← Chapters

ပျောက်ဆုံးနေသော နတ်သူငယ်တစ်ပိုင်း

Vol. 49 Ch. 797

ပျောက်ဆုံးနေသော နတ်သူငယ်တစ်ပိုင်း

Vol. 49 Ch. 797

ကျောက်စိမ်းသစ်တောပင်လယ်ရှိ ခရမ်းနှလုံးသား သစ်အိမ်၌-

မျိုးနွယ်မတူသော မိတ်ဆွေသုံးယောက်က စားပွဲနားတွင် ထိုင်ကာ ဝိုင်ကောင်းကောင်း သောက်နေရင်း ဆွေးနွေးနေကြ၏။ သူတို့က မဟာဆရာသခင် (၃)ယောက်ပင်။

“ဟားဟား။ ငါ သစ်တောလူပု ဘရန်းဒ်က တစ်သက်လုံး ဒီလိုအံ့သြဖွယ်ရာမျိုးကို မျက်မြင်ကိုယ်တွေ့ ဖြစ်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။” စိတ်လှုပ်ရှားမှုကြောင့် လူပိုအိုကြီုး၏ မုတ်ဆိတ် ဖွတ်မြီးက လှုပ်ရှားသွားခဲ့သည်။

“မယုံနိုင်စရာ ပါရမီ။ မယုံနိုင်စရာ လူသားပဲ။” တည်ငြိမ်သော နတ်သူငယ် မဟာဆရာသခင်ကပင် စစ်မှန်သော စိတ်လှုပ်ရှားမှုကို ပြသခဲ့လေသည်။

အဂ္ဂိရတ်ပညာ၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်ပြီးနောက် ချန်လွေ့က ဆေးရည်မည်း နှစ်ပုလင်းကို တဆက်တည်း ထုတ်လုပ်ခဲ့သည်။ ထိုစစ်မှန် စိတ်ဝိညာဉ်ဆေးရည်နှင့် ထာဝရစွမ်းအား ဆေးရည်တို့က သူရောက်ရှိနေသော ဆေးရည် မဟာဆရာသခင်အဆင့်ကို အမှတ်အသားပြုနေပြီး မဟာဆရာသခင် အမြင့်ဆုံးအဆင့်ပြီးလျှင် ဒုတိယသာ ဖြစ်၏။ ထို့အပြင် သူက နောက်ထပ် ထူးကဲအဆင့် အဆန်တန်ဆာ သုံးခုကို ဖန်တီးခဲ့ပြီး မဟာဆရာသခင်နှစ်ယောက်လုံး မျက်လုံးများကို ကန်းလုမတတ် ဖြစ်သွားစေခဲ့သည်။

တကယ့် စစ်မှန်တဲ့ အဂ္ဂိရတ် နှစ်သွယ်အထူးပြု မဟာဆရာသခင်ပဲ။

နယ်ပယ်တစ်ခုကို ကျွမ်းကျင်သွားသည်နှင့် အခြား နယ်ပယ်များအတွက် လမ်းပွင့်သွားပြီ ဖြစ်သည်။ ဆေးဝါးပညာ၌ အဆင့်တက်ခြင်းက အနည်းငယ် မမျှော်လင့်ထားသောအရာ ဖြစ်သော်လည်း ထိုအဆင့်တက်မှုက မတော်တဆ မဟုတ်ဘဲ စုစည်းခြင်း၏ အကျိုးရလာဒ်ကြောင့်ပင်။

ထိုအရာတွင် သူ့ကို အသေးစိတ် လမ်းညွှန်ပေးခဲ့သော မဟာဆရာသခင်ယောက်နှင့် မဟာဆရာသခင်နှစ်ယောက်တို့ အပါအဝင် ရှေးအဂ္ဂိရတ်အဖွဲ့အစည်းမှ အဖိုးတန်သော အချက်အလက်များနှင့် [ အထူးစိစစ်မှု ]၏ မှတ်ဉာဏ် သက်ရောက်မှုများနှင့် အချိန်အများအပြား ပါဝင်နေလေသည်။ စူပါစနစ်ထဲ၌ သုတေသန အချိန်အရဆိုလျှင် ချန်လွေ့က အဂ္ဂိရတ်ပညာ၌ အနည်းဆုံး နှစ်ပေါင်းရာနှင့်ချီခန့် ကုန်ဆုံးခဲ့ပြီးပြီ ဖြစ်လေသည်။

