← Chapters

ကျူးကျော်လာသော နဂါးများ

Vol. 48 Ch. 769

ကျူးကျော်လာသော နဂါးများ

Vol. 48 Ch. 769

အုပ်ချုပ်သူအမျိုးသမီး၊ အစေခံမလေး၊ သိပ္ပံပညာရှင်နှင့် ထောက်လှမ်းရေး ခေါင်းဆောင်တို့က အဆိပ်နဂါး၊ မြနဂါး၊ နဂါးနက်နှင့် နဂါးပြာတို့၏ လျို့ဝှက် အကြံအစည်ကို မသိသကဲ့သို့ပင် သလင်းကျောက်မောင်းမဆောင် ဇာတ်လိုက် မင်းသားကလည်း မောင်းမဆောင် အမျိုးသမီးတို့၏ အစီအစဉ်များကို မသိခဲ့ပေ။ သူက ကိုယ်ပိုင် အစီအစဉ်အတိုင်းသာ ဆက်သွားရန် ပြင်ဆင်နေ၏။

အမှန်တကယ်၌ ပြောရမည်ဆိုလျှင် လက်ထပ်ရန်က အလျင်လိုစရာ မလိုပေ။ ချန်လွေ့က စောင့်နိုင်သော်လည်း ပတ်သက်ရင်းနှီးမှုကို ထိုနည်းလမ်းဖြင့် တွက်ချက်၍ မရနိုင်ပေ။ သူ လက်ထပ်ခွင့်တောင်းရန် ဆုံးဖြတ်လိုက်ရခြင်းမှာ ကြင်ရာတော်မင်းသားနှင့် ပတ်သက်သော သဝန်တိုသည့် အမူအရာကြောင့် မဟုတ်ခဲ့ပေ။ သူက ရှီရာနှင့် လက်ထပ်ပွဲကို အသုံးချပြီး ယောက်ျားတစ်ယောက်၏ တာဝန်ဝတ္တရားကို ပြသကာ သူတို့နှင့် သူ့အတွက် နောင်တမရစေဘဲ စစ်မှန်သော (သလင်းကျောက်မောင်းမဆောင်) မိသားစုတစ်ခု တည်ဆောက်ရန် ဖြစ်သည်။

သတင်းခိုးနားထောင်ခဲ့သော သူလျှို ချွဲကျိကောင် ပြောသည့် အတိုင်းဆိုလျှင် ထိုအမျိုးသမီးများက စည်းလုံးနေကြ၏။ ချန်လွေ့နှင့် ရှီရာတို့၏ လက်ထပ်ပွဲနေ့က နီးကပ်လာပြီ ဖြစ်သည့်အတွက် သူတို့က မပြိုင်ဆိုင်ရုံသာမက ချန်လွေ့၏ လက်ထပ်ခွင့်တောင်းခြင်းကိုလည်း အလွယ်တကူ သဘောတူမည် မဟုတ်ပေ။ “အရင်ဆုံး လက်ခံတဲ့သူက “မဟာမိတ်”ရဲ့ ဘုံရန်သူ ဖြစ်မယ်” ဆိုသော စကားလည်း ရှိနေသေးသည်။

သို့သော်လည်း ခိုင်မာသော ရဲတိုက်၌ပင် အားနည်းချက်များ ရှိသည်။ အမျိုးသမီးများ၏ စည်းလုံးသော ရှေ့ဘက်ခြမ်းကို ရင်ဆိုင်ရသည့်အတွက် အတွင်းထဲမှ ဖြိုခွဲခြင်းက အထိရောက်ဆုံး နည်းလမ်း ဖြစ်ပေသည်။ အရာအားလုံးက အစပိုင်းတွင် ခက်ခဲသော်လည်း ပထမတစ်ခုကို ဖြေရှင်းပြီးသည်နှင့် ကျန်သည့်အရာများက ပြေလည်သွားပေလိမ့်မည်။

အစ်ဇဘယ်လာ- “မဟာမိတ်”ခေါင်းဆောင်ဟု သံသယရရှိ။ အဖြစ်အပျက် တစ်ခုလုံးကို သူက နောက်ကွယ်မှ စီစဉ်ထားခြင်း ဖြစ်နိုင်၏။ မဒမ်-ဒေါ်လေး၏ နည်းလမ်းများနှင့် အသိဉာဏ်နှင့်ဆိုလျှင် သူက တိုက်ခိုက်ရန် အခက်ခဲဆုံး ဖြစ်သည်။ ခန့်မှန်းချေ ခက်ခဲမှုအဆင့် - S

