လျို့ဝှက် ဂိုဒေါင်
Vol. 49 Ch. 791
လုပ်ပိုင်ခွင့် အမြင့်ဆုံး လျို့ဝှက်ဂိုဒေါင်တဲ့လား။ ချန်လွေ့၏ အကြည့်က ရှေ့မှ ကျိုးပဲ့နေသော အခင်းကျောက်ပြားများ ရှိနေသည့် ဂိုဒေါင်ပေါ်သို့ ရောက်ရှိသွားခဲ့သည်။ ထိုဂိုဒေါင်တွင် အပျက်အစီးများနှင့် ပရိဘောများနှင့် ပတ်သက်၌ တစ်ခုခု ထူးခြားနေခြင်း မရှိသော်လည်း အသက် သလင်းကျောက်က လိမ်မည်မဟုတ်ကြောင်း ချန်လွေ့ ယုံကြည်သည်။ ရှာဖွေပြီးနောက် ချန်လွေ့က နောက်ဆုံးတွင် မထင်မရှား နံရံပေါ်၌ လျို့ဝှက်ဂိုဒေါင်ဝင်ပေါက် ဖြစ်ဟန်တူသော နေရာလွတ် ချိတ်ဆက် အမှတ်အသား တစ်ခုကို ရှာတွေ့သွား၏။
ထိုနေရာလွတ်ချိတ်ဆက်အမှတ်က အတော်လေး ရှုပ်ထွေးလှသည်။ ကံကောင်းစွာပင် အသက်သလင်းကျောက် အဆင့်၁ လုပ်ပိုင်ခွင့်၌ သက်ဆိုင်ရာ ဥပမာတစ်ခု ရှိနေပြီး လျို့ဝှက်ဒေါင်၏ အကာအကွယ်လည်း လုံးဝ ပျက်စီးနေပြီ ဖြစ်သည်။ ချန်လွေ့က [ သရုပ်ခွဲမျက်လုံး ] ၏ အကူအညီနှင့်အတူ အချိန်အတော်များများကို ကုန်ဆုံးစေခဲ့ပြီး နောက်ဆုံး၌ ထိုနေရာလွတ်ဝင်ပေါက်ကို အောင်အောင်မြင်မြင် အသက်သွင်း နိုင်သွားခဲ့သည်။
ချန်လွေ့၏ မျက်လုံးအရှေ့၌ ဘဲဥပုံစံ ရွှေရောင် အလင်းတံခါးတစ်ခု ပေါ်ထွက်လာပြီး အထဲသို့ ဝင်သွားလိုက်၏။
အတွင်းထဲ၌ ပစ္စည်းအချို့သာရှိသော သီးခြား နေရာလွတ် အခန်းငယ်လေးတစ်ခု ရှိသည်။ ချန်လွေ့ အနီးကပ် မကြည့်ခင်မှာပင် အသက် သလင်းကျောက်မှ စာတစ်စောင် ရောက်ရှိလာသည်။ “လုပ်ပိုင်ခွင့် မှားယွင်းနေ။ ဝိညာဉ်စွမ်းအားက လျို့ဝှက်ဂိုဒေါင် စိတ်ဝိညာဉ်အမှတ်အသားနှင့် မကိုက်ညီ။ လျို့ဝှက်ဂိုဒေါင်ကို ၃စက္ကန့်အတွင်း ဖျက်ဆီးမည်။”
ချန်လွေ့ ထိတ်လန့်သွားခဲ့သည်။ အတွေးတစ်ချက်ဖြင့် သူက အချိန် ဥပဒေသ စွမ်းအားကို အသက်သွင်းလိုက်ပြီး သူ့ပုံရိပ်က ချက်ချင်းပင် ဖျတ်ခနဲ ပျောက်သွားကာ ထိုပစ္စည်းများအားလုံးကို သိုလှောင်ဂိုဒေါင်ထဲ ထည့်လိုက်၏။ ထို့နောက် အလင်းတံခါးမှ အမြန် ထွက်သွားတော့သည်။
