← Chapters

သွေးလိုဏ်ဂူ

Vol. 49 Ch. 805

သွေးလိုဏ်ဂူ

Vol. 49 Ch. 805

ထိုအမှန်တရားကို ရှာတွေ့သွားခြင်းက ချန်လွေ့က ကြီးကြီးမားမား ထိတ်လန့်သွားစေခဲ့သည်။ လျို့ဝှက်ဆန်းကြယ်တဲ့ ဘာသာရေးဂိုဏ်းက တကယ်ကြီး အော့ခ်မျိုးနွယ်စုတွေဆီထိကို ပျံ့နှံ့နေခဲ့တာပဲ။

အတိအကျပြောရရင် အော့ခ်တွေလည်း နစ်နာသူတွေပဲ။ အော့ခ်နတ်ဘုရားအပေါ် သူတို့ရဲ့ ယုံကြည်မှုတွေက လျို့ဝှက် ဆန်းကြယ်တဲ့ ဘာသာရေးဂိုဏ်းရဲ့ မိစ္ဆာနတ်ဘုရားဆီကို လွှဲပြောင်းနေခဲ့တာ။

တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ ဆိုတဲ့ စကားပုံအတိုင်းပေါ့။ နတ်ဘုရား ဝတ်ပြုခန်းမရဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် ဒီအကြံအစည်က ဟိုးအရင်ကတည်းက အကောင်အထည် ဖော်ထားတာ ဖြစ်ရမယ်။

ထိုအချိန်တွင် နတ်ဘုရားပေးသောလက်နက်၏ လက်ကျန် နိမိတ်ပုံရိပ်သာ ကျန်ရှိနေပြီး အခြားသုံးယောက်၏ ခန္ဓာကိုယ်များက ပျောက်ကွယ်သွားလေပြီ။ [ နွေဦးပိုင်နက် ] က ထောက်ပံ့ထားပေသော လျို့ဝှက်အစောင့်သာ မပျောက်ကွယ် သွားပေ။ [ နွေဦးပိုင်နက် ] ၏ အစွမ်းက ထိရောက်မှုရှိပုံရသည်။ နတ်ဘုရားပေးသောလက်နက်၏ ပျောက်ကွယ်နှုန်းလည်း လျော့ကျသွားခဲ့သည့်အတွက် ထိုလျို့ဝှက်အစောင့်က ယခုအချိန် အတွင်း ပျောက်ကွယ်သွားမည် မဟုတ်ပေ။

“မင်းက မရဏနက်နောက်လိုက် ဖြစ်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါက အဓိကနယ်မြေရဲ့ အရှေ့တောင်ပိုင်းပဲ။ လောင်မီတယ်က တောင်ပိုင်းခရိုင်ရဲ့ ဂိုဏ်းအုပ်အချုပ်လား။ မဟုတ်ဘူး။ ဒါက ဂိုဏ်းအုပ်အချုပ်ထက် ပိုအဆင့်မြင့်လောက်တယ်....”

လျို့ဝှက်အစောင့်က တုန်လှုပ်သွားခဲ့ပြီး အသံကုန် အော်ပြောလိုက်သည်။ “မင်း...မင်းက ဘယ်သူလဲ။ မင်းက ကျောင်းတော်ရဲ့ လျို့ဝှက်ချက်တွေ အများကြီးကို သိနေတာပဲ။”