အသီနာ - “မဟာမိတ်” ဗိုလ်ချုပ်။ ရက်ရောပြီး မာနရှိသော်လည်း မဟာနတ်ဆိုး အမျိုးသမီးတစ်ယောက်၏ အပြင်းအထန် ဇွဲလုံ့လ ရှိသည်။ သူက ကတိတည်တတ်ပြီး အလွယ်တကူ စိတ်မကောင်းနိုင်ပေ။ ခန့်မှန်းချေ ခက်ခဲမှုအဆင့် - A+

ဇိုလာ - “မဟာမိတ်” မှော်ပညာရှင်။ ဟန်ဆောင်ငေးငိုင်ခြင်းက “ဆွံ့အ နားမကြား ဟန်ဆောင်ခြင်း”၏ ဝှက်ဖဲတစ်ခု ဖြစ်သည်။ သူက ဖွင့်ပြောခြင်းနှင့် လက်ထပ်ခွင့်တောင်းခြင်းအတွက် ဝိပါက် ဖြစ်သည်။ ထို့ပြင် လျို့ဝှက် စိတ်နှလုံး မကောင်းသော ဂုဏ်သတ္တိကိုလည်း မမေ့သင့်ပေ။ ခန့်မှန်းချေ ခက်ခဲမှုအဆင့် - A+

ခီရာ - “မဟာမိတ်”ရဲ့ အဝတ်အစား ဒီဇိုင်နာလား။အတွင်းရေးမှူးလား။ အစေခံလား။ သူက ကဝေမ မိသားစု၏ အင်အားကြီး ညှို့ဓာတ်ရှိသည်။ သူက ယောက်ျားသားများ၏ စိတ်အခြေအနေကို ထိန်းချုပ်ရာ၌ တော်သည်။ တခါတရံ၌ သူ၏ စကားဆယ်ခွန်းတွင် တစ်ခွန်းကိုသာ ယုံကြည်၍ရပြီး တခါတရံ၌ လုံးဝ ယုံကြည်၍မရ‌ပေ။ သူ၏ ခက်ခဲမှုက အသီနာနှင့် ဇိုလာတို့ထက် မနိမ့်ကျသော်လည်း နောက်ဆုံး လက်ထပ်ခွင့်တောင်းခြင်းကို ကြည့်မည်ဆိုလျှင် ခီရာက စိတ်အလှုပ်ရှားဆုံး ဖြစ်ခဲ့သည်။ ထို့ကြောင့် ခက်ခဲမှုအဆင့်ကို A- သို့ လျှော့ချရပေမည်။

ကဝေမလေးက ပထမဆုံး ပစ်မှတ် ဖြစ်လာခဲ့သည်မှာ အသေအချာပင်။ အစ်ဇဘယ်လာ မသိစေရန်အတွက် ချန်လွေ့က ချွဲကျိကောင်ကို စေလွှတ်လိုက်ပြန်ပြီး ခီရာထံ စာတစ်စောင် လျို့ဝှက် ပို့ခိုင်းလိုက်သည်။

အစေခံမလေးက စာကို ဖွင့်လိုက်ပြီး “ချိန်းတွေ့” နှင့် “ကိုယ်တို့ကြားက လျို့ဝှက်ချက်လေး” ဟူသော စကားလုံးများကို မြင်လိုက်ရာ မျက်လုံးများက ပျော်ရွှင်စွာဖြင့် အရောင်လက်သွားခဲ့သည်။ သို့သော်လည်း သူက နှစ်ဖက်ချွန် သူလျှို ချွဲကျိကောင်ကို ကြည့်ပြီးနောက် သူ ယခု ရှိနေသော ကောင်စီခန်းမကို ကြည့်လိုက်ရာ ခဏကာ စိတ်လွန်ဆွဲနေခဲ့သည်။ နောက်ဆုံး၌ သူက တွန့်ဆုတ်စွာဖြင့် စိတ်ပိုင်းဖြတ်လိုက်သည်။

