သော့နှင့် တာဝန်
Vol. 48 Ch. 779
“ဆာရီရယ်”ဟူသော နာမည်က ချန်လွေ့နှင့် ရင်းနှီးနေခဲ့သည်။ သူက ထိုနာမည်ကို ယခင်ဘဝက အင်တာနက်ပေါ်တွင် ရံဖန်ရံခါ ဖတ်ခဲ့ဖူးသော ဘာသာရေးစာများထဲ၌ မြင်ဖူးခဲ့ခြင်း ဖြစ်လောက်ပေသည်။ သို့သော်လည်း လူစီဖာ၊ စေတန်၊ မိုက်ကယ်တို့ရှိသော ဤမှော်လောကထဲ၌ နောက်ထပ် “ဆာရီရယ်” ရှိနေသည်က အံ့သြစရာ မဟုတ်ပေ။ ထိုအရာက ထိုအုိတာခု၏ မှတ်ဉာဏ်ထဲမှ ဒဏ္ဍာရီနှင့် မယှဉ်နိုင်ပေ။
ယခုတွင် သူ၏ ကြေမွလွယ်သော အသက်က ထိုဆာရီရယ်၏ လက်ထဲရှိ ရှိနေပြီး တစ်ဖက်လူက သူ၏ လူသားသရုပ်နှင့် [ ကျက်သရေ အလင်းခန္ဓာ ] ပိုင်ဆိုင်ထားခြင်းကို သိထားပြီ ဖြစ်သည်။ သူက ငြင်းနေခဲ့လျှင် ချက်ချင်း အသတ်ခံလိုက်ရနိုင်၏။
ချန်လွေ့ကို အစိုးရိမ်စေဆုံးက “ဝိညာဉ်ပြန်မွေးဖွားလာခြင်း” ဟူသော စကားလုံးပင် ဖြစ်လေသည်။ သူက ငါ လောကကူးပြောင်းလာတာကိုတောင် မြင်နိုင်တာလား။ စဉ်းစားကြည့်လိုက်တော့ အဲဒီလိုပုံမပေါ်ဘူး။ ဘာလို့ သူက “လှည့်ကွက်”လို့ ပြောတာလဲ။
ချန်လွေ့က အမြန်တွေးပြီး ပြန်ဖြေလိုက်သည်။ “ဆာက မြင်နိုင်တယ်ဆုိတာ အသေအချာပါပဲ။ ကျုပ်က တကယ် လူသားတစ်ယောက်ပါ။ ပြီးတော့ ကျုပ်က သိဒ္ဓိအလင်းတောင်ကနေ လာခဲ့တာ။ ဒါပေမဲ့ အားလုံးကို ဖွင့်မပြောခင် ကျုပ် မေးချင်တာက “ဝိညာဉ်ပြန်မွေးဖွားတဲ့လှည့်ကွက်”ဆိုတာ ဆာ ဘာကို ပြောချင်တာလဲ မသိဘူး။”
“ဟမ့်။ မင်းတို့ သိဒ္ဓိတပည့် ဆိုတာတွေက ထာဝရအသက် ရှိပြီးတော့ နတ်ဘုရားတိုင်းပြည်မှာ အဆုံးအစမဲ့ ပြန်မွေးဖွားနိုင်တယ်လို့ ထင်ကြတာ မဟုတ်လား။” ဆာရီရယ်က အထင်သေးစွာဖြင့် ပြောလိုက်သည်။ “အဲဒါက ရူးမိုက်တဲ့ ယုံကြည်သူတွေအတွက် လှည့်ကွက်တစ်ခုပဲ။ ဒီလှည့်ကွက်ကို ငါ့အရှေ့မှာ သုံးလို့ရမယ် ထင်ရင်တော့ ငါ့ရဲ့ မိစ္ဆာမျက်ဆံက မင်းရဲ့ မျှော်လင့်ချက် အားလုံးကို လုံးဝ ချေမှုန်းပစ်လိမ့်မယ်။”
