← Chapters

အံံ့သြဖွယ်ရာ

Vol. 49 Ch. 796

အံံ့သြဖွယ်ရာ

Vol. 49 Ch. 796

နောက်တစ်နေ့တွင် ဆိုခရစ်တီးက “ရိုမန်”နှင့် တပည့်များအား ခရမ်းသစ်တောသို့ ခေါ်သွားပြီး ဖီနိုအီရာ၏တပည့် တာရန်နာနှင့် တွေ့ဆုံခဲ့သည်။

“ဆာ-ဆိုခရစ်တီး။ တောင်းပန်ပါတယ်။ ဆရာက အခုလက်ရှိ တံခါးပိတ်ပြီးတော့ နဂါးဘာသာစကားနဲ့ သက်ဆိုင်တဲ့ မှော်စက်ဝိုင်းကို လေ့လာနေပါတယ်။ အဲဒါကြောင့် သူက ဘယ်သူနဲ့မှ တွေ့နိုင်ဦးမှာမဟုတ်ဘူး။ ဗွေမယူပါနဲ့။ ဆာ....”

“ဆာ-မဟာဆရာသခင်က တံခါးပိတ်ပြီး လေ့လာနေတာလား။” ဆိုခရစ်တီးက အစပိုင်း၌ စိတ်လှုပ်ရှားစွာဖြင့် ရောက်လာခဲ့သည့် အတွက်ကြောင့် ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ စိတ်ပျက်သွားခဲ့သည်။ နဂါးဘာသာစကား မှော်စက်ဝိုင်းအကြောင်း ကြားသည့်အခါ သူက တဖန် ပြန်လည်၍ စိတ်ဝင်စားသွားပြန်၏။ “ဒီတစ်ခေါက် ကျုပ်က ဆာ-မဟာဆရာသခင် စိတ်ဝင်စား လောက်မယ့် တစ်ခုခုကို ယူလာခဲ့ပါတယ်။ ဆာ့ကို ပြောပေးလို့....”

တာရန်နာက ကိုးရိုးကားရား ဖြစ်နေပုံရသည်။ “စိတ်မကောင်းပါဘူး။ ဆာ။ ဆရာက.....” ထိုအချိန် အသံတစ်သံ ထွက်ပေါ်လာ၏။ “တာရန်နာ။ ဆာ-ဆိုခရစ်တီးက အဝေးကလာတဲ့ ဧည့်သည်တစ်ယောက်ပဲ။ သူ့ကို ခရမ်းနှလုံးသား သစ်အိမ်ဆီ ခေါ်လာခဲ့ပါ။”

ထိုအသံက မဟာဆရာသခင် ဖီနိုအီရာ၏အသံ ဖြစ်၏။ တာရန်နာက ချက်ချင်းပင် ဦးညွှတ်ပြီး လမ်းပြပေးတော့သည်။

ခဏအကြာ ဆရာသခင် ဆိုခရစ်တီးက တာရန်နာနှင့်အတူ ခရမ်းနှလုံးသား သစ်အိမ်သို့ ရောက်ရှိသွားခဲ့သည်။ ဖီနိုအီရာ၏ ငယ်ရွယ်မှုက ဆိုခရစ်တီး၏ တပည့်များကို အံံ့သြသွားစေ၏။ သို့သော်လည်း အသက်၂၀ခန့်သာ ထင်ရသည့် ထိုခန့်ညားသော နတ်သူငယ်က အမှန်တကယ်၌ သူတို့ဆရာထက် အဆ ဒါဇင်ခန့် အသက်ပိုကြီးကြောင်း လူတိုင်း သိကြပေသည်။

