ဂိမ်းခေ-တ်၏ နိဒါန်း
Vol. 48 Ch. 773
ဘယ်သူမှ မရှိသော အိမ်ကို စောင့်ကြပ်နေရသော ချန်လွေ့၏ ဆိုးဝါးလှသည့် ဘဝက အကြာကြီး မဖြစ်ခဲ့ပေ။ ကိုယ်လုပ်တော် လက်ထပ်ခြင်းအတွက် တရားဝင် ကတိကို ရရှိခဲ့ပြီ ဖြစ်သည့်အတွက် အမျိုးသမီးများ၏ ခုခံမှုက အလကား ဖြစ်သွားသည်မှာ အသေချာပင်။ ပထမဆုံးအနေဖြင့် အစေခံမလေးက တိတ်တိတ်လေး တံခါးဖွင့်ပေးထားခဲ့သည်။ ထို့နောက် အစေခံမလေးကို တစ်ယောက်တည်း ဦးမဆောင်စေချင်သော မစ်-နတ်မိမယ်နဂါးက “အပြစ်ပေး” ခဲ့သည်။ သိပ်မကြာခင်တွင် ဇာတ်လိုက်မင်းသားက သုခပြည့်စုံသော ဘဝသို့ ပြန်ရောက်ရှိလာခဲ့သည်။
ထိုအချိန်၌ ချန်လွေ့နှင့် ရှီရာတို့ လက်ထပ်ရန် သိပ်မလိုတော့ပေ။ အပြိုင်အဆိုင် စိတ်ထားများ ရှိနေကြသေးသော်လည်း တစ်ဦးချင်း လက်ထပ်ပွဲ ကဲ့သို့ အရေးမကြီးပေ။ ထိုအရာက တသက်မှ တစ်ခါသာ ဖြစ်သည်။ ယှဉ်ပြိုင်မှုနှင့် မကျေနပ်မှုကြောင့် အလျင်စလို မလုပ်သင့်ပေ။
ထိုအကျိုးအမြတ်ကြောင့် အမျိုးသမီးများ အားလုံးက စိတ်ကို တည်တည်ငြိမ်ငြိမ် ထားလိုက်ကြပြီး “မစိုးရိမ်”နေကြတော့ပေ။ ဒီတစ်ခေါက် ရှီရာကို ဦးဆောင်ခွင့်ပေးလိုက်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှီရာက အဘက်ဘက်မှာ နောက်ကျနေတာပဲ။ ဒီလက်ထပ်ပွဲကို အရင်ဆုံး အကိုးအကားအနေနဲ့ သဘောထားလို့ ရတယ်။ အနာဂတ်မှာ ငါတို့ရဲ့ မင်္ဂလာပွဲက ဒီထက်တော့ နိမ့်လို့ မရဘူး။ ဟုတ်တယ်မလား။
သလင်းကျောက် မောင်းမဆောင်၏ မတည်ငြိမ်မှုက နောက်ဆုံးတွင် အဆုံးသတ်သွား၏။ အစားထိုး (အစ်ဇဘယ်လာထံမှ ငှားယူထားသော ဝေါဟာရတစ်ခု)နှင့် ဧကရီအရှင်မတို့၏ လက်ထပ်ပွဲ အတွက်မူ ချန်လွေ့က စိုးရိမ်စရာ မလိုအပ်သည့်အတွက်ကြောင့် သူက စိတ်ကို အေးဆေးထားပြီး အရေးကြီးတာဝန်တစ်ခုကို ပြီးစီးရန်အတွက် အာရုံစိုက် ပြင်ဆင်နေတော့သည်။
ထိုတာဝန်က ရှီရာအရှေ့တွင် ချန်လွေ့ ပြောခဲ့သောအရာ ဖြစ်ပြီး ကြယ်ကြွေတမန် အင်ပါယာမှ အဂ္ဂိရတ်အစည်းအရုံးတွင် အရိပ်နက်အင်ပါယာမှ ရှေးမှော်မျှော်စင်နှင့် သွေးရောင်အင်ပါယာမှ စာအုပ်ပေါင်းချုပ်ခန်းမကဲ့သို့ တူညီသော “အခြေခံအုတ်မြစ်” ရှိလာရန် ဖြစ်သည်။
