← Chapters

သွေးအန်ခြင်း

Vol. 132 Ch. 1838

သွေးအန်ခြင်း

Vol. 132 Ch. 1838

ထိုလူသည် မည်သူမည်ဝါဖြစ်မည်ကို ရှီမာယူယူ မသိပေ။ သို့သော် သူမ၏ ခန့်မှန်းချက်ကိုလည်း ထုတ်ပြောမည်မဟုတ်ပေ။ ထိုအစား သူမသည် အရိပ် မိစ္ဆာနက်အတွဲအကြောင်းကိုသာ မေးခွန်းများမေးခဲ့သည်။

ယွိယန်း သူမကို ပြောပြလေလေ မည်သူမှ သတ်လိုက်သည်ကို သေချာ လေဖြစ်သည်။

ယွိယန်းစကားအရဆိုလျှင် မိစ္ဆာနက်အရိပ်နှစ်ယောက်တွဲသည် ကြင်ယာ တော်မင်းသမီး၏ ယုံကြည်ရဆုံး လုပ်ကြံသူများဖြစ်ကြသည်။ အရေးကြီးသော လူများကို လုပ်ကြံရာတွင် သူတို့ကို လွှတ်လေ့ရှိသည်။ ရှီမာယူယူကို သတ်ရန် အတွက် သူတို့နှစ်ယောက်ကို လွှတ်လိုက်သည်မှာ တခြားသူများ၏ မျက်လုံးထဲ တွင် အပိုလုပ်သည်ဟူ၍ပင် မြင်ကြသည်။

ထိုစဉ်က ထိုလုပ်ကြံသူနှစ်ယောက် သူမဆီသို့ လာခဲ့ပါက အားအင်မလုံ လောက်သေးသဖြင့် မီအာသို့မဟုတ် ခရမ်းလေးကို အသုံးပြုရမည်ကို ရှီမာယူယူသိလိုက်သည်။

ထိုမျှအားကောင်းသော လုပ်ကြံသူသည် သူမကို လာသတ်ချိန်တွင် ပျောက်ကွယ်သွားခဲ့သည်။ လူနှစ်ယောက်ကို ခြေရာလက်ရာမကျန်အောင် ပျောက်သွားစေသည်မှာ ထိုလူသည် အားကောင်းလှသည်မှာ သံသယဝင်စရာ မလိုပေ။

“ဒီလောက် အားကောင်းတဲ့လူ အသတ်ခံရတာမို့လို့ သူမက ကျွန်မကို ပိုပြီးသတ်ချင်နေတာကိုး” ရှီမာယူယူ ပခုံးတွန့်လိုက်သည်။

“တကယ်ပဲ ပွဲလုပ်မယ်ဆိုရင် မင်းသွားမှာလား” ယွိယန်း မေးလိုက်သည်။

“မသွားဘူး ပြီးတော့ ကျွန်မက သူမနဲ့ ဆက်ဆံရေးထိန်းသိမ်းဖို့ မလိုဘူး လေ အဲဒါကြောင့် ပွဲကို တက်တက်မတက်တက် ကိစ္စမရှိဘူး” ရှီမာယူယူ ပြော လိုက်သည် “ပြီးတော့  မင်းသားကို ကုမယ့် ပစ္စည်းနှစ်ခုကလည်း မကြာခင် ရောက်တော့မယ်လို့ မင်းသား ၂ ပြောတယ်မလား… မထင်ထားတာတွေကို မတွေ့အောင်နေတာ ပိုကောင်းမယ်”

“ဟုတ်တယ်” ယွိယန်း ပြောလိုက်သည်။

“ရောက်ပါပြီ ကျေးဇူးတင်ပါတယ် မင်းသား ၂” ရှီမာယူယူသည် ယွိယန်း ဆီသို့ ခေါင်းညိတ်ပြကာ လှေကားအတိုင်း တက်သွားလိုက်သည်။ သူမသည် တံခါးဖွင့်ပြီး ထွက်လာခဲ့လိုက်သည်။

