← Chapters

အိပ်မက်ဆိုးတောနက်

Vol. 49 Ch. 798

အိပ်မက်ဆိုးတောနက်

Vol. 49 Ch. 798

ရေခဲပင်လယ်၏ အရှေ့ဘက် အစွန်ဆုံးရှိ အိပ်မက်ဆိုး တောနက်ထဲ၌ -

သိင်္ဂဿတစ်ကောင်က အဖြူရောင် လျှပ်စီးတစ်ခုကဲ့သို့ အလွန်လျင်မြန်စွာ ကဆုန်ပေါက် ပြေးနေလေသည်။

သိင်္ဂဿများက အဆင့်မြင့် နတ်ဆိုးသားရဲများ ဖြစ်ကြပြီး အစွမ်းထက်ပြီး လျို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ရှိကြသည်။ သူတို့က သန်မာသော ခန္ဓာကိုယ်၊ လေကဲ့သို့ အရှိန်၊ မိုးကြိုး ပါရမီနှင့် မျက်ကွယ်မှော်ပညာ ရှိကြပြီး ထိပ်တန်း ကုန်းတွင်း စီးတော်ယာဉ်များထဲ၌ တစ်ခုဟု သတ်မှတ်ကြပေသည်။

သိင်္ဂဿ ချိုများက အလွန်အမင်း အဖိုးတန်သော မှော်ကုန်ကြမ်းများ ဖြစ်ကြသည်။ ယေဘုယျအားဖြင့် သိင်္ဂဿများက ကျောက်စိမ်းသစ်‌တောပင်လယ်၌ နေထိုင်ပြီး နတ်သူငယ်မျိုးနွယ်စု၏ အကာအကွယ်ပေးခြင်းကို ခံကြရသည်။ သူခိုးများကို နတ်သူငယ်များက အပြင်းအထန် အပြစ်ပေးကြသည့် အတွက်ကြောင့် အများစုက မချဉ်းကပ်ရဲကြပေ။

ယခုတွင် ထိုသိင်္ဂဿက ကျောက်စိမ်းသစ်တောပင်လယ် အပြင်ဘက်၌ ပေါ်ထွက်လာခဲ့လေပြီ။ ထို့ကြောင့် ကြေးစားများနှင့် မုဆိုးများ၏ တပ်မက်ခြင်းကို လမ်းတလျှောက်၌ ခံခဲ့ရသည်။ သို့သော်လည်း ထိုသူများက သိင်္ဂဿမြင်း ကျောပေါ်တွင်ရှိသော လျို့ဝှက်ဆန်းကြယ်သော စစ်သည်‌တော်၏ ချေမှုန်းခြင်းကို ခံခဲ့ကြရလေသည်။

သူတော်စင်ယောင် အဆင့်သို့ ရောက်ရှိခဲ့သော နာမည်ကျော် မုဆိုးတစ်ယောက်က လျို့ဝှက်ဆန်းကြယ်သော စစ်သည်တော်၏ လက်ထဲ၌ ပြာဖြစ်သွားသည့်အခါ မည်သူကမှ သိင်္ဂဿနားကို မကပ်ရဲကြတော့ပေ။ ၎င်းက အဖိုးတန်းသော သတ္တဝါတစ်ကောင် ဖြစ်သော်လည်း ကိုယ့်အသက်နှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။

ထိုလျို့ဝှက်ဆန်းကြယ်သော စစ်သည်‌တော်က ဝတ်ရုံတစ်ခု ဝတ်ထားပြီး မျက်နှာကို ဖုံးကွယ်ရန်အတွက် မျက်နှာဖုံးတစ်ခု ဝတ်ထား၏။ သို့သော်လည်း သူက သူတော်စင်အဆင့် စွမ်းအားရှိသော နတ်သူငယ်တစ်ယောက် ဖြစ်ကြောင်း လူတိုင်း သိကြပေသည်။