နတ်ဆိုးဘုံ တစ်ခုလုံးကို လွှမ်းမိုးနိုင်သော ဂိမ်းမူဝါဒလမ်းစဉ် တစ်ခု ဟူ၍လည်း နားလည်နိုင်ပေသည်။
ပို၍တိတိကျကျ ပြောရလျှင် အဂ္ဂိရတ်နယ်ပယ်က အပေါ်ယံမျှသာဖြစ်ပြီး ဂိမ်းက ဖော်ပြချက်တစ်ခု အနေဖြင့်သာ ဖြစ်၏။ ချန်လွေ့ “ဖန်တီး”ခဲ့သည်က နတ်ဆိုးဘုံတစ်ခုလုံးကိုပင် ပြောင်းလဲစေနိုင်လောက်သည်။
ဂိမ်းတစ်ခု ဖန်တီးရန်အတွက် ဆော့ဖ်ဝဲလ်နှင့် ဟာ့ဒ်ဝဲလ်က အခြေခံ အကျဆုံး ဒြပ်စင်နှစ်ခုဖြစ်ပြီး ပြင်ဆင်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်း အလုပ်များကို စတင်ခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ ထိုအရာက ကြယ်မြို့တော်သို့ ရောက်လာခဲ့ကြသော ရိုမန်၊ ဒေလီယာနှင့် အခြားသူများ၏ စမ်းသပ်ချက်များလည်း ပါဝင်သည်။ သွေးရောင်အင်ပါယာ စစ်ပွဲက အနည်းငယ် ကြန့်ကြာသွားစေ ခဲ့သော်လည်း အချုပ်အားဖြင့် ချောချောမွေ့မွေ့ ဖြစ်သွားခဲ့လေသည်။
ရှေးအဂ္ဂိရတ်အဖွဲ့အစည်း၏ “အမွေအနှစ်ပုံရိပ်ယောင်”မှ အမှန်တကယ်ပင် ထိုဂိမ်းများ၏ ရှေးပြေးပုံစံများကို ထုတ်လုပ်နိုင်ခဲ့သည်။ ကြယ်မြို့တော်၏သခင် ဖြစ်သည့်အလျောက် သူက “သလင်းကျောက်ဇာမဏီ”အား သူ၏ စိတ်ကူးကိုသာ ပြောပြရန် လိုအပ်သည်။ ထို့နောက်တွင် ၎င်းက အနည်းငယ် ပြင်ဆင်ပြီးတော့ စမ်းသပ်ကြည့်နိုင်ခဲ့သည်။ ဂိမ်းပုံရိပ်ယောင်၌ အကြီးမားဆုံး ရွှေလက်ချောင်း ဖြစ်သော သလင်းကျောက်ဇာမဏီနှင့် ဂိမ်းကို ချိန်ညှိပြီး ပြဿနာများ ပြင်ဆင်ရသည်က လွယ်ကူလှပေသည်။
ချန်လွေ့ စဉ်းစားရန် လိုအပ်သည်က သာမန်ဟာ့ဒ်ဝဲလ်လက်ခံပစ္စည်းမှတဆင့် ထိုကဲ့သို့ ပုံရိပ်ယောင် ဆော့ဖ်ဝဲလ်ကို မည်သို့ အသက်သွင်းရန် ဖြစ်သည်။ အမှန်တကယ်၌ “ဟာ့ဒ်ဝဲလ်လက်ခံပစ္စည်း”တစ်စိတ်တစ်ပိုင်းက နတ်ဆိုးဘုံ၌ ကြော်ငြာပြီးပြီဖြစ်ကာ အများအပြား ရှိနေပြီဖြစ်သော မှော်ရုပ်မြင်သံကြားပင်။