“ဆာ-မဟာဆရာသခင်ရဲ့ လေ့လာမှုကို နှောင့်ယှက်မိတဲ့ အတွက် တောင်းပန်ပါတယ်။” ထိုကဲ့သို့ တွေ့ဆုံမှုအတွက် ဖီနိုအီရာက မိမိ၏ မျက်နှာသာပေးခဲ့ပြီးပြီ ဖြစ်ကြောင်းကို ဆိုခရစ်တီး သိလေသည်။ ထို့ကြောင့် သူက လိုရင်းကို ပြောလိုက်၏။ “လွန်ခဲ့တဲ့ သုံးလေးနှစ်တုန်းက မှော်စက်ဝိုင်းနဲ့ ဆင်တူတဲ့ ပုံစံကွက် ထွင်းထားတဲ့ ကျောက်ပြားအ‌ဟောင်းတစ်ခု ရခဲ့တယ်။ ဒါပေမဲ့ အဲဒါက လေးနက်ပြီး‌တော့ နားလည်ရ ခက်ခဲတယ်။ ကျုပ်ရဲ့ သုတေသနက ဘာမှ အကျိုးဆက် မရခဲ့ဘူး။ အဲဒါကြောင့် ဆာ့ဆီကနေ အကြံတောင်းဖို့အတွက် ငွေလ ကောင်းကင် မြို့တော်ဆီကို ရောက်လာခဲ့တာပါ။”

ဖီနိုအီရာက ဆိုခရစ်တီး ကမ်းပေးသော ကျောက်ပြားကိုယူပြီး အံံသြသော အမူအအရာ ပြသလိုက်သည်။ “ထိုထွင်းထားတဲ့ ပုံစံကွက်က...ရှေးဘာသာစကားလိုပဲ။ ဒါပေမဲ့ ဒါက နဂါး ဘာသာစကားလည်း မဟုတ်ဘူး။ ဒဏ္ဍာရီလာ နတ်ဘုရား ထွင်းစာ ဘာသာစကားလည်း မဟုတ်ဘူး။ ဘာလို့မှန်း မသိဘူး။ ဒီကျောက်ပြားက ငါ့ကို မသက်မသာ ခံစားရစေတယ်။”

“မသက်မသာ ခံစားရတာလား။” ဆိုခရစ်တီးက ဇဝေဇဝါ အမူအရာတစ်ခု ပြသလိုက်သည်။ သူက ၎င်းကို လေ့လာခဲ့သော အခါ၌ ထိုကဲ့သို့ မခံစားခဲ့ရပေ။ သို့ရာတွင် နတ်သူငယ် မျိုးနွယ်စုက သဘာဝကို ထောက်ခံသော မျိုးနွယ် ဖြစ်သည်။ ဒြပ်စင်နှင့် သဘာဝအပေါ် သူတို့၏ အာရုံခံများက လူသားများ ရောက်ရှိနိုင်သည်ထက် ကျော်လွန်မည်မှာ အသေအချာပင်။

ဆိုခရစ်တီးက လမ်းတလျှောက်၌ ထိုရှေးကျောက်ပြားကို လုံးဝ မပြခဲ့ပေ။ ယခုမှသာ ချန်လွေ့ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ သူက ထိုကျောက်ပြားပေါ်မှ မှော်စက်ဝိုင်း ဖြစ်ဟန်တူသည့် ထူးဆန်းသော မျဉ်းကြောင်းများမှာ လျို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုကို ဖော်ပြနေသည်ကိုသာ ခံစားမိသည်။ ဖီနိုအီရာကဲ့သို့ မဟုတ်ဘဲ သူက မသက်မသာ မခံစားရဘဲ အနည်းငယ် ရင်းနှီးနေခဲ့သည်။ စာသားများကို မဟုတ်ဘဲ ခံစားချက်ကို ရင်းနှီးနေခြင်း ဖြစ်၏။ သို့သော်လည်း မည်သည့်နေရာတွင် မြင်ခဲ့ဖူးကြောင်း မမှတ်မိခဲ့ပေ။

ဖီနိုအီရာက ကျောက်ပြားကို အမှန်တကယ် စိတ်ဝင်စား နေခဲ့သည်။ “ဆာ-ဆိုခရစ်တီး စိတ်မရှိဘူးဆိုရင် ကျောက်ပြားကို ဒီမှာ ထားခဲ့လို့ ရပါတယ်။ တစ်ခုခု ထူးမယ်ဆိုရင် ဆာ့ကို သတင်းပို့ဖို့ လူလွှတ်လိုက်ပါမယ်။”

