ဆာရီရယ်၏ အပ်နှင်းမှု
Vol. 48 Ch. 780
ငွေသေတ္တာ။
ထိုအရာက ချန်လွေ့၏ စိတ်ထဲ၌ အမြဲပင် ပဟေဠိတစ်ခု ဖြစ်နေခဲ့သည်။ ထိုစဉ်က ပါ့ဂ်လီအိုသည် ဇိုလာနှင့် ပူးပေါင်းပြီး ရာနိုင်းနီနှင့် ယာကော့ဘ်တို့ကို တိုက်ခိုက်ခဲ့ပြီးနောက် ပါ့ဂ်လီအိုက ဇိုလာကို သစ္စာဖောက်ကာ အလစ် တိုက်ခိုက်ခဲ့သည်။ နောက်ဆုံးတွင် သူ့ကို နဂါးဧကရာဇ် အက်ဂ်လက်စ်က နှစ်ပေါင်း ၂၀၀၀ အကျဉ်းချခဲ့၏။ ထိုအဖြစ်အပျက်၏ ဇစ်မြစ်မှာ ထိုငွေသေတ္တာကြောင့်ပင်။
ချန်လွေ့က ထိုငွေသေတ္တာကို ပါ့ဂ်လီအို၏ ရတနာသိုက်ထဲမှ ရရှိခဲ့သည်။ သူက ၎င်းကို နှစ်ကြိမ်သာ ဖွင့်ခဲ့သည်။ အတိအကျပြောရလျှင် အမှန်တကယ် မပွင့်ခဲ့ပေ။ ရလာဒ်အနေဖြင့် ၎င်းမှ အသူရာ မွေးဖွားလာခဲ့သည်။
ယခုတွင် ငွေသေတ္တာက သက်တန့်တောင်ကြား စမ်းသပ်ခန်းထဲရှိ ပြန်လည်ရှင်သန်ခြင်း ရေစင်ထဲ၌ ဝှက်ထား၏။ ချန်လွေ့ စိတ်ကူးကြည့်၍ မရသည်က နတ်ဘုရားအဆင့်သို့ အနှိုင်းမဲ့ နီးစပ်နေသော စေတန်နှင့် ဆာရီရယ်တို့က မည်သည့်အတွက်ကြောင့် ထိုငွေသေတ္တာကို တပ်မက်နေကြောင်းပင်။ ထို့ပြင် ငွေသေတ္တာက တစ်ခုထက် ပိုရှိနေ၏။
“မင်းက...ဒီငွေသေတ္တာအကြောင်း ကြားဖူးတလား။” ချန်လွေ့၏ ခံစားချက် အပြောင်းအလဲက ခဏတာသာ ဖြစ်သော်လည်း ဆာရီရယ်က သတိထားမိ သွားခဲ့သေးသည်။ ပတ်ဝန်းကျင်အငွေ့အသက်က ရုတ်တရက် အေးခဲသွားသည်။
အခြေအနေ မကောင်းကြောင်း ချန်လွေ့ သိလိုက်ပြီးနောက် ရုတ်တရက် စိတ်ကူးအသစ်တစ်ခု ရရှိသွားခဲ့သည်။ သူက မစဉ်းစားဘဲ ပြန်ဖြေလိုက်၏။ “ဆာ။ နတ်ဆိုးဘုံကို ကျုပ် ရောက်လာတုန်းက လျို့ဝှက်ဆန်းကြယ်တဲ့ ငွေသေတ္တာ အကြောင်းကို နတ်ဘုရားတစ်ပိုင်း ပုဂ္ဂိုလ်တစ်ယောက် ပြောနေတာ ကြာခဲ့တယ်။ ဒါပေမဲ့ ကျုပ်ကြားတဲ့ ငွေသေတ္တာက “တစ်ခုခု”ရဲ့ ၇ပုံ ၁ပုံပဲ။ ဆာ ပြောတဲ့ဟာနဲ့ အတူတူ ဟုတ်မဟုတ်တော့ မသိဘူး။”
ထို “၇ပုံ ၁ပုံ”ဆိုသည်က ချန်လွေ့ လုပ်ကြံပြောခြင်း မဟုတ်ဘဲ အစက ငွေသေတ္တာမှာ “တစ်စုံတစ်ခု”၏ ၇ပုံ ၁ပုံဖြစ်ကြောင်း ဇိုလာ ပြောခဲ့သည်ကြောင့် ဖြစ်ပေသည်။ အကယ်၍ ၇ခုကို ပြည့်ပြည့်စုံစုံ ပေါင်းလိုက်နိုင်မည်ဆိုလျှင် နတ်ဘုရားများကိုပင် ဟန့်တားနိုင်မည် ဖြစ်၏။ ထိုစကားနှစ်ခုက မည်သည်ကြောင့် ကွဲပြားနေကြောင်းကိုသာ သူ နားမလည်နိုင်ခဲ့ပေ။
