← Chapters

မုရုန်ရှီမဟုတ်ဘူးလား

Vol. 132 Ch. 1840

မုရုန်ရှီမဟုတ်ဘူးလား

Vol. 132 Ch. 1840

ထိုအဖုသေးသေးလေးများသည် သူ့ခန္ဓာကိုယ်အတွင်းမှ တားမြစ်ဆေး အကြွင်းအကျန်များဖြစ်သည်။ ထိုအဖုလေးများသည် ဆေး၏သက်ရောက်မှု များကို စုပ်ယူသဖြင့် ဒဏ်ရာမသက်သာနေခြင်းဖြစ်သည်။

ရှီမာယူယူသည် ဇာဂနာကောက်ယူပြီး အဖုလေးများကို နှုတ်လိုက်သည်။ ပြီးနောက် ကြိုပြင်ဆင်ထားသော ပန်းကန်လုံးငယ်တစ်ခုထဲသို့ ထည့်လိုက် သည်။ သူမသည် တစ်ပန်းကန်လုံး ပြည့်အောင်အထိထည့်သည်။

“ထင်ထားတာထက်ကို များနေတာပဲ” သူမသည် နောက်ဆုံးတစ်လုံးကို ဆွဲယူပြီး ပန်းကန်လုံးထဲထည့်ပြီးနောက် ဇာဂနာကို ဘေးသို့တင်ထားလိုက် သည်။ သူမသည် အပြင်ဒဏ်ရာများကို သက်သောစေသည့် ဆေးတစ်လုံးထုတ် ကာ မင်းသားကို ပေးလိုက်သည်။

“အခု အဆင်ပြေသွားပြီလား” ယွိယန်း မေးလိုက်သည်။

“လုပ်နိုင်သလောက်တော့ လုပ်ပြီးသွားပြီ… မင်းသားက ဒီတစ်စည်စာကို စုပ်ယူပြီးတာနဲ့ ထွက်လာလို့ရပြီ” ရှီမာယူယူ ပြောလိုက်သည် “သူ ထွက်မလာ ခင် ရေကြည်သွားလိမ့်မယ်”

“အဲလောက် ရိုးရှင်းတာလား” ယွိယန်းသည် အနည်းငယ် အံ့ဩနေသည်။ လုပ်ငန်းစဉ်မှာ ရှုပ်ထွေးလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။

“လုပ်ငန်းစဉ်က ရိုးရှင်းပါတယ်လို့ ကျွန်မမပြောထားဘူးလား… ဒီအတိုင်း ပဲ နည်းနည်းနာတာပဲရှိတာ” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ ရိုးရှင်းတယ် လို့ထင်ရပေမဲ့ မင်းသား သောက်လိုက်တဲ့ဆေးနဲ့ ဒီစည်းပိုင်းမှာထည့်ထားတဲ့ ဆေးရည်လုပ်ငန်းစဉ်ကို လူတိုင်းလုပ်နိုင်တာမဟုတ်ဘူး”

သူ သောက်လိုက်သောဆေးမှာ သက်ရောက်မှုကြီးသည်။ ထိုဆေး ကြောင့်ပင် ခန္ဓာကိုယ်ထဲမှ တားမြစ်ဆေးများကို ထုတ်နိုင်ခြင်းဖြစ်သည်။ ရေထဲ မှ အဆီနှစ်များသည် သူ့ကို အားမယုတ်စေဘဲ တားမြစ်ဆေး၏ သက်ရောက် မှုကို ခံရသည့် ကိုယ်တွင်းအင်္ဂါနှင့် သွေးကြောများကို ပြန်ကောင်းမွန်စေသည်။ ရိုးရှင်းပုံပေါက်သော်လည်း လုပ်ငန်းစဉ်အတွင်း အမှားလေးတစ်ခုလုပ်မိပါက တစ်ခုလုံး အသုံးမဝင်ဖြစ်သွားနိုင်သည်။

“အဲတော့ သူ အဆီအနှစ်တွေစုပ်ယူပြီးရင် အဆင်ပြေသွားမယ်ပေါ့”

“သူ ဒီနေ့အဆင်ပြေသွားမှာပါလို့ပဲ ပြောနိုင်ပါတယ်” ရှီမာယူယူ ပြော လိုက်သည် “နောက်ရက်ပိုင်းလောက် တစ်ရက်ကိုတစ်ခါတော့ ဆေးရည်စိမ်ရ လိမ့်မယ်”

“နေ့တိုင်းစိမ်ရမှာလား” မင်းသားသည် အနည်းငယ် မျှော်လင့်ချက် ကင်းမဲ့သွားသည် “ဆေးတို့ဘာတို့နဲ့ ပြောင်းလိုက်လို့မရဘူးလား”