ထို‌တောင်းဆိုချက်က လွန်ကဲပုံရသော်လည်း ဆိုခရစ်တီးက လုံးဝ မအံ့သြပေ။ အကြောင်းမှာ ယခင်က သူ ပြဿနာတစ်ခုခု ကြံတွေ့ခဲ့လျှင် နတ်သူငယ် ဆရာသခင်ကလည်း ပြဿနာကို ဖြေရှင်းပေးခဲ့သည့် အတွက်ကြောင့်ပင်။ ထို့ကြောင့် သူက ချက်ချင်းပင် သဘောတူလိုက်၏။ “ရတာပေါ့။ ဆာ-မဟာဆရာသခင်က နဂါးဘာသာစကားနဲ့ ဆက်နွှယ်နေတဲ့ မှော်စက်ဝိုင်းကို လေ့လာနေတယ်လို့ ကြားတယ်။ ကျူပ်ကို ကြည့်ခွင့်ပေးလို့ ရမလား မသိဘူး။”

“ကောင်လေး။ မင်းရဲ့ သိချင်စိတ်က အရင်ကလို ကြီးမား နေတုန်းပဲ...။ ရတယ်လေ။” ဖီနိုအီရာက ပုံကြမ်းကို ထုတ်လိုက်၏။

ဆိုခရစ်တီးကို နတ်သူငယ် မဟာဆရာသခင် ခေါ်လိုက်သော ပုံစံက သူ့တပည့်များအရှေ့၌ အနည်းငယ် မျက်နှာနီသွားစေ သော်လည်း နောက်ဆုံးစကားက ရှက်သောအခြေအနေကို အလိုလို လျစ်လျူရှုသွားစေခဲ့သည်။ သူက ပုံကြမ်းကို ချက်ချင်း အာရုံစိုက်လိုက်၏။

“ဒါက နဂါးထွင်းစာနဲ့ မှော်စက်ဝိုင်း ပေါင်းစပ်ထားတဲ့ ပုံကြမ်း တစ်ခုပဲ။” ဖီနိုအီရာက မိတ်ဆက်ပေးနေစဉ် ဆိုခရစ်တီးနောက်မှ ချန်လွေ့က ရုတ်တရက် တီးတိုးပြောလိုက်၏။ “ဌာနမှူး။ တတိယ အစားထိုး မှော်စက်ဝိုင်းက အသက်ဝင်ဖို့ ကြာချိန်ကို အနည်းဆုံး တဝက်လောက် လျှော့ချပေးနိုင်တယ်။”

“မင်း ဘာပြောလိုက်တာလဲ။” နတ်သူငယ် မဟာဆရာသခင်၏ နာရွက်များ လှုပ်ရှားသွားခဲ့သည်။

ဤသို့ဖြင့် ကြိုတင်စီစဉ်ထားသော ပြဇာတ်တစ်ခု စတင်တော့သည်။ ဆိုခရစ်တီးက ကောလိပ်ဆရာ “ရိုမန်”၏ “ပါရမီ”ကို နတ်သူငယ် မဟာဆရာသခင်အား အရှက်မရှိ မိတ်ဆက်ပေးခဲ့သည်။ နတ်သူငယ် မဟာဆရာသခင်က ၎င်းကို အတည်ပြုပြီးနောက် အလွန်ပင် စိတ်ဝင်စားသွားပြီး သုတေသန လိုအပ်ချက်များအတွက် “ရိုမန်”ကို ထားခဲ့ရန် ဆိုခရစ်တီးကို တောင်းဆိုခဲ့သည်။ ဆုလာဒ်မှာ ခက်ခဲသော မှော်စက်ဝိုင်းနှစ်ခု၏ အဓိပ္ပာယ်ကောက်ယူခြင်းပင်။

