← Chapters

ရိုင်ဇန်၏ တောင်းဆိုချက်

Vol. 48 Ch. 775

ရိုင်ဇန်၏ တောင်းဆိုချက်

Vol. 48 Ch. 775

“မဖြစ်နိုင်ဘူး။”

“ငါ မယုံဘူး။”

“နောက်တစ်ခေါက်....”

“မရဏကစားပွဲ”၌ အဆက်မပြတ် သွေးအလိမ်းလိမ်း ဖြစ်ပြီးနောက် လုံးဝ မယုံနိုင်သော ရေဘဝဲဘုရင်က ပြိုင်ပွဲပုံစံ နောက်တစ်ခုပြောင်းရန် ချန်လွေ့၏ အကြံပြုချက်ကို လုံးဝ ငြင်းဆန်နေခဲ့သည်။ အမှောင်ဒြပ်စင်ဘုရင်၏ ခပ်ညစ်ညစ် အကြည့်အောက်တွင် သူက ဆက်လက်ကစားရန် တွန့်ဆုတ်စွာဖြင့် ‌ရွေးချယ်ခဲ့သည်။ ထိုအရာက သေချာပေါက် အိပ်မက်ဆိုးတစ်ခု အစပင်။

အိပ်မက်ဆိုးက ခရီးပန်းတိုင် သွေးရောင်အင်ပါယာသို့ ရောက်သည်အထိ ဆက်ဖြစ်နေခဲ့သည်။ ရထားလုံးပေါ်၌ ဆင်းသောအခါ ရေဘဝဲဘုရင်၏ နွမ်းလျသော စိတ်အခြေအနေကို ကြည့်ခြင်းအားဖြင့် သူက မိတ်ဆွေစိတ်ဓာတ်ကို ရှေ့ထားပြီး ယှဉ်ပြိုင်မှုကို ဒုတိယထားကာ အနိုင်သုညရလာဒ်ကို ထိန်းသိမ်းထားကြောင်း သံသယဖြစ်စရာ မရှိပေ။ ပြောရမည်ဆိုလျှင် “မရဏစကားနည်း”အကြောင်း ပြောသည်နှင့် ကြက်သီးများ ထသွားသည်အထိ ရေဘဝဲဘုရင်က ဆိုးဆိုးဝါးဝါး အနိုင်ကျင့်ခဲ့ခဲ့ရသည်။

ထိုကဲ့သို့ နွမ်းလျမှုက အမှောင်ဒြပ်စင်ဘုရင်အတွက်လည်း အတူတူပင် ဖြစ်သည်။ ‌ရေဘဝဲဘုရင်ကို သုံးလေးခေါက် လှည့်စားပြီးနောက် သူက မနေနိုင်တော့ဘဲ ကိုယ်တိုင်ဝင်ကစားက ရေဘဝဲဘုရင်၏ ညီအစ်ကိုကောင်း ဖြစ်လာတော့သည်။

ချန်လွေ့က သွေးရောင်အင်ပါယာနှင့် မစိမ်းလှပေ။ မြေဒြပ်စင်ဘုရင် လိုအပ်သော သြဇာယွမ်မြေကို ရှာဖွေရန်အတွက် သူက “ရစ်ချက်” နာမည်ဖြင့် သွေးရောင်အင်ပါယာ၏ ယန္တရားအစည်းအရုံး စာမေးပွဲကို အောင်မြင်ခဲ့သည်။ သူက ပထမဆုံးအတွင် ဆရာသခင် သူရိယ၏ တပည့်ဖြစ်ခဲ့ပြီးနောက် သူ့ကို “သစ္စာဖောက်”ကာ စာအုပ်ပေါင်းချုပ်ခန်းမ၏ ကုန်ကြမ်းများအတွက် နတ်ဆိုးဘုံ၏ ထိပ်တန်း ယန္တရားဆရာသခင်နိတ်၏ တပည့် ဖြစ်လာခဲ့သည်။ စာချုပ်ပေါင်းချုပ် ခန်းမထဲရှိ ဆက်ခ်ရက်တောင်၏ သတင်းအချက်အလက်များကို ရရှိပြီးနောက် ချန်လွေ့က နိတ်၏ ဝါးမျိုခြင်းစွမ်းရည်ကို အသုံးပြုသည့် ရက်စက်သော လျို့ဝှက်ကြံစည်မှုကို မြင်သွားခဲ့သည်။ အဆုံး၌ ရိုင်ဇန်က နိတ်ကို အကျဉ်းချခဲ့ပြီး ချန်လွေ့က သေဟန်ဆောင်ကာ ထွက်ပြေးသွားခဲ့သည်။ ဆရာသခင် သူရိယက ယန္တရားအစည်းအရုံး၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့၏။