“အဲဒါက တခြား ငွေသေတ္တာ ဖြစ်လောက်တယ်။ ဒီအကြောင်း သတင်းရရင် မင်းငါ့ကို ချက်ချင်း သတင်းပို့။” ချန်လွေ့က အလျင်အမြန် ပြန်ဖြေလိုက်၏။ ဆာရီရယ်က အမှန်တကယ်ပင် သံသယများကို ဖယ်ရှားပြီး ပြန်ပြောသည်။ “၇ပုံ ၁ပုံကတော့ နောက်ထပ် ရှုထောင့်တစ်ခုနဲ့ နားလည်နိုင်တယ်။ တကယ်တော့ ဒီအရာနဲ့ သိဒ္ဓိအလင်းတောင်ထိပ်ပေါ်က အရာတွေကလည်း....။ အခု ပြောလို့ အဓိပ္ပာယ် မရှိဘူး။ ငါ့ တာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်မယ်ဆိုရင် မင်းကို လူသားလောကဆီ ပြန်ရောက်ဖို့နဲ့ ပုပ်ရဟန်မင်း ဖြစ်စေဖို့အတွက် ငါ အကောင်းဆုံး ကူညီပေးမယ်။ အဲဒီအချိန် လျို့ဝှက်ချက်တွေ အများကြီးကိုလည်း မင်း သဘောပေါက်လာလိမ့်မယ်။ ငါတို့ ဆက်ပြီးတော့ ပူးပေါင်းမယ်ဆိုရင် နှစ်ဖက်လုံး အကျိုးအမြတ်တွေ ရကြမှာပဲ။ ဒါပေမဲ့ အခု မင်းက သိဖို့အတွက် အရည်အချင်း မပြည့်မှီသေးဘူး။”
သိဒ္ဓိအလင်းတောင်ထိပ်ပေါ်မှာရှိတဲ့ အလင်းနတ်ဘုရားကျောင်းက တကယ်ပဲ ငွေသေတ္တာနဲ့ ဆက်နွှယ်နေတယ်။ နောက်ဆုံး အဖြေမရှိပေမဲ့ ဒီနေ့ ငါက လျို့ဝှက်ချက်တွေ လုံလုံလောက်လောက်ကို သိသွားခဲ့ပြီ။ ချန်လွေ့က ပင့်သက် ရှိုက်လိုက်ပြီးနောက် ပြန်လည်တည်ငြိမ်သွားခဲ့သည်။ “ဆာ။ တစ်ခု ရှိသေးတယ်။ ကျုပ်ရဲ့ [ ကျက်သရေ အလင်းခန္ဓာ ]ကို ဖုံးကွယ်နိုင်မယ့် နည်းလမ်းတစ်ခုခု ရှိမလား မသိဘူး။ ကျုပ်က ဆာ့အတွက် အလုပ်လုပ်ပေးနေတာဆိုတော့ တခြားသူတွေ သိသွားမှာကို မလိုချင်ဘူး။ ပြီးတော့လည်း ဒီနေရာက နတ်ဆိုးဘုံဆိုတော့ မလိုလားအပ်တဲ့ ပြဿနာတွေလည်း မဖြစ်ချင်ဘူး။”
“Actually, your disguise technique is smart enough. If it is another Pseudo-God-level powerhouse, he can’t feel that uncomfortable light element breath if he doesn’t have the experience of fighting against the guys in the human world for countless years. More importantly, your worries are now unnecessary.”