“ကျုပ်ကို လောင်မီတယ်နဲ့ နတ်သူငယ်တစ်ပိုင်း ဘယ်မှာရှိလဲ ပြောပြ။” ချန်လွေ့၏ အကြည့်က အလွန်အမင်း‌ အေးစက်နေပြီး ဝိညာဉ်ကို တုန်လှုပ်စေနိုင်သော ထူးဆန်းသည့် စွမ်းအားတစ်ခု ထုတ်လွှတ်နေလေသည်။ “မဟုတ်လို့ကတော့ ကျုပ် ခင်ဗျားရဲ့ ဝိညာဉ်ကို ဆွဲထုတ်ပြီးတော့ ဖြည်းဖြည်းချင်း နှိပ်စက်ပစ်မယ်။ ခင်ဗျားက အသူရာချောက်နက် ယုံကြည်သူ ဆိုရင်တောင် ခင်ဗျားရဲ့ ဝိညာဉ်ကို ဆုံးရှုံးသွားတာနဲ့ ပြန်မွေးဖွားလာတာမျိုး ရှိလာမှာ မဟုတ်ဘူး။ အဲဒီအချိန် ကျုပ်က ခင်ဗျားရဲ့ဝိညာဉ်ကို သိဒ္ဓိ ကျောင်းတော်ဆီ ခေါ်သွားမယ်။ သူတို့က မရဏနက် နောက်လိုက်တွေကို ဘယ်လိုဖြေရှင်းလဲဆိုတာ ခင်ဗျား သိမှာပါ။ အဲဒီအချိန် သေခြင်းတရားက ခင်ဗျားအတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သွားလိမ့်မယ်။”

ချန်လွေ့၏ ပြောစကားများက ခြိမ်းခြောက်နေခြင်း ဖြစ်သော်လည်း သူက အသူရာထံမှ မရဏနက်နောက်လိုက် သြဝါဒမှ ဝိညာဉ်ပြန်မွေးဖွားခြင်းကဲ့သို့သော အကြောင်းအရာ အများအပြားကို သိရှိထားခဲ့သည်။ ထိုစကားများ၏ တစ်ဖက်လူ၏ အရှိုက်တည့်တည့်ကို ထိသွားခဲ့ပြိး ထိုသူ၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်လှုပ်လာခဲ့သည်။ ချန်လွေ့၏လက် တဖြည်းဖြည်း လှမ်းလာသည်ကိုကြည့်ရင်း သူက အော်ပြောလိုက်တော့သည်။ “မဟာနတ်ဆရာမက နတ်သူငယ်တစ်ပိုင်းကို သွေးလိုဏ်ဂူဆီ ခေါ်သွားတယ်။”

“သွေးလိုဏ်ဂူလား။ အဲဒါက ဘယ်နေရာမှာ ရှိတာလဲ။”

“အိပ်မက်ဆိုးမီးတောင်ရဲ့ လျို့ဝှက်လိုဏ်ဂူက ဒီအဖွဲ့ခွဲရဲ့ အမြင့်ဆုံး ဝတ်ပြုနေရာပဲ....။ နတ်ဘုရားရုပ်ထုနောက်မှာ အဲဒါနဲ့ တိုက်ရိုက် ဆက်သွယ်ထားတဲ့ တယ်လီပို့အစီအရင်တစ်ခု ရှိတယ်။ ဒါပေမဲ့ မဒမ် လောင်မီတယ်ပဲ အဲဒါကို ဖွင့်နိုင်တယ်။” လျို့ဝှက် အစောင့်က အံကြိတ်လိုက်သည်။ “ငါမင်းကို သိသမျှအကုန်လုံး ပြောပြပြီးပြီ။ ငါ့ကို မြန်မြန်သတ်ပေး။”

“နောက်ဆုံးတစ်ခု မေးမယ်။ ဘာလို့ လောင်မီတယ်က နတ်သူငယ်တစ်ပိုင်းကို လိုချင်တာလဲ။” ချန်လွေ့၏လက်ထဲ၌ ပျက်စီးခြင်းစွမ်းအား အများအပြား ရှိနေပြီ ဖြစ်သည်။

“နတ်ဘုရားအတွက် သွေးစတေးတာက အဓိက စတေးခံ လိုအပ်တယ်။ မဒမ် လောင်မီတယ်က သွေးပင်လယ်မျက်လုံး လျို့ဝှက်ပညာရပ်ကို အသက်သွင်းပြီးတော့ ရှာပြီးပြီ။ သူက နတ်သူငယ်တစ်ပိုင်း ကောင်မလေး ပိုင်ဆိုင်ထားတဲ့ ခန္ဓာအမျိုးအစားက အကောင်းဆုံး အဓိက စတေးခံဆိုတာကို အာရုံခံမိခဲ့တယ်။ အဲဒါကြောင့် သူက ဆုကြေးသတ်မှတ်ခဲ့တာ။”