သူမ အခန်းသို့ပြန်ရောက်သည်နှင့် အိပ်ရာပေါ်လှဲကာ ယွိယန်း ပြောခဲ့ သည်များကို စဉ်းစားနေလိုက်သည်။

“မိစ္ဆာနက်အရိပ်နှစ်ယောက်တွဲကို ရှင်လုပ်တာလား” သူမသည် ရေရွတ် ပြီးနောက် လက်ပေါ်သို့ ခေါင်းမှီလိုက်သည်။

သူမ အိပ်မောကျပြီးနောက်တွင် အရိပ်ခပ်ဖျော့ဖျော့သည် အရိပ်ကဲ့သို့ ပေါ်လာသည် “ဒါသိဖို့ကို အချိန်တော်တော်ကြာသွားတယ်… ငါ စောစောလေး ထွက်ပြလိုက်ရမှာလား.. ဒါပေမဲ့ မင်းက ငါ့ကိုမှတ်တောင်မမှတ်မိသေးဘူး…”

ရှီမာယူယူ၏ မျက်ခွံသည် လှုပ်လာသည်။ သို့သော် သူမ မနိုးပေ။

နှစ်ရက်ကြာပြီးနောက်တွင် ပွဲတော်ကို တက်ရောက်ရန် နယ်စားနှင့် မိသားစုဝင်များကို ဖိတ်ကြားသည့် နန်းတော်မှ ဖိတ်စာကဒ်များ ရောက်လာ သည်။ ရှီမာယူယူသည် ဖိတ်စာကို တစ်ချက်သာကြည့်ကာ ဂူဇီပင်းကို ဆက် စမ်းသပ်နေသည်။

“တော်တော်လေး ကောင်းလာပြီပဲ” ရှီမာယူယူသည် စမ်းသပ်ပြီးစီးသည် နှင့် ပြောလိုက်သည် “မင်းရဲ့ စိတ်ကျန်းမာရေးလည်း ကောင်းလာပြီ ခံစားချက် ကောင်းရင် ခန္ဓာကိုယ်ပြန်ကောင်းဖို့အတွက်လည်း ကူညီပေးနိုင်တယ်”

“မင်တက အဲလူကို မသန်စွမ်းအောင် လုပ်လိုက်တာကို တကယ် ကျေနပ် သွားတယ်… တကယ်ကို ပျော်စရာကြီး… အထူးသဖြင့် သူတို့သမားတော်တွေ က သူ့ကိုကုလို့မရဘူးလို့ ပြောတော့ သူက လုံးဝကို သုံးမရတဲ့လူဖြစ်သွားတာပဲ” ဂူဇီပင်းသည် ခံစားချက်ကောင်းနေကာ သူ့စိတ်ထဲမှ အမုန်းတရားများ ပျောက် ကွယ်သွားလေသည်။

“မင်းရဲ့ သွေးကြောတွေလည်း ပြန်ကောင်းလာပြီ နောက်ရက် နည်းနည်း လောက်ဆိုရင် လှုပ်လို့ရပြီ” ရှီမာယူယူ ပြောလိုက်သည်။

“အဲလူတွေ ဇီပင်းကိုမြင်ရင် ဘယ်လိုမျက်နှာထားမျိုး ဖြစ်သွားမလဲ မျှော်လင့်နေပြီ” ကျန်းမင်တသည် အားပါးတရပြောသည် “မင်းတို့နှစ်ယောက် လုံးက ခြေလက်သွေးကြောတွေ အဖြတ်ခံရတယ် ဒါပေမဲ့ မင်းကို ကုလို့ရပြီး သူကတော့ တစ်သက်လုံး မသန်စွမ်းဖြစ်သွားတော့မှာ… သူတို့ မျက်နှာထား တွေတော့ တန်ဖိုးဖြတ်မရလောက်ဘူးထင်တာပဲ”

