ပြဿနာထက်ပင် ဆိုးရွားသော ဖြေရှင်းနည်း
Vol. 19 Ch. 268
---
အာရန်သည် သူ၏ ခြေလှမ်းများရပ်တန့်သွားသည်။
ဘိုးဘေးအကြီးအကဲများနှင့်ပင် ပြဿနာမှာ အတော်လေးကိုင်တွယ်ရခက်နေပြီဖြစ်ရာ ယခုအခါတွင် ထို အရှင်သခင်တစ်ဦးဖြစ်သော မစ်ထ် ပင်ထပ်မံ ပါဝင်လာတော့မည်ဖြစ်လေသည်။
ဝတ္ထုထဲတွင် သူဖတ်ထားသမျှသည် မစ်ထ်ပါဝင်သည့် အပိုင်းများထိ မရောက်သေးသောကြောင့် သူမနှင့်ပတ်သက်၍ သူ၏အသိဥာဏ်မှာ အတော်လေး ကန့်သတ်ခံထားရသည်။
သူမကို အရှင်သခင် သို့မဟုတ် ဝါးမြိုသူ ၏ အတိတ်အကြောင်း ပြောဆိုသည့် အခါမှသာ အနည်းအကျဥ်းခန့်ငယ် ဖတ်ခဲ့ရဘူးလေသည်။
သူ တောင်ပိုင်းတိုက်ကြီးတွင် ရှိစဉ်အခါတွင် သူမနှင့်ပတ်သက်သော အချက်အလက်များ ပိုမိုစုဆောင်းရန် ကြိုးစားခဲ့သော်လည်း များများစားစား မရရှိခဲ့ပေ။
သူသိရှိထားသလောက်မှာ မစ်ထ်သည် ပြင်ပနေရာများသို့ တော်တန်ရုံ အခြေအနေများတွင် ပေါ်ထွက်လာလေ့ မရှိခြင်းပင်ဖြစ်သည်။
ပင်လယ်ပြင်မှ ထွက်ပြေးပြီး အရှေ့ပိုင်းတိုက်ကြီးသို့ ပြန်ရောက်မှသာ အာရန်သည် မကြာမီအချိန်က မစ်ထ်တစ်ယောက် ပေါ်ထွက်လာခဲ့ပြီး ပင်လယ်နဂါးများ၏ ဒေါသတကြီးတိုက်ခိုက်မှုများကို ရပ်တန့်စေခဲ့ကြောင်း သိရှိခဲ့ရသည်။
ထိုစဉ်က သူ၏ ဖြစ်နိုင်ချေရှိသော ရန်သူနှစ်ဦးသည် ကိုယ်စီအလုပ်ရှုပ်နေသောကြောင့် သူ အတော်လေး ကျေနပ်ခဲ့ရသေးသည်။
သူမနှင့် ဤမျှ စောစီးစွာ ဆုံတွေ့ရလိမ့်မည်ဟု အာရန်သည် လုံးဝမမျှော်လင့်ထားခဲ့ပေ။
သူ့ကိုယ်သူ ကာကွယ်နိုင်လောက်အောင် သန်မာလာသည်အထိ သူမနှင့် များစွာ ထိတွေ့ဆက်ဆံလိုခြင်းမရှိနေခဲ့ပေ။
သို့သော် အကြောင်းအမျိုးမျိုးကြောင့် သူသည် အရှေ့ပိုင်းတိုက်ကြီး၌ပင် မစ်ထ်၏ သမီးနှင့် တွေ့ဆုံခွင့်ရခဲ့ပြီး ယခုအခါတွင်မူ သူမကိုယ်တိုင်ပင် မိစ္ဆာဂိုဏ်းသို့ လာရောက်တော့မည် ဖြစ်လေသည်။
သူမနှင့်ပတ်သက်၍ သူသိရှိထားသည့် အရေးပါဆုံးအရာမှာ သူမသည် သူ၏မူလခန္ဓာကိုယ်ပိုင်ရှင် ရန်နီခရိုလိုင်း ဆိုသူကို ဤဂိုဏ်းသို့ စေလွှတ်ခဲ့သူ တစ်ဦးဖြစ်နေခြင်းပင် ဖြစ်လေသည်။
သူမနှင့်အတူဖြစ်ပျက်ခဲ့သည့်အရာများပါဝင်သည့် ရန်၏ မှတ်ဉာဏ်အစိတ်အပိုင်းကို သူ မပိုင်ဆိုင်ထားသေးသောကြောင့် သူမကို ကိုယ်တိုင်မမြင်ရသေးသော်လည်း သူမသာ ဤနေရာသို့ ရောက်လာခဲ့ပါက သူ့အတွက် အဆိုးဝါးဆုံး အခြေအနေတစ်ခု ဖြစ်သွားမည်မှန်းကိုတော့ သူသေခြာသိနေခဲ့သည်။