မှော်ရုပ်မြင်သံကြား ထုတ်လုပ်ခြင်းက ဖျော်ဖြေရေးနှင့် အကျိုးအမြတ် အတွက်သာမက ရှီရာ ထီးနန်းတက်စဉ်က မတည်မငြိမ် ဖြစ်နေခဲ့သော နိုင်ငံရေးကို တည်ငြိမ်စေရန်အပြင် ရေရှည် အစီအစဉ်တစ်ခုလည်း ရှိ၏။ လက်ရှိ “မှော်ဂီမ်း” အစီအစဉ်ကလည်း အတူတူပင် ဖြစ်သည်။ သို့သော်လည်း ယခုတွင် ထိုအစီအစဉ် နှစ်ခုကို ပေါင်းလိုက်ခြင်း ဖြစ်ကာ အကြောင်းရင်းမှာ ကြယ်၆ပွင့် ဆင့်ကဲပြောင်းလဲခြင်း ပြီးနောက်တွင် စူပါစနစ်၏ လဲလှယ်ရေးဌာန၌ အသစ်ပေါ်လာသော ပစ္စည်းအသစ်နှစ်ခုကြောင့် ဖြစ်၏။
ပထမတစ်ခုက “ကိုးကွယ်သူနှလုံးသား” ဖြစ်သည်။ ပစ္စည်းများနှင့် ပေါင်းစပ်နိုင်ပြီး ယုံကြည်မှုစွမ်းအားကို စုပ်ယူကာ ပြောင်းလဲနိုင်သော သီးသန့် ယုံကြည်မှု အမြုတေတစ်ခု။ ၎င်းက စူပါစနစ်ထဲရှိ ဂြိုဟ်တစ်ခုလုံး၏ စိတ်ဝိညာဉ် စွမ်းအားကို ထိန်းချုပ်ထားသော ယုံကြည်မှု မျှော်စင်နှင့် ဆင်တူ၏။
ဒုတိယတစ်ခုမှာ “ကိုးကွယ်သူခြေထောက်” ဖြစ်သည်။ ထိုအရာက ပေါင်းစပ် သလင်းကျောက်တစ်မျိုးဖြစ်ပြီး ယုံကြည်မှုစွမ်းအားကို စုပ်ယူ၊ တိုးမြှင့်ကာ ကိုးကွယ်သူနှလုံးသားထံ ပြန်လွှဲပေးနိုင်၏။ ၎င်းက ကိုးကွယ်သူနှလုံးသား ဖြန့်ကျက်စနစ်နှင့် ညီမျှပေသည်။ ၎င်း၏ လုပ်ဆောင်မှုက ယုံကြည်မှုတိုင်လုံးနှင့် ဆင်တူ၏။
အစပိုင်း၌ လက်တွေ့တွင် ချန်လွေ့နှင့် အက်ဂ်ယောကို မည်သူမှ မယုံကြည်ကြသည့်အတွက် ထိုပစ္စည်းနှစ်ခုကို အသုံးမဝင်ဟု ခံစားမိခဲ့သည်။ သို့သော်လည်း သူက ကံကောင်းပြီး ကိုးကွယ်သူနှလုံးသားကို သလင်းကျောက် ဇာမနီနှင့် ပေါင်းစပ်လိုက်မိကာ ဒေါသ၊ သုတ်သင်သတ်ဖြတ်ခြင်းနှင့် အခြား ခံစားချက်များအပါအဝင် အမွေအနှစ် ပုံရိပ်ယောင်ထဲ၌ ပြသခဲ့သော ရရင့်မှု၊ ကြံ့ကြံ့ခံမှုနှင့် ဉာဏ်ပညာတို့က အမှန်တကယ် ယုံကြည်မှုစွမ်းအားများ ထုတ်ပေးနိုင်ကြောင်း တွေ့ရှိသွားခဲ့သည်။
ရလာဒ်အနေဖြင့် အလွန်ကြီးမားပြီး မယုံနိုင်စရာ အစီအစဉ်တစ်ခုကို ရပ်တန့်၍မရဘဲ ဖန်တီးနိုင်ခဲ့သည်။ ထိုအရာက သလင်းကျောက်ဇာမဏီကို ဗဟိုပြုထားသော မှော်ကစားနည်း “ယုံကြည်မှုဂိမ်း” ဖြစ်ပေ၏။
