အဆုံးသတ်
Vol. 48 Ch. 772
လမ်းပေါ်ရှိ လှုပ်ရှားသွားလာမှုများက အလွန်အမင်း တိတ်ဆိတ်ကုန်၏။
ခရမ်းရောင်လက ဗလာနတ္ထိနှင့် ယိုယွင်းသော မီးခိုးရောင် ဖြစ်ပေါ်နေသည်။ ခြောက်ကပ်ပြီး အေးစက်သောညက လေသံများ၊ ပိုးမွှားသံများကိုပင် လွှမ်းမိုး နေခဲ့သည်။
အေးစက်စက် မျက်လုံးတစ်စုံက ရှေ့မှ အနက်ရောင် အရိပ်ကို စိုက်ကြည့်နေ၏။
သူ၏လက်ထဲ၌ အနက်ရောင်ဓားတစ်လက် ရှိနေသည်။
ဓားထိပ်ပေါ်၌ သွေးများရှိနေပြီး ထိုသွေးများက ရန်သူ့ထံမှသာ မဟုတ်ပေ။ သူက ထော့နဲ့ထော့နဲ့ ဖြစ်နေသော်လည်း လက်များက အလွန်ပင် တည်ငြိမ်နေဆဲ ဖြစ်၏။
တစ်ဖက်လူ၏ လက်က တလက်လက် အလင်းရောင်များ တောက်လာပြီး မြေပွေးတစ်ကောင်ကဲ့သို့ လှည့်နေသော်လည်း သူက မလှုပ်ရှားခဲ့ပေ။
မလှုပ်ရှားခြင်းက လှုပ်ရှားခြင်းထက် ပို၍ပင် ခက်ခဲပြီး ကျွမ်းကျင်ရလေသည်။
ထိုအရာက သိုင်းပညာ၏ လျို့ဝှက်အဆန်းကြယ်ဆုံးအပိုင်းလည်း ဖြစ်၏။
အလင်းရောင်က သူ့ကို ဖံုးလွှမ်းတော့အချိန်၌ သူက နောက်ဆုံးတွင် ပါးစပ်ကို လှုပ်လိုက်တော့သည်။
“ကယ်ကြပါဦး!”
အိမ်း။ အထက်ပါအကြောင်းအရာများကတော့ ဆရာကုလုံ ရေးထားသော ဇာတ်လိုက်မင်းသားတစ်ယောက်၏ စိတ်ကူးယဉ်ဖြစ်ရပ် တစ်ခုပင်။ တကယ် ဖြစ်နေသည်မှာ အဆိပ်နဂါးက အိမ်ပြန်နေသောအဖွဲ့နောက် တိတ်တဆိတ်လိုက်ပြီး ဇာတ်လိုက်မင်းသားကို ပြန်ပေးဆွဲရန် ကြိုးစားခဲ့ခြင်းပင်။ သို့သော်လည်း သူက မဟာမိတ်၏ သိပ္ပံပညာရှင်မက ဖမ်းမိသွားခဲ့၏။
မမျှော်လင့်ထားဘဲနှင့် ဇိုလာကို အမြဲပင် ကြောက်နေခဲ့သော ပါ့ဂ်လီအိုက မထွက်ပြေးခဲ့ဘဲ အစ်မကြီး နဂါးနက် ဂျူလီယာနှင့် ပူးပေါင်းကာ တိုက်ခိုက်ကြသည်။ အံ့သြစရာ မရှိစွာပင် ပါ့ဂ်လီအိုနှင့် ဂျူလီယာတို့က S++ အဆင့် ရောက်နေသာ်လည်း မှော်ပညာဖြင့် ချုပ်တည်းခံလိုက်ရ၏။ အဆိပ်နဂါးက အစ်မကြီး နဂါးနက်ဖြင့် ပူးပေါင်းသည့်တိုင် နတ်မိမယ်နဂါး၏ ပြိုင်ဘက်တစ်ဦး မဟုတ်သေးပေ။
ခဏတာ “နဂါးစစ်ပွဲ” ပြီးနောက် ဆန်ကော်၊ ရေခဲချောင်း နှင့် အကင်များ အဖြစ်သို့ သုံးလေးကြိမ် အပြောင်းခံခဲ့ရသော ဆရာသခင် အဆိပ်နဂါးက မခံနိုင်တော့ဘဲ ဇာတ်လိုက်မင်းသားထံမှ “အကူအညီ” တောင်းရတော့သည်။
အစ်ဇဘယ်လာက တိုက်ခိုက်ရေးစွမ်းအား ဆုံးရှုံးသွားသော ပါ့ဂ်လီအိုထံ လမ်းလျှောက်လာသည်။ “မယုံနိုင်စရာပဲ။ သူရဲကောင်း ဆာ-အဆိပ်နဂါး။ ရှင်က ခီရာကို လိမ်ညာဖို့အတွက် ဒိုဒိုကို လာဘ်ထိုးခဲ့တဲ့အပြင် ချန်လွေ့ကိုလည်း အိုလီဖီးရက်စ်နဲ့ ပေးတွေ့ဖို့ ဟိုတယ်ကို လိမ်ခေါ်သွားခဲ့တယ်။ တကယ်တမ်း ဘာဖြစ်သွားခဲ့တာလဲဆိုတာ ကျွန်မ သိချင်တယ်။”
ဒီကိစ္စက အရေးမကြီးဘူးဆိုရင် ဘယ်သူက သူရဲကောင်းလုပ်ချင်မှာလဲ.....
