မင်္ဂလာနံနက်ခင်း နှင့် နောက်တစ်ဆင့်
Vol. 48 Ch. 784
နံနက်ခင်းတွင် အိပ်မက်တစ်ခု၌ စီးမျှောဝင်နေသော ချန်လွေ့က မမျှော်လင့်ထားသော နာကျင်မှုတစ်ခုကြောင့် ရုတ်တရက် နိုးသွားခဲ့သည်။ ထူးဆန်းစွာပင် သူ၏ စိတ်ဝိညာဉ်စွမ်းအားက S++ အဆင့်သို့ ရောက်နေပြီ ဖြစ်သော်လည်း အန္တရာယ် သတိပေးချက်များ မခံစားခဲ့ရပေ။
မျက်လုံးဖွင့်ကြည့်လိုက်ရာ “တရားခံ”က တော်ဝင်မင်းသမီး ဧကရီအရှင်မ ဖြစ်ကြောင်း မြင်လိုက်ရ၏။
ဒါ မနေ့ညတုန်းက “လွန်ကဲတဲ့” ပုံစံတွေအတွက် အပြစ်ပေးတာလား။
အစေခံမလေးနှင့် တခြားသူများ၏ ပထမဆုံးအကြိမ်နှင့်ယှဉ်လျှင် ဧကရီ အရှင်မက အတော်လေး ရှေးရိုးဆန်ပြီး ထိန်းထိန်းသိမ်းသိမ်း ရှိသည်။ သူက အခြေခံ ဗဟုသုတရှိသော်လည်း ချန်လွေ့၏ပြိုင်ဘက် လုံးဝ မဖြစ်ခဲ့ပေ။ အစပိုင်း ခုခံနေခြင်းမှတဆင့် အဆုံး၌ လုံးဝ သက်ညှာပေးရန် တောင်းဆိုသည်အထိ ထိုအခြင်းအရာများက အပြင်လူများကို ပြောပြမရသော အရာများ ဖြစ်၏။
ချန်လွေ့ နိုးလာသည်ကို မြင်သောအခါ ဧကရီအရှင်မက ရှက်သွားခဲ့သည်။ သူက တီးတိုးပြောလိုက်၏။ “ရှင် သဘောကျလား။”
“အင်း။ သဘောကျတယ်။” ရက်စက်လုနီးပါးအထိ အေးစက်တတ်သော ရေခဲတုံး တော်ဝင်အစ်မက ထိုကဲ့သို့ ရှက်ပြီး ဆွဲဆောင်မှုရှိပြီး အမူအရာမျိုးကို ပြသနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ နံနက်ခင်း၌ တစ်စုံတစ်ယောက်၏ စိတ်ဆန္ဒက ရုတ်တရက် ဖောင်းတင်းလာပြီး သူ့လက်များက ဂွမ်းကပ်ထဲရှိ နှင်းကဲ့သို့ ဖြူဖွေးသော ခန္ဓာကိုယ်ဆီသို့ လှမ်းလိုက်လေသည်။
“အား....နာတယ် !!” ဧကရီအရှင်က ချန်လွေ့၏ ပုခုံးကို ကိုက်လိုက်၏။ ထိုအရာက အနည်းငယ် အားပါနေပြီး တစ်စုံတစ်ယောက်၏ ရမ္မက်များက ရုတ်တရက် ထိုးကျသွားတော့သည်။
ဒီလို မဖြစ်သင့်ဘူး။ သူ့ကို ဆဲဘရက်စ် ဝင်ပူးလိုက်တာလား။
“ရှင် သဘောကျတယ်လို့ ပြောခဲ့တယ် မဟုတ်လား။” အသူရာ၏ အမူအရာက အနည်းငယ် အံ့အားသင့်နေပုံရသည်။
