အရိပ်လေပြည်ဘွတ်ဖိနပ် တည်နေရာ
Vol. 49 Ch. 793
တိမ်တိုက်နန်းတော်ထဲ၌ ပြင်းထန်လှသော မီးတောက်များ နောက်ဆုံးတွင် ငြိမ်းသွားခဲ့ပြီး မြန်နှုန်းမြင့် တိုက်ခိုက်နေကြသော ပုံရိပ်နှစ်ခုက ခွဲခွာသွားကြ၏။
“တော်ပြီ။ ငါက တိုက်ပွဲ ကောင်းကောင်းလေး တိုက်ခိုက်ချင်တာ။ ဒါပေမဲ့ ငါ့ မီးဒြပ်စင်တိုက်ခိုက်မှုက အနည်းဆုံး ၈၀ မဟုတ်ဘူး ၉၀% အထိ လျှော့ချခံနေရတယ်။ ဒါကို တိုက်ပွဲလို့ ခေါ်လို့ ရဦးမှာလား။” အိုဂ်မာတွန်က စိတ်ပျက်ပျက်နှင့် လက်ခါပြပြီး ခန္ဓာကိုယ်ပေါ်၌ မီးတောက်များ လက်ခနဲ ဖြစ်သွားခဲ့သည်။ ချိုင့်နေသော နေရာများက အလိုလိုပင် မူလအတိုင်း ပြန်ဖြစ်သွား၏။
“ဟေ့...ဒယ်ကက်စ်။ ဒီကောင့်မှာရှိတာ အလင်းဒြပ်စင် ခန္ဓာအမျိုးအစား မဟုတ်ဘူး။ မီးဒြပ်စင် ခန္ဓာအမျိုးအစားဆိုတာ သေချာတယ်။ ရှေးသွေးမျိုးဆက် ဖြစ်လောက်တယ်....။ သူ့ အငွေ့အသက်ကို ဖံုးကွယ်ဖို့အတွက် ဘယ်လို လျို့ဝှက်ပညာရပ်ကို သုံးခဲ့တာလဲ ငါ မသိဘူး။ ငါ အာရုံမခံနိုင်ပေမဲ့ အဲဒါက နည်းနည်း သင့်မြတ်သလို ခံစားရတယ်။”
“ကျုပ် ခုနက သတိပေးပါတယ်။ အရှင်မင်းကြီး အိုဂ်မာတွန်။ ခင်ဗျားက ဒီတိုက်ပွဲမှာ အရေးနိမ့်လွန်းတယ်။” ချန်လွေ့က ပုခုံးတွန့်လိုက်သည်။ မီးဒြပ်စင်ဘုရင်နှင့် အလင်းဒြပ်စင်ဘုရင်မှလွဲ၍ သူ့အတွက် အခြားဒြပ်စင်ဘုရင်များကို အလွယ်တကူ တိုက်ခိုက်၇န် မဖြစ်နိုင်ပေ။ အထူးသဖြင့် မီးဒြပ်စင်ဘုရင်နှင့် တိုက်ခိုက်ရာ၌ သူ၏ ခန္ဓာကိုယ်မှ [ မီးဇာမဏီအမှတ် ] က မီးပြီးသောအရာ ဖြစ်ပြီး [ မှော်ဆန့်ကျင် ] ခန္ဓာအမျိုးအစား ရှိခြင်းကြောင့်သာ အရှင်မင်းကြီး အိုဂ်မာတွန်က ထိုကဲ့သို့ စိတ်ပျက်သွားရခြင်း ဖြစ်သည်။
[ မီးဇာမဏီအမှတ် ] က မီးထိခိုက်မှုကို ၉၀% လျှော့ချပေးပြီး လုံးဝ ပြီးနိုင်ရန် ၁၀% ရှိကာ မီးဒြပ်စင်သတ္တဝါများနှင့် ရင်းနှီးမှုကို တိုးပွားစေပေသည်။
