← Chapters

ကျွန်မ ဆရာ့ကို ဘယ်တော့လောက်ပိုင်ဆိုင်ခွင့်ရမလဲ

Vol. 19 Ch. 262

ကျွန်မ ဆရာ့ကို ဘယ်တော့လောက်ပိုင်ဆိုင်ခွင့်ရမလဲ

Vol. 19 Ch. 262

ဖန်းယု၏ ကနဦး ထိတ်လန့်မှုသည် ထူးဆန်းသော ငြိမ်သက်ခြင်းအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။

သူမသည် မည်သူနှင့်မျှ အထူးသဖြင့် အာရန်နှင့် ဤမျှ နီးကပ်စွာ နေသားမကျသေးသော်လည်း လက်ရှိအခြေအနေ၏ မလွဲမရှောင်သာမှုကို သူမ နားလည်လိုက်သည်။

"အနှောင့်အယှက်ပေးတာကို မလိုချင်ဘူးလို့ ရှင်ပြောခဲ့တာကို ကျွန်မသိပါတယ် ဒါပေမဲ့လေ ကျွန်မ...ကျွန်မမှာ ပြောစရာတစ်ခု ရှိနေလို့ပါ..."

မဟာအကြီးအကဲ ဇီယာသည် ခန်းမထဲသို့ ဝင်လာစဉ် အနည်းငယ် ထူးဆန်းနေပုံရသည့် အာရန်ကို မြင်လိုက်ရသည်။

သူသည် အလွန်ထူထဲသော အဝတ်အစားများကို ဝတ်ဆင်ထားပုံရပြီး သူ၏ ရင်ဘတ်ကိုလည်း ခပ်တင်းတင်းလေး ပြန်ပိုက်ထားသကဲ့သို့ ဖြစ်နေလေသည်။

"ရှင် အအေးမိနေတာလား" ဟု သူမက အာရန်နှင့် ပိုမို၍ နီးကပ်ရန် ကြိုးစားရင်း မေးလိုက်သည်။

"ငါ... အဆင်ပြေပါတယ် အနား မကပ်ပါနဲ့လေ"

အာရန်က မျက်လုံးများကို မှေးစင်းရင်း ပြောလိုက်သည်။

မည်သူမျှ သူ၏ အနားသို့ မချဉ်းကပ်လာနိုင်စေရန် သူ၏ ပတ်ဝန်းကျင်ကို ဓားဧကရာဇ်အော်ရာဖြင့်ပင် လွှမ်းခြုံထားလိုက်သေးသည်။

ဇီယာသည် ယုံကြည်စိတ်ချရသူတစ်ဦး ဖြစ်သော်လည်း သူသည် ယခုအချိန်၌ မည်သူ့ကိုမျှ ဤလျှို့ဝှက်ချက်ကို မဖော်ပြလိုခဲ့ပေ။

"ဒါနဲ့ မင်းဒီကိုလာတာ ဘာကိစ္စရှိလို့လဲ" ဟု အာရန်က မေးလိုက်သောအခါ ဇီယာ သည် ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ့အား နားမလည်နိုင်သည့် ဟန်ဖြင့် စိုက် ကြည့်နေလိုက်သည်။

သူ အဘယ်ကြောင့် ထိုသို့ ပြုမူနေသည်ကို သူမ နားမလည်နိုင်ခဲ့ပေ။

ပထမတော့ အာရန်သည် ဖန်းယု သေဆုံးမှုအတွက် ဝမ်းနည်းနေ၍ တစ်ယောက်တည်း နေချင်ခဲ့ခြင်းဟု သူမ ထင်မိခဲ့သည်။

သို့ဆိုလျှင်ပင် ဝမ်းနည်းရသည်အထိ သူတို့နှစ်ယောက်မှာ ထူးထူးဆန်းဆန်း ရင်းနှီးခဲ့ကြခြင်းလော...။

ထိုနေရာတွင် တစ်စုံတစ်ခုတော့ လွဲချော်နေသကဲ့သို့ ခံစားနေရလေသည်။

"ယူလင်း နိုးလာပြီအဲ့သတင်း ရှင် သိချင်လိမ့်မယ်ထင်လို့ လာပြောတာ" ဟု ဇီယာက အာရန်ကို ပြောလိုက်သည်။