ချုံးချုံးကျ ဖြစ်နေသော ဆာ-အဆိပ်နဂါးက စိတ်ဓာတ်ကျသွား၏။ “ငါတို့ပဲ ဒိုဒိုကို လာဘ်ထိုးခဲ့တာ မဟုတ်ဘူး။ မင်းတို့လည်း အတူတူပဲ မဟုတ်လား။ အစ်ဇဘယ်လာ။ ဘက်တီနဲ့ အိုလီဖီးရက်စ်တို့ အကျိုးအတွက် ချန်လွေ့ကို ဟိုတယ်ဆီ ပြန်သွားခိုင်းလိုက်ပါ။”
ချန်လွေ့က ဆွံ့အသွားခဲ့သည်။ ဒိုဒိုက တကယ်တော့ သူလျှို ဖြစ်နေတာပဲ။ လက်စသတ်တော့ ငါက အကြီးမားဆုံး ငတုံးတစ်ယောက် ဖြစ်နေခဲ့တယ်။
အသီနာက စကားဖြတ် ပြောလိုက်သည်။ “ဘာလို့ ချန်လွေ့ကို ဟိုတယ် ပြန်ခိုင်းရမှာလဲ။”
“ဘာလို့လဲဆိုတော့...မင်းသမီး အိုလီဖီးရက်စ် အန္တရာယ်ရှိနေလို့ပဲ။” ပတ်ပတ်လည်၌ အစိမ်းရောင် အငွေ့များနှင့်အတူ မြေပြင်ပေါ်၌ လဲကျနေသော ဂျူလီယာက ရုန်းကန်ရင်း စကားပြောလိုက်သည်။ “ချန်လွေ့မှာ မင်းသမီးကို ကာကွယ်ဖို့ တာဝန်ရှိတယ်။”
“တာဝန် ဟုတ်လား။” လိုလီလေး၏ နာရွက်များ ထောင်သွားခဲ့သည်။
“ဟုတ်ပါပြီ။ ငါ့ကို ပြဿနာ ထပ်မပေးနဲ့တော့။” ချန်လွေ့က အဲလစ်၏ မြင်းမြီးဆံပင်ကို ပွတ်သပ်လိုက်သည်။ “အန္တရာယ် ဆိုတာကို နားမလည်ဘူး။ အိုလီဖီးရက်စ် ဖြေပါစေ။ အိုလီဖီးရက်စ်။ ထွက်လာခဲ့။”
ထိုအရာက ပါ့ဂ်လီအိုနှင့် ဂျူလီယာတို့ကို အံ့အားသင့်သွားစေသည်။ အိုလီဖီးရက်စ်လား။ ခရိုဘဲလက်စ်က သူ့ကို ဂရုစိုက်နေရမှာ မဟုတ်လား။ ဆေးက အစွမ်းပြနေပြီလား....