ရိုမန်နှင့် အခြားသူများ၏ စမ်းသပ်မှုများမှတဆင့် ပုံရိပ်ယောင် အခြေအနေ၌ စိတ်ဝိညာဉ်စွမ်းအား အနည်းငယ် ကုန်ဆုံးခြင်းအပြင် အခြား ဆုံးရှုံးမှုများ မရှိကြောင့် ကစားသမားများကိုယ်တိုင်က တွေ့ရှိသွားကြသည်။ သို့သော်လည်း သူတို့က ဂိမ်းထဲ၌ ဖျော်ဖြေမှု ရရှိသလို လေ့ကျင့်၍လည်း ရနိုင်၏။ ချန်လွေ့အတွက် ထိုကစားသမားများ ထောက်ပံ့ပေးသော ယုံကြည်မှုများက ယုံကြည်မှု သလင်းကျောက် ရှားပါးမှုအတွက် တည်ငြိမ်သော စီးဆင်းမှုတစ်ခု ဖြစ်စေနိုင်၏။ အနာဂတ်တွင် သူက တဖြည်းဖြည်းနှင့် နတ်ဘုရားတစ်ပိုင်း ဥပဒေသကို နားလည်လာပေလိမ့်မည်။
ပြောရမည်ဆိုလျှင် ထိုအစီအစဉ်က တဲရစ်၏ နောက်ဆုံးပန်းတိုင်နှင့် ဆင်တူနေသည်။ သို့သော်လည်း တဲလစ်၏ နည်းလမ်းက နတ်ဆိုးဘုံတစ်ခုလုံးကို အုပ်စိုးပြီး ကျွန်ပြုကာ ယုံကြည်မှုများကို အတင်းရယူရန် ဖြစ်သည်။ သို့သော် ချန်လွေ့က ထိုဖြစ်စဉ်ကို ဖျော်ဖြေရေးတစ်ခုအဖြစ် ပြောင်းလဲခဲ့၏။ အပြင်းထန်ဆုံး စစ်ရေး အမြစ်ဖြတ်သုတ်သင်ရေးနှင့် ညင်သာသော ညှိနှိုင်းမှုတို့က တူညီသော ငြိမ်းချမ်းရေး ရလာဒ်တစ်ခုကို ယူဆောင်လာပေးသကဲ့သို့ပင်။
“မှော်ရုပ်မြင်သံကြားအချက်ပြမျှော်စင်” ပထမအသုတ်က ကြယ်ကြွေတမန် အင်ပါယာရှိ နယ်မြေများ၌ ပြီးစီးသွားပြီ ဖြစ်သည်။ ထိုအချက်ပြမျှော်စင်များက မှော်ရုပ်မြင်သံကြားများ၏ ကြည်လင်မှုကို တိုးမြှင့်ပေးပြီး အနှောင့်အယှက်များကို လျှော့ချပေးနိုင်သည်။ ထိုနည်းပညာ၏ ဗဟိုချက်က မှင်စာဆိုးအစေခံများ ရှေးအဂ္ဂိရတ်အဖွဲ့အစည်း၏ လျို့ဝှက်ပညာရပ်ဖြင့် ပြုလုပ်ထားသော ယုံကြည်မှု လက်ခံပစ္စည်းကို ကိုးကွယ်သူခြေထောက်နှင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ယုံကြည်မှု လက်ခံပစ္စည်းက ရုပ်မြင်သံကြားဂိမ်း၏ ယုံကြည်မှုစွမ်းအားကို သိုလှောင်၊ လက်ခံပြီး ထုတ်လွှင့်နိုင်၏။