ဆာရီရယ်၏အသံက ဝင့်ကြွားမှုများ ပြည့်နှက်နေ၏။ “မိစ္ဆာလ မှော်သင်္ကေတမှာ မိစ္ဆာမျက်ဆံစွမ်းအား ရှိတယ်။ လျို့ဝှက်ဆန်းကြယ်မှုကို နားလည်နိုင်သရွေ့ မင်းက [ ကျက်သရေ အလင်းခန္ဓာ ] နဲ့ တခြား အငွေ့အသက် တွေကို လုံးဝ ဖုံးကွယ်ထားနိုင်တယ်။ မင်း မပြချင်ရင် မိုက်ကယ်တောင် မြင်နိုင်မှာ မဟုတ်ဘူး။ ငါက လွဲရင်ပေါ့။ ပြီးတော့လည်း မိစ္ဆာမျက်ဆံစွမ်းအားက အစစ်အမှန် မီးတောက် အချုပ်အနှောင် ပယ်ဖျက်တဲ့ အမြန်နှုန်းကိုလည်း တိုးစေတယ်။ မင်း အဲဒီကနေ လွတ်မြောက်ဖို့က အနှေးနဲ့အမြန်ပဲဆိုတာ ငါ မြင်နိုင်တယ်။ ဒါပေမဲ့ ငါ မင်းကို တစ်ခု သတိပေးလိုက်မယ်။ မိစ္ဆာလ မှော်သင်္ကေတက မင်းရဲ့ ဝိညာဉ်နဲ့ ပေါင်းစပ်နေပြီ။ မင်း အဲဒါနဲ့ ပေါင်းစည်းပြီးတော့ ငှားရမ်းလိုက်ရတယ်။ ဒါပေမဲ့ အဲဒါကို ပယ်ဖျက်ဖို့၊ ငါ့ကို သစ္စာဖောက်ဖို့ မကြိုးစားနဲ့။ မဟုတ်လို့ကတော့ ဒီလောကမှာ အဆိုးရွားဆုံး အကျိုးဆက်ကို မင်း ခံစားရလိမ့်မယ်။”
“နားလည်ပါတယ်။” ချန်လွေ့က သက်ပြင်းချလိုက်သည်။ “ဒီတစ်ခေါက် ကျုပ် ဒီကို အဖော်တစ်ယောက်နဲ့ လာခဲ့တာ။ အဲဒီအပြင် အပြင်ဘက်က ယန္တရား အစည်းအရုံးက ယန္တရားဆရာသခင်တွေကလည်း ယိုစိမ့်လာတဲ့ စွမ်းအား တမျိုးမျိုးကြောင့် ကူးစက်ခံလိုက်ရသလိုပဲ....”