မစ်-နဂါးနက်၏ ပုံရိပ်က လမ်းနောက်ဘက်၌ ပေါ်ထွက်လာခဲ့သည်။ “သူဌေးက တော်တော်လေး အစွမ်းထက်တာပဲ။ ကျွန်မကို မြင်သွားခဲ့တယ်။ ကြည့်ရတာ အဖေသင်ပေးခဲ့တဲ့ ကိုယ်ပျောက်ပညာရပ်က အလိမ်အညာ ဖြစ်တဲ့ပုံပဲ။ နောက်တစ်ခါ သူ့ဆီကနေ သလင်းကျောက်နက်ဒင်္ဂါး ၁၀သိန်း တောင်းရမယ်။”
ချန်လွေ့က နောက်ဆုံးစကားကို တခါတည်း လျစ်လျူရှုထားလိုက်၏။ “အိုလီဖီးရက်စ်။ ဘာတွေ ဖြစ်နေတာလဲ။”
အိုလီဖီးရက်စ်က အစ်ဇဘယ်လာ၏ အားပေးသောအကြည့်ကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ “ဒီနေ့ ပါ့ဂ်လီအိုက ကျွန်မကို အလကားစားဖို့ ဖိတ်ခဲ့တယ်။ ပြီးတော့ “စျေးကြီးပြီး အရသာရှိ”တဲ့ အထောက်အပံ့ပါတဲ့ ဖျော်ရည်တစ်ပုလင်း ပေးတယ်။ သူဌေးကို အဲဒါ သောက်ခိုင်းပြီးတော့ တံခါးကို ပိတ်ထားဖို့ သူ ပြောခဲ့တယ်။ နောက်တော့ အစ်မ ရောက်လာတာပဲ။”
“စျေးကြီးပြီးတော့ အရသာရှိတဲ့ အထောက်အပံ့လား။” ထောက်လှမ်းရေး ခေါင်းဆောင်ဖြစ်သော မဒမ်-ဒေါ်လေးက အဓိကအချက်ကို ချက်ချင်း မြင်သွား၏။
“အဲဒါက ယောက်ျားတွေ အတွက်ပဲလို့ သူ ပြောခဲ့တယ်....”
ထပ်ပြီး ရှင်းပြစရာ မလိုတော့ပေ။ အတော်များများက ကိစ္စအခြေအနေကို သဘောပေါက်သွားကြသည်။
တစ်ဦးတည်သော ဇဝေဇဝါ ဖြစ်နေသူက နာဂါကောင်မလေးသာ ဖြစ်သည်။ ငယ်ငယ်ကတည်းက မကောင်းသော စာအုပ်များ၏ လွှမ်းမိုးမှုကို ခံထားခဲ့ရသော လိုလီလေးက ပညာရှင် တစ်ယောက်သဖွယ် ရှင်းပြလိုက်သည်။ “အဲဒါက သောက်လိုက်ရင် မိန်းကလေးတွေကို မကောင်းတဲ့ဟာတွေ လုပ်စေနိုင်တဲ့ အရာ ဖြစ်မယ်။”
ချန်လွေ့က ဆွံ့အစွာဖြင့် မျက်လုံးကို အုပ်လိုက်မိသည်။ ငါ့ကို ဒီဘဲခေါင်နဂါး တကယ်ကြီး ဆေးခတ်ခဲ့တယ်။ ပြီးတော့ အဲဒါက စိတ်ကြွဆေးကြီး။ ဆရာသခင် အဆိပ်နဂါးက ပို၍ပင် ရှက်သွားခဲ့သည်။ သူက မြေနဂါးအသွင်ပြောင်းပြီး တွင်းတူးကာ ထွက်ပြေးသွားချင်နေခဲ့၏။
ခီရာက အဓိကမေးခွန်းကို မေးလိုက်၏။ “အဲဒီဖျော်ရည်ကို...ချန်လွေ့ သောက်လိုက်တာလား။”
ဂျူလီယာက အလျင်အမြန် ပြန်ဖြေသည်။ “တကယ်တော့...အဲဒါကို အိုလီဖီးရက်စ် ခိုးသွားခဲ့တာ။ ဒီဆေးရည်က အတော်လေး ထိရောက်ပြီးတော့ ပယ်ဖျက်လို့ မရဘူး။ တစ်ခုခု...သေချာပေါက် ဖြစ်လိမ့်မယ်။”
“အား!” မဟာမိတ်မှ မင်းသမီးလေးယောက်က အချင်းချင်း ကြည့်လိုက်ကြ၏။ အခု ပြဿနာ တကယ် လေးနက်နေပြီ။ အဆိပ်နဂါးရဲ့ ပစ္စည်းက သေချာပေါက် ပေါပေါပဲပဲ မဟုတ်ဘူး။ ချန်လွေ့နဲ့ အိုလီဖီးရက်စ်တို့ရဲ့ ပတ်သက်မှုကို ငါတို့ တကယ်ဖြစ်အောင် လုပ်ရမှာလား...
