← Chapters

သံတမန်ရေးရာတာဝန်

Vol. 48 Ch. 774

သံတမန်ရေးရာတာဝန်

Vol. 48 Ch. 774

မှော်ဂိမ်း “အနှိုင်းမဲ့စစ်သည်တော်”ကို ထုတ်လုပ်ပြီးနောက် ဂိမ်းရောဂါက ကြယ်ကြွေတမန်အင်ပါယာမှ နတ်ဆိုးဘုံတလျှောက် အလျင်အမြန် ပျံ့နှံ့ သွားတော့သည်။

ဖျော်ဖြေရေးအရ ပြောရလျှင် ထိုအရာက အသစ်အဆန်း ပုံစံငယ်တစ်ခု ဖြစ်သည်။ တိုက်ခိုက်ရေး၊ စွန့်စားခန်းနှင့် စိတ်လှုပ်ရှားမှုတို့က အမြဲပင် နတ်ဆိုးများ၏ အဓိကစကားလုံးများ ဖြစ်ခဲ့ကြသည်။ ယနေ့အချိန်တွင် အားအနည်းဆုံးသော မှင်စာများသည်ပင် ပရိသတ်အစား ဇာတ်လိုက်များ ဖြစ်လာနိုင်ပြီး တိုက်ပွဲများနှင့် စွန့်စားခန်းများကိုပင် ကြုံတွေ့ခံစားနိုင်ပြီ ဖြစ်သည်။ ထိုကဲ့သို့ စိတ်လှုပ်ရှားမှုနှင့် ပါဝင်မှု ခံစားချက်ကို ယခင်က မည်သည့် အေးအေးဆေးဆေး လှုပ်ရှားမှုများဖြင့် အစားမထိုးနိုင်တော့ပေ။

တိုက်ခိုက်ရေးနှင့် စွန့်စားခန်း အတွေ့အကြုံ ကြွယ်ဝသူများအတွက် ထိုကဲ့သို့ ဂိမ်းမျိုးက ထူးခြားကောင်းမွန်သော လေ့ကျင့်ရေး နည်းလမ်းတစ်ခု ဖြစ်၏။ ဂိမ်း‌ကြောင့် စိတ်ဝိညာဉ်စွမ်းအား ကုန်ခမ်းသည့်အပြင် “ပုံရိပ်ယောင်”ထဲမှ တိုက်ခိုက်ရေးအတွေ့အကြုံများကို စစ်မှန်သော လေ့ကျင့်မှုများဖြင့် ပေါင်းစပ်နိုင်ပြီး စွမ်းအားတိုးတက်မှုနှုန်းကို အရှိန်မြှင့်ပေးနိုင်လေသည်။

ဂိမ်းထဲမှ စွဲမက်ဖွယ်ရာ အကောင်းဆုံးမှာ ကိုယ့် အကန့်အသတ်ထက် ကျော်လွန်သော အလွန်အမင်း ခက်ခဲသည့် ရန်သူများကို စိန်ခေါ်နိုင်ခြင်းပင်။ အပြင်လောက၌ ပိုမြင့်သောအဆင့်နှင့် တိုက်ခိုက်ပါက သေချာပေါက် သေရမည် ဖြစ်သော်လည်း ဂိမ်းထဲ၌ အမှန်တကယ် သေဆုံးမည် မဟုတ်ပေ။ ထိုအရာက သူတို့ကို အလွန်အမင်း အဖိုးတန်သော တိုက်ခို်က်ရေး အတွေ့အကြုံများကို ရရှိစေပြီး တစ်ဆို့မှုများကို ချိုးဖောက်ရန် ဖြစ်နိုင်ချေကို ကြီးကြီးမားမား တိုးမြှင့်ပေးနိုင်သည်။