“မင်းသားရဲ့ ခန္ဓာကိုယ်က အပြင်းအထန်ကိုထိထားတာ… ဒီလောက် ပြင်းတဲ့ဆေးကိုလည်း အခုလေးတင်သောက်ထားတာ… အခုချိန်မှာ အားလည်း နည်းနေသေးတယ်… နောက်ထပ်ဆေးတွေရဲ့ သက်ရောက်မှုတွေ အကုန်လုံး ကို ဘယ်လိုခံနိုင်ရည်ရှိမှာလဲ ဆေးရည်စိမ်တာက အညင်သာဆုံးနည်းလမ်းပဲ” ရှီမာယူယူ ရှင်းပြလေသည် “နောက်နှစ်ရက်နေရင် ဆေးပြောင်းပါမယ် ဒါပေမဲ့ ဆေးပြီးအောင် ဖော်ဖို့လိုသေးတယ်… ဆေးသန့်စင်ဖို့လည်းအချိန်မရှိဘူး အဲဒါ ကြောင့် ဆေးရည်ထဲမှာစိမ်နေရမယ်”

သူတို့နှစ်ယောက်သည် ဆွံ့အသွားကြသည်။ မင်းသားကို ဤကဲ့သို့ အပြုအမူဖြင့် ပြောရဲသည်မှာ သူမ တစ်ဦးတည်းသာရှိမည်။

ပြီးနောက်တွင် ရှီမာယူယူသည် ခုံတစ်လုံးဆွဲယူကာ သစ်သားစည်ဘေး တွင် ထိုင်ကာ သူ့အခြေအနေကို စမ်းသပ်ပြီး တစ်ခါတစ်ခါ စစ်ဆေးကြည့် သည်။

နှစ်နာရီ သုံးနာရီကြာပြီးနောက်တွင် ရေစည်ထဲမှ ရေသည် ပြန်၍ ကြည်လင်သွားသည်။

“ဟုတ်ပြီ အခုထွက်လို့ရပါပြီ မင်းသား”

ရှီမာယူယူ၏ ခွင့်ပြုချက်ရပြီးနောက် မင်းသားသည် သစ်သားစည်မှ ထွက် လိုက်လေသည်။ သူ ထွက်လိုက်သည်နှင့် ခန္ဓာကိုယ်မှာ ယိုင်သွားရာ ယွိယန်း သည် တွဲပေးလိုက်ရသည်။

“အခု မင်းသားက အရမ်းအားနည်းနေသေးတယ်… သူ့ကို နားခိုင်းလိုက် တာကောင်းမယ်” ရှီမာယူယူ ပြောလိုက်သည်။

ယွိယန်းသည် သူ၏ဖခင်ဖြစ်သူကို ခေါ်သွားပြီး အခန်းထဲသို့ပြန်ခေါ်သွား ကာ အိပ်ရာပေါ်သို့ တင်ပေးလိုက်သည်။ ထို့နောက် သူသည် စောင်ယူပြီး ဖခင် ဖြစ်သူကို ခြုံပေးလိုက်သည်။

“ခမည်းတော် ဘယ်လိုခံစားရလဲ”

“မဆိုးဘူး မိန်းမငယ်လေးရှေ့မှာဆိုတော့ နည်းနည်းရှက်ရုံပဲ” မင်းသား သည် ရှက်ရွံ့စွာပြောလေသည်။

“မင်းသားက လူနာ၊ ကျွန်မက သမားတော်ပါ ရှက်စရာမလိုပါဘူး” ရှီမာယူယူသည် ပြောရင်းနှင့် လျှောက်လာသည် “ကျွန်မက မင်းသားလိုမျိုး လူနာတွေအများကြီးကို ကုခဲ့ပြီးပြီ ကြည့်စရာဘာမှလည်းမရှိပါဘူး”

သူမ၏ စကားလုံးများသည် ပွင့်လင်းလွန်းသဖြင့် တယွိမင်းသားကို ရှက်သွားစေလေသည်။

ခမည်းတော်ဖြစ်သူမှ ရှက်သွားသည်ကို ကြည့်ပြီး ယွိယန်းသည် စကား လမ်းကြောင်းပြောင်းကာ မေးလေသည် “ငါ့ခမည်းတော် ဘယ်တော့ ပြန် သက်သာလာမှာလဲ”

“စောနက ခန္ဓာကိုယ်အားအရမ်းသုံးလိုက်ရလို့ အခုတော့ အားနည်းနေ လိမ့်မယ်… သူက အဆီအနှစ်တွေ စုပ်ယူလိုက်ပေမဲ့ ဆုံးရှုံးမှုက ကြီးတယ်” ရှီမာယူယူ ပြောလိုက်သည် “တစ်ရက်လောက် နားလိုက်ရင် အဆင်ပြေသွားမှာ ပါ”