အစ်ဇဘယ်လာက ပုလင်းအကြောင်း အိုလီဖီးရက်စ် ပြောပြသည်ကို ရုတ်တရက် တွေးမိလိုက်ပြီးနောက် ကောင်မလေးကို ဖျတ်ခနဲ ကြည့်လိုက်သည်။ “အိုလီဖီးရက်စ်။ အစ်မကို အမှန်အတိုင်းပြော။ နင် အဲဒါကို သောက်ခဲ့လား။”
မစ်-နဂါးနက်က သေသေချာချာ မကြားလိုက်ရသကဲ့သို့ပင် ပါ့ဂ်လီအိုကို ပြောလိုက်သည်။ “ဘာပြောတာလဲ။”
ပါ့ဂ်လီအို “.....”
အစ်ဇဘယ်လာ သိလိုက်လေပြီ။ “အိုလီဖီးရက်စ်။ အမှန်အတိုင်းပြော။”
မစ်-နဂါးနက်က ဂျူလီယာက ဖျတ်ခနဲ ကြည့်လိုက်သည်။ “ဟမ်...”
ဂျူလီယာ “.....”
“အိုလီဖီးရက်စ်....”
မစ်-နဂါးနက်က ချန်လွေ့က ထူးထူးဆန်းဆန်း ကြည့်လိုက်၏။ “အမ်...”
ယခု အားလုံး သိသွားကြလေပြီ။
“အရသာရှိသော”က အိုလီဖီးရက်စ်အတွက် အတော်လေး ဆွဲဆောင် နိုင်သော်လည်း ဦးစားပေးမှုအရ “စျေးအကြီးဆုံး”က ပထမဆုံး ရွေးချယ်စရာ ဖြစ်၏။ ထို့ကြောင့် ထိုကောင်မလေးက “စျေးကြီးသော” “အားတိုးဆေး”ပုလင်းကို အလွဲသုံးစားလုပ်လိုက်ခြင်း ဖြစ်ရပေမည်။
အမှန်ကို သိသွားသော ဂျူလီယာက မည်းသည်းနေသော မိမိ၏ ခန္ဓာကိုယ်ကို ကြည့်လိုက်ပြီး ရယ်ချင်သွားခဲ့သည်။ သို့သော်လည်း သူက ငိုနေသော မျက်နှာ တစ်ခုအဖြစ် ပြောင်းလဲသွားပြန်သည်။ သူက ပါးစပ်ကို အကြာပြီး ဖွင့်ထားသော်လည်း ဘာမှ မပြောနိုင်ခဲ့ပေ။
ဆရာသခင် အဆိပ်နဂါး၏ မျက်လုံးများက မည်းနက်နေပြီး သတိလစ်တော့မည် ဖြစ်သည်။ သူက တစ်ဘဝလုံး ဓားပြဖြစ်ခဲ့တာ။ ဒီနေ့ ငါက ဒီလောက်လွယ်ကူတဲ့ တာဝန်ကို ကျရှုံးခဲ့ရပြီးတော့ ဒီကောင်မလေး လှည့်စားတာကို ခံခဲ့ရတယ်။ ခုနက ချေမှုန်းခံရလုမတတ် ဖြစ်ခဲ့သော သနားစရာ အခြေအနေကို တွေးမိပြီးနောက် ပါ့ဂ်လီအိုက ဝမ်းနည်းမိသွားသည်။
မစ်-နဂါးနက်က တုံ့ဆိုင်းနေရင်း ပြောလိုက်၏။ “ပါ့ဂ်လီအို...ဟိုလေ....”