“မင်းရဲ့အဖော်က အဲဒီတိုင်းပြည်အဆင့် ရေဘဝဲလေးလား။ သူက မူလအသွင် ထုတ်ပြပြီးတော့ တိုင်းပြည်ကို တိုက်ခိုက်ဖို့ ထွက်သွားချင်ခဲ့တယ်။ ဒါပေမဲ့ ငါ သူ့ကို နှိမ်နင်းထားတယ်။ ငါ သူနဲ့ တစ်ဖနီကို ဒီကနေ ခေါ်ထုတ်ပေးလိုက်မယ်။ ယန္တရား အစည်းအရုံးကတော့ တစ်ဖနီရဲ့ နှစ်ခြင်းအတွင်းမှာ ဥပဒေသစွမ်းအား ယိုစိမ့်မှုကြောင့် ဖြစ်ခဲ့တာပဲ။ အခု အဆင်ပြေလောက်ပြီ။”
“ကျေးဇူးတင်ပါတယ်။ ဆာ။ ဒီနေ့ ဖြစ်ခဲ့တဲ့အရာတွေကို ဘယ်သူ့ကိုမှ ကျုပ် ပြန်ပြောမှာ မဟုတ်ပါဘူး။” ထိုသို့ ပြောပြီးနောက် ချန်လွေ့က အရိုအသေ ပြုလိုက်ပြန်သည်။
“မင်းက အတော်လေး ပါးနပ်တယ်။ ငါက အမြဲတမ်း မျှမျှတတနဲ့ ဆုပေးတတ်တယ်။ အပြစ်ပေးတတ်တယ်။ မိစ္ဆာမျက်ဆံ စွမ်းအားအပြင် ငါမင်းကို ပေးစရာ နောက်ထပ်နှစ်ခု ရှိတယ်။” ဆာရီရယ်၏ အနက်ရောင်မျက်ဆံများ လက်ခနဲ ဖြစ်သွားပြီးနောက် တစ်ခုခု ပျံသန်းလာခဲ့သည်။ ချန်လွေ့က ၎င်းကို ကြည့်လိုက်ရာ မျက်လုံးပုံစံကွက်တစ်ခုရှိသော ဆဋ္ဌဂံ ကြေးတံဆိပ်ပြား ဖြစ်ကြောင်း တွေ့လိုက်ရ၏။
“ဒါက ငါ့ကိုယ်ပွားကို ဆင့်ခေါ်နိုင်တဲ့ မိစ္ဆာမျက်ဆံ တံဆိပ်ပြားပဲ။ တစ်ဖနီ ရှာနေတဲ့အရာကို မင်းရှာနေတဲ့အချိန်မှာ စေတန် တားဆီးတာ ခံရရင် ဒါကို အသက်သွင်းလိုက်။ အခု ငါ စွမ်းအင်စုစည်းဖို့ လိုအပ်တယ်။ အဲဒါကြောင့် အချိန်အများစုမှာ အိပ်နေမှာ။ ငါ့ကို နှောင့်ယှက်ဖို့ တံဆိပ်ပြားကို သက်သက်ကြီး မသုံးနဲ့။ မဟုတ်လို့ကတော့ မင်းက မင်းကိုယ်မင်း ဖျက်ဆီးမယ့် အိပ်မက်ဆိုးကိုပဲ ဆင့်ခေါ်လိုက်သလို ဖြစ်သွားမှာ။”
ထိုလေသံများ ကြားရသည်မှာ ချန်လွေ့အတွက် ပထမဆုံ မဟုတ်ပေ။ သူက “ကျွမ်းကျွမ်းကျင်ကျင်” ခေါင်းညိတ်ပြလိုက်၏။
“မင်းရဲ့ အရင်က စွမ်းဆောင်ရည်တွေကို ကြည့်ရတာ မင်းက ရှေးမှော်စာတွေနဲ့ ပတ်သက်ပြီးတော့ အထင်ကြီးလောက်စရာ အခြေခံနဲ့ နားလည်သဘောပေါက်မှု ရှိနေတယ်။ ဒီမှတ်ဉာဏ်သလင်းကျောက်မှာ ရှေးမှော်စာ အမြုတေ ပါဝင်တယ်။ ရှေးမှော်စာတွေက နတ်ဘုရားယောင် အဆင့် အတွက် မရှိမဖြစ် လိုအပ်တဲ့ အခြေခံအုတ်မြစ်တစ်ခုပဲ။ မင်းရဲ့ အနာဂတ် လမ်းကြောင်းအပြင် အဲဒီ လျို့ဝှက်ဆန်းကြယ်တဲ့ နယ်မြေကို ဝင်ရောက်ဖို့ လိုအပ်တယ်။”
ပတ်ပတ်လည်မှ မရေမတွက်နိုင်သော မှော်စာများက သလင်းကျောက် အလင်းစက် တစ်ခုအဖြစ် ရုတ်တရက် ပြောင်းလဲသွားကာ ချန်လွေ့၏ လက်ပေါ်သို့ ကျလာသည်။ ချန်လွေ့က အလွန်ပျော်ရွှင်သွားပြီး ဦးညွှတ်လိုက်၏။ “ကျေးဇူးတင်ပါတယ်။ ဆာ။”
ထိုအရာက အနာပေးလိုက် ဆေးပေးလိုက် လုပ်နေခြင်းဖြစ်ကြောင်း ချန်လွေ့ ကောင်းကောင်းသိသည်။ လျို့ဝှက်ဆန်းကြယ်မှု တည်ရှိနေသော ငွေသေတ္တာအပြင် ရေရှည်၌ သူ၏ [ ကျက်သရေအလင်းခန္ဓာ ] နှင့် “ပုပ်ရဟန်းမင်းဆက်ခံသူ” သရုပ်တို့က ဆာရီရယ်က တန်ဖိုးတစ်ခုခု ရှိပုံရသည်။ ထိုအရာက ယုံကြည်မှု ခိုးယူသော နတ်ဘုရားယောင်များ၏ လျို့ဝှက်ချက်များနှင့်လည်း ပတ်သက်နိုင်၏....
