ကစဥ့်ကလျားအကျိုးသက်ရောက်မှု
Vol. 19 Ch. 265
---
အာရန်သည် သူမအား ကိုယ်ပိုင်အချိန်တစ်ခုပေးရန် လျင်မြန်စွာ ကျောခိုင်းလိုက်ပြီး သူမ အဘယ်ကြောင့် အဝတ်ပင် ကောင်းစွာ မဝတ်ဆင်နိုင်ပဲ ဤမျှ အလျင်စလို ထွက်လာခဲ့ရသနည်းဟု တွေးနေမိခဲ့သည်။
"တစ်ချို့....."
အာရန်သည် ဆရာတစ်ဦးကဲ့သို့ တည်ငြိမ်ခန့်ညားသည့် လေသံမျိုးလုပ်ယူ၍ ပြောလိုက်စဥ် သူ၏ စကားမဆုံးမီမှာပင် သူမသည် သူ၏လက်မောင်းတစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်ဟု ခံစားလိုက်ရပြီး သူမ၏ ရေ အနည်းငယ် စိုစွတ်နေဆဲ ဖြစ်သည့် နူးညံ့သော ခန္ဓာကိုယ် အထိအတွေ့ကိုပင် ခံစားမိလိုက်မိသည်။
"ဆရာ ကျွန်မ လုပ်နိုင်ခဲ့ပြီ ကျွန်မ သင်ယူနိုင်ခဲ့ပြီ သိလား.."
ယူလင်းသည် သူ၏လက်မောင်းကို ဖက်တွယ်ထားရင်း အားရဝမ်းသာစွာဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။
သူမသည် ကြီးကျယ်ခမ်းနားသောအရာတစ်ခုကို ပြီးမြောက်ပြီးနောက် ချီးမွမ်းခံရရန် မျှော်လင့်နေသော ကလေးငယ်တစ်ဦးနှင့်ပင် တူနေသည်။
အာရန်သည် ဤမိန်းကလေးတွင် ဘာတွေများ မှားယွင်းနေသလဲဟု တွေးတောလိုက်မိသည်။
ဝတ္ထုထဲတွင် သူမသည် အတော်လေး အလေးအနက်ထားပြုမူတတ်ကာ တည်ငြိမ်သည့် စရိက်ရှိသူမျိုး ဖြစ်လေသည်။
အဓိကဇာတ်လိုက်ရဲ့လန်နှင့်အတူ သူမသည် အသက်အန္တရာယ်ရှိသော အခြေအနေများကို ဖြတ်သန်းရင်ဆိုင် ခဲ့ရသော်လည်း ထိုဇာတ်လိုက်ရှေ့တွင်ပင် ယခုကဲ့သို့လုံးဝ ပွင့်လင်းဖော်ရွေစွာ ဆက်ဆံမှုမျိုး မပြသခဲ့ပေ။
သို့သော် ယခုမူ သူမသည် အဘယ်ကြောင့် သူ့အား ဤမျှအထိ ရင်းနှီးဖော်ရွေစွာ ဆက်ဆံနေရသနည်း။ သူသည် သူမ၏ ဆရာသခင် ဖြစ်နေသောကြောင့်လော။
အာရန် မှတ်မိသလောက်တွင် သူသည် သူမနှင့် အချိန်များစွာ မကုန်ဆုံးခဲ့ရပေ။
သူမအတွက် အနည်းငယ်မျှသာ လုပ်ဆောင်ပေးနိုင်ခဲ့သောကြောင့် ကျေးဇူးတင်သည့်အပြုအမူမျိုးလည်း မဖြစ်နိုင်ပေ။
ဒါဆို ဘာလို့လဲ.....။
"အဲဒါအကြောင်း ကြားပြီးပါပြီ"
အာရန်က ပြုံးလိုက်ပြီး သူ့ထက် အရပ် ပိုပုသော တပည့်မလေးကို သေချာကြည့်ရန် သူ၏ အကြည့်ကို အောက်သို့ လျှော့ချလိုက်ရသည်။