ယုံကြည်မှု လက်ခံပစ္စည်းများကို လုပ်ပိုင်ခွင့်နှင့် အဆင့်အလိုက် A, B, C ဟူ၍ ပိုင်းခြားထားသည်။ ကြယ်ကြွေတမန်အင်ပါယာ၏ ယန္တရားအစည်းအရုံးရှိ နာမည်ကျော် အဆောက်အအုံ မြမဏ္ဍိုင်က ၁၀မီတာကျော် မြင့်မားပြီး အရှားပါးဆုံး A အဆင့် လက်ခံပစ္စည်းနှင့် ပေါင်းစပ်ထားကာ အင်ပါယာ တစ်ခုလုံးရှိ ယုံကြည်မှု ဗဟိုချက် ဖြစ်လာခဲ့သည်။ ထိုယုံကြည်မှု စွမ်းအားများက မည်သည့်နေရာ၌ ဖြစ်နေပါစေ၊ ကိုးကွယ်သူနှလုံးသားကို ပိုင်ဆိုင်ထားသော ကြယ်မြို့တော်ထံသို့ အလိုလို ရောက်ရှိသွားမည် ဖြစ်သည်။ အကျိုးအမြတ် ရရှိသူကတော့ ကြယ်မြို့တော်၏ စိတ်ဝိညာဉ်အမှတ်သအားကို ပိုင်ဆိုင်ထားသည့် ချန်လွေ့ပင်။
မှင်စာဆိုးအစေခံများ၏ နောက်ထပ် သုတေသန ရလာဒ်တစ်ခုက မှော်ရုပ်မြင်သံကြားနှင့် အသုံးပြုနိုင်သော “ဂိမ်းခေါင်းစွပ်” ဖြစ်၏။ ထုတ်လုပ်ရေးနှင့် ပြဿနာ အဖြေရှာသော အဆင့်ငများက ပြီးစီးသွားခဲ့ပြီး အမြောက်အမြား ထုတ်လုပ်ရန် ပြုလုပ်နေပြီ ဖြစ်သည်။
ယခုတွင် အားလံုးက နေရာတကျဖြစ်နေပြီး သူက ၎င်းကို ကြော်ငြာရန် တကြွကြွ တရွရွ ဖြစ်အောင်သာ လုပ်ရပေတော့မည်။ ယခင်ဘဝ၌ အွန်လိုင်း လောက၌ ကျက်စားခဲ့သော အိုတာခုတစ်ယောက် ဖြစ်ခဲ့ပြီး အွန်လောင်း ကုန်သည်တစ်ယောက် ဖြစ်ခဲ့ဖူးသူ တစ်ယောက် ဖြစ်သည့်အလျောက် အတွေ့အကြုံများစွား ရှိခဲ့ပေသည်။
အပြင်းအထန် တိုက်ပွဲ၏ ကြော်ငြာဗီဒီယို မိနစ်ပိုင်းလောက်က သဘာဝအရ တိုက်ခိုက်ရသည်ကို သဘောကျကြသော နတ်ဆိုးများကို ဆွဲဆောင်နိုင်ခဲ့သည်။ ဂီတထုတ်လုပ်ရေးနှင့် ပုံရိပ်ယောင်နည်းပညာတွင်လည်း လိုအပ်ချက် မရှိခဲ့ပေ။ ထိုအရာက နတ်ဆိုးဘုံ၌ အုတ်အော်သောင်းတင်း ဖြစ်စေခဲ့သော ယခင် ဖျော်ဖြေပွဲ၏ ကျေးဇူးကြောင့်ပင်။ မင်းက နည်းပညာပိုင်းတွင် အဖိုးတန် အတွေ့အကြုံများ ထောက်ပံ့ပေးခဲ့၏။
တချိန်တည်းမှာပင် မှော်ရုပ်မြင်သံကြားနှင့် သတင်းစာတို့မှလည်း ကြော်ငြာများ တက်လာခဲ့သည်။ သက်ဆိုင်ရာ ကိရိယာများကိုတော့ တရားဝင် မရောင်းချသေးသော်လည်း နာမည်ကျော်လာတော့မည့် ပစ္စည်းအသစ်၏ နာမည် “မှော်ဂိမ်း”က အိမ်ထောင်စုနာမည်တစ်ခုနီးပါး ဖြစ်လာခဲ့သည်။