ဒီတစ်ခုကို သဘောမကျဘူး။ ချန်လွေ့က ထိုသို့မဟုတ်ကြောင်း ရှင်းပြတော့မည့်အချိန်တွင် ရှီရာ၏ ဇဝေဇဝါဖြစ်နေသော အမူအရာကို မြင်လိုက်ရ၏။ “အဲဒီစာအုပ်ထဲမှာ....ယောက်ျားတွေက “နံနက်ခင်းနှုတ်ဆက် အကိုက်”ကို သဘောကျတယ်လို့ ပြောထားတယ် မဟုတ်လား။”
နံနက်ခင်းနှုတ်ဆက်အကိုက်လား။ ချန်လွေ့၏မျက်လုံးများ အရောင် တောက်သွားပြီး ငြိမ်သက်သွားခဲ့သော စိတ်ဆန္ဒများက ချက်ချင်းပင် အထွတ်အထိပ် ရောက်ရှိကုန်ပြီး အလျင်အမြန် ခေါင်းညိတ်လိုက်၏။ “သဘောကျတယ်။ ဟမ်....နေပါဦး။ တစ်ခုခု ထူးဆန်းတာ ပါနေသလိုပဲ။ “အဲဒီစာအုပ်”လို့ မင်း ပြောလိုက်တာလား။”
ရှီရာက ပို၍ပင် ရှက်သွားခဲ့သည်။ “အဲလစ်က ကျွန်မကို လက်ဆောင်တစ်ခု ပေးခဲ့တယ်။ အဲဒါက “အဲဒီမျိုးမစစ်ကောင်တွေကြိုက်တဲ့အရာတွေ”လို့ ခေါ်တာ ထင်တယ်။ အဲဒီထဲမှာ ယောက်ျားတွေက “နံနက်ခင်း နှုတ်ဆက်အကိုက်”ကို သဘောကျတယ်လို့ အထူးမှတ်ထားတာ ရှိတယ်။”
အဲလစ်...ငါ သိသားပဲ...
ချန်လွေ့၏အမူအရာ ပြောင်းလဲသွားခဲ့သည်။ လိုလီလေး၏ လွှမ်းမိုးမှုက နေရာတိုင်းမှာ တကယ် ရှိနေတာပဲ။
“အဲဒီစာအုပ်ထဲမှာ နံနက်ခင်း နှုတ်ဆက်အကိုက်က...ပုခုံးကို ကိုက်ရမယ်လို့ ပြောထားတာလား။”
“အဲဒီလိုတော့ မပြောထားဘူး...” ရှီရာက ရုတ်တရက် တုံ့ပြန်ပြီး သဘောပေါက်လိုက်သည်။ “အဲဒီလို မဟုတ်ဘူးလား။”
“ကိုယ့်ရဲ့ ဧကရီ အရူးမလေး။ မင်း ယုံကြည်ရတဲ့ အရင်းအမြစ်တွေကနေ သွားရှာသင့်တယ်။” ချန်လွေ့က လှပသော မျက်နှာလေးအား လက်ဖြင့် ပွတ်သပ်ပြီး နမ်းရှိုက်ကာ ခေါင်းငုံ့လိုက်ပြီးနောက် ဂွမ်းကပ်ထဲ ဝင်သွားတော့သည်။
ဧကရီအရှင်မထံမှ အံ့အားသင့်မှုက ဝံပုလွေတစ်ကောင်၏ ခပ်ညစ်ညစ် ရယ်သံနှင့် ရောထွေးသွားခဲ့ပြီး တော်ဝင်အိပ်ခန်းထဲ၌ ပျံ့နှံ့သွားတော့သည်။ “အချစ်ကလေး။ တကယ့် နံနက်ခင်းနှုတ်ဆက်အကိုက်က ဘာလဲဆိုတာ ကိုယ်မင်းကို ခံစားခွင့်ပေးမယ်...” မနက်ခင်း လေပြည်လေညင်းလေးက နန်းတော်အပြင်ဘက်မှ သစ်ပင်စိမ်းများကို တိုက်ခတ်နေခဲ့ပြီး နွေဦးအငွေ့အသက်များ လက်ခနဲ ဖြစ်နေခဲ့လေသည်။