အိုး။ အဲဒါကြောင့်ကိုး။ ချန်လွေ့က စိတ်သက်သာရာ ရသွားခဲ့သည်။ သူက သိဒ္ဓိတပည့်များ ဖြစ်ကြသော ကလာ့ခ် နှင့် အေပရယ်တို့ ပြောခဲ့သည့် “ထာဝရအသက်”အကြောင်း ပြန်တွေးလိုက်မိပြီး မျက်မှောင်ကြုတ်လိုက်၏။ ကြည့်ရတာ ဆာ-ဆာရီရယ်က သိဒ္ဓိအလင်းတောင်နဲ့ အတော်လေး ရင်းနှီးတဲ့ပုံပဲ။ ဒါပေမဲ့ သိဒ္ဓိတပည့်တွေ ပြောတဲ့ “ထာဝရအသက်”ဆိုတာကို ကြားရလျှင် ငါ့အဖြေကတော့ ဒီအတိုင်းပဲ။ “ပြန်မွေးဖွားတာက အမှန် ဟုတ်မဟုတ်တော့ မသိဘူး။ ကျုပ် သိတာ တစ်ခုပဲ ရှိတယ်။ ဘယ်အရာကမှ အကြွင်းမဲ့ ထာဝရ မတည်ရှိနိုင်ဘူး။ တည်ရှိမှုတိုင်းက ပျက်စီးမယ့် နေ့ရက်တစ်ရက် ရှိလာမှာပဲ။ နတ်ဘုရားပဲ ဖြစ်ဖြစ်ပေါ့။”
ဆာရီရယ်က ခဏတာ တိတ်ဆိတ်သွားခဲ့သည်။ “မင်းပြောတာ မှားတယ်။ နတ်ဘုရားတွေက တကယ် ထာဝရ တည်ရှိနိုင်တယ်။ တကယ်လို့..... ။မင်း ဆက်ပြော။ မင်း အသက်ရှင်ဖို့အတွက် ငါ အခွင့်အရေးတစ်ခု ပေးဖို့ စဉ်းစားကောင်း စဉ်းစားပေးနိုင်တယ်။”
“အသက်ရှင်ရန် အခွင့်အရေးတစ်ခုပေးမည်” ဆိုသည်က ထိုစကားကြောင့် မဟုတ်ဘဲ တစ်ဖက်လူက အစီအစဉ်များ ရှိနှင့်ပြီး၍ ဖြစ်ကြောင်း ချန်လွေ့ ကောင်းကောင်း သိသည်။ သူ့တွင် တန်ဖိုး ရှိနေသေးပုံရသည်။ သို့မဟုတ်ပါက ဆာရီရယ် မျက်တောင်ခတ်လိုက်သည်နှင့် သူ့ကဲ့သို့ ပုရွက်ဆိတ်က စကားပြောရန်ပင် အခွင့်အရေးမရဘဲ လုံးဝ ချေမှုန်းခံလိုက်ရမည်ဖြစ်သည်။
“ကိစ္စတစ်ခုကို ကျုပ် ရှင်းလင်းထားချင်တယ်။ ကျုပ်က သေချာပေါက် မိုက်ကယ်နဲ့ အဲဒီသူတွေရဲ့ ယုံကြည်သူ မဟုတ်ဘူး။ ခန္ဓာအမျိုးအစား ပြဿနာကြောင့် ကျုပ်က လက်ရှိပုပ်ရဟန်းမင်း ဗန်တီ-စ်ရဲ့ မျက်လုံးထဲမှာ ဆူးငြှောင့်တစ်ခု ဖြစ်နေခဲ့တာ။ ကျုပ်က အကွက်ဆင်ခံရပြီးတော့ လိုက်ဖမ်း ခံခဲ့ရတယ်။ ကြံရာမရတဲ့အဆုံး ကျုပ်က နေရာလွတ် မတည်မငြိမ်မှုရဲ့ ဝါးမျိုခံရနိုင်တဲ့ အန္တရာယ်ကို စွန့်စားပြီးတော့ နတ်ဆိုးဘုံကို ရောက်လာခဲ့တာ။ ကျုပ်ရဲ့ ခန္ဓာကိုယ်က ရာဖယ်ရယ်ရဲ့ ဥပဒေသ အဆောင်ပစ္စည်းဖြစ်တဲ့ အစစ်အမှန် မီးတောက် အချုပ်အနှောင်နဲ့တောင် အချုပ်ခံထားရတယ်။”
ဆာရီရယ်၏ အနက်ရောင် မျက်ဆံထဲမှ ကြည်လင်မှုကို ပို၍ပင် ခမ်းနား သွားခဲ့သည်။ ချန်လွေ့က မိမိ၏ ခန္ဓာကိုယ်ထဲသို့ ထူးဆန်းသော စွမ်းအားတစ်ခုခု ဖြစ်သွားပြီး အရိုးထဲအထိ အေးစိမ့်သွားသည်ကိုသာ ခံစားလိုက်ရသည်။
