖြစ်သည်။

(ဘာသာပြန်သူမှတ်ချက်။ ။ သတိထားမိကြလားတော့မသိဘူး၊ အာရန်ရဲ့ သွေးမျိုးဆက်ဖော်ပြချက် နောက်ဆုံးမှာ ပုတ်သင်ညို လို့ဖော်ပြထားတာဟာ အပိုင်း (၂၁၉) တုံးက ရုတ်တရက်ပေါ်လာတဲ့ အသွင်ပြောင်းလဲခြင်းအစွမ်းရှိတဲ့ 'ထရိုင်စင်' ဆိုတဲ့ သူရဲကောင်းဆီက ဝါးမြိုထားတဲ့အစွမ်းပါ သူ့နှလုံးကိုဘယ်အချိန်ထုတ်စားလိုက်သလဲတော့ မဖော်ပြထားပေမဲ့ ဆုံးရှုံးခြင်းတောင်တန်းအတွင်းမှာ ရှိစဉ်ကဖြစ်မယ်လို့ယူဆရပါတယ်)

#Catfoot

All Chapters