ထို့နောက် အာရန် ပေးခဲ့သည့် ဒြပ်စင်ခြယ်လှယ်ခြင်း အနုပညာစာအုပ်ကို နားလည်သဘောပေါက်ကာ ဉာဏ်အလင်းရခြင်းဖြစ်စဥ်ထဲသို့ ဝင်ရောက်သွားခဲ့သော သူ၏ ပထမဆုံး ချစ်တပည့်လေး အကြောင်းကို ပြောပြလိုက်သည်။

ရက်အနည်းငယ် ကြာမြင့်ခဲ့သော်လည်း သူမသည် နောက်ဆုံး၌ နိုးထလာနိုင်ခဲ့သည်။

အာရန်သည် အလုပ်များနေသောကြောင့် ၎င်းကို ခဏတာ မေ့လျော့နေခဲ့ခြင်းဖြစ်သည်။

အာရန်၏ မျက်နှာသည် ပျော်ရွှင်မှုကြောင့် ဝင်းလက်သွားခဲ့သည်။

ဉာဏ်အလင်းရခြင်းဖြစ်စဥ်အတွင်းသို့ ဝင်ရောက်ပြီးနောက် သူမသည် မုချ အောင်မြင်မည်ဟု သူ မျှော်လင့်ထားပြီးဖြစ်သည်။

သူမအတွက်မှာ အချိန်သာ လိုအပ်ခြင်း ဖြစ်သည်ဖြစ်သော်လည်း ထိုကဲ့သို့ လျှင်မြန်စွာ အောင်မြင်မှုရနိုင်ခဲ့ခြင်းအတွက် သူမကိုယ်စား သူ အလွန်ပျော်ရွှင်ခဲ့မိလေသည်။

သူမကို အရာများစွာ သင်ကြားပေးနိုင်ခဲ့ခြင်း မရှိသော်လည်း သူ သင်ကြားပေးခဲ့သည့် အရာများကို သူမ ကောင်းစွာ လေ့ကျင့်နိုင်ခဲ့သည်။

သူသည်သူ၏ တပည့်အပေါ် အနည်းငယ် ဂုဏ်ယူမိသည်ဟုပင် သူ ခံစားမိခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ ကိုယ်သူလည်း စိတ်ပျက်မိခဲ့သည်။

သူ၏လက်များသည် ဖန်းယု၏ သွယ်လျသော ခန္ဓာကိုယ်လေးကို မပွေ့ဖက်ထားခဲ့ပါက အာရန်သည် သူ၏ မျက်နှာကို လက်ဖြင့် ပြန်လည်ရိုက်လိုက်မိမည်ဖြစ်လေသည်။

သူ၏ တပည့်များအပေါ် အာရုံစိုက်တော့မည်ဟု ဆုံးဖြတ်ခဲ့သည့်အချိန်တိုင်းတွင် သူအား ထိုအရာကို အာရုံစိုက်ခြင်းမှ တားဆီးရန် ဖြစ်ရပ်များသည် တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်ပျက်ခဲ့လေသည်။

ယခုတွင်လည်း သူသည် သူမဆီသို့ ချက်ချင်း သွားရောက်ချင်ခဲ့သော်လည်း ယခုအချိန် နန်းတော်မှ ထွက်ခွာပါက ပုံစံကွက်ဝင်္ကဘာ ၏ အကာအကွယ်ပေးမှုအား ဆုံးရှုံးရမည်ကို သူ သိနေခဲ့သည်။

ဂိုဏ်းတစ်ခုလုံးသည် ပုံစံကွက်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော်လည်း ဤနေရာ၌ ရှိနေသကဲ့သို့ အင်အားကြီးမား မနေကြပေ။

ထို့အပြင် ဘိုးဘေးအကြီးအကဲများ စိတ်ဆိုးနေသောကြောင့် မည်သူမဆို သူ့အနီးတွင် ရှိနေခြင်းသည် အန္တရာယ်ရှိလေသည်။