သွေးပင်လယ်မျက်လုံး လျို့ဝှက်ပညာရပ်ကို ဘလန့်ချ်ကို မည်သို့ ရှာဖွေနိုင်ကြောင်း နားမလည်သော်လည်း ချန်လွေ့က အကြောင်းအကျိုးကို နောက်ဆုံး၌ သဘောပေါက်သွားခဲ့သည်။ ထိုအချိန်အခိုက်အတန့်တွင် သူက နတ်သူငယ်တစ်ပိုင်း ကောင်မလေးကို အမြန်ဆုံး ကယ်တင်ရန်အတွက် အိပ်မက်ဆိုးမီးတောက်ရှိ သွေးလိုဏ်ဂူသို့ အမြန်သွားရမည် ဖြစ်သည်။ အတွေးတစ်ချက်ဖြင့် သူက [ နွေဦးပိုင်နက် ] စွမ်းအားကို ရုတ်သိမ်းလိုက်၏။

[ နွေဦးပိုင်နက် ] ၏ အထောက်အပံံ့ ဆုံးရှုံးသွားခြင်းကြောင့် လျို့ဝှက်အစောင့်၏ အသက်ဓာတ်က အလျင်အမြန် ဆုံးရှုံးလာပြီး သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း မှိန်လိုက်ပျောက်လိုက် ဖြစ်နေခဲ့သည်။ ထိုအချိန် “ကြာပွတ်”၏ နိမိတ်ပုံရိပ်က အားနည်းလာပြီး ပျောက်ကွယ်သွားခဲ့သည်။ ထိုသူက သူ့အဖော် သုံးယောက်ကဲ့သို့ပင် သိပ်မကြာခင် ပျောက်ကွယ်တော့မည် ဖြစ်လေသည်။

“နောက်ကျသွားပြီ။ သွေးစတေးတာ ပထမအဆင့် ပြီးသွားပြီး လောက်ပြီ...”

လျို့ဝှက်အစောင့် ပျောက်ကွယ်မသွားခင် နောက်ဆုံးစကားက ချန်လွေ့ကို စိုးရိမ်သွားစေခဲ့သည်။ သူက အလျင်အမြန်ပင် သုံးလွှာ ရုပ်ကြွပန်းပုဆီသို့ လမ်းလျှောက်သွားလိုက်သည်။ ခဏလောက် ရှာဖွေပြီးနောက် သူက လျို့ဝှက်တံခါးတစ်ခုကို ဖွင့်လိုက်ပြီး အသေအချာပင် နှစ်လမ်းသွား တယ်လီပို့အစီအရင်တစ်ခုကို ရှာတွေ့သွားခဲ့လေသည်။

လောင်မီတယ် တစ်ယောက်တည်းသာ ထိုတယ်လီပို့ အစီအရင်ကို အသက်သွင်းနိုင်ကြောင်း လျို့ဝှက်အစောင့်က ပြောခဲ့သော်လည်း ချန်လွေ့တွင် ဝါးမျိုထားသော လောင်မီတယ် စိတ်ဝိညာဉ် အမှတ်အသား ရှိနေဆဲဖြစ်ပြီး မခြေဖျက် ရသေးပေ။ များစွာသော ယုံကြည်မှုစွမ်းအားဖြင့် ပေါင်းလိုက်သောအခါ သီဝရီအရ သူက အိပ်မက်ဆိုးနွံအိုင်ထဲရှိ မည်သည့် “ကန့်သတ်” နေရာကိုမဆို လွတ်လွတ်လပ်လပ် သွားလာနိုင်သော နောက်ထပ် လောင်မီတယ် တစ်ယောက်သဖွယ် ဖြစ်နေ၏။