ရွှေရောင် အလင်းတံခါးက ခဏတာ တုန်ခါနေပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။ ချန်လွေ့က တိတ်တဆိတ် စိတ်သက်သာရာ ရသွား၏။ အမြင့်ဆုံး လုပ်ပိုင်ခွင့်က တကယ့်ကို ထူးခြားတာပဲ။ အစွန်အဖျားမှာရှိတဲ့ ခုခံမှုက လုံးဝ ပျက်စီးသွားပေမဲ့ အလိုလို ဖျက်ဆီးတဲ့ စွမ်းအားတော့ ရှိနေသေးတယ်။ ကံကောင်းချင်တော့ ငါက အသက်သလင်းကျောက်ကို ထိန်းချုပ်မှု ရထားပြီ။ အပြင်လူတစ်ယောက်ဝင်ရင် သလင်းကျောက်က သတိပေးချက်ကို ရဖို့ မဖြစ်နိုင်ဘူး။ သူက ၃စက္ကန့်အတွင်း နေရာလွတ်နဲ့အတူ ပျောက်ကွယ်သွားမှာ။
ချန်လွေ့က လျို့ဝှက်ဂိုဒေါင်ထဲမှ ပစ္စည်း(၄)ခုကို ရရှိခဲ့သည်။ ပုံရိပ်သလင်းကျောက်၂ခု၊ သလင်းကျောက်ပြားတစ်ခုနှင့် ကြက်သွေးရောင် မီးအိမ်တစ်ခု။
ချန်လွေ့က ပုံရိပ်သလင်းကျောက်ကို ယူပြီး ဖွင့်လိုက်သည်။ သူ ပြောစရာ မဲ့သွား၏။ ထိုထဲ၌ ပါဝင်နေသောအရာများက တွက်ချက်မှု ယူနစ်အဖြစ် G ကို အသုံးပြုသော သူ အိုတာခု ဘဝ၌ မိုဘိုင်းဟာ့ဒ်ဒစ်ထဲမှ “လှုပ်ရှားမှုပညာ”များကို တွေးမိသွားစေ၏။ အခြေခံအားဖြင့် အိမ်တိုင်းရှိ ဟာ့ဒ်ဒစ်ထဲတွင် ထိုကဲ့သို့ ဆင်တူသော အမျိုးအစား ရှိကြသည်။ ဒီ ဒိုရူဒါလည်း အတူတူပဲ။ ဒါပေမဲ့ ဒီသလင်းကျောက်မှာ ရှိနေတာတွေက သူကိုယ်တိုင် ညွှန်ကြားပြီး သရုပ်ဆောင်ထားတာ ဖြစ်လောက်တယ်။
ချန်လွေ့က ထိုကဲ့သို့ အနုပညာမျိုးကို ရှုစားရန် အာရုံမရသည့် အတွက်ကြောင့် သလင်းကျောက်ကို ချက်ချင်း ပိတ်လိုက်သည်။ ခုနက သင်ခန်းစာကြောင့် ချန်လွေ့က ဒုတိယ သလင်းကျောက်ကို ချက်ချင်းမဖွင့်ဘဲ စိတ်ဝိညာဉ်စွမ်းအားဖြင့် အရင် စူးစမ်းကြည့် လိုက်သည်။ သို့သော်လည်း သူ၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားခဲ့ပြီးနောက် ပုံရီပ်များကို သေသေချာချာ အသက်သွင်းလိုက်၏။
ပျက်စီးခြင်း....
နောက်ထပ် ပျက်စီးခြင်း....
အဆုံးမဲ့ အနီရောင်၊ ချစ်ချစ်တောက် အပူနှင့် ပင်လယ် လှိုင်းလုံး......