အောင်မြင်မှုက အမှန်တကယ်၌ မရေမတွက်နိုင်သော စုစည်း လုပ်ဆောင်မှုများပြီးလျှင် မလွဲဧကန်ဖြစ်မည်သာ ဖြစ်ပေ၏။

“မဟာဆရာသခင်နှစ်ယောက်ကို ဘယ်လိုကျေးဇူးတင်ရမလဲ ဆိုတာ စကားနဲ့‌တောင် ဖော်ပြုလို့ မရနိုင်တော့ပါဘူး။” ချန်လွေ့က ဝိုင်ခွက်ကို မြှောက်လိုက်၏။ “ဘာမှ မဟုတ်တော့ပါဘူး။ မိတ်ဆွေတို့။”

လူပုအိုကြီးနှင့် နတ်သူငယ်တို့က အချင်းချင်း ကြည့်လိုက်ပြီး သဘောပေါက်စွာဖြင့် ပြုံးလိုက်ကြပြီး ဖန်ခွက်သုံးခွက်ကို တိုက်လိုက်ကြ၏။

“မင်း ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ။” ဖီနိုအီရာက ဝိုင်ကို ဖြည်းဖြည်းချင်း သောက်နေပြီး သူ၏တူက ဝါးစို့ဆီသို့ ဆန့်တန်းလိုက်သည်။ သို့သော်လည်း ပန်းတိုင်ကို မရောက်သေးခင်မှာပင် တစ်ပန်းကန်လုံးကို လူပုအိုကြီးက လုယူလိုက်၏။

“ဘာရှိရမှာလဲ။ လူသားလောကဆီ သွားပြီးတော့ ထိပ်တန်း အဂ္ဂိရတ် မဟာဆရာသခင်နာမည်ကို သွားယူမှာပေါ့။” လူပုအိုကြီးက ဝါးနေရင်း ဝေဝေဝါးဝါး ပြောနေလိုက်သည်။ “မင်းက ဒီနံပါတ်တစ် နေရာနဲ့ လုံးဝ ထိုက်တန်တယ်။ ဒီလို မိတ်ဆွေမျိုး ရှိတာကို တောင်နေလူပုက ဂုဏ်ယူမိပါတယ်။ ဟားဟား။”

“ခင်ဗျားရဲ့ မျှော်လင့်ချက်တွေကို စိတ်ပျက်စေမိလို့ တောင်းပန် ပါတယ်။ မိတ်ဆွေ။” ချန်လွေ့က ခေါင်းခါသည်။ “ဒီလိုမျိုး အပေါ်ယံ နာမည်မျိုးက ကျုပ်အတွက် ဘာမှ အဓိပ္ပာယ် မရှိပါဘူး။ ကျုပ်မှာ အရေးကြီးတာတွေ လုပ်စရာ ရှိသေးတယ်။ ဒီတစ်ခေါက် စားပြီးသွားရင် ကျုပ် ထွက်သွားတော့မယ်။ အချိန်ရရင် ကျုပ် သေချာပေါက် သစ်တောပင်လယ်ဆီ ပြန်လာပြီးတော့ ခင်ဗျားတို့ နှစ်ယောက်နဲ့ ပြန်တွေ့မှာပါ။”

“တည်မြဲတဲ့ စားသောက်ပွဲဆိုတာ မရှိဘူး။ ခွဲခွာဖို့ မရှိဘဲနဲ့ ပြန်ဆုံဖို့ဆိုတာ မရှိဘူး။” နတ်သူငယ် မဟာဆရာသခင်က သူ့ကို မနေခိုင်းခဲ့ပေ။ သူ၏ ရှည်လျားသော ဘဝထဲ၌ ခွဲခွာခြင်း၊ ဆုံစည်းခြင်း အများအပြား ရှိခဲ့သည့်အတွက် သူက တည်ငြိမ်နေ၏။ “ကံကောင်းပါစေ။ မိတ်ဆွေလေး။”