ထိုကမ်းလှမ်းချက်က အတော်လေး ဆွဲဆောင်မှု ရှိသည့်အတွက် ဆိုခရစ်တီးက ချက်ချင်းပင် သဘောတူလိုက်၏။ ရှေးကျောက်ပြားနှင့် “ရိုမန်”ကို ချန်ထားပြီးနောက် မဟာဆရာသခင်၏ သုတေသနကို အနှောင့်အယှက် မဖြစ်စေရန် ဆာ-လက်ထောက် ဌာနမှူးက တပည့်များနှင့်အတူ ခက်ခဲသော မှော်စက်ဝိုင်းနှစ်ခု၏ အဓိပ္ပာယ်ကောက်ထားသော ပုံကြမ်းများကို သယ်ဆောင်ပြီး ပျော်ရွှင်စွာဖြင့် ထွက်သွားတော့လေသည်။

ထွက်မသွားခင် လက်ထောက် ဌာနမှူးက ဆရာ “ရိုမန်”အား တစ်လကျော်ကြာပြီးနောက် ကြယ်မျှော်စင်ဖွင့်ပွဲ မလွဲချော်ရန် အတွက် ကောလိပ်သို့ အမြန်ပြန်လာရန် ပြောခဲ့သည်။ ဆိုခရစ်တီး၏ ထောက်ခံချက်ဖြင့်ဆိုလျှင် ချန်လွေ့က အပိုနေရာကို အသုံးချပြီး ကြယ်မျှော်စင်သို့ ဝင်ရောက်ရန် အတားအဆီး မရှိနိုင်တော့ပေ။

“ဆိုခရစ်တီးက ခင်ဗျား လေ့လာနေတဲ့ မှော်စက်ဝိုင်းကို သေချာပေါက် ကြည့်ခွင့်တောင်းမယ်ဆိုတာ ဘယ်လိုသိတာပဲ။”

“ဘာလို့လဲဆိုတော့ အဲဒီကောင်လေးရဲ့ သိချင်စိတ်က အသက်နဲ့လိုက်ပြီး မမှေးမှိန်သွားလို့ပဲ။” မဟာဆရာသခင် နတ်သူငယ်၏ အဖြေက ချန်လွေ့ကို အနည်းငယ် ဆွံ့အသွားစေ ခဲ့သည်။

“ဒါနဲ့ ဆရာ “ရိုမန်”။ တတိယမြောက် အစားထိုး မှော်စက်ဝိုင်းက နဂါးထွင်းစာရဲ့ အသက်ဝင်အမှတ်ပဲ။ ဒါက အချိန်ကို တဝက်လျှော့ပေးနိုင်တယ်ဆိုတာ သေချာလား။”

“နဂါးထွင်းစာရဲ့ ဒုတိယအဆင့် သဒ္ဒါကို နည်းနည်း ချိန်ညှိဖို့ပဲ လုိတာပါ....” ချန်လွေ့က စကားတစ်ခွန်းသာ ပြောလိုက်ရပြီး မဟာဆရာသခင် နတ်သူငယ်၏ ပြင်းပြသော အကြည့်ကြောင့် ထိတ်လန့်သွားခဲ့၏။ “ဆာ-ဖီနိုအီရာ။ ခင်ဗျား ကျုပ်ကို ဒီလိုမျိုး ကြည့်နေမယ်ဆိုရင် ကျုပ် ဖိအား ခံစားရလိမ့်မယ်။ ယောက်ျားလေး နတ်သူငယ်ဆီက ဆိုတော့.....”

“မင်းရဲ့ စကားလုံးတွေက သိဒ္ဓိကျောင်းတော်ကို ချက်ချင်း သတင်းပို့ချင်စိတ် ဖြစ်စေခဲ့တယ်။” ဖီနိုအီရာက အမူအရာ ယဉ်ကျေးသည့်တိုင် လည်ပင်းနင်လုမတတ် ဖြစ်သွားခဲ့သည်။ “ဒါပေမဲ့ မင်းက နဂါးထွင်းစာ ဆရာသခင် တစ်ယောက်ဆိုတာ တစ်ခါမှ မပြောခဲ့ဘူးလေ။”

“ဒါက အရေးမကြီးပါဘူး။” ချန်လွေ့က ပုခုံးတွန့်လိုက်၏။ “ကျုပ် ဒီတစ်ခေါက် လာလည်တာက ယန္တရားစွမ်းရည်ကို တိုးတက်အောင် လုပ်ဖို့ပါ။ ဆာ-မဟာဆရာသခင်။”