သူမသည်လည်း အာရန်ကို ပြန်လည် မော့ကြည့်လိုက်စဉ် သူမ၏ ခန္ဓာကိုယ်ကို ပတ်ထားသော အဝတ်ပါးလေးသည် အနည်းငယ် အောက်သို့ လျှောကျသွားပြီး အာရန်သည် မမြင်သင့်သည့်နေရာအချို့ကို ရုတ်တရက် မြင်လိုက်ရသဖြင့် သူ၏ အကြည့်သည် အနဲငယ်ကိုးရိုးကားယား နိုင်သွားခဲ့သည်။
အာရန်သည် သူ၏အကြည့်ကို လျင်မြန်စွာ ပြန်လည် ထိန်းချုပ်လိုက်ပြီး သူမကို ရှက်ရွံ့စေလိုခြင်းမရှိသောကြောင့် ၎င်းဖြစ်စဥ်ကို မပြောပြလိုက်ပေ။
သို့သော် အတိုင်းအတာတစ်ခုအထိ သူမသည် ၎င်းသည် တမင်တကာပင် လုပ်လိုက်လေသလားဟုပင် ခံစားမိလိုက်သည်။
၎င်းသည် သူ၏အထင်မှားယွင်းခြင်းများလားဟု သူ မသေချာနေသော်လည်း ယူလင်းသည် သူ၏ ခဏတာအကြည့် ယိမ်းယိုင်သွားသည့်အခိုက်အတန့်မှာပင် သူမသည် ဂုဏ်ယူနေသည့် ပုံဖြင့် ပြုံးရွှင်နေဆဲဖြစ်သည်။
ထို့ကြောင့် သူသည် အတွေးလွန်ခြင်းဖြစ်မည်ဟုသာ ယူဆလိုက်သည်။
၎င်းကို သူ၏ထင်မြင်ချက်မှားယွင်းခြင်းဟုသာ မှတ်ယူလိုက်၍ ထိုအရာကိုခေါင်းထဲက ထုတ်လိုက်ကာ သူမ၏မျက်နှာကိုသာ အာရုံပြန်စိုက်လိုက်ရသည်။
သူ၏ လွတ်နေသော အခြားတစ်ဖက်လက်ဖြင့် သူမ၏ခေါင်းကို ခပ်ဖြေးဖြေး ပုတ်ပေးလိုက်သည်။
"မင်း လုပ်နိုင်မယ်ဆိုတာ ဆရာ သိနေတယ် မင်းက ဆရာ့ကို တကယ် ဂုဏ်ယူစေတယ့် တပည့်အလိမ္မာလေးတစ်ယောက်ပဲ"
"ဒါနဲ့ဆရာ ကျွန်မဆရာ့ကို ပြစရာတစ်ခုရှိပါတယ်"
ယူလင်းသည် သူမ သင်ယူနိုင်ခဲ့သော ကျွမ်းကျင်မှုအသစ်တစ်ခုကို အာရန်အား ပြသရန် နောက်သို့ဆုတ်လိုက်ရင်း သူ၏လက်မောင်းကို နောက်ဆုံး၌ လွှတ်ပေးလိုက်သည်။
သူမသည် အာရန်၏လက်မောင်းကို ဖက်တွယ်ထားခြင်းကြောင့်သာ အနည်းငယ် ဖုံးအုပ်ထားနိုင်သည့် အဝတ်ပါးလေးသည် အောက်သို့ ပိုမို၍ လျှောကျသွားခဲ့သည်။
သူမ နောက်သို့ဆုတ်လိုက်သည်နှင့် သူ၏လက်မောင်းနှင့် ကွာသွားသောကြောင့် နဂိုကတည်းက လျော့ရဲရဲဖြစ်နေသော အဝတ်ပါးလေးသည် အောက်သို့ လျှောကျသွားပြီး အာရန်ရှေ့တွင် သူမ၏ အရာအားလုံးသည် လှစ်ဟပြသလိုက်သကဲ့သို့ ဖြစ်သွားလေသည်။
ခဏတာမျှ အာရန်သည် အတော်လေးထူပူသွားကာ ထိတ်လန့်သွားမိလိုက်သည်။