လူပု မဟာဆရာသခင်ကလည်း ပွင့်ပွင့်လင်းလင်း ဖြစ်၏။ သူက ပြုံးဖြီးဖြီးနှင့် ပြောလိုက်လေသည်။ “နောက်တစ်ခါ ဝိုင်ယူလာဖို့ မမေ့နဲ့။”

ညနေခင်း၌ ချန်လွေ့က ခရမ်းသစ်တောမှ ထွက်သွားလိုက်၏။ သူက ထွက်သွားရန် [ အချိန်နှင့်နေရာလွတ်ဂိတ် ] ကို ချက်ချင်း အသက်မသွင်းခဲ့ပေ။ ထိုအစား သူက ကျောက်စိမ်းသစ်တော ပင်လယ်ရှိ နေရာတစ်ခုသို့ သွားခဲ့သည်။ နတ်သူငယ်တစ်ပိုင်း နေထိုင်သော သုဿာန်ကိုပင်။

ငွေလ ကောင်းကင်မြို့တော်၏ အနုစိတ်မှုနှင့် ထည်ဝါမှုတို့နှင့် ယှဉ်လျှင် ထိုနေရာက နက်မှောင်သောအရိပ်ကဲ့သို့ ဖြစ်နေပြီး နေရောင်နှင့်လည်း မထိတွေ့ပေ။ ကျိန်စာသင့် တိတ်ဆိတ်နေသော နယ်မြေတစ်ခုဖြစ်ပြီး နတ်သူငယ်တစ်ပိုင်း သုဿာန်ပြင်လည်း ဖြစ်ပေ၏။

ချန်လွေ့က ယခင်တစ်ခေါက် နတ်သူငယ်တစ်ပိုင်း ကောင်မလေးနှင့် ကတိပေးခဲ့သည့်အတိုင်း ဘလန့်ချ်ကို လာတွေ့ခြင်း ဖြစ်လေသည်။

တံခါးပိတ် လေ့ကျင့်သော ရက်များ၌ သော်သော်နှင့်အတူ သစ်အိမ်အောက်၌ အမြဲ စောင့်ကြပ်ပေးနေသော စကားနည်းသည့် နတ်သူငယ်တစ်ပိုင်း ကောင်မ‌လေးကို သူ မှတ်မိနေသေးသည်။

မလိုအပ်သော စကားပြောဆိုမှုများ၊ ရယ်သံများ မရှိခဲ့ပေ။ တိတ်ဆိတ်မှုမျှသာ။

ထူးဆန်းသည်က တောနက်ထဲရှိ ရိုးရှင်းသော သစ်အိမ်ထဲ၌ ဘလန့်ချ်ကို သူ မတွေ့ရခြင်းပင်။ နတ်သူငယ်တစ်ပိုင်း ကောင်မလေးက ထိုအချိန် အခြားနေရာများသို့ မသွားရခြင်းမှာ အကြောင်းရင်း ရှိပေသည်။ ချန်လွေ့ကို ဇဝေဇဝါ ဖြစ်သွားစေသည်မှာ သစ်အိမ်၏ အခြေအနေအရ အချိန် အတော်ကြာ လူမနေတော့သည့် ပုံစံမျိုး ဖြစ်နေခြင်းပင်။

ငါ မီရှယ်ကို နတ်သူငယ် မျိုးနွယ်စုရဲ့ အထွတ်အမြတ်ဖြစ်တဲ့ သဘာဝသစ်ပင်ကို ကုသဖို့အတွက် အသက်ဓာတ်ရေစင် တစ်ပုလင်း ပေးခဲ့တယ်။ အဲဒါကြောင့် ဘလန့်ချ်က အသက်ဓာတ်ရေစင် ပေးလိုက်လို့ အကျိုးပြုမှုတွေ လုပ်နိုင်ခဲ့ပြီးတော့ ငွေလ ကောင်းကင်မြို့တော်ဆီကို ပြောင်းသွားရတာ များလား။