ထို့ပြင် ဤကမ္ဘာရှိ လူများ၏ စိတ်နေစိတ်ထားများသည် သူ ဖတ်ရှုခဲ့သည့် ဝတ္ထုထဲက အတိုင်းမဟုတ်တော့ပဲ လက်တွေ့ကြုံတွေ့ခဲ့ရသောအခါ အတော်လေး ကွဲပြားခြားနား နေကြသည်က ပို၍ပင် ဆိုးရွားလေသည်။
ပထမဆုံး ရဲ့လန် ဖြစ်သည်။ ထို့နောက် ယခု ယူလင်းဖြစ်ကာ အခြားကြုံတွေ့ခဲ့ရသည့် သူအချို့ဖြစ်လေသည်။
ထို့ကြောင့် မစ်ထ် သည်ပင် သူမ၏ မူရင်းစိတ်နေစိတ်ထားများ ရှိနေဦးမည်လား သို့မဟုတ် သူမတွင်လည်း ထူးဆန်းသောအရာများ ပြောင်းလဲသွားမည်လားဟု သူ မသေချာနေပေ။
"ဘိုးဘေးအကြီးအကဲတစ်ဦးက ဘာလို့ သူမနဲ့ ဆက်သွယ်ပြီး ကိုယ်တို့ရဲ့ အားနည်းချက်ကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့ရတာလဲ" ဟု သူက ယီလန်ကို ထပ်မံ မေးလိုက်သည်။
၎င်းသည် အတော်လေး ထူးဆန်းနေသောကြောင့် ဖြစ်သည်။
အရှေ့ပိုင်းတိုက်ကြီးတွင် အရှင်သခင်တစ်ဦး မရှိတော့သည့်အတွက် ဘိုးဘေးအကြီးအကဲသည် သူ၏အနာဂတ်အတွက် စိုးရိမ်နေသည်ဆိုလျှင်ပင် အဘယ်ကြောင့် မစ်ထ် ဖြစ်နေရသနည်း။
အခြား အရှင်သခင်သုံးဦးထဲတွင်မ မစ်ထ်သည် ဤအရှေ့ပိုင်းတိုက်ကြီးနှင့် ပဋိပက္ခအများဆုံး ရှိခဲ့ဘူးသူ ဖြစ်လေသည်။
တောင်ပိုင်းတိုက်မှ လူများသည်လည်း အရှေ့ပိုင်းတိုက်ကြီးမှ လူများကိုအလွန် မုန်းတီးကြလေသည်။
"အဲ့ဒီ ဘိုးဘေးအကြီးအကဲက သူရဲ့ ဘေးကင်းလုံခြုံမှုကို ထိန်းသိမ်းဖို့အတွက်နဲ့ အရှေ့ပိုင်းတိုက်ကြီးကို သစ္စာဖောက်ချင်ရင်တောင် အနောက်ပိုင်းက သန့်စင်အင်ပါယာ ဒါမှမဟုတ် မြောက်ပိုင်းက နစ်ခရိုမန်ဆာမျှော်စင် အဲ့ဒီတိုက်ကြီးတွေကိုပဲ ဆက်သွယ်သင့်တာ မဟုတ်ဘူးလား"
"အဲ့ဒါတော့ ကျွန်မလည်း မသိဘူး"
ယီလန်သည် သူမ ကြားသိခဲ့ရသည်များကိုသာ ပြန်လည် ပြောပြနိုင်ခဲ့သည်။
ထိုသူ၏ စိတ်ထဲတွင် ဘာတွေတွေးနေသည်ကိုမူ သူမလည်း နားမလည်နိုင်ပေ။
ထိုဘိုးဘေးအကြီးအကဲဆိုသူသည် မစ်ထ်ကို ဆက်သွယ်သည်အထိ ထိုကဲ့သို့ ပြုမူခဲ့လိမ့်မည်ဟု သူမသည်ပင် မမျှော်လင့်ခဲ့ပေ။
"ဘယ်ဘိုးဘေးအကြီးအကဲလဲ" ဟု အာရန်က အဓိကခန်းမဆောင်သို့ ဆက်လျှောက်လှမ်းနေရင်း မေးလိုက်သည်။
ဤအကြောင်းကို ဖန်းယုနှင့် သေခြာစွာ ဆွေးနွေးရမည်ဖြစ်လေသည်။။
