ငါလက်ခံလိုက်ပြီ
Vol. 19 Ch. 259
---
ဘိုးဘေးအကြီးအကဲ ယန်၏ ရယ်သံများသည် အဓိကခန်းမဆောင်ကြီးဆီမှ တဖြည်းဖြည်း ဝေးကွာသွားပြီးနောက် ကြီးမားသော တိတ်ဆိတ်မှုတစ်ခုသာ ကျန်ရစ်ခဲ့လေသည်။
မဟာအကြီးအကဲများသည် အစောပိုင်းက ဖိနှိပ်မှုဆီမှ ပြန်လည် နာလန်ထူနေရဆဲဖြစ်သော်လည်း သတိကြီးစွာဖြင့် အချင်းချင်း ကြည့်လိုက်မိကြသည်။
၎င်းတို့သည် ဘိုးဘေးအကြီးအကဲများမှာ အာရန်အား အဘယ်ကြောင့် မတိုက်ခိုက်ကြကြောင်း နားမလည်နိုင်ဖြစ်နေကြလေသည်။
အာရန်သည် ၎င်းတို့ထဲမှ တစ်ဦးကို သတ်ဖြတ်ခဲ့သော်လည်း အဘယ်ကြောင့် ၎င်းတို့သည် တိတ်ဆိတ်စွာဖြင့် အမှီးကုပ်၍ ထွက်ခွာသွားကြပါသနည်း။
အာရန်သည် ပလ္လင်ပေါ်တွင် မှီလျက်ထိုင်နေကာ လက်တင်ခုံပေါ်ရှိ ရှုပ်ထွေးသော ပန်းပုလက်ရာများကို လက်ချောင်းထိပ်လေးများဖြင့် ကစားနေမိသည်။
"ခဏနေပါဦး အဲဒီလက်စွပ်ကို ကြည့်လိုက်ဦး အဲဒါက ဂိုဏ်းချုပ်ရဲ့ လက်စွပ် မဟုတ်ဘူးလား"
မဟာအကြီးအကဲတစ်ဦးက ရုတ်တရက် ထအော်လိုက်ရာ လူအားလုံး၏ အာရုံကို ဖမ်းစားနိုင်လိုက်သည်။
ထိုသူ၏ စကားလုံးများသည် ခန်းမအတွင်း ပဲ့တင်ထပ်သွားသည်နှင့်အမျှ မဟာအကြီးအဲကဲများသည် ရုတ်တရက် သဘောပေါက်သွားကြသည်။
၎င်းတို့သည် လက်စွပ်ကို သေခြာစွာ အကဲခပ်လိုက်ကြရာ ဂိုဏ်းချုပ် ဝတ်ဆင်လေ့ရှိသည့် လက်စွပ်နှင့် အမှန်တကယ်ပင် အတူတူဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြသည်။
ထိုလက်စွပ်ကြောင့် အာရန်သည် နန်းတော်၏ ဖွဲ့စည်းပုံပုံစံကွက် ကို ထိန်းချုပ်နိုင်ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
"ဘာလို့ အဲဒီလက်စွပ်က ရှင့်ဆီမှာ ရှိနေရတာလဲ"
ဟု ဇီယာက ထိတ်လန့်တုန်လှုပ်စွာ ဖြင့်မေးလိုက်သည်။
"ဂိုဏ်းချုပ် ဘာဖြစ်သွားတာလဲ"
ယခုအချိန်အထိ သူမသည် ဂိုဏ်းချုပ် သေဆုံးသွားပြီဖြစ်ကြောင်း ကောလာဟလများကိုသာ ကြားခဲ့ရခြင်းဖြစ်သည်။
သို့သော် အာရန်လက်ထဲ၌ လက်စွပ်ကို မြင်တွေ့ရခြင်းက သူမ၏ သံသယများကို အတည်ပြုသကဲ့သို့ ဖြစ်စေခဲ့သည်။
ဂိုဏ်းချုပ်သည် အမှန်တကယ်ပင် သေဆုံးသွားခဲ့ခြင်းသာ ဖြစ်လေသည်။
