လက်စွပ်ကို အသုံးပြုခြင်း
Vol. 19 Ch. 257
အာရန်၏ လက်ချောင်းပေါ်တွင်ဝတ်ဆင်ထားသော လက်စွပ်သည် ဂိုဏ်းချုပ်များ အသုံးပြုသော လက်စွပ်ပင်ဖြစ်လေသည်။
နောက်ထပ်ဂိုဏ်းချုပ်အသစ်တစ်ယောက်ကို ရွေးချယ်ရာ၌လည်း လက်စွပ်လွှဲပြောင်းခြင်းဖြင့် ဂိုဏ်းချုပ်သစ်ကို ခန့်အပ်လေ့ရှိသည်။
ထို့ကြောင့်လည်း ဖန်းယုသည် ထိုစဥ်အချိန်က အင်အားမကြီးမားသေးသော်လည်း အတိတ်၌ ဂိုဏ်းချုပ်ဖြစ်လာနိုင်ခဲ့ခြင်းဖြစ်လေသည်။
ဤလက်စွပ်သည် ဘိုးဘေးအကြီးအကဲများမှ ဂိုဏ်းချုပ်ရာထူးကို ရယူရန် အတင်းအကျပ် မသမာသည့်နည်းလမ်းများဖြင့် ကိုယ်တိုင်လုမယူခဲ့ကြသည့် တစ်ခုတည်းသော အကြောင်းအရင်းလည်း ဖြစ်လေသည်။
ထိုစဥ်က ၎င်းတို့ထဲမှအများစုသည် ဖန်းယုကို ထိုလက်စွပ်အားလွှဲပြောင်းပေးရန် နည်းလမ်းပေါင်းစုံဖြင့် လှည့်စားခဲ့ကြလေသည်။
သူမသည် ငယ်ရွယ်လွန်းပြီး သူမ၏ မရင့်ကျပ်မှုများကြောင့် ဂိုဏ်းကို ပျက်စီးစေလိမ့်မည်ကို ကြောက်ရွံ့မိကြောင်း အချို့ကပြောဆိုခဲ့ကြသည်။
ထို့ပြင် ၎င်းတို့ထဲမှ အချို့ကမူ မိစ္ဆာဂိုဏ်းသည် သူမကဲ့သို့ အားနည်းသော ဂိုဏ်းချုပ်နှင့် မထိုက်တန်ဟုလည်း ဆိုခဲ့ကြသေးသည်။
ထိုအကြီးအကဲများက မည်သို့ပင်ဖိအားပေးစေကာမူ ဖန်းယုသည် ၎င်းတို့ကို ထိုဂိုဏ်းချုပ်ရာထူးကို လွှဲပြောင်း မပေးခဲ့ပေ။
နောက်ဆုံး၌ ဘိုးဘေးအကြီးအကဲများသည် အခြားနည်းလမ်းများကိုသာ ကြိုးစားနိုင်ခဲ့လေသည်။
၎င်းတို့သည် ဂိုဏ်းအတွင်း သွေးချောင်းစီးမှုကြီးတစ်ခုဖြစ်စေခဲ့မည်မှန်းမသိခဲ့ပဲ သူမကို သတ်ရန် ကြိုးစားခဲ့ကြလေသည်။
ထိုစဥ်က ထိုပုန်ကန်မှု၌ ပါဝင်ခဲ့ကြသောသူအားလုံးကို ဖန်းယုသည် တစ်ယောက်မကျန် သတ်ပစ်ခဲ့လေသည်။
ထိုစဥ်က ငြိမ်နေခဲ့ကြသူများ သို့မဟုတ် ထိုပုန်ကန်မှုအတွင်း၌ ကြားနေခဲ့သူများကိုပင် အလွတ်မပေးခဲ့ပေ။
ဖန်းယုသည် သစ္စာဖောက်အားလုံးကို သုတ်သင်ပြီးသောအခါ ထိုကာလ၏ မဟာအကြီးအကဲများအားလုံးကို ပြင်ပကမ္ဘာ၏ နေ၏ အလင်းရောင်ကို ဘယ်တော့မှ မမြင်နိုင်စေရန် သက်ဆိုင်ရာနေရာများတွင် အတင်းအကျပ် တံခါးပိတ်၌ ကျင့်ကြံနေစေခဲ့သည်။