အခက်အဆင့်ဂိမ်းမှ သေဆုံးခြင်းပုံစံက နေရာတွင် အဆုံးမရှိ ပြန်ရှင်လာခြင်း မဟုတ်ပေ။ ယုတ္တိရှိသော နာကျင်မှုအပြင် သေဆုံးပြီး ၂ရက်ကြာပြီးမှ မြို့လယ်ခေါင်၌ ပြန်ရှင်လာနိုင်ပြီး ပြန်ရှင်လာပြီးတော့ အားနည်းသော အချိန်အတိုင်းအတာတစ်ခု ရှိနေမည်ဖြစ်သည်။ ထိုသူက မြို့ထဲမှ ဝယ်ယူထားသော ဆေးရည်ကို အသုံးပြုကာ ထိုအားနည်းသော အခြေအနေကို တိုတောင်းအောင် ပြုလုပ်ရပေသည်။ ၂ရက် ကြားခံအချိန်က အဆက်မပြတ် သေဆုံးသော ဗျူဟာကို ရှောင်တိမ်းနိုင်စေ၏။ ထို့အပြင် အမှန်တကယ် နားလည် သဘောပေါက်မှု ရရှိခဲ့သော လေ့ကျင့်သူများက ထိုကြားခံအချိန်ကို အသုံးချပြီး နောက်ထပ် စိန်ခေါ်မှုအတွက် လေ့ကျင့်နိုင်ပေသည်....

ထိုအရာများက မှော်ဂိမ်းများ ရေပန်းစားလာခြင်း၏ အဓိက အကြောင်းရင်း နှစ်ရပ်သာ ဖြစ်သော်လည်း ၎င်းတို့က သံသယများနှင့် ဝေဖန်မှုများကို ဖယ်ရှားရန် လုံလောက်ပေသည်။

မှော်ရုပ်မြင်သံကြား အချက်ပြက အင်ပါယာ သုံးခုကို လွှမ်းမိုးသွားသည့် အတွက် အရိပ်နက်အင်ပါယာနှင့် သွေးရောင်အင်ပါယာမှ လူများက ရုပ်မြင်သံကြား အစီအစဉ်၌ အပြင်းအထန် ကြော်ငြာနေသော ပစ္စည်းအသစ်များကို ဝယ်လိုစိတ်နှင့် သိချင်နေစိတ်များ အပြည့်ဖြစ်နေခဲ့သည်။ အကြောင်းမှာ တိုက်ပွဲဘောလုံး၊ သတင်းစာ၊ ရုပ်မြင်သံကြား၊ ရနံ့မွှေးပြောင်းဆန် သေရည် ကဲ့သို့သော ကြယ်ကြွေတမန် အင်ပါယာက ယခင်၂နှစ်အတွင်း ထုတ်လုပ်ခဲ့သော ပစ္စည်းအသစ်များက နတ်ဆိုဘုံ၌ ခြွင်းချက်မရှိ နာမည်ကျော်သွားခဲ့၍ပင်။ ထို့အပြင် သွေးရောင်အင်ပါယာနှင့် အရိပ်နက်အင်ပါယာတို့၏ မြို့ပြ အသွင်ပြောင်းမှူကလည်း ကြယ်ကြွေတမန်အင်ပါယာ၏ နည်းပညာ အထောက်အပံ့နှင့်အတူ ပထမအဆင့် ပြိးမြောက်သွားခဲ့သည်။ အလိုအလျောက် ရေဒြပ်စင်စနစ်ကပင် အိမ်ထောင်စု ထောင်နှင့်ချီသို့ ရောက်ရှိသွားပြီး နတ်ဆိုးအားလုံးကို အကျိုးရှိစေခဲ့၏။

အင်ပါယာသုံးခု၏ ငြိမ်းချမ်းရေး စကားဝိုင်းမှ သတ်မှတ်ချက်များအရ ကြယ်ကြွေတမန်အင်ပါယာမှ ထွက်ပေါ်လာမည့် “နည်းပညာအသစ်”များကို အခြားအင်ပါယာနှစ်ခုနှင့် အခမဲ့ ဝေမျှရမည် ဖြစ်သည်။ ထို့ကြောင့် ကြယ်ကြွေတမန် အင်ပါယာက အင်ပါယာနှစ်ခုအား ဂိမ်းကို ထောက်ပံ့ပေးသော “မှော်ရုပ်မြင်သံကြား အချက်ပြ မျှော်စင်များ” နှင့် “မှော်ဂိမ်းခေါင်းစွပ်” နည်းပညာ နှစ်ခုကို မျှဝေပေးခဲ့သည်။

သို့ရာတွင် ဝမ်းနည်းစရာက နည်းပညာ အသစ်နှစ်ခုကို သေသေချာချာ လေ့လာပြီးနောက်တွင် အင်ပါယာနှစ်ခုမှ အဂ္ဂိရတ်ပညာရှင်များထံမှ အတုခိုး၍ မရကြောင်း စိတ်ပျက်စရာ သုံးသပ်ချက်တစ်ခု ရရှိလာခဲ့ခြင်းပင်။