သူရိယ၏သမီး.....ဘလူအန်ဟု အမည်ရသည့် အပြစ်ကင်းစင်သော မိန်းကလေးက “ရစ်ချက်”ကို အနည်းငယ် စိတ်ဝင်စားနေပုံရသော်လည်း “ရစ်ချက်”က ထိုစဉ်က ငြင်းဆန်သော အမူအရာ ပြသခဲ့သည်။ ပို၍ အရေးကြီးသည်မှာ ထိုအဖြစ်အပျက်မှ ဇာတ်လိုက်မင်းသားက သေသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် အတိတ်မှ အရာအားလုံးက ပြီးသွားခဲ့လေပြီ။ လက်ရှိ အိမ်အခြေအနေအရ သူ နောက်ထပ် မိန်းမတစ်ယောက် ခေါ်လာခဲ့လျှင် ကောင်းကင်ကြီး သေချာပေါက် ပြိုကျပေလိမ့်မည်။ ယခင်ပြဇာတ်က သူ့ကို ခေါင်းကိုက်စေခဲ့ပြီး ထိုကဲ့သို့ အမှားမျိုး ထပ်မလုပ်ချင်တော့ပေ။

သံတမန်အဖွဲ့က သွေးရောင်အင်ပါယာထံမှ ခမ်းခမ်းနားနား ကြိုဆိုမှုကို ရရှိခဲ့သည်။ တဲရစ်နှင့် သေချာပေါက် ပူးပေါင်းခဲ့သော ဂူစတက်ဗ်က သူတို့ထဲ၌ ရှိနေသည်ကို ချန်လွေ့ အနည်းငယ် အံ့သြသွားခဲ့သည်။ သူက ပထမ ဗိုလ်ချုပ် ဖြစ်၏။ ကြည့်ရတာ သူက တဲရစ်ရဲ့ အဖြစ်အပျက်ကြောင့် ဘာမှဖြစ်တဲ့ပုံ မပေါ်ဘူး။ ရိုင်ဇန် ဘာတွေ ကြံနေတာလဲ။

ရိုင်ဇန်က ကြယ်ကြွေတမန်အင်ပါယာ၏ သံတမန် အဖွဲ့ကို နန်းတော်ခန်းမထဲ၌ တွေ့ဆုံခဲ့သည်။ လောကဝတ်ပြုပြီးနောက် ရိုင်ဇန်က ချန်လွေ့နောက်မှ ရေဘဝဲဘုရင်နှင့် အမှောင်ဒြပ်စင်ဘုရင်တို့ကို မျက်လုံးနက်နက်ထဲမှ ချစ်ချစ်တောက် အလင်းရောင်တစ်ခုဖြင့် ကြည့်နေလိုက်၏။

“သူတို့နှစ်ယောက်က ကျုပ်ရဲ့ မိတ်ဆွေတွေပါ။ အရှင်မင်းကြီးကို ကုသဖို့အတွက် ကျုပ် သူ့တို့ကို ဖိတ်ခဲ့တာ။” သံတမန် ဖြစ်သည့်အလျောက် ထိုအရာ ဆွေမျိုးများထံ သွားလည်ရန်အတွက် သူငယ်ချင်းများ ခေါ်လာခြင်းနှင့် မတူပေ။ ထို့ကြောင့် ချန်လွေ့က ရေဘဝဲဘုရင်အား ဆေးစစ်သည် အမျိုးအစားသို့ ထည့်လိုက်သည်။ အမှန်တကယ်၌ အနိုင်ရလိုစိတ် ပြင်းပြနေခဲ့သော ရေဘဝဲဘုရင်က လမ်းတလျှောက်၌ သူ့ကို ကစားကတိများ မရေမတွက်နိုင်အောင် ဆုံးရှုံးခဲ့ရလေသည်။ ၎င်းကို ကြားသည့်အခါ သူက ကန့်ကွက်ခြင်း မရှိဘဲ ခေါင်းကိုသာ ညိတ်လိုက်၏။