ထိုသီဝရီက လက်တွေ့အသုံးကျကြောင်း သက်သေပြပြီးပြီ ဖြစ်သည်။ ချန်လွေ့က တယ်လီပို့အစီအရင်ကို အသက်သွင်းရန် အချိန်အများကြီး မဖြုန်းခဲ့ပေ။ ခဏအကြာ သူက တယ်လီပို့ အစီအရင်မှတဆင့် သွေးလိုဏ်ဂူသို့ ရောက်ရှိလာခဲ့သည်။

ကြမ္မာဆိုးနွံအိုင်က အိပ်မက်ဆိုးတောနက်ထဲမှ အန္တရာယ်များသော နေရာတစ်ခုဆိုလျှင် အိပ်မက်ဆိုးမီးတောင်က ပြန်လမ်းမဲ့နယ်မြေတစ်ခု ဖြစ်ပေသည်။ မီးတောင်ထဲ၌ သက်ရှိ မရှိသလောက်ပင်။ သွေးလိုဏ်ဂူက ထိုအိပ်မက်ဆိုးမီးတောင်ထဲ၌ ရှိလေသည်။ နေရာတိုင်း၌ မွန်းကြပ်သော ကြောက်မက်ဖွယ်ရာ အပူရှိန် ရှိနေသော ပွက်ပွက်ဆူနေသည့် ချော်ရည်များ ရှိနေပြီး မြင်ကွင်းသည်ပင် ရှုံ့တွနေခဲ့သည်။

ချန်လွေ့က တစ်လှမ်းချင်း လမ်းလျှောက်လာခဲ့သည်။ နှစ်ခါ ကွေ့ပြီးနောက် သူက အလွန်ကြီးမားသော လိုဏ်ဂူတစ်ခုထံသို့ ရောက်ရှိသွားခဲ့သည်။ သူ၏အကြည့် ရုတ်တရက် အေးခဲသွား၏။

သူမြင်ခဲ့သည်က အဆုံးမရှိသော အလောင်းများ တောင်လိုပုံနေပြီး မြေပြန့်တစ်ခုလုံးကိုပင် လွှမ်းမိုးလုနီးပါး ဖြစ်နေခြင်းပင်။

မြေပြန့်က ဘောလုံးကွင်း အရွယ်အစား ရှိနေပြီး ချော်ရည်ပင်လယ်ဖြင့် ဝိုင်းရံထားသော ကျွန်းတစ်ကျွန်းသဖွယ် ဖြစ်နေသည်။ မြေပြင်အရောင်ကို ကြည့်ရသည်မှာ ထိုနေရာ၌ သေဆုံးမှု အရေအတွက်က မြင်နေရသည်ထက် များစွာ ပိုလေသည်။ အပူရှိန် မြင့်မားလှသည့်အတွက်ကြောင့် အလောင်းများက အလွန်အမင် ခြောက်သွေ့နေပြီး ကြက်သီးထစရာ ကောင်းနေ၏။ သို့ရာတွင် ချန်လွေ့က သူတို့၏ မျိုးနွယ်စုများကို မှတ်မိနိုင်သေးသည်။ လူသား၊ အော့ခ်များနှင့် အော့်တစ်ပိုင်း များပင်။

ထူးဆန်းစွာပင် ထိုနေရာ၌ မဟာနတ်ဆရာမ လောင်မီတယ်၏ အသက်အငွေ့အသက် ရှိမနေပေ။

ထိုအ‌လောင်းများကို မြေပြင်ပေါ်ရှိ ထူးဆန်းသော ထွင်းစာ တစ်ခုက ဝိုင်းရံထားလေသည်။ ထိုပုံစံကွက်နှင့် စာသားထဲရှိ မြုပ်ဝင်နေသော အစိတ်အပိုင်းများက သွေးနီရောင် သလင်းကျောက်များ ဖြစ်နေပြီး ထိုအထူးသွေး ပျစ်ခဲသွားခြင်း၏ အမြုတေ ဖြစ်ဟန်တူသည်။ အတူတူ ပေါင်းစပ်သွားသောအခါ ၎င်းတို့က စာသားများ ကဲ့သို့ ဖြစ်သွားကြသည်။