ဧကရီအရှင်မ၏ လက်ထပ်ပွဲက ကုန်သည်များအတွင် ရွှေရောင် အခွင့်အရေးတစ်ရပ်ဖြစ်ပြီး အမျိုးမျိုးသော ကြော်ငြာများ ပြုလုပ်ကြလေသည်။ ကြယ်ကြွေတမန်အင်ပါယာက နေ့တိုင်း ပွဲတော်ကဲ့သို့ စည်ကားနေခဲ့သည်။ ထိုကဲ့သို့ အခြေအနေက ၁၀ရက်ကျော် ကြာမြင့်ခဲ့ပြီး တဖြည်းဖြည်း ငြိမ်သက်သွားလေသည်။
ဧကရီတစ်ပါး ဖြစ်သည့်အလျောက် ချန်လွေ့နှင့် ရှီရာတို့၏ ပတ်သက်မှုက အလွန်အမင်း ရင်းနှီးကြသော်လည်း တာဝန်များကြောင့် ရှီရာက မောင်းမဆောင် ဘဝထဲ အချိန်မဆွဲနေနိုင်ဘဲ ချန်လွေ့ ကမ်းလှမ်းသော ပျားရည်ဆမ်းခရီးကိုလည်း မသွားခဲ့ပေ။ ထိုအစား သူက လက်ထပ်ပွဲအပြီး တတိယမြောက်နေ့တွင် အုပ်ချုပ်ရေး ကိစ္စများကို ပုံမှန်ပြန်လုပ်တော့သည်။
ပွဲတော် အခြေအနေ၏ လွှမ်းမိုးမှုကြောင့် ဖြစ်ပေမည်။ အင်ပါယာ၏ ကိစ္စ အမျိုးမျိုးက ကောင်းမွန်ပြီး အစီအစဉ်တကျ ဖွံ့ဖြိုးတိုးတက်နေခဲ့သည်။
ချန်လွေ့နှင့် ရှီရာတို့၏ လက်ထပ်ပွဲက ခမ်းနားကြီးကျယ်လှပြီး ကျန်သော မိန်းကလေးများက မနာလိုဖြစ်ကြသော်လည်း ရှီရာက ချန်လွေ့ ပထမဆုံး “သဘောကျခဲ့သော” မိန်းမဖြစ်ကြောင်း အားလုံးက သိကြသည်။ ယခုတွင် ရှီရာက နောက်ဆုံး ဖြစ်နေခဲ့၏။
ဆွေးနွေးမှုများ ပြီးနောက်တွင် ဧကရီ၊ အမျိုးသမီးဗိုလ်ချုပ်၊ အမျိုးသမီး သိပ္ပံပညာရှင်၊ အမျိုးသမီးသူလျှိုနှင့် အစေခံမလေးတို့က အပြန်အလှန် သဘောတူညီမှုတစ်ခု ရရှိခဲ့သည်။ ထိုအရာက ဇာတ်လိုက်မင်းသားအား “ပိုင်ဆိုင်ရန်” အချိန်ကို ခွဲဝေပြီး အပတ်စဉ်၊ လစဉ် “အချိုးအစား”အတိုင်း မျှဝေရန် ဖြစ်သည်။ ထို့နောက်တွင် ချန်လွေ့အတွက် ရွေးစရာ အချိန်အနည်းငယ်လည်း ပေးထားပေမည်။
( ထို့နောက် ဇာတ်လိုက်မင်းသားက ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားရ လေသတည်း။ ပြီးပါပြီ။ အဲ....ငါ့ခေါင်းကို မရိုက်နဲ့လေ။ ဟေ့....ငှက်ပျောသီးအခွံကို အမှိုက်ပုံးထဲ ပစ်လိုက်ပြီ။ ဟုတ်ပါပြီ...ဇာတ်လိုက်မင်းသား ပြောတာက... ငါ မပြောတာဘဲထားတာ ကောင်းမယ်ထင်တယ်။)