အရည်အသွေးက အဆင့်တစ်ခုအထိ ရောက်သွားလျှင် အရေအတွက်ကို လျစ်လျူရှုနိုင်မည်ဟု ချန်လွေ့က ယုံကြည်ခဲ့ဖူး၏။ သို့သော်လည်း ထိုကဲ့သို့ အမှန်တကယ် အဆုံးမဲ့သော အရေအတွက်ကို ရင်ဆိုင်ရာ၌ အရည်အသွေး၏ အယူအဆက ပြောင်းလဲသွားဟန်တူသည်။
ပါးစပ်ကြီးနတ်ဆိုးက အဆင့်အနိမ့်ဆုံး အသူရာချောက်နက် သတ္တဝါတစ်ကောင်ပဲ။ အသူရာချောက်နက်ပန်း အကူအညီနဲ့ အင်အားကြီး မကောင်းဆိုးဝါးတစ်ကောင် ဖြစ်လာရင်တောင် နတ်ဆိုးဘုရင်အဆင့်ကနေ မဟာနတ်ဆိုးဘုရင်အဆင့်အထိပဲ ရှိဦးမယ်။ နတ်ဆိုးအရှင်သခင်အဆင့် ဧရာမ သလင်းကျောက် သားရဲတွေက ဒီပုရွက်ဆိတ်လိုမျိုး ရန်သူတွေကို အေးဆေး ချေမှုန်းနိုင်တယ်။
ဆယ်ကောင်၊ အကောင်(၁၀၀)ကို နှိမ်နင်းနိုင်တယ်။ အကောင် (၁၀၀၀)၊ အကောင် (၁)သောင်းလည်း နှိမ်နင်းနိုင်တုန်းပဲ။ တစ်သိန်း၊ တစ်သန်း၊ ၁၀သန်း ဆိုရင်ကော....
ချန်လွေ့က ပါးစပ်ကြီးနတ်ဆိုး အရေအတွက်ကို မရေတွက်နိုင် ခဲ့ပေ။ ဧရာမ သလင်းကျောက်နတ်ဆိုး ရာနှင့်ချီကို အားစက်ကွင်း စက်ဝိုင်းများဖြင့် ဝိုင်းရံထားသည်ကို သူ မြင်လိုက်ရသည်။ ပါးစပ်ကြီး နတ်ဆိုးများက အမှုန့်များဖြစ်သွားကြသော်လည်း မဆုံးနိုင်သော ပါးစပ်ကြီးနတ်ဆိုး လှိုင်းလုံးကြီးအောက်တွင် ဧရာမ သလင်းကျောက်နတ်ဆိုး ပတ်ပတ်လည်ရှိ အားစက်ကွင်းက တဖြည်းဖြည်း သေးငယ်လာကာ ခဏကြာ မြုပ်သွားတော့သည်။ အစပိုင်းတွင် နတ်ဆိုးလှိုင်း အနည်းငယ်ကို လှုပ်ခါစေနိုင်သော်လည်း ခဏအကြာ ငြိမ်သက်သွားခဲ့သည်။
ထိုခံစားချက်က မရေမတွက်နိုင်သော အသားစား ပုရွက်ဆိတ် အုပ်ကြီးထဲသို့ သားရဲတစ်အုပ် ကျသွားသလို ဖြစ်နေ၏။
ပါးစပ်ကြီး နတ်ဆိုးများသာမက ဒေါသအိုးနတ်ဆိုးများ၊ မီးလျှံစုန်းမများနှင့် ကြယ်မြို့တော်၌ ချန်လွေ့ မတွေ့ခဲ့ဖူးသော သတ္တဝါအချို့လည်း ရှိနေသည်။ သူတို့၏ တိုက်ခိုက်ရေး စွမ်းအားများက ဒုတိယသာဖြစ်သည်။ ပထမမှာ သူတို့၏ သိမ့်သိမ့်တုန်စရာ အရေအတွက်ပင်။ သူတို့သွားသောနေရာတိုင်း ချစ်ချစ်တောက် လောင်ကျွမ်းနေသော မြေပြင်သာ ကျန်ခဲ့လေသည်။