သို့သော်လည်း သူသည် ထွက်ခွာ၍ သူ၏ တပည့်ကို ဤနေရာသို့ ခေါ်ဆောင်လာရန် စီစဉ်ထားပြီးဖြစ်လေသည်။

ယခု သူသည် ယာယီအဖြစ် ဤ မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပြီဖြစ်သောကြောင့် သူ၏ တပည့်နှင့်အတူ ဤနေရာတွင် နေထိုင်မည်ဆိုပါက သူမကို တတ်နိုင်သမျှ အချိန်ပေးနိုင်မည်ဟုလည်း တွေးလိုက်မိလေသည်။

"သူမကို နောက်မှ ဒီကို ခေါ်လာခဲ့ရမယ် ပစ္စည်းတွေ ထုပ်ပိုးဖို့ သူမကို ကြိုပြောထားရမယ် ဒီမှာ သူမအတွက် အခန်းတစ်ခု စီစဉ်ပေးထားလိုက်လို့လဲရတာပဲ" ဟု အာရန်က ဇီယာကို လှမ်းပြောလိုက်သည်။

"ဒီနေရာမှာလား ဒါပေမဲ့ စည်းမျဉ်းတွေအရ သာမန်အတွင်းစည်း တပည့်တစ်ယောက်က ဗဟိုဧရိယာ ဒေသမှာ နေထိုင်ခွင့် မရှိဘူးလေ ဂိုဏ်းချုပ်ရဲ့ တပည့်ရင်းဖြစ်နေရင်တောင် ဒီစည်းမျဉ်းက အကျုံးဝင်တုံးပဲ" ဟု ဇီယာက အာရန်ကို အသိပေးလိုက်ရာ သူသည် စည်းမျဉ်းအားလုံးကို မသိသေးခြင်း ဖြစ်နိုင်သည်ဟု သဘောပေါက်သွားခဲ့သည်။

သူသည် ဂိုဏ်းချုပ်ရာထူးကို ယခုမှသာ ရယူထားခဲ့ခြင်းဖြစ်ပြီး စည်းမျဉ်းများကို ချိုးဖောက်ကာ သူ့ကို ဆန့်ကျင်သူများအား အခွင့်အရေးတစ်ခုပေးလိုက်ခြင်းသည် ကောင်းသော အကြံတော့ မဟုတ်ပေ။

---

"စည်းကမ်းတွေကို ကျုပ် တာဝန်ယူပါ့မယ် အခုတော့ မင်း ပြန်နိုင်ပါပြီ" ဟု အာရန်က သူမ၏ စိုးရိမ်ပူပန်မှုကို သိပ်အာရုံမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

ယူလင်း၏ လုံခြုံရေးအတွက် သူမအား ဤနေရာသို့ ခေါ်လာရမည်ဖြစ်လေသည်။

ဤသည်မှာ သူမအတွက် အလုံခြုံဆုံးနေရာတစ်ခု ဖြစ်လေသည်။

ယခု သူသည် ဘိုးဘေးအကြီးအကဲများကို စိတ်အနှောက်အယှက် ဖြစ်စေခဲ့ပြီးဖြစ်သောကြောင့် ၎င်းတို့သည် သူ၏ လူများကို လိုက်လံဒုက္ခပေးတော့မည်မှန်း သူ သေချာသိနေခဲ့သည်။

ဂိုဏ်းတွင် သူနှင့် ရင်းနှီးသည်ဟု သိထားသော တစ်ဦးတည်းသောသူမှာ ယူလင်း ပင် ဖြစ်လေသည်။

၎င်းတို့သည် သူ၏ အခြားတပည့်နှစ်ဦး သို့မဟုတ် ရှုယင်နှင့် သူ၏ ဆက်ဆံရေးကို မသိကြသေးပေ။