အကြောင်းမှာ နတ်သူငယ်မျိုးနွယ်စုကသာ သိင်္ဂဿကို စီးနင်းနိုင်ပြီး လိုက်ဖက်ညီသည့် အတွက်ကြောင့်ပင်။ မည်သည့် ရှင်းပြချက်မှ မလိုအပ်ပေ။

အမှန်တကယ်၌ ထိုသူများအားလုံး၏ အထင်များက မှားယွင်းနေကြပေသည်။ နတ်သူငယ်တစ်‌ယောက် ဖြစ်လျှင်ပင် သူတို့က ထိုသိင်္ဂဿကို စီးနင်းနိုင်မည် မဟုတ်ပေ။ အကြောင်းမှာ ၎င်းမှာ အသောင်းကျန်းဆုံး သိင်္ဂဿဖြစ်ပြီး နာမည်က လေဖြူ ဖြစ်နေ၍ပင်။ ၎င်းကို စီးနင်းနေသောသူမှာ လူသားတစ်ယောက် ဖြစ်၏။ နတ်ဆိုးဘုံမှ လူသားတစ်ယောက်ပင်။

မိစ္ဆာထောင်ခြောက်သင်္ဘောဖြင့် ရေခဲပင်လယ်ကိုဖြတ်ကာ အိပ်မက်ဆိုးတောနက်သို့ ရောက်ပြီးနောက် ကြယ်မျှော်စင် ဖွင့်ပွဲ မရောက်ခင် လဝက်သာ ကျန်တော့သည်။ ထိုအဖိုးတန် အခွင့်အရေး နှောင့်နှေးနိုင်သော်လည်း ချန်လွေ့က မတုံ့ဆိုင်းဘဲ အိပ်မက်ဆိုးတောနက်ထဲသို့ သွားခဲ့လေသည်။

သဲလွန်စမရှိဘဲ ရှာဖွေခြင်းက သေချာပေါက် မသင့်လှပေ။ လေဖြူက ဘလန့်ချ်၏ အငွေ့အသက်ကို အနံ့ခံနိုင်သည့်တိုင် အိပ်မက်ဆိုးတောနက်က ကျယ်ပြန့်လွန်းလှသည်။ သူက ဖြည်းဖြည်းချင်း ရှာမည်ဆိုလျှင် တစ်နှစ်ကျော်သွားသည့်တိုင် ရှာတွေ့နိုင်မည် မဟုတ်ပေ။

စဉ်းစားနေစဉ် လေဖြူ၏ အရှိန်က ရုတ်တရက် နှေးကွေးသွားပြီး သတိထားသော အမူအရာတစ်ခု ပြသလိုက်သည်။ ရှေ့တွင် ဝံပုလွေ အူသံတစ်သံကို ကြားလိုက်ရ၏။

အိပ်မက်ဆိုးတောနက်ထဲသို့ ချန်လွေ့ မရောက်လာခင် မီရှယ်က နတ်သူငယ်များ ပြုလုပ်ထားသော မှော်မြေပုံတစ်ခု ပေးခဲ့သည်။ သို့သော်လည်း အဓိက အစိတ်အပိုင်းမှာ ကျောက်စိမ်းသစ်တော ပင်လယ်ဖြစ်ပြီး အစိတ်အပိုင်း အနည်းငယ်ကသာ အိပ်မက်ဆိုး တောနက် ဖြစ်၏။ ထိုမြေပုံက အသေးစိတ် ပြုလုပ်ထားပြီး လှပသည်ဟု ဖော်ပြ၍ ရနိုင်ပေသည်။ အချို့ သတ္တဝါများနှင့် ဆက်နွှယ်သော အချက်အလက်များကိုလည်း ရေးသားထား၏။

ထိုအချက်အလက်အရ အော့ခ်များ ယဉ်အောင် ပြုလုပ်ထားသော ဝံပုလွေအချို့မှလွဲ၍ နတ်ဆိုးဘုံထဲ၌ အများဆုံး ခွေးနတ်ဆိုးသားရဲများမှာ လေဝံပုလွေများ ဖြစ်ကြပေသည်။