ထိုအရာအားလုံးသည် ယခု အာရန်၏ လက်ချောင်းပေါ်ရှိ ထိုလက်စွပ်လေးတစ်ကွင်းကနေ အစပြုခဲ့ခြင်း ဖြစ်လေသည်။
ဤလက်စွပ်တစ်ခုသည် ဂိုဏ်း၏ အဆင့်အတန်းအားလုံးကို ပြောင်းလဲခဲ့သည်။
အာရန်သည် ဘိုးဘေးအကြီးအကဲကျားယွင် နှင့် ဘိုးဘေးအကြီးအကဲယန်တို့၏ ထူးဆန်းသော မျက်နှာအမူအရာများကို သတိပြုမိလိုက်သည်။
သူ၏ လက်စွပ်ကို သတိပြုမိသော အနည်းငယ်သောအကြီးအကဲများသည်လည်း ထိုကဲ့သို့ မျက်မှောင်ကြုတ်မိသည့် အမူအရာအချို့ပြသမိကြလေသည်။
သို့သော် ၎င်းတို့၏ မျက်လုံးထဲ၌ သူ၏ လက်အောက်တွင် ခိုလှုံမည်ဟူသည့် အနည်းငယ်မျှသော ဆန္ဒကိုပင် သူ မမြင်တွေ့ခဲ့ရပေ။
၎င်းတို့သည် သူ့ကို တိုက်ရိုက်မတိုက်ခိုက်ခဲ့သော်လည်း အကယ်၍ အခွင့်အရေးတစ်ခုရခဲ့မည်ဆိုပါက သူ့ကို ဓားဖြင့်ထိုးရန် ၎င်းတို့ထဲမှ မည်သူမျှ တွန့်ဆုတ်နေမည်မဟုတ်သည်မှာ ရှင်းလင်းနေသည်။
ဖြစ်နိုင်လျှင် အာရန်သည် ဤကဲ့သို့သော အခြေအနေမျိုးတွင် ဝင်မပါလိုခဲ့ပေ။
သို့သော် ၎င်းသည် သူ့အတွက် အရေးပါသော အကျိုးအမြတ်တစ်ခု အတွက်ဖြစ်နေလေသည်။
သူသည် ယခုအချိန်၌ ဂိုဏ်းချုပ်ရာထူးကို ရယူရမည်ဖြစ်လေသည်။
ယခုတစ်ကြိမ်တွင်သာ သူ ကျရှုံးခဲ့ပါက အနာဂတ်၌ ဤအခွင့်အရေးကို ရရန်မှာ လုံးဝ မဖြစ်နိုင်တော့ပေ။
ဤနေရာ၌ရှိနေသော ဘိုးဘေးအကြီးအကဲများသည် သူ့ကို သတ်ပစ်နိုင်လောက်သည် အထိ အင်အားကြီးမားကြသော်လည်း အာရန်သည် ယခုအချိန်ထိ တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်နေဆဲဖြစ်လေသည်။
၎င်းတို့သည် သူ့ကို သတ်ပစ်နိုင်လောက်အောင်အထိ အင်အားကြီးမားကြသည်မှာ မှန်သော်လည်း သူသည် ယခုအချိန်၌ မိစ္ဆာဂိုဏ်း၏ ဗဟိုဧရိယာအတွင်း၌ရှိနေကာ အဓိက နန်းတော်အတွင်း တည်ရှိနေနိုင်သမျှကာလပတ်လုံး ၎င်းတို့သည် သူ့အား ထိခိုက်အောင် လုပ်နိုင်လိမ့်မည်မဟုတ်ပေ။
