မတော်တဆ ! မယုံနိုင်စရာ တွေးခေါ်မှုနှင့် လူလိမ်အစ်ကို
Vol. 48 Ch. 782
မြို့တော်၏ အပြင်ဘက်ရှိ ဆင်ခြေဖုံးရှိ မြူဖုံးရွက်တောင်၌ ဖြစ်၏။
မြူဖုံးရွက်တောင်က အတော်လေး ချောင်ကျသော်လည်း ရှုခင်းများက အတော်လေး ကောင်းမွန်လှသည်။ ထူးခြားသော အပင်တစ်မျိုးက မွှေးကြိုင်သော မြူခိုးတစ်ခုကို ထုတ်ပေးသည့် အပြာရောင် အရွက်များ ရှိလေသည်။ ထိုအရာက မြူဖုံးရွက်တောင် ဟူသော နာမည်၏ ဇစ်မြစ်ပင်။
အဲလစ်က “အက်ဂ်ယော”အား မြူဖုံးရွက်တောင်သို့ လာရောက်ရန် ဖိတ်ကြားခဲ့သည်။ တော်ဝင်မင်းသမီးလေး၏ အခြွေအရံ နတ်ဆိုးဧကရာဇ် အဆင့် မီးအိမ်ဝိညာဉ်များအပါအဝင် သူငယ်ချင်းကောင်း အိုလီဖီးရက်စ်လည်း ပါဝင်၏။
“အက်ဂ်ယော”က “ပုံမှန်”အတိုင်း မျက်နှာဖုံးနှင့် ဝတ်ရုံကို ဝတ်ထားဆဲ ဖြစ်သည်။ သူတို့၄ယောက်က မြူဖုံးရွက်တောင်ဆီသို့ နတ်ဆိုးသားရဲများ စီးနင်းလာကြပြီး အတော်လေး ပြန့်ပြူးသော ကွင်းပြင်တစ်ခုကို ရွေးချယ်ခဲ့သည်။
“အိုလီဖီးရက်စ်။ နင်က မီးဖို သွားတူး။ အစ်မ ဂျင်းနီ၊ အစ်မ ဂျင်းနင်။ အနီးအနားတစ်ခု တစ်ကောင်ကောင် သွားဖမ်းပေးပါလား။” လိုလီလေးက စားပွဲခင်းကြီးတစ်ခုကို ထုတ်လိုက်ပြီး မြေပြင်ပေါ်သို့ ကျွမ်းကျွမ်းကျင်ကျင် ဖြန့်လိုက်ပြီး ပန်းကန်များ စတင်စီစဉ်တော့သည်။
ဂျင်းနီနှင့် ဂျင်းနာတို့က တုံ့ပြန်ပြီး ထွက်သွားကြသည်။
“အက်ဂ်ယော...အစ်ကို၊ အကင်လုပ်ဖို့အတွက် ခရမ်းဆေးပင်နဲ့ ကျောက်စိမ်း နဂါးသစ်သီးနည်းနည်း သွားခူးပေးပါလား။” လိုလီလေးက ချန်လွေ့ အရှေ့သို့ ရောက်လာပြီး ခုခံ၍မရနိုင်သော အပြစ်ကင်းသည့် အပြုံးဖြင့် ခြင်းတောင်းငယ် တစ်လုံးကို ကမ်းပေးလိုက်၏။
ရုတ်တရက် ချန်လွေ့က အဲဒက်စ်၏ စမ်းသပ်ခန်းထဲ၌ ပြန်ပေးဆွဲခံရပြီး အဲလစ်နှင့် ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့စဉ်က အဲလစ်၏ နတ်သမီးသဖွယ် အပြုံးကို သတိရလိုက်မိသည်။ မျက်နှာဖုံးနောက်ကွယ်၌ သဘောပေါက်သော အပြုံးတစ်ခု ပေါ်ထွက်လာပြီး ခြင်းတောင်းငယ်လေးကို ယူလိုက်သည်။ “ကောင်းပါပြီ။ မင်းသမီး အဲလစ်။”
ချန်လွေ့ ထွက်သွားပြီးသည့်အခါ အဲလစ်၏ အကြည့်က ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ မျက်နှာအောက်မှ မီးတောက်လက်သွားသောအခါ မြင်ရသော သရဲတစ္ဆေမျက်နှာကဲ့သို့ ဖြစ်သွား၏။ သူက အိတ်သေးသေးလေး တစ်လုံးကို ထုတ်ယူလိုက်သည်။ “အိုလီဖီးရက်စ်။ ငါတို့ စလုပ်သင့်ပြီ။ ငါ့ကို ခြင်းတောင်းကမ်းပေး။ ဘယ်ရီဖျော်ရည်ထဲမှာ ငါ အစွမ်းထက် ဝမ်းနုတ်ဆေးတွေ ထည့်ချင်တယ်။ ဟီးဟီး။ အက်ဂ်ယော ချီးပန်းတဲ့အခါ သူ့ဘေးနားမှာ နင် မီးပုံလုပ်ရမယ်....”