ရိုင်ဇန်က ရေဘဝဲဘုရင်ကို လောကဝတ်ပြုရန်အတွက် ခေါင်းအနည်းငယ် စောင်းလိုက်သည်။ အမှောင်ဒြပ်စင်ဘုရင်အပေါ် သူ၏ အကြည့်က အနည်းငယ် စူးရှသွားခဲ့၏။ “ဆာရဲ့ အငွေ့အသက်က ရင်းနှီးနေသလိုပဲ။”

“ရင်းနှီးမှာပေါ့။” ဟီဂယ်က မျက်နှာပေါ်၌ ထူးထူးခြားခြား ပြုံးလိုက်၏။ “ငါမင်းကို တွေ့တာ ဒါ ပထမဆုံး မဟုတ်ဘူး။ ဒါပေမဲ့ မင်းက အဲဒီတုန်းက ငါ့ကို မတွေ့ခဲ့ဘူး။ နေရာကတော့...”

“မီးဖိုနက်ထဲမှာလား။” ရိုင်ဇန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အေးစက်သော အလင်းတစ်ခု ဖျတ်ခနဲ ဖြစ်သွား၏။

“မဆိုးဘူး။” ဟီဂယ်က လုံးဝမငြင်းခဲ့ပေ။

“ခင်ဗျားက ကျုပ်အရှေ့မှာ ပြောင်ပြောင်းတင်တင်း ရောက်လာတာကို အံ့သြမိတယ်။”

“ဒီကောင်ကို ငါ အကြွေးတင်နေလို့ပါ။ ငါ့မှာ သူ့အတွက် ကတိပေးထားတာ တစ်ခုရှိတယ်။ ဘာမဆိုပေါ့။” ဟီဂယ်က ချန်လွေ့က ဖျတ်ခနဲ ကြည့်လိုက်သည်။ “ဒီလိုအကူအညီမျိုးက သူ့အတွက် မထိုက်တန်ပေမဲ့ သူ အတင်းတောင်းဆိုလို လာခဲ့တာ။”

“သူ့အပြင်..” ရိုင်ဇန်က ချန်လွေ့ကို ကြည့်ပြီး ခဏစဉ်းစားကာ မေးလိုက်သည်။ “ခင်ဗျား ဘယ်သူ့ကို ကတိပေးထားသေးလဲ။”

“ငါ့စွမ်းအား ပြန်ရအောင် ကူညီပေးတဲ့သူ တစ်ယောက်ပဲ။ ဒါပေမဲ့ အခုတော့ သူနဲ့ငါက ရှင်းလင်းသွားပြီ။” ဟီဂယ်က တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်၏။ “အဲဒီလူက မင်း ငါ့ထက် ပိုသိမယ်ဆိုတာ ယုံကြည်ပါတယ်။”

“ဒြပ်စင်ဘုရင်တစ်ပါးက လူတိုင်းကို လွယ်လွယ်နဲ့ ကတိမပေးပေးမှာ မဟုတ်တာ ယုံကြည်ပါတယ်။” ရိုင်ဇန်၏ အငွေ့အသက်များ ပြန်လည် ဆုတ်ခွာ သွားခဲ့သည်။ “ခင်ဗျားရဲ့ ကတိကို ပြီးအောင်လုပ်ပါ။ အခုအချိန်တော့ တခြားကိစ္စတွေကို ကျုပ် မစဉ်းစားချင်ဘူး။”

“မင်း ကြိုက်တဲ့အချိန် တာဝန်နောက်ကို လိုက်လို့ရတယ်။” ယခုတစ်ခေါက် ဝတုတ် ရေဘဝဲဘုရင်က ပြောလိုက်ခြင်း ဖြစ်သည်။ သူက အမှောင်ဒြပ်စင်ဘုရင်နှင့် တကယ့်ပတ်သတ်မှု မရှိသော်လည်း သူတို့က ယခုတွင် တစ်ဖွဲ့တည်း ဖြစ်နေလေပြီ။ တိုင်းပြည်အဆင့် ထိပ်သီးပိုင်း ဖြစ်သည့်အလျောက် မိမိ၏ “ရဲဘော်ရဲဘက်” ခြိမ်းခြောက်ခံနေရသည်ကို ထိုင်ကြည့်မနေနိုင်ပေ။