သူသည် ဤနေရာတွင် ရှက်ရွံ့နေဟန်ပြုမူလိုက်မိပါက သူ၏တပည့်မလေးကို ပို၍ အနေရခက်စေ၍ ကိုးရိုးကားရားနိုင်သည့် ဖြစ်စဥ်တစ်ခု ဖြစ်သွားနိုင်သည်ဟု တွေးမိလိုက်သည်။
သူမကို အရှက်ရခြင်း မရှိစေရန် တစ်ခုတည်းသောနည်းလမ်းမှာ ၎င်းသည် အရေးမကြီးသယောင် ဟန်ဆောင်လိုက်ခြင်းပင် ဖြစ်လေသည်။
သူသည် သူမ၏ ဆရာတစ်ဦးဖြစ်သည်။ ထိုသို့သော ကိစ္စလေးမျိုးကို သူသည် အဘယ့်ကြောင့် စိတ်ထဲထားနိုင်မည်နည်း..။
အာရန်သည် မြေပြင်ပေါ်ကျနေသော နူးညံ့သည့် ရေလဲအဝတ်ပါးလေးကို ကောက်ယူပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် ယူလင်းသည်လည်း ရှေ့သို့ သူမ၏ ကိုယ်ကို ကိုင်း၍ ကောက်ယူလိုက်ရာ သူတို့၏ လက်များသည် အချင်းချင်း ထိတွေ့သွားခဲ့သည်။
အာရန်သည် တည်ငြိမ်စွာဖြင့်ပင် ထိုအဝတ်စကို ကောက်ယူလိုက်လေသည်။
"အဝတ်အစာတွေ မြန်မြန် လဲလိုက်ပါဦး"
အာရန်သည် ယူလင်းအား ထိုအဝတ်စကို ပြန်ပေးရင်း ပြောလိုက်ရင်း နောက်တစ်ကြိမ်သူမအား မတော်တဆ ထပ်မံ ကြည့်မိသွားခဲ့ပြန်သည်။
"ဆရာ မင်းကို အပြင်မှာ စောင့်နေမယ် ပြီးသွားရင် အဲဒီမှာ မင်းရဲ့ ကျွမ်းကျင်မှုအသစ် တွေကို ဆရာ့ကို ထုတ်ဖော်ပြသနိုင်တယ်"
အာရန်သည် တစ်ဖက်သို့ လှည့်လိုက်ပြီး ခြံဝင်းအတွင်းမှ ထွက်ခွာသွားရာ နောက်သို့ တစ်ချက်မှပင် လှည့်မကြည့်တော့ပေ။
ယူလင်းသည် အာရန်ယူပေးသည့် အဝတ်စကို လက်ဖြင့်ကိုင်ထားလျက်ပင် သူ၏ နောက်ကျောအား ဆက်လက်ငေးကြည့်နေခဲ့သည်ကိုမူ သူ သတိမထားမိခဲ့ပေ။
....
အာရန်သည် ခြံဝင်းအပြင်ဘက်တွင် ရပ်လျက်ရှိနေပြီး သူ၏ကျောပြင်ကို နံရံတွင် မှီထားလေသည်။
သူသည် သူ၏လက်များကို ပိုက်ထားလျက်နှင့်ပင် အတွေးနယ်ချဲ့ နေပုံရသည်။
"ငါရဲ့ ဖြစ်တည်မှုကကို ဒီကမ္ဘာကြီးအပေါ် ကစဥ့်ကလျား အကျိုးသက်ရောက်မှုတွေ ဖြစ်လာစေလိမ့်မယ်ဆိုတာ ငါသိနေခဲ့တယ် ဒါပေမဲ့ ဒါက ဘာလို့များ သူမရဲ့ အကျင့် စရိုက်တွေအထိပါ ဘာလို့ ဒီလောက်အထိ ပြောင်းလဲသွားစေနိုင်ရတာလဲ..... သူတင်မကဘူး အဓိက ဇာတ်လိုက်ဖြစ်ရမဲ့ ရဲ့လန်ပါ နောက်ပိုင်းမှာ ဝတ္ထုထဲကနဲ့မတူပဲ ထူးထူးခြားခြား အမူအကျင့်တွေပြောင်းသွားခဲ့တယ်"
အာရန်သည် ဖြစ်ပျက်ခဲ့သော ထူးဆန်းသည့် အရာများအားလုံးကို ပြန်လည်တွေးတောသုံးသပ်ကာ နှုတ်မှထုတ်ဖော် ရေရွတ်နေလိုက်မိသည်။