“ဟမ်...” မစ်-နဂါးနက်က ခေါင်းကို ကုတ်လိုက်ပြီး လက်ထဲမှ ပုလင်း အလွတ်ကို နောက်ကျောဘက်သို့ တိတ်တိတ်လေး ဝှက်ထားလိုက်သည်။
လိုလီလေးက အလျင်အမြန်ပင် ပန်းကန်များကို ပြင်ဆင်နေသည်။ “မြန်မြန်လုပ်။ ငါ့ကို ဘယ်ရီဖျော်ရည်တွေပေး။ မဟုတ်ရင် ဟိုလူ ခဏနေ ပြန်လာတော့မှာ။”
မစ်-နဂါးနက်က အပြစ်ရှိစိတ်ဖြင့် ပြန်မေးလိုက်၏။ “ချိုပြီး ချဉ်တဲ့ ပုလင်းလား။”
“ဟမ်...” လိုလီလေးက မကောင်းသော ခံစားချက်တစ်ခုဖြင့် ချက်ချင်း တုံ့ပြန်လိုက်သည်။ သူက ခြင်းတောင်းကို အလျင်အမြန် ဆွဲယူပြီး ဖွင့်လိုက်ရာ ကြောင်သွားခဲ့သည်။ “ငါ့ ဘယ်ရီဖျော်ရည် ဘယ်မှာလဲ။ မေ့ဆေးပါတဲ့ ပူတင်းတွေကော။ ရောင်ကိုင်းစေတဲ့ ဘီစကစ်တွေရော အားလုံး မရှိတော့ဘူး။”
“အဲဒါက....” မစ်-နဂါးနက်က မဲ့ပြုံးပြုံးလိုက်သည်။ “အဲဒီပူတင်းက စပ်ဖျဉ်းဖျဉ်း အရသာ ရှိသလိုပဲ။ ဒါပေမဲ့ ကောင်းပါတယ်။”
“နင် ဘာလို့ ဒီလိုလုပ်ရတာလဲ။” ၂ရက်ကြာ အလစ် သေသေချာချာ ပြင်ဆင်ထားခဲ့သော “အလုပ်ကြမ်း”များကို အိုလီဖီးရက်စ်က စားပစ်လိုက်သည့် အတွက်ကြောင့် သူ အော်ပြောလိုက်၏။ “တွင်းတူးတာ ခဏလေးနဲ့ကို နင်က အားလုံးကို စားပစ်လိုက်တယ်။ ငါက ဒါတွေကို သေသေချာချာ ပြင်ဆင်ထားခဲ့တာ။”
“ငါ အများကြီး စားလို့ရတယ်လို့ နင်ပြောခဲ့တယ်လေ။ အဲဒါကြောင့် ငါက နေ့လယ်စာစားဖို့အတွက် ဗိုက်ကို တမင်သက်သက် မဖြည့်ထားခဲ့တာ။ အခု ငါ တော်တော်လေး ဗိုက်ဆာနေပြီ....” မစ်-နဂါးနက်က ရှက်ရှက်နှင့် ပြောလိုက်ပြီး သူ့ဗိုက်က တဂွီဂွီ အသံများ ထွက်လာတော့သည်။
အဲလစ်၏ မျက်ရည်ဝဲနေသော မျက်လုံးများကို မြင်သည့်အခါ မစ်-နဂါးနက်က အပြစ်ရှိစိတ်ဖြင့် ပြောလိုက်သည်။ “အဲလစ်။ ငါနင့်ကို အကင်တစ်ခု ထပ်ပေးရင်ကော။ မဟုတ်ဘူး....နှစ်ခု ပေးမယ်။”
“ငါ အကင် မစားချင်တော့ဘူး။” ရုတ်တရက် အဲလစ်က တစ်ခုခုကို တွေးလိုမိပြီး မျက်လုံးများကို ဖွင့်လိုက်သည်။ “နင့်ရဲ့ ခန္ဓာကိုယ် ဘာမှ မဖြစ်ဘူးလား။ နင့်ဗိုက်က မအောင့်သွားဘူးလား။”
“အဆင်ပြေပါတယ်။ ဘီစကစ်တွေက ဗိုက်အောင့်တယ်လို့ မခံစားရဘူး။ ဗိုက်ဆာနေတုန်းပဲ။” မစ်-နဂါးနက်က မကျေနပ်သော အမူအရာဖြင့် ဗိုက်ကို ပွတ်သပ်လိုက်၏။ သူက အဲလစ် ဝမ်းနည်းနေကြောင်း မြင်သည့်အခါ မျက်လုံးကို လှန်လိုက်သည်။ “အဲလစ်။ နင်သိလား။ သူ...အဲဒီအက်ဂ်ယောက ငါ့ကို အစွမ်း အများကြီး ပိုကြီးတယ်။ ဒီအရာက သူ့အတွက် အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ငါ့မှာ ဆေးတစ်မျိုး ရှိတယ်။ အဲဒါက အထူးအားတိုးဆေးလို့ ကြားတယ်...”
