ငါတို့ရဲ့ အနာဂတ်
Vol. 48 Ch. 767
ချန်လွေ့က ရှီရာထံ ကတ်သရင်းပေးခဲ့သော လက်ဆောင်တစ်ခု ဖြစ်သည့် မှော်ရထားလုံးနေရာလွတ်ထဲတွင် ထိုင်နေသည်။ အတွင်းပိုင်းက လက်ရာမြောက် အခန်းတစ်ခန်းဖြစ်ပြီး အပြင်ဘက်မှ လှုပ်ယမ်းမှုများကို မခံစားရပေ။ ချန်လွေ့က ထိုကဲ့သို့ နေရာလွတ်မျိုးနှင့် မစိမ်းလှပေ။ ကတ်သရင်းကို သူ ပထမဆုံး တွေ့ခဲ့စဉ်ကလည်း ရထားလုံးထဲ၌ အကျဉ်းသားတစ်ဦး ဖြစ်ခဲ့ဖူးလေသည်။
ဆိုဖာပေါ်တွင်ထိုင်ရင်း ချန်လွေ့က အရိပ်နက်အင်ပါယာ နန်းတော်မှ မထွက်ခွာပင် ကတ်သရင်းနှင့် ဆုံတွေ့ခဲ့သည့် မြင်ကွင်းကို သတိရနေလေသည်။
“ကျွန်မ တကယ် နားမလည်နိုင်ဘူး။” ကတ်သရင်း၏ အကြည့်က မဖုံးကွယ်ထားသော သံသယများကို ပြသနေသည်။ “ကျွန်မတို့ ရှေ့ဆက်ပြီး သွားမယ်ဆိုရင် ရှင့်ရဲ့ အင်ပါယာမဟာမိတ် ဆိုတာကြီးက ပုံရိပ်ယောင် မဟုတ်ဘူး ဆိုတာ ငြင်းလို့မရဘူး။ ဒါပေမဲ့ တကယ်လို့....”တကယ်လို့”ပြောတာနော်။ အဲဒါက နတ်ဆိုးဘုံကို အမှန်တကယ် ငြိမ်းချမ်းပြီး စည်းလုံးစေနိုင်မယ့် စနစ်တစ်ခု ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ကမ္ဘာမကြေရန်သူ တစ်ယောက်ဖြစ်တဲ့ လူသား တစ်ယောက်က ဘာလို့ နတ်ဆိုးဘုံကို ပေါင်းစည်းပြီးတော့ အင်အားကြီးအောင် လုပ်ရတာလဲဆိုတာ ကျွန်မ အဖြေရှာလို့ မရဘူး။ ရှင့်ရဲ့ တကယ့် ရည်ရွယ်ချက်က ဘာလဲ။ အရင်ဆုံး ပေါင်းစည်းပြီးနောက် နောက်မှ ထိန်းချုပ်မှာလား။”
“မင်း အတွေးလွန်နေပြီ။” ချန်လွေ့က ခါးသက်သက်နှင့် ပြုံးလိုက်၏။ “ငါက နတ်ဆိုးဘုံကို ထိန်းချုပ်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူး။ ငါက မိန်းမတွေနဲ့ အေးအေးချမ်းချမ်း ဖက်အိပ်ချင်တဲ့ ငပျင်းတစ်ယောက်ပါ။”