“ငါလည်း အဲဒါကိုမျှော်လင့်နေတာ” ဖန်းရင်ဟန် ပြောလေသည်။

“မှတ်လားပါ မင်းကို ကုပေးတာ ငါဆိုတာကို မပြောကြနဲ့” ရှီမာယူယူ ပြောလိုက်သည်။

“သခင်မလေးက ခပ်လျှိုလျှိုနေရတာကြိုက်တယ် ကျွန်တော်တို့ အဲဒါကို နားလည်ပါတယ်” ကျန်းမင်တသည် အားတက်သရော် ပြောလေသည် “ကျွန်တော်တို့ သခင်မလေးအတွက် သေချာပေါက် လျှို့ဝှက်ထားပေးမှာပါ”

“သိရင်လည်း ပြီးတာပဲ” ရှီမာယူယူသည် နှစ်ဦးနှစ်ဖက် နားလည်စေသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

“သခင်မလေး ပွဲတော်ကိုသွားတက်မှာလား” ဖန်းရင်ဟန် မေးလိုက် သည်။

“ဟင့်အင်း မသွားဘူး… တစ်ယောက်ယောက်မေးလာရင် ငါ အဆင့်တက် ဖို့လုပ်ရင်း အကျပ်အတည်းဖြစ်နေလို့ အားပြန်ပြည့်အောင်လုပ်နေတယ်လို့ ပြောလိုက်” ရှီမာယူယူ ပြောလိုက်သည် “ငါ နောက်နှစ်ရက်လောက် ထွက် မလာဘူး”

“ဒါက ဆင်ခြေလုပ်လို့ရတယ်… လူတစ်ယောက် အဆင့်တက်တာကို ကြင်ယာတော်မင်းသမီးတောင်မှ မထားနိုင်ဘူး.. အထူးသဖြင့် ဒီလိုကျပ်တည်း တဲ့အဆင့်ဆိုရင် ပိုလို့တောင်မရသေး” ကျန်းမင်တ ပြောလေသည်။

“ဟုတ်ပြီ ဇီပင်း ကောင်းကောင်းနားလိုက်ဦး ငါ ပြန်လိုက်ဦးမယ်… မင်းတို့လည်း ဒီရက်ပိုင်းကို အပြင်မထွက်ကြနဲ့ ကြင်ယာတော်မင်းသမီးက ငါ့ကို ရှင်းဖို့ နည်းလမ်းရှာမတွေ့ရင် မင်းတို့ကိုလာမဲနိုင်တယ်” ရှီမာယူယူ သတိပေး လိုက်သည်။

“ကျွန်တော်တို့ နားလည်ပါတယ်” သူတို့ ပြန်ဖြေလိုက်ကြသည်။

နှစ်ရက်အကြာတွင် တတိယမြောက်ပြိုင်ပွဲသည် ဆိုင်းငံ့ခြင်းမရှိ ပြီးသွား လေသည်။ သည်တစ်ကြိမ်တွင် လျောင်ပြည်နယ်၏ အခြေအနေသည် မကောင်းလှပေ။ ဖန်းရင်ဟန်၊ ကျန်းမင်တနှင့် ရှီမာယူယူတို့သာ နောက်တစ် ဆင့်တက်ကြသည်။ ထို့အပြင် ဖန်းရင်ဟန်နှင့် ကျန်းမင်တို့သည် ကပ်သီးလေး နိုင်ခဲ့ခြင်းဖြစ်သည်။ နှစ်ယောက်လုံးသည် အားကောင်းသော ပြိုင်ဘက်ကိုတွေ့ ပြီး အန္တရာယ်ကျခဲ့သည်။

ရှီမာယူယူသည် ဤတစ်ကြိမ်တွင်လည်း မလှုပ်ရှားခဲ့ဘဲ အတားအဆီးပင် မသုံးကာ နဂါးနက်ကြောင့်ပင် အဆင့်တက်သွားခြင်းဖြစ်သည်။ အတိအကျဆို ရလျှင် ပြီးခဲ့သည့်နှစ်ခေါက်တွင် သူမ၏ နဂါးနက်သည် ပြိုင်ဘက်များကို သေ သည်အထိ ချေမွခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် အဆုံးသတ်ထိမရောက်ခင် ၌ပင် သူမ၏ပြိုင်ဘက်မှာ အရှုံးပေးခဲ့သည်။