“အားတိုးဆေး ဟုတ်လား။” အဲလစ်က အံ့သြသွားသည်။
“မဟုတ်ဘူး။” မစ်-နဂါးနက်က ရှားရှားပါးပါး ပါးနပ်သော အကြည့်မျိုး ပြသလိုက်ပြီး ယုံကြည်ချက်ရှိရှိဖြင့် လက်ချောင်များကို လှုပ်ရမ်းလိုက်သည်။ “ဒါက အားတိုးဆေးဆိုပြီး ငါ့ကို ပါ့ဂ်လီအို လိမ်ခဲ့တယ်။ ဒါပေမဲ့ အရင်တစ်ခေါက် သူနဲ့ အစ်မတို့ရဲ့ ပုံစံကို ကြည့်ရတာတော့ ဒါက ပြဿာဖြစ်စေမယ့် အဆိပ်တစ်ခုပဲ။ ဒီဆေးပုလင်းအတွက် ပါ့ဂ်လီအိုနဲ့ ဇိုလာတို့က တိုက်ခိုက်ခဲ့ကြတာ။ ပြီးတော့ ပါ့ဂ်လီအိုက အပြင်းအထန် အရိုက်ခံခဲ့ရတယ်။”
“ငါ နားတော့မလည်ပေမဲ့ တော်တော်လေး ဆိုးတဲ့ပုံပဲ။” လိုလီလေးက ရုတ်တရက် အားအင်တက်ကြွသွားပြီး မျက်ရည်များကိုပင် မသုတ်နိုင်ခဲ့ပေ။ “အဲဒီ ဆေးပုလင်း ဘယ်မှာလဲ။”
“ဒီမှာ...” မစ်-နဂါးနက်၏ လက်ထဲ၌ အနက်ရောင်အရည်ရှိသော ပုလင်းတစ်လုံး ရှိနေ၏။
“ဒီပုလင်းက ဘာလို့ သစ်တော်နက် ဖျော်ရည်နဲ့ နည်းနည်း တူနေတာလဲ။”
“ဒါက သစ်တော်နက် ဖော်ရည်ပုလင်းပဲလေ။ ဒါပေမဲ့ ဒီထဲမှာ အတော်လေး စျေးကြီးပြီးတော့ အရသာရှိတဲ့ အဆိပ်တစ်ခု ပါတယ်။” “အရသာရှိ”သော ဟူသော စကားလုံးကို ပြောသည့်အခါ မစ်-နဂါးနက်၏ ဗိုက်က တဂွီဂွီ မြည်လာပြန်သည်။
“အတော်လေး အဆိပ်ရှိတာလား။ ဒါက...အက်ဂ်ယောကို သေတဲ့အထိ အဆိပ်မိစေမှာလား။” လိုလီလေး၏ ရည်ရွယ်ချက်က အက်ဂ်ယောကို အပြစ်ပေးရန် ဖြစ်ပြီး ထိခိုက်အောင် ပြုလုပ်ရန် မဟုတ်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူက ငါ့အစ်မရဲ့ ကြင်ရာတော်မင်းသားပဲ။ ပြီးတော့လည်း ငါ့အစ်မက သူ့ကို မုန်းတဲ့ပုံ မပေါ်ဘူး။
မစ်-နဂါးနက်က ခဏ စဉ်းစားလိုက်သည်။ အရင်တစ်ခေါက်က သူဌေးကို ဒါတိုက်ဖို့ ပါ့ဂ်လီအို ပြောခဲ့တယ်။ အဲဒါကြောင့် ဒါက သေစေနိုင်တဲ့ အဆိပ်တော့ မဖြစ်လောက်ဘူး။ ဒီတစ်ခေါက် ငါ သူဌေးကို တိုက်လိုက်မယ်ဆိုရင် အရင်က ဆုလာဒ်တွေ ရနိုင်လောက်သေးတယ်။
ထိုသို့ စဉ်းစားမိပြီးနောက် မစ်-နဂါးနက်၏ မျက်လုံးများက စားချင်စိတ်ကို ကျော်လွန်သော သလင်းကျောက်နက်ဒင်္ဂါးများအဖြစ် တောက်ပသွားခဲ့သည်။ “ဒါက သူ့ကို သေစေမှာ မဟုတ်ဘူး။ ငါ ကတိပေးတယ်။”
“ကောင်းပြီ။ ဒါဆိုရင် အဲဒါကို အက်ဂ်ယောဆီ ပေးလိုက်။” အဲလစ်က လက်သီးသေးသေးလေးကို မြှောက်လိုက်၏။
“ဒါပေမဲ့ ဒါက အတော်လေး စျေးကြီးတဲ့ အဆိပ်လေ။” မစ်-နဂါးနက်က “စျေးကြီး”သည်ဟူသော စကားလုံးကို တမင်တကာပင် အသားလေး ပြောခဲ့၏။
“အိုလီဖီးရက်စ်။ ငါတို့က သူငယ်ချင်းတွေ မဟုတ်ဘူးလား။”
“ဘာပြောတာလဲ။”
“မင်းသမီးစံအိမ် အရေးကြီးပုဂ္ဂိုလ် အဆောက်အအုံအတွက် ၂လ စားစရာ အခမဲ့ ဘောက်ချာ၊ အထူးရနံ့မွှေး ပြောင်းဆန်သေရည် ပုလင်း၁၀၀ ဘောက်ချာ၊ မင်းသမီး လက်လီစတိုး လက်ဝတ်ရတနာပြပွဲရဲ့ ရွှေသလင်းကျောက် လက်ဆောင် ဘောက်ချာ ၂ခု။”