ထို့အပြင် ရှုယင်သည်လည်း ဤနေရာ၌ ရှိမနေခဲ့သောကြောင့် ပြဿနာမရှိပေ။

ယခုအချိန်အတွက် သူ၏ ဦးစားပေးမှာ ယူလင်းကို ကာကွယ်ရန်ပင်ဖြစ်သည်။

စည်းကမ်းများကို ချိုးဖောက်မိခြင်းသည် အရေးမကြီးပေ။

အဘယ်ကြောင့်ဆိုသော် သူသည် ဂိုဏ်းချုပ်ဖြစ်နေပြီဖြစ်သောကြောင့် ဖြစ်လေသည်။

ထို့အပြင် မည်သူမှ မသိစေဘဲ သူမအား ဤနေရာသို့ လျှို့ဝှက်စွာ ခေါ်ဆောင် လာနိုင်သေးလေသည်။

ဖန်းယုကိုယ်တိုင်ပင် သူ့လုပ်ရပ်များအား နားလည်ပေးမည်မှန်း သူသိထားလေသည်။

အခြားသူများကို အခွင့်အရေးပေးမိခြင်းနှင့် ပတ်သက်၍မူ ၎င်းသည် အရေးမကြီးပေ။

ယနေ့ညတွင် မည်သည့်အရာမျှ ထပ်မံဖြစ်ပျက်မည်မဟုတ်ကြောင်း သူ သေချာနေခဲ့သော်လည်း မနက်ဖြန် သို့မဟုတ် သန်ဘက်ခါတွင်မူ ဂိုဏ်းသည် ကြီးမားသော မုန်တိုင်းတစ်ခုနှင့် ကြုံတွေ့ရတော့မည်ဖြစ်ပြီး ၎င်းအတွက် သူသည် ကြိုတင် ပြင်ဆင်ထားရမည်ဖြစ်လေသည်။

ဇီယာသည် သူမ၏ နဖူးကို ပြန်လည် ပွတ်သပ်လိုက်ရင်း...

"ကောင်းပြီ ကျွန်မ သူမကို ပြောလိုက်ပါ့မယ်" ဟု‌ပြောလိုက်သည်။

ထို့နောက် သူမ နောက်သို့ ပြန်လှည့်လိုက်ပြီး ထွက်ခွာရန် ပြင်ဆင်လိုက်သောအခါမှသာ အာရန်သည် သက်ပြင်းတစ်ချက် ခိုးချလိုက်နိုင်တော့သည်။

ဖန်းယုကို ခိုင်မြဲစွာ ပွေ့ဖက်ထားသော သူ၏လက်များသည် တဖြည်းဖြည်း ဖြေလျှော့လာခဲ့သည်။

သို့သော် ဇီယာမှာ ခန်းမမှ ထွက်ခွာတော့မည့် ဆဲဆဲတွင် ရုတ်တရက် ရပ်တန့်ကာ နောက်သို့ ပြန်လှည့်လိုက်သည်။

အာရန် စိတ်မကောင်းဖြစ်မိသွားခဲ့သည်။ သူ ဘာမှ မပြောနိုင်မီမှာပင် ဇီယာက စတင်ပြောလိုက်သည်။

"ကျွန်မ ဆရာ့ကို ဘယ်တော့လောက် တစ်ယောက်ထဲ ပိုင်ဆိုင်ခွင့်ရမလဲ"

သူမ၏ စကားများကို ကြားလိုက်သောအခါ အာရန်၏ မေးရိုးများ ပြုပ်ကျလုနီးပါး ဖြစ်သွားခဲ့ရသည်။

ဖန်းယုသည် သူ့အား အတွင်းမှ စိုက်ကြည့်နေသည်ကို သူ ခံစားမိနေပြီး ဇီယာ၏ စကားများသည် အမှန်တကယ်ပင်တစ်စုံတစ်ခု လွဲမှားသော အဓိပ္ပာယ်တစ်ခုကို သက်ရောက်နေခဲ့သည်။