သူ ထွက်သွားတော့မည် ပြင်လိုက်စဉ် ရှေ့မှ အဖြူရောင် ပုံရိပ်တစ်ခုကို ရုတ်တရက် မြင်လိုက်ရ၏။ ၎င်းက နှင်းကဲ့သို့ ဖြူဖွေးနေသော မြင်းတစ်ကောင်ဖြစ်ပြီး ခေါင်းပေါ်တွင် ချိုတစ်ချောင်း ရှိနေသည်။

ဒီသိင်္ဂဿကို တော်တော်လေး ရင်းနှီးနေတယ်။ ဟုတ်တယ်။ ဒါက နတ်သူငယ်တစ်ပိုင်း ကောင်မလေးနဲ့ အရင်းနှီးဆုံးဖြစ်တဲ့ လေဖြူပဲ။

လေဖြူက လျှောက်ပတ်သွားနေပြီး တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေဟန်တူသည်။ ၎င်းက နောက်ဘက်မှ ထူးဆန်းသော တစ်စုံတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ ၎င်းက နောက်ဘက်သို့ ခေါင်းလှည့်လိုက်ရာ ယောက်ျားတစ်ယောက်၏ ပုံရိပ်ကို မြင်လိုက်ရပြီး ကြောက်လန့်တကြားနှင့် တိုက်ခိုက်တော့မည့် အချိန်၌ ၎င်း၏ စိတ်ထဲတွင် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ “လေဖြူ .....”

သိင်္ဂဿက ခဏတာ အံ့သြသွားခဲ့ပြီးနောက် ထိုအသံကို မှတ်မိသွားခဲ့သည်။ ချိုတွင်ရှိနေသော လျှပ်စီးက ရုတ်တရက် မှိန်ပျသွားခဲ့ပြီးနောက် ချန်လွေ့ထံသို့ ရောက်ရှိလာပြီး ပွတ်သီးပွတ်သပ် နေနေလေသည်။ ချန်လွေ့က ၎င်း၏ လည်ဆံမွေးကို ပွတ်သပ်ရင်း အရှိန်အဝါ သစ်သီးနှစ်လုံး ထုတ်ပေးလိုက်သည်။ သိင်္ဂဿက ပျော်ရွှင်စွာဖြင့် ဟီလိုက်ပြီး ချန်လွေ့လက်ထဲမှ အရှိန်အဝါ သစ်သီးများကို အလျင်အမြန် စားတော့သည်။

လေဖြူ၏စွမ်းအားက ယခင်ကထက် အတော်လေး တိုးတက် လာခဲ့ကြောင်း ချန်လွေ့ အာရုံခံမိသည်။ ထိုအရာက အရှိန်အဝါ သစ်သီး၏ သက်ရောက်မှု ဖြစ်လောက်ပေသည်။ ၎င်းက နတ်ဆိုး ဘုရင် အဆင့်မှ မဟာနတ်ဆိုးဘုရင်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

“လေဖြူ၊ ဘရန့်ချ်ရော။”

“ဘလန့်ချ်”ဟူသော နာမည်က လေဖြူကို ရပ်တန့်သွားစေ၏။ သိင်္ဂဿ၏ ဘာသာစကား စွမ်းရည်က သိပ်မကောင်းလှသည့် အတွက်ကြောင်း အဓိပ္ပာယ် အသေးစိတ်ကို သေသေချာချာ မဖော်ပြနိုင်ပေ။ သို့သော်လည်း ချန်လွေ့က ၎င်း၏ စိတ်ထဲ၌ စိုးရိမ်မှုနှင့် မသက်မသာ ခံစားရမှုတို့ကို သေသေချာချာ အာရုံခံမိ နေသည်။ သူက ထိတ်လန့်သွားခဲ့ပြီး နိမိတ်မကောင်းသလို ခံစားရလိုက်လေသည်။

ထိုအချိန် အဝေးမှ စူးရှသော အသံတစ်သံ ထွက်ပေါ်လာ၏။ “လေဖြူ။ နင် ဘယ်မှာလဲ။”