၁စက္ကန့် ကြာပြီးနောက် အဲလစ်က “အလွန်စျေးကြီး”ပြီး “အရသာရှိသော အဆိပ်”ကို အောင်အောင်မြင်မြင်နှင့် ရရှိခဲ့သည်။ ထိုအချိန်တွင် ချောင်းဟန့်သံ တစ်သံ ထွက်ပေါ်လာပြီး ချန်လွေ့၏ပုံရိပ်က သူတို့နှစ်ယောက်၏ မြင်ကွင်းထဲသို့ “အချိန်ကိုက်” ရောက်ရှိလာခဲ့သည်။
“မင်းသမီး အဲလစ်။ ဒါက ခရမ်းဆေးပင် နဲ့ ကျောက်စိမ်းနဂါးသစ်သီးပါ။”
“အစ်ကို အက်ဂ်ယောက တော်တော် မြန်တာပဲ။” အဲလစ်၏ မျက်လုံး ဝိုင်းဝိုင်း၏ ကြယ်ပွင့်များ လင်းလက်နေပြီး လေးစားအားကျမှုများ ပြသနေခဲ့သည်။ “ကျွန်မက ဒီသစ်တောနက် ဖျော်ရည်ကို မြို့ထဲမှာရှိတဲ့ နာမည်အကြီးဆုံး ဝါဝါ အဖျော်ယမကာဆိုင်ကနေ ဝယ်လာခဲ့တာ။ သောက်ကြည့်ရမယ်နော်။”
ချန်လွေ့က “ယောက်ျားအားတိုးဆေး”ပုလင်းကို ယူပြီး ဆွံ့အသွားခဲ့သည်။ မည်သည်ကိုမှ မဆိုဦးနှင့်။ လိုလီလေးအပေါ် ချန်လွေ့၏ နားလည်မှုအရ ခုနက ကြယ်ပွင့်လေးများမှာ သူ့ခေါင်းပေါ်မှ ချိုနှစ်ချောင်းနှင့် အမြှီးတို့ကို ဖုံးကွယ်ထားခြင်း သက်သက်သာဖြစ်ကြောင်း ချန်လွေ့ သိနေသည်။ ထို့ပြင် ခုနက သူသည် အဝေးသို့ လမ်းလျှောက်မသွားခဲ့ဘဲ အနီးအနား၌ ပုန်းနေခဲ့သည်။ ခရမ်းဆေးပင်နှင့် ကျောက်စိမ်းနဂါးသစ်သီးတို့မှာ သိုလှောင်ဂိုဒေါင်ထဲ၌ အသင့်ရှိနေပြီးသား ဖြစ်ပေသည်။
ဒီ “အားတိုးဆေး”ပုလင်းကို မစ်-နဂါးနက် ဖျက်ဆီးခဲ့တယ်လို့ အဆိပ်နဂါး ပြောခဲ့တာ မှတ်မိသလိုပဲ။ အဲဒါက တကယ်ကြီး တိတ်တိတ်လေး ဝှက်ထားတာလား....
ဒီပစ္စည်းက လိုလီလေးရဲ့ အဆင့်နိမ့် မေ့ဆေးနဲ့ ဝမ်းနုတ်ဆေးလိုမျိုး မဟုတ်ဘူး။ ငါ တကယ် သောက်လိုက်မိရင် ဒီနေ့ ပြဿနာ အကြီးကြီး တက်သွားမှာ သေချာတယ်။ ငါ သတိထားနေလို့ တော်သေးတာပေါ့။
“အစ်ကို အက်ဂ်ယော။ မသောက်ဘူးလား။” လိုလီလေး၏ မျက်လုံးများက မျှော်လင့်ချက်များဖြင့် အရောက်တောက်နေခဲ့သည်။
“တစ်ယောက်ယောက်က ဟိုမှာ ပိုက်ဆံ ကျသွားတယ်။”
ချန်လွေ့က အဝေးကို လက်ညှိုးထိုးပြလိုက်သည်။ သူ ပြောလိုက်သည်နှင့် အိုလီဖီးရက်စ်က အမြန် ပျံသွားပြီ ဖြစ်သည်။ မစ်-နဂါးနက် အမြန်သွားလိုက်သော အသံကြောင့် အဲလစ်၏ဆံပင်များ လွင့်ကုန်သည်။ သူက မျက်လုံးကို မှိတ်လိုက်မိ၏။ မျက်လုံးဖွင့်လိုက်သောအခါ ချန်လွေ့၏ လက်ထဲမှ ပုလင်းက ဗလာဖြစ်သွားပြီး အခြားလက်တစ်ဖက်က မျက်နှာဖုံးကို ပိတ်လိုက်၏။ “အား..အတော်လေး အရသာရှိတာပဲ။ ကျေးဇူးတင်ပါတယ်။ မင်းသမီး အဲလစ်။”
အဲလစ်က သံသယများ ပြသလိုက်ပြီး ပုလင်းအလွတ်ကို ကြည့်နေ၏။
“အား...ခေါင်း နည်းနည်း ကိုက်လာတယ်။” ထို့နောက် ချန်လွေ့က ရင်ဘတ်ကို ဖိလိုက်၏။ “ရင်ဘတ်လည်း နာလာသလိုပဲ။ လေ့ကျင်းရေးမှာ တစ်ခုခု မှားနေတာများလား...”