“နတ်ဆိုးဘုံက အစွမ်းပိုထက်လာလေလေ၊ လူသားလောကအတွက် ခြိမ်းခြောက်မှုက ပိုကြီးမားလေလေဆိုတာ ရှင်သိသင့်တယ်။ အထူးသဖြင့် ဒီမဟာမိတ်ရဲ့ တိုင်းပြည်ကပေါ့။ အကြီးမားဆုံး ပဋိပက္ခက အတွင်းကနေ အပြင်ကို ပြောင်းလဲသွားလိမ့်မယ်။ နတ်ဆိုးဘုံမှာ သက်ဆိုင်ရာ ရန်သူတွေ မရှိတော့ဘူးဆိုရင် တခြားရန်သူတွေက လူသားတွေပဲ ရှိတော့မှာ။ ရှင်က လူသားလောကရဲ့ စွန့်ပစ်တာကို ခံခဲ့ရတဲ့ တော်ဝင်မိသားစုဝင် တစ်ယောက်လား။ အဲဒါကြောင့် နှစ်၁၀၀ကျော် ကြာပြီးတဲ့နောက်မှာ နတ်ဆိုးဘုံကို ဦးဆောင်ပြီးတော့ လူသားလောကကို ဖျက်ဆီးချင်တာလား။”
“မင်းက တော်တော် တွေးတတ်တာပဲ။” ချန်လွေ့ ခေါင်းခါလိုက်သည်။ “လူသားလောကနဲ့ နတ်ဆိုးဘုံက ဘာလို့ စစ်ပွဲဖြစ်ရတာလဲဆိုတာ မင်း တွေးကြည့်ဖူးလား။ ဒဏ္ဍာရီထဲက အတိုင်းဆိုရင် နတ်ဆိုးဘုံက နေရောင်နဲ့ လူသားလောကရဲ့ ကြွယ်ဝမှုကို တပ်မက်ကြတယ်။ ဒါဆိုရင် နတ်ဆိုးဘုံရဲ့ ကြွယ်ဝမှုက လူသားလောကနဲ့အတူတူ ဒါမှမဟုတ် သာလွန်သွားမယ်ဆိုရင် ဒီလို အဆုံးမဲ့ စစ်ပွဲက လိုအပ်သေးလို့လား။ နေရောင်ကတော့.... လနှစ်စင်းနှင့် လုံးဝ အသားကျနေတဲ့ နတ်ဆိုးတွေက နေရောင်နှင့်ဆို ပိုကောင်းမယ်လို့ မထင်ဘူး။ သတိထားစရာ တစ်ခုလည်း ရှိသေးတယ်။ သန်းခေါင်နေ ပြောခဲ့တဲ့ အတိုင်းဆိုရင် လူသားလောကနဲ့ နတ်ဆိုးဘုံကြားက စစ်ပွဲက မရိုးရှင်းလောက်ဘူး။ ကံကောင်းချင်တော့ အနှစ်၁၀၀ကျော် အချိန်ရှိသေးတယ်။ ငါတို့ရဲ့ အနာဂတ် အပါအဝင် ကိစ္စတွေ အများကြီးကို စီစဉ်ဖို့၊ စုံစမ်းဖို့ အချိန်တွေ အများကြီး ရှိတယ်။”
“ရှင့်အနာဂတ်ပါ။” ကတ်သရင်းက မျက်နှာလွှားနောက်မှ ခေါင်းငုံ့နေလိုက်၏။ “ကျွန်မတို့အနာဂတ် မဟုတ်ဘူး။”
“ငါတို့အနာဂတ်ပဲ ဖြစ်ရမယ်။” ချန်လွေ့က တင်းမာသော အမူအရာတစ်ခု ပြသလိုက်သည်။
“ချန်လွေ့။ ရှင် ဘာတွေ တွေးနေတာလဲ။”