ဒူရိုဒါ၏ မှတ်တမ်းစာအုပ်ထဲမှအတိုင်း ဖြစ်၏။ “အုပ်စိုးမှု၊ ကျွန်ပြုမှုမရှိ။ အဆုံးမဲ့ ပျက်စီးခြင်းသာ။”
၎င်းကို ဒူရိုဒါက မှတ်တမ်းတင်ထားခြင်း ဖြစ်လောက်သည်။ ထိုအရာက ရှေးအဂ္ဂိရတ်အစည်း ပျက်သုဉ်းရခြင်း၏ အကျဉ်းချုံး မျှသာ ဖြစ်သည်။ ချန်လွေ့က ကြယ်မြို့တော်ကို “ဆက်ခံ”စဉ်က ဆင်တူသော မြင်ကွင်းများကို မြင်ခဲ့ရသည်။ သို့သော်လည်း ၎င်းတို့က ယခုလောက် ထိတ်လန့်စရာ မကောင်းလှပေ။
အသူရာချောက်နက်စွမ်းအားက ကြောက်စရာ ကောင်းလွန်းတယ်။ အသူရချောက်နက်လော့ဒ် အထက်မှာ ရှိလောက်တဲ့ အသူရာချောက်နက်ရဲ့ ဆရာသခင် တစ်ယောက်ဖြစ်တဲ့ “ခီလီအန်နာ”က ပိုပြီးတော့တောင် ကြောက်စရာ ကောင်းတဲ့ တည်ရှိမှုတစ်ခုလို့ ဒိုရူဒါ ပြောခဲ့ဖူးတယ်။ ချန်လွေ့က လျို့ဝှက်ဆန်းကြယ်သော ဘာသာရေးဂိုဏ်း၌ အသူရာ မြင်ခဲ့ဖူးသော နတ်ဘုရားအဖြစ် သတ်မှတ်ခံထားရသည့် ရုပ်ထု သုံးလွှာကို တွေးမိလိုက်မိပြီး ရှင်းပြ၍မရဘဲ ကြက်သီးထသွားခဲ့၏။ လျို့ဝှက်ဆန်းကြယ်တဲ့ ဘာသာရေးဂိုဏ်းရဲ့ အနှိုင်းမဲ့ ပန်းတိုင်က အသူရာချောက်နက်ကို ပြန်အသက်သွင်းဖို့ပဲ။ ဒီပန်းတိုင်ကို ရောက်နိုင်တာနဲ့ နတ်ဆိုးဘုံနဲ့ လူသားလောက ပူးပေါင်းရင်တောင် လုံးဝပျက်စီးမယ့် ရလာဒ်ကို ရှောင်တိမ်းဖို့ မဖြစ်နိုင်လောက်ဘူး။
အဲဒါကြောင့် နတ်ဆိုးဘုံက စေတန်ပဲ ဖြစ်ဖြစ်၊ လူသားလောရဲ့ သိဒ္ဓိကျောင်းတော်ပဲဖြစ်ဖြစ်၊ အသူရာချောက်နက် သဲလွန်စကို ရှာတွေ့တာနဲ့ အမြဲတမ်း ရှင်းပစ်တာကိုး။ ဒါပေမဲ့ အသူရာ ချောက်နက်ရဲ့ နည်းလမ်းတွေက ခုခံဖို့ မဖြစ်နိုင်တုန်းပဲ။ ချန်လွေ့က သလင်းကျောက်နဂါး၏ ပေါက်ကွဲမှုဖြစ်ရပ်၊ စီကာလီ၏ စတေးခံ ဖြစ်ရပ်နှင့် အသူရာ ပူးပေါင်းခဲ့သော လျို့ဝှက်ဆန်းကြယ်သည့် ဘာသာရေးဂိုဏ်းတို့ကို ကြုံတွေ့ ခဲ့ပြီးပြီ ဖြစ်သည်။ ဒါတွေက ငါသိထားတာတွေပဲ။ ဒါဆိုရင် မသိထားတာတွေ ဘယ်လောက် ရှိနေသေးတာလဲ။
ချန်လွေ့ စိတ်ဓာတ်ကျသွားခဲ့ပြီး လျို့ဝှက်ဆန်းကြယ်သော ဘာသာရေးဂိုဏ်းကို လုံးဝ ဖျက်ဆီးရန် ဆုံးဖြတ်ချက်က ပိုမို၍ အားကောင်းလာခဲ့လေသည်။