ပြဿနာများနှင့် ရှက်စရာများမရှိသော ကျေနပ်စရာ အိပ်ထောင်ရေးဘဝက သေချာနေသော်လည်း “တိကျလွန်းတယ်”၊ “ယောက်ျားက လွတ်လပ်မှု လိုချင်တယ်”၊ “ကျွန်မက လိင်အရုပ်မဟုတ်ဘူး”ကဲ့သို့သော ထေ့ငေါ့ ပြောဆိုမှုများ ထပ်ပေါင်းထည့်ရန် လိုအပ်ပေသည်။ အမှန်တကယ်၌ မောင်းမဆောင်ထဲ၌ အပြိုင်အဆိုင် အနည်းငယ်က ရှောင်လွှဲ၍ မရနိုင်ပေ။ ကံကောင်းစွာပင် မိန်းကလေးများက သဘောတူညီမှု ရရှိပြီးနောက် အခြေအနေက နောက်ဆုံးတွင် တည်ငြိမ်သွားခဲ့သည်။ ချန်လွေ့လည်း စိတ်အေးသွားရပြီး နောက်ဆက်တွဲ အစီအစဉ်ကို ဆက်လုပ်ဆောင်ရတော့သည်။
မှော်ဂိမ်း အကောင်အထည်ဖော်ခြင်းက အတော်လေး ချောမွေ့ခဲ့ပြီး နောက်ဆက်တွဲ လုပ်ရပ်များက မှော်ဂိမ်း အချက်ပြမျှော်စင်များ ဖြန့်ကျက်မှုကို တိုးမြှင့်ရန် ဖြစ်သည်။ တစ်ဦးတည်း ကစားရသော ဂိမ်းတစ်ခု ဖြစ်သည့်အတွက် နေ့စဉ် ကစားချိန်က အကန့်အသတ် ရှိလေသည်။ ထို့ကြောင့် ဂိမ်းခေါင်းစွပ်၏ ဆန်းကြယ်သလင်းကျောက်များကို အချိန်အတော်ကြာ ဆက်လက်၍ အသုံးပြုနိုင်ပေသည်။ ယခုအချိန်တွင် ချန်လွေ့က အခကြေးငွေ ကောက်ခံရန် အစီအစဉ် မရှိသေးပေ။ သူက အရေအတွက်ကို အရင်ဆုံး အပြည့်အဝ ဖြန့်ကျက်ဦးမည် ဖြစ်သည်။ အမှန်တကယ်၌ ကုန်ကျစရိတ်ကလွဲ၍ မှော်ရုပ်မြင်သံကြားနှင့် ဂိမ်းခေါင်းစွပ် ရောင်းချမှု တစ်ခုတည်းကပင် အချီကြီး ပွနေပြီ ဖြစ်လေသည်။
အင်ပါယာသုံးခု၏ တိုက်ပွဲဘောလုံးလိဒ်အတွက် ပြင်ဆင်မှုများက အဆင်သင့် ဖြစ်နေပြီဖြစ်ပြီး ကစားပွဲကို နောက်လတွင် တရားဝင် စတင်မည် ဖြစ်သည်။ ကြယ်ကြွေတမန်အင်ပါယာ၌ အသင်း၂သင်း ရှိသည်။ သွေးရောင်အသင်း၏ အိမ်ကွင်းက မြို့တော်ရှိ တော်ဝင်ပြိုင်ကွင်း၌ ဖြစ်ပြီး မီးတောက်အသင်း၏ အိမ်ကွင်းက အမှောင်၏ ရှေးပြိုင်ကွင်း၌ ဖြစ်သည်။ ထိုအရာက နတ်ဆိုးဘုံ၌ ကြီးမားသော ပွဲစဉ်တစ်ခု ဖြစ်သည့်အပြင် ချန်လွေ့၏ စမ်းသပ်ချက်တစ်မျိုးလည်း ဖြစ်၏။ သူ၏ ဦးတည်ဘက်က အနာဂတ်တွင် စစ်ပွဲကို အမှန်တကယ် ဖယ်ရှားနိုင်ခဲ့လျှင် ထိုကဲ့သို့ ယှဉ်ပြိုင်မှုများက တိုက်ပွဲများကို အစားထိုးသွားနိုင်ပြီး နောက်ထပ်အင်အားစုတစ်ခု ဖြစ်သွားမည့်အပြင် အင်ပါယာတစ်ခုစီ၏ ပေါင်းစည်းမှုလည်း ဖြစ်လာနိုင်ပေ၏။