ထိုပုံစံကွက်က ချန်လွေ့အား ရင်းနှီးသော ခံစားချက်တစ်ခု ပေးစွမ်းခဲ့သည်။ ဟုတ်တယ်။ ကြယ်အလင်း ကောလိပ်က မှော်စက်ဝိုင်း ဆရာသခင် ဆိုခရစ်တီးရဲ့ ကျောက်ပြား။

အဲဒီကျောက်ပြားက နတ်သူငယ် မဟာဆရာသခင် ဖီနိုအီရာ လက်ထဲမှာ ရှိနေတုန်းပဲ။ ချိုင့်နေတဲ့ ပုံစံကွက် ချိတ်ဆက်မှုက တကယ့် ပဟေဠိ ဖြစ်နေတာကိုး...

ဒါက ဆိုးယုတ်တဲ့ စတေးမှုတွေကို ပြုလုပ်ဖို့အတွက် လျို့ဝှက်ဆန်းကြယ်တဲ့ ဘာသာရေးဂိုဏ်းအတွက် စာတစ်မျိုး ဖြစ်နေတယ်။ ဒါမှမဟုတ် .... အသူရာချောက်နက် ဘာသာစကားလို့ ခေါ်ရမလား။

ချန်လွေ့က စိုးရိမ်တကြီးနှင့် ဘလန့်ချ်၏အလောင်းကို ရှာဖွေရန် ကြိုးစားခဲ့သော်လည်း ကံကောင်းစွာပင် မတွေ့ခဲ့ပေ။ သူက အလောင်းတောင်ပုံအရှေ့တွင် ရှိနေသော သွေးနီ ယဇ်ပလ္လင်ကို ကြည့်လိုက်သည်။

ယဇ်ပလ္လင်အောက်တွင် အလောင်းများလည်း ရှိနေသည်။ ထူးဆန်းသည်က ထိုအလောင်းများမှာ စက်ဝိုင်းထဲမှကဲ့သို့ မခြောက်သွေ့နေဘဲ သူတို့၏ အမူအရာများက အလွန်အမင်း ကြောက်လန့်စရာတစ်ခုကို မြင်တွေ့ခဲ့ရသလို ဖြစ်နေခြင်းပင်။

အဝတ်အစားတွေကို ကြည့်ရတာ ဒီအလောင်းတွေက ယဇ်ပလ္လင် အစောင့်တွေနဲ့ လက်ထောက် နတ်ဆရာမတွေ ဖြစ်လောက်တယ်။ လောင်မီတယ်က စတေးဖို့အတွက် သူ့ရဲ့ လက်အောက်ငယ်သားတွေကို စတေးခဲ့တာလား။

ချန်‌လွေ့က ယဇ်ပလ္လင်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားရာ ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။ သူ၏မျက်လုံးများက ယဇ်ပလ္လင်ပေါ်ရှိ အလောင်းတစ်ခုအပေါ် အာရုံစိုက်လိုက်သည်။ ထိုအလောင်းက ဘလန့်ချ် မဟုတ်ဘဲ အနက်ရောင် ဝတ်ရုံနှင့် ထက်မြက်သောမျက်နှာရှိသည့် အရပ်မြင့်မြင့် အမျိုးသမီး တစ်ယောက် ဖြစ်သည်။ အနီးအနားရှိ မြေပြင်ပေါ်တွင်လည်း တုတ်တံတစ်‌ချောင်း ရှိနေသည်။ ထိုတုတ်တံထိပ်သည် ချိုကွေးနှစ်ခုရှိသော သားရဲအရိုးခေါင်းတစ်ခုပုံစံ ဖြစ်နေ၏။

ထိုအမျိုးသမီး၏ အဝတ်အစားနဲ့ အသွင်အပြင်ကို ကြည့်ရတာတော့ သူက သေချာပေါက် မဟာနတ်ဆရာမ လောင်မီတယ်ပဲ။

လောင်မီတယ်က သေသွားပြီလား။

ဒီတစ်ခေါက် သွေးစတေးတာက “နတ်ဘုရား”အတွက် စတေးတာပဲ။ ပြီးတော့ အဓိကစတေးခံက ဘလန့်ချ်ပဲ။ ဒါပေမဲ့ ဘာလို့ လောင်မီတယ်က အခု သေသွားရတာလဲ။