အမှန်တကယ်၌ [ မီးဇာမဏီအမှတ် ] သည်ပင် မီးဒြပ်စင်ဘုရင်၏ မီးဇစ်မြစ် တိုက်ခိုက်မှုကို လုံးဝ မပြီးနိုင်ပေ။ အကယ်၍ မီးဒြပ်စင်ဘုရင်က ဒြပ်စင်နှလုံးသား ဇစ်မြစ်ကို လောင်ကျွမ်းစေခဲ့လျှင် မီးဥပဒေသက မီးစွမ်းအား အားလုံးကို လွှမ်းမိုသွားပြီး သူ အနိုင်ရသည့်တိုင် တန်ဖိုးကြီးကြီးမားမား ပေးဆပ်ခဲ့ရပေမည်။ ထိုအရာက တိုက်ပွဲတစ်ခု မဟုတ်တော့ဘဲ အဓိပ္ပာယ်မဲ့ ဖြစ်သွားပေလိမ့်မည်ဖြစ်သည်။
အကယ်၍ သူက ဇစ်မြစ်ကို မလောင်ကျွမ်းဘဲ အကြီးမားဆုံး အားသာချက်ကို ဆုံးရှုံးသွားမည်ဆိုလျှင် ထိုကဲ့သို့ စွမ်းအားရှိသော ပြိုင်ဘက်အား အနိုင်ရရှိရန် မဖြစ်နိုင်သလောက်ပေ။ ထို့ကြောင့် အိုဂ်မာတွန်က တိုက်ပွဲကို ပြတ်ပြတ်သားသား ရပ်တန့်လိုက်၏။
ချန်လွေ့က ထိုင်ခုံဆီသို့ ပြန်လာပြီး ထိုင်ချလိုက်ပြန်သည်။ “အခု မြေဇစ်မြစ်အပိုင်းအစက ဘယ်မှာလဲဆိုတာ ပြောလို့ရပြီလား။ အရှင်မင်းကြီး အိုဂ်မာတွန်။”
“အလဲအလှယ်ကို ဆက်လုပ်လို့ရတယ်။ ဒါပေမဲ့ မြေဇစ်မြစ် အပိုင်းအစ ဘယ်မှာရှိလဲဆိုတာ သိချင်ရင်...” အိုဂ်မာတွန်က ခေါင်းခါလိုက်၏။ “...ငါ့ကို ကတိတစ်ခု ပေးရမယ်။ အဲဒါက မီးဇစ်မြစ် အပိုင်းအစပဲ။”
“မီးဒြပ်စင်ဇစ်မြစ်လား။” ထိုအဖြေက ချန်လွေ့ မျှော်လင့် ထားသည်ထက် ကျော်လွန်နေခဲ့သည်။
“ဟမ့်။ အခုလက်ရှိ အခြေအနေက အလင်းဒြပ်စင်ဘုရင် သုံးပါးထဲမှာ ငါတစ်ယောက်ပဲ ဇစ်မြစ်အပိုင်းအစ မရှိတာ။ မင်းက မြေဇစ်မြစ်အပိုင်းအစကို ရသွားရင် နောက်ဒြပ်စင်စစ်ပွဲမှာ ငါရယ်၊ အမှောင်ဒြပ်စင်ဘုရင်ရယ်၊ ရေဒြပ်စင်ဘုရင်ရယ်ထဲက တစ်ယောက်ယောက် သေဖို့များတယ်။ ဒါက အမှောင်ထု ဘုရင်နှစ်ပါးမှာ ဇစ်မြစ်အပိုင်းအစ မရှိဘူးလို့ တွက်ထားတာ။ ငါ အသက်ပြန်ရှင်လာဖို့ နှစ်ပေါင်းထောင်နဲ့ချီ မစောင့်နိုင်ဘူး။ အဲဒါကြောင့် မီးဇစ်မြစ်အပိုင်းအစကို ငါ ရရမယ်။”