ဘေးဖက်မှ ရှီရာ၏အသံက ချန်လွေ့၏ မှတ်ဉာဏ်ကို နှောင့်ယှက်လိုက်၏။ ချန်လွေ့က သတိပြန်ဝင်လာပြီး ပြုံးလိုက်သည်။ “ဘာမှ မဟုတ်ပါဘူး။ ငါ ဒီတစ်ခေါက် ကိုယ့်ဆန္ဒအတိုင်း ကိုယ်ပြောတာ နည်းနည်း များသွားလား။ အထူးသဖြင့် ရိုင်ဇန်ရဲ့ ၂နှစ် စစ်ရပ်ဆိုင်းစာချုပ်ကို ကိစ္စပေါ့။ ပြီးတော့ ကြယ်ကြွေတမန်အင်ပါယာကို အနိမ့်ဘက်ကဖြစ်စေတဲ့ သတ်မှတ်ချက်တွေကော။”
“အခု ကျွန်မတို့ အလိုအပ်ဆုံးက အားပြန်ဖြည့်ဖို့နဲ့ တိုးတက်ဖို့အတွက် ရသမျှ အချိန်ယူဖို့ပဲ။ ပြီးတော့ ရှင့်ရဲ့ ရည်ရွယ်ချက်က ဒါထက် ပိုတယ်ဆိုတာ ကျွန်မ ခံစားမိတတယ်။ ရှင့်မှာ ကိုယ်ပိုင် အစီအစဉ်တွေ ရှိလောက်မှာပါ။ ကျွန်မက လူသားတစ်ယောက်ရဲ့ ဉာဏ်များမှုနဲ့ သစ္စာမဲ့မှုကို တစ်ခါမှ သံသယ မဝင်ခဲ့ဘူး။” ရှီရာ၏မျက်နှာပေါ်၌ ထူးထူးခြားခြား အပြုံးတစ်ခု ပေါ်လာပြီး ပုံမှန်အတိုင်း ထီမထင်သောပုံစံနှင့် ထည်ဝါနေခြင်းမဟုတ်ဘဲ တောက်ပကာ လှပနေခဲ့သည်။
“မင်းရဲ့ ရိုင်းစိုင်းတဲ့စကားလုံး ဝေါဟာရတွေက ချီးမွမ်းတာတွေထက် သာလွန်တယ်လို့ ပြောရမယ်။” ချန်လွေ့က ပြုံးဖြီးဖြီးလုပ်ရင်း ရှီရာ၏လက်ကို ကိုင်လိုက်သည်။ “၂နှစ်ပဲ....မင်း ကိုယ့်ကို ၂နှစ် အချိန်ပေးမယ်ဆိုရင် အရာအားလုံး ပြောင်းလဲသွားမယ်။ အဲဒီ သတ်မှတ်ချက်တွေက မမျှော်လင့်ထားတဲ့ သက်ရောက်မှုတွေ ရှိလာလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် စမှတ်က ကိုယ်တို့ လက်ထဲမှာ ရှိနေမှာပဲ။”
ရှီရာ အနည်းငယ် အံ့သြသွားခဲ့သည်။ ထိုအဖြေက သူ မျှော်လင့်ထား သည်ထက် ကျော်လွန်နေခဲ့သော်လည်း ချန်လွေ့၏ အစီအစဉ်က နိမ့်ကျနေခဲ့သော အမှောင်လနယ်မြေနှင့် ကြယ်ကြွေတမန်အင်ပါယာကိုပင် ပြောင်းလဲစေ ခဲ့သည့်အတွက် သူ့ကို သံသယမဝင်ခဲ့ပေ။ ယခုတစ်ခေါက်တွင် နတ်ဆိုးဘုံလည်း ပြောင်းလဲသွားပေမည်။
“ဒါဆို...စောင့်ကြည့်နေပါ့မယ်။”
“ကိုယ့်မှာ ရွေးချယ်စရာ မေးခွန်းတစ်ခု ရှိတယ်။” ချန်လွေ့က ထိုကဲ့သို့ ငြိမ်းချမ်းလှသော မျက်လုံးနက်နက်ကို တွေးမိလိုက်ပြီး လွှတ်ခနဲ ပြောလိုက်မိသည်။
“ဘာလဲ...”