"ဘိုးဘေးအကြီးအကဲယန် လို့ ပြောတဲ့သူ"
ယီလန်က အာရန်၏ ခြေလှမ်းကိုအမှီ လိုက်လှမ်းရင်း ပြန်ဖြေလိုက်သည်။
"သူလား"
အာရန်သည် ယီလန်၏ စကားကြောင့် အံ့အားသင့်သွားရသည်။
ဘိုးဘေးအကြီးအကဲများထဲတွင်ပင် ထိုလူသည် ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်ပုံရသည်။
ထိုသူသည် အာရန်အနေနှင့် အထူးခြားဆုံးသတ်မှတ်ထားခဲ့သူလည်း ဖြစ်နေသည်။
မဟာအကြီးအကဲအဘိုးအိုမှ သူ့အား စင်္ကြံလမ်းတွင် တိုက်ခိုက်ခဲ့စဉ်က ဘိုးဘေးအကြီးအကဲကျားယွင် သည် သူ့အား တစ်စက်ကလေးပင် ဂရုမစိုက်ခဲ့ပေ။
သူမအတွက်မူ အာရန်ကဲ့သို့ အကြီးအကဲတစ်ဦးသည် သူမ၏ ဂရုစိုက်မှုနှင့်ပင် မထိုက်တန်သကဲ့သို့ ရှိနေခဲ့သည်။
သို့သော် ထိုဘိုးဘေးအကြီးအကဲယန်မှာမူ က ကွဲပြားလေသည်။
သူအား သာမန် အရေးမပါသော လူတစ်ဦးကဲ့သို့သာ သတ်မှတ်ခဲ့သင့် သော်လည်း ထိုလူသည် သူ့အား အတော်လေး ဂရုစိုက်ပုံရလေသည်။
ထို့ပြင် သူ့အား စကားအနည်းငယ်ပင် ပြောခဲ့သေးသည်။
သူသည် ဘိုးဘေးအကြီးအကဲတစ်ဦးကို သတ်ဖြတ်ရန် လက်စွပ်၏ အစွမ်းကို အသုံးပြုခဲ့သည့်အခါတွင်ပင် ထိုဘိုးဘေးအကြီးအကဲယန်ဆိုသူသည် သူ့အား ရန်လိုမှုများစွာ မပြခဲ့ပေ။
အမှန်တကယ်ဆိုလျှင် သူသည် စိတ်ဝင်စားစရာကောင်းသော ကစားစရာအသစ် တစ်ခုကို တွေ့ရှိခဲ့သကဲ့သို့ သူ့အား ပို၍ပင် စိတ်ဝင်စားနေခဲ့ပုံရခဲ့လေသည်။
---
---
ထိုသူသည် တစ်ဖက်တွင် ဘိုးဘေးအကြီးအကဲ ကျားယွင် ဘက်တွင် ရပ်တည်နေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း သူရဲကောင်းအကယ်ဒမီမှ မစ်ထ် အား ဤနေရာသို့ ခေါ်ဆောင်နိုင်ရန်ပင် ကျိုးစားခဲ့သည်။
သူ၏ လုပ်ဆောင်ချက်နှစ်ခုသည် အချင်းချင်း ဆန့်ကျင်နေကြသောကြောင့် မည်သည့်အရာမျှကိုမျှ ဆက်စပ်တွေး၍ နားမလည်နိုင်တော့ပေ။
သူသည် တစ်စုံ တစ်ခုခုကြောင့် နှစ်ဖက်စလုံးနှင့် ကစားချင်နေပုံရလေသည်။
"တခြားထူးခြားတဲ့ အရာတစ်ခုခု သတိထားမိတာရှိသေးလား ဥပမာ သူက တခြား အရှင်သခင်တွေနဲ့ ဆက်သွယ်တာမျိုးပေ့ါ" ဟု အာရန်က မေးလိုက်သော်လည်း ယီလန်က ခေါင်းသာခါပြခဲ့သည်။
ထိုသူသည် မစ်ထ်နှင့် ဆက်သွယ်မှုပြုလုပ်ပြီးနောက် လောကကြီးတစ်ခုလုံးကို စိုးရိမ်ပူပန်မှု တစ်စက်ကလေးမျှပင်မရှိသည့်ပုံဖြင့် နှစ်ချိုက်စွာ အိပ်ပျော်သွားခဲ့သည်ဟု ပြောပြသည်။