ဒြပ်စင်ဘုရင် ၆ပါးလုံးက ကိုင်တွယ်ရ မလွယ်ဘူး။ ချန်လွေ့က မျက်မှောင်ကြုတ်လိုက်သည်။ တကယ်တော့ မီးဒြပ်စင်ဘုရင် တွေးတာ မှန်တယ်။ အမှောင်ဒြပ်စင်ဘုရင်နဲ့ ရေဒြပ်စင်ဘုရင်မှာ ဇစ်မြစ်အပိုင်းအစတွေ ရှိနေပြီ။ တကယ်လို့ မြေဇစ်မြစ် အပိုင်းအစကို ရသွားမယ်ဆိုရင် အမှောင်ထုဘုရင်သုံးပါးရဲ့ ဇစ်မြစ်အပိုင်းအစက ပြည့်သွားပြီ။ ဒီတော့ နောက်လာမယ့် ဒြပ်စင်စစ်ပွဲမှာ ဇစ်မြစ်အပိုင်းအစ မရှိတဲ့ မီးဒြပ်စင်ဘုရင်က သေဖို့ ၉၀% အခွင့်အရေး ရှိတယ်။
“အရှင်မင်းကြီး အိုဂ်မာတွန်။ ကျုပ် ကြားတာ အမှန်ပဲလား။ မြေဇစ်မြစ်အပိုင်းအစ တည်နေရာကို သုံးပြီးတော့ မီးဇစ်မြစ်အပိုင်းအစနဲ့ လဲလှယ်ချင်တာလား။”
အိုဂ်မာတွန်က ပြုံးဖြီးဖြီး လုပ်လိုက်၏။ “ငါမင်းကို တည်နေရာပဲ ပေးနိုင်တယ်။ ဇစ်မြစ်အပိုင်းအစနဲ့ လဲလှယ်မှာ မဟုတ်ဘူး။ မင်းအတွက်တော့ အရှုံးပေါ့။ ဒါပေမဲ့ မင်းက မြေဒြပ်စင်ဘုရင်နဲ့ မိတ်ဆွေ၊ ယုံကြည်ရတဲ့ မိတ်ဆွေတစ်ယောက် မဟုတ်လား။”
မီးဒြပ်စင်ကောင်များ၏ တိုက်ခိုက်လိုစိတ်နှင့် စိတ်မရှည်မှုတို့က အသိဉာဏ်မရှိဟု မဆိုလိုပေ။ အထူးသဖြင့် နှစ်ပေါင်းများစွာ ဆက်ခံထားသော မှတ်ဉာဏ်ရှိသည့် ဘုရင်၌ ဖြစ်၏။
“ကောင်းပြီ။” ချန်လွေ့က ပင့်သက်ရှိုက်လိုက်၏။ “ကျုပ် ကတိပေးတယ်။”
“ပြန်ရှင်လာတဲ့ မြေဒြပ်စင်ဘုရင်ကို ငါ ရုတ်တရက် မနာလို ဖြစ်မိသွားပြီ။” အိုဂ်မာတွန်၏ မျက်လုံးထဲမှ မီးတောက်များ ကခုန်သွားပြီး ချန်လွေ့ကို စိုက်ကြည့်ကာ အနီရောင် အလင်းတစ်ခု ဖျတ်ခနဲ ဖြတ်ပြေးသွားခဲ့သည်။ “မီးဇစ်မြစ် အပိုင်းအစ ဘယ်မှာရှိလဲဆိုတာ ငါမသိဘူး။ မင်း ရှာရမယ်။ အဲဒါကို ရနိုင်ရင် ဒီမီးတောက်နှလုံးသားက ငါရှိတဲ့ မီးတောက်ချောက်နက်ကို ခေါ်သွားလိမ့်မယ်။”
ချန်လွေ့က မီးတောက် အလင်းရောင် ရှိနေသော နှလုံးသားပုံစံ သလင်းကျောက်ကို ယူပြီးနောက် သိုလှောင်ဂိုဒေါင်ထဲ ထည့်လိုက်၏။ သူ၏ မျက်လုံးများက အလင်းဒြပ်စင်ဘုရင်ထံသို့ ရောက်ရှိလာသည်။ “မြေဇစ်မြစ်အပိုင်းအစ တည်နေရာက အရှင်မင်းကြီး အိုဂ်မာတွန်နဲ့ ကျုပ်ကြားက သီးခြား အလဲအလှယ် ဖြစ်သွားပြီ။ အဲဒါကြောင့် တတိယ သတ်မှတ်ချက်ကို ပြောင်းလဲဖို့ လိုအပ်တယ်.....”