“ဘာမှ မဟုတ်ပါဘူး....” ချန်လွေ့က နှာခေါင်းကို ပွတ်သပ်လိုက်၏။ “ယောက်ျားတစ်ယောက်ရဲ့ မကောင်းတဲ့ မာနတစ်ခုပါပဲ။”
“ဒါဆို ရှင်က မိန်းမတွေရဲ့ သိချင်စိတ်ကို လျှော့တွက်လိုက်တာလဲ။” ရှီရာက အသာလေး ပြုံးလိုက်သည်။ “ရှင့်ရဲ့ ရွေးချယ်စရာ မေးခွန်းကို ကျွန်မ နားထောင်ချင်တယ်။”
“အာ...အဲဒါက ပျင်စရာကောင်းတဲ့ ပေါက်ပေါက်ရှာရှာ မေးခွန်းတစ်ခုပါ။” ချန်လွေ့က ရှီရာ၏ မျက်လုံးထဲသို့ ကြည့်လိုက်သည်။ “တစ်နေ့ကျလို့ မင်းက ကိုယ်နဲ့ တိုင်းပြည်ကြားမှာ တစ်ခုကိုပဲ ရွေးချယ်ရမယ်ဆိုရင် ဘယ်သူ့ကို ရွေးမှာလဲ။”
ရှီရာ၏ မျက်နှာပေါ်မှ အပြုံးက ရပ်တန့်သွားခဲ့ပြီး သူ့မျက်လုံးက ချက်ချင်းပင် မှိန်ကျသွားခဲ့သည်။ “ဖြစ်နိုင်မယ်ဆိုရင် ဒီလိုရွေးရမယ့် အဖြစ်မျိုး မရှိဖို့ မျှော်လင့်တယ်။”
“တောင်းပန်ပါတယ်။ ဒီလို ပြဿနာ မေးခွန်းမျိုးကို မမေးလိုက်သင့်ဘူး။” ချန်လွေ့က ရှီရာ၏ စိတ်ဓာတ်ကျနေခြင်းကို ခံစားမိလိုက်ပြီး ကိုယ့်ခေါင်းကိုယ် ပြန်ထုလိုက်သည်။ “ဒီမေးခွန်းက မြစ်ထဲကို တချိန်တည်း ကျသွားတဲ့ မေးခွန်းလိုမျိုး အဓိပ္ပာယ် မရှိဘူး။ ဒီမေးခွန်းမေးတဲ့သူကို မြစ်ထဲ ကန်ချလိုက်ရမှာ။ အခုတောင် စိတ်တိုလာပြီ။ အဲဒါကို စိတ်ထဲမထားနဲ့တော့။”
“မရဘူး။ ဒါက ရှောင်လို့မရတဲ့ မေးခွန်းတစ်ခုပဲ။ ကျွန်မကသာ တောင်းပန် ရမှာပါ။ ကျွန်နဲ့ ကျွန်မကြားမှာ ကျွန်မက တကိုယ်ကောင်း ဆန်လွန်းတယ်။ ကျွန်မက အာဏာအတွက် လောဘမကြီးဘူး။ ဒါပေမဲ့ အင်ပါယာက လူတွေ အားလုံးရဲ့ မျှော်လင့်ချက်ကို သယ်ဆောင်ထားရတဲ့ အုပ်ချုပ်သူ တစ်ယောက် အနေနဲ့ ကျွန်မရဲ့ တာဝန်ကို လက်လျှော့လို့ မရဘူး။ ကျွန်မ.....”
“နားလည်ပါတယ်။” ချန်လွေ့က ရှီရာ၏ နဖူးကို နမ်းရှိုက်လိုက်၏။ “မင်းက တာဝန်ကို တခါမှ လက်မလျှော့ခဲ့ဘူး။ အေးစက်စက် အုပ်ချုပ်သူတစ်ယောက် ဖြစ်လာဖို့အတွက် အတိတ်ကို စွန့်ပစ်ခဲ့တုန်းက လိုမျိုးပေါ့။”
သူ့ လိုမျိုးပဲ.....
ရှီရာက သူ၏ပုခုံးပေါ်သို့ အသာလေး မှီလိုက်သည်။ “ကျွန်မ လုပ်နိုင်တာက ရှင့်ကို လုံးဝ ယုံကြည်ထားဖို့ပဲ။ တကယ်လို့....”