“ဒါက တကယ် ရာဖယ်ရယ်ရဲ့ အစစ်အမှန်မီးတောက် အချုပ်အနှောင်ပဲ။” ဆာရီရယ်က စဉ်းစားနေဟန်တူပြီး ချန်လွေ့ကို စည်းနှာင်ထားသော စွမ်းအားက တဖြည်းဖြည်း လျှော့ပါးသွားခဲ့သည်။ “မင်းရဲ့ ဝိညာဉ် အတက်အကျက ပိုပြီးတော့ တည်ငြိမ်နေတဲ့ပုံပဲ။ ဒါက မင်း အမှန်အတိုင်း ပြောနေလို့လား။ ဒါမှမဟုတ် ရင်းနှီးတဲ့ အလိမ်အညာ စည်းချက်တစ်ခုကို ရှာတွေ့သွားလို့လား။ သက်သေတချို့ကို ကြည့်ရတာတော့ ပထမတစ်ခု ဖြစ်လောက်တဲ့ပုံပဲ။ ကောင်းပြီလေ။ မင်းပြောတဲ့ ဇာတ်လမ်းအတိုင်းဆိုရင် [ ကျက်သရေ အလင်းခန္ဓာ ] ပိုင်ဆိုင်ထားတဲ့ သူက ပုပ်ရဟန်းမင်း ဖြစ်သင့်တယ်။ မင်း အရင်က လက်စားချေဖို့ စဉ်းစားထားပြီးပြီပေါ့။ ဟုတ်လား။”
ဆာရီရယ်က ယုံကြည်ကြောင်း ပြောနေသော်လည်း နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သော မကောင်းဆိုးဝါးအိုကြီးများကို ရင်ဆိုင်ရသည်မှာ ခက်ခဲကြောင်း ချန်လွေ့ သိသည်။ ထို့ကြောင့် သူက နည်းနည်းမှ စိတ်ကို အေးအေးဆေးဆေး မနေရဲခဲ့ပေ။ “ဒါပေါ့။ ကျုပ်က ဆုံးရှုံးသွားတဲ့ အရာအားလုံးကို ပြန်လိုချင်တယ်။ ကျုပ်ရဲ့ [ ကျက်သရေ အလင်းခန္ဓာ ] နဲ့ဆိုရင် ပုပ်ရဟန်းမင်း နေရာက ကျုပ်အတွက် ဖြစ်ရမှာ။ ဒါပေမဲ့ အခုလက်ရှိ ကျုပ်ရဲ့စွမ်းအားနဲ့ သိဒ္ဓိအလင်းတောင်ရဲ့ အခြေခံ အုတ်မြစ်ကို လုံးဝ မလှုပ်ရမ်းနိုင်ဘူး။ ဒါပေမဲ့ အခု ဒါတွေအားလုံးက အပိုတွေ ပါပဲ။ အရင်ဆုံး ဆာ့ဆီကနေ ကျုပ်အသက်ကို ကယ်နိုင်ဖို့က ပထမ ဦးစားပေးပဲ။”
ဆာရီရယ်၏အသံက အနည်းငယ် ပို၍ အထင်သေးသွားခဲ့သည်။ “မင်းက ပါးနပ်တယ်။ ဒါပေမဲ့ မင်းပြသတဲ့ တန်ဖိုးက ငါ့ကို စိတ်ဝင်စားစေဖို့ မလုံလောက်ဘူး။ ဒါက တိုင်းပြည်ကို နှောင့်ယှက်ပြီးတော့ ငါ့ကို နှိုးတာအတွက် တန်ကြေးအတွက် မလုံလောက်ဘူး။”
စာအုပ်ပေါင်းချုပ်ခန်းမ၏ စတုတ္ထမြောက်အလွှာက အသေအချာပင် နတ်ဘုရားယောင်၏ တိုင်းပြည် ဖြစ်လေသည်။ ထိုအရာက သိဒ္ဓိနဂါး၏ ပျက်စီးနေသော တိုင်းပြည် မဟုတ်ဘဲ တကယ့် နတ်ဘုရားယောင် တိုင်းပြည် ဖြစ်ကြောင်း ချန်လွေ့ သိသည်။ သူက ယခုတွင် လှုပ်ရှားနိုင်သွားပြီ ဖြစ်သော်လည်း မထွက်ပြေးနိုင်သေးပေ။ တစ်ဖက်လူက စိတ်ကို စေစားလိုက်သည်နှင့် သူက [ကြယ်ဂိတ်]ထဲ မဝင်နိုင်ခင်မှာပင် ချေမှုန်းခံလိုက်ရပေမည်။ ထို့ကြောင့် သူက စိတ်ဖြင့်သာ အနိုင်ရနိုင်၏။