ထိုသို့မဟုတ်ပါက သူမ၏ လက်စွပ်သည် အာရန်၏ လက်ချောင်းများပေါ်သို့ အဘယ်ကြောင့် ရောက်ရှိနေရမည်နည်း။
အကယ်၍ သူမ သာ လက်စွပ်အကြောင်း သိမထားခဲ့လျှင် အာရန် သည် ဖန်းယုကို သတ်ဖြတ်ကာ လက်စွပ်နှင့် မိစ္ဆာဂိုဏ်းတစ်ခုလုံးကို လုယူခဲ့ခြင်းဖြစ်မည်ဟုပင် ယူဆမိမည်ဖြစ်သည်။
ကံကောင်းစွာပင် ဇီယာသည် လက်စွပ်အကြောင်းကို အတော်လေးသိရှိထားခဲ့သည်။
ထိုလက်စွပ်ကို တစ်ဦးမှ တစ်ဦးသို့သာ လွှဲပြောင်းပေးနိုင်ပြီး လုယူ၍ မရပေ။
တစ်စုံတစ်ဦးက ဂိုဏ်းချုပ်ကို သတ်ဖြတ်ခဲ့လျှင်တောင်မှ ထိုလက်စွပ်ကို ဂိုဏ်းချုပ်ထံမှ ယူဆောင်သွား၍ မရပေ။
ထိုသို့ဖြစ်သွားခဲ့ပါက လက်စွပ်သည် အာကာသဥပဒေသများ၏ သက်ရောက်မှု မှတစ်ဆင့် ယခင်ဂိုဏ်းချုပ်မှ ဂိုဏ်းချုပ်အသစ်အဖြစ် သတ်မှတ်ပေးထားခဲ့သူထံသို့ တိုက်ရိုက်ပင် ရောက်ရှိသွားပေလိမ့်မည်ဖြစ်သည်။
ဒါ့ကြောင့်လည်း ဇီယာက ဘိုးဘေးအကြီးအကဲများအား ရှုယင်ပြန်မရောက်လာမချင်း အချိန် ဆွဲထားချင် နေခဲ့ခြင်းဖြစ်လေသည်။
ဂိုဏ်းချုပ်သာ အမှန်တကယ်သေဆုံးသွားခဲ့ခြင်းဖြစ်ပါက လက်စွပ်သည် ရှုယင်ဆီ သို့သာ ရောက်ရှိသွားလိမ့်မယ်လို့ သူမ ယုံကြည်ထားခဲ့၏။
အကယ်၍ ရှုယင်သာ လက်စွပ်ဖြင့် ပြန်ရောက်လာခဲ့သည်ဆိုပါက ဘိုးဘေးအကြီးအကဲများပင် သတိထားဆက်ဆံရမည်ဖြစ်လေသည်။
သို့သော် လက်စွပ်သည် အာရန်ဆီသို့ ယခုကဲ့သို့ရုတ်တရက်ရောက်ရှိသွားခဲ့လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
ဇီယာသည် အာရန်အား သံသယမျက်လုံးများဖြင့် ကြည့်လိုက်မိသည်။
သူတို့နှစ်ယောက်က တကယ်ပဲ ဒီလောက်အထိ ရင်းနှီးခဲ့ကြသည်တဲ့လား...။
အတိတ်တွင် ဖန်းယုနှင့်အာရန်သည် ရှုယင်အား တိတ်တိတ်လေးခိုး၍ သစ္စာဖောက်ခဲ့ခြင်းများလားဟုပင် သူမ တွေးမိလိုက်သေးသည်။
သို့သော် ဖန်းယုရဲ့ အေးစက်စက် စရိုက်ကို ပြန်လည် သတိရလိုက်သောအခါ ထိုအတွေးများသည် အဘယ်မျှ အဓိပ္ပါယ်မရှိမှန်း သဘောပေါက်လိုက်သည်။
'အဲဒီအမျိုးသမီးက ဘယ်သူ့ကိုမှ မချစ်တတ်ခဲ့ဘူး ယောက်ျားတစ်ယောက်ကို ချစ်မိသွားဖို့ဆိုတာမဖြစ်နိုင်သလောက်ပဲ.... မိစ္ဆာဂိုဏ်းနဲ့ သူမရဲ့ လက်စားချေမှုအပေါ်မှာပဲ တစ်ချိန်လုံး အာရုံစိုက်နေခဲ့တာ'