ခဏကြာပြီးနောက် နောက်ထပ် အခန်းတစ်ခု၌ နဂါး၄ကောင်၏ ဒုတိယ လျို့ဝှက် အစည်းအဝေးကို အရေးပေါ် စတင်နေခဲ့သည်။

ဆရာသခင်အဆိပ်နဂါးက ဗျူဟာကျကျဖြင့် နက်ရှိုင်‌းသော အကြည့်တစ်ခု ရှိနေကာ ငှက်မွှေးယပ်တောင်ကို ခတ်မိလုနီးပါး ဖြစ်သွားခဲ့သည်။ “သတင်းပေးကနေ ရထားတဲ့ ယုံကြည်ရတဲ့ သတင်းအရဆိုရင် အဲဒီကောင်က ခီရာကို နေ့လယ်ပိုင်းမှာ တောင်ပိုင်းဆင်ခြေဖုံးက စိမ်းလန်းတောင်ဆီ သွားခိုင်းခဲ့တယ်။ ဒါက လက်ထပ်ခွင့်တောင်းဖို့ ဖြစ်လောက်တယ်။ သူနဲ့ အိုလီဖီးရက်စ် လက်ထပ်ပွဲကို အတည်မပြုနိုင်ခင်မှာ တခြားမိန်းမတွေအားလုံးကို လက်ထပ်ခွင့်တောင်းတာ တားဆီးပြီးတော့ အိုလီဖီးရက်စ်ကို ဇာတ်လိုက် မင်းသမီး ဖြစ်အောင် ရမယ်။ မဟုတ်ရင် ဒီအခွင့်အရေး လွဲချော်သွားတာနဲ့ အိုလီဖီးရက်စ်က ဘယ်တော့မှ သူ့မိန်းမဖြစ်လာမလဲ ငါတို့ မသိနိုင်ဘူး။ ဒီအတွက် အကျိုးဆက်က....”

နောက်ဆုံးစကားက နဂါးများကို သိမ့်သိမ့်တုန်သွားစေခဲ့သည်။ အေးစက်သော နဂါးများနှင့်ယှဉ်လျှင် “ယုံကြည်ရသော သတင်းပေး”က ခြံဝန်းအပြင်ဘက်၌ ပြုံးဖြီးနေပုံရသည်။ လက်တစ်ဖက်က မှန်ဘီလူးအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် အခြားလက်တစ်ဖက်ပေါ်မှ အရောင်တောက်တောက် ကျောက်မျက်များကို ငေးမောနေတော့သည်။

“ဒီအကြံအစည်က သေချာရဲ့လား။ ရှင့်ဆီကနေ စာရတုန်းက ကျွန်မ အိုလီဖီးရက်စ်နဲ့အတူ လမ်း‌ပေါ်မှာ ရှိနေခဲ့တာ။” မစ်-မြနဂါးက မျက်မှောင် ကြုတ်လိုက်သည်။ “ဒီမှာ အရာသာရှိတာ တစ်ခုခု ရှိပြီးတော့ နာရီဝက်အတွင်း လာခဲ့ဖို့ အိုလီဖီးရက်စ်ကို ကျွန်မကို ညာခဲ့တယ်။ အချိန်ကို ကြည့်ရတာတော့ သူ ရောက်လာလောက်ပြီ။”

“စိတ်မပူပါနဲ့။ ဒီရတနာနဲ့ဆို လုံးဝ သေချာတယ်။” နဂါးပြာ၏ လက်ထဲ၌ သလင်းကျောက်ပုလင်းတစ်လုံး ရှိနေသည်။ သူက ဆရာသခခင် အဆိပ်နဂါးနှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် ယောက်ျားတိုင်း နားလည်သည့် အကြည့်မျိုး ပြသလိုက်ကြ၏။