တောင်းပန်မလို့လား။ အဆိပ်နဂါးက သူ့ကို စိုက်ကြည့်လိုက်သည်။ ဒီလို ဆိုရင်တောင် ငါ လက်မခံဘူး။
“သစ်သီးနီဟိုတယ်က ငွေမရှင်းရသေးဘူး....ကျွန်မ အဲဒီမှာ ခရိုဘဲလက်စ်ကို အပေါင်အနေနဲ့ ထားခဲ့တယ်။”
“ဘုန်း!” ထိုအချိန်၌ ဆရာသခင် အဆိပ်နဂါးက သတိလစ်သွားတော့သည်။
(၁)နာရီ ကြာပြီးနာက် -
ဘဏ္ဍာရေးအရာရှိ နေအိမ်၌ ဖြစ်သည်။
“အသီနာ။ အဲလစ်နဲ့ အယ်ဒီလိုင်းတို့ကို ပြန်ပို့ပြီးပြီဟုတ်။”
အသီနာက ခေါင်းညိတ်ပြီး တီးတိုးပြောလိုက်သည်။ “သူတို့ကို နန်းတော်ဆီ ပြန်ပို့လိုက်ပြီ။”
“ဟုတ်ပြီ။” ချန်လွေ့ကို လက်ကို ဖြန့်လိုက်၏။ “ချစ်ရတဲ့ အမျိုးသမီး (၄)ယောက်။ အရင်ဆုံး ထိုင်ပါဦး။ ပွင့်ပွင့်လင်းလင်း ပြောကြတာပေါ့...”
မဟာမိတ် အမျိုးသမီးများက အချင်းချင်း ကြည့်လိုက်ပြီး နောက်ဆုံးတွင် ထိုင်လိုက်ကြသည်။
“ဒိုဒိုအကြောင်းကနေစရမယ်ဆိုရင်....ထားလိုက်ပါတော့။ အဲဒီ ဉာဏ်များတဲ့ သူလျှိုအကြောင်း မပြောတော့ဘူး။ အဲဒီ အဓိပ္ပာယ်မရှိတဲ့ ဟာသ ပြဇာတ်ကောပဲ။” ချန်လွေ့က ခေါင်းခါလိုက်သည်။ “တကယ်တော့ ကိုယ် ဘယ်လိုပြောရမလဲ မသိဘူး။ မင်းတို့က ရှီရာနဲ့ နှိုင်းယှဉ်တာကို ဂရုမစိုက်တာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ကိုယ့်ကို လက်ထပ်ဖို့အတွက် အလျင်မလိုနေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ကိုယ်က ချစ်ရတဲ့ အမျိုးသမီးတွေနဲ့အတူ နွေးထွေးပြီးတော့ ပြည့်စုံတဲ့ မိသားစု တစ်ခုကို တကယ် ဖွဲ့စည်းချင်တာ။ “အမျိုးသမီး”လို့ သုံးမိတဲ့အတွက် ခွင့်လွှတ်ပေးပါ။ ကိုယ်တကယ် အရှက်ရမိပါတယ်။ မင်းတို့က လုံးဝကို ကောင်းမွန်တဲ့ အမျိုးသမီးတွေပါ။ ကိုယ့်မှာ မင်းတို့တွေ ရှိနေတာ တော်တော့်ကို ကံကောင်းလို့ပဲ။ ဒါပေမဲ့ အကြောင်းရင်း အမျိုးမျိုးကြောင့် ကိုယ့်ဘဝမှာ မင်းတို့အားလုံး ရှိလာခဲ့တယ်။ ဒါက ကိုယ့်အတွက် အကြီးမားဆုံး အောင်မြင်မှုနဲ့ ဂုဏ်သိက္ခာပဲ။ ဒီအောင်မြင်မှုကို တသက်လုံး ဆက်ပြိးတော့ ထိန်းသိမ်းထား နိုင်မလားဆိုတာ မသိဘူး။”
အုပ်ချုပ်သူ အမျိုးသမိး၊ သိပ္ပံပညာရှင် အမျိုးသမီး၊ ထောက်လှမ်းရေး ခေါင်းဆောင် အမျိုးသမီး နှင့် အစေခံမလေးတို့က အချင်းချင်း ကြည့်လိုက်ကြ၏။ ခဏတိတ်ဆိတ်နေခဲ့ပြီးနောက် အစ်ဇဘယ်လာက မျက်လုံးထဲ၌ ညင်သာမှု အငွေ့အသက်ဖြင့် ပထမဆုံး ပြောလိုက်သည်။ “ရှင်က လုံးဝကို ....ငတုံး တစ်ယောက်လို့ပဲ ကျွန်မ ပြောနိုင်တယ်။”