ဒယ်ကက်စ်က ခေါင်းညိတ်လိုက်၏။ “ပြောပါ။”
“အရိပ်လေပြည် ဘွတ်ဖိနပ်....”
မဒမ်-ဒေါ်လေးက အရိပ်နက်အင်ပါယာမှ ထွက်သွားပြီး ယခုတွင် ပျော်ရွှင်သော အမျိုးသမီးတစ်ယောက် ဖြစ်နေပြီ ဖြစ်သော်လည်း အရိပ်လေပြည်ဘွတ်ဖိနပ်က သူ၏ နှလုံးသားထဲမှ အကြီးမားဆုံး နာကျင်မှု ဖြစ်နေဆဲပင်။ ချန်လွေ့က အရိပ်လေပြည် ဘွတ်ဖိနပ်ကို အမြဲပင် ရှာချင်နေသော်လည်း လူသားလောကမှာ ကြီးမားလွန်းလှပြီး သူ၏ အဆက်အသွယ်ကလည်း နည်းပါးလွန်းလှသည်။ မူမမှန်သော ကံကောင်းခြင်း မရှိလျှင် ဖြစ်နိုင်ချေက သုညနီးပါးပင်။ ဒြပ်စင်ဘုရင်က ဆက်ခံထားသော မှတ်ဉာဏ်နှင့်အသိပညာ ရှိသည်။ အထူးသဖြင့် အင်အား အကြီးဆုံးဖြစ်သော သိဒ္ဓိကျောင်းတော်နှင့် သဘောတူညီချက် ရရှိထားသော အလင်းဒြပ်စင်ဘုရင် ဖြစ်ပေသည်။ ထို့ကြောင့် ချန်လွေ့က ထိုကဲ့သို့ တောင်းဆိုခဲ့ခြင်းပင်။
အလင်းဒြပ်စင်ဘုရင်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး စဉ်းစားနေလိုက်သည်။ ချန်လွေ့၏ မျက်လုံးများ တောက်ပသွား၏။ ဒီပုံစံအတိုင်းဆိုရင် အလင်းဒြပ်စင်ဘုရင်က အရိပ်လေပြည် ဘွတ်ဖိနပ် ဘယ်မှာရှိလဲဆိုတာ သိလောက်တယ်။
“အန္တိမအဆောင်ပစ္စည်းရဲ့ အစိတ်အပိုင်း ၇ခုထဲက တစ်ခုလား။” မီးဒြပ်စင်ဘုရင်၏အသံ ထွက်လာပြီးနောက် လေဒြပ်စင်ဘုရင်က ဖျတ်ခနဲ ကြည့်လိုက်၏။ “အဲဒါက လေတံဆိပ်ပြား မဟုတ်လား....”
အန္တိမ အဆောင်ပစ္စည်း၊ လေတံဆိပ်ပြား ဟုတ်လား။ ချန်လွေ့က သေသေချာချာ နားထောင်နေခဲ့သည်။ ကံဆိုးစွာပင် မီးဒြပ်စင်ဘုရင်က ဆက်မပြောခဲ့ဘဲ လေဒြပ်စင်ဘုရင်ကလည်း ပြန်မဖြေခဲ့ပေ။ သို့သော် အလင်းဒြပ်စင်ဘုရင် ဒယ်ကက်စ်က နောက်ဆုံး၌ ပြောလိုက်၏။ “အဲဒါက ဘယ်မှာရှိလဲ ဆိုတာကိုပဲ ငါ ပြောနိုင်တယ်။ မင်း ဒါကို သဘောတူလား။”
“ကောင်းပါပြီ။” ချန်လွေ့ သဘောတူလိုက်၏။
ဒယ်လက်စ်က ချန်လွေ့၏ မျက်လုံးထဲသို့ စိုက်ကြည့်လိုက်သည်။ “ဒီမတိုင်ခင် ငါမင်းကို အကြံတစ်ခု ပေးမယ်။ မင်းမှာ ဘယ်လိုမျိုး စွမ်းရည်တွေ၊ ပါရမီတွေပဲရှိရှိ၊ မင်းမှာ ဘယ်လို ရည်ရွယ်ချက်ပဲရှိရှိ၊ နတ်ဘုရားယောင်အဆင့်ကို မရောက်သေးရင် အဲဒီနေရာနားသို့ သွားဖို့ မကြိုးစားနဲ့။ မဟုတ်လို့ကတော့ အဲဒါက မင်းဘဝရဲ့ နောက်ဆုံး ကြိုးပမ်းမှု ဖြစ်သွားလိမ့်မယ်။”