မှော်ရုပ်မြင်သံကြား အချက်ပြမျှော်စင်၏ အဓိကအပုိင်းက အချက်ပြ လက်ခံပစ္စည်း ဖြစ်သည်။ ၎င်းကို ထုတ်လုပ်သော လုပ်ငန်းစဉ်က အလွန်အမင်း အနုစိတ်ပြီး ခက်ခဲလှဿည်။ အဆင့်သင့်ရှိသော ဒီဇိုင်းပံုများဖြင့် အချိန်တိုအတွင်း မထုတ်လုပ်နိုင်ပေ။

ဂိမ်းခေါင်းစွပ် တည်ဆောက်ပုံက အတော်လေး ရိုးရှင်းပြီး ခက်ခဲမှုက အမြုတေ သလင်းကျောက်၌ ဖြစ်သည်။ ထိုကဲ့သို့ စွမ်းအား ပြင်းအားက သာမန် သလင်းကျောက်ဖြူနှင့် ဘာမှမခြားနားပေ။ သို့သော်လည်း သိပ်သည်းဆနှင့် သန့်စင်မှုတို့က အ‌တော်လေး မယုံနိုင်စရာကောင်းပြီး စျေးအကြီးဆုံး ရွှေသလင်းကျောက်နှင့်ပင် ဆင်တူသည်။ သူတို့က အမှန်တကယ် ရွှေသလင်းကျောက်များကို အသုံးပြုမည်ဆိုလျှင် ကုန်ကျစရိတ်က မိုးထိုးသွားပေလိမ့်မည်။ ကြယ်ကြွေတမန်အင်ပါယာမှကဲ့သို့ အရပ်သား သုံးနိုင်သော စျေးမျိုး ရရှိရန် မဖြစ်နိုင်ပေ။

ထိုသုံးသပ်ချက်က အင်ပါယာနှစ်ခု၏ အကြီးတန်း လူကြီးပိုင်းများကို ဒေါသထွက်သွားစေခဲ့သည်။ ယနေ့တွင် မှော်ဂိမ်းများက ထူးခြားဆန်းပြားလျက် နာမည်ကျော်နေခဲ့သည်။ ထိုကဲ့သို့ ရေပန်းစားမှုအတွင်း အင်ပါယာ၏ မှော်ဂိမ်းက မှော်ရုပ်မြင်သံကြား အချက်ပြမျှော်စင်များကို မထုတ်လုပ်နိုင်လျှင် ထိုအရာက အင်ပါယာ၏ မပြည့်ဝမှုကို ဖော်ပြရုံသာမက နောက်ဆက်တွဲ အပျက်သဘော ဆောင်သည့် အကျိုးဆက်များ ဖြစ်လာနိုင်၏။

ထိုရလာဒ်ကို ချန်လွေ့ မျှော်လင့်ထားပြီးသား ဖြစ်သည်။ မှော်ရုပ်မြင်သံကြား အချက်ပြလက်ခံပစ္စည်းက ရှေးအဂ္ဂိရတ်အဖွဲ့အစည်း၏ နည်းပညာကို အသုံးပြုထားပြီး ထုတ်လုပ်သူများက ရှေးအဂ္ဂိရတ် အဖွဲ့အစည်း၌ အင်အားအကြီးဆုံး လက်မှုပညာရှင်များ ဖြစ်ကြသော မှင်စာဆိုး အစေခံများ ဖြစ်ကြသည်။ ဝန်ထမ်းဖြစ်စေ၊ နည်းပညာ၌ဖြစ်စေ နတ်ဆိုးဘုံရှိ အဆင့်အားလုံးကို သာလွန်နိုင်သည်။ ထို့ပြင် လက်ခံပစ္စည်း၏ အစစ်အမှန် အမြုတေက စူပါစနစ်က ထုတ်လုပ်သော ကိုးကွယ်သူခြေထောက် ဖြစ်၏။