ဤသို့ဆိုပါက အာရန်သည် ဂိုဏ်းချုပ်သစ်အဖြစ် အကောင်းဆုံးရွေးချယ်မှုဟု သူမ အမှန်တကယ်ပင် ယူဆခဲ့၍လား...။
သူမ တွေးလေလေ ပိုပြီး ဆက်စပ်မိလာလေလေ ဖြစ်လာခဲ့သည်။
အာရန်တွင် ဤဂိုဏ်းမှာ မည်သူမှ မသိသေးသော လျှို့ဝှက်ဂုဏ်ပုဒ်တစ်ခုလည်း ရှိနေပေသေးသည်။
၎င်းမှာ 'အကောင်းဆုံး အဂ္ဂိရတ်ပညာရှင်' ဆိုခြင်းပင်ဖြစ်သည်။
ဖန်းယုသည် သူ့အား ဂိုဏ်းသို့ ကိုယ်တိုင်ခေါ်လာခဲ့သူဖြစ်သောကြောင့် ထိုအကြောင်းကို သေချာပေါက် သိနေခဲ့မည်ဟု သူမ ယုံကြည်သည်။
သူ့ရဲ့ အဂ္ဂိရတ်ပညာအဆင့်ပေါ်မူတည်ပြီး သူ့ကို အကြီးအကဲအဖြစ်ပဲ ခန့်အပ်ထားခဲ့ပြီး မဟာအကြီးအကဲအဖြစ် တိုက်ရိုက်မခန့်တာက သူ့ကို ကာကွယ်ပေးချင်လို့များလားဟု သူမ တွေးလိုက်မိ၏။
ထိုအရာက ဖန်းယုနှင့် အာရန်ကြားက ရင်းနှီးသော ဆက်ဆံရေးနှင့် ဖန်းယုသည် အဘယ်ကြောင့် အာရန်အား သီးသန့်တာဝန်များ မကြာခဏ ပေးလေ့ရှိသည့် အကြောင်းရင်းကိုလည်း တစ်ခါတည်း ရှင်းပြပြီးသားဖြစ်သွားလေသည်။
အာရန်သည် အဂ္ဂိရတ်ပညာတွင် ပါရမီပါရှိရုံသာမက အလွန်စွမ်းအားကြီးသူတစ်ဦးလည်း လည်း ဖြစ်လေသည်။
သူသည် အစောပိုင်းက မဟာအကြီးအကဲကို သတ်ခဲ့စဥ်ကပင် ပုံစံကွက်ထိမ်းချုပ်မှု၏ အကူအညီကို ယူခဲ့ခြင်းမဟုတ်ကြောင်း သူမ သေခြာသိထားလေသည်။
ယခုအချိန် သူ့အား အကဲခတ်ကြည့်မိသောအခါ သူမပင် သူ၏ ခွန်အားကို မမြင်နိုင်တော့ဟု ခံစားလိုက်ရသည်။
---
သူမသည် ပြောမပြတတ်သော အကြောင်းရင်းတစ်ခုကြောင့် သူတို့နှစ်ဦးသာ အစစ်အမှန် တိုက်ခိုက်ခဲ့ပါက သူသည် အာရန်အား အနိုင်ယူနိုင်မည်မဟုတ်ကြောင်း ခံစားမိလိုက်သည်။
၎င်းသည် မှားယွင်းသော အာရုံခံမှုသက်သက်ပင်လား သို့မဟုတ် တကယ့် အမှန်တရားလားဆိုသည်ကိုမူ သူမ မသေချာသော်လည်း သူသည် ယခုအချိန်၌ ယခင်ကနှင့် လုံးဝ ကွဲပြားခြားနားသော ပုဂ္ဂိုလ်တစ်ဦးကဲ့သို့ ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။