“ကောင်းတာပေါ့”

“နောက်ပိုင်း သုံးဖို့လိုတဲ့ ဆေးတွေ ပြင်ပေးဖို့လိုသေးတယ်” ရှီမာယူယူ သည် ယွိယန်းကို စာတိုပေးလိုက်သည် “ဒီဆေးပစ္စည်းတွေက မရှားလို့ မင်းသား ၂ တို့ရဲ့ လွှမ်းမိုးမှုနဲ့ဆိုရင် ရှာဖို့လွယ်မှာပါ”

ယွိယန်းသည် စာတိုကိုယူပြီး ကြည့်လိုက်သည် “အင်း… ဒီဆေးတွေက ဘေးခြံဝန်းက ဆေးဂိုဒေါင်မှာ ရတယ်.. ဒါတွေကို မနက်ဖြန်လိုတာလား”

“မဟုတ်ဘူး သုံးဖို့လိုသေးတယ်” ရှီမာယူယူ ပြောလိုက်သည်။ သူမသည် အနည်းငယ် တည့်တိုးဆန်နေသည်ကို တွေးမိသဖြင့် ရှင်းပြလိုက်သည် “အစော က ကျွန်မရှာခိုင်းတဲ့ ဆေးပစ္စည်းတွေကို သန့်စင်ရတာ စွမ်းအားအရမ်းကုန် တယ် အဲဒါကြောင့် ကျွန်မစွမ်းအားကို ပြန်ဖြည့်ဖို့လိုတယ်”

“ကောင်းပြီလေ… အဲဒီဆေးတွေကို ချက်ချင်းပဲ ပြင်ခိုင်းလိုက်ပါမယ်” ယွိယန်းသည် တံခါးဆီသို့လျှောက်လာပြီး အပြင်မှလူများကို စာတိုပေးလိုက် လေသည်။

“အကုန်လုံး အဆင်ပြေဖို့ နောက်နှစ်ရက်တော့ ကျွန်မ ဒီမှာပဲနေလိုက်ပါ မယ်… မင်းသား ၂ တို့ ဆေးပစ္စည်းတွေ ပြင်ဆင်ပြီးရင် ကျွန်မအခန်းကို ပို့ပေး လိုက်ပါ” ရှီမာယူယူ ပြောလိုက်သည် “ဒီလောက် အလုပ်များပြီးသွားတော့ ပင်ပန်းသွားပြီး ကျွန်မ သွားနားလိုက်ပါဦးမယ်”

အပြင်ဘက်မှ အစေခံသည် သူမအတွက် ပြင်ဆင်ပေးထားသော အခန်း ဆီသို့ ခေါ်သွားလေသည်။

တယွိမင်းသားသည် အိပ်ရာပေါ်လှဲနေသည်။ သူမ အခန်းထဲမှ ထွက်သွား ပြီးနောက်တွင် သူ ပြောလိုက်သည် “ယန်းအာ မုရုန်ရှီကို ဘယ်လိုထင်လဲ”

“ဘာအဓိပ္ပာယ်လဲ” ယွိယန်း မေးလိုက်သည်။

“နယ်စားရဲ့ သမီးတစ်ယောက်အနေနဲ့ မုရုန်ဟွေ့ထက်တောင် ပိုပြီး အားကောင်းနေတယ်လို့ မထင်ဘူးလား ဘယ်နယ်စားရဲ့ ကလေးက သူမရဲ့ တစ်ဝက်လောက်တောင် တော်လို့လဲ” တယွိမင်းသား ပြောလေသည်။

“ကျွန်တော်လည်း အရင်က အဲဒါကိုသံသယဝင်ခဲ့တာ” ယွိယန်း ပြောလေ သည်။

“ဒီဟာနဲ့ပတ်သက်ပြီး မင်းအတွေးကရော” တယွိမင်းသားသည် မျက်လုံး ပင့်ပြီး သူ့ကိုကြည့်သည်။

ယွိယန်းသည် ခေတ္တမျှ တွေဝေသွားသည်။ ပြီးနောက် သူ၏ ခန့်မှန်းချက် ကို ထုတ်ဖော်ပြောလေသည်။

“ခမည်းတော် သူက မုရုန်ရှီမဖြစ်နိုင်ဘူးလို့ ထင်တယ်” ယွိယန်း ပြောလိုက်သည်။

“မုရုန်ရှီမဟုတ်ဘူး ဟုတ်လား”

“ဟုတ်ပါတယ်” ယွိယန်းသည် ဘေးတွင်ထိုင်ပြီး ပြောလေသည် “လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်လောက်က စစ်သူကြီးဒိက ခမည်းတော်ကိုလာရှာတာကို မှတ်မိလား”