ထို့ကြောင့် ရှီမာယူယူ တိုက်ခိုက်သည်ကို ကြည့်ချင်သူများ စိတ်ပျက်ကြ သည်။

“မုရုန်ရှီ” ရှီမာယူယူ၏ နာမည်ကို အထွက်ပေါက်ရောက်တွင် ခေါ်သံကြား လိုက်ရသည်။

“မင်းသား ၁၊ မင်းသား၂၊ မင်းသား ၇ နဲ့ မင်းသားလေးတို့ကို နှုတ်ဆက်ပါ တယ်” ရှီမာယူယူနှင့် လျောင်ပြည်နယ်မှလူများ အရိုအသေပြုကြသည်။

“မနက်ဖြန် ပွဲတော်ကိုတက်မှာလား” ယွိလျိုသည် သူမအားကြည့်ပြီး မေး လိုက်သည်။

“သေချာပေါက် သွားမှာပေါ့ရှင်” ရှီမာယူယူသည် ခေါင်းငုံ့ကာ ချောချော မွေ့မွေ့ပင် ပြန်ဖြေသည်။

ယွိလျိုသည် ရှီမာယူယူနား ကပ်ကာ သူမ၏ဆံပင်ကို နမ်းရှုတ်ပြီးနောက် တိုးညင်းစွာ ပြောလိုက်သည် “ဒါဆို ငါတို့မနက်ဖြန်တွေ့ကြတာပေါ့”

ရှီမာယူယူသည် တင့်တယ်စွာပင် နောက်ဆုတ်ပြီး အရိုအသေပြုကာ ပြောလိုက်သည် “မနက်ဖြန်တွေ့ကြပါမယ်”

ယွိလျို ကျေကျေနပ်နပ်ကြီး ထွက်သွားသည်နှင့် ရှီမာယူယူသည် အန်မိ တော့မလိုပင်ဖြစ်သွားသည်။

“သခင်မလေး ကျွန်တော်တို့ တကယ်သွားမှာလား” အစောပိုင်းက ကျန်းမင်တတို့သည် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ ယွိလျို သာ ပို၍အတင့်ရဲလာပါက စိတ်လိုက်မာန်ပါ လုပ်မိနိုင်သည်။

“ဟိုနေ့ကပဲ ဆုံးဖြတ်ပြီးပြီမဟုတ်ဘူးလား” ရှီမာယူယူ ပြောလိုက်သည် “ငါ အဆင့်တက်ဖို့ လုပ်မှာ”

အားလုံး၏ နှုတ်ခမ်းများ တွန့်သွားသည်။ အစောကပဲ သူမ ချောချောမွေ့ မွေ့ သဘောတူလိုက်တယ်လေ။

နောက်တစ်နေ့တွင် မုရုန်ဟွေ့သည် တစ်ယောက်တည်း ပွဲသွားတက် သည်။ ကြင်ယာတော်မင်းသမီးသည် ယွိလျိုနှင့် စကားပြောနေရာမှ သူ တစ်ဦး တည်း လျှောက်လာသည်ကိုမြင်သည်နှင့် မေးလိုက်သည် “ရှီအာ ရော”

“ကြင်ယာတော်မင်းသမီး ကျွန်တော့်သမီးက မနေ့ကပြန်လာပါတယ် နေ့ခင်းတုန်းက အကုန်လုံးရဲ့ တိုက်ရည်ခိုက်ရည်ကို ကြည့်ပြီးတော့ သူမက အဆင့်တက်ဖို့လိုသေးတယ်လို့ ပြောပါတယ် အဲဒါကြောင့် အခု သူမက တံခါး ပိတ်ကျင့်ကြံနေလို့ ပွဲမတက်နိုင်တာပါ” မုရုန်ဟွေ့ ပြန်ဖြေသည်။