ဘိုးဘေးအကြီးအကဲယန်၏ လုပ်ဆောင်ချက်များကို ရှင်းပြပြီးနောက် ယီလန်က ဆက်လက်၍ပြောလိုက်သည်။
"ကျွန်မတို့ ဒီမှာ ဆက်မနေသင့်တော့ဘူးလို့ ထင်တယ် ဒီနစ်မြုပ်နေတဲ့ သင်္ဘောပေါ်ကနေ ထွက်သွားသင့်တယ် ကျွန်မခုချက်ချင်း ဝိညာဉ်လောကဆီကို သွားတဲ့ ဂိတ်တံခါးပေါက်ကို ရှင့်အတွက်ဖွင့်ပေးနိုင်ပါတယ်" ဟု အကြံပြုလိုက်သည်။
"ကိုယ် ရှောင်လို့ရရင် ရှောင်နေတာပေ့ါ" ဟုပြောကာ အာရန်သည် သူ၏ဦးခေါင်းကို စိတ်ရှုပ်စွာ ပြန်လည် ကုတ်ရင်း သက်ပြင်းချလိုက်သည်။
မစ်ထ် ရောက်လာမည်ဟူသော သတင်းကို ကြားသောအခါ သူ၏စိတ်ထဲတွင် ပထမဆုံးပေါ်လာသည်မှာလည်း ထွက်ပြေးရန်ပင် ဖြစ်သည်။
မစ်ထ်သည် ဂိုဏ်းချုပ်အသစ်၏ နာမည်ကို ကြားသိပြီးသားဖြစ်မည်ဖြစ်ကြောင်း သူ သေချာနေခဲ့သည်။
သူမ စေလွှတ်ခဲ့သော သူလျှိုသည် ဂိုဏ်းချုပ်ဖြစ်လာကြောင်းလည်း သူမ သိနှင့်ပြီးသားဖြစ်နိုင်ပြီး ၎င်းသည် သူမကိုယ်တိုင် လာရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်နေနိုင်သည်။
ဖန်းယု အမှန်တကယ် သေဆုံးသွားခဲ့ခြင်းဟုတ်မဟုတ်ကို ကိုယ်တိုင် အတည်ပြုရန်အတွက်လည်း ဖြစ်နိုင်ပေသည်။
မစ်ထ်နှင့် ဖန်းယု တစ်ဦးနှင့်တစ်ဦး ဆုံဆည်းမိပြီး သူ၏ သူလျှိုဖြစ်နေသော အချက်အလက်အချို့ ပေါ်ပေါက်လာရန် အချိန်တစ်ခုသာ လိုတော့မည်ဖြစ်လေသည်။
ထိုသို့ မဖြစ်ပွားမီ သူသည် ချစ်သူလမ်းကြောင်းအား လုံးဝအဆုံးရှုံးမခံပဲရအောင်နှင့် အရှင်သခင်များ၏ ရန်သူစစ်စစ်အဖြစ် သူ၏ ရန်နစ်ခရိုလိုင်းအဖြစ် အဓိကလျို့ဝှက်ချက်ကို သိရှိနိုင်မည့် သဲလွန်စတစ်ခုတစ်လေ ထပ်မံ မထွက်ပေါ်လာအောင် အကြံဉာဏ် တစ်ခုကို အလျှင်အမြန်စဥ့်စားရန် လိုအပ်နေပြီဖြစ်လေသည်။
သူ၏ သူလျှိုအဖြစ် အချက်အလက် တစ်ခုတည်းကပင် ပြဿနာကြီးမားနေပြီဖြစ် သော်လည်း သူ၏ ရန်နစ်ခရိုလိုင်းဖြစ်သည့် အဓိကလျှို့ဝှက်ချက်မှာမူ ပို၍ပင် ဆိုးရွားလေသည်။
သူ၏ မည်သည့်လျှို့ဝှက်ချက်ပင် ပေါ်ပေါက်သည်ဖြစ်စေ သူသည် ဖန်းယုနှင့် လုံးဝ ဝေးကွာသွားတော့မည်ဖြစ်ကာ ချစ်သူလမ်းကြောင်းဆီမှ ထာဝရ ကွေကွင်းသွားလိမ့်မည် ဖြစ်လေသည်။
အာရန်သည် ခဏတာ တိတ်ဆိတ်နေပြီးနောက် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ကာ ....