ထို့ကြောင့် သန်းပေါင်းများစွာ၏ စောင့်မျှော်နေမှုနှင့်အတူ မှော်ဂိမ်းက နောက်ဆုံး၌ စျေးကွက်ထဲသို့ ရောက်ရှိလာတော့သည်။
ထွေလာထဲမှ အတိုင်းပင် “အနှိုင်းမဲ့စစ်သည်တော်” အမည်ရသော ထိုမှော်ဂိမ်းက လုံးဝ တိုက်ခိုက်ရေး အမျိုးအစား ဖြစ်သည်။
ကစားသူက စစ်သည်များ သို့မဟုတ် မှော်ပညာရှင်များ နေရာတွင် ကစားရပြီး မြေပုံအကျယ်ကြီးမှ မကောင်းဆိုးဝါးများကို တိုက်ခိုက်ရသည်။ ရန်သူများကို သတ်ပစ်သော အတွေ့အကြုံများက တိုးလာသည်နှင့်အမျှ ဂိမ်းဇာတ်ကောင်ကလည်း အဆင့်မြင့်လာပြီး စွမ်းရည်များကိုလည်း တိုးမြှင့်နိုင်ပေမည်။ အချို့မကောင်းဆိုးဝါးများထံမှ သက်ဆိုင်ရာ ရတနာများနှင့် ကုန်ကြမ်းများ ကျလာနိုင်၏။ တိုက်ခိုက်ရေးစွမ်းအားကို တိုးမြှင့်ရန်အတွက် ဂိမ်းထဲရှိ မြို့များထံသွားပြီး ဆေးရည်များ၊ လက်နက်များ ပြုလုပ်၍ ရပေသည်။
ထိုအရာက ချန်လွေ့၏ ယခင်ဘဝမှ တစ်ယောက်တည်း ကစားရပြီး တာဝန်ရွေးချယ်၍ရသော စွန့်စားခန်းဂိမ်းနှင့် အတူတူပင် ဖြစ်သည်။ သို့သော် ရှေးအဖွဲ့အစည်း၏ မှော်စွမ်းအားကို အခြေခံထားသည့် မှော်ဂိမ်းက ထိုမျှလောက် မရိုးရှင်းပေ။
ဂိမ်းကို အလွယ်၊ သာမန် နှင့် အခက် ဟူ၍ ခက်ခဲမှု အဆင့်(၃)ဆင့် ပိုင်းခြားထားသည်။ အလွယ်အဆင့်က စိတ်ဝိညာဉ်စွမ်းအား အနည်းငယ်သာ လိုအပ်သည်။ ခက်ခဲမှု မြင့်မားလေလေ၊ ဂိမ်းထဲသို့ ဝင်ရောက်ရန် စိတ်ဝိညာဉ် စွမ်းအား သုံးရလေလေ ဖြစ်ပြီး သရုပ်သကန်ဖန်တီးမှုအဆင့် ပိုမြင့်မားလေလေ ဖြစ်သည်။ ထိုသရုပ်သကန်ဖန်တီးမှု အဆင့်က နာကျင်မှုနှင့် အသွင်အပြင်များ မဟုတ်ဘဲ တကယ့် တိုက်ပွဲ ဖြစ်၏။ ခက်ခဲမှုအဆင့်ထဲမှ ဇာတ်ကောင်များက အခြေခံအားဖြင့် ကစားသူများ၏ ကိုပိုင်စွမ်းအားနှင့် အတူတူသာဖြစ်ပြီး အဆင့်မြှင့်ရန် ခက်ခဲပေသည်။ သို့ရာတွင် ဂီမ်းထဲ၌ ရရှိခဲ့သော အတွေ့အကြုံများနှင့် တိုက်ခိုက်ရေးစွမ်းရည်များက ဦးနှောက်အလယ်၌ တိုက်ရိုက် ပြန်တန်စေကာ စစ်မှန်သော စိတ်ဝိညာဉ်အမှတ်အသားတစ်ခု ဖြစ်စေနိုင်သည်။ တစ်နည်းပြောရလျှင် ထိုအရာက ဖျော်ဖြေရေး တစ်ခုသာမက တကယ့် တိုက်ခိုက်ရေး လေ့ကျင့်မှုတစ်ခုလည်း ဖြစ်ပေသည်။