“ဟုတ်လား။” ထူးဆန်းသည်က ပျော်ရမည့်အစား အဲလစ်က မသင်္ကာသော အမူအရာတစ်ခု ပြသလိုက်သည်။ “လူတွေအကြောင်းကို အစ်ကိုတစ်ယောက်က ကျွန်မကို ရှင်းပြဖူးတယ်။ လူအများစုက ဖြစ်နိုင်ချေရှိတဲ့ ရလာဒ်တွေကို ပြောကြတယ်။ သူတို့က စိတ်ထဲမှာရှိတဲ့ အချက်အလက်တွေကို ချိတ်ဆက်ပြီး အတွေးတွေကနေတဆင့် ရလာဒ်တွေ ထွက်ပေါ်လာတာ။ ဒါပေမဲ့ လူနည်းစုလည်း ရှိတယ်။ သူတို့ကို ရလာဒ်တွေ ပြောပြရင်တောင် သူတို့က အဲဒီရလာဒ် ဖြစ်လာနိုင်တဲ့ အဆင့်အမျိုးမျိုးကို ကောက်ချက်ချဖို့အတွက် အသိစိတ်ကို အသုံးပြုနိုင်ကြတယ်။ ဒါကို “အတိတ်ခြေရာကောက်တဲ့ ကြောင်းကျိုး ဆင်ခြင်မှု”လို့ ခေါ်တယ်။”
ချန်လွေ့ အံ့သြသွားခဲ့သည်။ ငါက အဲလစ်ကို “ဟုန်းမ်စ်”အကြောင်း ပြောပြတုန်းက ဒါတွေကို ပြောပြခဲ့သလိုပဲ။ သူက ဒါက သေသေချာချာ မှတ်မိ နေမယ်လို့ မထင်ထားခဲ့ဘူး။
လိုလီလေးက ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီး ချန်လွေ့ကို စေ့စေ့စပ်စပ် ကြည့်လိုက်ုသည်။ သူ၏ နှုတ်ခမ်းက ရှုံ့တွသွားပြီး တစ်ခုခုကို အနံ့ခံနေဟန် တူသည်။ အဲလစ်၏ အရပ်အမြင့်အရ ချန်လွေ့ကို မော့ကြည့်နေရသော်လည်း ချန်လွေ့က စိတ်ထဲ၌ ကြက်သီးထနေခဲ့သည်။ သူက ငုံ့ကြည့်ခံနေရသော ခံစားမှုမျိုးကိုပင် ခံစားနေရ၏။
“ရှင့်ရဲ့ လက်တွေက တော်တော်လေး သန့်ရှင်းနေတယ်။”
“ဟမ်...ချီးမွမ်းတဲ့အတွက် ကျေးဇူးပါပဲ။ အရှင်မင်းသမီး။”
“ကျွန်မ ပြောတာက ရှင့်ရဲ့ လက်သည်းမှာ ခရမ်းဆေးပင်နဲ့ ကျောက်စိမ်း နဂါးသစ်သီးရဲ့ အနံ့ အကြွင်းအကျန် ရှိမနေဘူး။ ပြီးတော့ ရှင့်ဖိနပ်တွေကလည်း မြေကြီးတွေ အများကြီး မရှိဘူး။ မြက်နည်းနည်းပဲ ရှိတယ်။ အဓိပ္ပာယ်က ခုနက ကျောက်စိမ်း နဂါးသစ်သီးနဲ့ ခရမ်းဆေးပင်ကို ရှင် သွားမခူးဘဲနဲ့ ဒီနားမှာပဲ ရှိနေတယ်လို့ ဆိုလိုတာပဲ။ တစ်နည်းပြောရရင်တော့ ကျွန်မနဲ့ အိုလီဖီးရက်စ် ပြောနေခဲ့တာကို ရှင် ကြားလိုက်တယ်။” လိုလီလေး၏ လက်ထဲ၌ ရုတ်တရက် ပိုက်တစ်ချောင်း ထွက်ပေါ်လာပြီးနောက် တကယ့် စုံထောက်သဖွယ် ပါးစပ်ထဲသို့ စုပ်သောက်နေလိုက်သည်။
ချန်လွေ့က ချွေးပြန်နေပြီ ဖြစ်သည်။ ဒီကြောက်စရာ ကြောင်းကျိုး ဆင်ခြင်မှုကို ငါ ထပ်ပြီးတော့ တွေ့ရပြန်ပြီ။