မှော်ခေါင်းစွပ်၏ အမြုတေက တိုင်းပြည်အဆင့် ပုံရိပ်ယောင်စွမ်းအား အငွေ့အသက် ပါရှိသော ဆန်းကြယ်သလင်းကျောက်တစ်ခု ဖြစ်သည်။ ဆန်းကြယ် သလင်းကျောက်များက အမှန်တကယ်၌ စျေးအပေါဆုံးသော သလင်းကျောက်ဖြူများ ဖြစ်ကြသည်။ စူပါစနစ်၏ အမြင့်ဆုံးအဆင့် သန့်စင်ခြင်း ပြီးနောက်တွင် သိပ်သည်းမှုနှင့် သန့်စင်မှုတို့က ရွှေသလင်းကျောက်များထက်ပင် သာလွန်သွားခဲ့သည်။ သို့သော်လည်း စွမ်းအင်စုစည်းမှုက သိပ်မများလှပေ။ ထို့ကြောင့် အသင့်တော်ဆုံး တိုင်းပြည်အဆင့် ပုံရိပ်ယောင်စွမ်းအား လက်ခံပစ္စည်း ဖြစ်လာခဲ့လေသည်။

ထိုကဲ့သို့ သလင်းကျောက်မျိုးက နည်းပညာ “အသစ်”မဟုတ်ပေ။ အကြောင်းမှာ ထိုစဉ်က တိုက်ပွဲဘောလုံး၌လည်း ဆင်တူသော သန့်စင်ခြင်း နည်းပညာတစ်ခု ပါဝင်ခဲ့သည်။ ထို့ကြောင့် အင်ပါယာနှစ်ခုက မည်သည်ကိုမှ မလုပ်နိုင်ခဲ့ပေ။ ထိုအချိန်တွင် ကြယ်ကြွေတမန်အင်ပါယာက မှော်ရုပ်မြင်သံကြား အချက်ပြ လက်ခံပစ္စည်းနှင့် မှော်ခေါင်းစွပ်၏ ဆန်းကြယ်သလင်းကျောက် တစ်သုတ်ကို စျေးအနိမ့်ဆုံးထားကာ အင်ပါယာနှစ်ခုထံသို့ ငြိမ်းချမ်းမှုနှင့် အချင်းချင်း အကူအညီပေးရန် ခေါင်းစဉ်တပ်ကာ ရက်ရက်ရောရော ရောင်းချခဲ့သည်။ သူတို့က ရုပ်မြင်သံကြား အချက်ပြမျှော်စင်များ ဆောက်လုပ်ရေးအတွက် အကူအညီပေးရန်လည်း ပညာရှင်များကို စေလွှတ်ခဲ့သည်။

ထိုအရာက နည်းပညာ ကျူးကျော်ခြင်းဖြစ်ပြီး ပြင်ပကို မှီခိုလွန်းကာ အင်ပါယာကို တစ်ဆင့်ချင်း နိမ့်ကျစေနိုင်ကြောင်း လူအချို့က ထောက်ပြကြသော်လည်း လက်ရှိ၌ ၎င်းကသာ အမှန်တကယ်ပင် အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်၏။ အကြောင်းမှာ အင်ပါယာနှစ်ခုမှလူများက မှော်ဂိမ်းကို အဦးဆုံး တွေ့ကြုံခံစားရရန်အတွက် ကြယ်ကြွေတမန် အင်ပါယာသို့ “နေထိုင်သူ”များအဖြစ် ဝင်ရောက်လာနေကြခြင်းကြောင့် ဖြစ်ပေသည်။ ထိုအတိုင်းသာ ဆက်သွားမည်ဆိုလျှင် သူတို့၏ ဖွံ့ဖြိုးမှုတို့နှင့် စီးပွားရေးက အတော်လေး ထိခိုက်နစ်နာသွားပေမည်။

အမှန်တကယ်၌ မှော်ခေါင်းစွပ်ထဲရှိ ဆန်းကြယ်သလင်းကျောက်များက တိုင်းပြည်ပုံရိပ်ယောင်စွမ်းအားကို သိုလှောင်ထားရုံသာမက ဂိမ်း၏ “အဆင့်မြင့် ဗားရှင်း”က အရေးပါဆုံးသော လုပ်ဆောင်ချက်အချို့ ပါဝင်လာပေမည်။ အင်ပါယာ နှစ်ခုက ပိုက်ဆံ မသုံးချင်လျင်ပင် ချန်လွေ့က အလကား ပေးပစ်မည် ဖြစ်သည်။