“ဒီတစ်ခေါက် မစ်-တစ်ဖနီကို ခေါ်ထုတ်သွားဖို့အတွက် ကျုပ်ကို တာဝန်ပေးထားတာပါ။ မစ်-တစ်ဖနီရဲ့ သရုပ်က အတော်လေး ထူးခြားတယ်။ ဆာ အိပ်ပျော်နေတာကို မရည်ရွယ်ဘဲ နှောင့်ယှက်ခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ ပြီးတော့ ဆာ လိုအပ်တဲ့ တန်ဖိုးတွေကို ကျုပ် ပြသနိုင်ပါတယ်။”
“တစ်ဖနီ ဟုတ်လား။ မင်းက ငါ့ကို ဘာ သတိပေးချင်တာလဲ။” ဆာရီရယ်က လျို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။ “ကြည့်ရတာ သူ ဒီကိုလာရတဲ့ တကယ့် ရည်ရွယ်ချက်ကို မင်း နားမလည်သေးတဲ့ပုံပဲ။”
ချန်လွေ့က သတိထားလျက် စမ်းသပ်ကြည့်လိုက်သည်။ “ကျုပ် တကယ် မသိပါဘူး။ သူက အရေးပါတဲ့သူ တစ်ယောက်ယောက်ရဲ့ တပည့်ဖြစ်တယ် ဆုိတာပဲ ကျုပ် သိတယ်။”
“တပည့် ဟုတ်လား။ မင်းက ဘာကို ပြောချင်တာလဲ။” ဆာရီရယ်က ပြုံးလိုက်ဟန်တူသည်။ “တကယ်တော့ သူက စေတန်အတွက် အသုံးချ ပစ္စည်း တစ်ခုပဲ။ ဒါပေမဲ့ ငါ့ဆီကနေ ထွက်သွားပြီးရင် သူက အရေးပါတဲ့ ပစ္စည်းတစ်ခု ဖြစ်လောက်တယ်။”
ချန်လွေ့က အကြမ်းဖျင်း နားလည်သွားခဲ့သည်။ ဆာရီရယ်က စေတန်ကို သိတာ အသေအချာပဲ။ တစ်ဖနီက စေတန်ရဲ့ အမိန့်နဲ့ ဒီကို ရောက်လာပြီးတော့ ဆာရီရယ်၏ စွမ်းအားအကူအညီနဲ့အတူ ကျင့်စဉ်တစ်ခု ဒါမှမဟုတ် အသွင်ပြောင်းတာ တစ်ခုခု လုပ်နေတာ ဖြစ်လောက်တယ်။
“ဒါက ဆာ-စေတန်ရဲ့ ညွှန်ကြားချက် ဆိုတာကို သိခဲ့ရင် ရိုင်ဇန် အလုပ်အပ်တာကို ကျုပ် လက်ခံခဲ့မှာ မဟုတ်ဘူး။”
ချန်လွေ့က ရိုင်ဇန်က အကြိမ်ဒါဇင်ခန့် အပြစ်တင်လိုက်သည်။ သို့သော်လည်း ရိုင်ဇန်၏ ပုံစံအရ စတုတ္ထအလွှာမှ နတ်ဘုရားယောင်အဆင့်၏ တည်ရှိမှု လျို့ဝှက်ချက်ကို မသိလောက်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခေါက်က အလိမ်ခံလိုက်ရတာပဲ။
အလွန်ကြီးမားသော မျက်လုံးက အနည်းငယ် လှုပ်ရှားသွားသည်။ “မင်းက စေတန်ကို အရင်က တွေ့ဖူးတာလား။”
“ဟုတ်ကဲ့။” ချန်လွေ့က လက်ထဲ၌ မြွေပုံစံကွက် တံဆိပ်ပြားကို ကိုင်ထားသည်။ “ဒါက ကျုပ်ကို ဆာ-စေတန် ပေးခဲ့တာပါ။ ပြီးတော့ ကျုပ် သူ့ကို အချိန်မရွေး ဆင့်ခေါ်လို့ရတယ်။”
