← Chapters

ဖန်းယု သို့မဟုတ် ကြောက်ရွံ့နေသော ယုန်မလေး

Vol. 19 Ch. 260

ဖန်းယု သို့မဟုတ် ကြောက်ရွံ့နေသော ယုန်မလေး

Vol. 19 Ch. 260

---

အမျိုးသမီးသည် ဂိတ်ပေါက်အတွင်းသို့ ဝင်ရောက်လိုက်ပြီး ဗဟိုဧရိယာအတွင်းရှိ ဂိုဏ်း နန်းတော်အတွင်းသို့ ဝင်ရောက်လိုက်သည်။

သူမသည် လမ်းတစ်လျှောက် ၌လည်း မည်သူမျှ မမြင်နိုင်စေရန် သတိထား၍ ရှောင်ကွင်းလာခဲ့ရခြင်းဖြစ်သည်။

"ရှင်က ရှင့်ကိုယ်ရှင် အတော်လေး ဇိန်ကျကျနဲ့ နေထိုင်တတ်ပုံရတယ်"

ဖန်းယုသည် သူမ၏ ခေါင်းစွပ်ကို ဖယ်ရှားလိုက်ရာ နီညိုရောင်သမ်းနေသော သူမ၏ ဆံပင်များကို မြင်တွေ့လိုက်ရသည်။

"ကိုယ်က ခုနေရာမှာ ဘယ်အချိန်မဆို သေသွားနိုင်တဲ့အခြေအနေမျိုးမို့ ဒီရတဲ့အချိန်လေးကို ပျော်ပျော်လေးနေကြည့်ဖို့ ကျိုးစားလိုက်ရုံပါ"

အာရန်က ဖန်းယုအား သူသည် သူ၏ အသက်ကို သူမအတွက် စွန့်စားလုပ်ဆောင်နေရသည်ကို ပြန်လည် အမှတ်ရစေရန် အနည်းငယ် ဟန်ဆောင်၍ ဖြေကြားခဲ့လေသည်။

ဖန်းယုသည် ဘာမှ ထပ်မပြောတော့ဘဲ ခေါင်းကို လွှဲလိုက်ရာ သူပြောသည်မှာ မှန်ကန်ကြောင်း သဘောတူလိုက်သကဲ့သို့ဖြစ်သွားခဲ့လေသည်။

သူသာ သူမ၏ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့လျှင် သို့မဟုတ် ဘိုးဘေးအကြီးအကဲများထံမှ ပိုမိုကောင်းမွန်သော ကမ်းလှမ်းမှုများကို လက်ခံခဲ့လျှင် ပို၍ လုံခြုံမှုရှိမည်ဖြစ်သည်။

သို့သော် သူသည် သူမကိုသာ ရွေးချယ်ခဲ့လေသည်။

အာရန်သည် သူ၏ အသက်ကို ပေးဆပ်ကာပင် သူမ၏ အသက်ကို ကယ်တင်ခဲ့ပြီးဖြစ်သည့်အပြင် ယခုအချိန်၌ပင်လျှင် ထိုနည်းအတိုင်း ဆက်လက် လုပ်ဆောင်နေခဲ့ရသည်။

"ကိုယ် ကစ နောက်နေတာပါ"

ဟု အာရန်က ပြန်ပြောရင်း ထရပ်လိုက်ကာ သူမ၏ နောက်သို့ ချဥ်းကပ်သွားလိုက်သောကြောင့် သူတို့နှစ်ဦး၏ ကိုယ်ခန္ဓာများကြားတွင် လက်မအနည်းငယ်သာ ကွာဝေးလေတော့သည်။

"တစ်ကြိမ်တည်းမဟုတ်ပဲ ဒါကို အကြိမ်တစ်ရာမက လုပ်ရမယ်ဆိုရင်တောင် ကိုယ် ဘာတစ်ခုမှ ညည်းညူမှာမဟုတ်ပါဘူး" ဟု အာရန်က ပြန်ပြောလိုက်သည်။

"ရှင်"

ဖန်းယုသည် လှည့်မကြည့်ခဲ့သော်လည်း အာရန်သည် စကားပြောနေချိန်၌ပင် သူမ၏ လည်ပင်းနောက်ဘက်၌ သူ့၏ နွေးထွေးသော လေပူများထိတွေ့မိသွားသည်ကို ခံစားလိုက်ရသည်။

သူမသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ကာ သူတို့ကြားရှိ အကွာအဝေးတစ်ခုကို ခြားနားရန် ဖန်တီးယူလိုက်သည်။

သူမ မည်သို့ ခံစားနေရသည်ကို သူမပင် နားမလည်နိုင်ခဲ့ပေ။

သူမ သိနေခဲ့သည့် တစ်ခုတည်းသောအရာမှာ အာရန် သူမနှင့် နီးကပ်လာတိုင်းတွင် သူမ၏ နှလုံးခုန်နှုန်းများသည် ဆက်တိုက် မြင့်တက်လာခြင်းပင်ဖြစ်သည်။

သူမသည် အာရန်နှင့်ပတ်သက်ပြီး ဤကဲ့သို့ မည်သည့်အချိန်ကတည်းက စတင် ခံစားခဲ့ရသည်ကိုပင် မှတ်မိခြင်း မရှိတော့ပေ။

အထူးသဖြင့် အာရန်သည် သူမ အချစ်ဆုံးသူငယ်ချင်းဖြစ်သော ရှုယင်၏ ချစ်သူ ဖြစ်နေသောကြောင့်ပင်ဖြစ်လေသည်။

သို့သော် အကြောင်းရင်းတစ်ခုကြောင့် လွန်ခဲ့သော ရက်အနည်းငယ်မှစ၍ သူမသည် သူ့အပေါ် ပို၍စိတ်ဝင်စားလာခဲ့လေသည်။

အာရန်သည် သူမ၏ မျက်စိရှေ့၌ မရှိသည့်အချိန်များ၌ပင် သူ့အား တိတ်တ်တ်လေး ခိုး၍ သတိရမိနေသည်အထိပင် ဖြစ်ခဲ့ခြင်းဖြစ်သည်။

သူမ ရူးသွပ်သွားပြီလားဟုပင် တွေးမိခဲ့သည်။

၎င်းသည် ဤလက်ထိပ်များ၏ အကျိုးသက်ရောက်မှုကြောင်းများလားဟုတွေးမိလိုက်သည်။

သို့မဟုတ် သူမသည် အမှန်တကယ်ပင် ရူးသွပ်နေပြီလား။

သူမ သိခဲ့သည့် တစ်ခုတည်းသောအရာမှာ ၎င်းသည် မည်သည့် စွမ်းရည်သက်‌ရောက်မှု ကြောင့်မှ ဟုတ်မနေခြင်းပင်ဖြစ်သည်။

၎င်းသည် ရှုယင် ပိုင်ဆိုင်ခဲ့သည့် စွမ်းရည်မျိုး မဟုတ်ပေ။

သူမသည် ဆွဲဆောင်ခံရခြင်း မဟုတ်သော်လည်း ဤကဲ့သို့ပင် ခံစားနေရဆဲဖြစ်သည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း နောက်ထပ်အရာတစ်ခုထပ်မံ ဖြစ်ပျက်ခဲ့သည်။

သူမ၏ လက်ကောက်ဝတ်သည် အကြောင်းရင်းမသိရဘဲနှင့် နဂိုရက်များကဖြစ်ပျက်ခဲ့‌သော ယားယံခြင်းဝေဒနာသည် ရပ်တန့်သွားခဲ့လေသည်။

ထိုစဥ်မှာပင် အာရန်၏ ခြေသံများသည် သူမ၏ နောက်မှ ပိုမိုနီးကပ်လာသည်ကို သတိထားလိုက်မိသည်။

သူ အဘယ်ကြောင့် သူမအနားသို့ ချဉ်းကပ်လာသည်ကို တွေးလိုက်မိသောအခါ သူမ၏ နှလုံးခုန်သံများသည် ပိုမို၍ ကျယ်လောင်လာရပြန်လေသည်။

ယခုသည် သူမအတွက် အလွန်အားနည်းနေချိန်ဖြစ်သောကြောင့် သူသည် သူမအာ တစ်စုံတစ်ခုပြုလုပ်ရန် ကြံစည်နေခြင်းလော...။