သိင်္ဂဿက ခေါင်းမော့ပြီး ချန်လွေ့ကို အနည်းငယ် တွန်းလိုက်သည်။ ထိုအသံက နတ်သူငယ် မင်းသမီးလေး မီရှယ်၏ အသံဖြစ်ကြောင်း ချန်လွေ့ မှတ်မိသွားခဲ့ပြီး သိင်္ဂဿနှင့်အတူ အသံရှိရာသို့ လိုက်သွားခဲ့သည်။

“လေဖြူ။ နင်က ဒီမှာကိုး။” နတ်သူငယ် မင်းသမီးလေးက ခြင်းတောင်းလေးတစ်လုံးကို ကိုင်ထား၏။ သူက သိင်္ဂဿ‌ဘေးမှ ယောက်ျားတစ်ယောက်ကို မြင်လိုက်ရသည့်အခါ ထိတ်လန့် သွားခဲ့လေသည်။ “နင်...နင်က ရစ်ချက်လား။”

“မီရှယ်။ မတွေ့ရတာ ကြာပြီနော်။” ချန်လွေ့က စကားတစ်ခွန်း ပြောပြီးနောက်တွင် နတ်သူငယ် မင်းသမီးလေးက လက်ထဲမှ ခြင်းတောင်းကို လွှတ်ချပြီး ချန်လွေ့ထံသို့ ပြေးဝင်လာခဲ့ကာ အသံကျယ်ကျယ်နှင့် စတင်ငိုကြွေးတော့သည်။

ထိုကဲ့သို့ ရုတ်တရက် တရင်းတနှီး ဆက်ဆံမှုက ချန်လွေ့ကို အနည်းငယ် စိတ်ရှုပ်သွားစေသည်။ သို့သော်လည်း သူက မီရှယ် ငိုနေသည်ကို ကြားလိုက်ရ၏။ “သော်သော်..သော်သော် မရှိတော့ဘူး....”

နတ်သူငယ် မင်းသမီးလေးက ဇာမဏီငှက်လေး၏ “သေဆုံးခြင်း”ကို မြင်တွေ့ခဲ့ရသည့်အတွက် အချိန်အတော် ကြာအောင် ဝမ်းနည်းနေခဲ့သည်။ အထူးသဖြင့် ဆရာ ဖီနိုအီရာက ယခင်တစ်ခေါက်က သူ့ကို မည်သည့်အတွက်ကြောင့် ချန်လွေ့ တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း ရှင်းပြပြီးသောအခါ၌ ဖြစ်၏။

ယခု မီရှယ်က “ရစ်ချက်”ကို မြင်ရသည့်အခါ ဝမ်းမနည်းဘဲ မနေနိုင်တော့ပေ။ ဇာမဏီငှက်လေး၏ နာမည်က ချန်လွေ့၏ နှလုံးသားကို လှုပ်ရွရွ ဖြစ်သွားစေခဲ့ပြီး သူက မီရှယ်၏ခေါင်းကို အသာလေး ပွတ်သပ်လိုက်၏။

နတ်သူငယ် မင်းသမီးလေက ခဏကြာအောင် ငိုပြီးနောက် ရှက်သွားခဲ့ပြီး လက်လွှတ်လိုက်ကာ ထိုအပြုအမူက တအား ရင်းနှီးလွန်းနေကြောင်း ခံစားလိုက်မိသည်။ ရုတ်တရက် သူက တစ်ခုခုကို သတိရမိသွားပြန်ပြီး ငိုပြန်တော့သည်။ “ဘလန့်ချ်။ ရစ်ချက်... ဘလန့်ချ်ကို သွားကယ်ပေး...”