“ဒီလိုကိုး...။ စေတန်ရဲ့ အမြင်နဲ့ဆိုရင် မင်းရဲ့ အလင်းဒြပ်စင် ခန္ဓာကိုယ်ကို သူ့ဆီကနေ ဖုံးကွယ်ဖို့ မဖြစ်နိုင်ဘူး။ သူ့ကိုယ်ပွားကို ဆင့်ခေါ်ဖို့အတွက် မင်းကို တံဆိပ်ပြားပေးခဲ့တာက အစီအစဉ်တစ်ခုခု ရှိမလို့ ဖြစ်မယ်။ ဆာရီရယ်က သရော်ပြုံးပြုံးလိုက်သည်။ “မင်းက အတော်လေး ပါးနပ်တယ်။ ငါ့အရှေ့မှာ သူ့ကိုယ်ပွားကို ဆင့်မခေါ်ခဲ့ဘူး။ ဒီတော့ စေတန် မင်းကို တန်ဖိုးထားတာက ငါ့အတွက် မင်း တန်ဖိုးရှိတယ်လို့ မဆိုလိုဘူးဆိုတာ နားလည်သင့်တယ်။။”
“နားလည်ပါတယ်။” ချန်လွေ့က ဦးညွှတ်လိုက်သော်လည်း စိတ်ထဲ၌ အံ့အားသင့်သွားခဲ့သည်။ ဆာရီရယ်က အမှန်တရားနှစ်ခုကို ဖော်ထုတ်ပြခဲ့သည်။ ပထမတစ်ခုက သူ့လက်ထဲမှ မြွေပုံစံကွက် တံဆိပ်ပြားမှာ အမှန်တကယ်ပင် ကိုယ်ပွားကို ဆင့်ခေါ်နိုင်သည်။ ဒုတိယတစ်ခုက သူ၏ အလင်းဒြပ်စင် ခန္ဓာအမျိုးအစားကို စေတန်က ဟိုးကတည်းက သိရှိထားခဲ့ခြင်းပင်။
ထိုလောကမှ ကိုယ်ပွားက အသူရာကဲ့သို့ ကိုယ်ပွားမျိုး မဟုတ်ပေ။ ပုံရိပ် တစ်မျိုးနှင့် ညီမျှပြီး စွမ်းအားက မူလခန္ဓာ၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်၏။ နတ်ဘုရားက အံ့သြဖွယ်ရာများ ပြသစဉ်အခါတွင် ကိုယ်ပွားက တခါတရံ ဆင်းသက်လာတတ်သည်ဟု ဒဏ္ဍာရီများက ဆိုကြသည်။ ထိုအရာက အလွန် စွမ်းအားကြီးမားပြီး တိုင်းပြည်စွမ်းအားနှင့် အခြားလျို့ဝှက်ပညာရပ်များကို အသုံးပြုနိုင်သော အမျိုးအစား ဖြစ်ပေသည်။ ၎င်းက ဂူရာဒန်ကဲ့သို့ သာမန် ပုံရိပ်များ၊ အစားထိုးများထက် များစွာ သာလွန်ပေ၏။
စေတန်၏ အစီအစဉ်ကိုမူ ချန်လွေ့ မသိပေ။ သူက စေတန်ကို ပထမဆုံး တွေ့ခဲ့စဉ်က [ ကောင်းချီးအလင်းခန္ဓာ ] သာ ရှိနေခဲ့သည်။ နောက်ပိုင်းတွင် သူက ပါးနပ်သော ရွေးချယ်မှုတစ်ခုကို ပြုလုပ်ခဲ့ပြီး နတ်ဘုရားတစ်ပိုင်းစွမ်းအား အငွေ့အသက်ကို ပယ်ဖျောက်ရန်အတွက် [ နှစ်သွယ်လေ့ကျင့်ရေး ] ကို အသုံးပြုခဲ့သည်။ သို့ရာတွင် အိုလီဖီးရက်စ်က ခန္ဓာကိုယ်နှင့် ပတ်သက်ပြီး အနည်းငယ် ပြဿနာ ရှိနေသေးပုံရသည်....