“မနက်ကပဲ ဘန်းဒ်ကို ငါ သတိပေးပြီးသွားပြီ။ အခု သစ်တော လူပုက လမ်းမှာ ရောက်နေလောက်ပြီ။ သူ မရောက်ခင် အဲဒီထွင်းစာ သဒ္ဒါကို ဘယ်လို ချိန်ညှိရမလဲဆိုတာ မင်းငါ့ကို သေသေချာချာ ရှင်းပြဖို့ တာဝန်ရှိတယ်လို့ ထင်တယ်။”

ချန်လွေ့ မဖြေခင်မှာပင် လူပု မဟာဆရာသခင်၏ အသံကျယ်ကျယ်က သစ်အိမ်၏ အသံပို့စက်မှ ထွက်လာ၏။ “ဖီနိုအီရာ။ ငါရောက်ပြီ။ တစ်ယောက်တည်း သောက်မနေနဲ့။”

ချန်လွေ့ ပြုံးလိုက်ပြီး စိတ်ဓာတ်ကျသော အမူအရာဖြင့် နတ်သူငယ် မဟာဆရာသခင်ကို ကြည့်လိုက်သည်။ “ကြည့်ရတာ ကျုပ်တို့ရဲ့မိတ်ဆွေ လူပုက အချိန်ကိုက် ရောက်လာတဲ့ပုံပဲ။”

နောက်ပိုင်းနေ့ရက်များ၌ ချန်လွေ့က အနှောင့်အယှက်များ အားလုံးကို ဘေးဖယ်ထားပြီး နတ်သူငယ် မဟာဆရာသခင်နှင့် လူပုမဟာဆရာသခင်တို့၏ လမ်းညွှန်မှုကို လက်ခံပြီး အာရုံစူးစိုက် နေခဲ့သည်။ လမ်းညွှန်မှုများသာမက တစ်ခါတရံ၌ အပြန်အလှန် ယှဉ်ပြိုင်မှုများလည်း ရှိခဲ့လေ၏။

သူ မသိလိုက်ခင်မှာပင် သူက ခရမ်းနှလုံးသား သစ်အိမ်ထဲ၌ ရှိနေခဲ့သည်မှာ ၁၀ရက်နီးပါး ကြာသွားခဲ့ပြီ ဖြစ်ပြီး သူ့အတွက် စူပါစနစ်ထဲရှိ လေ့ကျင့်ရေးကွင်းပြင် အချိန်ဥပဒေသထဲ၌ နှစ်အတော် ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။ ယန္တရားပညာကိုသာမက ဆေးဝါးပညာကိုလည်း သူ လေ့လာခဲ့သည်။ အထူးသဖြင့် ယန္တရားပညာ တစ်ဆို့မှု ဖြစ်နေစဉ် အာရုံစိုက်မှု ပြောင်းလဲခြင်းက လမ်းဆုံးသို့ ရောက်သွားခြင်းကို ရှောင်တိမ်းပေးနိုင်၏။ အဂ္ဂိရတ် အဖွဲ့အစည်းမှ ဆေးဝါးပညာ မှတ်ဉာဏ်သလင်းကျောက်က ချန်လွေ့အား ဉာဏ်ကွန့်မြူးမှု အများအပြား ပေးစွမ်းခဲ့လေသည်။

“‌ဒေါင်...ဒေါင်...ဒေါင်....” စည်းချက်ကျကျ တူထုသံက ရုတ်တရက် ရပ်တန့်သွား၏။ ချန်လွေ့က တူကို မြင့်မြင့် မြှောက်ထားသော ပုံစံက ရပ်တန့်နေခဲ့သည်။ သူက သံညှပ်ဖြင့် ညှပ်ထားသော သတ္တုတုံးကို ကြည့်နေရင်း မျက်လုံးများက အရောင်လက်နေခဲ့သည်။