အစောင့်တွေလိုမျိုးပဲ၊ လောင်မီတယ်ရဲ့ ခန္ဓာကိုယ်မှာ ဘာဒဏ်ရာမှ မရှိနေဘူး။ သူ့ရဲ့ ဝိညာဉ်စွမ်းအား ချက်ချင်း ရုတ်တရက် ပျောက်ကွယ်သွားသလိုပဲ။ ဒါပေမဲ့ သူ့အမူအရာက နည်းနည်း ထူးဆန်းနေတယ်။ ထိတ်လန့်တာအပြင်ကို မယုံကြည်နိုင်တာနဲ့ အကြောက်တရား အငွေ့အသက်ရော ရှိနေတယ်။

စိတ်ထင်တာပဲ ဖြစ်မှာပါ။ ချန်လွေ့က ခေါင်းခါလိုက်သည်။ ဘလန့်ချ်ကရော။

ဘလန့်ချ် ဘယ်မှာလဲ။

ချန်လွေ့၏နှလုံးသားထဲ၌ မျှော်လင့်ချက် အငွေ့အသက်တစ်ခု တောက်လောင်လာခဲ့ပြီး နတ်သူငယ်တစ်ပိုင်း ကောင်မလေးကို သေသေချာချာ စတင်ရှာဖွေတော့သည်။ ထိုအချိန် သူက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး ယဇ်ပလ္လင်နောက်ဘက်ရှိ ချော်ရည်အစွန်နားမှ မြေပြင်ကို စိုက်ကြည့်လိုက်လေသည်။ ထိုနေရာ၌ တစ်စုံတစ်ခု ရှိနေ၏။ မျက်မှန်တစ်လက်ပင်....

ငါ ဘလန့်ချ်ကို ပေးထားတဲ့ မှော်မျက်မှန်...

ဒါက ဘလန့်ချ်ရဲ့ သွေးသန္ဓေပြောင်းတာကို ဟန့်တားနိုင်တဲ့ အဆောင်ပစ္စည်းယောင်ပဲ။ နတ်သူငယ်တစ်ပိုင်း ကောင်မလေးရဲ့ ဆန္ဒမပါဘဲနဲ့ ဘယ်သူမှ ချွတ်လို့မရဘူး။

အရင်တစ်ခေါက် ဘလန့်ချ်ရဲ့ အပြုအမူ အရဆိုရင် ဒီမျက်မှန်က သူ အမြတ်နိုးရဆုံးထဲက တစ်ခု ဖြစ်လောက်တယ်။ အဲဒါကြောင့် သူ ဒါကို လွယ်လွယ်နဲ့ စွန့်ပစ်မှာ မဟုတ်ဘူး။

မျက်မှန်ကို ဒီမှာ ထားခဲ့တယ် ဆိုတော့....

ချန်လွေ့က ကျောက်နံရံ အောက်ခြေသို့ အမြန်သွားကြည့် ခဲ့သော်လည်း ဘလန့်ချ်၏ အရိပ်အယောင် လုံးဝ ရှိမနေဘဲ ဆူပွက်နေသော ချော်ရည်များသာ ရှိနေခဲ့သည်။

သူ့စိတ်ထဲ၌ မြင်ကွင်းတစ်ခု ပေါ်လာဟန်တူသည်။ ဘလန့်ချ်က သေရေးရှင်ရေး အခိုက်အတန့်၌ မျက်မှန်ကို ချွတ်လိုက်ကာ လောင်မီတယ်နှင့် သူ့ကို သတ်ချင်နေသော အခြားသူများကို သွေးမျက်လုံး စွမ်းအားဖြင့် သတ်ပစ်လိုက်သည်။ သို့သော်လည်း သူက သူတို့၏ တန်ပြန်တိုက်ခိုက်မှုများနှင့် အခြား အကြောင်း အရင်းများကြောင့် ဒယီးဒယိုင်နဲ့ ချော်ရည်ထဲ ပြုတ်ကျသွား၏.....