မှော်ဂိမ်းက ယူဆောင်လာပေးသော ယုံကြည်မှုစွမ်းအားက ချန်လွေ့ မျှော်မှန်းထားသည်ထက်ပင် ကျော်လွန်နေခဲ့သည်။ လက်ရှိ ဂိမ်း၏ လွှမ်းမိုးမှုက ကြယ်ကြွေတမန်အင်ပါယာ၏ အစိတ်အပိုင်းငယ်လေး တစ်ခုသာ ဖြစ်သည်။ သို့သော်လည်း ထိုအရာက သူ့ကို နေ့စဉ် ယုံကြည်မှုသလင်းကျောက် သောင်းနှင့်ချီ ရစေနိုင်ငသည်။ ထို့ပြင် မယုံနိုင်စရာ အမြန်နှုန်းဖြင့်လည်း တဖြည်းဖြည်း တိုးလာနေဆဲ ဖြစ်သည်။ အကယ်၍ သူက နတ်ဆိုးဘုံတစ်ခုလုံးကို လွှမ်းမိုးနိုင်သော အလွန်ကြီးမားသည့် ကွန်ရက်တစ်ခုကို အမှန်တကယ် တည်ဆောက်နိုင်မည်ဆိုပါက....

ရုတ်တရက် ချန်လွေ့က လူသားလောကအကြောင်း တွေးလိုက်မိသည်။ ယုံကြည်မှုကို ခိုးယူတဲ့ ကောင်းကင်တမန်(၃)ပါးပဲဖြစ်ဖြစ်၊ ယုံကြည်မှုကို အဓမ္မ လုယူတဲ့ မရဏနက်နောက်လိုက်ပဲဖြစ်ဖြစ်၊ ငါရဲ့ အခုလက်ရှိ ယုံကြည်မှု စုဆောင်းတဲ့ နည်းလမ်းနဲ့ယှဉ်ရင် လုံးဝ အားနည်းတယ်။ တခြားဖက်ကနေ ကြည့်ရင်တော့ ငါက “နတ်ဘုရားဖြစ်လာမယ့်”လမ်းကြောင်းပေါ်ကို ရောက်နေပြီ။

“ဟေ့ ကောင်လေး။ နေ့ဖက်ကြီး အိပ်မက်မက်မနေနဲ့။ မင်းအလှည့်ပဲ။” လေးလံသော သတ္တုကဲ့သို့ အသံတစ်သံ ထွက်လာပြီး ချန်လွေ့၏ အတွေးများကို နှောင့်ယှက်လိုက်၏။

“ကျုပ်လား။” ချန်လွေ့က အခန်းထဲမှ မောက်မာသော ဝတုတ်ကို ကြည့်ပြီး အံ့အားသင့်စွာဖြင့် ကိုယ့်ကိုယ်ကိုယ် လက်ညှိုးထိုးပြလိုက်သည်။

ဝတုတ်အရှေ့တွင် အနက်ရောင်မြူများ ဝိုင်းရံနေသော လူပုံရိပ် တစ်ခု ရှိနေသည်။ ထိုသူ၏ မျက်နှာအမူအရာက အနည်းငယ် ဝေဝါးနေ၏။ မျက်လုံးများက အနီရင့်ရောင် တောက်နေပြီး ပုခုံးနှင့် တံတောင်ဆစ်များ၌ ဓားသွားကဲ့သို့ ထက်မြက်သော အရိုး ဆူးချွန်များ ရှိနေသည်။

လူသားပုံရိပ်က ထူးဆန်းသော အပြုံးတစ်ခု ပြသလိုက်ပြီး လက်ထဲမှ ဖဲချပ်ကို မြှောက်လိုက်သည်။ “အင်း။ ကံဆိုးချင်တော့ နောက်ဆုံးပွဲမှာ ကျုပ် ရှုံးသွားတယ်။ အခု ခင်ဗျား အလှည့်ပဲ။”

ထိုအခန်းက အပိုနေရာလွတ်တစ်ခုဖြစ်ပြီး အပြင်ဘက် ပတ်ဝန်းကျင်က အမှန်တကယ်၌ လှုပ်ရှားနေသည်။ ထိုအရာက ရထားလုံး တစ်ခုပင်။