မျက်နှာချင်းဆိုင်နေကြသော မဟာဆရာသခင်နှစ်ယောက်က ဝိုင်ခွက်များကို ချထားလိုက်ကြပြီး ချန်လွေ့ကို အနှောင့်အယှက် ဖြစ်စေမည် စိုးသည့်အတွက် မည်သည့် အသံကိုမှ မပြုလုပ်ခဲ့ပေ။

ချန်လွေ့၏ “ရပ်တန့်နေသော” အခြေအနေ ဖြစ်နေသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ အထူးသဖြင့် ယခင်နေ့ရက်များ၌ သုံးလေးကြိမ် ဖြစ်ပေါ်ခဲ့ဖူးလေသည်။

“ရပ်တန့်”ပြီးနောက် ချန်လွေ့က တစ်ခါတရံ၌ စိတ်ဓာတ်ကျပြီး တစ်ခါတရံ အတွေးအမြင်သစ်များ ရရှိခဲ့သည်။ အချိန်တိုင်း မတူညီ ကွဲပြားနေ၏။

အမှန်တကယ်၌ ထိုအရာက အထွတ်အထိပ်အမှတ် လက္ခဏာ ဖြစ်ကြောင်း မဟာဆရာသခင်နှစ်ယောက်က သေချာ သိကြသည်။ ထို အတားအဆီးကို ကျော်လွန်နိုင်သည်နှင့် အရည်အသွေးအရ ပြောင်းလဲမှု ဖြစ်လာပေလိမ့်မည်။

သူက ယခင်က အကြိမ်များစွာ ကျရှုံးခဲ့သော်လည်း အမြင့်ဆုံး နေရာသို့ အတော်လေး နီးကပ်နေပြီဖြစ်ကြောင်း ယခု ပြသနေပြီ ဖြစ်သည်။ သာမန်လူတစ်ယောက် ကျရှုံးခဲ့လျှင် တဖန် ပြန်လည် သဘောပေါက်ရန်အတွက် လနှင့်ချီ ၊ နှစ်နှင့်ချီ ကြာမြင့်နိုင် သော်လည်း အချို့က ထိုကဲ့သို့ ဉာဏ်အလင်းပွင့်မှုမျိုးကို တစ်ဘဝလုံး၌ပင် မရရှိနိုင်ခဲ့ပေ။ သုံးလေးရက်အတွင်း ချန်လွေ့က အထွတ်အထိပ် အခြေအနေမျတားကို အဆက်မပြတ် စုစည်းနေပြီး မဟာဆရာသခင်နှစ်ယောက်ကို အံသြနေစေခဲ့သည်။

ချန်လွေ့၏ လှုပ်ရှားမှုများက ရပ်တန့်နေသော်လည်း စိတ်ထဲမှ အတွေးများက အရှိန်မြန် သွားလာနေ၏။ တူထုသော မြင်ကွင်းများ၊ ထုတ်လုပ်သော မြင်ကွင်းများက ရုပ်မြင်သံကြား မျက်နှာပြင် ကဲ့သို့ပင် တလက်လက် ဖြတ်သွားနေခဲ့သည်။

ယန္တရားပညာဆိုတာ အသက်ကို ဖန်တီးတာပဲ။

အသက်၊ ဝိညာဉ်၊ နာမ်....မရေမတွက်နိုင်တဲ့ အယူအဆတွေ၊ အတွေးအမြင်တွေ ရောယှက်နေတယ်။

ဖီနိုအီရာနှင့် ဘရန်းဒ်တို့၏ တူထုသော လှုပ်ရှားမှုများနှင့် စည်းချက်များက ချန်လွေ့၏ မျက်လုံးအရှေ့တွင် ပေါ်ထွက်လာခဲ့ပြီး သူ၏ လှုပ်ရှားမှုတိုင်းက ဖီနိုအီရာနှင့် ဘရန်းဒ်တို့၏ လှုပ်ရှားမှုတိုင်းအား ထပ်ကာထပ်ကာ ပြုလုပ်နေသော ကိုယ်ပွား တစ်ခု ဖြစ်သွားသကဲ့သို့ပင် တဖြည်းဖြည်း ပေါင်းစပ်သွားခဲ့သည်။

မဟာဆရာသခင်နှစ်ယောက်၏ မျက်လုံးထဲ၌ ချန်လွေ့က တူထုပြီးနောက် လက်မြှောက်သော အနေအထားကို သုံးလေးကြိမ် ပြုလုပ်ခဲ့၏။

မဟုတ်ဘူး။ မမှန်သေးဘူး။ တစ်ခုခု လွဲနေတာ ဖြစ်ရမယ်။

အသက် ! အသက်...အသက် ဟုတ်လား။

ဟုတ်တယ်။ အသက်ပဲ !