ချန်လွေ့က ခါးကိုင်းပြီး မျက်မှန်အား စိတ်ဓာတ်ခိုင်မာပြီး ညင်သာသော ကောင်မလေးကို ကောက်ချီသကဲ့သို့ပင် သေသေချာချာ ကောက်ယူလိုက်သည်။ နောက်ဆုံး မျှော်လင့်ချက် အနေဖြင့် သူက နေရာတိုင်း၌ ထပ်ကာထပ်ကာ ရှာဖွေခဲ့သော်လည်း ကံမကောင်းစွာပင် အကျိုးမထူးခဲ့ပေ။

လျို့ဝှက် စတေးမှုအတွက် အသုံးပြုသော ထိုလိုဏ်ဂူ၏ မြေအနေအထားက ရိုးရှင်းပြီး လျို့ဝှက်သည်။ [ တယ်လီပို့ အစီအရင် ] မှ လွဲ၍ အခြားထွက်ပေါက် မရှိပေ။ လမ်းဆုံးတစ်ခု ဖြစ်နေခဲ့ပြီး ချန်လွေ့အား နောက်ဆုံးမျှော်လင့်ချက်ကို လက်လျှော့ရစေခဲ့သည်။

သူက လမ်းတလျှောက်လုံး တိုက်ခိုက်လာခဲ့ပြီး ထိုနေရာသို့ အသည်းအသန် ပြေးလာခဲ့သော်လည်း သဲထဲရေသွန် ဖြစ်ခဲ့‌ရ၏။

အမှန်တကယ်၌ စတင်သိကျွမ်းချိန်မှစ၍ သူနှင့် ဘလန့်အကြား ပြောစကားများက အလွန်နည်းပါးလှသည်။ နတ်သူငယ်တစ်ပိုင်း ကောင်မလေးက စကားပြော မကောင်းပေ။ ခံစားချက်များကို ဖော်ပြရာ၌ ပိုဆိုး၏။ ထိုစကားလုံးများက ခိုင်မာနေခဲ့သည်။

“ကျွန်မ ရှင့်ကို စောင့်နေမယ်။”

“ဘလန့်ချ် !” ချန်လွေ့က နှလုံးသားထဲ၌ နာကျင်မှု တစ်ခုကိုသာ ခံစားလိုက်ရပြီး ‌အော်ဟစ်ကာ မြေပြင်ကို လက်သီးဖြင့် ထိုးလိုက်သည်။ နှစ်ပေါင်းများစွာ ကျောက်ရည်ပူများ ဖုံးလွှမ်းထားသည့် မာကြောလှသော မြေပြင်က ရုတ်တရက် ပြိုလဲသွားတော့သည်။

မရဏနက်နောက်လိုက်။ လျို့ဝှက်ဆန်းကြယ်တဲ့ ဘာသာရေး ဂိုဏ်း ! ချန်လွေ့၏ပုံရိပ်က ရှေ့သို့ ပျံသန်းသွားခဲ့သည်။ သူ၏ လက်သီးဆုပ်ထားသော လက်ဆစ်များက လွန်ကဲသော အားများကြောင့် အဖြူရောင် ဖြစ်နေသည်။ အဲဒီဂိုဏ်းကို လုံးဝ အမြစ်ဖြုတ် သုတ်သင်ရမယ်။ ဘလန့်ချ်အတွက် လက်စားချေမယ်။ အပြစ်မဲ့တဲ့သူတွေ အားလုံးအတွက် လက်စားချေရမယ်။

တယ်လီပို့ အစီအရင်ထဲသို့ ချန်လွေ့၏ပုံရိပ် ပျောက်ကွယ် သွားသည့်အခါ သွေးလိုဏ်ဂူထဲရှိ ကျောက်ရည်ပူများက ရုတ်တရက် လှိမ့်တက်လာပြီး အလွန်ကြီးမားသော ဝဲကတော့တစ်ခု ဖန်တီးလိုက်သည်။