“ဒါက ဘာကြီးလဲ။” မစ်-မြနဂါးက သလင်းကျောက်ပုလင်းထဲမှ အရည်ကို ကြည့်ရင်း ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ဒါက ခရမ်းသစ်ခွနှလုံးသားမြက်နဲ့ စိတ်ကြွပန်းကနေ ထုတ်ယူထားတဲ့ ရတနာ တစ်ခုပဲ။ ဒါက ‌တော်တော်လေး ရှားပါးပြီးတော့ အင်အားကြီးတဲ့ စိတ်ကြွ ပစ္စည်းတစ်ခုပဲ။ မသောက်ရင်တောင် အရေပြားထဲ ရောက်သွားရုံနဲ့ ကြောက်စရာ သက်ရောက်မှုတွေ ရှိနိုင်တယ်။ ဒါက မိသားစုခရီးအတွက် မရှိမဖြစ်လိုအပ်တဲ့ ရတနာတစ်ခုပဲ။ အဲဒီကောင်ရဲ့ စရိုက်ကို ငါတို့အားလုံး သိကြတယ်။ အိုလီဖီးရက်စ်က သူ့ရဲ့ ဇနီးလောင်း ဖြစ်နေပြီ။ သူနဲ့ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေး ရှိသွားတာနဲ့ အဆုံးအထိ တာဝန်ယူမှာပဲ။ ဒါဆိုရင် ငါတို့ရဲ့ တာဝန်လည်း ပြီးသွားပြီ...”

ဆရာသခင် အဆိပ်နဂါး၏ ရယ်သံက အတော်လေး ညစ်ညမ်းလှပြီး စိတ်လှုပ်ရှားမှုများ ပေါင်းထည့်ထားပုံရသည်။ “နဂါးနက်ရဲ့ [ မှော်ဆန့်ကျင် ] ခန္ဓာအမျိုးအစားကိုလည်း မစိုးရိမ်နဲ့။ ငမူးတစ်ကောင်က အရင်တုန်းက ဒါသုံးပြီး မိန်းမတစ်ယောက်ရဲ့ အပျိုရည်ကို ရခဲ့တယ်လို့ ကြွားခဲ့တယ်....” ထိုစကားကို ဆရာသခင် အဆိပ်နဂါး ပြောပြီးသွားသည်နှင့် အခြေအနေ ဆိုးတော့မည် ဖြစ်ကြောင်း နဂါးပြာတစ်ကောင်က သိလိုက်သည်။ သူက သိမ့်သိမ့်တုန်သွားပြီး အခန်းထဲရှိ အပူရှိန် လျော့ကျသွားသည်ကို ရုတ်တရက် ခံစားမိလိုက်သည်။ သူက ချက်ချင်းပင် အခန်းတံခါးဝ၌ ပေါ်ထွက်လာခဲ့ပြီး ကျောက်စိမ်းလက်အား မည်သည့်ကိုမှ မဖမ်းမိနိုင် ဖြစ်သွားစေသည်။

မျက်နှာနီရဲနေပြီး သတ်ဖြတ်ချင်စိတ်များ ပြည့်နေသော အစ်မကြီး နဂါးနက်ကို ကြည့်နေရင်း နဂါးပြာက ပါ့ဂ်လီအို၏ ဘိုးဘေးများကို စိတ်ထဲ၌ ဆဲဆိုနေတော့၏။ ထိုစဉ်က သူနှင့် ဂျူလီယာတို့အကြားက အထင်လွဲမှု အနည်းငယ် ရှိခဲ့ပြီး ထိုအရာက နောက်ဆုံး အတားအဆီးကို ချိုးဖောက်ခဲ့ပြီး သူတို့ကို လင်မယား ဖြစ်သွားစေသည်မှာ အမှန်တကယ် ဖြစ်သည်။ သို့ရာတွင် ဂျူလီယာက အတော်လေး မာနကြီးလှသည်။ ထိုကိစ္စကို နှစ်ဦးတည်း သီးသန့်စကားဝိုင်း၌ပင် ပြော၍ မရနိုင်ပေ။ ထိုကဲ့သို့ လူပုံအလယ်၌ အဆိပ်နဂါး၏ ထုတ်ပြောခြင်းကို ခံလိုက်ရသည့်အခါ သူက ဒေါသူပုန် ထသွားတော့သည်။