လှည်းတွင် ကြယ်ကြွေတမန်အင်ပါယာ၏ နိုင်ငံတော်အလံဖြစ်သော သွေးနီမီးတောက် အလံ ရှိနေသည်။ ၎င်းကို မြင်းတပ်သားများက အလံများ ကိုင်ပြီး ရှေ့မှနောက်မှ လိုက်လာကြသည်။ ရထားလုံးက သွေးရောင်အင်ပါယာ၏ သံလက်သီးနယ်မြေကို ဖြတ်ကျော်သွားခဲ့ပြီး အက်စီဒေါမြို့ကို ကျော်ဖြတ်ကာ မြို့တော်ရှိရာ အနောက်ဘက်သို့ တည့်တည့် သွားနေခဲ့သည်။

၎င်းက သွေးရောင်အင်ပါယာထံ ကြယ်ကြွေတမန်အင်ပါယာ စေလွှတ်လိုက်သည့် သံတမန်အဖွဲ့ ဖြစ်ပေသည်။ ခေါင်းဆောင်က ကြယ်ကြွေတမန် အင်ပါယာမှ ရှီရာ၏ ခင်ပွန်းလောင်း “အက်ဂ်ယော” ဖြစ်၏။

ရိုင်ဇန်၏ ခန္ဓာကိုယ်ပေါ်ရှိ အလင်းအမှောင်ကျိန်စာက မြင့်မားသော စွမ်းအား ချုပ်တည်းမှုရှိသော အလင်းဒြပ်စင်စွမ်းအားသာမက အမှောင်ဒြပ်စင်ကို တိုက်စားနိုင်သော အမှောင်ဒြပ်စင်စွမ်းအားလည်း ပါရှိနေသည့်အတွက် အတော်လေး အခက်တွေ့ရပေသည်။ အမှောင်ဒြပ်စင်စွမ်းအားက အလင်းဒြပ်စင် ထက်ပင်ပို၍ အင်အားကြီးနေသည်။ ထိုအရာက မီးဖိုနက်၌ ရိုင်ဇန် လေ့ကျင့်နေစဉ် တဲရစ်၏ လျို့ဝှက်ကြံစည်ထားခဲ့သော ရလာဒ်တစ်ခု ဖြစ်လေသည်။ အဆောင်ပစ္စည်း ၇မျိုးထဲမှ တစ်မျိုးဖြစ်သော သွေးရောင်လက်စွပ်ကို အမှီပြုပြီး အားကောင်းသော စိတ်စွမ်းအားဖြင့် တစ်ဆို့မှုကို ချိုးဖျက်ပြီး တိုင်းပြည်အဆင့်ကို တစ်ခါတည်း ရောက်သွားနိုင်ခဲ့သော်လည်း ထိုကျိန်စာစွမ်းအားက သူ၏ ခန္ဓာကိုယ်နှင့် လောက်ကောင်ကဲ့သို့ပင် တွပ်ကပ်နေသေးသည်။ သူက ၎င်းကို မဖယ်ရှားနိုင်ခဲ့ပေ။

ယခုတစ်ခေါက်တွင် ချန်လွေ့က ကတိပေးထားသည်ကို ဖြည့်ဆည်းရန် အတွက် သွေးရောင်အင်ပါယာသို့ လော့ဒ်ရိုင်ဇန်၏ လျို့ဝှက်ကျိန်စာကို ကုသပေးရန် ရည်ရွယ်ချက်ရှိရှိ သွားခဲ့သည်။

ရိုင်ဇန်အပေါ်မှ အလင်းအမှောင်ကျိန်စာက အမှန်တကယ် သန်းခေါင်နေ တိုက်ထားခြင်း ဖြစ်သော်လည်း အမှောင်ဒြပ်စင်စွမ်းအားက အမှောင်ဒြပ်စင်ဘုရင် ဟီဂယ်၏ စွမ်းအားအ‌ပေါ်၌ အခြေခံထားသည်။ ဟီဂယ်တွင် အသန့်စင်ဆုံး အမှောင်ဒြပ်စင်စွမ်းအား ရှိသည့်အတွက် [ အမှောင်ကျွမ်းကျင်မှု ] ရှိသော ရိုင်ဇန်သည်ကို ၎င်းကို မခုခံနိုင်ခဲ့ပေ။