ချန်လွေ့ ခေါင်းညိတ်လိုက်ပြီးနောက် ဒယ်ကက်စ်က အဖြေကို ပြောသည်။ “တကယ်တော့ မင်းက အဲဒါနဲ့ တော်တော်လေး နီးစပ်ခဲ့တယ်။ အဲဒါက သိဒ္ဓိအလင်းတောင်ထိပ်မှာရှိတဲ့ အလင်း နတ်ဘုရားကျောင်းမှာပဲ။”
အရိပ်လေပြည်ဘွတ်ဖိနပ်က တကယ်တော့ အလင်း နတ်ဘုရားကျောင်းမှာ ရှိနေတာပဲ။ ချန်လွေ့ ထိတ်လန့်သွားခဲ့သည်။ အဲဒီတုန်းက ငါက လမ်းကြောင်းလွှဲတဲ့ဗျူဟာနဲ့ အလင်း နတ်ဘုရားကျောင်းဆီကို အသူရာ သွားခိုင်းခဲ့ပြီးတော့ ပုပ်ရဟန်မင်း ဗန်တီ-စ်ကို လမ်းကြောင်းလွှဲခဲ့တယ်။ နောက်တော့ အသူရာက အလင်း နတ်ဘုရားကျောင်းနားကို မကပ်နိုင်ခင်မှာပဲ ခုခံလို့မရတဲ့ အင်အားကြိး အားတစ်ခုကြောင့် လုံးဝ ချေမှုန်းခံလိုက်ရတယ်။ ဒါက အရိပ်လေပြည်ဘွတ်ဖိနပ်ရဲ့ တကယ့် စွမ်းအားများလား။ အဆောင်ပစ္စည်း၇မျိုးက ဘယ်တုန်းက ဒီလောက် စွမ်းအားကြီး သွားတာလဲ။
မဟုတ်သေးဘူး။ အလင်းနတ်ဘုရားကျောင်းက သမိုသင်းကြောင်း အရှည်ကြီး ရှိတယ်။ နတ်ဆိုးဘုံကနေ အရိပ်လေပြည်ဘွတ်ဖိနပ် ပျောက်သွားတာ နှစ်၁၀၀ကျော်ပဲ ရှိသေးတယ်။ အဲဒါကြောင့် အလင်းနတ်ဘုရားကျောင်းရဲ့ တကယ့် စွမ်းအားက အရိပ်လေပြည်ဘွတ်ဖိနပ် မဟုတ်လောက်ဘူး။ အဲဒါက အရိပ်လေပြည်ဘွတ်ဖိနပ်တင် မဟုတ်လောက်ဘူး။
“အလင်းနတ်ဘုရားကျောင်း အထဲမှာ....ဘာရှိတာလဲ။”
ဒယ်ကက်စ်က ပြန်မဖြေဘဲ မေးလိုက်၏။ “ငါတို့ရဲ့ အပေးအယူက ပြီးသွားပြီ မဟုတ်လား။”
ချန်လွေ့က ခဏတာ တိတ်ဆိတ်သွားပြီး ခေါင်းညိတ်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် အရိပ်လေပြည် ဘွတ်ဖိနပ်ရဲ့ တည်နေရာကို ငါ သိသွားပြီ။ ပြီးတော့ မြေဇစ်မြစ် အပိုင်းအစကိစ္စလည်း အဆင်ပြေသွားပြီ။ ဒြပ်စင်အရင်းအမြစ် စွမ်းအား နှစ်ခုနဲ့ ရှေးအဂ္ဂိရတ် အဖွဲ့အစည်း ပေါင်းလိုက်မယ်ဆိုရင် ဒီတစ်ခေါက်ခရီးမှာ ရခဲ့တာတွေက တော်တော်လေး ကြီးမားတယ်။