သိပ်မကြာခင် ချန်လွေ့၏ ပုံရိပ်က စတုတ္ထအလွှာရှိ ထူထဲသော ဂိတ်တံခါး အပြင်ဘက်၌ ပေါ်ထွက်လာခဲ့သည်။
မြေပြင်ပေါ်၌ လူနှစ်ယောက် လှဲလျောင်းနေ၏။ တစ်ယောက်က ရေဘဝဲဘုရင် ရက်ပီပစ်ဖြစ်ပြီး နောက်တစ်ယောက်က မျက်နှာလွှားဝတ်ထားသော တစ်ဖနီ ဖြစ်လေသည်။
ရေဘဝဲဘုရင်က အရင်ဦးစွာ ထလာသည်။ ချန်လွေ့ကို မြင်လိုက်ရာ သူက စိတ်သက်သာရာ ရသွားပြီး လှည့်ပတ်ကြည့်လိုက်၏။ “ဒါက တံခါးလား။ ပုံရိပ်ယောင်လား။”
ချန်လွေ့က ခေါင်းခါလိုက်သည်။ “ခင်ဗျားရဲ့ အလုပ်ကို အခုပဲ ပုံရိပ်ယောင် ဘုရင်လို့ ပြောင်းလိုက်သင့်ပြီ။ ခုနက ခင်ဗျား မူလအသွင်ပြောင်းလိုက်တုန်းက အဲဒီလောကရဲ့စွမ်းအားကို မွှေနှောက်လိုက်လို့ ကျုပ်တို့ ထွက်လာရတာ။”
“တကယ်ပဲလား။ အဲဒီနေရာစုတ်က တော်တော်လေး ကြောက်စရာ ကောင်းတယ်။ ငါ ထပ်ပြီး မသွားချင်တော့ဘူး။” ရေဘဝဲဘုရင်က မတ်တပ်ရပ်ကာ ကြောက်ရွံ့စွာဖြင့် တံခါးကို ကြည့်နေရင်း ခန္ဓာကိုယ်ကို ဆန့်ထုတ်နေလိုက်သည်။ “အား။ ခေါင်းတော်တော် ကိုက်တာပဲ။ အရိုးတွေလည်း ပြုတ်ထွက်တော့မလိုပဲ။”
အရိုးတွေ ဟုတ်လား။ ရေဘဝဲက ခရုမျိုး မဟုတ်ဘူးလား။ ချန်လွေ့၏ ထူးဆန်းသော အကြည့်ကြောင့် ရေဘဝဲဘုရင်က ရှင်းပြ၍မရဘဲ ကြောက်လန့် သွားခဲ့သည်။ ထို့နောက် “အွန်း”ခနဲအသံ ထွက်လာပြီး နောက်ဆုံးတွင် တစ်ဖနီ နိုးလာတော့သည်။
“ရှင်တို့က ဘယ်သူတွေလဲ။” တစ်ဖနီက တဖြည်းဖြည်းထလာပြီး မျက်လုံးထဲ၌ ရေခဲကဲ့သို့ သတ်ဖြတ်ချင်စိတ်များဖြင့် သူတို့နှစ်ယောက်ကို စိုက်ကြည့် နေလိုက်သည်။ ကုန်စည်ပြပွဲမှ စပ်စုပြီး ဆွဲဆောင်မှုရှိသော ကောင်မလေး မဟုတ်ဘဲ ဆက်ခ်ရက်တောင်မှ အေးစက်ပြီး ရက်စက်သော လူသတ်သမား ဖြစ်နေသည်မှာ အသေအချာပင်။ ချန်လွေ့က ခန့်မှန်းမိပြီးသား ဖြစ်သည်။ သူ၏ အလင်းအမှောင် ခန္ဓာအမျိုးအစား ကဲ့သို့ပင် သူ၏ ခန္ဓာကိုယ် ထဲ၌လည်း စိတ်နေသဘောထား နှစ်မျိုး ရှိနေ၏။