"ဂိုဏ်းချုပ် ကွယ်လွန်သွားပြီ သူမ ကွယ်လွန်ပြီးတဲ့နောက်မှာ သူမရဲ့ ဆန္ဒအတိုင်း ကျုပ်ဟာ မိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ်သစ်အဖြစ် ရွေးချယ်ခံပါတယ်" ဟု အာရန်က သူ၏ လက်ကို မြှောက်ပြလိုက်ကာ ထိုလက်စွပ်ကို လူတိုင်း မြင်သာစေရန် ပြသလိုက်သည်။
လူအများစုသည် သူ၏ ကြေညာချက်ကို အံ့အားသင့်ခြင်း မရှိကြတော့ပေ။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဂိုဏ်းချုပ် သေဆုံးသွားပြီးဟု ယခင်ကတည်းက ပင် ယူဆထားကြပြီး ဖြစ်သောကြောင့် ဖြစ်သည်။
၎င်းတို့သည် ထိုသို့ ကျူးလွန်ခဲ့သူကိုသာ သိလိုစိတ် ရှိကြသည်။ အချို့က အာရန်သည်ပင် လူသတ်သမား ဖြစ်နေမလားဟု တွေးတောမိခဲ့ကြသည်။
အကယ်၍ အရှင်သခင်တစ်ဦးဦး၏ လက်ချက်သာ မဟုတ်ပါက မိစ္ဆာဂိုဏ်းချုပ်ဖန်းယုအား သတ်ဖြတ်ရန် တစ်ခုတည်းသော နည်းလမ်းမှာ သူမ၏ ယုံကြည်မှုကို အခွင့်ကောင်းယူ၍ နောက်ကျောမှ ဓားဖြင့် ထိုးရန်ပင် ဖြစ်လေသည်။
မဟာအကြီးအကဲများစွာကလည်း အာရန်အား ဂိုဏ်းချုပ်၏ နန်းတော်သို့ မကြာခဏ ဝင်ထွက်နေသည်ကို တွေ့ရလေ့ရှိကြောင်း သိရှိထားကြသည်။
သူမသည်လည်း သူ့အနားတွင် အလွန်နီးကပ်စွာ ရှိနေခဲ့သောကြောင့် ၎င်းတို့သည် သူ့အား သံသယ မဝင်ဘဲ မနေနိုင်ခဲ့ကြပေ။
"ဂိုဏ်းရဲ့ စည်းမျဉ်းများအရ ကျုပ်ဟာ ဂိုဏ်းချုပ် ရာထူးကို တရားဝင် ရယူပါတော့မယ် ဘယ်သူမဆို ပြဿနာတစ်စုံတစ်ရာရှိပါက ယခုချက်ချင်းပင် လက်မြှောက်ပြီး ကန့်ကွက် နိုင်ပါတယ်" ဟု အာရန်သည် ပလ္လင်၏ လက်တင်ခုံကို လက်ချောင်းများဖြင့် ခေါက်ရင်း ပြောကြားလိုက်သည်။
"မိစ္ဆာဂိုဏ်း၏ စည်းမျဥ်းများအရ မည်သူမဆို လက်စွပ်၏ အမွေကို ဆက်ခံနိုင်သာသူ သည် နောက်တက်မည့် ဂိုဏ်းချုပ်သစ်ပင် ဖြစ်လာနိုင်မည်ဖြစ်သည်။
"ဒါဟာ ကျွန်မတို့ ယခင်ဂိုဏ်းချုပ်ဖန်းယုရဲ့ ဆန္ဒဖြစ်တာကြောင့် ဒါကို ကျွန်မအနေနဲ့ကန့်ကွက်ခြင်း မရှိပါဘူး" ဟု မဟာအကြီးအကဲ ဇီယာသည် အာရန်ကို ပထမဆုံး ထောက်ခံသူအဖြစ်စတင် လိုက်သည်။
ထို့နောက် အခြား မဟာအကြီးအကဲများလည်း တစ်ဦးပြီးတစ်ဦး လက်ခံလိုက်ကြကာ အကယ်၍ သေဆုံးခြင်းကိုသာ မလိုလားပါက ထောက်ခံခြင်းမှလွဲ၍ အခြား ရွေးချယ်စရာများ မရှိကြောင်း သူတို့ သဘောပေါက်သွားကြသည်။