အကောင်းဆုံး ရနံ့မွှေး ပြောင်းဆန်အရက် နည်းစနစ်က အတော်လေး စေ့စပ်သေချာလာခဲ့ပြီး အရသာအမျိုးမျိုးကို ဖန်တီးနိုင်လာခဲ့သည်။ ယခုတွင် နတ်ဆိုးဘုံတစ်ခုလုံး၌ နာမည်ကျော်ကြားနေပြီ ဖြစ်၏။ သိပ်မကြာခင်က မယ်ဒူဆာများထံမှ သတင်းကောင်းအသစ်များ ကြားရခဲ့သည်။ ၎င်းမှာ ပေါင်းခံဝိုင်အရက်ကို အောင်အောင်မြင်မြင် စမ်းသပ်ပြုလုပ်နိုင်ခဲ့ပြီး ရနံ့မွှေး ပြောင်းဆန်အရက်ထက် အရာသာ ပိုမိုသာလွန်နေခြင်းပင်။ ၎င်းကို ချန်လွေ့က အရက်ဖြူဟု နာမည်ပေးခဲ့ပြီး ရနံ့နှင့် အရသာအတွက် ထပ်မံ ပြင်ဆင်နေကြသည်။ ထိုအရာက လျို့ဝှက်လက်နက် တစ်ခုလည်း ဖြစ်၏။ စျေးကွက်နှင့် အခြားအရာများကို စဉ်းစားမည်ဆိုလျှင် ၎င်းက အနည်းငယ် ၂နှစ်ခန့် စောင့်ဆိုင်းရန် လိုအပ်ပေသည်။
ရိုင်ဇန်နှင့် သေရေးရှင်ရေး တိုက်ပွဲ၌ စာချုပ်အားလုံးကို ပယ်ဖျက်ပြီးနောက် ဒိုဒိုအပြင် ငှက်တောင်ဖြူနယ်မြေလော့ဒ် စီကာလီ၊ အရိပ်နက်အင်ပါယာမှ ကတ်စတာမိသားစုခေါင်းဆောင် ဆယ်လင်း၊ ဂူရာဒန်နှင့် သူ့တပည့်၊ စလီ၊ အရိပ်စိမ်းနယ်မြေမှ ရွိုင့်စ်တို့သုံးယောက်၊ ဝါလန်ခံတပ်မှ တင်မ်နှင့် လူသားလောကမှ ဆမ်မြူရယ် တို့ကို စာချုပ်များ ပယ်ဖျက်ခဲ့သည်။
အရိပ်နက်အင်ပါယာ၌ အင်ပါယာသုံးခု၏ ငြိမ်းချမ်းရေးစကားဝိုင်းပြီးနောက် ချန်လွေ့က ဆယ်လင်းနှင့် တိတ်တဆိတ် တွေ့ဆုံခဲ့သည်။ ဆယ်လင်းက ချန်လွေ့၏ သရုပ်မှန်ကို သိရုံသာမက ကြယ်ကြွေတမန်အင်ပါယာ၏ စီးပွားရေးနှင့် အမှောင်လအကြောင်း အများအပြားကိုလည်း သိနေသော လျို့ဝှက် ကြံစည်တတ်သူတစ်ယောက် ဖြစ်၏။ အရေးကြီးဆုံးမှာ အရိပ်နက်အင်ပါယာ၏ ထိပ်တန်းစီးပွားရေး မိသားစုက ၂နှစ်အတွင်း ချန်လွေ့အတွက် အလွန်ပင် အရေးပါခဲ့သည့်အတွက် သူ့ကို ထိန်းချုပ်ရပေမည်။