“ဒါဆိုရင် ခုနက ရှင်သောက်လိုက်တဲ့အထဲမှာ ပြဿနာ တစ်ခုခု ရှိနေတယ် ဆိုတာကို ရှင် သိလောက်မှာပေါ့။ အဲဒါကြောင့် ရှင်က ပိုက်ဆံပြုတ်ကျတဲ့ နည်းလမ်းကို သုံးပြီးတော့ အိုလီဖီးရက်စ်ကို အာရုံလွှဲခဲ့တယ်။ ကျွန်မက မျက်လုံးကို မဖွင့်နိုင်တုန်းက ရှင်က သစ်တော်နက် ဖျော်ရည်တွေကို အမြန်လွှင့်ပစ်ခဲ့တယ်။ ကျွန်မထင်တာ မှန်တယ်ဆိုရင် ရှင်က လုံခြုံရေးအတွက် မြေပေါ်ကို မပစ်ဘဲနဲ့ နေရာလွတ်ပစ္စည်းထဲကို ထည့်လိုက်တာ ဖြစ်ရမယ်။”
မဖြစ်နိုင်တာပဲ။ ငါက နေရာလွတ်ထဲ ထည့်လိုက်တာကိုတောင် သူ ကောက်ချက်ချနိုင်တာလား။
လိုလီလေးက ပိုက်ကိုယူကာ အိုလီဖီးရက်စ်ထံ ထိုးပြလိုက်သည်။ “ဒါဆိုရင် ရှင်က အိုလီဖီးရက်စ်နဲ့ တော်တော်လေး ရင်နှီးရမယ်။ ဒါမှမဟုတ် သူက ရှင်နဲ့ တော်တော်လေး ရင်းနှီးရမယ်။ ရှင့်ရဲ့ အင်္ကျီလက်အနားခေါက်မှာ မီးလောင်ထားတဲ့ အရာတစ်ခု ရှိနေတယ်။ ပြီးတော့ ထူးဆန်းတဲ့ အနံ့တစ်ခုလည်း ရှိတယ်။ ဒီလို အနံ့မျိုးကို ဆရာမ ဇိုလာရဲ့ သက်တန့်တောင်ကြား စမ်းသပ်ခန်းမှာပဲ ရဖူးတာ။ ရှင်က ဒီနှစ်ရက်အတွင်း သက်တန့်တောင်ကြားမှာ မှော်စမ်းသပ်ချက်တချို့ကို လုပ်နေခဲ့တာ ဖြစ်လောက်တယ်။ အဲဒီလိုနေရာမျိုးက သာမန်လူတွေ သွားလို့ရတဲ့ နေရာ မဟုတ်ဘူး။ ဒီတော့ ရှင်နဲ့ ဆရာမ ဇိုလာတို့ရဲ့ ပတ်သက်မှုက အတော်လေး နီးစပ်ရမယ်။ ရှင့်ရဲ့ မျက်နှာဖုံးက အသစ်ပဲ။ အနားစွန်းတွေက ချောမွေ့ပြီးတော့ ခြစ်ရာတွေလည်း မရှိဘူး။ ဆိုလိုတာက ရှင် မျက်နှာဖုံးကို ခဏခဏ မဝတ်တာ၊ ဒါမှမဟုတ် အစားထိုးထားတာပဲ။ ဒီတော့ ရှင်က အချိန်အများစုမှာ မျက်နှာဖုံး မဝတ်ဘူး။ မျက်နှာဖုံး ဝတ်ထားတဲ့ အကြောင်းရင်းက လျို့ဝှက်ဆန်းကြယ်ဖို့ အတွက် မဟုတ်ဘဲနဲ့ ရှင့်ရဲ့ မျက်နှာအမှန်ကို ဖုံးကွယ်ထားဖို့ပဲ။ ရှင်က ကျွန်မတို့ ကောင်းကောင်းသိနေတဲ့ လူတစ်ယောက် ဖြစ်နေလောက်တယ်။”
ချန်လွေ့က ယခုတစ်ခေါက် အမြန်တကယ် ချွေးပြန်နေလေပြီ။ ဒါက အရင် နှစ်တွေတုန်းကထက် ပိုပြီးတော့ ကြောက်စရာကောင်းတယ်။ ငါက လိုလီလေးကို ခဏလောက် မတွေ့ခဲ့ရတာနဲ့ သူက တကယ်ကြီး ဒီလိုမျိုး အစွမ်းထက်တဲ့ ကောက်ချက်ချ စွမ်းရည်တွေ ရှိသွားတာပဲ။
“ဒီတော့....” လိုလီလေးက ခါးတစ်ဖက်ထောက်ပြီး လက်ချောင်းများကို ဝှေ့ရမ်းနေကာ ချန်လွေ့၏ မျက်နှာဖုံးအား ထူးဆန်းသော အဟုန်ဖြင့် လက်ညှိုး ထိုးလိုက်လေသည်။ “ရှင်က ဘယ်သူလဲ။”
“တကယ်တော့ ငါ ဒီကို ရောက်လာတာက အမှန်အတိုင်း ပြောပြမလို့ပါ။ ငါ မင်းက ဟိုးအရင်ကတည်းက ပြောပြချင်ခဲ့တာ။” ချန်လွေ့က ခါးသက်သက်နှင့် ပြုံးလိုက်သည်။ “ငါ မထင်ထားတာက....”