သူမသည် ယခုခံစားနေရသည့် ခံစားချက်ကို မည်သို့ဖော်ပြရမည်မှန်းပင် မသိတော့ပေ။

ပုံမှန်အားဖြင့် သူမသည် သူမအား အနည်းငယ် စူးစိုက်၍ ကြည့်ဝံ့သူဆိုလျှင်ပင် ချက်ခြင်း သတ်ပစ်မည်ဖြစ်ကာ အသားကို ထိတွေ့မိခြင်းဆိုလျှင်မူ ပြောစရာပင် မလိုတော့ပေ။

သို့သော် အာရန်ကိုမူ သူမသည် ထိုကဲ့သို့ပြုမူနိုင်ဦး မည်လားဆိုသည်ကိုတော့ သူမသည် သေချာမနေခဲ့ပေ။

အာရန်အား နာကျင်စေမည့်လုပ်ရပ်များကို တွေးမိလိုက်တိုင်းမှာပင် သူ၏လက်မောင်းများဖြင့် သူမကို ပွေ့ဖက်၍ ပြေးလွှားနေခဲ့သည့် အချိန်များကို ပြန်လည် သတိရမိသည်ချည်းဖြစ်နေခဲ့သည်။

'ငါ တကယ် ရူးသွားပြီထင်တယ် သူက ရှုယင်ရဲ့ သက်ဆိုင်သူလေ ဒါဆို ငါက ဘာလို့...'

သူမသည် သူမ၏ နဖူးကို ပြန်လည် ပွတ်သပ်လိုက်ရင်း ယခုကဲ့သို့ စိတ်ရှုပ်ထွေးမှုမျိုးကို ဘယ်တုံးကမှ မခံစားခဲ့ရဖူးပေ။

သူမသည် အာရန်၏ ကယ်တင်ခြင်းကို ခံခဲ့ရသောကြောင့် သူ့အား စတင် သဘောကျမိခဲ့ခြင်းလားဟု သူမ တွေးလိုက်မိသည်။

ထိုအရာသည်လုံးဝ မဖြစ်သင့်ပေ။

ထိုသို့ဖြစ်သွားခဲ့လျှင်ပင် ၎င်းသည် မည်သည့်အခါမှ ဖြစ်လာနိုင်မည်မဟုတ်ကြောင်း သူမ ကိုယ်တိုင် သိထားလေသည်။

သူမတွင် ထိုသို့ဆန္ဒရှိနေလျှင်ပင် သူနှင့် အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားရမည်သာ ဖြစ်လေသည်။

သို့သော် သူမ မျှော်လင့်ထားသကဲ့သို့ အာရန်သည် သူမအနားသို့ ထပ်မံတိုးကပ် မလာခဲ့ပေ။

သူသည် သူမကို ကျော်ဖြတ်သွားကာ နက်ရှိုင်းသော ဓားခုတ်ရာ ရှိနေသည့် နံရံဆီသို့ လျှောက်သွားခဲ့သည်။

ပထမ၌ ၎င်းသည် ဖန်းယုကို ပြန်ပေးဆွဲခဲ့သောသူ၏ လက်ချက်ဖြစ်မည်ဟု သူ ထင်မှတ်ခဲ့သည်။

သို့သော်ထိုသူ ဖေး အား သူကိုယ်တိုင်ရင်ဆိုင်ခဲ့ရ ပြီးသောအခါ ၎င်းသည် ထိုသူ၏ လက်ချက် မဟုတ်နိုင်ကြောင်း သူသေခြာ သဘောပေါက်သွားခဲ့သည်။

ဒါဆို ဒီဓားချက်က ဘယ်သူ့လက်ချက်ဖြစ်မလဲ။

"ဒါ ဘယ်သူ့ဓားချက်လဲ" ဟု အာရန်သည် ဖန်းယုအား တိုက်ရိုက် မေးလိုက်သည်။

---

ဖန်းယုသည် ထိုနေရာတွင် ငူငူကြီး ရပ်နေမိခဲ့သည်။

အာရန်သည် သူမအပေါ်သို့ မည်သည့်အရာမျှ ကျူးလွန်ရန် အစီအစဥ် ရှိမနေခဲ့ပဲ သူမ၏စိတ်ထဲ၌ အဓိပ္ပာယ်မရှိသော အတွေးများကို တွေးတောမိခဲ့ခြင်းအတွက် သူမ သည် ကိုယ့်ကိုယ်ကိုယ်ပင် ကျိန်ဆဲနေမိတော့သည်။