“တကယ်လို့ ဆိုတာ မရှိဘူး။ ရှီရာ။ ကိုယ်ပြောတာယုံ။ ဒီလိုရွေးချယ်မှုမျိုးကို ဘယ်တော့မှ ကြုံရမှာ မဟုတ်ဘူး။ မင်းဘေးနားမှာ ကိုယ် အမြဲတမ်း ရှိနေမှာပါ။”
သူတို့နှစ်ယောက် ဘာမှ ထပ်မပြောတော့ဘဲ ပွေ့ဖက်နေလိုက်ကြပြီး နွေးထွေးသော ငြိမ်းချမ်းမှုသာ ရှိတော့သည်။
ရုတ်တရက် ရှီရာက မျက်နှာ ရှက်သွေးဖြာနေပြီး ခေါင်းမော့လိုက်သည်။ “ဆက်ခံသူလိုမျိုး နောက်ထပ် နည်းလမ်းတစ်ခု ရှိလောက်တယ်။”
ချန်လွေ့၏ မျက်လုံးများ အရောင်တောက်သွား၏။ “ဟုတ်တယ်။ ဒါက ကိုယ်တို့ရဲ့ အနာဂတ်ပဲ။ ကြည့်ရတာ ဒီလမ်းအတိုင်း သွားဖို့အတွက် မပြီးသေးတဲ့ အရေးကြီးကိစ္စတစ်ခု ရှိနေသေးတဲ့ပုံပဲ။ အို့.....”
အသေချာပင် မကောင်းသော လက်တစ်ဖက်က ဧကရီအရှင်မ၏ အပြစ်ပေးခြင်းကို ခံလိုက်ရလေပြီ။
အရိပ်နက်အင်ပါယာနန်းတော်ရှိ မျှော်စင်ပေါ်၌ နောက်ထပ် ဧကရီအရှင်မ တစ်ပေါးက ကြယ်ကြွေတမန်အင်ပါယာ သံတမန်အဖွဲ့၏ ရထားလုံး အဝေးသို့ ရောက်သွားနေသည်ကို ကြည့်နေခဲ့သည်။ သူက အချိန်အတော်ကြာ တိတ်ဆိတ်နေ၏။
ခဏကြာပြီးနောက် သူက အသာလေး သက်ပြင်းချလိုက်သည်။ “လီလစ်ဇ်။ တကယ်လို့ လောကကြီးတစ်ခုလုံးကို ဖြိုဖျက်မယ့်လူတစ်ယောက် ရှိမယ်ဆိုရင်....”
ထိုစကားက မဆုံးခဲ့ပေ။ ဘေးဖက်မှ လီလစ်ဇ်က အနည်းငယ် ထူးဆန်း သွားသလို ခံစားလိုက်ရပြီးနောက် ဧကရီအရှင်မက ရုတ်တရက် မျက်နှာလွှားကို အုပ်လိုက်၏။ လည်ချောင်းမှ ပျို့တက်သော အသံတစ်ခု ထွက်လာသကဲ့သို့ပင်။ လီလစ်ဇ်က အလျင်အမြန် မေးလိုက်သည်။ “အရှင်မ....”
ကတ်သရင်း၏လက်က အနည်းငယ် တုန်ခါသွားသည်။ အသက်အနည်းငယ် ရှူပြီးနောက် သူက ပုံမှန်အတိုင်း ပြန်လည် တည်ငြိမ်သွားခဲ့သည်။ သူက စကားကို ပြောင်းပြိး မေးလိုက်သည်။ “လီလစ်ဇ်။ စစ်ရေးနဲ့ စီးပွားရေး ချိန်ညှိမှုတွေက ဘယ်လိုအခြေအနေရှိလဲ။”
“အရှင်မရဲ့ ညွှန်ကြားချက်တွေအတွက် လုပ်ဆောင်လို့ ပြီးပါတော့မယ်။”
ကတ်သရင်းက ခေါင်းညိတ်လိုက်သည်။ “အခုချက်ချင်း အစည်းအဝေး လုပ်ဖို့အတွက် ဝန်ကြီးအကုန် စုခိုင်းလိုက်။ ငါ့မှာ ကြေညာစရာ အရေးကြီး ကိစ္စတွေ ရှိတယ်။ ဒါနဲ့ မင်းက တာဝန်တွေကို ရှီလူဆီ အမြန်ဆုံး လွှဲပေးရမယ်။ ဒါပေမဲ့ တောင်းပန်ပါတယ်။ ငါ့မှာ နင့်အတွက် အရေးပိုကြီးတဲ့ တာဝန်တွေ ရှိနေသေးလို့ နင် အနားယူလို့ မရနိုင်သေးဘူး။”
“အမိန့်အတိုင်းပါ။” လီလစ်ဇ်က အသာလေး ဦးညွှတ်ပြီး နောက်ဆုတ် သွားလိုက်သည်။
လီလစ်ဇ် ထွက်သွားပြီးနောက် ကတ်သရင်းက ဗိုက်ကို အသာလေး ပွတ်သပ်လိုက်၏။ သူက တိတ်ဆိတ်သောအကြည့်က ထူးဆန်းသော ခံစားချက်များဖြင့် ပြည့်နှက်နေပြီး ကိုယ့်ကိုယ်ကိုယ် တီးတိုးပြောလိုက်လေသည်။ “အနာဂတ်လား။ ငါတို့....”