ဒိုရူဒါ ချန်လွေ့သော အခြားပစ္စည်းနှစ်ခုအနက် ကြက်သွေးရောင် ပစ္စည်းက မီးအိမ်နှလုံးသား ဖြစ်သည်မှာ အသေအချာပင်ဖြစ်ပြီး ဒိုရူဒါ ဖန်တီးခဲ့သော မီးအိမ်ဝိညာဉ် ဖြစ်လောက်သည်။ မျက်နှာနှင့် စရိုက်တို့က သူ ရူးသွပ်ခဲ့သော မန်လန့်စ်နှင့် ချွတ်စွပ်ပင် ဖြစ်၏။ မန်လန့်စ် အမုန်းတရားများဖြင့် သေဆုံးသွားခဲ့ပြိးနောက် ဒိုရူဒါက သူ့နှလုံးသားထဲမှ အကြောက်တရားကို ဖိနှိပ်ရန်အတွက် ထိုမီးအိမ်ဝိညာဉ်ကို ထာဝရ ချိပ်ပိတ်ထားခဲ့လေသည်။
ထိုမီးအိမ်နှလုံးသားက အကောင်းအတိုင်း ရှိနေသေးသည်။ ၎င်းကို စွမ်းအင် ထောက်ပံ့ပေးလျှင် မီးအိမ်ဝိညာဉ်ကို နိုးထ စေနိုင်လောက်သည်။ သို့သော်လည်း ချန်လွေ့က ထိုသို့မလုပ်ဘဲ သိုလှောင်ဂိုဒေါင်ထဲ၌သာ သိမ်းထားလိုက်သည်။ အကြောင်းမှာ မီးအိမ်ဝိညာဉ် နိုးလာသည်နှင့် ၎င်းနှင့်အတူ [ ကြယ်ဂိတ် ] ကို ဖြတ်သွား၍ မရတော့သည့် အတွက်ကြောင့်ပင်။
ပြောရမည်ဆိုလျှင် ရွှေ၊ ငွေနှင့် သံ ဟူ၍ မီးအိမ်ဝိညာဉ် သုံးမျိုးသာ ဖြစ်သည်။ ကြက်သွေးရောင်မီးအိမ်နှလုံးသားက ဒဏ္ဍာရီလာ အထူးမီးအိမ်နှလုံးသား ဖြစ်သည်။ ၎င်းကို အသွင်ပြောင်းလဲရန်အတွက် လျို့ဝှက် ဖော်မြူလာတစ်ခု လိုအပ်ပြီး အောင်မြင်နိုင်ချေက အလွန်နိမ့်ပါးသည့်အတွက် ချန်လွေ့က ၎င်းကို သုတေသန ပြုလုပ်ရန်အတွက် ကြယ်မြို့တော်သို့ ပြန်ခေါ်သွားရန် ရည်ရွယ်ထားခဲ့သည်။
သလင်းကျောက်ပြားက မမျှော်လင့်ထားသော အံ့အားသင့်စရာ တစ်ခု ပေးခဲ့သည်။ အတွင်းထဲ၌ စုစည်းရုပ်သေး တိုးမြှင့်မှုများနှင့် ဒီဇိုင်းပုံများအပါအဝင် ပုံကြမ်းများ ရှိနေသည်။ ချန်လွေ့က တိုင်တန်များ ပြုလုပ်သော နည်းလမ်းကို တွေ့ခဲ့သော်လည်း အလွန်အမင်း ရှုပ်ထွေးလှပြီး ကုန်ကြမ်းများက အတော်လေး ရှားပါးလှသည်။ လေဒြပ်စင် အမြုတေ မရှိလျှင် ၎င်းက အတော်လေး နှေးကွေးသော အနီးကပ် တိုက်ခိုက်ရေးသတ္တဝါတစ်ကောင်သာ ဖြစ်ကာ ဧရာမ သလင်းကျောက်သားရဲများလောက် မကောင်းပေ။ အကယ်၍ အမြုတေကို