ချန်လွေ့က ခါးသက်သက်နှင့် ပြုံးလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ငတုံးဆိုတာက...လူကောင်းဆိုတာထက်တော့ ပိုသာပါသေးတယ်။
“မိန်းမတွေအားလုံးက နွေးနွေးထွေးထွေး သက်တောင့်သက်သာ ရှိပြီးတော့ အန္တရာယ်ကင်းတဲ့ အကာအကွယ်ကို ရှာတွေ့ဖို့ မျှော်လင့်ကြတာ။ ကံကောင်းချင်တော့ ကျွန်မရဲ့ဘဝ အဆုံးသတ်တော့မယ်လို့ ထင်တဲ့အချိန် ဒီအကာအကွယ်ကို ရှာတွေ့သွားခဲ့တယ်။ ကံဆိုးချင်တော့ သူ့ကို ပိုင်တာ ကျွန်မ တစ်ယောက်တည်း မဟုတ်ဘူး။”
ထိုသို့ ပြောပြီးနောက် အစ်ဇဘယ်လာက အခြားမဟာမိတ်များကို ကြည့်ကာ ပြောလိုက်သည်။ “ဒါက ယောက်ျားတွေရဲ့ ပိုင်ဆိုင်လိုစိတ်လိုမျိုးပဲ။ မိန်းမတွေမှာလည်း အထူးသီးသန့် ဖြစ်ချင်တဲ့ ခံစားချက် ပြင်းပြကြတယ်။ အဲဒါကြောင့် ကျွန်က တခြားသူတွေနဲ့ နှိုင်းယှဉ်တာနဲ့ ယှဉ်ပြိုင်မှုတွေကိုတောင် အများကြီး ဂရုစိုက်တယ်။ ဒါပေမဲ့ သူ့ကို ဆုံးရှုံးရမှာနဲ့ ယှဉ်ရင်တော့ အခြားသူတွေနဲ့ပဲ ဝေမျှလိုက်မယ်။ ဒါပေမဲ့....ကျွန်မရဲ့ မပြည့်စုံတဲ့ နွေးထွေးမှုကို မျှဝေဖို့ ပြိုင်ဘက်တွေ ထပ်မတိုးလာစေချင်တော့ဘူး။ ကျွန်မက နောက်ကျတဲ့ မျှဝေခံစားရတဲ့သူ တစ်ယောက် ဖြစ်ပေမဲ့ တကိုယ်ကောင်းဆန်မိတဲ့အတွက် ခွင့်လွှတ်ပေးပါ။”
ကျန်သော မိန်းကလေးများက စကားမပြောကြသော်လည်း သူတို့၏ အကြည့်မှ အတော်များများကို ချန်လွေ့ သဘောပေါက်သွားခဲ့သည်။
“ရင်းနီကို ထောက်ပံ့။ အောက်ထပ်ကအခင်းအကျင်းကို ထိန်းထား။”
“အပေါ်ထပ်ကို ထောက်ပံ့။ အောက်ထပ်ကအခင်းအကျင်း ထိန်းထား။”
“အပေါ်ထပ်ကို ထောက်ပံ့။ အောက်ထပ်မှာ ဘာမှ တုံ့ပြန်မှု မရှိဘူး။”
ထိုအရာများက စိတ်ထဲထင်နေသည်များသာ ဖြစ်၏။ သို့သော်လည်း ချန်လွေ့က အစ်ဇဘယ်လာကို ကောင်းကောင်း နားလည်သည်။ သူက လုံးဝပင် ငတုံးတစ်ယောက် ဖြစ်၏။ မိန်းမတစ်ယောက်၏ နှလံုးသားကို လုံးဝ နားမလည်ခဲ့ပေ။
