အကုန်လုံးကို မှတ်မိခြင်း
Vol. 132 Ch. 1841
အမည်းလေးသည် တိုက်ခိုက်ခံရသဖြင့် အော်လိုက်ကာ ဆေးပါဝင်ပစ္စည်း များကို အန်ထုတ်ရန်ကြိုးစားလေသည်။ သို့သော် ရှီမာယူယူနှင့် အကြည့်ချင်း ဆုံသွားသဖြင့် နာကျင်စွာဖြင့် ဆေးကိုဝါးချရလေတော့သည်။
ဆေးစားပြီးနောက်တွင် ရှီမာယူယူ၏ ခြေရင်းတွင် လှဲကာ ခြေလက် လေးချောင်းကို လေပေါ်မြှောက်ပြီး သေချင်ဟန်ဆောင်နေလေသည်။
ရှီမာယူယူသည် သူ့ကိုကြည့်ပြီး ပြောလိုက်သည် “သေချင်ယောင်ဆောင် နေလည်း အသုံးမဝင်ဘူး နောက်ဆိုစားရမယ်ဆို စားရမယ်ပဲ”
“ဝူး ဝူး…”
အမည်းလေးသည် မျက်လုံးပွင့်လာပြီး သူမကို ကြည့်လေသည်။ ဒီလောက် ခံတွင်းမတွေ့တာကြီးကို ဘာလို့ စားနေရတာလဲ။
ရှီမာယူယူလည်း မှင်တက်သွားသည်။ ဟုတ်သားပဲ… သူမက အမည်း လေးကို ဘာလို့များ ဆေးပါဝင်ပစ္စည်းတွေ ကျွေးနေတာလဲ။ သူမ အမည်းလေး ကို ပထမဆုံးအကြိမ် ဆေးကျွေးပြီးနောက်တွင် ပုံမှန်ကိစ္စကဲ့သို့ အမြဲတစေ ထိုသို့ပြုလုပ်ခဲ့သည်။
“နင်းမှာ နတ်ဆိုးသွေးရှိသေးတယ်မလား ကျွတ် ကျွတ် မိုးကြိုးအပစ်ခံရ ပြီး အားတွေကို ချိပ်ပိတ်ခံရတာ နှမြောစရာပဲ.. အခု သူ့ခန္ဓာကိုယ်က ရောဂါ ကျန်နေခဲ့တာ… မင်းသာ သူစားဖို့ ဆေးပစ္စည်းတွေအများကြီးပေးမယ်ဆိုရင် သူ့ ဒဏ်ရာကပြန်ကောင်းလာမှာပဲ”
“ဘယ်လောက် ပြန်ကောင်းမှာလဲ”
“အများကြီးပဲ”
ရှီမာယူယူသည် ထိုစကားများကို ပြန်တွေးမိချိန်တွင် ခန္ဓာကိုယ်ပါ တုန်ယင်မိသည်။
“ဒီအသံက… ငါနဲ့ အလောင်းအစားလုပ်ထားတဲ့ တစ်ယောက်နဲ့ အသံတူ တယ်…” သူမ တိုးညင်းစွာ ရေရွတ်လိုက်သည် “မရဏာ…”
သူ့ကိုလျစ်လျူရှုပြီး အတွေးထဲမြောနေသည့် သူမကို အမည်းလေးမြင် သောအခါ နှစ်ကြိမ်မျှဟောင်ပြီး သူမ၏ အတွေးများကိုနှောင့်ယှက်လေသည်။
ရှီမာယူယူ သတိပြန်ဝင်လာချိန်တွင် အနည်းငယ်စိတ်ပေါက်သွားကာ ဆေးပစ္စည်းများကိုထုတ်ပြီး သူ့ပါးစပ်ထဲထိုးထည့်လိုက်သည်။
“ဝူး ဝူး ဝူး” အမည်းလေးသည် အူလိုက်သည်းလိုက် အော်လေသည်။
“ငါ အခု အရေးကြီးတဲ့ ကိစ္စတွေ လုပ်ဖို့ရှိတယ်… ငါ့ကိုထပ်ပြီးနှောင့်ယှက် ရင် ဆေးပစ္စည်း ၁၀ မျိုးစားခိုင်းမယ်” ရှီမာယူယူ ခြိမ်းခြောက်လေသည်။