သူ ဤကမ္ဘာတွင် ပို၍အချိန်ကြာကြာ ရှိနေခဲ့လေလေ အရာရာသည် သူ့အတွက် နားလည်ရတာ ပိုမို ခက်လာလေလေဖြစ်နေခဲ့လေသည်။
ထိုအထဲတွင် အဆိုးထဲမှအကောင်း တစ်ခုမှာ သူသည် ပိုမို သန်မာလာခဲ့ခြင်းပင် ဖြစ်လေသည်။
သူ့၏ မူလခန္ဓာကိုယ်ပိုင်ရှင်ပိုင်ဆိုင်သည့် ကျင့်ကြံခြင်းအဆင့်များကို ချိတ်ပိတ် ခံထားရသော်လည်း ယခုအချိန်တွင် သူသည် မဟာအကြီးအကဲတစ်ဦးထက်ပင် ပိုမိုသန်မာနေခဲ့ပြီးဖြစ်သည်။
သို့သော် ယခုအချိန်သည် သူ့အတွက် နဂါးလျှာ အပြင် အခြားသော သွေးမျိုးဆက်များ အားလုံးကို လုံးဝ ကျွမ်းကျင်သည့် အဆင့်တစ်ခုတွင် ရောက်မနေသေးသည့် အချိန်ကာလလည်း ဖြစ်လေသည်။
အခြေအနေ၏ ထူးဆန်းမှုကို တွေးတောနေစဉ် သူ၏ရှေ့မှ အသိပေးချက်နှစ်ခုကို သတိထားမိလိုက်သည်။
၎င်းသည် ဆုလာဘ်တစ်ခုဖြစ်လေသည်။
ထိုအရာသည် ပေါ်လာရန် အချိန်အနည်းငယ် ကြာမြင့်နေခဲ့သော်လည်း နောက်ဆုံးတွင် သူ၏ ပင်မလမ်းကြောင်း နှင့် ဒုတိယဦးစားပေးလမ်းကြောင်းဆီမှ ဆုလာဘ်များကို သူ့ထံသို့ ပေးပို့လိုက်ပြီးဖြစ်သည်။
[ဖန်းယုကို ကယ်တင်နိုင်ခဲ့ပြီး ရွေးချယ်မှုကို ပြီးမြောက်ခဲ့ခြင်းအတွက် ဂုဏ်ယူပါသည်။]
[အကူအညီလက်မှတ် တစ်ခုကို ဆုအဖြစ် ချီးမြှင့်ရရှိလိုက်ပါသည်။]
['အကူအညီလက်မှတ်' ကို အသုံးပြု၍ ဖန်းယုအား သင်အတွက် မျက်နှာသာပေးမှု တစ်ခုကို ရရှိရန် တောင်းဆိုနိုင်သည်။ ၎င်းသည် သူမ၏ အသက်ကို အန္တရာယ်ဖြစ်စေခြင်း သို့မဟုတ် သူမ၏ အဓိက ဆန္ဒနှင့် မဆန့်ကျင်နေသရွေ့ သူမ ဖြည့်ဆည်းပေးလိမ့်မည်ဖြစ်သည်။]
[မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်လာခဲ့ပြီး ရွေးချယ်မှုကို ပြီးမြောက်ခဲ့ခြင်းအတွက် ဂုဏ်ယူပါသည်။]
[မေးခွန်းဘောက်ချာတစ်ခုကို ဆုအဖြစ် လက်ခံရရှိပါသည်။]
ပင်မလမ်းကြောင်းမှ ဆုလာဘ်အဖြစ် ဖန်းယုကို ကယ်တင်ခဲ့ခြင်းအတွက် အကူအညီလက်မှတ် တစ်ခု ရရှိခဲ့သည်။
ထို့နောက် မေးခွန်းဘောက်ချာအတွက်မူ ယာယီဖြစ်စေကာမူ ဂိုဏ်းချုပ် တစ်ဦး ဖြစ်လာခဲ့ခြင်းအတွက် ဆုလာဘ်အဖြစ် ရယူနိုင်ခဲ့ခြင်း ဖြစ်လေသည်။