အိပ်မက်ဆိုးတောနက်ထဲရှိ အမဲလိုက်သူများထဲမှ တစ်မျိုး ဖြစ်သော လေဝံပုလွေက အလွန် လျင်မြန်လှသည်။ တစ်ကောင်ချင်းက သိပ်ပြီး အင်အားမကြီးလှသော်လည်း ကြောက်စရာကောင်းသည်မှာ သူတို့က စုဝေးနေကြခြင်းပင်။ သူတို့က အုပ်စုလိုက် နေကြရုံသာမက ပူးပေါင်းရာ၌လည်း ကျွမ်းကျင်ပြီး ကြောက်စရာ ကောင်းလှပေသည်။ လေဝံပုလွေထက် ကြောက်စရာကောင်းသော နတ်ဆိုးသားရဲများကပင် သူတို့ကို ရှောင်တိမ်းကြလေသည်။

ဝံပုလွေများ၏ အူသံများက အော်ဟစ်သံများ အကူအညီ အော်‌တောင်းနေသံများနှင့် ရောနှောနေခဲ့သည်။ လူသား ကုန်သည် အဖွဲ့က လေဝံပုလွေများ၏ တိုက်ခိုက်မှုကို ခံနေရခြင်း ဖြစ်နိုင်ပေ၏။

အိပ်မက်ဆိုးတောနက်က အလွန်အမင်း အန္တရာယ် များသော်လည်း တောနက်ထဲရှိ ကြွယ်ဝလှသော အရင်းအမြစ်များနှင့် ရှားပါးသော ကုန်ကြမ်းများက စီးပွားရေး ခရီးသွားအများအပြားကို ဆွဲဆောင်နေနိုင်ဆဲ ဖြစ်သည်။ သူတို့က စားစရာ၊ ကုန်ပစ္စည်းများကို သက်ဆိုင်ရာ အရင်းအမြစ်များနှင့် လဲလှယ်ရန်အတွက် အော့ခ်မျိုးနွယ်စုများနှင့် စာချုပ် ချုပ်ထားကြသည်။ ထို့ပြင် အိပ်မက်ဆိုးတောနက်ထဲ၌ စွန့်စား သွားလာသူများ ပေါ်ထွက်လာသည်မှာ ပုံမှန်သာ ဖြစ်သည်။ ဤနေရာ၌ သေဆုံးနှုန်းက သွား၍မရသော မုန်တိုင်းကျွန်းထက် ပို၍ပင် များပြားလှပေသည်။

“လေဖြူ။ သွားကြည့်ရအောင်။” ချန်လွေ့က သိင်္ဂဿကို ထိလိုက်ရာ ၎င်းက ကဆုန်ပေါက် ပြေးသွားတော့သည်။

ချန်လွေ့က အိပ်မက်ဆိုးတောနက်နှင့် မရင်းနှီးပေ။ မပြည့်စုံသော မှော်မြေပုံကို အားကိုးရန် မဖြစ်နိုင်သည်မှာ အသေအချာပင်။ လူများကို ကယ်တင်ခြင်းအပြင် သူက တောနက်နှင့် ရင်းနှီးသော လမ်းပြတစ်ယောက်ကို ရှာတွေ့ နိုင်လောက်သည်။

တောင်ကုန်းအနိမ့်အောက်တွင် ရထားလုံး ၅စီးက စက်ဝိုင်းပုံစံ ဖွဲ့စည်းထားကြသည်။ အတော်လေး သေးငယ်သော ကုန်သည် အဖွဲ့ ဖြစ်လောက်၏။ ရထားသမားက ကြောက်လန့်နေသော မြင်းများကို တည်ငြိမ်အောင် ပြုလုပ်နေပြီး ကြေးစား အစောင့်များက စက်ဝိုင်းပုံစံ ဖွဲ့စည်းကာ နေရာအဘက်ဘက်မှ ရောက်လာသော လေဝံပုလွေများကို ခုခံနေကြသည်။ လူသားနှင့် လေဝံပုလွေ အလောင်းများ အများအပြား ရှိနေပြီဖြစ်၏။