အမည်းလေးသည် လိမ္မာပါမည်ဟူသော ပုံစံနှင့် ခေါင်းပုဝင်သွားလေ သည်။
ရှီမာယူယူသည် အိပ်ရာဆီသို့ သွားလိုက်ကာ တင်ပျဉ်ခွေထိုင်ပြီး ကျင့်ကြံ သည့် ကိုယ်နေဟန်ထားယူလိုက်သည်။ သို့သော် ဤတစ်ကြိမ်မှာ ကျင့်ကြံခြင်း မဟုတ်ဘဲ သူမ၏ အသိစိတ်ပင်လယ်ထဲသို့ဝင်ကာ ချိပ်စည်းပိတ်ထားသော မှတ်ဉာဏ်များဆီသို့ ဝင်လိုက်သည်။ သူမ ဝင်လိုက်သည်နှင့် မှတ်ဉာဏ်များကို ပိတ်ထားသော ချိပ်စည်းသည် အဆက်မပြတ်တိုက်ခိုက်လေသည်။
သူမ ချိပ်ကို တိုက်ခိုက်နေသည်ကို လေဟာနယ်တွင် ပုန်းနေသည့် ဟွမ် မြင်သောအခါ အလွန်ပင် စိုးရိမ်သွားသည်။
“ဘိုးဘေးလေးရေ… အဲဒီချိပ်ကို ဧကရာဇ်ကိုယ်တိုင် ပိတ်ထားတာ.. အဲဒါ ကို ဖျက်ရမှာမဟုတ်ဘူး မင်းပဲ ထိခိုက်မှာပဲ” ဟွမ်သည် စိုးရိမ်လျက် သူမကို တားနိုင်မည်လားဟု သိချင်နေသည်။
သို့သော် ထိုအချိန်တွင် သူမ ဘာမှမဖြစ်သည်ကိုမြင်သောအခါ အံ့ဩသွား လေသည်။ ထိုအစား သူသည် သူမ၏ အခြေအနေကို အနီးကပ်စောင့်ကြည့်နေ သည်။
အချိန်တစ်ခုကြာပြီးနောက်တွင် ရှီမာယူယူ၏ မျက်နှာသည် ပို၍ပို၍ ဖြူဖျော့လာကာ နဖူးမှ ချွေးပေါက်ကြီးများသည် တစ်လုံးပြီးတစ်လုံးကျလာကာ မျက်ခုံးများမှာလည်း တင်းကြပ်စွာ ကြုတ်မိလေသည်။
ရုတ်တရက်ပင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အုံကြွလာကာ သူမ၏ အားအင်သည်လည်း လှိမ့်တက်လာကာ သူမ၏ ဖြူဖျော့နေသော မျက်နှာသည် ရုတ်တရက် သွေးများဖြင့် ပေကျံသွားလေတော့သည်။
“ဖူး…”
သူမသည် သွေးများအန်ထုတ်လိုက်ရာ စကတ်တစ်ခုလုံးနှင့် အိပ်ရာ အစွန်းမှာ စွန်းထင်းသွားလေသည်။
“သခင်မလေး” သူမ သွေးအန်သည်ကိုမြင်သည်နှင့် ဟွမ်သည် သူ့ကိုယ် သူ မထိန်းချုပ်နိုင်တော့ကာ လေဟာနယ်မှ ထွက်လာလေသည်။
ရှီမာယူယူသည် ခေါင်းမော့လိုက်ပြီး ဟွမ်အားကြည့်ကာ သူမ၏ သွေးစွန်း နေသော နှုတ်ခမ်းထောင့်မှာ အပြုံးအဖြစ် ကွေးတက်သွားလေသည် “ဟွမ် မတွေ့တာကြာပြီ”
ဟွမ်သည် သူမနှင့် ခြေတစ်လှမ်းအလိုတွင် ရပ်တန့်သွားသည်။ သူသည် သူမအား အလန့်တကြားကြည့်ကာ ပြောလေသည် “သခင်မလေး တစ်ခုခုများ သတိရလာတာလား”
“မင်္ဂလာပါ ငါက ဟွမ်ပါ”