ဝဲကတော့အလယ်တွင် မီးတောက်နေသော ချော်ရည်တုံးတစ်ခု ဖြည်းဖြည်းချင်း မြင့်တက်လာပြီး ပန်းတစ်မျိုးကဲ့သို့ပင် တစ်လွှာချင်း ပွင့်လာခဲ့သည်။ အလွန်အမင်း သန့်စင်သော သွေးရောင် အလင်းတစ်ခုက ပန်းအလယ်ခေါင်မှ စတင်ထွက်ပေါ်လာသည်။ တဖြည်းဖြည်းနှင့် ချော်ရည်များက လှုပ်ရှားမှု ရပ်တန့်သွားခဲ့ပြီး အစိုင်အခဲ ဖြစ်သွားကာ အလွန်ပင် ရင်သပ်ရှုမောဖွယ် ကောင်းနေ၏။

ထိုသွေးရောင်အလင်း အစုအခိုင်က အလျင်အမြန်ပင် လူသားပံုစံ ပြောင်းလဲသွားခဲ့သည်။ ထိုအရာက အနီရောင် ကိုယ်တုံးလုံး ဖြစ်နေသော အမျိုးသမီး ခန္ဓာကိုယ်တစ်ခု ဖြစ်၏။ အနီရောင်အသားအရေက ပင့်ကူမျှင်ကဲ့သို့ အက်ကြောင်းများ ပြည့်နေပြီး ပုံစံကွက်များကလည်း ရွှေနီရောင်ဖြစ်နေကာ တစ်ကိုယ်လုံးထဲ၌ လည်ပတ်နေသည်က သွေးများမဟုတ်ဘဲ ချော်ရည်များသဖွယ် ဖြစ်နေလေသည်။

သူ၏ နူးညံ့လှသော မျက်နှာအသွင်အပြင်ကို ရေးရေး‌လေး မြင်နိုင်ပြီး မျက်လုံးက တစ်ဖက် အပြာ၊ တစ်ဖက် အနီ ဖြစ်နေ၏။ သူက တယ်လီပို့အစီအရင်ဘက်သို့ စိုက်ကြည့်နေသည်။

သူက ဖြည်းဖြည်းချင်း အကြည့်လွှဲလိုက်ပြီးနောက် ခေါင်းငုံ့ကာ ကြောက်မက်ဖွယ်ရာ အရေပြားနှင့် ဓားသွားကဲသို့ လက်သည်းများကို ကြည့်လိုက်သည်။ အပြာရောင် မျက်လုံးထဲ၌ မီးတောက်ကဲ့သို့ မျက်ရည်တစ်စသက် တဖြည်းဖြည်း ကျလာခဲ့၏။

စီးဆင်းလာသော “မီးတောက်” တစ်စက်က အစိုင်အခဲ သလင်းကျောက်များကို တည့်တည့် ထိသွားခဲ့သည်။ ချက်ချင်းပင် အစိုင်အခဲအားလုံး တစ်ချိန်တည်း ပြိုလဲသွားခဲ့ပြီး ချော်ရည်များ အဖြစ်သို့ ပြန်ရောက်သွားကြသည်။

ချော်ရည်များက ပြင်းထန်သော ခံစားချက်တစ်ခုကို သယ်ဆောင်ထားဟန်တူပြီး တယ်လီပို့အစီအရင်နှင့် ယဇ်ပလ္လင် အပါအဝင် အရာလုံးကို လွှမ်းမိုးလိုက်တော့သည်။

အရာအားလုံး ပြာအဖြစ် ပြောင်းလဲသွားပြီးနောက် အမျိုးသမီးက ဖြည်းဖြည်းချင်း မျက်လံုးများကို မှိတ်လိုက်ပြီးနောက် မြင့်တက်လာသော သွေးတိုင်လုံးများက ဖြည်းဖြည်းချင်း ချော်ရည်ထဲသို့ နစ်မြုပ်သွားလေသည်။ အတောင်ပံမဲ့သော နတ်သမီးတစ်ပါးက အမှောင်ထုထဲ ကျဆင်းသွားသကဲ့သို့ပင်...

All Chapters