ဒန်နီရယ်က လက်ထဲ၌ သလင်းကျောက်ပုလင်းကို ကိုင်ထားရင်း စိုးရိမ်နေခဲ့သည်။ “ဂျူလီယာ။ စိတ်ထိန်းပါဦး။ ဒါက တော်တော်လေးကို မတည်မငြိမ် ဖြစ်နေတယ်ဆိုတာ မင်းသိပါတယ်။ အများကြီး တုန်ခါသွားရင်....” သူ့စကား မဆုံးသေးခင်မှာပင် မစ်-နဂါးနက်က ပျော်ရွှင်စွာ ပြေးဝင်လာသည့် အတွက်ကြောင့် တံခါးက ဒုန်းခနဲ ပွင့်သွားခဲ့သည်။ “ဗိုက်ဆာလို့ သေတော့မယ်။ ဘက်တီ။ ရှင်ပြောတဲ့ အရသာရှိတယ်ဆိုတဲ့ဟာ ဘယ်မှာလဲ။ ဒီကို မလာခင် ကျွန်မက တမင် အစာဖြတ်ထားခဲ့တာ။ ဟမ်..တံခါးနောက်မှာ တစ်ခုခု ရှိနေသလိုပဲ။”

အခန်းက ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။ ဒေါသထွက်နေသော အစ်မကြီး နဂါးနက်သည်ပင် ဒေါသမထွက်တော့သည်။ နဂါးသုံးကောင်က တံခါးကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေလိုက်ကြ၏။ ကြမ်းပြင်ပေါ်မှာ အပိုင်းအစတွေ ရှိနေတယ်။ သလင်းကျောက်ပုလင်းရဲ့ အပိုင်းအစတွေ...

တစ်မိနစ် ကြာပြီးနောက် စိုးရိမ်နေသော အဆိပ်နဂါးက မစ်-မြနဂါးနှင့် မစ်-နဂါးနက်တို့နှင့်အတူ အိမ်အပြင်ဘက်သို့ ရောက်လာခဲ့သည်။

“အဲဒီ ငတုံးကောင်တော့!” ပါ့ဂ်လီအိုက မည်သည်ကိုမှ မှန်မှန်ကန်ကန် မလုပ်နို်င်သော နဂါးပြာအား ပါးရိုက်ချင်ခဲ့သော်လည်း ထိုအဖြစ်အပျက်က သူ့ပါးစပ်ပုတ်ပုတ်ကြောင့် ဖြစ်ခဲ့ရကြောင်း လုံးဝ လျစ်လျူရှုထား၏။

“ဒါတွေအားလုံးက နင့်အမှားတွေပဲ။ အကောင်စုတ် !” အစ်မကြီး နဂါးနက်၏ အသံက အနောက်မှ ထွက်လာသည်။

“မင်း ဘာလို့ ထွက်လာတာလဲ။” ပါ့ဂ်လီအိုက ထိတ်လန့်သွားခဲ့သည်။ အခု ဂျူလီယာက ဒန်နီရယ်ကို ခန္ဓာကိုယ်ထဲက ဆေးမိထားတာကို “အဆိပ်ဖြေ”ဖို့ “အကူအညီ”ပေးရမယ် မဟုတ်လား။

အစ်မကြီး နဂါးနက်က အေးစက်စက်နှင့် သရော်ပြုံး ပြုံးလိုက်သည်။ “ငါ ဘာလို့ ထွက်မလာရမှာလဲ။ အဲဒီကောင်ကို ငါ သတိလစ်အောင် လုပ်ပြီးတော့ ကြိုးတုပ်ထားတယ်။ လိုရမည်ရ သူ့ကို အထူးသံမဏိ ဘောင်းဘီတစ်ထည်လည်း ဝတ်ထားပေးတယ်။ ပေါက်ကရတွေ လျှောက်ပြောတဲ့အတွက် သင်ခန်းစာပေါ့။”

ဒဏ္ဍာရီလာ သင်းကွပ်ဘောင်းဘီ...ပြီးတော့ ဒီလို အခြေအနေမျိုးကြီးမှာက.. ရက်စက်လွန်းတယ်။ ဆရာသခင်အဆိပ်နဂါးက ကြက်သီးထသွားခဲ့သည်။ တကယ့် တန်ဖိုးကို နှိုင်းယှဉ်ပြီးတော့ပဲ ဆုံးဖြတ်လို့ရတာ။ အခု ကြည့်ရတာ ဘက်တီက သိမ်မွေ့၊ နားလည်မှုရှိပြီးတော့ ချစ်စရာကောင်းတဲ့ ဇနီးကောင်းတစ်ယောက် ဖြစ်တဲ့ပုံပဲ...