[ သရုပ်ခွဲမျက်လုံး ] ထဲ၌ တစ်ဖနီ၏ စွမ်းအားက S+ အဆင့်ကို ရောက်ရှိသွားပြီ ဖြစ်သည်။ ကြည့်ရတာ “နှစ်ခြင်း” ဆိုတဲ့ဟာက သူ့ စွမ်းအားကို တိုးမြှင့်ပေးလိုက်တဲ့ပုံပဲ။ ဒါပေမဲ့ ကံဆိုးချင်တော့ အဲဒါက “သော့”အတွက်ပဲ။ သူ့ “ဆရာ”ရဲ့ မျက်လုံးထဲမှာတောင် ဒီကောင်မလေးက သနားစရာ အသုံးချခံ တစ်ခုပဲ။
“မင်းက စတုတ္ထအလွှာကနေ ခေါ်ထုတ်ဖို့အတွက် ငါတို့ကို ရိုင်ဇန် အလုပ်အပ်ထားတာ။” သတိထားနေသော တစ်ဖနီနှင့် ရင်ဆိုင်ရသည့်အခါ ချန်လွေ့က ပုံမှန်ပင် ပြောလိုက်၏။ “တာဝန်ကတော့ ပြီးမြောက်သွားပြီပေါ့။”
တစ်ဖနီက ချန်လွေ့နှင့် ရေဘဝဲဘုရင်တို့ကို ကြည့်လိုက်ပြီး ခန္ဓာကိုယ်ထဲမှ အပြောင်းအလဲများကို တိတ်တိတ်လေး ခံစားကြည့်ကာ ရန်လိုမှုကို နောက်ဆုံး၌ ဖယ်ရှားလိုက်သည်။
စာအုပ်ပေါင်းချုပ်ခန်းမသို့ သွားရောက်သော တာဝန်ခရီးက မယုံနိုင်စရာ အလှည့်အပြောင်းများ ဖြစ်ခဲ့သော်လည်း နောက်ဆုံးတွင် ပြီးမြောက်သွားခဲ့၏။
မိစ္ဆာမျက်ဆံ တံဆိပ်ပြားအပြင် ရှေးမှော်စာ အမြုတေ ပါဝင်သော မှတ်ဉာဏ် သလင်းကျောက်က ဆာရီရယ်၏ ဆုလာဒ်များထဲမှ အကြီးမားဆုံး ရရှိမှု ဖြစ်သည်။ ထိုအရာက ချန်လွေ့နှင့် ဇိုလာတို့၏ ရှေးမှော်စာ အဆင့်များကို သုံလေးဆ တိုးမြှင့်ပေးနိုင်လေသည်။ “ရှေးမှော်စာများက နတ်ဘုရားယောင်အဆင့်အတွက် မရှိမဖြစ်လိုအပ်သော အခြေခံတစ်ခု”ဟု ဆာရီရယ် ပြောခဲ့သည်။ ထိုအရာက လိမ်ညာနေခြင်း မဟုတ်လောက်ပေ။ ထို့အပြင် “မိစ္ဆာလမှော်သင်္ကေတ”ကလည်း ရရှိမှုထဲမှ တစ်ခု ဖြစ်သည်။ ဆာရီရယ် ပြောသည့်အတိုင်းဆိုရင် မိစ္ဆာမျက်ဆံတွင် ပါဝင်သော စွမ်းအားက [ ကျက်သရေအလင်းခန္ဓာ ]ကို ဖုံးကွယ်ရုံထက် များစွာ ပိုနေသေးသည်။ ချိပ်ပိတ်မှာ အမှန်တကယ်ပင် အသက်ကို ခြိမ်းခြောက်နိုင်သော အရာတစ်ခုဖြစ်ပြီး ချန်လွေ့ကို ထိန်းချုပ်ရန်အတွက် ဆာရီရယ်၏ နည်းလမ်းလည်း ဖြစ်ပေသည်။