သူလုပ်ခဲ့သည်ကို ကိုယ်ပိုင် ပယ်ဖျက်သည်က ပိုကောင်းပေသည်။ ယခုတစ်ခေါက် ချန်လွေ့ အမှောင်ဒြပ်စင်ဘုရင်ကို သွေးရောင်အင်ပါယာသို့ ခေါ်လာခဲ့သည်။ သိဒ္ဓိနဂါးကို ရှင်းပစ်ကာ ဇစ်မြစ်အပိုင်းအစကို ရရှိပြီးနောက် ဟီဂယ်က သူ့အတွက် တစ်ခုခု လုပ်ပေးရန် ကတိပေးခဲ့ပြီး ယခုတွင် သူ၏ ကတိကို ဖြည့်ဆည်းပေးတော့မည် ဖြစ်သည်။

ချန်လွေ့က ထိုရထားလုံးအား ကတ်သရင်း၏ နေရာလွတ်ပစ္စည်းကို အတုခိုးပြီး ပြုလုပ်ခဲ့သည်။ “ရွှေ့ပြောင်း၍ရသောပစ္စည်းပစ္စယ”တစ်ခုအတွက် နေရာလွတ်က အတော်လေး ကျယ်ဝန်းလှသော်လည်း ပြောရုံမျှသာဖြစ်သည်။ ဟီဂယ်ဘေးမှ ဝတုတ်က “မူလအသွင်”၌ ပေါ်လာခဲ့လျှင် နေရာလွတ် တစ်ခုလုံး ပေါက်ကွဲထွက်သွားပေမည်။ ဝတုတ်က ပင်လယ်သေမှ ရေဘဝဲဘုရင် ရက်ပီပစ် ကလွဲလျှင် မည်သူ ဖြစ်နိုင်ဦးမည်နည်း။

ချန်လွေ့နှင့် ယောက္ခ နဂါးဧကရာဇ် အက်ဂ်လက်စ်တို့က ပင်လယ်သေရှိ အမုန်းတရားနယ်မြေသို့ သွားရောက်ပြီး သိဒ္ဓိနဂါး ရိုဒရီဂူးဇ်ကို သတ်ပြီးနောက် ချန်လွေ့က ရေဘဝဲဘုရင်၏ ဝိညာဉ်သလင်းကျောက် စက်လုံးကို နေရာလွတ် အဆောင်ပစ္စည်း ကျက်သရေမျှော်စင်မှ ရရှိခဲ့ပြီး ရက်ပီပစ်ထံ ပြန်ပေးခဲ့သည်။ သလင်းကျောက်စက်လုံး မရှိပါက အစေခံစာချုပ်ကို ပယ်ဖျက် နိုင်သည့်တိုင် ရေဘဝဲဘုရင်၏ ဝိညာဉ်က မပြီးပြည့်စုံ ဖြစ်နေပြီး စွမ်းအားကလည်း တစ်ဘဝလုံး ရပ်တန့်နေလိမ့်မည် ဖြစ်ပေသည်။

အက်ဂ်လက်စ်က ရေဘဝဲဘုရင်ကြီးကို အင်အားကြီးသော အဟန့်အတား တစ်ခု ဖြစ်စေခဲ့သည်။ ထိုအခြေအနေအောက်တွင် ချန်လွေ့က ရေဘဝဲဘုရင်ထံ မည်သည့်သတ်မှတ်ချက်မျှမပါဘဲ ဝိညာဉ်သလင်းကျောက်စက်လုံးကို ပေးခဲ့သည့် အတွက်ကြောင့် သူက အတော်လေး ကျေးဇူးတင်နေခဲ့သည်။ ဝိညာဉ် သလင်းကျောက် စက်လုံးနှင့်အတူ ပြီးပြည့်စုံသော ဝိညာဉ်ကို ပြန်ရရှိပြီးနောက် ရေဘဝဲဘုရင်က ချက်ချင်းပင် ပင်လယ်သေမှ ထွက်သွားပြီး သဘောတူထားသည့် အတိုင်း အမှောင်လသို့ အမြန်သွားကာ ချန်လွေ့ကို ဆက်သွယ်ခဲ့သည်။

ချန်လွေ့က သွေးရောင်အင်ပါယာသို့ သွားတော့မည် ဖြစ်သည့်အတွက် လုပ်စရာမရှိသော ရေဘဝဲဘုရင်က သူနှင့်အတူ လိုက်သွားရန် ရွေးချယ်ခဲ့သည်။