“ဟွမ်ဟုတ်လား ဘာဟွမ်လဲ”
“ရက်စက်ကြမ်းကြုတ်တယ်ဆိုတဲ့ ဟွမ်”
ရှီမာယူယူသည် သူတို့နှစ်ယောက်တွေ့စဉ်က ပြောခဲ့သည့်စကားများကို ပြန်ပြောနေရာ မှတ်မိနေသည်ဟု ဆိုလိုသည်။
ဟွမ်၏ မျက်လုံးများထဲတွင် အံ့ဩမှုများဖြတ်ပြေးသွားသည်။ သို့သော် သူ တည်တည်ငြိမ်ငြိမ်ပင် အပြစ်တင်လေသည် “သခင်မလေး ဘယ်လိုနေလဲ ဘာလို့များ ဧကရာဇ်ရဲ့ချိပ်စည်းကို ဖျက်ဆီးဖို့ ကြိုးစားရတာလဲ”
“ငါ ချိပ်ကို အတင်းကြီး ဖျက်ဖို့ကြိုးစားတာမဟုတ်ဘူး” ရှီမာယူယူသည် ဆေးတစ်လုံးထုတ်ပြီး စားလိုက်သည် “အဲဒီချိပ်က သိပ်အားမကောင်းဘူးလို့ ခံစားရလို့ ဖျက်လို့ရနိုင်မယ်လို့ စဉ်းစားလိုက်တာ… အောင်မြင်သွားမယ်လို့ ထင်မထားဘူး”
“ဧကရာဇ်သာသိသွားရင် သခင်မလေးကို သေချာပေါက် စိတ်ဆိုးမှာပဲ” ဟွမ် ပြောလေသည်။
“သူက မရဏာလောကမှာမဟုတ်ဘူးလား” ရှီမာယူယူ ပြောလိုက်သည် “မင်းသာ မပြောရင် သူက ဘယ်လိုသိမှာလဲ”
“ဟင်း”
“အဲဒီတော့ ဒီအလောင်းအစားမှာ ငါနိုင်သွားသလိုပဲ” ရှီမာယူယူ ပြော လိုက်သည် “ဒီအချိန်မှာ သူမရှိလိုက်တာတော့ နှမြောစရာပဲ”
“ဧကရာဇ်ရဲ့ ချိပ်ကို အရင်က ဘယ်သူမှ မဖျက်နိုင်ဘူး သခင်မလေးက ပထမဆုံးလူပဲ” ဟွမ်သည် သူမကို အလွန်ပင် လေးစားမိသည်။ ပြီးနောက် ထို အချိန်က သူမ၏ ပြိုင်ဘက်ကင်းမှုကို ပြသနေသည်။
“ငါက အရင်ကတည်းက အလောင်းအစားဆို မရှုံးဖူးဘူး အထူးသဖြင့် ငါ့ အနာဂတ်မူတည်နေတဲ့အချိန်ပေါ့” ရှီမာယူယူသည် ချိပ်စည်းပိတ်ထားသည့် မှတ်ဉာဏ်များပြန်ရလာရာ ခံစားချက်ကောင်းနေသည်။ သို့သော် သူမသည် ခန္ဓာကိုယ်မှ နာကျင်မှုကို လျစ်လျူမရှုနိုင်ပေ။
“သခင်မလေးက အရမ်းကို သတိမထားတာပဲ” ဟွမ်သည် သူမကို အပြစ် ရှာချင်သော်လည်း သူမ မျက်နှာမှ အပြုံးကိုမြင်သောအခါ ပြောမည်စကားများ ကို မျိုသိပ်လိုက်ရသည်။
“အင်း ဒါက မရဏာလောကမှဟုတ်ဘူးလား မင်း တစ်ချိန်တည်း ရုပ်ကြီး တည်နေဖို့မလိုပါဘူး” ရှီမာယူယူသည် ပြုံးပြီး ပြောလိုက်သည်။
“သခင်မလေးရဲ့ ဒဏ်ရာကိုကြည့်ကြည့်မယ်” ဟွမ် ပြောလေသည်။