ပထမဦးဆုံးအနေဖြင့် ဖန်းယုသည် သူ့အား ယာယီဂိုဏ်းချုပ် ဖြစ်စေခဲ့လိမ့်မည်ဟု သူကိုယ်တိုင်ပင် မမျှော်လင့်ထားခဲ့ပေ။
အမှန်တွင်ကား အာရန်သည် သူမအား ဂိုဏ်းချုပ်ရာထူးကို ခဏတာ လက်လွှဲပေးရန် အကူအညီလက်မှတ် ကို အသုံးပြုရန် စီစဉ်ထားခဲ့ခြင်းဖြစ်လေသည်။
ထိုအရာကပင်လည်း သူ၏ တတိယဦးစားပေးလမ်းကြောင်းတွင် ဖန်းယုကို ဂိုဏ်းချုပ်ရာထူး ပေးရန် ဆွဲဆောင်ခိုင်းသော ရွေးချယ်မှုကို မရွေးခဲ့ရသည့် အကြောင်းအရင်းပင်ဖြစ်သည်။
အာရန်သည် အကူအညီလက်မှတ် ကို အသုံးပြုရန် စီစဉ်ထားခဲ့ခြင်းဖြစ်ပြီး ၎င်းသည် သူ့အတွက် မျက်နှာသာပေးမှုတစ်ခု ရယူနိုင်လိမ့်မည်ဟု ယူဆထားခဲ့သည်။
၎င်းသည် ရတနာပစ္စည်းတစ်ခု၏ အကျိုးသက်ရောက်မှုဖြစ်နေသောကြောင့် သူမကို ဆွဲဆောင်ခြင်းဟု မမှတ်ယူနိုင်ဘဲ သူ၏ တတိယဦးစားပေးလမ်းကြောင်းကို ပျက်စိးသွားစေနိုင်မည် ဖြစ်လေသည်။
ထို့ကြောင့်လည်း သူသည် သူ၏ ချစ်သူလမ်းကြောင်း ရွေးချယ်မှုများတွင် ထိုအရာနှင့် မတူညီသည့် ရွေးချယ်မှုတစ်ခုကိုသာ ရွေးခဲ့ခြင်းလည်းဖြစ်လေသည်။
ထို့ပြင် နောက်ထပ် ရွေးချယ်မိသည့်အဓိက အကြောင်းအရင်းမှာ မှတ်ဉာဏ်အပိုင်းအစတစ်ခုပါဝင်လာခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။
အာရန်သည် သူ၏ စနစ်မျက်နှာပြင်ရှိ အကူအညီလက်မှတ် ကို စိုက်ကြည့်နေရင်း ၎င်းကို ယခု မည်သို့ အသုံးပြုရမည်ကို တွေးတောနေခဲ့မိသည်။
သူ စီစဉ်ထားသော အစီအစဥ်မှာလည်း ၎င်းကို အသုံးမပြုဘဲနှင့်ပင် အောင်မြင်မှုရယူနိုင်ခဲ့ပြီးဖြစ်လေသည်။
ထို့ကြောင့် ယခု သူသည် ဤအရာကို မသုံးသေးပဲ နောက်မှ သုံးရန်သာ သိမ်းထားလိုက်လေသည်။
စာရေးဆရာနဲ့ တွေ့ဆုံခွင့်ရရန် စီစဉ်ပေးနိုင်သည့် ထို မေးခွန်းဘောက်ချာ အတွက်မူ သူသည် မည်သို့ အသုံးပြုရမည်ကို ကြိုတင်စဥ့်စားထားပြီးသားဖြစ်လေသည်။
ဒီကမ္ဘာအကြောင်း ပိုမိုသိရှိလာပြီးနောက် သူ တောင့်တမျှော်လင့်နေခဲ့ရသော အရေးအကြီးဆုံး ဆုလာဘ်လည်း ဖြစ်လေသည်။
....
မိနစ်အနည်းငယ်ကြာပြီးနောက် ယူလင်းသည် သူမ၏ ကျင့်ကြံသူတစ်ဦး၏ ဝတ်စုံကို အပြည့်အစုံ ဝတ်ဆင်ပြီး၍ အပြင်သို့ ထွက်လာခဲ့လေသည်။
"ဆရာ ကျွန်မ အဆင်သင့်ဖြစ်ပါပြီ"
#Catfoot