သို့ရာတွင် ယခုတစ်ခေါက်၌ ချန်လွေ့က ဆယ်လင်းနှင့် သခင်-လက်အောက်ခံ စာချုပ် ချုပ်ဆိုခဲ့ကြသည်။ ကျွန်-သခင် စာချုပ် မဟုတ်ပေ။ ဆိုလိုသည်မှာ သခင်ဖြစ်သူက လက်အောက်ခံကို တစ်ခါတည်း မသက်နိုင်ပေ။ သေသွားလျှင်လည်း လက်အောက်ခံကို မထိခိုက်ပေ။ သို့သော်လည်း လက်အောက်ခံက သခင်ကို သစ္စာဖောက်၍ မရနိုင်ပေ။ သူမဟုတ်ပါက စာချုပ်၏ အပြစ်ပေးခြင်းကို ခံရပေမည်။ လက်ရှိပြိုင်ဘက်၏ စွမ်းအားနှင့်ဆိုလျှင် မိမိကို အလွယ်တကူ သတ်နိုင်ကြောင်း ဆယ်လင်း သိနေသည်။ ထို့ပြင် အင်ပါယာ သုံးခုကလည်း မဟာမိတ်ဖွဲ့စည်းကြရန် ဖြစ်နိုင်ချေများသည်။ “အက်ဂ်ယော”က ၂နှစ်အတွင်း ရိုင်ဇန်ကို တိုက်ခိုက်မည် ဖြစ်သည်။ နိုင်သွားသည်နှင့် အက်ဂ်ယောက ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ် ဖြစ်လာပြီး နတ်ဆိုးဘုံကိုပင် ထိန်းချူပ်သူ ဖြစ်လာနိုင်၏။ အကယ်၍ သူက မှန်ကန်သော အဖွဲ့၌ ရပ်နေခဲ့လျှင် သူကိုယ်တိုင်အတွက်သာမက ကတ်စတာမိသားစုအတွက်ပါ စိတ်ကူး၍ မရနိုင်သော အကျိုးအမြတ်များ ရရှိပေလိမ့်မည်။ ထို့ကြောင့် ဆယ်လင်းက ချန်လွေ့နှင့် သခင်-လက်အောက်ခံ စာချုပ်ချုပ်ဆိုပြီး “သူလျှို”အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ကာ ကြယ်ကြွေတမန်အင်ပါယာကို အပြည့်အဝ ထောက်ခံနေခြင်း ဖြစ်ပေသည်။
ရွိုင့်စ်တို့ သုံးယောက်က အမှောင်လ တိုးတက်မှု စကတည်းက ချန်လွေ့နောက်သို့ လိုက်နေခဲ့သည်။ အထူးသဖြင့် ရွိုင့်စ်က ချန်လွေ့၏ အကူအညီဖြင့် ချစ်သူ ဗာဆာရှာကို ပြန်ရရှိခဲ့ပြီး မိသားစု ဂုဏ်ကျက်သရေကို ပြန်ဆယ်ကာ ကြယ်ကြွေတမန်အင်ပါယာ၏ အထူးစီးပွားရေးဒေသဖြစ်သော အရိပ်စိမ်းနယ်မြေ၏လော့ဒ် ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူက အလွန်ပင် ကျေးဇူးတင်နေ၏။ တင်မ်နှင့် ရွိုင့်စ်တို့၏ အခြေအနေက ဆင်တူပေသည်။ နှစ်ယောက်လုံးက သစ္စာရှိကြပြီး ထူးချွန်ကာ သစ္စာဖောက်နိုင်ချေ နည်းပါးသည်။ စာချုပ် ဖျက်သိမ်းခြင်းက ပြဿနာ မဟုတ်လောက်ပေ။ အမှန်တကယ်၌ ထိုအရာက သူတို့ကို လုံးဝ အညံ့ခံစေရန် “နည်းလမ်း”တစ်ခုအနေဖြင့်လည်း အသုံးပြု၍ ရနိုင်ပေသည်။