“ဒါက မင်းတို့တွေ....ကိုယ့်ကို လက်ထပ်ဖို့ တကယ် စိုးရိမ်နေတယ်လို့ နားလည်လို့ရလား။ ကိုယ့်ရဲ့ အလှပဆုံး သတို့သမီးတို့။” ချန်လွေ့က ပြုံးလိုက်၏။ “ကိုယ်တို့က မိသားစုကြီး ဖွဲ့စည်းလိုက်ပေမဲ့ တစ်ယောက်ချင်းစီနဲ့ မင်္ဂလာဆောင် ပြီးတော့ မင်းတို့ကို တစ်ဘဝလုံး စောင့်ရှောက်ပေးဖို့ အကောင်းဆုံး ကြိုးစားမှာပါ။ ပြိုင်ဘက်တွေအတွက်ကတော့ ကိုယ် အာမခံတယ်။ နောက်ထပ် အသစ် တစ်ယောက် လုံးဝ မထားတော့ဘူး။”
“အဲဒီ “အသစ်”ထဲမှာ....အရိပ်နက်အင်ပါယာက နင့်ရဲ့ ချစ်သူ ခရစ္စတီးနား ပါလား။” အသီနာက အမြဲပင် ဂရုစိုက်နေခဲ့သော မေးခွန်းတစ်ခုကို မေးလိုက်၏။ သူ့စိတ်ထဲ၌ သူ့ယောက်ျား၏ ပထမဆုံးအကြိမ်ကို “လုယူခဲ့သော” ပြိုင်ဘက်က အမြဲပင် ရှိနေခဲ့သည်။
“အဲလစ်နဲ့ အယ်ဒီလိုင်းကော ပါလား။” ယခုတစ်ခေါက်မှာ ပြဿနာအိုး အစေခံမလေးဖြစ်ပြီး သူကနောက်ထပ် စကားတစ်ခွန်း ထပ်ပြောလိုက်၏။ “ကြင်ရာတော်မင်းသား....”
“ဘာပြောတယ်.....” မစ်-နတ်မိမယ်နဂါးက ပြသနာ ပိုရှာသည်ကို အသိအသာပင်။ အခြေအနေက ရုတ်တရက် ထကြွသွားခဲ့သည်။ သူတို့က ရှေ့မတိုးသာသည့် အခြေအနေမှ ဖောက်ထွက်နိုင်ခဲ့ပြီး စစ်အေးတိုက်ပွဲ မတိုင်ခင်ကအတိုင်း ပြန်လည် စည်းလုံးသွားခဲ့သည်။ ရှင်းရှင်းလေးလေး ဖြေသည် ဖြစ်စေ၊ မရေမရာ ဖြစ်သည် ဖြစ်စေ၊ ထိုပြဿနာများကို နောက်ဆုံး၌ ရှင်းလင်း နိုင်ခဲ့သည်။ ချန်လွေ့ ယခင်က ပြောခဲ့ဖူးသည့် အတိုင်းပင် အကြောင်းရင်း အမျိုးမျိုးကြောင့် သူ၏ဘဝတွင် သူတို့အားလုံးကို ရရှိခဲ့ပြီး အရေးကြီးဆုံး အကြောင်းပြချက်ကတော့ အချစ်ပင် ဖြစ်သည်။ အချင်းချင်း နားလည်ပြီး သည်းခံနိုင်သော အချစ်...
နှလုံးသားခြင်း စကားပြောခဲ့ကြသော အဖြစ်အပျက် တစ်ခုလုံးက အတော်လေး နွေးထွေးခဲ့သည်။ တစ်ခုတည်းသော နောင်တရစရာကတော့.....
“ခြံဝန်းထဲ ပြန်လိုက်ဦးမယ်။ ဒီလိုမကြည့်ပါနဲ့။ ကြင်ရာတော်မင်းသား။ တကယ် နေရစ်ချင်ပေမဲ့....ဘယ်လိုလုပ် ရှီရာကို အရှုံးခံနိုင်ရမှာလဲ။ လက်ထပ်ပွဲ မတိုင်ခိင် ဝေးဝေးနေတာ ပိုကောင်းမယ်။”
“အစ်ဇဘယ်လာပြောတာ မှန်တယ်။ နန်းတော်ကို ပြန်ရအောင်။ အဲလစ် ငါတို့ကို စောင့်နေတုန်းပဲ။ သွားရအောင်။ အချိန်ဆွဲမနေနဲ့။”
“ငါ....ငါ့ရဲ့ သုတေသနက မပြီးသေးဘူး။”
“နေပါဦး။ ဒါက သိပ္ပံနည်းမကျဘူး!”
အဆုံးသတ် - ဇာတ်လိုက်မင်းသားက ဘယ်သူမှမရှိသော အခန်းကို မျက်ရည်မျက်ခွက်နှင့် စောင့်ကြပ်နေရဆဲ ဖြစ်နေတော့သည်။