အင်ပါယာသုံးခု၏ ငြိမ်းချမ်းရေးစကားဝိုင်းရလာဒ်က အလျင်အမြန်ပင် နတ်ဆိုးဘုံတလျှောက် ပျံ့နှံ့သွားခဲ့သည်။ နယ်စပ်မှ စစ်သည်များ စိတ်အေးသွားကြ၏။ အထူးသဖြင့် ကြယ်ကြွေတမန်အင်ပါယာမှ ဖြစ်သည်။ ၂နှစ်က သိပ်ပြီးမကြာလှသော်လည်း အနည်းဆုံး သူတို့တွင် အားအင်ဖြည့်တင်းရန် အချိန်ရပေသည်။
ထိုအရာများနှင့်ယှဉ်ပါက နောက်လာမည့် တိုက်ပွဲဘောလုံးလိဂ်နှင့် နောက်နှစ် အဂ္ဂိရတ်ဆရာသခင် ပြိုင်ပွဲများက ပို၍ပင် မျက်စိကျစရာ ကောင်းလှသည်။ အထူးသဖြင့် တိုက်ပွဲဘောလုံး ပရိသတ်အများစု၏ စိတ်အားတက်ကြွမှုများကို လှုံ့ဆော်ပေးသော တိုက်ပွဲဘောလုံးလိဂ် ဖြစ်၏။
၂နှစ်ကြာပြီးနောက် ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ် မဟာရိုင်ဇန် ကျင်းပမည့် နတ်ဆိုးဘုံ၏ သိုင်းပြိုင်ပွဲကတော့ အစောင့်မျှော်နေဆုံး ဖြစ်ပေသည်။ မဟာရိုင်ဇန် ကိုယ်တိုင်က ကြယ်ကြွေတမန်အင်ပါယာမှ ကြင်ရာတော်မင်းသား အက်ဂ်ယောကို လူသိရှင်ကြား စိန်ခေါ်ခဲ့သည်ဟု ပြောကြသည်။ ထိုအရာက နတ်ဆိုးဘုံ၌ အကြီးမားဆုံး ပွဲစဉ်တစ်ခု ဖြစ်လာပေလိမ့်မည်။
ရက်အနည်းငယ် ကြာပြီးနောက် အရေးကြီးသတင်းနှစ်ခု ထွက်ပေါ်လာ၏။
နောက်လတွင် ကြယ်ကြွေတမန်အင်ပါယာမှ ဧကရီရှီရာက ကြယ်ကြွေတမန် မြို့တော်၌ ခမ်းနားသော လက်ထပ်ပွဲကြီးကို ကျင်းပမည် ဖြစ်သည်။ “အက်ဂ်ယောက ဘယ်ဇီဘတ် တော်ဝင်မိသားစုမှ ဖြစ်ကြောင်း” အက်ဂ်ယော၏ သရုပ်မှန်နှင့် ပတ်သက်သော ကောလာဟလများနှင့် မရေမတွက်နိုင်အောင် ရှိနေခဲ့သော်လည်း ၎င်းတို့က ကောလဟလများသာ ဖြစ်ကြသည်။ အက်ဂ်ယောက ရှီရာကို အမှောင်လတွင် ရှိနေခဲ့စဉ်က စတင်၍ အထောက်အပံ့ပေးခဲ့သည်။ သူက ရှီရာအား အိုဆိုင်ဒန်ကို သတ်ပစ်ပြီး ထီးနန်းတက်ရန်အတွက်လည်း ကူညီပေးခဲ့၏။ မှော်ဆရာခံတပ်၌ ရိုင်ဇန်နှင့် တိုက်ခိုက်ရာတွင်လည်း သူက အစစ်အမှန် အကျိုးပြုမှု ပြုလုပ်ခဲ့လေသည်။