ပြောရရင် အသက် တည်ရှိမှုတိုင်းက တူညီတယ္။ ဒါပေမဲ့ လောကမှ တစ်ထပ်တည်း တူညီတဲ့ အသက် တည်ရှိမှုဆိုတာ မရှိဘူး။ အမြွှာတွေမှာတောင် မရှိဘူး။

ချန်လွေ့က စိတ်ထဲ၌ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်နေ၏။

ဖီနိုအီရာကို အောင်အောင်မြင်မြင် အတုခိုးနိုင်ရင်တောင် မင်းက ဖီနိုအီရာလား။

ဖီနိုအီရာ မဟုတ်ဘူးဆိုရင် ဖီနိုအီရာပဲ ဖန်တီးနိုင်တဲ့ “အသက်”ကို ဘာလို့ ဖန်တီးရမှာလဲ။

မင်း ဖန်တီးချင်တာက အသက်ပဲ မဟုတ်ဘူး။ မင်းရဲ့ ကိုယ်ပိုင် တမူထူးခြားတဲ့ အသက်ပဲ။

မင်းက ချန်လွေ့။ ဖီနိုအီရာ မဟုတ်ဘူး။ ဘန်းဒ်လည်း မဟုတ်ဘူး။

မင်းက မရေမတွက်နိုင်တဲ့ လမ်းညွှန်သူတွေရဲ့ အတွေ့အကြုံတွေကို အခြေခံပြီးတော့ ဒီလမ်းကြောင်းကို ဘယ်လို ယူရမလဲဆိုတာ ရင်းနှီးနေပြီ။ ဒါပေမဲ့ လမ်းညွှန်သူရဲ့ လမ်းကြောင်း နောက်ကို လိုက်နေတာက အခု လမ်းဆုံးသွားပြီ။ ဘာလို့လဲဆို မင်းက “လမ်းညွှန်သူ” မဟုတ်လို့ပဲ။ မင်းက ကိုယ်ပိုင် လမ်းကြောင်းကို ရှာဖွေရမယ်။ ဒါက အရေးအကြီးဆုံး အဆင့်ပဲ။ အောင်မြင်သွားတာနဲ့ စမှတ်ကို ပြန်မှတ်သားနိုင်လိမ့်မယ်။ “လမ်းညွှန်သူတွေ”နဲ့ လိုက်မှီမယ့် ဒါမှမဟုတ် ကျော်လွန်နိုင်မယ့် စမှတ်တစ်ခုပေါ့။

ဒါက ရှေးအဂ္ဂိရတ် အဖွဲ့အစည်းက ဆေးဝါးပညာရှင်တွေရဲ့ မှတ်ဉာဏ်သလင်းကျောက် လိုမျိုးပဲ။ အဂ္ဂိရတ်ရဲ့ စစ်မှန်တဲ့ အမြုတေက အသက်ပဲ။ ပြီး‌တော့ အသက်ရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်က ဖန်တီးခြင်းပဲ။ အတုခိုးတာ မဟုတ်ဘူး။

ထိုစကားလုံးများက ချန်လွေ့၏ နားထဲ၌ နေ့နေ့ညည လက်နေသကဲ့သို့ပင် ပဲ့တင်ထပ်နေ၏။ ချန်လွေ့၏ ပြောင်းလဲနေသော အမူအရာများက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူက လက်ထဲမှ တူကို လွှတ်ချပြီး ရယ်လိုက်၏။