“အိုး...” ရိုင်ဇန်က သူ၏မျက်လုံးနက်နက်ထဲမှ တိုက်ပွဲစိတ်ဓာတ် တဖြည်းဖြည်း မြင့်တက်လာကာ ရေဘဝဲဘုရင်ကို စိတ်ဝင်စားစွာဖြင့် ကြည့်နေလိုက်သည်။ “မင်းက တကယ် အစွမ်းထက်တာပဲ။ ခွန်အားနဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေအရ ငါက မင်းရဲ့ပြိုင်ဘက် မဟုတ်ဘူး။ ၂နှစ်နေရင် နတ်ဆိုးဘုံမှာ သိုင်းပြိုင်ပွဲ ကျင်းပလိမ့်မယ်။ မင်းမှာ ဝင်ပြိုင်ဖို့ သတ္တိရှိမလား မသိဘူး။”

“သတ္တိ။ ဟုတ်လား။ ဒါက အခုမှ တိုင်းပြည်အဆင့်ကို ရောက်တဲ့သူ တစ်ယောက်က ပြောတဲ့ စကားလုံးဆိုတာ ယုံရခက်ခက်ပဲ။” ရေဘဝဲဘုရင်က သရော်ပြုံး ပြုံးလိုက်ပြီး ထက်လှသော အစွမ်းများကို ပြသလိုက်သည်။ ရိုင်ဇန်အပေါ် သူ၏အကြည့်များက မီးပွင့်နေဟန်တူသည်။ “ကောင်းပြီလေ။ မင်းရဲ့ မိုက်မဲတဲ့ ရန်စမှုက ငါ့ရဲ့ စိတ်ဝင်စားမှုကို လှုံ့ဆော်နိုင်ခဲ့တယ်။ ၂နှစ်ကြာပြီးရင် တကယ့် တိုင်းပြည်အဆင့်စွမ်းအားက ဘာလဲဆိုတာ ငါမင်းကို ပြမယ်။ ဒါပေမဲ့ အဲဒီအချိန်ကျရင် မင်း သေဖို့အတွက် ပြင်ဆင်ထားရမယ်။”

“သိပ်ကောင်တးယ်။” ရိုင်ဇန်က ခေါင်းညိတ်ကာ ပြုံးပြပြီး ချန်လွေ့ကို ကြည့်လိုက်သည်။ “ငါ မင်းကို နှုတ်ခွန်းဆက်သချင်တယ်။ မင်း ရောက်လာတာက တကယ့်ကို အံ့အားသင့်စရာပါပဲ။ ဆာ-အက်ဂ်ယော။”

ချန်လွေ့က အသာလေး ဦးညွှတ်လိုက်၏။ “အရှင်မင်းကြီး ဒီလိုမျိုး ပြောနိုင်တာကို ဝမ်းသာမိပါတယ်။ ဒါဆို....သင့်တော်တဲ့ နေရာတစ်ခုကို စီစဉ်ပေးပါ။ ကုသမှုကို စတင်လို့ရပြီလို့ ထင်ပါတယ်။”

ရိုင်ဇန်၏ ခန္ဓာကိုယ်ပေါ်ရှိ အမှောင်ဒြပ်စင်ကျိန်စာက အစစ်မှန်ဆုံး အမှောင်ဒြပ်စင် ဖြစ်သည်။ ၎င်းက သူ၏ ဝိညာဉ်ထဲသို့ ဖောက်ဝင်နေပြီး သွေးရောင်လက်စွပ်ဖြင့်ပင် ထိန်းထားရုံသာ ထိန်းထားနိုင်သည်။ သို့သော် အမှောင်ဒြပ်စင်ဘုရင်အတွက် ထိုအရာက တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်သို့ စိုက်ဝင်နေသော ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်သလိုသာ ဖြစ်သည်။ ခဏအကြာ၌ ရိုင်ဇန်၏ ခန္ဓာကိုယ်ထဲမှ အမှောင်ဒြပ်စင်ကျိန်စာက ကွယ်ပျောက်သွား၏။