ထိုအချိန် ချန်လွေ့က စိတ်ထဲ၌ အန္တရာယ် သတိပေးချက်တစ်ခုကို ခံစားလိုက်မိသည်။ အဝေးမှ မစ်-နဂါးနက်က ရုတ်တရက် အသံတိုးတိုးလေးဖြင့် ဟိန်းဟောက်လိုက်လေသည်။
ချန်လွေ့ ထိတ်လန့် သွားခဲ့သည်။ အိုလီဖီးရက်စ်၏ ခန္ဓာကိုယ်မှ အလွန်အမင်း ပြင်းထန်သော အငွေ့အသက်များ ထွက်လာကာ အနက်ရောင် ဆံပင်များကလည်း စတင်ထောင်လွှားလာ၏။
“အိုး...သွားပြီ။” ချန်လွေ့က ချက်ချင်း သဘောပေါက်သွားခဲ့သည်။ မစ်-နဂါးနက်ရဲ့ ခန္ဓာကိုယ်ထဲက ထူးဆန်းတဲ့စွမ်းအားတွေ ထကြွလာပြီ။ ဒီလိုအချိန်မှ ဖြစ်ရတယ်လို့။
အိုလီဖီးရက်စ်၏ မျက်ဆံက အဖြူရောင် ပြောင်းသွားပြီး နဖူးပေါ်မှ စိန်ပုံစံ အမှတ်အသားကလား ချစ်ချစ်တောက် လင်းလက်လာကာ လက်သည်းများလည်း ၆လက်မခန့် အလျင်အမြန် ရှည်လာခဲ့သည်။ သူ၏ မျက်လုံးမျာက အဲလစ်နှင့် ချန်လွေ့တို့ထံ ရောက်ရှိသွားသည်။ ထို့နောက် ဟိန်းဟောက်လိုက်ပြီး ချက်ချင်းပင် သူတို့အရှေ့သို့ ရောက်ရှိလာခဲ့သည်။ သူက အဲလစ်ကို ချက်ချင်းပင် လှမ်းဆွဲလိုက်၏။
အဲလစ်က သိမ့်သိမ့် တုန်သွားသော်လည်း သူ၏ စွမ်းအားက နိမ့်ပါးလွန်းသည့် အတွက်ကြောင့် သူ၏ ထိန်းချုပ်မရသော သူငယ်ချင်းကို သူ့ကို သေစေနိုင်သော တိုက်ခိုက်မှု ပြုမည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
“အဲလစ် !”
ကျယ်လောင်သော အော်သံတစ်ခုနှင့်အတူ လိုလီလေးက နွေးထွေးသော ရင်ခွင်တစ်ခုထဲသို့ ကျရောက်သွားသလို ခံစားလိုက်ရသည်။ မြင်ကွင်းများက ခဏတာ ဝေဝါးသွားခဲ့ပြီးနောက် သူက အဝေးသို့ ရောက်ရှိသွားခဲ့သည်။
“မလှုပ်နဲ့။ ဒီမှာပဲနေ။” ချန်လွေ့က အော်ပြောလိုက်ပြီးနောက် အိုလီဖီးရက်စ်ထံ ပျံသန်းသွားသည်။
ယခုတွင် မစ်-နဂါးနက်က ထိန်းချုပ်မရဘဲ ထိန်းမရသိမ်းမရ တိုက်ခိုက်နေ၏။ အရေးကြီးဆုံးမှာ သူ့ကို နှစ်သိမ့်ပေးနိုင်သော အစ်ဇဘယ်လာ၏ သူ၏ သောင်းကြမ်းသောအချိန်ကို တိုတောင်းစေရန် သီချင်းဆိုပေးသော မာယာရှင် မင်းသမီးလေးတို့က သူ့အနားတွင် ရှိမနေကြခြင်းပင်။ ချန်လွေ့က အိုလီဖီးရက်စ် ထိခိုက်မည်ကို စိုးရိမ်သည့်အတွက်ကြောင့် ခုခံရုံသာ ခုခံနေရလေသည်။
ဂျင်းနီ နှင့် ဂျင်းနင် တို့က သားကောင်များနှင့်အတူ ပြန်ရောက်လာကြပြီ ဖြစ်သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူတို့က ထိတ်လန့်သွားကြ၏။ ဂျင်းနီက လက်ကို ဝှေ့ရမ်းလိုက်ရာ စွမ်းအားတိုးပေးသော သက်ရောက်မှုများက ချန်လွေ့၏ ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်းပင် လှိမ့်တက်သွားခဲ့သည်။ သို့ရာတွင် ဂျင်းနင် အသုံးပြုလိုက်သော အားလျှော့သက်ရောက်မှုက မှော်ပြီးသော ခန္ဓာအမျိုးအစားရှိသည့် မစ်-နဂါးနက်အပေါ်၌ သက်ရောက်မှု မရှိခဲ့ပေ။
“မင်းတို့ နှစ်ယောက် ဒီကို မလာခဲ့နဲ့! အဲလစ်ကို ကာကွယ်ကြ !”