ဒယ်ကက်စ် အကြံပေးတာက အကြောင်းမဲ့ မဟုတ်လောက်ဘူး။ နတ်ဘုရားယောင်အဆင့်...။ အလင်း နတ်ဘုရားကျောင်း။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက အနာဂတ်မှာ ငါ သွားလည်ရမယ့် ပန်းတိုင်တွေထဲက တစ်ခုပဲ။
အပေးအယူ ပြီးမြောက်သွားခဲ့ပြီး အလင်းဒြပ်စင်ဘုရင်က သူ အလိုရှိသော အလင်းဇစ်မြစ်အပိုင်းအစကို ရရှိသွားခဲ့သည်။ ကုဗတုံးက ဒယ်ကက်စ်၏ လက်ကောက်ဝတ်၌ ပတ်လိုက်သောအခါ ကျက်သရေရှိသော လက်ပတ်တစ်ခုအဖြစ် ပြောင်းလဲသွား၏။ ချန်လွေ့က လေအရင်းအမြစ်စွမ်းအားနှင့် အလင်းအရင်းအမြစ် စွမ်းအားကို ရရှိပြီးနောက် ဒြပ်စင်ဘုရင်သုံးပါးကို နှုတ်ဆက်ပြီး အဂ္ဂိရတ်မြို့တော် “ကောင်းကင်ဘီး”သို့ ပြန်သွားခဲ့သည်။
ကောင်းကင်ဘီးသို့ ပြန်ရောက်သည်နှင့် ချန်လွေ့က အသက် သလင်းကျောက်မှ သတိပေးချက်တစ်ခုကို အာရုံခံမိခဲ့သည်။ “စွမ်းအင်စုပ်ယူမှု ပြီးစီး။ ဗဟိုချက် လုပ်ပိုင်ခွင့် စိတ်ဝိညာဉ် အမှတ်အသား ပြန်ရရှိတော့မည်။ ပြန်ရရှိရန် မိနစ် ၃၀ နှင့် ၂၈စက္ကန့် လိုနေသေး။ မိနစ်၃၀နှင့် ၂၇ စက္ကန့် ..... ”
ထိုအသိပေးချက်က ချန်လွေ့ကို အံ့သြသွားစေသည်။ သလင်းကျောက်ကို သူ သိမ်းပိုက်ခဲ့စဉ်က သလင်းကျောက်ထဲမှ ဒိုရူဒါ၏ စိတ်ဝိညာဉ်အမှတ်အသားက စွမ်းအင် မလုံလောက်မှုကြောင့် မခုခံနိုင်ခဲ့ဘဲ လုပ်ပိုင်ခွင့် အဆင့်၁မှ ၃အထိ လက်လျှော့ခဲ့ရသည်။ သို့သော်လည်း ၎င်းက အမြင့်ဆုံး ထိန်းချုပ်မှု လုပ်ပိုင်ခွင့်ကို ထိန်းသိမ်းထားပြီး အကာအကွယ် အိပ်စက်ခြင်း ဖြစ်သွားခဲ့၏။ အိပ်စက်ခြင်းက သေဆုံးခြင်းမဟုတ်ဘဲ အချိန်မရွေး ပြန်နိုးလာနိုင်ပေသည်။ အပြည့်အဝ ပြန်နိုးလာသည်နှင့် ချန်လွေ့၏ လက်ရှိ လုပ်ပိုင်ခွင့်က လုပ်ပိုင်ခွင့်အဆင့်ကြောင့် ရုတ်သိမ်းခံလိုက် ရပေမည်။