စလီကို မေ့လုနီးပါး ဖြစ်နေသော်လည်း မှင်စာတစ်ကောင်အတွက် သူ့အသက်က ဖော်ပြ၍မရသော အမြင့်တစ်နေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ချန်လွေ့ ပေးခဲ့သော ဆေးရည်စာအုပ်ကို လက်ခံရရှိပြီးနောက် စလီက ကံကြမ္မာကို ပြောင်းလဲရန်အတွက် ထိုအခွင့်အရေးကို လက်မလွှတ်ခဲ့ဘဲ ကြိုးကြိုးစားစား လေ့လာခဲ့သည်။ သူက အလျင်အမြန်ပင် တိုးတက်မှုများ ရရှိခဲ့ပြီး အဲဒက်စ်၏ ချီးမွမ်းခြင်းကို ခံခဲ့ရသည်။ သူက တရားဝင် ဆေးပညာတပည့်တစ်ယောက် ဖြစ်လာခဲ့ပြီး ၁၀နှစ်အတွင်း ဆေးရည်“ပညာရှင်ဂုဏ်ပုဒ်” ရရှိရန် စိတ်ပိုင်းဖြတ် ထားခဲ့လေသည်။
ဂူရာဒန်၏ မသေမျိုးစစ်တပ်က ကြယ်ကြွေတမန်အင်ပါယာ၏ အရေးပါသော တိုက်ခိုက်ရေးအင်အားတစ်ခု ဖြစ်သည်။ စာချုပ် ဖျက်သီးလိုက်သည့်အခါ အလောင်း အောက်လမ်းပညာရှင်၏ ပထမဆုံး တုံ့ပြန်မှုမှာ ချန်လွေ့ သေဆုံးသွားပြီ ဟူ၍ပင်။ အကြောင်းမှာ သူက သခင်-အစေခံ စာချုပ် ချုပ်ဆိုထားပြီး စာချူပ်က သခင်ဖြစ်သူ ပယ်ဖျက်လျှင် သို့မဟုတ် သေသွားမှသာ ပျောက်ကွယ်သွားပေမည်။ သို့ရာတွင် ချန်လွေ့က သူ့အရှေ့သို့ တဖန် ရောက်လာပြန်သောအခါ ဂူရာဒန်က ထိတ်လန့်သွားခဲ့လေသည်။
ဂူရာဒန်တွင် အဆင့်တက်ရန် လိုအပ်သော နဂါးစွမ်းအား အမြုတေ ရှိနေသော်လည်း မာယာရှင် နှလုံးသားက အခက်တွေ့စေသော အရာတစ်ခု ဖြစ်သည်။ မာယာရှင်နှလုံးသား မာယာရှင်၏ နဖူးပေါ်မှ အသက်ဓာတ် သလင်းကျောက် ဖြစ်၏။ ၎င်းကို ဆုံးရှုံးသွားလျှင် မာယာရှင်က ကြီးကြီးမားမား ထိခိုက်သွားပေမည်။ အဆိုးဆုံးကတော့ မာယာရှင်များက စိတ်ဓာတ်ခိုင်မာ ကြသူများ ဖြစ်ကြခြင်းပင်။ သူတို့ ဆန္ဒမရှိလျှင် မာယာရှင် နှလုံးသားကို မရနိုင်ပေ။ မာယာရှင် မင်းသမီးလေးက ချန်လွေ့ကို ရွံရှာနေခဲ့သည်။ သူက ချန်လွေ့အား ခဏခဏ ဝေဖန်ပြီး ပင်လယ်သေသို့သွားကာ မာယာရှင်တစ်ယောက်အား မာယာရှင်နှလုံးသားပေးရန် သွားလှည့်စားသည်က ပိုကောင်းကြောင်း အကြံပေးတတ်သည်။ မာယာရှင်နှလုံးသား မရှိသော်လည်း