“ဟုတ်ကဲ့ပါ။ သခင် !” ဂျင်းနီ နှင့် ဂျင်းနင် တို့က ချက်ချင်းပင် အဲလစ်ထံသို့ ရောက်ရှိလာသည်။
“အစ်မ ဂျင်းနီ။ အစ်မ ဂျင်းနင်။ သူ့ကို....ဘယ်လို ခေါ်လိုက်တာလဲ။”
အဲလစ်က ဂိမ်းစမ်းသပ်ရန်အတွက် ကြယ်မြို့တော်သို့ တစ်ခါ သွားခဲ့ဖူးသည့် အတွက်ကြောင့် ကြယ်မြို့တော်မှာ “မဟာဆရာသခင်ဆက်ခံမှု”၏ အမွေအနှစ် တစ်ခုဖြစ်ကြောင်း သိသည်။ ထိုနေရာမှ အဂ္ဂိရတ် သတ္တဝါများအားလုံးက လူတစ်ယောက်ကို သခင်အဖြစ် လေးစားကြလေသည်။
ဂျင်းနီ နှင့် ဂျင်းနင်တို့က ပြန်မဖြေဘဲ အချင်းချင်း ကြည့်လိုက်ကြသည်။
ရုတ်တရက် ခုနက “အဲလစ်”ဟူသော စကားက အလွန်ရင်းနှီးနေကြောင်း ရုတ်တရက် သတိရမိသွားပြီး မယုံနိုင်စရာ ရလာဒ်တစ်ခု ထွက်လာတော့သည်။
တဖက်တွင်လည်း ချန်လွေ့နှင့် မစ်-နဂါးနက်တို့ကြားမှ တိုက်ပွဲက အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း တိုက်ပွဲ အထူးသဖြင့် တစ်ဖက်က စွမ်းအားကို မထိန်းနိုင်သော တိုက်ပွဲက အတော်လေး မယုံနိုင်စရာ ကောင်းလှပေသည်။
ချန်လွေ့က အစွမ်းထက် တိုက်ကွက်များကို အသုံးမပြုခဲ့သော်လည်း အိုလီဖီးရက်စ်၏ ထိန်းမရသိမ်းမရ စွမ်းအားကို အဆက်မပြတ် လမ်းကြောင်း ပြောင်းလဲရန်အတွက် ရေစွမ်းအားကို မသုံးပြုခဲ့သည်။ သို့ရာတွင် အိုလီဖီးရက်စ်၏ စွမ်းအားက S++ အဆင့်နားသို့ကပ်နေပြီး အထူးသဖြင့် နဂါးကျွန်းမှ အဆောင်ပစ္စည်းဖြစ်သော အင်ပါယာနတ်ဆိုးလက်သည်းနှင့် ပေါင်းစပ်ပြိးနောက် သူ၏ လက်သည်းနှစ်လက်က ပြိုင်ဘက်ကင်း ဖြစ်နေခဲ့လေသည်။ [အရှိန်အဝါဓားသွား]ကပင် မဖြတ်တောက်နိုင်ခဲ့ပေ။ သူက ခဏတာ သတိလွတ်သွားရာ ပုခုံးက လက်သည်းစာ မိသွားတော့သည်။ ထိတ်လန့်ဖွယ်ရာ သွေးရာ ၅ခု ပေါ်ထွက်လာ၏။
ချန်လွေ့က နာကျင်မှုကို တင်းခံပြီး အိုလီဖီးရက်စ်၏ လက်မောင်းကို အတင်းအကြပ် ဆွဲကိုင်လိုက်သည်။ သူတို့က အချင်းချင်း ရုန်းကန်နေရင်း အနီးအနားရှိ မြေပြင်က ကြောက်မက်ဖွယ်ရာ ပျက်ယွင်းမှုတစ်ခု ဖြစ်လာသည်။ ဂျင်းနီနှင့် ဂျင်းနင်တို့ အတူတူ ဖန်တီးထားသော အကာအကွယ် အစီအရင် သည်ပင် အားကောင်းသော အားစက်ကွင်းကြောင့် အဆက်မပြတ် တုန်ခါနေ၏။
ချန်လွေ့ အကြံတစ်ခု ရသွားသည်။ သူက အိုလီဖီးရက်စ်အား စိုက်ကြည့်လိုက်ပြီး အသစ်နားလည်ထားသော မိစ္ဆာမျက်ဆံစွမ်းအားကို လည်ပတ်လိုက်သည်။
မိစ္ဆာမျက်ဆံ စွမ်းအားအောက်တွင် အိုလီဖီးရက်စ်၏အကြည့်က ထိန်းချုပ်၍ မရဘဲ ဆွဲဆောင်ခံလိုက်ရသည်။ သူတို့၏မျက်လုံးများက အချင်းချင်း ဆုံသွားသည့် အခါတွင် အိုလီဖီးရက်စ်၏ အဖြူရောင် မျက်ဆံများက တဖြည်းဖြည်း အနက်ရောင် ပြောင်းလာပြီး စိတ်ကလည်း သတိပြန်ဝင်လာတော့သည်။ “သူဌေး...”
စကားတစ်လုံး ပြောပြီးနောက် သူ သတိလစ်သွား၏။ ချန်လွေ့က လဲကျနေသော မစ်-နဂါးနက်၏ ခန္ဓာကိုယ်ကို ဖမ်းလိုက်ပြီး သယ်သွားကာ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
ဆာရီရယ် သင်ထားပေးတဲ့ မိစ္ဆာမျက်ဆံက စေတန်ရဲ့ ထူးဆန်းတဲ့ စွမ်းအားကို တကယ် ဟန့်တားနိုင်မယ်လို့ မထင်ထားခဲ့ဘူး။ ကြည့်ရတာ ဒါက အိုလီဖီးရက်စ်ရဲ့ အစွမ်းနိုးထမှုကို ပယ်ဖျက်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်တဲ့ပုံပဲ။ ဒါက နောက်ပိုင်း ငါ ပိုပြီးတော့ သုသေတန လုပ်ဖို့ လိုအပ်တယ်။
တိုက်ပွဲ ပြီးသွားသည်နှင့် လိုလီလေးက ပြေးဝင်လာခဲ့သည်။ သူက ချန်လွေ့အား အတင်းအကြပ် ပွေ့ဖက်လိုက်ပြီး မျက်ရည်များ ရွှဲစိုနေတော့သည်။ “လူလိမ် အစ်ကို!”