အသက်သလင်းကျောက်ထဲမှ ချန်လွေ့၏ စိတ်ဝိညာဉ် အမှတ်အသားက ကွန်ပျူတာ ဗိုင်းရပ်စ် တစ်ခုကဲ့သို့ ဖြစ်နေပြီး မူလစနစ်၏ ပျက်စီးနေမှုကို အခွင့်ကောင်းယူကာ ထိန်းချုပ်မှု ရယူထားခြင်းဖြစ်သော်လည်း ယခုတွင် စနစ်က နည်းပညာ အထောက်အပံ့ အချို့ကို ရရှိခဲ့ပြီး အလိုအလျောက် ပြန်လည် ပြင်ဆင်နိုင်တော့ပေမည်။ အောင်မြင်သွားသည်နှင့် “ဗိုင်းရပ်စ်”က ပယ်ဖျက်ခံရမည်ဖြစ်သည်။ ပိုမိုခေါင်းမာသော တကယ့် ကွန်ပျူတာ ဗိုင်းရပ်စ်များရှိပြီး ပြန်လည်ပြင်ဆင်သည့်တိုင် အသုံးမဝင်ခြင်းများ ရှိနိုင်သော်လည်း ချန်လွေ့တွင် လက်ရှိ၌ ကြယ်မြို့တော်၏ စိတ်ဝိညာဉ်အမှတ်အသားသာ ရှိပြီး ၎င်းက “ကောင်းကင်ဘီး” ထက် နှစ်ဆင့် နိမ့်ကျသည်။ ထို့ကြောင့် သူ့တွင် ထိုကဲ့သို့ “ခေါင်းမာသော” စွမ်းရည်မျိုး မရှိပေ။
အမှန်တကယ်၌ သူက ထိုအချိန်ဗုံးကို ဖြေရှင်းရန် ယခင်က စဉ်းစားထားခဲ့ပြီ ဖြစ်သည်။ အိပ်စက်သွားတဲ့ သလင်းကျောက်ထဲက စိတ်ဝိညာဉ် အမှတ်အသားက စွမ်းအင်တွေ အလိုလို စုပ်ယူနေမယ်လို့ မထင်ထားခဲ့ဘူး။ ဒါက တော်တော်လေး မြန်တာပဲ။ ကံကောင်းချင်တော့ ငါက တိမ်တိုက်နန်းတော်ကနေ အချိန်မီ ပြန်ရောက်လာခဲ့တယ်။
နာရီဝက်ကြာပြီးလျှင် ဒိုရူဒါ၏ စိတ်ဝိညာဉ်အမှတ်အသား ပြန်ရရှိလာပြီး ချန်လွေ့က “ကောင်းကင်ဘီး” ထိန်းချုပ်မှုကို ဆုံးရှုံးသွားရမည် ဖြစ်သည်။ ထိုအပျက်အစီးက လုံးဝ စုတ်ပြတ်နေသည့်တိုင် မြို့တော် သခင်တစ်ယောက်အနေဖြင့် အမြင့်ဆုံး လုပ်ပိုင်ခွင့်ရှိသည့် အနှိုင်းမဲ့ ကြိုတင်ကာကွယ်မှုများ ရှိရပေမည်။ အထူးသဖြင့် စွမ်းအင် လုံလုံလောက်လောက် ရရှိခဲ့ပြီ ဖြစ်သည်။ ဥပမာပြောရလျှင် အဆင့်၂ ကြယ်မြို့တော်က အလိုလို ဖျက်ဆီးရန်အတွက် အရန် “အစီအစဉ်”တစ်ခုရှိပြီး ထိုအဆင့်၄ မြို့တော်က သေချာပေါက် ခြွင်းချက် မဟုတ်နိုင်ပေ။
ချန်လွေ့ ခဏစဉ်းစားလိုက်ပြီး နောက်ဆုံး၌ ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်၏။ သူက အသက်သလင်းကျောက် တည်ရှိရာ အဓိကခန်းမထဲသို့ ဝင်သွားခဲ့သည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ဗဟိုနန်းတော် တစ်ခုလုံးက အပြင်းအထန် တောက်ပလာပြီးနောက် ဗလာနတ္ထိအဖြစ် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ထို့နောက် “ကောင်းကင်ဘီး”မှ အလင်းရောင်များကလည်း တချိန်တည်းမှာပင် ငြိမ်းသွား၏။