“လာလေ။ မဟာဆရာသခင်တို့။ အတူတူ သောက်ကြတာပေါ့။” ချန်လွေ့က ပန်းပဲဖိုပေါ်သို့ ကုန်ကြမ်းများနှင့် ကိရိယာများကို ပစ်ချပြီး ဖီနိုအီရာနှင့် ဘရန်းဒ်တို့ဆီ တည့်တည့် သွားလိုက်၏။

နတ်သူငယ် မဟာဆရာသခင်က ချန်လွေ့၏ လှုပ်ရှားမှုတိုင်းကို ကြည့်နေခဲ့သည်။ လူပု မဟာဆရာသခင်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွား၏။ သူလည်း တစ်ခုခုကို သဘောပေါက်သွားပြီး ပြုံးလိုက်လေသည်။ “သွားကြမယ်။ အောင်ပွဲ ခံကြ‌တာပေါ့။”

သူတို့၃ယောက်က ယန္တရားပညာအကြောင်း မပြောဘဲ စားသောက်နေကြ၏။ ဝိုင်သုံးပုလင်း သောက်ပြီးနောက် ချန်လွေ့က မတ်တပ်ရပ်ပြီး အလယ်သို့ တစ်လှမ်းချင်း လျှောက်လာသည်။

“ဖီနိုအီရာ။ အံ့သြဖွယ်ရာတစ်ခုကို ငါတို့ တွေ့ရတော့မယ် ထင်တယ်။ အသက်၃၀ မကျော်တဲ့ ယန္တရားပညာ မဟာဆရာသခင် တစ်ယောက် ပေါ်ထွက်လာတော့မယ်။” လူပုအိုကြီး၏ မျက်လုံး ကျဉ်းကျဉ်းလေးက အရောင်လက်သွားပြီး ဝိုင်တစ်ငံု သောက်လိုက်၏။

“ဟုတ်တယ်။ ဒါက အတော်လေး မျှော်လင့်နေတယ်။” နတ်သူငယ် မဟာဆရာသခင်က ဖန်ခွက်ကို ဖြည်းဖြည်းချင်းချပြီး လူသား လူငယ်လေးကို ကြည့်နေလိုက်သည်။

သို့သော် လူသားက ပန်းပဲဖိုသို့ လမ်းလျှောက်သွားသော်လည်း ထိုနေရာ၌ မရပ်ခဲ့ပေ။ သူက နေရာအလွတ်တစ်ခုသို့ လျှောက်သွား ခဲ့လေသည်။

စမ်းသပ်ဖန်ပြွန်များ၊ ပုလင်းများနှင့် ကုန်ကြမ်းအများအပြား အတန်းလိုက်ရှိနေသော စားပွဲတစ်ခု၌ နေရာအလွတ်အရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာ၏။

ချန်လွေ့၏ မျက်လုံးများက ရုတ်တရက် ဖော်ပြ၍မရနိုင်သော တောက်ပမှုတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏ သူ၏လက်က ပုလင်း တစ်လုံးဆီသို့ လှမ်းလိုက်လေသည်။

နောက်ထပ် လှုပ်ရှားမှုများက လူပုအိုကြီးကို ကြက်သေသေ သွားစေခဲ့သည်။ သူ၏ ဝိုင်ခွက်သည်ပင် ဖိတ်ကျသွား၏။ “ငါ့ကိုပြော။ နတ်သူငယ်။ ငါ အမြင်မှားနေတာလား။”

နတ်သူငယ် မဟာဆရာသခင်လည်း ကြက်သေသေသွား၏။ ချန်လွေ့၏ လက်ထဲရှိ ဆေးရည်ပုလင်းထဲမှ ဆေးရည်မည်းကို ကြည့်ပြီးနောက် သူ ပင့်သက်ရှိုက်လိုက်လေသည်။ “ငါတို့ အမြင် မမှားဘူး။ ဒါပေမဲ့ ငါတို့က အဓိက အယူအဆ မှားယွင်းခဲ့တယ်။ အသက်၃၀နဲ့......နှစ်သွယ်-အထူးပြု မဟာဆရာသခင်ပဲ။”

All Chapters