"မင်း နေကောင်းရဲ့လား"

အာရန်သည် လှည့်ကြည့်လိုက်သောအခါ ငူငူကြီးရပ်နေသော ဖန်းယုကို သတိပြုမိလိုက်သဖြင့် မေးလိုက်သည်။

ထို့နောက် သူမ၏ အနီးသို့ ချဥ်းကပ် သွားလိုက်ပြီး သူမ၏ နဖူးကို သူ၏ နဖူးဖြင့် ထိတွေ့ကာ အဖျားရှိမရှိ စစ်ဆေးကြည့်လိုက်သည်။

"အပူချိန်ကတော့ ပုံမှန်ပါပဲ"

အာရန်သည် ထိုသို့ ပြောလိုက်ရင်း သူတို့၏ နှုတ်ခမ်းများကြားတွင် လက်မအနည်းငယ်ခန့်သာ ခြားတော့သော အကွာအဝေးမှ သူမ၏ မျက်လုံးများကို စိုက်ကြည့်နေလိုက်သည်။

ဖန်းယုသည် သူမ၏ တအံ့တဩဖြစ်နေသော အခြေအနေမှ ရုတ်တရက်နိုးထလိုက်နိုင်သောအခါ အာရန်အား သူမ၏ မျက်နှာရှေ့တည့်တည့်တွင် တွေ့လိုက်ရသည်။

သူမ၏ စိတ်သည် လုံးဝ ဗလာဖြစ်သွားခဲ့သည်။

ကြောက်ရွံ့နေသော ယုန်မလေး တစ်ကောင်ကဲ့သို့ သူမသည် နောက်သို့ ခုန်ဆုတ်လိုက်သည်။

သူမသည် သေခြင်းတရားနှင့်ပင် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရဘူးသည့်တိုင် မည်သည့်အခါမျှ ကြောက်ရွံ့ခဲ့ဖူးခြင်းမရှိသော်လည်း ယခုအချိန်၌မူ သူမသည် ယခင်က ဘယ်သောအခါမျှ မကြုံတွေ့ခဲ့ဖူးသော အရာတစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ အလွန်ကြောက်ရွံ့နေသည့် အားနည်းလွန်းသော တိရစ္ဆာန်ငယ်လေးတစ်ကောင်ကဲ့သို့ အမှန်တကယ်ပင် ထိုပုံစံပေါက်နေခဲ့သည်။

သူမသည် သူမ၏ ခံစားချက်များအားလုံးကို လွန်ခဲ့သည့် အတိတ်ကာလတစ်ခုဆီ ကတည်းကပင် သူမ၏ နှလုံးသား နက်နက်အတွင်း၌ သီးခြား မြှုပ်နှံထားခဲ့ပြီးဖြစ်လေသည်။

ဤခံစားချက်များ အကြောင်းကို မည်သည့်အခါမျှပင် အမှန်တကယ် မသိရှိခဲ့၊ မထိတွေ့ခဲ့ ဖူးသောကြောင့် သူမသည် ထိုခံစားချက်များကို မည်သို့ရင်ဆိုင်ရမည်မှန်း မသိဖြစ်ကာ ကြောက်ရွံ့နေခဲ့ခြင်းလည်း ဖြစ်လေသည်။

ထိုအရာသည် ဆွဲဆောင်မှုလား.... စွဲလမ်းမှုလား.... အချစ်တစ်ခုလား... သို့မဟုတ် လုံးဝ ကွဲပြားခြားနားသော အခြားအရာတစ်ခုလား.... ဆိုသည်ကိုပင် သူမ သေခြာမသိနိုင်ခဲ့ပေ။

သူမ သေခြာ သိနေခဲ့သည့် တစ်ခုတည်းသော အရာမှာ ၎င်းသည် အာရန်နှင့် လုံးဝ ဆက်နွှယ်နေခြင်းပင်ဖြစ်လေသည်။

သူမနှင့် သူ အတူရှိနေသည့် မည်သည့်အချိန်တွင်မဆို သူမသည် သူမ၏ စိတ်တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ခြင်း မရှိခဲ့ပေ။

သူသည် သူမ ကိုယ်တိုင်ပင် နားမလည်နိုင်သော သူမ၏ အားနည်းချက်တစ်ခုကဲ့သို့ပင် ဖြစ်လာပြီဖြစ်လေသည်။