ရေဘဝဲဘုရင်၏စွမ်းအားက SS+ ဖြစ်ပြီး တိုင်းပြည်အဆင့် ထိပ်သီးပိုင်း ဖြစ်သည်။ အကယ်၍ သူက မှော်ဆရာခံတပ် တိုက်ပွဲအတွင်း ကြယ်ကြွေတမန် အင်ပါယာသို့ အမြန်ရောက်လာခဲ့လျှင် အဆုံးသတ်က နောက်တစ်မျိုး ဖြစ်သွားပေလိမ့်မည်။

လမ်းခရီးက ရှည်လျားလှပြီး ရေဘဝဲဘုရင်ကို ယခင်က တွေ့ခဲ့ဖူးသော အမှောင်ဒြပ်စင်ဘုရင် ဟီဂယ်က မှော်ဖဲချပ်စကားနည်း “ကြမ္မာတိုက်ပွဲ”အကြောင်း မတော်တဆ ပြောလိုက်မိသည်။ ရေဘဝဲဘုရင်က ရုတ်တရက် စိတ်ဝင်စားသွားပြီး ကစားတတ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ အမုန်းတရားနယ်မြေမှ ထွက်သွားစဉ်က ဟီဂယ်သည် သေရွာပြန်ဘုရင် ဂလိုရီယိုစ်၏ မှော်ဖဲချပ်များကို ယူသွားခဲ့သည်။ ယခင်တစ်ခေါက်၌ သေရွာပြန်ဘုရင်ထံ ရှုံးနိမ့်သွားခဲ့ပြီးနောက် အမှောင်ဒြပ်စင်ဘုရင်က ကြိုးကြိုးစားစား လေ့ကျင့်ရန် ဆုံးဖြတ်ထားပုံရသည်။

သူတို့နှစ်ဦးက ကစားကြည့်ချင် နေကြသည့်အတွက် ကစားပွဲ စတင်တော့သည်။ နှစ်ဖက်လုံးက စိတ်အလှုပ်ရှားရဆုံးဖြစ်သော “မရဏကစားပွဲ” ကို ရွေးချယ်ခဲ့ကြသည်။ ရေဘဝဲဘုရင်က အမှန်တကယ်ပင် အရည်အချင်း တချို့ ရှိလေသည်။ သူက အမှန်တကယ်ပင် ဟီဂယ်ကို ယှဉ်နိုင်၏။ နှစ်ဖက်လုံးက တစ်ပွဲနိုင်ပြီး တစ်ပွဲ ရှုံးထားသည်။

ချန်လွေ့က ထိုကဲ့သို့ အဆင့်နိမ့် ဗျူဟာတိုက်ခိုက်မှုများကို ဒုက္ခခံပြီး မကြည့်နေခဲ့ပေ။ သူ ငေးငိုင်နေစဉ် ရေဘဝဲဘုရင်က သူ့ကို စိန်ခေါ်လိုက်၏။

“ဟုတ်တယ်။ မင်း...” ပြိုင်ဘက်ကို အနိုင်ရရှိပြီးတော့ စိတ်အားတက်ကြွမှု အပြည့်အဝ ဖြစ်နေသော ရေဘဝဲဘုရင်က ပြောလိုက်သည်။ “မင်းလည်း ဒါကို သိတယ်လို့ ဟီဂယ် ပြောတယ်။ လာ။ မင်းကို သင်ပေးမယ်။”

သင်ပေးမယ် ဟုတ်လား။ ချန်လွေ့က ထူးဆန်းသော အမူအရာတစ်ခု ပြသလိုက်သည်။ “သေချာရဲ့လား။”

ဝမ်းသာအားရ ဖြစ်နေသော ရေဘဝဲဘုရင်က အမှောင်ဒြပ်စင်ဘုရင်၏ မျက်လုံးထဲမှ ထူးဆန်းမှုကို သတိမထားမိခဲ့ပေ။ ဟီဂယ်က သူ့ကို နောက်ဆုံး ကစားပွဲ၌ တမင် အရှုံးပေးခဲ့ကြောင်းကိုလည်း မသိခဲ့။

ထို့ကြောင့် အနိုင်ကျင့်ခံရသော ဝမ်းနည်းဖွယ်ဖြစ်ရပ် စတင်တော့သည်။

All Chapters