ပေါင်းစပ်နိုင်မည်ဆိုလျှင် ထိုအမြုတေ အရင်းအမြစ်ကိုအသာထား။ တိုင်တန်များ၏ အသိစိတ် ခုံခံမှုကပင် ပြဿနာကြီးတစ်ခု ဖြစ်ပေသည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒါက အတော်လေး ကြီးမားတဲ့ ရရှိမှုပဲ။ ဒီတစ်ခေါက် လူသားလောကကနေ ပြန်လာရင် ကိစ္စတွေ အများကြီးကို လုပ်လို့ ရတော့မယ့်ပုံပဲ။
ချန်လွေ့က စူပါစနစ်၏ သန့်စင်ခြင်း အခန်းသို့ ဝင်သွားပြီး အဆ၁၀၀ အချိန်ဥပဒေသ ချိတ်ဆက်မှုကို ဖွင့်လိုက်ကာ သုတေသန စတင်တော့သည်။ မသိလိုက်ဘဲနှင့် ရက် အနည်းငယ် ကြာပြီးနောက် လေဒြပ်စင်ကောင်တစ်ကောင် ရောက်လာပြီး ချန်လွေ့၏ သုတေသနကို နှောင့်ယှက်လိုက်၏။ အလင်းဒြပ်စင်ဘုရင် ဒယ်ကက်စ် ရောက်လာလေပြီ။
ချန်လွေ့က “ကောင်းကင်ဘီး”မှ ထွက်သွားပြီး လေဒြပ်စင်ကောင်နောက်သို့ လိုက်သွားခဲ့သည်။ ၂နာရီ ကြာပြီးနောက် သူ့အရှေ့တွင် တိမ်တိုက်ပင်လယ်တစ်ခု ပေါ်ထွက်လာပြီး အဝေးမှ လေထဲ၌ သောင်းကြမ်းသော အငွေ့အသက် တစ်ခု ရှိနေသည်ကို သူ ခံစားမိလိုက်သည်။ အနီးကပ် ကြည့်လိုက်သောအခါ “တိမ်တိုက်ပင်လယ်”က အမှန်တကယ်၌ မုန်တိုင်းမျက်လုံးနှင့် ဆင်တူသော အလွန်ကြီးမားသည့် လေမုန်တိုင်း ဖြစ်နေလေသည်။
ထူးဆန်းသည်က ထိုမုန်တိုင်းက တစ်ခုခုက ဟန့်တားထားခြင်း ဖြစ်သည်။ ၎င်းက အကွာအဝေး တစ်ခုအတွင်း၌သာ ရွေ့လျားနေသည်။ သို့မဟုတ်ဘဲ ဖြန့်ကျက်သွားသည်နှင့် ကျွန်း တစ်ခုလုံးက အမှန်တကယ် မုန်တိုင်းကျွန်း ဖြစ်သွားပေလိမ့်မည်။
ချန်လွေ့ အံ့အားသင့်သွား၏။ မုန်တိုင်းကျွန်းပေါ်တွင် ထိုကဲ့သို့ တည်ရှိမှုတစ်ခု ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူက မုန်တိုင်းကျွန်း ပတ်ပတ်လည်မှာရှိတဲ့ ပင်လယ်နယ်မြေထဲက လေဆင်နှာမောင်းတွေရဲ့ မူလဇစ်မြစ် ဖြစ်လောက်တယ်။