အမှောင်ဒြပ်စင်ကျိန်စာ မရှိတော့သော ရိုင်ဇန်က အားအင်ပြည့်ဝနေပုံရသည်။ နောက်တစ်ဆင့်က အလင်းဒြပ်စင်ကျိန်စာ ဖြစ်သည်။ အမှောင်ဒြပ်စင်များထဲ၌ နေထိုင်ကြသော နတ်ဆိုးဘုံ မျိုးနွယ်များအတွက် အလင်းဒြပ်စင်စွမ်းအားက ဖြေရှင်းရန် အခက်ဆုံးနဲ့ ဒုက္ခအပေးဆုံး ဖြစ်သည်။ သို့သော် စူပါစနစ်ထဲ၌ နှင်းဒဲလက်ပန်းပင် ၃ပင် ရှိသည်ဖြစ်ရာ ချန်လွေ့အတွက် လွယ်ကူလှပေသည်။ မဒမ်-ဒေါ်လေးကို ကုသရန်အတွက် အလင်းနတ်ဘုရားကျောင်းတော်မှ “ခိုးယူ”ခဲ့သော ယုံကြည်မှုရတနာက ယခုတစ်ခေါက် နတ်ဆိုးဘုံ၌ ငြိမ်းချမ်းရေးကို ရှေ့ဆက်ရန်အတွက် စီစဉ်မထားသော အခန်းကဏ္ဍကြီးတစ်ခု၌ ပါဝင်ခဲ့လေသည်။

နှင်းဒဲလက်ပန်းက အလင်းဒြပ်စင် သက်ရောက်မှုကို ကြီးကြီးမားမား တိုးမြှင့်ပေးနိုင်ပြီး အလင်းဒြပ်စင်ကျိန်စာအားလုံးကို ဖယ်ရှားပစ်နိုင်သည်။ သက်ဆိုင်သော ကုန်ကြမ်းများနှင့် အသုံးပြုမည်ဆိုလျှင် သန္ဓေပြောင်း အလင်းဒြပ်စင် ခန္ဓာအမျိုးအစား ရရှိနိုင်၇န် အခွင့်အရေး အနည်းငယ် ရရှိနိုင်၏။ မည်သို့ပင် ဆိုစေကာမူ အလင်းဒြပ်စင်ကျိန်စာကို ဖယ်ရှားခြင်းမှလွဲ၍ ကျန်သော လုပ်ဆောင်ချက်များက [အမှောင်ကျွမ်းကျင်မှု] ရှိသော ရိုင်ဇန်အတွက် အသုံးမဝင်လောက်ပေ။

ရိုင်ဇန်က နှင်းဒဲလက်ပန်းကို ထုတ်လိုက်သောအခါ ရိုင်ဇန်၏ မျက်လုံးများက ဖုံးကွယ်မထားသော ထိတ်လန့်သည် အမူအရာ ပြသလိုက်၏။ ထိုအရာက သာမန် အံ့အားသင့်မှုမျိုး မဖြစ်နိုင်လောက်ပေ။ ထိုကဲ့သို့ ပန်းမျိုးကို သူ မြင်ဖူးသည်မှာ.... ပထမဆုံးအကြိမ် မဟုတ်သကဲ့သို့ပင်။

“အနှစ်၁၀၀ ရှိပြီ။ ငါ့ဘဝမှာ အထွတ်အမြန်ပန်းကို ထပ်တွေ့ရမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။” ရိုင်ဇန်က ခဏတာ တိတ်ဆိတ်သွားခဲ့သည်။ “မင်းမှာ ဒီလို အရာမျိုးရှိတာ အံ့သြမိတယ်။ ငါ အံ့သြသွားတာကို မင်း မြင်သွားမယ်လို့ ယုံကြည်ပါတယ်။ ဒါက ငါ့အတွက် လူတစ်ယောက်ကို သတိရစေတယ်။”

“အရှင်မင်းကြီး....”