'ဆရာဟုတ်လာ..... သူမတစ်ယောက်တည်း ပိုင်ဆိုင်ခွင့်ဟုတ်လာ.... သူတို့ ဘာလို့ ဖောက်ပြန်တဲ့ အသုံးအနှုန်းတွေ ပြောနေကြတာလဲ သူ့မှာ ရှုယင်တစ်ယောက်လုံး ပိုင်ဆိုင်ပြီးသားကို တခြားမိန်းမတွေနဲ့ ဒီလို ထူးခြားတဲ့ အပြန်အလှန်ကိစ္စတွေ ရဲရဲတင်းတင်း လုပ်ရဲသေးတယ်လား' ဟု ဖန်းယုသည် တွေးမိလိုက်သည်။

အာရန်သည် ဖန်းယုမှာ သူမ၏ လက်ကလေးများဖြင့် သူ၏ ခါးကို ခပ်နာနာလေးဆိတ်ဆွဲနေသည်ကို ခံစားမိလိုက်သည်။

ဖန်းယု ဘာတွေးနေလဲဆိုတာကို သူ စိတ်ကူးဖြင့် မြင်ယောင်ကြည့်နိုင်လေသည်။

ဇီယာသည် အာရန်၏ တပည့်ဖြစ်နေမည်ဟု ဖန်းယုသည် လုံးဝ ထင်မိမည်မဟုတ်ပေ။

ထို့ကြောင့် သူမ၏ အတွေးများသည် လုံးဝ ဆန့်ကျင်ဘက်သို့ ရောက်သွားခဲ့ခြင်း ဖြစ်လေသည်။

"ထွက်သွား"

အာရန်သည် သူ၏ခါးတွင် အဆိတ်ခံနေရသောကြောင့် အလွန်နာကျင်နေသော်လည်း သူ၏ အသံကို ထိန်းချုပ်ရန် ကြိုးစားရင်း ပြောလိုက်သည်။

ဇီယာသည် သူ့အား မေးခွန်းများ ထပ်မမေးတော့ပါ။

သူ ဘယ်တော့ သူမအား အဂ္ဂိရတ်ပညာကို ဆက်လက်ညွှန်ပြပေးမလဲဆိုသည်ကိုသာ သူမ သိချင်နေခဲ့ခြင်းဖြစ်လေသည်။

ဒါပေမဲ့ အာရန်သည် ယခုအချိန်တွင် သင်ပြရန် စိတ်မပါသေးသည့်ပုံ ပေါ်နေလေသည်။

သို့‌သော် သူမသည် သူမ၏ အတွေးများကို သူ့ဘာသာ မထားဘဲ ထုတ်ဖော် ပြောလိုက်လေသည်။

"ဆရာက စိတ်မပါသေးဘူး‌ပေါ့လေ"

ထိုသို့ပြောလိုက်ကာ သူမသည် သက်ပြင်းတစ်ချက် ချရင်း လှည့်ထွက်သွားပြီး တံခါးကို ပြန် ပိတ်လိုက်သည်။

အခုချိန်တွင် အာရန်သည် သူမ၏ ထိုစကားလုံးများတွက် မည်သို့ ပြန်လည် ရှင်းပြရမည်မှန်းပင် မသိတော့ပေ။

သူ့ကို စိတ်မပါသေးဘူးဟု ပြောလိုက်တာလာ...။

အဲဒီမိန်းမက ဒ့ါထက်ပိုပြီး ရှင်းအောင် မပြောတတ်တော့ဘူးလား။

ဒါမှမဟုတ် ဘာမှမပြောပဲ တိတ်တိတ်လေး ထွက်သွားလို့ မရဘူးလား။

တံခါး ပိတ်လိုက်သည်နှင့် ဖန်းယုသည် အာရန်အား ဆောင့်တွန်းထုတ်လိုက်လေသည်။

"ဆရာက တကယ်ပဲ စိတ်မပါသေးပုံရတယ်နော်"

ဖန်းယုသည် ပြောင်လှောင်ခနဲ့သံဖြင့် ပြန်ပြောလိုက်ပြီး အာရန်ကို စူးစူးရဲရဲစိုက်ကြည့်နေလိုက်ရာ အာရန်သည် သူ၏ ခေါင်းကိုသာ တစ်ချက်ပြန် ကုတ်လိုက်မိတော့သည်။

#Catfoot

All Chapters