ဤနန်းတော်ဆောင်သည် ဂိုဏ်းချုပ်၏ တရားဝင်နေထိုင်ရာနေရာတစ်ခု ဖြစ်ရုံသာမကပဲ ဂိုဏ်း၏ အဓိက ဘဏ္ဍာတိုက်ကြီး တည်ထားရာ နေရာလည်း ဖြစ်လေသည်။
၎င်းသည် ဂိုဏ်းချုပ်တစ်ဦးတည်းသာ စိတ်ကြိုက်ဝင်ရောက်နိုင်သော နေရာတစ်ခုဖြစ်ပြီး ၎င်းအတွက်သော့မှာ သူဝတ်ဆင်ထားသော လက်စွပ်မှလွဲ၍ အခြားမဟုတ်ပေ။
အာရန်သည် ဤနေရာရှိ ဘဏ္ဍာပစ္စည်းများကို လောဘစိတ် မရှိပေ။
သူ့ကို အများဆုံး ဆွဲဆောင်နေသောအရာမှာ ဤနေရာရှိ ကာကွယ်ရေး ဝင်္ကဘာများ၏ ဖွဲ့စည်းတည်ဆောက်ပုံ ပုံစံကွက်များပင်ဖြစ်လေသည်။
ဘဏ္ဍာတိုက်သည် ဤနေရာ၌ ရှိနေသည့်အပြင်
နန်းတော်တစ်ခုလုံးအပေါ် ဖြန့်ကျက်ထားသော ကာကွယ်ရေးပုံစံကွက်များသည် လုံးဝကွဲပြားခြားနားသော အဆင့်တစ်ခု၌ ရှိနေလေသည်။
၎င်းတို့ကိုလည်း ဤလက်စွပ်ဖြင့်သာ အသက်သွင်းနိုင်လေသည်။
သူသည်သာ သတိထား၍ နေနေသမျှကာလပတ်လုံး ဤနေရာ၌ သူ့ကို မည်သူမျှ မသတ်နိုင်ပေ။
အဘယ့်ကြောင့်ဆိုသော် ဤနေရာရှိ ဖွဲ့စည်းတည်ဆောက်ပုံ ပုံစံကွက်အားလုံးသည် သူ၏ ထိန်းချုပ်မှုအောက်၌ လုံးလုံးလျားလျားရှိနေပြီ ဖြစ်သောကြောင့် ဖြစ်လေသည်။
သို့သော် ဤဖွဲ့စည်းတည်ဆောက်ပုံ ပုံစံကွက်များ၌ ချို့ယွင်းချက်လုံးဝ မရှိသည်တော့ မဟုတ်ကြောင်း သူသိထားပြီးဖြစ်သည်။
ထိုသို့မဟုတ်ပါက ဖေး သည် ဖန်းယုအား ဤနေရာမှ ခေါ်ထုတ်သွားနိုင်ခဲ့မည် မဟုတ်ပေ။
ကံကောင်းစွာဖြင့် ဤနေရာရှိ လူများသည် ထိုပုံစံကွက်၏ ချို့ယွင်းချက်များအကြောင်း ကို သိမထားကြပေ။
ဖေး ပင်လျှင် ဖန်းယုကို ပြန်ပေးဆွဲရန် အစီအစဉ်တစ်ခုလုံးကို ချမှတ်နိုင်ခဲ့ခြင်းမှာ အဓိကအားဖြင့် စာရေးဆရာကူညီပေးခဲ့သောကြောင့်သာ ဖြစ်လေသည်။
အာရန်သည် အကယ်၍ ခေတ္တခဏဖြစ်ဖြစ် မိစ္ဆာဂိုဏ်းချုပ်သာ ဖြစ်လာနိုင်ပါက သူသည် နောက်ထပ် မေးခွန်းဘောက်ချာတစ်ခုကိုလည်း ထပ်မံ လက်ခံရရှိနိုင်မည်ဖြစ်ပြီး ထိုပုဂ္ဂိလ် နှင့် နောက်တစ်ကြိမ်ထပ်မံ တွေ့ဆုံနိုင်ဦးမည်ဖြစ်သည်။
"မင်းက မာနအတော်ကြီးတဲ့ကောင်ပဲ မင်းရဲ့ သင်္ချိုင်းဂူကို ကိုယ်တိုင် မမြင်ရမချင်း ကျေနပ်မှာ မဟုတ်ဘူးထင်တယ်"