“စိတ်မပူပါနဲ့။ ဒီပန်းရဲ့ ဇစ်မြစ်ကို ငါ မမေးပါဘူး။ လူတိုင်းမှာ လျို့ဝှက်ချက်တွေ ရှိကြတယ်။ မင်းရဲ့ လျို့ဝှက်ချက်တွေက ပိုပြီးတော့ မယုံနိုင်စရာ ကောင်းတယ်။ မင်း ဒီပန်းကို ထားထားခဲ့လို့ရတယ်။ ကျန်တာနဲ့ ပတ်သက်ပြီးတော့ ဝင်စွက်ဖက်စရာ မလိုတော့ဘူး။” ရိုင်ဇန်က နှင်းဒဲလက်ပန်းကို လက်ခံပြီး စကားလမ်းကြောင်း ပြောင်းလိုက်၏။ “ပြီးတော့ မှော်ရုပ်မြင်သံကြား အချက်ပြ မျှော်စင်တွေက ဘာလုပ်တာလဲ။ အဲဒီထဲမှာ စိတ်ထင့်စေတဲ့ အကြောင်းတစ်ခုခု ရှိနေသလို ငါ အမြဲတမ်း ခံစားနေရတယ်။”

“ဒါက မှော်ရုပ်မြင်သံကြားလိုမျိုး ဖျော်ဖြေမှု တစ်ခုပါပဲ။ အဲဒါ ယူဆောင် လာပေးတဲ့ အကျိုးအမြတ်တွေကလည်း အတော်လေးများပြားတယ်။”

“မင်းရဲ့ အကျိုးအမြတ်တွေ ဆိုတာက မှော်ရုပ်မြင်သံကြားနဲ့ မှော်ခေါင်းစွပ် ရောင်းချမှုတွေပဲ မဟုတ်လောက်ဘူး။ အခုအချိန် မှော်ခေါင်းစွပ်တွေကို မထုတ်လုပ်နိုင်သေးပေမဲ့ ဖွင့်လှစ်ပြထားတဲ့ နည်းပညာဆိုတော့ အနှေးနဲ့ အမြန်ပါပဲ။ အဲဒါကြောင့် ဒီအကျိုးအမြတ်တွေက တကယ် ဆုံးရှုံးသွားမယ်။ မင်းမှာ ဘဏ္ဍာရေးအတွက် တခြားနည်းလမ်းတွေ ရှိမယ်လို့ ငါထင်တယ်။ မဟုတ်ရင် ကိုယ့်ကိုယ်ကိုယ်ကလွဲပြီးတော့ အခြားအင်ပါယာတွေကို ဘာလို့ အကျိုးအမြတ်တွေ ပေးမှာလဲ။ ပြီးတော့ လူတစ်ယောက်လုံးကို အရသာတွေ့စေ လောက်အောင် လွယ်ကူတဲ့အရာတစ်ခုက အင်ပါယာ တစ်ခုလုံးအတွက် ခန့်မှန်းလို့မရတဲ့ အကျိုးဆက်တွေ ဖြစ်စေနိုင်တယ်။ အခု လက်ရှိ ငါက မှော်ဂိမ်းတွေ ကြီးကြီးမားမား ဖြစ်လာပြီးတော့ လွှမ်းမိုးမှု လုံလုံလောက်လောက် မရှိခင် အင်ပါယာတစ်လုံး ဆန့်ကျင်ဖို့အတွက် အမိန့်ပေးလို့ စဉ်းစားနေတယ်။”

ချန်လွေ့က မျက်မှောင်ကြုတ်လိုက်၏။ ရိုင်ဇန်၏ ဂုဏ်သြဇာဖြင့်ဆိုလျှင် သူ အင်ပါယာတစ်ခုလုံးကို မှော်ဂိမ်းအား အမှန်တကယ် ဆန့်ကျင်ခိုင်းပြီး အရိပ်နက် အင်ပါယာ၏ မူဝါဒကိုပါ လွှမ်းမိုးနိုင်ခဲ့လျှင် ချန်လွေ့၏ နတ်ဆိုးဘုံတစ်ခုလုံးမှ ယုံကြည်မှုများ ရရှိရန် အစီအစဉ် အမှန်တကယ် ကျရှုံးသွားပေလိမ့်မည်။