လေမုန်တိုင်းနားသို့ နီးကပ်လေလေ လေထဲ၌ လေဒြပ်စင်များ ပိုများလေလေ ဖြစ်လာပြီး အရေပြားပေါ်တွင် ဆုတ်ဖြဲသော ခံစားတစ်ခု ဖြစ်နေကာ မရေမတွက်နိုင်သော ဓားသွားများဖြင့် အဖြတ်ခံနေရသလိုမျိုး ဖြစ်နေသည်။ သူ့အရှေ့မှ လမ်းပြသော လေဒြပ်စင်ကောင်က ပုံမှန်သာ ဖြစ်သည်။ ချန်လွေ့က စိတ်ကို စေစားလိုက်ပြီးနောက် သူ့ပတ်ပတ်လည်တွင် ဝါးမျိုခြင်းစွမ်းအား တစ်ခု ပေါ်ထွက်လာပြီး အနီးအနားမှ သောင်းကြမ်းသော လေဒြပ်စင်စွမ်းအားများကို အသေးစား လေ “မျက်လုံး”သဖွယ် စုတ်ယူနေလိုက်သည်။
သူ့အရှေ့မှ လေဒြပ်စင်ကောင်က မူမမှန်မှု တစ်ခုခုကို ခံစားလိုက်ရသကဲ့သို့ပင် ထူးခြားသော အမူအရာတစ်ခု ချက်ချင်း ပြသလိုက်သည်။ သို့သော်လည်း မရပ်တန့်သွားဘဲ ချန်လွေ့က “မုန်တိုင်းမျက်လုံး”ထဲသို့ တည့်တည့် ခေါ်သွား၏။
အမြင်ကို နှောင့်ယှက်နေသော “မုန်တိုင်း”အလွှာများကို ဖြတ်ပြီးနောက် ချန်လွေ့၏အမြင် ပွင့်သွားတော့သည်။
ထိုအရာက နေရာတိုင်း၌ တိမ်ကဲ့သို့ မြူများ ပြည့်နေသော နေရာလွတ်အကျယ်ကြီးတစ်ခုဖြစ်ပြီး လျှပ်စီးများကလည်း မိုးကြိုးသံများနှင့်အတူ တလက်လက် ဖြစ်နေခဲ့သည်။ အနီးအနား၌ လေဒြပ်စင်ကောင်များနှင့် တိုင်တန်အချို့က ရပ်နေ၊ ထိုင်နေကြပြီး ထိုလျှပ်စီးနှင့်မိုးကြိုး ပတ်ဝန်းကျင်ကို ပျော်ရွှင်ခံစားနေပုံရ၏။
အထင်ရှားဆုံးက တိမ်တိုက်များထဲ၌ ထူးဆန်းသော နန်းတော်ပင်။
လျှပ်စီးတချက် လက်သွားရင်း လေဒြပ်စင်ဘုရင် ဆက်သ်တိုင်းက သူ့အရှေ့၌ ခြေထောက်အောက်၌ ရောင်လျှံ တစ်ခုနှင့်အတူ ပေါ်ထွက်လာသည်။ ချန်လွေ့အတွက် အံ့အားသင့်စွာပင် လေဒြပ်စင်ဘုရင်နှင့်အတူ တချိန်တည်းတွင် ပုံရိပ်နှစ်ခုလည်း ရောက်လာပေသည်။ တစ်ယောက်မှာ သိဒ္ဓိအလင်းတောင်၌ ချန်လွေ့ မြင်ခဲ့ဖူးသော အလင်းဒြပ်စင်ဘုရင် ဒယ်ကက်စ်ဖြစ်သည်။ တခြားတစ်ယောက်ကို ယခုမှ သူ မြင်ဖူးခြင်း ဖြစ်သည်။ ထိုသူက အရပ်မြင့်ပြီး ခန္ဓာကိုယ်ပေါ်မှာ မီးတောက်များ ဖုံးလွှမ်းနေသည်။ သူက ဆက်သ်တိုင်းနှင့် ဒယ်ကက်စ်တို့ထက် မနိမ့်ကျသော အငွေ့အသက်တစ်ခု ထုတ်လွှတ်နေ၏။ [ သရုပ်ခွဲ မျက်လုံး ] မှ အချက်အလက်များကို မကြည့်ဘဲနှင့်ပင် ထိုသူ၏ သရုပ်ကို ချန်လွေ့ ချက်ချင်း ခန့်မှန်းနိုင်ခဲ့သည်။ မီးဒြပ်စင်ဘုရင် !