ဆာရီရယ်က မေးသည်။ “ခုနက ပျက်စီးခြင်း ဇစ်မြစ်စွမ်းအားကို ဝါးမျိုဖို့အတွက် သုံးခဲ့တဲ့ စွမ်းအားက ဘာလဲ။”
ပျက်စီးခြင်း ဇစ်မြစ်စွမ်းအားတဲ့လား။ ချန်လွေ့က သန့်စင်သော ပျက်စီးခြင်း စွမ်းအားကို ဝါးမျိုရန်အတွက် တွင်းနက်ကို အသုံးပြုခဲ့သည့် မြင်ကွင်းအား သတိရသွားခဲ့ပြီး ပြန်ဖြေလိုက်သည်။ “အဲဒါက ကျုပ်ရဲ့ သန္ဓေပြောင်း ဝါးမျိုပါရမီတစ်မျိုးပါ။ ဒါပေမဲ့ သက်ရောက်မှုက အကန့်အသတ် ရှိတယ်။ အကန့်အသတ်ကို ရောက်သွားရင် ထပ်ပြီး သုံးလို့မရတော့ဘူး။”
“အသုံးဝင်မှု အကန့်အသတ် ရှိရင်တောင် ပျက်စီးခြင်း ဇစ်မြစ်စွမ်းအားကို ဒီလိုမျိုး ဝါးမျိုနိုင်တာက ကောင်းမွန်တဲ့ ပါရမီတစ်ခု ဖြစ်နေပါပြီ။ ဒါက အရေးပါတဲ့ အခိုက်အတန့် တစ်ခုမှာ မမျှော်လင့်ထားတာ တစ်ခုခု ဖြစ်လာနိုင်တယ်။ ဒါဆို... ငါ မင်းကို ရွေးချယ်စရာ တစ်ခုပေးမယ်။ ငါ့ရဲ့ မိစ္ဆာမျက်ဆံကို လက်ခံပြီးတော့ ငါ့အတွက် ကိစ္စတစ်ခုကို လုပ်ပေး။”
“အသက်ရှင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းကို ကျုပ်မှာ ငြင်းစရာ အကြောင်း မရှိပါဘူး။” ချန်လွေ့က မဲ့ရွဲ့လျက် ပြုံးလိုက်သည်။
ဆာရီရယ်၏ မျက်လုံးထဲ၌ အရောင်တောက်သွားပြီးနောက် ထူးဆန်းသော သင်္ကေတစ်ခုက ဖြည်းဖြည်းချင်း ပျံသန်းလာသည်။
ချန်လွေ့က သင်္ကေတကို ဦးညွှတ်လိုက်ပြီး ချိပ်ပိတ်အား ခန္ဓာကိုယ်ထဲ ဝင်စေလိုက်သည်။ ခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီးနောက် ချိပ်ပိတ်က ရုတ်တရက် ထူးဆန်းသော စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဝိညာဉ်ထဲသို့ ပျံ့နှံ့သွားခဲ့သည်။ စူပါစနစ်ထဲ၌ သတိပေးချက်တစ်ခု ချက်ချင်း ပေါ်ထွက် လာသော်လည်း ချန်လွေ့က သဘာဝလွန်စွမ်းအား ပြောင်းလဲခြင်းကို အတည်မပြုခဲ့ပေ။ သူ့မျက်လုံးထဲ၌ သွေးနီရောင် အမူအရာတစ်ခု လက်ခနဲ ဖြစ်သွားပြီးနောက် အခြားအသွင်ဖြင့် ချိပ်ပိတ်ကို “လက်ခံ”လိုက်၏။