ချန်လွေ့ပေးသော လက်ဆောင်က ဂူရာဒန်ကို အတော်လေး ပျော်ရွှင်စေခဲ့သည်။ ထိုအရာက သေရွာပြန်ဘုရင် ဂလိုရီယိုစ်၏ ဝိညာဉ်အမြုတေကို သိမ်းထားခဲ့ဖူးသော အသက်သေတ္တာဖြစ်၏။ နောက်ပိုင်းတွင် ထိုအရာကို ချန်လွေ့က ကြယ်ကြွေတမန်ဓားဖြင့် ခုတ်ပိုင်းခဲ့သော်လည်း ထိုကောက်ရိတ်ဓားက အလွန်အမင်း ရှားပါးလှသော ဝိညာဉ်ထည့်စရာတစ်ခုဖြစ်ကာ လက်ကျန် ဝိညာဉ်အငွေ့အသက်က ဂူရာဒန်က အတွေးအမြင်များနှင့် အကူအညီ အများအပြား ပေးစွမ်းခဲ့လေသည်။
လော့ဒ် ၄ယောက်ထဲတွင် စီကာလီက ပိုပါးနပ်ပေသည်။ ယခုတွင် ရှီရာက တဖြည်းဖြည်းနှင့် ကြယ်ကြွေတမန်အင်ပါယာကို အကြွင်းမဲ့ ချုပ်ကိုင်နိုင်လာ၏။ အိုဆိုင်ဒန်ခေ-တ်၌ သူ နှစ်ဖက်ခွခဲ့သောအခြေအနေရ တစ်ဖက်ဖက်ကို အတင်း ဖက်မတွယ်ထားခဲ့လျှင် သူက တဖြည်းဖြည်း လျစ်လျူရှု ခံရပြီးနောက် အဆုံးသတ်၌ အမြစ်လှန်ခံရပေလိမ့်မည်။ ထို့ကြောင့် ရှီရာ လက်ထပ်ပြီးနောက်တွင် စီကာလီက “အက်ဂ်ယော”ကို စတင်ရှာဖွေခဲ့ပြီး အညံ့ခံရန်အတွက် ထပ်မံ၍ စာချုပ်ကို ကမ်းလှမ်းခဲ့လေသည်။ နှစ်ပေါင်းများစွာ လုပ်ဆောင်ချက်များကြောင့် စီကာလီက ငှက်တောင်ဖြူနယ်မြေထဲ၌ ဂုဏ်သိက္ခာကြီးကြီးမားမား ရှိနေခဲ့သည်။ ငှက်တောင်ဖြူနယ်မြေက အဓိကနယ်မြေလေးခုထဲမှ တစ်ခုလည်း ဖြစ်သည်။ ချန်လွေ့က အရေးအကြီးဆုံးဖြစ်သည့် ၂နှစ် တိုးတက်ရေးကာလတွင် အပြောင်းအလဲများ မဖြစ်စေချင်သည့်အတွက် စီကာလီ၏ “သစ္စာခံခြင်း”ကို လက်ခံခဲ့သည်။
ဆမ်မြူရယ်အတွက်ကတော့ မိမိ၏ လျို့ဝှက်ချက်ကို ထုတ်ပြောမည်ကို ချန်လွေ့ မစိုးရိမ်ပေ။ သို့သော်လည်း အလင်းသွေးကျိန်ဆိုခြင်းက သခင်-အစေခံ စာချုပ်နှင့် ဆင်တူပေသည်။ သွေးကျိန်ဆိုခြင်း ပျောက်ကွယ်သွားသည်ကို ခံစားမိသော ဆမ်မြူရယ်က တတိယမင်းသား သေဆုံးသွားပြီဟု ထင်သွားနိုင်ပေ၏။
လိုအပ်လျှင် ချန်လွေ့က ထိုနားလည်မှုလွဲနေခြင်းကို ရှင်းလင်းရန်အတွက် ဆမ်မြူရယ်ကို သွားတွေ့ရပေမည်။ အကြောင်းမှာ သူက လူသားလောကသို့ နောက်တစ်ကြိမ် သွားမည် ဖြစ်၍ပင်။