“မှတ်မိတာပေါ့ လျောင်ပြည်နယ်က အခြေအနေကို အာရုံစိုက်ကြည့်ထား ဖို့ သူအထူးတလည်ပြောသွားတာ” တယွိမင်းသား ပြောလိုက်သည် “အဲတုန်းက အဲဒီကကိစ္စကို ဘာလို့ အဲလောက် ဂရုစိုက်နေတာလဲလို့ ထူးဆန်းနေကြတာ လေ… မုရုန်ရှီနဲ့ အမှောင်မင်းသမီးတို့က အရမ်းတူတာကြောင့်လို့ပဲ ထင်ထားခဲ့ ကြတာလေ”

“သူတို့ တူတယ်ဆိုရင်တောင် အဲဒါကို စိတ်ထဲထားဖို့မလိုဘူးမလား” ယွိယန်း ပြောလိုက်သည် “ဒါပေမဲ့ စစ်သူကြီးဒိက အထူးတလည်ရောက်လာ တယ်လေ”

“ဒါ တကယ်ပဲ သိချင်စရာပဲ” တယွိမင်းသား ပြန်ဖြေလိုက်သည်။

“ပြီးတော့ သတင်းတွေ ဘယ်လောက်ပဲထွက်ထွက် အရမ်းကြီး ကွဲပြားနေ တာတော့ မဟုတ်သေးဘူးလေ… အပြောင်းအလဲကြီးတယ်ဆိုရင် သတင်း ထွက်တဲ့လူက အဲလူမဟုတ်ဘူးလို့ ဆိုလိုတာပဲ” ယွိယန်းသည် ဆက်လက် ခွဲခြမ်းစိတ်ဖြာလေသည်။ “အတိတ်မေ့တာက လူတစ်ယောက်ရဲ့ စရိုက်ကို မပြောင်းနိုင်ဘူးလေ”

“သူမက ဘယ်သူလို့ထင်လဲ”

“ခမည်းတော် မမှန်းမိသေးဘူးလား” ယွိယန်း ပြောလိုက်သည် “သူမက အမှောင်မင်းသမီးနဲ့ အဲလောက်တူတာ.. စစ်သူကြီးဒိရဲ့ ဂရုစိုက်တာကိုလည်း ခံ ရတယ်… အားလည်းကောင်းတယ် အမှောင်မင်းသမီးရဲ့ သမီးရှီမာယူယူကလွဲ ပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ”

“ကြည့်ရတာ မင်း မှန်းမိထားတာ ကြာပြီထင်တယ်” တယွိမင်းသား ပြော  လိုက်သည်။

“လူသားလောကမှာတုန်းက သူမ အကြောင်းကို သိတဲ့လူတိုင်းတော့ အပ်စိုက်ကုထုံး သုံးတာကိုကြည့်လိုက်ရင် သိနေလောက်ပါပြီ” ယွိယန်း ပြော လိုက်သည်။

“ဒါက အရမ်းကိုသိသာနေတာပဲ” တယွိမင်းသား သက်ပြင်းချလိုက်သည် “သူမက ဘယ်လိုလုပ် မုရုန်ရှီဖြစ်လာတာလဲလို့ သိချင်နေပြီ”

“နောက်ကို အခွင့်အရေးရလာရင် မေးကြတာပေါ့.. အခုတော့ သူမကို မုရုန်ရှီလိုပဲ ဆက်ပြီးဆက်ဆံကြမယ်” ယွိယန်း ပြောလိုက်သည် “ခမည်းတော် ခမည်းတော်က အခုအရမ်းအားနည်းနေသေးတယ် နောက်မှ ပြောကြတာပေါ့”

ပြောပြီးနောက်တွင် သူထပြီး ခမည်းတော်နားနေရာအတွက် ထွက်လာခဲ့ လိုက်သည်။

ရှီမာယူယူ သူမအခန်းသို့ နားနေရန် ရောက်ချိန်တွင် အစေခံမိန်းကလေး ကို နှင်ထုတ်လိုက်ပြီး အတားအဆီးစီမံလိုက်သည်။ သူမသည် ဆေးပစ္စည်းများ ကိုထုတ်ကာ အမည်းလေးကို ခေါ်ထုတ်လိုက်သည်။ သူမသည် ဆေးပစ္စည်းများ ကို ပေးကာ ပြောလိုက်သည် “စားလေ”

အမည်းလေးသည် အနံ့ရှုပြီးနောက် ခေါင်းကိုဘေးဘဲဝဲယာ လှည့်နေ သည်။ ထို့ကြောင့် ရှီမာယူယူသည် သူ့ကိုပြန်ဆွဲကာ ပါးစပ်ထဲသို့ ဆေးပစ္စည်း များကို ထည့်ပေးလိုက်တော့သည်။

***

All Chapters