မစ်-ဘက်တီက ဆရာသခင် အဆိပ်နဂါး၏ ရှာဖွေတွေ့ရှိမှုကို မသိခဲ့ပေ။ သူက စိတ်ပူနေပုံရသည်။ “ကျွန်မတို့ အခု ဘာလုပ်သင့်လဲ။ မြန်မြန် လုပ်မှဖြစ်မယ်။”

“ကံကောင်းချင်တော့ ငါ့မှာ အရန်တစ်ခု ရှိနေသေးတယ်။” ပါ့ဂ်လီအိုက ပြုံးဖြီးဖြီး လုပ်လိုက်ပြီး သူ၏လက်ထဲ၌ သလင်းကျောက်ပုလင်းငယ်လေးတစ်လုံး ထွက်ပေါ်လာသည်။ အဲဒီ အသုံးမကျတဲ့ ဒန်နီရယ်ကြောင့် အခု ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ ပစ္စည်းကိုပဲ သုံးရတော့မယ်။

“ဒါက အရသာရှိတဲ့ဟာလား။” ပုလင်းငယ်လေး ပေါ်ထွက်လာသည်နှင့် မစ်-နဂါးနက်က ချက်ချင်းပင် စိုက်ကြည့်နေလိုက်သည်။

နဂါးပြာဆီမှ သင်ခန်းစာ ရထားပြီးပြီ ဖြစ်သည့်အတွက် အဆိပ်နဂါးက မစ်-နဂါးနက်ကို ထိတ်လန့်နေခဲ့သည်။ “မထိနဲ့။ ဒါက စျေးကြီးတယ်။ ကွဲသွားရင် ပိုက်ဆံအများကြီး ကုန်ရမှာ။”

ထိုစကားက အတော်လေး ထိရောက်ပေသည်။ မစ်-နဂါးနက်၏ လက်များက လေထဲ၌ ရပ်တန့်သွားခဲ့သည်။ ပါ့ဂ်လီအိုက ရုတ်တရက် မျက်လုံးလှန်ပြီး ထူးထူးဆန်းဆန်း ပြုံးလိုက်သည်။ “ဟုတ်တယ်။ ဒါက အရသာရှိတဲ့ဟာပဲ။ လက်ထပ်တာလိုမျိုး အရသာရှိတယ်။ ဒါနဲ့ ငါတို့တွေ သတင်းပို့သမား လိုနေသေးတယ်။”

အဆိပ်နဂါး၏အကြည့်က ခြံဝန်းထဲမှ ရတနာကို ငေးကြည့်နေသော “သတင်းပေး”တစ်ယောက်ထံ ရောက်ရှိသွားသည်။

တောင်ပိုင်းဆင်ခြေဖုံးရှိ စိမ်းလန်းတောင်သို့ ချန်လွေ့ ရောက်နေသည်မှာ အချိန်တော်ကြာပြီဖြစ်သည်။ ခီရာ ရောက်လာမည်ကို စောင့်နေသော်လည်း အခုထိ ရှီရာကို မတွေ့ရသေးပေ။ သူက စဉ်းစားနေစဉ် သူ့ရှေ့၌ ရင်းနှီးသော ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ သို့သော်လည်း ကံဆိုးစွာပင် သူ၏ချစ်သူ မဟုတ်ဘဲ မိတ်ဆွေတစ်ယောက် ဖြစ်နေခဲ့သည်။

ချန်လွေ့က သံသယဖြင့် မေးလိုက်သည်။ “ပါ့ဂ်လီအို။ ခင်ဗျားက ဘာလို့ ဒီကို ရောက်လာတာလဲ။”

“မင်း တစ်ယောက်ယောက်ကို စောင့်နေတာလား။”

“ခင်ဗျား ဘယ်လိုသိတာလဲ။”

“ခီရာကို ‌စောင့်နေတာ ဆိုရင်တော့ စောင့်မနေနဲ့တော့။ ကဝေမ တစ်ယောက်က ငါ့ကို ကြင်ရာတော်မင်းသားဆီ ပြောခိုင်းလိုက်တယ်။ သူ ရုတ်တရက် အလုပ်များနေလို့တဲ့။” အဆိပ်နဂါးက သေရည်တစ်ပုလင်းထုတ်ပြီး တစ်ငုံ သောက်လိုက်၏။