ရှီမာယူယူသည် လက်ကိုဆန့်ထုတ်လိုက်သည်နှင့် ဟွမ်သည် သူမ၏ လက်ကောက်ဝတ်ကို ကိုင်လိုက်သည်။ သူမ၏ လက်ကောက်ဝတ်နှင့် ထိလိုက် သည်နှင့် သူမ၏ ခန္ဓာကိုယ်အတွင်းမှ အေးစက်သောအားတစ်ခု ဖြတ်ပြေးသွား လေသည်။ သူမ ဟွမ်၏စွမ်းအားနှင့် ထိလိုက်သည်နှင့် သူမ၏ ဆူပွက်နေသော သွေးများသည် ငြိမ်ကျသွားကာ နာကျင်မှုများမှာလည်း ပျောက်ကွယ်သွားလေ သည်။
ဟွမ်၏ စွမ်းအား သူမ ခန္ဓာကိုယ်မှထွက်သွားသည်နှင့် သူမ၏ ဒဏ်ရာများ သည် ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းထိ သက်သာသွားလေသည်။
“ကျေးဇူးပဲ ဟွမ်” ရှီမာယူယူသည် ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။
ဟွမ်၏ နှုတ်ခမ်းထောင့်မှာ အပြုံးသဲ့သဲ့အဖြစ် တွန့်တက်သွားသည်။
“ဒါနဲ့ ဟွမ် ဒီနှစ်တွေမှာ မင်းက ငါ့ဘေးမှာရှိခဲ့တာလား” ရှီမာယူယူ မေး လိုက်သည်။
“ဟုတ်တယ်”
“သုန်းမျိုးနွယ်နဲ့ မိစ္ဆာနက်အရိပ်နှစ်ယောက်တွဲကို မင်းသတ်လိုက်တာ လား”
“ဟုတ်တယ်လေ”
“သူတို့က အကြောင်းမရှိဘဲနဲ့တော့ မသေနိုင်ဘူးလို့ ငါထင်နေခဲ့တာ” ရှီမာယူယူ ပြောလိုက်သည်။
“သခင်မလေးကို မလေးမစားလုပ်တဲ့လူမှန်သမျှ အကုန်သေရမယ်” ဟွမ် သည် လူသတ်နိုင်သည့် ပုံစံဖြင့် ပြောလေသည်။
ကြင်ယာတော်မင်းသမီးကို သတ်လိုက်ခြင်းသည် ရှီမာယူယူအတွက် မလို လားအပ်သော ပြဿနာများ သယ်လာခြင်းမရှိပါက သူသည် ကြင်ယာတော် မင်းသမီးနှင့် တခြားသူများကိုပါ သတ်လိုက်မည်ဖြစ်သည်။
သူသည် စိတ်ရင်းနှင့် ကာကွယ်နေသည်ကို ရှီမာယူယူ ခံစားမိသဖြင့် ပြုံး လိုက်သည် “စိတ်ဆိုးမနေပါနဲ့ အဲလိုလူတွေက အရမ်းများတယ် မင်း သူတို့ကို အကုန်ကုန်အောင် သတ်နိုင်မှာမဟုတ်ဘူး ဒီအကြောင်းကိုမပြောတော့ဘူး ဟေးဒီးစ်ရော ဘယ်လိုနေလဲ”
“ဧကရာဇ်က အရမ်းကောင်းပါတယ် နည်းနည်းပျင်းနေရုံပဲရှိတာ… ဒီနှစ် တွေမှာတော့ လုပ်စရာလေးတွေ့ထားတယ်” ဧကရာဇ်သည် ဝူလင်းယူ နှိပ်စက် ခံနေရခြင်းကို ကြည့်ရသည့်အတွက် ပျော်နေသည်ကိုတော့ ထည့်မပြောတော့ ပေ။
ရှီမာယူယူသည် မျက်ခုံးများကို ပင့်လိုက်သည် “သူ တစ်ခုခုကို စိတ်ဝင် စားတာကိုမြင်ရတာ ရှားပါတယ်”
“ဟုတ်တယ် အမှန်ပဲ” ဟွမ် သဘောတူလေသည်။ တစ်ချိန်တည်းမှာပင် သူ စိတ်ထဲမှရေရွတ်မိသည်။ ဧကရာဇ်က သခင်မလေးကို စိတ်ပူတာကလွဲရင် တခြားဘာမှစိတ်ဝင်စားတာမဟုတ်ဘူး။ သူက တကယ်ကိုမညီမျှတဲ့လူပဲ။ အထူးသဖြင့် ညှဉ်းပန်းနှိပ်စက်တွေကို စိတ်ဝင်စားတာ။