မှင်စာများကဲ့သို့ တိုက်ခိုက်ရေးမဟုတ်သော မျိုးနွယ်များနှင့် တိုက်ခိုက်ရေး အားနည်းသော မျိုးနွယ်များလည်း ခက်ခဲမှုအဆင့်ကို ဝင်ရောက်နိုင်ကြသည်။ သူတို့က ဂိမ်းထဲမှ တိုက်ခိုက်ရေးရုပ်သေးကို မောင်းနှင်ရန်အတွက်သာ သင်ယူပြီး စာမေးပွဲအဆင့်ကို အောင်မြင်ရန်သာ လိုအပ်သည်။ သူတို့က ဒေသခံ ယန္တရား အစည်းအရုံးမှ ဂိမ်းခေါင်းစွပ် အဆင့်မြင့်ဗားရှင်းများကို ရရှိနိုင်ပြီး အခက်အဆင့် ဂိမ်းများ၌ အင်အားကြီး တိုက်ခိုက်ရေးရုပ်သေးကို မောင်းနှင်ရန်အတွက် အထူးတာဝန်ကို ယူ၍ရနိုင်ပေသည်။
ထို့အပြင် ဂိမ်းထဲ၌ တစ်ဆင့်ချင်း ရှာဖွေရမည့် လျို့ဝှက်ဆန်းကြယ်မှုများလည်း မရေမတွက်နိုင်အောင် ရှိနေသည်။
“အနှိုင်းမဲ့စစ်သည်တော်”ကို ထုတ်လုပ်လိုက်သည်နှင့် ချက်ချင်းပင် နတ်ဆိုးဘုံ၌ ဖော်ပြ၍မရနိုင်အောင် အုတ်အော်သောင်းတင်း ဖြစ်သွားကြ၏။
ဂိမ်းခေါင်းစွပ်များ အရောင်းမြင့်လာသည့်အပြင် မှော်ရုပ်မြင်သံကြား အရောင်းကလည်း သမိုင်းတလျှောက် အမြင့်ဆုံး ရောက်ရှိသွားခဲ့သည်။ ဂိမ်းခေါင်းစွပ်နှင့် မှော်ရုပ်မြင်သံကြားတို့၏ ချိတ်ဆက်မှုက အတော်လေး ပြီးပြည့်စုံလှသည်။ ခေါင်းစွပ်ဖြင့် ဝင်လိုက်သောမြင်ကွင်းက လုံးဝ ဖန်တီးထားသော မှော်ပုံရိပ်ယောင်တစ်ခု ဖြစ်သည်။ ခေါင်းစွပ်ကို မဝတ်ထားဘဲ ရုပ်မြင်သံကြား ကြည့်သကဲ့သို့ပင် ဇာတ်ကောင်များ ကစားသော ဂိမ်းများကိုလည်း ခံစားနိုင်၏။
ဂိမ်းက တင်းကြပ်သော အချိန်အကန့်အသတ်တစ်ခု ရှိပြီး ပြင်းအားကို စိတ်ဝိညာဉ်စွမ်းအားဖြင့် ချိတ်ဆက်ထားသည့်အတွက် သာမန်လူများအတွက် နေ့စဉ်ဂိမ်းကစားချိန်က ပုံမှန်အားဖြင့် ၂နာရီမှ ၄နာရီအထိ ဖြစ်ပြီး လေ့ကျင့်ရန်နှင့် ဖျော်ဖြေမှု ရရှိရန်အတွက် ပိုမိုသင့်တော်သော အချိန်တစ်ခု ဖြစ်ပေသည်။ သို့မဟုတ်ပါက အားလုံးက တစ်နေ့လုံး ဂိမ်းထဲတွင်သာ အာရုံစိုက်နေကြပြီး မည်သည်ကိုမှ လုပ်နိုင်တော့မည် မဟုတ်ပေ။