“သိပ်ကောင်းတယ်။ ချိပ်ပိတ်အကြောင်း မင်း စိတ်ပူစရာ မလိုဘူး။ မင်း ငါ့ကို သစ္စာမဖောက်သရွေ့၊ မင်းကို ငါ ဘာအန္တရာယ်မှပေးမှာ မဟုတ်ဘူး။ အဲဒါက မင်းကို နှောင့်ယှက်မှာလည်း မဟုတ်ဘူး။ အဲဒါက မင်းကို မိစ္ဆာမျက်ဆံ စွမ်းအားရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ ခွင့်ပြုပေးလိမ့်မယ်။ ဒီကိစ္စကို မင်း အောင်မြင်အောင် လုပ်နိုင်မယ်ဆိုရင် ငါမင်းကို ဆုလာဒ်တွေ မြိုးမြိုးမြက်မြက် ပေးမယ်။ ပြီးတော့ မင်း ဆုံးရှုံးသွားခဲ့တဲ့ အရာအားလုံးကို ပြန်ရဖို့တောင် ကူညီပေးနိုင်တယ်။”
ချန်လွေ့က ရိုသေစွာဖြင့် ခေါင်းညိတ်လိုက်၏။ “ကျုပ်ကို ပြောပါ။ဆာ။”
ဆာရီရယ်၏အသံက ကျေနပ်မှုများဖြင့် ပြည့်နေခဲ့သည်။ “ဒီကိစ္စက တကယ်တော့ တစ်ဖနီနဲ့ သက်ဆိုင်နေတယ်။ သူက စေတန်ရဲ့ ညွှန်ကြားမှုနဲ့ ဒီကို ရောက်လာခဲ့တာ။ သူက ငါ့စွမ်းအားကို သုံးပြီးတော့ အရင်က ငါတို့ သဘောတူထားတာနဲ့ သက်ဆိုင်တဲ့ တစ်ခုခုကို ပြီးမြောက်အောင် လုပ်ချင်တာ။ အခု ပြီးတော့မယ့်ပုံပဲ။”
ချန်လွေ့က ခဏ စဉ်းစားလိုက်သည်။ “အဲဒါက...ဘာကိစ္စလဲဆိုတာက မေးလို့ ရမလား မသိဘူး။”
“ခုနက ဒီကိစ္စအကြောင်း မင်းကို ပြောပြဖို့ စဉ်းစားထားတယ်။ စေတန်က ဒီကောင်မလေးကို သော့တစ်ခု အနေနဲ့ ပြောင်းလဲဖို့အတွက် ငါ့ရဲ့ မိစ္ဆာမျက်ဆံ စွမ်းအားကို လိုအပ်တာ။ ဒီသော့ချက် လျို့ဝှက်ဆန်းကြယ် နေရာတစ်ခုကို ဖွင့်နိုင်တယ်။”
ချန်လွေ့က ထိတ်လန့်သွားခဲ့သည်။ တစ်ဖနီက တကယ့်ကို “သော့” ဖြစ်နေတာပဲ။ ဒါက သူ့ကို စေတန်က တပည့်အဖြစ် လက်ခံခဲ့တဲ့ တကယ့် ရည်ရွယ်ချက်လား။ ဒါက ငါမှတ်မိတဲ့ ကောင်မလေးရဲ့ “ကံကြမ္မာ”လား။
“သူ့ရဲ့ ခန္ဓာအမျိုးအစားက တော်တော်လေး ထူးခြားတယ်။ အလင်းအမှောင် ခန္ဓာအမျိုးအစား။ စေတန်ရဲ့ လျို့ဝှက်ပညာရပ်နဲ့ ငါ့ရဲ့ မိစ္ဆာမျက်ဆံ စွမ်းအား နှစ်ခြင်းကို ပေါင်းလိုက်မယ်ဆိုရင် သူ့ခန္ဓာကိုယ်က အလင်းအမှောင် ဂုဏ်သတ္တိက လျို့ဝှက်ဆန်းကြယ်နေရာတစ်ခုက ချိပ်ပိတ်နဲ့ လုံးဝ စည်းချက်ညီသွားမယ်။ ဒါက “သော့”ရဲ့ အဓိပ္ပာယ်ပဲ။ သူ့ရဲ့ နှစ်ခြင်းမှာ ရလာဒ်၂ခု ရှိတယ်။ ပထမ တစ်ခုက အသိစိတ်နဲ့ အသွေးအသား ဆုံးရှုံးပြီးတော့ တကယ့်သော့တစ်ချောင်း ဖြစ်သွားတာပဲ။ ဒုတိယတစ်ခုက ခန္ဓာကိုယ်နဲ့ အသက်စိတ် ရှိနေပြီးတော့ သော့တစ်ချောင်းရဲ့ လုပ်ဆောင်ချက် ရှိနေတာပဲ။ အစကတော့ သူက ပထမတစ်ခု ဖြစ်သွားတော့မလို့ပဲ။ မင်းက အဲဒီ ပျက်စီးခြင်း ဇစ်မြစ်စွမ်းအားတွေကို အရေးကြီး အခိုက်အတန့်မှာ ဝါးမျိုလိုက်ပြီးတော့ မင်း စမ်းကြည့်ခဲ့တဲ့ မှော်စာက ပြောင်းလဲမှု အချို့ကို ဖြစ်စေခဲ့တယ်။ အဲဒါကြောင့် သူ့ရဲ့ လက်ရှိ ကံကြမ္မာက နည်းနည်း ပြောင်းလဲသွားတယ်။ ဒါက ဒုတိယရလာဒ် ဖြစ်လောက်တယ်။”
ချန်လွေ့က တိတ်တိတ်လေး စိတ်သက်သာရာ ရသွားခဲ့သည်။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ ဒါက ပထမရလာဒ်ထက်တော့ ပိုကောင်းပါတယ်။
“တကယ်တော့ ဒါက ငါလိုချင်တဲ့ ရလာဒ်ပဲ။ သူ့ခန္ဓာကိုယ်ပေါ်မှာ ငါ တစ်ခုခု လုပ်လိုက်မယ်။ အဲဒီအချိန် သူဘယ်မှာရှိနေလဲဆိုတာက မြင်နိုင်ဖို့အတွက် မိစ္ဆာမျက်ဆံ စွမ်းအားကို သုံးလို့ရတယ်။ အချိန်တစ်ခုမှာ စေတန်က သူ့ကို ပျက်စီးခြင်း ဇစ်မြစ်စွမ်းအားတွေ လွှမ်းမိုးနေတဲ့ လျို့ဝှက်ဆန်းကြယ် နေရာတစ်ခုကို ရှာခိုင်းလိမ့်မယ်။ မင်းရဲ့ ပါရမီရယ်၊ ငါမင်းကို ပေးထားတဲ့ မိစ္ဆာမျက်ဆံနဲ့ရယ်ဆိုရင် ဒါကို ရင်ဆိုင် ဖြေရှင်းနိုင်လောက်မှာပါ။ မင်းလုပ်ရမှာက သူနဲ့အတူ အဲဒီကို လိုက်သွားပြီးတော့ အဲဒီပစ္စည်းကို ယူပြီး ငါ့ကို ပေးဖို့ပဲ။
ဆာရီရယ်က မည်သည့်အတွက်ကြောင့် မိမိကို ကယ်တင်ခြင်ကြောင်း ချန်လွေ့ နောက်ဆုံး၌ နားလည်သွားခဲ့ပြီး မေးလိုက်သည်။ “ဆာ-ဆာရီရယ်။ ကျုပ် သွားယူရမယ့် ပစ္စည်းက ဘာလဲ။”
“တကယ်တော့ အရာက ပစ္စည်းတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ အတိအကျ ပြောရရင်တော့ တဝက်ပေါ့။ အဲဒါက ငွေသေတ္တာတစ်ခုထဲမှာ ရှိလောက်တယ်။”
ထိုအဖြေက ချန်လွေ့အား နှလုံးသား အပြင်းအထန် မခုန်အောင် မထိန်းချုပ် နိုင်လုနီးပါး ဖြစ်သွားစေခဲ့သည်။ အကြောင်းမှာ ဆယ်ရီရယ် ပြောခဲ့သော “ပစ္စည်း”၏ အခြားတဝက်က သူ့လက်ထဲ၌ ရှိနေ၍ပင်။