ပြောရမည်ဆိုလျှင် ကြင်ရာတော်မင်းသားဟူသော အဆင့်အတန်းက ဘုရင်မကဲ့သို့ အလှသက်သက်သာ ဖြစ်သည်။ ဧကရီအရှင်မက လိုချင်လျှင် မရေမတွက်နိုင်သော “ကိုယ်လုပ်တော်များ”ကို ထပ်ခေါ်၍ရသည်။ နတ်ဆိုးဘုံ သမိုင်းကြောင်းထဲ၌ ထိုကဲ့သို့ ဖြစ်ရပ်မျိုး မရေမတွက်နိုင်အောင် ရှိခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ ရှီရာ၏ လက်ရှိဂုဏ်သြဇာနှင့် ကြယ်ကြွေတမန် အင်ပါယာအပေါ် ထိန်းချုပ်မှုအရ ထိုလက်ထပ်ပွဲ နေ့ရက်ကို ကန့်ကွက်မှု မရှိကြပေ။
နောက်ထပ်သတင်းတစ်ခုက အရိပ်နက်အင်ပါယာ၏ အုပ်ချုပ်သူ ဧကရီ ကတ်သရင်းက အက်စ်မိုဒက်တော်ဝင်မိသားစု၏ လျို့ဝှက်ရတနာဖြစ်သော [ထာဝရအမှောင်ရွှေစစ်ရုပ်သေး] ကို နားလည်သဘောပေါက်ရန်အတွက် တံခါးပိတ် လေ့ကျင့်နေခြင်းပင်။ အချိန်၁နှစ်ကြာပြီ ဖြစ်သည်။ ထိုအချိန် အတောအတွင်း ဝန်ကြီးချုပ်၂ယောက်က အုပ်ချုပ်ရေးကိစ္စများကို ယာယီတာဝန်ယူထားပေမည်။ အငြိမ်းစားယူသွားခဲ့သော ဦးရီးတော် ဖရန့်ဇ်က ပြန်ဝင်လာရသည်။ ကတ်သရင်းက နောက်၂နှစ် သိုင်းပြိုင်ပွဲ၌ ပါဝင်မည်ဖြစ်ကြောင်း လူအများက ယူဆနေကြသည်။ ထိုအရာက သိုင်းပြိုင်ပွဲအပေါ် လူတိုင်း၏ အာရုံစိုက်မှုများကို တိုးမြင့်သွားစေသည်။
မည်သို့ပင်ဖြစ်ပါစေ၊ နောက်လာမည့် ၂နှစ်က ကြီးကြီးမားမား စောင့်မျှော် ရမည့်အရာ ဖြစ်ပေလိမ့်မည်။
ရှီရာက အမှောင်လ၌ “ရေခဲမင်းသမီး”ဟူသော ဂုဏ်ပုဒ်ကို ရရှိခဲ့ပြီး ထီးန်းကို ဆက်ခံပြီးနောက် ကြောက်မက်ဖွယ်ရာ သွေးနှင့်သံ မူဝါဒကို အသုံးချခဲ့ကာ ဧကရီအရှင်မ၏ အလှတရားကလည်း အင်ပါယာတလျှောက် နာမည်ကျော်ကြား ပေသည်။ သူက အရိပ်နက်အင်ပါယာမှ ထိပ်တန်းမိန်းမလလောက် မလှသည့်တိုင် မဝေးကွာလှပေ။ ယောက်ျားသားအများအပြားက ဧကရီကို ရခဲ့သော အက်ဂ်ယောအား မနာလိုမှုနှင့် အမုန်းတရားများ ပြည့်နှက်နေခဲ့သည်။ “အက်ဂ်ယော”အတွက် သို့မဟုတ် ကြယ်ကြွေတမန်အင်ပါယာအတွကက် ဧကရီနှင့် လက်ထပ်ပွဲမှာ ပျော်ရွှင်စရာ အဖြစ်အပျက်တစ်ခု ဖြစ်သော်လည်း သလင်းကျောက်မောင်းမဆောင်မှ ယောက်ျားတစ်ယောက်အတွက် ပြဿနာ အစဟု ဆိုလိုပေ၏။