ယခုရက်ပိုင်းအတွင်း လမ်းမနှင့် လမ်းကြားများမှ စကားဝိုင်း ၅၀% ခန့်က မှော်ဂိမ်းအကြောင်းများ ဆွေးနွေးနေကြခြင်း ဖြစ်သည်။
“အနှိုင်းမဲ့စစ်သည်တော်”က အမှန်တကယ်၌ အသူရာချောက်နက် တိုက်ပွဲနှင့် စုစည်းရုပ်သေးတို့၏ ဒြပ်စင်နှစ်ခုကို ပေါင်းစည်းထားခြင်း ဖြစ်၏။ “အသူရာ ချောက်နက်”က ထိုလောကကြီးမှ အခက်ခဲဆုံး ဂိမ်များထဲမှ တစ်ခု ဖြစ်သည်။ ပြဿနာအချို့ကို ရှောင်ရှားနိုင်ရန်အတွက် မကောင်းဆိုးဝါးပုံစံများနှင့် ပတ်သက်၍ အပြောင်းအလဲအချို့ ပြုလုပ်ခဲ့သည်။ “အသူရာချောက်နက်မြေပုံ”ကို ထုတ်လွှင့်ရန် ဆုံးဖြတ်လိုက်သောအခါ၌ ချန်လွေ့က ရုတ်တရက် ထူးဆန်းသော ခံစားချက်တစ်ခု ရရှိခဲ့သည်။ ဒါက ဂိမ်းသက်သက်ပဲ မဟုတ်လောက်ဘူး။
“ရုပ်သေးမောင်းနှင်သူ”အတွက် အထူးတာဝန်မှာ စုစည်းရုပ်သေးအတွက် မောင်းနှင်သူများကို လေ့ကျင့်ပေးရန် ဖြစ်သည်။ ဂိမ်းခေါင်းစွပ်၏ အဆင့်မြင့် ဗားရှင်းကို ရရှိထားသူတိုင်းကို မှတ်တမ်းတင်ထားပြီး အကောင်းဆုံး ပါရမီ ရှိသူများကို ရွေးချယ်ရန်အတွက် ရံဖန်ရံခါ စစ်ဆေးပေမည်။ အယုံကြည်ရဆုံး ပါရမီရှင်တို့က ဧကရီအရှင်မ လက်အောက်ရှိ အင်ပါယာ၏ လျို့ဝှက်စစ်တပ်ကို ဝင်ရောက်နိုင်ပေလိမ့်မည်။ ထိုလျို့ဝှက်စစ်တပ်က ကြယ်မြို့တော်၏ လျို့ဝှက် စစ်အင်အားတစ်ခုလညး ဖြစ်ပေ၏။
ယခုတစ်ခေါက်တွင် ချန်လွေ့က အဲလစ် စမ်းသပ်ခဲ့သော စီးပွားရေးဂိမ်းကို မထုတ်လွှင့်ခဲ့ပေ။ “အနှိုင်းမဲ့စစ်သည်တော်”အပေါ် သက်ရောက်မှု ရှိနိုင်ကြောင်းနှင့် ကစားသူ မရှိမည်ကို စိုးရိမ်သည့်အတွက်ကြောင့် မဟုတ်ဘဲ ပို၍ဝေးဝေး စဉ်းစားထားသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။
ရှေ့မှလမ်းက အတော်လေး ရှည်လျားလှပေသည်။ “အနှိုင်းမဲ့ စစ်သည်တော်”က လက်ရှိတွင် “တစ်ယောက်တည်း ကစားရသောဂိမ်း”သာ ဖြစ်နေသေးသော်လည်း လောကကူးပြောင်းလာသူက ညွှန်ကြားသည့် ခမ်းနားလှသော ဂြိုဟ်သားဂိမ်း ခော-တ်ကာလ စတင်ခဲ့ပြီ ဖြစ်သည်။