ချန်လွေ့၏ ပုံရိပ်က တမန် တိတ်ဆိတ်သွားပြန်သော အပျက်အစီးထဲ၌ ပေါ်ထွက်လာခဲ့သည်။ သူ၏လက်ထဲ၌ လက်ဝါး အရွယ် ခရမ်းရောင် သလင်းကျောက်တစ်ခု ရှိနေပြီး ဗဟိုချက် သလင်းကျောက်၏ အသေးစားပုံစံ ဖြစ်ဟန်တူသည်။ သို့သော် ၎င်းက မှိန်ပျပြီး အက်ကွဲနေခဲ့သည်။ ၎င်း၏ အသက် အငွေ့အသက် လုံးဝ ပျောက်ကွယ်သွားလေပြီ။
ခုနက သူ လုပ်လိုက်သည်မှာ သူ ပိုင်ဆိုင်ထားသော လုပ်ပိုင်ခွင့်ကို အသုံးချပြီး ခုခံမှုကို လုံးဝ ပယ်ဖျက်ကာ သလင်းကျောက်ထဲမှ ဒိုရူဒါ ချန်ထားခဲ့သော စိတ်ဝိညာဉ် အမှတ်အသား အပါအဝင် စိတ်ဝိညာဉ်စွမ်းအား အကုန်ကို ဝါးမျိုခဲ့ခြင်း ဖြစ်သည်။ ဝိညာဉ် ဆုံးရှုံးသွားသော သလင်းကျောက်က “အလောင်းကောင်”အဖြစ် ပြောင်းလဲသွားပြီး ဗဟိုချက် နန်းတော်လည်း ပျောက်ကွယ်သွားခဲ့ရသည်။ “ကောင်းကင်ဘီး” တစ်ခုလုံးက အမှန်တကယ် အပျက်အစီး ဖြစ်သွားလေပြီ။
ကွက်လပ်ဖြစ်နေသော ဗဟိုချက်နေရာကို ကြည့်နေရင်း ချန်လွေ့က ခဏကြာ ကြက်သေသေသွားပြီးနောက် စိတ်အေး သွားခဲ့ရသည်။ အစကတော့ ဒီနေရာကို လူသားလောက “အခြေစိုက်စခန်း”အနေနဲ့ လုပ်ချင်ပေမဲ့ အခုတော့ ဆုံးဖြတ်ပြီးပြီ။ နောင်တရစရာ မရှိဘူး။ တကယ်တော့ ဒီတစ်ခေါက် မုန်တိုင်းကျွန်းကို လာတဲ့အခါ ရလာတဲ့ အကျိုးအမြတ်တွေက ထင်ထားတာတွေထက်တောင် ကျော်လွန်နေခဲ့ပြီ။
ကောင်းကင်ဘီးက အပျက်အစီး ဖြစ်သွားပေမဲ့ မြို့ထဲမှာ အလကား မဖြစ်တဲ့ ပစ္စည်းတချို့ ရှိနေတယ်။ အသက်စွမ်းအင် အကာအကွယ်နဲ့ ထိန်းချုပ်မှု ဆုံးရှုံးသွားတယ် ဆိုတာက သိုလှောင် ဂိုဒေါင်ထဲကို သိမ်းထားလို့ရတယ်လို့ ဆိုလိုတာပဲ။
ဒါနဲ့ ဒီသတ္တုတံတိုင်း ကုန်ကြမ်းက ထူးခြားတယ်.....။ ဒါ ကြယ်မြို့တော်နဲ့ လမ်းမီးအိမ်အတွက် အသုံးဝင်လောက်တယ်။ ပြီးတော့ နောက်ထပ် အများကြီးအတွက်......
ချန်လွေ့က ပတ်ပတ်လည်မှ အရာအားလုံးကို အသေကောင် စားသောငှက်အကြည့်ကဲ့သို့ ကြည့်နေရင်း ရုတ်တရက် မျက်မှောင်ကြုတ်ကာ မရေမတွက်နိုင်သော ခြေသံပြင်းပြင်းများ ချဉ်းကပ်လာသည်ကို ကြားလိုက်ရ၏။