ချန်လွေ့ ထိတ်လန့်သွားခဲ့သည်။ “ဘလန့်ချ် ဘာဖြစ်လို့လဲ။”

“သူက အိပ်မက်ဆိုးတောနက်ထဲ သွားခဲ့တယ်။ သူပျောက်နေတာ ၂လကျော်နေပြီ။”

အစ်ဇ်ယိုရူးလ်ကို ချန်လွေ့ သတ်ပစ်ပြီး သစ်တောပင်လယ်မှ ထွက်သွားပြီးနောက် ဘလန့်ချ်က ချန်လွေ့ပေးခဲ့သော အသက်ဓာတ်ရေစင် လက်ဆောင်အား နတ်သူငယ် ဧကရီ လစ်ဗ်ထံ ပေးခဲ့ခြင်း ဖြစ်သည်။ ထိုအရာက ဧကရီ လစ်ဗ်အတွက် အလွန်ကြီးမားသော အံ့သြစရာတစ်ခုပင်။ နတ်သူငယ်မျိုးနွယ်စု၏ သိဒ္ဓိ သဘာဝသစ်ပင်က နတ်သူငယ်မျိုးနွယ်စုကို အကာအကွယ် ထောက်ပံ့ပေးနိုင်ပြီး တိုးတက်စေနိုင်သော မှော်စွမ်းအင် ရှိသည်။ သို့ရာတွင် ၎င်းက ယခင် နှစ်ထောင်သောင်းကျော်ခန့်ကတည်းက အမည်မသိ အကြောင်းရင်းများကြောင့် တဖြည်းဖြည်း ညှိုးနွမ်း လာခဲ့သည်။ အသက်ဓာတ် ရေစင်ကသာ ၎င်းကို ကုသနိုင်မည် ဖြစ်ပြီး ဘလန့်ချ်က အမှန်တကယ်ပင် အသက်ဓာတ်ရေစင်ကို ရှာတွေ့ခဲ့လေ၏။

အသက်ဓာတ်ရေစင်၏ အာနိသင်က အမှန်တကယ်ပင် ထူးခြား ဆန်းပြားလှပေသည်။ သဘာဝသစ်ပင်က အညှောင့် အသစ်များ စတင်ထွက်လာခဲ့သည်။ ဘလန့်ချ်၏ အလွန်ကြီးမားသော အကျိုးပြုမှုကြောင့် ယခင်ကကဲ့သို့ ခွဲခြားခံရပြီး မမျှတသော ဆက်ဆံခံရမှုများကို ပြောင်းလဲနိုင်ရန် လုံလောက်ပြီး ငွေလ ကောင်းကင်မြို့တော်၌ သက်တောင့်သက်သာ နေနိုင်ရန် လုံလောက်ပေသည်။ သို့ရာတွင် နတ်သူငယ်တစ်ပိုင်း ကောင်မလေးက ကျောက်စိမ်းသစ်တောပင်လယ်မှ ထွက်သွားပြီး လုံးဝ ပြန်လာမည် မဟုတ်ကြောင်း မရမကပြောဆိုခဲ့သည်။

ဘလန့်ချ် ထွက်သွားရခြင်းမှာ ချန်လွေ့ကြောင့်ဖြစ်ကြောင်း မီရှယ်သာသိသည်။ ချန်လွေ့နှင့် အစ်ဇ်ယိုရူးလ်တို့ တိုက်ပွဲအတွင်း သူက [ ဓူဝံကြယ်အသွင်ပြောင်းခြင်း ] ကို အသက်မသွင်းခင် ပြိုလဲလုမတတ် ဖြစ်ခဲ့ရသည်။ ဘလန့်ချ်က အစ်ဇ်ယိုရူးလ်ကို တိုက်ခိုက်ရန်အတွက် သွေးမျက်လုံး ချိပ်ပိတ်ကို ပယ်ဖျက်ရန် အကောင်းဆုံး အသည်းအသန် ကြိုးစားခဲ့သော်လည်း ဧကရီ လစ်ဗ်ကြောင့် သတိလစ်သွားခဲ့ရသည်။ ဘလန့်ချ်က အစ်ဇ်ယိုရူးလ်ကို ချန်လွေ့ တိုက်ခိုက်နေခဲ့သော မြင်ကွင်းများကို မမြင်ခဲ့ရသော်လည်း သော်သော်၏ “သေဆုံးခြင်း”ကို နောက်ပိုင်း ကြားခဲ့ရလေသည်။ ထိုအဖြစ်အပျက်က နတ်သူငယ်တစ်ပိုင်း ကောင်မလေးအတွက် ကြီးမားသော ထိုးနှက်ချက် တစ်ခုပင်။ သူက တာဝန်အားလုံးကို ကိုယ့်ကိုယ်ကိုယ် ပုံချပြီး ချန်လွေ့ကို ထပ်မံ ရင်ဆိုင်ရန် ရှက်နေခဲ့ပြီး ထွက်သွားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