အသီနာ - “မင်္ဂလာပါ။ ကြင်ရာတော်မင်းသား။”
ခီရာ - “ကြင်ရာတော်မင်းသား။ ဘာများ ကူညီပေးရမလဲ မသိဘူး။”
အစ်ဇဘယ်လာ - “ဟေး။ ကြင်ရာတော်မင်းသား ဖြစ်နေတာကိုး....”
ဇိုလာ - “ဘာပြောတာလဲ။”
ပါ့ဂ်လီအို - “ဝိုး။ ဉာဏ်များတဲ့ ကြင်ရာတော်မင်းသား ရောက်လာပြီ။”
ရိုမန် - “အဲဒီ...ကြင်ရာတော်မင်းသား...”
အိုလီဖီးရက်စ် - “သူ.....ကြင်ရာတော်မင်းသား။ အစ်မက ဒီလို ခေါ်ခိုင်းတာ။”
ချန်လွေ့ - ဒီလိုဖြစ်နေတာ ၃ရက်ရှိပြီ။ အသီနာ၊ ခီရာ၊ ဇိုလာနဲ့ အစ်ဇဘယ်လာ တစ်ယောက်မှ ငါ့ကို အဖက်မလုပ်ကြဘူး။ ငါ့ကို မြင်တာနဲ့ ရိုရိုသေသေ နှုတ်ဆက်ပြီးတော့ ဝေးဝေးမှာပဲ နေနေကြတယ်။
ညတိုင်း သက်ပြင်းချနေရသော မောင်းမဆောင်မှ ဇာတ်လိုက်မင်းသားက ရုတ်တရက် အိမ်မှ နေရာလွတ်များကို တယောက်တည်း စောင့်ကြပ်ရသော အခြေအနေဆိုးသို့ ကျရောက်သွားခဲ့သည်။ ထိုကဲ့သို့ ကြီးမားလှသော ကွာဟချက်ကြောင့် ဇာတ်လိုက်မင်းသားက မျက်ရည်နှင့်မျက်ခွက် ဖြစ်နေရ၏။
ရှီရာနှင့် လာမည့်လက်ထပ်ပွဲက ကျန်ရှိသော မောင်းမဆောင်များပေါ်၌ အလွန်ကြီးမားသော သက်ရောက်မှုတစ်ခု ဖြစ်စေခဲ့သည်မှာ အသေအချာပင် ဖြစ်သည်။
ရှီရာနှင့်အတူ အဆင့်အတန်း ဆုံးဖြတ်ရန် မမျှတကြောင်း ချန်လွေ့၏ စိတ်ထဲ၌ သိသည်။ ရှီရာထက် မနိမ့်ကျဘဲ ပို၍ပင် သာနိုင်သော ချစ်မြတ်နိုးမှုများ ရှိနေသည့် ထိုမိန်းကလေးများအတွက် ချန်လွေ့က ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်၏။
လက်ထပ်ခွင့်တောင်းမယ် !
ချန်လွေ့ဆိုတဲ့ နာမည်နဲ့ ဒီမိန်းကလေးတွေကို လက်ထပ်ခွင့်တောင်းမယ် !