“တခြားသူတွေရော ဘယ်လိုလဲ”
“သူတို့အားလုံးလည်း အဆင်ပြေပါတယ်… သူတို့က သခင်မလေးကို အရမ်းလွမ်းနေကြတာ ကျွန်တော့်ကိုတောင် အားကျနေကြသေးတယ်” ဟွမ် သည် စနောက်ရင်းနှင့်ပင် လေးနက်စွာ ပြောလိုက်သည် “အသစ် ပြန်မွေးဖွားရ မယ်ဆိုတဲ့ စည်းမျဉ်းကြောင့်သာမဟုတ်ရင် သူတို့က သခင်မလေးကို လာရှာကြ မှာပဲ”
“သူတို့သာ ထွက်လာရင် ကမ္ဘာကြီးကတော့ အကုန်ရှုပ်ကုန်မယ်ထင် တယ် ဟေးဒီးစ်က ဒီစည်းမျဉ်းချထားတာ ကောင်းတယ်” ရှီမာယူယူ ပြောလိုက် သည်။
“သခင်မလေး ဒီလိုပြောတာကိုသာ သိသွားရင် အကုန်လုံးဝမ်းနည်းနေ တော့မှာပဲ” ဟွမ်သည် သူ၏သူငယ်ချင်းများကို သနားသည့် ခံစားချက်ဖြင့် ပခုံး တွန့်လိုက်သည်။
“လုပ်စမ်းပါ သခင်မလေးပြုံးလိုက်တာ ကျွန်တော်မြင်လိုက်တယ်”
“ဟုတ်လား” ရှီမာယူယူသည် ငြင်းဆန်နေတုန်းပင် “ငါ မှတ်ဉာဏ်တွေ ပြန်ရလာမှတော့ ဂုဏ်ပြုကြတာပေါ့”
“ဟုတ်ပြီ”
ဟွမ်သည် ရှေ့တိုးပြီး ရှီမာယူယူ၏ ခန္ဓာကိုယ်ကို ဖက်ကိုင်ပြီး လေဟာ ပြင်ဝင်ပေါက်ဖွင့်ကာ ရှီမာယူယူနှင့်အတူ လျှောက်ဝင်သွားလိုက်သည်။ သူ့ ဘာသာ ကစားနေသော အမည်းလေးသည် ရှီမာယူယူ ပျောက်သွားသည်ကို မြင်သည်နှင့် ဝင်ပေါက်မပိတ်ခင်တွင် လေဟာပြင်ဝင်ပေါက်ဆီသို့ ပြေးခုန်တက် လိုက်လေသည်။
ချန်ထားသွားမလို့လား မရဘူးလေ ဟင်း…
မြို့အပြင်တွင်… ရှီမာယူယူနှင့် ဟွမ်တို့သည် တောင်တစ်လုံးပေါ်တွင် လဲလျောင်းနေကြပြီး ဝိုင်တစ်ပုလင်းစီ ကိုင်ထားကြသည်…
“ဒီဝိုင်အရသာက မရဏာလောကက ဟာတွေက အများကြီး ပိုသောက် ကောင်းတယ်… ဒီဝိုင်ကို သခင်မလေးကိုယ်တိုင် စပ်ထားတာလား”
ရှီမာယူယူသည် ပုလင်းကိုကောက်ယူပြီး လှုပ်ယမ်းကာ ချိပ်ပွင့်သွားသည် သူမ၏ မှတ်ဉာဏ်များကို တွေးရင်းနှင့် နစ်မြောနေမိသည်။
ဘိုးဘေးကြီး၏ လမ်းကြောင်းအရဆိုလျှင် သူမသည် ထာဝရတောက်ပ ခြင်းမြို့သို့ တိုက်ရိုက်ရောက်မည်ဖြစ်သည်။ သို့သော် သူမ မျက်လုံးဖွင့်လိုက် သည့်အချိန်တွင် ငရဲပန်းခင်းကြီးကို မြင်လိုက်ရလေသည်….
***