“အရှင်မင်းက တကယ် စိုးရိမ်လွန်းနေတာပဲ။ ဒါပေမဲ့ ခင်ဗျား ခန့်မှန်းတာ တစ်ခု မှန်တယ်။ တကယ်တော့ ဒီဂိမ်းက မှော်ခေါင်းစွပ်အတွက် ဆန်းကြယ် သလင်းကျောက်စွမ်းအားက အကန့်အသတ် ရှိတဲ့အတွက် နောက်ဆက်တွဲ အကျိုးရလာဒ်တွေ ရှိတာ။ စွမ်းအားကုန်သွားတာနဲ့ ဂိမ်းထဲကို ဝင်လို့ မရ‌တော့ဘူး။ အခုက အစမ်းသုံး ကာလပဲ။ အနာဂတ်မှာ ဂိမ်းထဲကို ဝင်နိုင်ဖို့အတွက် စွမ်းအင်တွေကို ပြန်ဖြည့်ဖို့ လိုအပ်လာမယ်။ ဒီအပိုင်းမှာတော့ ပိုက်ဆံပေးရတာပေါ့။ ဒါက ကျုပ်တို့အတွက် တကယ့် အဆက်မပြတ် ဝင်ငွေ ဖြစ်လာလိမ့်မယ်။”

ချန်လွေ့က ယုံကြည်မှု အစီအစဉ်အကြောင်း ပြောပြမည် မဟုတ်ပေ။ သူ လုပ်ချင်သည်က ရိုင်ဇန်အား ငွေကြေးယုံကြည်မှုနှင့်အတူ လမ်းကြောင်းလွဲသွားရန် ဖြစ်သည်။ သို့သော်လည် ထိုကဲ့သို့ အခကြေးငွေ နည်းလမ်းက အစီအစဉ်များထဲမှ တစ်ခု ဖြစ်၏။ အမှန်တကယ် ထိုအရာက ဂိမ်းထဲမှ “အမှတ်ကတ်” နှင့် “လစဉ်စာရင်းသွင်းခြင်း” အခကြေးငွေ နည်းလမ်းများ ဖြစ်ပေသည်။ သေချာသည်ကတော့ အနာဂတ်ဂိမ်းများမှာ သေချာပေါက် တစ်ဦးတည်းသော ကစားရသော ဂိမ်းများ မဟုတ်နိုင်တော့ပေ။

ရိုင်ဇန်၏ မျက်လုံးများက ထူးဆန်းသော အမူအရာတစ်ခုဖြင့် လက်ခနဲ ဖြစ်သွားခဲ့သည်။ “သိပ်ကောင်းတဲ့ နည်းလမ်းပဲ။ ဒါကြောင့် အင်ပါယာသုံးခုက အချင်းချင်းရဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေကို မတားမြစ်ဖို့အတွက် စာချုပ်မှာ မင်း ပြောခဲ့တာပဲ။ ပြီးတော့ အစီအစဉ်အချို့ရဲ့ ကုန်ကျစရိတ်ကို ပြန်ရဖို့အတွက် အနာဂတ်မှာလည်း သီးသန့် ကျသင့်တာတွေ ရှိလာပြီးတော့ ကျန်တဲ့ အင်ပါယာတွေကလည်း အခကြေးငွေ ပေးရမယ်။ လက်စသတ်တော့ မင်းက ပြင်ဆင်ထားခဲ့တာ ကြာပြီကိုး။ ဒီသတ်မှတ်ချက်တွေထဲမှာ ကြယ်ကြွေတမန် အင်ပါယာက ကြီးကြီးမားမား ဆုံးရှုံးသွားရတယ်လို့ လူတုိင်းနီးပါး ထင်ခဲ့ကြတာ။ ဒါပေမဲ့ အခု ကြည့်ရတာတော့ ကြယ်ကြွေတမန်အင်ပါယာကို လျှော့တွက်ခဲ့တဲ့ ငါတို့တွေက တကယ် ဆုံးရှုံးမှု ဖြစ်သွားခဲ့ကြတာပဲ။”