ချန်လွေ့ အံ့အားသင့်သွားသည်။ ခီရာနှင့် သူ၏ ချိန်းတွေ့မှုက လျို့ဝှက်ချက်တစ်ခု ဖြစ်သည်။ ပါ့ဂ်လီအို လိမ်နေတာ မဟုတ်လောက်ဘူး။ ကြည့်ရတာ ဒီတစ်ခေါက်လည်း မအောင်မြင်တဲ့ပုံပဲ။

“အခုတလော မင်းက တစ်ခုခုနဲ့ အလုပ်များနေတဲ့ပုံပဲ....” ပါ့ဂ်လီအိုက ပြုံးဖြီးဖြီး လုပ်လိုက်သည်။ “ဘက်တီလေးကနေ ငါကြားခဲ့တယ်။ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်းက တစ်ယောက်ယောက်ဆီကနေ လက်ထပ်ခွင့်တောင်းခံခဲ့ရတယ်တဲ့။ အတိအကျပြောရရင်‌တော့ မိန်းမတွေအားလုံး ငြင်းတာခံရတဲ့သူပေါ့။ ငါမင်းကို အကြံတစ်ခုခုနဲ့ ကူညီပေးရမလား။”

“ဟမ့်...” ချန်လွေ့က သံသယ ဝင်သွားပြီး အဆိပ်နဂါးကို ကြည့်လိုက်သည်။ “ခင်ဗျားကို အကြံတစ်ခု ရှိတာလား။ ခင်ဗျားက ဒီလောက် စိတ်ကောင်းလို့လား။”

“အစ်ဇဘယ်လာရဲ့ လက်ထပ်ပွဲကို ဘက်တီလေး စိုးရိမ်ပြီးတော့ ငါ့ကို မကူညီခိုင်းရင် မင်းကိုငါ ဂရုတောင်စိုက်မှာ မဟုတ်ဘူး။” ပါ့ဂ်လီအိုက ရွံရှာသော အမူအရာတစ်ခု ပြသလိုက်ပြီး လှည့်ထွက်သွားသည်။ “လာ။ သစ်သီးနီ ဟိုတယ်မှာ သွားသောက်ရအောင်။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက ဒီရက်တွေမှာ အထီးကျန်နေတာပဲ။”

ချန်လွေ့က ခဏတာ တုံ့ဆိုင်းနေခဲ့ပြီးနောက် ပါ့ဂ်လီအိုနောက်သို့ လိုက်သွားခဲ့သည်။ အဆိပ်နဂါး၏ မျက်လုံးထဲမှ လျို့ဝှက်အကြံအစည် အရိပ်အယောင်များကို သတိမထားမိခဲ့ပေ။

အနောက်ဘက်ဆင်ခြေဖုံးရှိ မြစ်ငယ်‌လေးနား၌ -

ချိန်းထားသောနေရာ ပြောင်းသွားကြောင်း သတင်းပေးခံထားရသော ခီရာက အင်္ကျီထဲမှ ရှေး‌မှော်စာ စကားပြောစက်ဖြင့် မဟာမိတ်များနှင့် စကားပြော နေခဲ့သည်။

“ခီရာ။ သူ ရောက်နေပြီလား။”

“မရောက်သေးဘူး.....ငါ စောင့်နေတာ တော်‌တော် ကြာနေပြီ။”

“သေချာမှတ်ထား။ ငါတို့တွေ လုံးဝ သဘောတူလို့ မရဘူး။ ငါတို့ မိသားစုမှာ နောက်ထပ် ပြိုင်ဘက်အသစ်တွေ ထပ်မပေါ်လာအောင်။ ငါတို့ရဲ့ အနာဂတ်အတွက် ဒီအကာအရံကို အတူတူ တောင့်ခံထားရမယ်။”

“ငါ သိပါတယ်။ အစ်ဇဘယ်လာ။” ကလေးမလေးက အကြွင်းမဲ့ ပြတ်သားမှုနှင့်အတူ လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ “သူ ငါ့အင်္ကျီတွေကို ချွတ်ရင်တောင် ငါ သဘောမတူဘူး။”

“သူ့အင်္ကျီကိုချွတ်တာက နင်လေ။”

“ငါတို့ကို မလိမ်နဲ့။”

“အဟင့်...သူ ဘာလို့ ဒီကို ရောက်မလာသေးတာလဲ...”

All Chapters