“သူမက တကယ်ပဲ တံခါးပိတ်ကျင့်ကြံနေတာလား” ယွိလျို မယုံပေ “သူမက မယ်တော် လုပ်တဲ့ပွဲကို မတက်ချင်တာ မဟုတ်ဘူးလား”

“သေချာပေါက် မဟုတ်ပါဘူး မင်းသား ၁… ရှီအာက ဒီလိုပွဲမျိုးကို အရမ်း စိတ်ဝင်စားပါတယ် မတက်နိုင်လို့ အရမ်းကိုနှမြောနေတာပါ” မုရုန်ဟွေ့သည် လျင်မြန်စွာပင် ပြန်ဖြေသည်။

“ဘာတွေ ပြောနေကြတာလဲ” တယွိမင်းသားသည် ကိုယ်ရံတော်နှစ် ယောက်နှင့်ပေါ်လာသည်။ အနောက်တွင်တော့ နေမကောင်းသည့်ပုံဖြင့် ယွိယန်း လိုက်လာသည်။

“မုရုန်ဟွေ့ရဲ့ သမီးမုရုန်ရှီအကြောင်း ပြောနေကြတာ… သူမက ပွဲတက် မယ်လို့ ပြောပြီးမှ ရုတ်တရက် အဆင့်တက်မှာမို့လို့ တံခါးပိတ်ကျင့်ကြံနေတယ် တဲ့” ယွိလျိုသည် မပျော်မရွှင်ပြောလေသည်။

“အဆင့်တက်တာက ကျင့်ကြံသူတွေအတွက် အရေးကြီးတဲ့ကိစ္စပဲ… သူမ မလာနိုင်ဘူးဆိုတော့ မလာနိုင်လို့ပေါ့” တယွိမင်းသားသည် ဂရုစိုက်သည့်ပုံ မပေါ်ပေ။

“မင်းသား ပြောတာ မှန်ပါတယ်” ကြင်ယာတော်မင်းသမီး ပြောလိုက် သည်။ ပြီးနောက် သူမဘေးမှ အစေခံအားပြောလိုက်သည် “အခု အကုန်လံုး ရောက်ပြီဆိုတော့ စလို့ရပြီ”

“ဟုတ်ကဲ့ပါ ကြင်ယာတော် မင်းသမီး”

အစေခံသည် ရှေ့သို့တိုးပြီး ပွဲစမည့်အကြောင်း ကြေညာသည်။ လှပသော အမျိုးသမီးတစ်စုသည် ချက်ချင်းပင် ဝိုင်ကောင်းများကို သယ်လာသည်…

ပွဲ၏ အလယ်တွင် ကြင်ယာတော်မင်းသမီးသည် သေရည်ခွက်ကို ကိုင်ပြီး ပြောလေသည် “မင်းသား ကျွန်မ မင်းသားကို ဂုဏ်ပြုလိုပါတယ်”

“ချစ်ရတဲ့ကြင်ယာတော် ဒီတစ်ခေါက် ပြည်နယ်ပြိုင်ပွဲကို ဦးစီးရတာနဲ့ ပြင်ပန်းသွားပြီ” တယွိမင်းသားနှင့် ကြင်ယာတော်မင်းသမီးများသည် သေရည် ခွက်များကိုပြီး သောက်လိုက်ကြသည်။ သူသည် သေရည်ခွက်ကို ပြန်ချချိန်တွင် မျက်မှောင်ကြတ်မိသည်။

“မင်းသား ဘာဖြစ်လို့လဲ နေလို့မကောင်းလို့လား” ကြင်ယာတော် မင်းသမီးသည် စိုးရိမ်တကြီး မေးလေသည်။

တယွိမင်းသားသည် အဆင်ပြေသည်ဟု ပြောချင်သည်။ သို့သော် သူ ပြောရန် ပါးစပ်ဟလိုက်ချိန်တွင် သွေးအန်ကာ ဘေးသို့လဲကျသွားတော့သည်…

***

All Chapters