ထိုလက်စွပ်အကြောင်းကို သတိမထားမိသေးသော ဘိုးဘေးအကြီးအကဲတစ်ဦးသည် အာရန်၏ မာနကြီးမှုကြောင့် ဒေါသတကြီး တုံ့ပြန်လိုက်သည်။
ဤလူငယ်သည် မဟာအကြီးအကဲတစ်ဦးကို သတ်ဖြတ်နိုင်ခဲ့ရုံမျှဖြင့် သူသည် အရှင်သခင်တစ်ဦးအဆင့် ထိပင်ရောက်သွားပြီဟုပင် သူ့ကိုယ်သူ သွေးနားထင်ရောက်နေပြီလား...။
"ငါ့ရှေ့မှာ ဒူးထောက်စမ်း"
ဘိုးဘေးအကြီးအကဲသည် တစ်ချက် ဟိန်းဟောက်လိုက်ပြီး သူ၏ အသံ၌ ကြီးမြတ်မှု၊ မြင့်မြတ်မှုတို့နှင့် ပြည့်စုံနေသောအင်အားကြီမားသည့် စွမ်းအားတစ်ခုပါဝင်နေပြီး မဟာအကြီးအကဲတိုင်း သည် သူတို့၏ ဦးခေါင်းများ ပေါက်ကွဲတော့မည့်အလား ခံစားမိလိုက်ကြသည်။
ခန်းမတစ်ခုလုံး၌ ကြောက်မက်ဖွယ်ကောင်းသော အော်ရာတစ်ခု ကျရောက်လာခဲ့သည်။
မဟာအကြီးအကဲများသည် ထိုဖိအားဒဏ်ကို မခံနိုင်ကြတော့ဘဲ ဒူးထောက်ထိုင်ချလိုက်ကြရလေသည်။
အချို့မှာ နားနှင့် နှာခေါင်းများမှ သွေးများပင် ယိုစိမ့်ထွက်လာကြသည်။
၎င်းသည် မဟာအကြီးအကဲများအထက် လုံးဝကွဲပြားခြားနားသော အဆင့်တစ်ခု၌ ရှိနေသော ဘိုးဘေးအကြီးအကဲတစ်ဦး၏ အော်ရာပင်ဖြစ်လေသည်။
ဖန်းယုကို ခဏခန့်မေ့ထားပါက ၎င်းတို့သည် မိစ္ဆာဂိုဏ်း၏ အင်အားအကြီးမားဆုံးသော ဖြစ်တည်မှုများပင် ဖြစ်ကြသည်။
ဘိုးဘေးအကြီးအကဲများမှလွဲ၍ ခန်းမတစ်ခုလုံးနီးပါး ဒူးထောက်မိလျက်သား ဖြစ်သွားကြသည်။
သို့သော် ဒူးမထောက်သော နောက်ထပ်လူသားတစ်ဦးတော့ ရှိနေခဲ့သည်။
၎င်းမှာ ဓားဧကရာဇ်၏ အော်ရာဖြင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းထားသော အာရန်မှလွဲ၍ အခြားသူမဟုတ်ပေ။
နန်းတော်အတွင်း၌ ဖြစ်သဖြင့် သူ၏ အော်ရာသည် လက်စွပ်၏ အကူအညီဖြင့် ပေါင်းစပ်လိုက်သောအခါ ပို၍ပင် ခုခံအားများ တိုးမြှင့်သွားခဲ့လေသည်။
အာရန်သည် ထိုဘိုးဘေးအကြီးအကဲ၏ အော်ရာသက်ရောက်မှုကို လုံးဝ တွန်းလှန်နိုင်ခဲ့ပေသည်။
၎င်းကို အနည်းငယ်မျှပင် သက်ရောက်မှုမရှိသကဲ့သို့ ဖြစ်လေသည်။