အလင်းဘုရင်(၃)ပါးကို ဒီနေရာမှာ တစ်ခါတည်း တွေ့ရမယ်လို့ မထင်ထားခဲ့ဘူး။ အခုအထိ ငါ ဒြပ်စင်ဘုရင် (၆)ပါးလုံးကို မြင်ဖူးသွားပြီ။
ဆက်သ်တိုင်းက ပြောသည်။ “မုန်တိုင်းကျွန်းကနေ ကြိုဆိုပါတယ်။ အဝေးက မိတ်ဆွေ။ တိမ်တိုက်နန်းတော်ကို သွားပြီးတော့ အသေးစိတ် စကားပြောကြတာပေါ့။”
ချန်လွေ့က ဆက်သ်တိုင်း အချက်ပြသော ရောင်လျှံထဲသို့ ဝင်ရောက်လိုက်သည်။ ရောင်လျှံက လက်ခနဲ ဖြစ်သွားပြီးနောက် သူတို့လေးယောက်က တိမ်တိုက်များထဲရှိ နန်းတော်ထဲသို့ ရောက်ရှိသွားကြသည်။
ထိုနန်းတော်က လေဒြပ်စင် အမြုတေဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး ပုံစံက ထူးခြားကာ ခမ်းနားလှ၏။ မိုးကြိုးနှင့် မုန်တိုင်းက ထိုနေရာက မယုံနိုင်စရာ ကောင်းလောက်အောင် မျှခြေညီနေသည်။ ထိုနေရာက မမေ့နိုင်စရာတစ်ခုပင် ဖြစ်လေသည်။
“ထိုင်ပါဦး။” ဆက်သ်တိုင်းက ခန္ဓာကိုယ်အောက်ပိုင်းမှ လေပွေနှင့် တသားတည်း ဖြစ်နေဟန်တူသည့် ထူးဆန်းသော ပလ္လင်ပေါ်၌ ထိုင်နေသည်။ သို့သော်လည်း လေဒြပ်စင်ဘုရင်၏ လေသံက ယခင်နေ့ရက်များထက် ပိုမို ယှဉ်ကျေးနေခဲ့သည်။ “မင်းက ဒယ်ကက်စ်ကို သိမှာပါ။ ဒါက မီးဒြပ်စင်ဘုရင် အော့ဂ်မာတွန်ပါ။ ”
“အရှင်မင်းကြီးတို့ သုံးယောက်ကို မြင်ရတာ ဂုဏ်ယူစရာပါ။” ချန်လွေ့က ဘုရင်(၃)ပါးကို အရိုအသေပြုပြီး ထိုင်လိုက်၏။
အလင်းဒြပ်စင်ဘုရင်က ပြောသည်။ “ဆာ-ရစ်ချက်။ ဒီနေ့အတွက် စကားပလ္လင်ခံနေဖို့ လိုမယ် မထင်ဘူး။ ငါ လိုရင်းကိုပဲ ပြောမယ်။ မင်း အလင်းဇစ်မြစ်အပိုင်းအစကို ယူလာလား။”
“ဒါပေါ့...” ချန်လွေ့၏လက်ဝါးပေါ်တွင် အရည်လဲ့နေသော ကုဗတုံး တစ်ခု ရှိနေပြီး ဒယ်ကက်စ်၏ အကြည့်ကို ချက်ချင်းပင် ဆွဲဆောင်နိုင်ခဲ့သည်။
ဒယ်ကက်စ်က အနည်းငယ် စိတ်လှုပ်ရှားသွားဟန်တူပြီး ထရပ်လုမတတ် ဖြစ်သွား၏။ “ဟုတ်တယ်။ ဒါက တောက်ပခြင်း လက်ပတ်ပဲ။”