သို့သော် ၎င်းတို့သည် အခြေအနေများ ငြိမ်းချမ်းမည် မဟုတ်ကြောင်းလည်း သိရှိထားကြသည်။
ဂိုဏ်းချုပ်ဖြစ်လာသူသည် မည်သူဖြစ်သည်ကို ၎င်းတို့ ဂရုမစိုက်ကြပေ။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ထိုရာထူးအတွက် အရည်အချင်းပင် မပြည့်မီသောကြောင့် ဖြစ်သည်။
မကြာမီပင် ခန်းမအတွင်းရှိ လူတိုင်းနီးပါးသည် အပေါ်ယံမျှသာ ဖြစ်စေကာမူ အာရန်ကို ထောက်ခံကြောင်း ပြသခဲ့ကြသည်။
၎င်းတို့အားလုံးနီးပါး သူ့အား ဂိုဏ်းချုပ်သစ်ဖြစ်လာခြင်းအတွက် ဂုဏ်ပြုစကားများဆိုခဲ့ကြသည်။
မကြာမီတွင် အာရန်သည် ထိုနေရာမှ အားလုံးအား ထွက်ခွာရန် ပြောကြားလိုက်သောကြောင့် ၎င်းတို့အားလုံးသည် တဖြည်းဖြည်းချင်း လူစုခွဲလိုက်ကြသည်။
ဇီယာသည် အာရန်နှင့် စကားအချို့ထပ်မံ ပြောလိုပုံရနေသော်လည်း အာရန်က သူမအား ယခုအချိန်တွင် တစ်ယောက်တည်း နေလိုကြောင်း ပြောခဲ့သောကြောင့် သူမသည်လည်း ထွက်ခွာသွားခဲ့ရလေသည်။
ဇီယာသည်လည်း ထွက်ခွာသွားခဲ့ပြီး နောက်ဆုံး၌ အာရန်သည် နန်းတော်၌ တစ်ယောက်တည်းသာ တစ်ကိုယ်တည်းကျန်ရစ်ခဲ့လေသည်။
အာရန်သည် ခန်းမကြီး၏ တံခါးများ ပိတ်သွားသည်ကို ကြည့်ရင်း သက်ပြင်းရှည်တစ်ချက် ချလိုက်မိသည်။
ယခုအချိန်တွင် နန်းတော်တစ်ခုလုံးတွင် သူတစ်ယောက်တည်းသာ ရှိနေတော့လေသည်။
"ဘယ်လိုလဲ" ဟု အာရန်သည် သူ့နောက်ဘက်၌ ဖွင့်ထားသော ဂိတ်ပေါက် ဆီမှ နေရာတစ်ခုဆီသို့ ဝင်ရောက်လာရင်း မေးလိုက်သည်။
ယခု လက်စွပ်သည် အာရန်၏ ပိုင်ဆိုင်မှုတစ်ခု ဖြစ်သွားပြီ ဖြစ်သောကြောင့် ဂိုဏ်းအတွင်းရှိ မည်သည့်နေရာသို့မဆို ဂိတ်ပေါက်များ ဖွင့်လှစ်နိုင်ပြီ ဖြစ်လေသည်။
ဂိတ်ပေါက်၏ တစ်ဖက်ခြမ်းတွင် ဂိုဏ်း၏ အရေးမပါသော နေရာတစ်ခု၏ ချောင်ကျသော ထောင့်ချိုးလေးတစ်ခုတွင် ခေါင်းအထိရောက်သောဝတ်ရုံရှည်တစ်ခုကို ခြုံထားသော အမျိုးသမီးတစ်ဦး တစ်ဦး ရပ်နေပြီး သူမ၏ လက်များသည် ဝတ်ရုံရှည်ဖြင့် ဖုံးအုပ်ထားကာ လက်ထိပ်များကို ဖုံးကွယ်ထားခဲ့လေသည်။
#Catfoot