သူ သွားခဲ့သော နေရာမှာ သူ့အဖေ သေဆုံးသွားခဲ့သော နေရာ - အိပ်မက်ဆိုး တောနက်ပင် ဖြစ်လေသည်။

ဘလန့်ချ်၏ အဖေကလည်း နတ်သူငယ်-တစ်ပိုင်း ဖြစ်သည်။ သူနှင့် သမီးဖြစ်သူကို နတ်သူငယ်မျိုးနွယ်စုက အသိအမှတ်ပြု ခံရစေရန်နှင့် ဇနီးဖြစ်သူ အပြစ်တင်ခံရမည်ကို ကာကွယ်ရန်အတွက် သူက မတုံ့ဆိုင်းနေဘဲ သဘာဝသစ်ပင်ကို ကယ်တင်ရန်အတွက် ဒဏ္ဍာရီလာ အသက်ဓာတ်ရေစင်ကို ရှာဖွေရန် အိပ်မက်ဆိုး တောနက်ထဲ ဝင်သွားခဲ့လေသည်။ သို့သော်လည်း ကံဆိုးစွာပင် သူက အိပ်မက်ဆိုး မီးတောင်ထဲ ကျသွားခဲ့ပြီး အလောင်းပင် မကျန်ဘဲ သေဆုံးသွားခဲ့ရ၏။

ထိုကဲ့သို့ အလွန်အမင်း အန္တရာယ်များသော နေရာသို့ ဘလန့်ချ် ရောက်လာရခြင်းမှာ အပြစ်ရှိစိတ်ကြောင့်သာမက အရေးအကြီးဆုံး အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည့် လေ့ကျင့်ရန်အတွက် ဖြစ်ပေသည်။ အိပ်မက်ဆိုးတောနက်က အန္တရာယ်များသော်လည်း တကယ့်တိုက်ခိုက်ရေးအတွက် လေ့ကျင့်ရန် အကောင်းဆုံးနေရာ ဖြစ်ပေသည်။

အစွမ်းပိုထက်မှသာ သူက ကာကွယ်ချင်သောသူကို အမှန်တကယ် ကာကွယ်နိုင်မည် ဖြစ်၏။ သူက သော်သော်၏ အဖြစ်ဆိုးမျိုးကို လုံးဝ ထပ်ဖြစ်ခွင့်ပေးတော့မည် မဟုတ်ပေ။

အိပ်မက်ဆိုးတောနက်ထဲသို့ ဘလန့်ချ် ပထမဆုံး ရောက်စဉ်က မီရှယ်နှင့် ရံဖန်ရံခါ မှော်အဆက်အသွယ် ရှိနေခဲ့သေးသည်။ လွန်ခဲ့သောနှစ်လက နတ်သူငယ်တစ်ပိုင်းနှင့် အဆက်အသွယ် ပြတ်သွားခဲ့ပြီး ယခုအထိ သတင်းမရသေးပေ။

ဘလန့်ချ်က ကျောက်စိမ်းသစ်တောပင်လယ်ထဲ၌ ချန်လွေ့၏ မိတ်ဆွေများထဲမှ တစ်ယောက် ဖြစ်သည်။ သူတို့က အချိန် အကြာကြီး မဖြတ်သန်းခဲ့ရသော်လည်း ထိုညက စကားပြောခဲသော နတ်သူငယ်တစ်ပိုင်း ကောင်မလေး ဘလန့်ချ်၏ ဘယ်မျက်လုံးထဲမှ အသူရာချောက်နက် စွမ်းအားကို တည်ငြိမ်ရန် ပြုလုပ်ပေးပြီးနောက် သူ့အတွက် မိတ်ဆွေစိတ်ထက် သာလွန်သော ခံစားချက်များ ရှိနေကြောင်း ချန်လွေ့ ‌ရေးရေးလေး ခံစားမိခဲ့ပေသည်။