ထိုလေဝံပုလွေများက အလွန်လျင်မြန်ပြီး အချိတ်အဆက် မိလှသည်။ သူတို့က အဖော်များ သေဆုံးသွားခြင်းမှ ဒေါသထွက်ပြီး ပူးပေါင်းမှု မပျက်စီးခဲ့ဘဲ ရန်သူ၏ အလောင်းများကို စားရန်သာ စိတ်ပြင်းပြနေကြသည်။ သူတို့က အသေအချာ လေ့ကျင့်ထားကြသော မုဆိုးများကဲ့သို့ ဖြစ်နေပြီး ရန်သူ၏ တိုက်ခိုက်ရေး စွမ်းအားနှင့် စိတ်ဓာတ်တို့ကို ဖြိုခွင်းနေကြ၏။

ကြေးစားများက အတိုင်းအတာ အချို့အထိ ပူးပေါင်းကြ သော်လည်း အရေအတွက်က နည်းလွန်းလှသည်။ အပြန်အလှန် နားလည်သဘောပေါက်မှု၌ဖြစ်စေ၊ စိတ်စွမ်းအား၌ ဖြစ်စေ၊ သူတို့က နိမ့်ပါးလွန်းလှသည်။ အလယ်တွင် ကာကွယ်ခံရသော ကုန်သည်များနှင့် ငယ်သားများက လှုပ်ခါနေသော မျက်လုံးများဖြင့် ပို၍ပင် ကြောက်လန့်နေကြလေသည်။ သူတို့၏ စိတ်ဓာတ်များက ပြိုလဲသွားခဲ့လေပြီ။

ရုတ်တရက် မြင်းတစ်ကောင် ဟီလိုက်၏။ ထို့နောက် ချက်ချင်းပင် ဝံပုလွေများ၏ တိုက်ခိုက်မှုက အလျင်အမြန် နှေးကွေးသွားဦးခဲ့သည်။ သို့သော်လည်း သူတို့က ကုန်သည် အဖွဲ့ကို ဖိထားပြီး ဝိုင်းရံနေဆဲပင်။ သို့ရာတွင် လေဝံပုလွေ အများအပြား၏ အာရုံစိုက်မှုက တောင်ကုန်းပေါ်မှ ပုံရီပ်ထံသို့ ရောက်ရှိသွားခဲ့သည်။

“ဟိုမှာကြည့်။ အဲဒါ ဘာလဲ။”

“သိင်္ဂဿပဲ။”

“သိင်္ဂဿပေါ်မှာ တစ်ယောက်ယောက် ရှိနေသလိုပဲ။”

“နတ်သူငယ် ဖြစ်ရမယ်။”

“ကယ်ပါဦး!”

ဝံပုလွေများ လမ်းရှင်းလိုက်ပြီးနောက် အတော်လေး သေးငယ်သော ငွေဖြူရောင် လေဝံပုလွေတစ်‌ကောင် ထွက်လာသည်။ ၎င်းက ဝံပုလွေအုပ် တစ်ခုလုံး၏ဘုရင် ဖြစ်သည်။ ဝံပုလွေဘုရင်က တောင်ကုန်းပေါ်ရှိ သိင်္ဂဿ၏ စွမ်းအားကို ခံစားမိဟန်တူသည်။ သိင်္ဂဿသာမက ၎င်းအပေါ်မှ ပုံရိပ်သည် ပို၍ငင် ခြိမ်‌းခြောက်နိုင်ဟန်တူသည်။