သို့သော်လည်း ဆာရီရယ်ကဲ့သို့ အစွမ်းထက်သောသူက မိစ္ဆာလ မှော်သင်္ကေတကို လက်ခံခဲ့သော ထိုသူတွင် ကိုယ်ပွားတစ်ခု ရှိနေပြီး ထိုမှော်သင်္ကေတကို ကိုယ်ပွားက “ဝါးမျို”လိုက်နိုင်ကြောင်း စဉ်းစားမိခဲ့မည် မဟုတ်ပေ။
သို့သော် ချန်လွေ့က မိစ္ဆာလ မှော်သသေင်္ကတကို လုံးဝ ဝါးမျိုပြီး ဆာရီရယ် သတိထားမိသွားစေရန် မရည်ရွယ်ထားခဲ့ပေ။ ခေါင်းဆောင်ကို ရန်စမိခဲ့လျှင် အခြားသူများကိုလည်း ထိခိုက်သွားစေနိုင်၏။ ထို့ကြောင့် ထိုချိပ်ပိတ်ကို ယာယီတွင် အသူရာ၏ ခန္ဓာကိုယ်ထဲ၌ သိမ်းဆည်းထားလိုက်သည်။ ဆာရီရယ်ကို သူ့ကို အနာဂတ်၌ ထိန်းချုပ်ခြင်း သို့မဟုတ် ဖောက်ခွဲခြင်း ပြုလုပ်ခဲ့လျှင် အသူရာ အပေါ်၌သာ အလုပ်ဖြစ်မည် ဖြစ်သည်။ အဆိုးဆုံး ဖြစ်လာခဲ့လျှင် သူက အသူရာအား ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခိုင်းပြီး သေဟန်ဆောင်လိုက်ပေမည်။ သူက အချိန်တစ်ခုအထိ အဆင်ပြေနေလောက်ပေသည်။
တစ်ဖနီ၏ ခန္ဓာကိုယ်ပေါ်၌ အလင်းအမှောင် နှစ်ခြင်းက လုံးဝစုစည်းရန် ၂နှစ်မှ ၃နှစ်အထိ ကြာမြင့်မည် ဖြစ်သည်။ သူက ထိုအချိန် လျို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုကို သွားပြီး နောက်ထပ် ငွေသေတ္တာတစ်လုံးကို ရှာဖွေမည် ဖြစ်သည်။ ချန်လွေ့က ထိုကဲ့သို့ ရှုပ်ထွေးသော ခရီးတွင် ဝင်ပါသင့်မသင့် စဉ်းစားနေဆဲ ဖြစ်သည်။ သူက အရေးကြီးဆုံးအရာမှာ မိမိ၏ ကိုယ်ပိုင်စွမ်းအားဖြစ်ကြောင်း သဘောပေါက်သည်။ အကယ်၍ သူက စေတန်နှင့် ဆာရီရယ်တို့ကို ယှဉ်နိုင်သော အဆင့်အထိ ရောက်ရှိခဲ့လျှင် တည်ကျက် သို့မဟုတ် ထိန်းချုပ်ခံ ရုပ်သေးအဖြစ် အသုံးပြုသော ပုစဉ်းရင်ကွဲ မဟုတ်တော့ဘဲ ပုစဉ်းရင်ကွဲနောက်မှ ရှိခိုးကောင် ဖြစ်လောပေလိမ့်မည်။
၂နှစ် ၃နှစ်အတွင်းမှာ ပန်းတိုင်က အင်ပါယာသုံးခု ဒါမှမဟုတ် ရိုင်ဇန်ကို စိန်ခေါ်ဖို့တင် မကလောက်ဘူး။ ထပ်ပြီးတော့.....