ဘိုးဘေးအကြီးအကဲ၏ ထိုပြင်းထန်သည့် ဖိနှိပ်မှုအောက်၌ပင် သူသည် ရှေ့သို့ တစ်လှမ်းခြင်း ဆက်လက် လျှောက်လှမ်းနေခဲ့ကာ ဘိုးဘေးအကြီးအကဲ ကျားယွင် ထိုင်လျက်ရှိနေသော ပလ္လင်ရှေ့ရောက်သောအခါတွင်မှ ရပ်တန့်လိုက်သည်။
အာရန်သည် သူ့အား ဖိနှိပ်ရန် ကြိုးစားသော ဘိုးဘေး အကြီးအကဲကိုပင် အာရုံမစိုက်တော့ဘဲ ထိုသူသည် သူ၏ အာရုံစိုက်မှုကိုပင် မထိုက်တန်သကဲ့သို့ ပြုမူလိုက်သည်။
"ငါ့ကိုတောင် လျစ်လျူရှုရဲတယ်လား"
ဘိုးဘေးအကြီးအကဲသည် သူက သာမန်ပုရွက်ဆိတ်တစ်ကောင်ဟုသာ ယူဆထားခဲ့သော သာမန်အကြီးအကဲတစ်ယောက်၏ လျစ်လျူရှုခြင်းခံရသောကြောင့် အလွန်အမင် ဒေါသထွက်ခဲ့သည်။
အာရန်သည် သူ၏ အော်ရာ ဖိနှိပ်မှုအား မည်သို့ လျစ်လျူရှုနိုင်ခဲ့သည်ကို နားမလည်နိုင်ခဲ့သော်လည်း ၎င်းသည် ကာကွယ်ရေးအဆောင်ပစ္စည်းတစ်ခုခု၏ သက်ရောက်မှုကြောင့်သာ ဖြစ်မည်ဟုသာ ယုံကြည်လိုက်သည်။
ထိုလူငယ်သည် သူ၏ အော်ရာ ဖိနှိပ်ခံရမှုအား ခုခံကာကွယ်နိုင်သော အဆောင်ပစ္စည်းတစ်ခုရှိနေလျှင်လည်း ဘာအရေးနည်း ထိုအရာသည် အမှန်တကယ် တိုက်ခိုက်မှုတွင်လည်း သူ့အား ထပ်မံ ကယ်တင်ပေးနိုင်ဦးမလားဆိုသည်ကို သူသိလိုနေခဲ့သည်။
ဘိုးဘေးအကြီးအကဲသည် ဤမခန့်လေးစားပြုမူ မှုအတွက် အာရန်ကို သတ်ရန် ဆုံးဖြတ်ပြီးဖြစ်သည်။
"သစ္စာဖောက်က ဂိုဏ်းချုပ်သစ်ကို အန္တရာယ်ပြုဖို့ ကြိုးစားနေတယ် ကျုပ် သူ့ကို သတ်မှဖြစ်လိမ့်မယ်" ဟု ထိုဘိုးဘေးအကြီးအကဲက အာရန်ကို တိုက်ခိုက်ရင်း ကြိုတင် အကြောင်းပြချက်တစ်ခုပေးကာ စတင်တိုက်ခိုက်ရန် ပြုမူလိုက်လေသည်။
အာရန်သည် ထိုကိုယ့်နေရာကိုယ် မသိသော ဘိုးဘေးအကြီးအကဲကို တစ်ချက်စိုက်ကြည့်လိုက်သောအခါ သူ၏ လက်ချောင်းပေါ်ရှိ လက်စွပ်သည် စတင်၍ အရောင်များ တောက်ပလာခဲ့သည်။
ခန်းမကြီးအထက်၌ ပုံစံကွက်ဇယားတစ်ခု ပေါ်လာပြီး ထိုဘိုးဘေးအကြီးအကဲ၏ ဖိနှိပ်ခြင်းထက်ပင် ပို၍ အားကောင်းသော ဖိနှိပ်မှုတစ်ခုကို ထုတ်လွှတ်ပေးလိုက်သည်။
#Catfoot