အိပ်မက်ဆိုးတောနက်က လူသားလောကရှိ အန္တရာယ် အများဆုံး နေရာများထဲမှတစ်ခုဖြစ်ပြီး မုန်တိုင်းကျွန်းကဲ့သို့ ဖြစ်၏။ မြေနေရာအနေအထားက အလွန်အမင်း ချောင်ကျပြီး လူသားလောက၏ အစွန်အဖျားလည်း ဖြစ်ပေသည်။ နေရာက အလွန်အမင်း ကျယ်ပြန့်လှပြီး ရာသီဥတုကလည်း ကြမ်းတမ်းလှ၏။

ထိုနေရာ၌ သမိုင်းကြောင်းထဲ၌ အင်အားအကြီးဆုံး အော့ခ် ဧကရာဇ် အင်ပါယာ ရှိခဲ့ဖူးသည်။ သို့ရာတွင် သူတို့၏စွမ်းအား မည်မျှပင် ကြီးမားစေကာမူ တိုက်စားခြင်း ဥပဒေနှင့် အချိန်၏ အတက်အကျကို မခုခံနိုင်ခဲ့ပေ။ နောက်ဆုံးတွင် အော့ခ် အင်ပါယာက ဆုတ်ယုတ်သွားခဲ့ပြီး အမျိုးအနွယ် အမျိုးမျိုး အဖြစ် ကွဲပြားသွားခဲ့ကြသည်။ ထိုမျိုးနွယ်စုများထဲမှ အနည်းငယ်သာ ရှင်ကျန်ခဲ့ပြီး အိပ်မက်ဆိုးတောနက်၏ အဓိကအင်အားစုများ ဖြစ်လာခဲ့သည်။ ရှင်ကျန်နေသော အော့ခ်များက သန်မာပြီး အပြိုင်အဆိုင် ရှိကြသည်။ သူတို့က တစ်နေ့လုံး အချင်းချင်း တိုက်ခိုက်နေကြပြီး အပြင်လူများကို ပို၍ပင် ရွံရှာကြသည်။ ထိုနေရာက စည်းမျဉ်း ဥပဒေ လုံးဝမရှိသလောက်ဖြစ်သော ဖရိုဖရဲ နေရာတစ်ခု ဖြစ်သည်။ လက်သီးကြီးသူကသာ အမှန်တရား ဖြစ်၏။

ထိုကဲ့သို့ ကြောင်းကျိုးမညီသော အော့ခ်များကို ရှောင်နိုင်သည့်တိုင် အိပ်မက်ဆိုးတောနက်ထဲရှိ ရက်စက်ပြီး အင်အားကြီးသော နတ်ဆိုးသားရဲများက ကုန်သည်များနှင့် ကြေးစားများအတွက် တကယ့် အိပ်မက်ဆိုးများ ဖြစ်လာရန် လုံလောက်ပေသည်။

ဘလန့်ချ်က နတ်ဆိုးဘုရင်အဆင့်သာဖြစ်ပြီး ၎င်းက ဆရာသခင်အဆင့် ကနဦးပိုင်းမျှသာ ဖြစ်လေသည်။ သူက အမှန်တကယ်ပင် ထိုကဲ့သို့ အန္တရာယ်များသောနေရာသို့ တစ်ယောက်တည်း သွားခဲ့၏။ မည်သို့ပင်ဆိုစေကာမူ ချန်လွေ့က သူ့ကို တစ်ယောက်တည်း မထားခဲ့နိုင်ပေ။

“မီရှယ်။ စိတ်အေးအေးထား။” ချန်လွေ့က နတ်သူငယ် မင်းသမီးငယ်လေး၏ နူးညံ့သော ဆံပင်ကို ပွတ်သပ်လိုက်၏။ “ငါ သေချာပေါက် ဘလန့်ချ်ကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်ပေးလာမှာပါ။”

All Chapters