သူမသည် မိမိကိုယ်ကိုယ် ဘာတွေဖြစ်နေတာလဲဟု ကျယ်လောင်စွာ အော်ဟစ်မေးမြန်းလိုနေခဲ့သည်။

သို့သော် သူမသည် ကိုယ့်စိတ်ကိုကိုယ် ပြန်လည် ထိန်းချုပ်ထားနိုင်ခဲ့လေသည်။

အာရန်သည်လည်း အတော်လေး အံ့အားသင့်သွားခဲ့ရသည်။

ပထမဆုံးအကြိမ်အဖြစ် ဤခံစားချက်ကင်းမဲ့သော ရုပ်သေးရုပ် ကဲ့သို့သော ဖန်းယု၏ မျက်နှာပေါ်၌ ရှိမနေသင့်သော မျက်နှာအမူအရာများကို သူသည် မြင်တွေ့လိုက်ရလေသည်။

ထိုအချိန်၌ သူမသည် ကမ္ဘာကြီးတစ်ခုလုံးကိုပင် မထီမဲ့မြင်ပြုမူလေ့ရှိသော အေးစက်သည့် အရှင်သခင်တစ်ဦးကဲ့သို့ မဟုတ်တော့ဘဲ သာမန်မိန်းကလေးတစ်ဦး ကဲ့သို့ပင် ဖြစ်နေလေသည်။

အာရန်မှာ သူ့ရှေ့ရှိ အမျိုးသမီးသည် အမှန်တကယ် ဖန်းယုဖြစ်ကြောင်းသာ သိမနေခဲ့လျှင် သူမသည် သူ့ကဲ့သို့ပင် တစ်စုံတစ်ဦးက ရုတ်တရက်ထိုခန္ဓာကိုယ်ကို ဝင်ရောက်ရယူလိုက်ခြင်များလားဟု တွေးတောမိမည် ဖြစ်လေသည်။

"နေကောင်းပါတယ် ကျွန်မအတွက် စိတ်ပူစရာ မလိုပါဘူး"

ဖန်းယုသည် သူမ၏ ယခင်ကဲ့သို့ အေးစက်စက် အသွင်အပြင်ကို ပြန်လည် ထိန်းသိမ်းရန် ကြိုးစားရင်း ပြောကြားလိုက်သော်လည်း သူမ၏ အစောပိုင်း တုံ့ပြန်မှုကို မြင်တွေ့ခဲ့ပြီးနောက် သူမ၏ အေးစက်စက် လေသံသည် သူ့အား ယခင်ကကဲ့သို့ အကျိုးသက်ရောက်မှု မျိုး မရှိတော့ပေ။

အာရန်သည် ယခု မြင်တွေ့ခဲ့ရသည်များကို မေ့နိုင်မည်မဟုတ်ပေ။

ဖန်းယုသည် အာရန်၏ အကြည့်များကို ရှောင်ရှားရင်း သူ့ထံမှ မျက်လုံးများကို ဖယ်ရှားလိုက်သည်။

သူမသည် ဓားခုတ်ရာရှိနေသော နံရံဆီသို့ အလျင်အမြန် အာရုံပြောင်းလိုက်သည်။

သူမသည် နံရံနှင့် ပိုမိုနီးကပ်စွာ လျှောက်သွားပြီး သူမ၏ လက်ချောင်းများက နက်ရှိုင်းသော ဓားခုတ်ရာအစင်းကြောင်းကြီးကို ထိတွေ့လိုက်သည်။

ထိုဓားခုတ်ရာသည် ဤနေရာတွင် မည်သို့ ကျန်ရစ်ခဲ့သည်ကို လူအများစု မသိခဲ့ကြပေ။

ထိုဓါးခုတ်ရာမှာ ကျူးကျော်သူသည်် ဖန်းယုနှင့် တိုက်ခိုက်ခဲ့စဉ်က ဖြစ်ပေါ်ခဲ့ခြင်းဖြစ်မည်ဟု လူအများစု ထင်မှတ်ထားခဲ့ကြသည်။

သို့သော် အမှန်တကယ်မှာ ထိုသို့မဟုတ်ခဲ့ကြောင်း သူမ တစ်ဦးတည်းသာ သိရှိထားခဲ့လေသည်။

#Catfoot

All Chapters