“အရှင်မင်းကြီး။ ကျုပ်ကို အထင်မလွဲပါနဲ့။ အကျိုးအမြတ်တွေက ယှဉ်တွဲ ရှိနေနိုင်ပါတယ်။ နည်းပညာအပါအဝင် ကျုပ်တို့ရဲ့ ပုံစံငယ်ကို ခင်ဗျားရဲ့ အင်ပါယာက အတုခိုးလို့ရတယ်။ ခင်ဗျားတို့က သက်ဆိုင်ရာ ကိရိယာတွေနဲ့ ဂိမ်းတွေကို ထုတ်လုပ်နိုင်မယ်ဆိုရင် ဒီစျေးကွက်ဝေစုအတွက် ကျုပ်တို့နဲ့ ယှဉ်နိုင်မှာပဲ။ စာချုပ်အတိုင်း ကျုပ်တို့ကလည်း ခင်ဗျားတို့ အင်ပါယာရဲ့ “အစီအစဉ်”ကို တားမြစ်မှာ မဟုတ်ဘူး။”

“မင်းနောက်ကို အမြဲတမ်းလိုက်ဖို့ ပြောနေတာလား။ ကျန်တဲ့အရာတွေ အားလုံး လိုမျိုးလား။ ဒါက ငါတို့ကြားက အကွာအဝေးကို ပိုကြီးအောင်ပဲ လုပ်နိုင်တယ်။ ကတ်သရင်းလည်း ဒါကို နားလည်မယ် ထင်တယ်။” ရိုင်ဇန်က ချန်လွေ့က စိုက်ကြည့်လိုက်သည်။ “ဒီဂိမ်းအကြံကို ဖန်တီးခဲ့တဲ့သူတွေကို ငါ တကယ် လေးစားမိတယ်။ နောက်ထပ်တိုက်ပွဲပုံစံတစ်မျိုးမှာ မင်းက သေချာ‌ပေါက် အသာစိး ရမှာပဲ။ ဒါပေမဲ့ အင်ပါယာတစ်ခုရဲ့ အင်အားကိုတော့ မင်း လျှော့မတွက်သင့်ဘူး။ ငါ နည်းလမ်းတွေအများကြီးတဲ့ တားမြစ်လို့ရတယ်။ တကယ်လို့ မင်းက ငါတောင်းဆိုတာတစ်ခုကို ကတိပေးနိုင်ရင် ငါ တားဆီးတော့မှာ မဟုတ်သလို ကြယ်ကြွေတမန်အင်ပါယာရဲ့ ပစ္စည်းအသစ်တွေကို ကြော်ငြာဖို့နဲ့ တိုးတက်အောင်လုပ်ဖို့အတွက်လည်း ကြိုးစားပေးနိုင်တယ်။ အင်ပါယာနှစ်ခုရဲ့ အများဆန္ဒက ခော-တ်ရေစီးကြောင်းကြီးတစ်ခု ဖြစ်ဖို့ လုံလောက်တယ်။ ကျန်တဲ့ အင်ပါယာက ခုခံချင်ရင်တောင် တားဆီးဖို့ ခက်ခဲမှာ။ အချိန်ကတော့ ဒီ၂နှစ် အတွင်းမှာပေါ့။”

ချန်လွေ့က ခဏစဉ်းစားပြီး မေးလိုက်သည်။ “ဘာတောင်းဆိုမလို့လဲ။”

“ယန္တရားအစည်းအရုံးက စာအုပ်ပေါင်းချုပ်ခန်းမရဲ့ စတုတ္ထအလွှာကို သွားပြီးတော့ တစ်ယောက်ယောက်ကို‌ ခေါ်ထုတ်လာပေး။ ငါကိုယ်တိုင် သွားသင့်တာ ဖြစ်ပေမဲ့ အခုလက်ရှိ အခြေအနေအရ မလုပ်နိုင်ဘူး။ အဲဒါကြောင့် ဒီကိစ္စက မင်းရဲ့ တိုင်းပြည့်အဆင့်မိတ်ဆွေ အကူအညီ လိုအပ်လိမ့်မယ်။”

သွေးရောင်အင်ပါယာ ယန္တရားအစည်းအရုံးရဲ့ လျို့ဝှက်ဆန်းကြယ်ဆုံးဖြစ်တဲ့ စာချုပ်ပေါင်းချုပ်ခန်းမ စတုတ္ထအလွှာလား။ ချန်လွေ့က စဉ်းစားနေလိုက်၏။ ရိုင်ဇန်က ဆက်ပြောသည်။ “သူ့နာမည်က တစ်ဖနီပဲ။”

All Chapters