ချန်လွေ့က ဖြည်းဖြည်းချင်း လက်သီးဆုပ်လိုက်၏။
သူတို့သုံးယောက်က စာအုပ်ပေါင်းချုပ်ခန်းမ အပြင်ဘက်သို့ ရောက်လာသောအခါ ရိုင်ဇန်က ထိုနေရာ၌ စောင့်နေပြီ ဖြစ်သည်။
“အရှင်မင်းကြီး။ ကျုပ်နဲ့ ကျုပ်မိတ်ဆွေက အရှင်မင်းကြီး ပြောထားတဲ့ တာဝန်ကို ပြီးမြောက်သွားပါပြီ။”
ရိုင်ဇန်က ခေါင်းညိတ်လိုက်၏။ “ဆရာသခင် သူရိယနဲ့ ကျန်တဲ့ ယန္တရား ဆရာသခင်တွေ နိုးလာကြပြီ။ ဒါအတွက် ကျေးဇူးပါပဲ။ အရင်ဆုံး ပြန်ပြီးတော့ အနားယူလိုက်ပါ။”
ရိုင်ဇန်က ချန်လွေ့နောက်မှ တစ်ဖနီကို ကြည့်လိုက်သည်။ “တစ်ဖနီ...”
တစ်ဖနီ၏ မျက်လုံးများက ပို၍ အေးစက်သွားဟန်တူသည်။ “ပြောစရာ ရှိလို့လား။”
ထိုလေသံက တော်ဝင်အမျိုးသမီးတစ်ယောက်အနေဖြင့် အုပ်ချုပ်သူ တစ်ယောက်ကို ပြောသင့်သော လေသံများ လုံးဝ မဟုတ်ပေ။ ရိုင်ဇန်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်၏။
“ဒါဆိုရင် ကျွန်မ သွားတော့မယ်။” တစ်ဖနီက စကားတစ်ခွန်းဆိုပြီး လှည့်ထွက်သွားလိုက်သည်။
ရိုင်ဇန်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကို မတားဆီးခဲ့ပေ။
ချန်လွေ့က အမှောင်ဒြပ်စင်ဘုရင်နှင့် ဆုံသောအခါ ဘလူအန်က သူ့ကို ဧည့်ခန်းနောက်မှ တံခါးတွင် လေးလေးနက်နက် အရိုအသေ ပြုလိုက်သည်ကို မြင်လိုက်ရသည်။ သူက ချက်ချင်းပင် ခေါင်းညိတ်လိုက်၏။
သူတို့သုံးယောက် လမ်းလျှောက်နေစဉ် ရေဘဝဝဲဘုရင်က အမြဲတမ်း ကိုက်နေသော ခေါင်းကို ထုရိုက်ပြီး ပြောလိုက်သည်။ “ခဏနေပါဦး။ ငါ မှတ်မိတာက အဲဒီလောကထဲမှာ ငါ့ကို တုန်လှုပ်စေနိုင်တဲ့ စွမ်းအား တစ်ခုခု ရှိနေတယ်။ ငါ သတိလစ်သွားတဲ့ပုံပဲ။ ရုတ်တရက် ငါက မင်းနဲ့အတူ ဘာလို့ အဲဒီတံခါးဆီကို ရောက်သွားတာလဲ။”
“ခင်ဗျား အတွေးလွန်နေတာလို့ပဲ ကျုပ် ပြောနိုင်တယ်။” ချန်လွေ့က ပုခုံး တွန့်လိုက်၏။ “ခေါင်းကိုက်နေရင် ဆက်ပြီး စဉ်းစားနေသေးတာလား။ တခြား တစ်ခုခု စဉ်းစားကြည့်ပေါ့။”
“တခြား တစ်ခုခုလား။”
“ဥပမာ....ကြမ္မာတိုက်ပွဲလိုမျိုးပေါ့။”
“ချီးပဲ။ ငါ့ခေါင်းက ပိုကိုက်လာသလိုပဲ....”