"မစ်ထ် မလာအောင် တားဆီးဖို့ နည်းလမ်းတစ်ခုရအောင် ရှာရမယ်" ဟု ပြောလိုက်သည်။
"ကျွန်မတို့ သူမကို တားဆီးနိုင်ပ့ါမလား"
ယီလန်က မယုံကြည်နိုင်သည့် မျက်လုံးများဖြင့် အာရန်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။
မည်သို့ပင်ဖြစ်စေ မစ်ထ်သည် ဖန်းယုနှင့် အဆင့်တူသော အရှင်သခင် တစ်ဦး ဖြစ်နေလေသည်။
အာရန်သည် ပင်ပန်းနွမ်းနယ်စွာဖြင့် သက်ပြင်းတစ်ချက်ချကာ ဟိုကုတ်ဒီကုတ် လုပ်နေလိုက်သည်။
"ကိုယ့်မှာ နည်းလမ်းတစ်ခုရှိတယ် ဒါပေမဲ့ အဲ့ဒီနည်းလမ်းက ခုလက်ရှိ ရင်ဆိုင်နေရတဲ့ အခြေအနေထက်တောင် ပိုဆိုးသွားနိုင်တယ်"
"ဘယ်လိုဖြေရှင်းနည်းလဲ" ဟု ယီလန်က မေးလိုက်ရင်း အာရန်အား မစ်ထ်ကို နှောင့်နှေးစေရန် မည်သည့်အရာက ကူညီနိုင်မည်နည်းဟု တွေးတောနေမိလိုက်သည်။
သူက ပိုဆိုးသည်ဟု ခေါ်ဝေါ်လျှင် သူမသည် မည်သည့်အရာဖြစ်နိုင်သည်ကို စိတ်ကူး၍သာ ကြည့်နိုင်တော့သည်။
"ကိုယ်မင်းကို တိကျတဲ့ မြေပုံတည်နေရာတစ်ခု ပေးမယ် အဲ့ဒီနေရာရောက်တဲ့ အတိအကျ ဂိတ်တံခါးပေါက် တစ်ခု ကိုယ့်အတွက် ဆက်သွယ်ပေးပါ"
အာရန်သည် စာရွက်တစ်ရွက်ကို ထုတ်ကာ တစ်စုံတစ်ခုကို ရေးခြစ်နေခဲ့ပြီးနောက် ယီလန်ကို ပေးလိုက်သည်။
"ဒါက... ဒါက... "
ယီလန်သည် အာရန်ရေးပြထားသည့် တည်နေရာအချက်အလက်များကို ကြည့်လိုက်ရာ ထိုဂိတ်ဝင်ပေါက် ဖွင့်ရမည့်နေရာသည် အရှေ့ပိုင်းတိုက်ကြီးရှိ မည်သည့်နေရာကိုမျှ မဟုတ်နေပေ။
ထို့အပြင် ဝိညာဉ်လောကသို့လည်း ဟုတ်မနေခဲ့ပေ။
#Catfoot