ဝံပုလွေဘုရင်က အသိဉာဏ်ရှိပြီး တိုက်ခိုက်ရန် မဦးဆောင် ခဲ့ပေ။ ထိုအစား ၎င်းက အစွယ်များ ဖြဲပြပြီး ထိုပုံရိပ်ကို အူကာ ၎င်းကို စွမ်းအားနှင့် သတိပေးချက်ကို ပြသလိုက်ဟန်တူသည်။ ဝတ်ရုံနှင့်လူ၏ မျက်လုံးများက ထူးဆန်းသော အလင်းရောင် တစ်ခု ထုတ်လွှတ်လိုက်ပြီး ဝံပုလွေဘုရင်ကို လှမ်းကြည့်လိုက်၏။

ထိုအကြည့်က ဝေးကွာလှသော်လည်း ဝံပုလွေဘုရင်၏ စိတ်ထဲ၌ မြားတစ်ချောင်းကဲ့သို့ ရောက်ရှိသွားပြီး မိစ္ဆာမျက်ဆံ၏ စွမ်းအားက ဝိညာဉ်အနက်ထဲသို့ အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။ ဝံပုလွေဘုရင်က ထိုအကြည့်နှင့် ဆုံသွားသောအခါ တစ်ကိုယ်လုံး ချက်ချင်း တုန်လှုပ်သွားခဲ့သည်။ ၎င်းက တိုးတိုးလေးသာ အူလိုက်ပြီးနောက် ဝံပုလွေများက အလျင်အမြန် စတင်၍ ရှောင်ဖယ်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတော့သည်။

ဝံပုလွေများ ဒီရေကဲ့သို့ ပြန်ဆုတ်သွားသည်ကို မြင်ရသည့်အခါ ကုန်သည်အဖွဲ့မှ လူတိုင်းက ကြက်သေသေသွားကြသည်။ မြေပေါ်မှ အလောင်းများကြောင့်သာ မဟုတ်လျှင် ခုနက တိုက်ပွဲမှာ ထင်ယောင်ထင်မှား ဖြစ်ခဲ့သည် ဟူ၍သာ ထင်မိပေလိမ့်မည်။

ဒီ မျက်နှာဖုံးနဲ့ “နတ်သူငယ်”က လက်တောင် မလှုပ်ရဘဲနဲ့ ကြောက်စရာ လေဝံပုလွေအုပ်က နောက်ဆုတ်သွားတယ်လား။

ဒါနဲ့ သူက ဝံပုလွေဘုရင်ကို တစ်ချက် ကြည့်လိုက်သလိုပဲ။ တစ်ချက် ကြည့်ရုံနဲ့....

သူတို့ ထိတ်လန့်နေဆဲမှာပင် သိင်္ဂဿက ကုန်သည်အဖွဲ့ အရှေ့သို့ ရောက်ရှိလာခဲ့သည်။ လူတိုင်းးက အံ့သြသော အမူအရာများ ပြသပြီး အရိုအသေ ပြုလိုက်ကြသည်။ သူက မည်သည့် မျိုးနွယ်က ဖြစ်စေကာမူ ထိုကဲ့သို့ အစွမ်းထက် ပုဂ္ဂိုလ်များကို သူတို့က မော့ကြည့်ရုံသာ တတ်နိုင်၏။ ထို့ပြင် သူက သူတို့ကို ကယ်တင်ခဲ့သေးသည်။

အခြားရှုထောင့်မှကြည့်လျှင် တစ်ဖက်လူက သူတို့၏ အသက်များကို အလွယ်တကူ ကယ်တင်နိုင်သည့်အတွက် အလွယ်တကူ အဆုံးသတ်၍လည်း ရနိုင်ပေသည်။

“နတ်သူငယ် အစွမ်းထက်ပုဂ္ဂိုလ် ခင်ဗျား...” ကုန်သည်အဖွဲ့၏ ခေါင်းဆောင်က အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးနှင့်ဖြစ်ပြီး သတင်း အချက်အလက် ပြည့်စုံသော ယောက်ျားတစ်ယောက် ဖြစ်၏။ သူက မတတ်တတတ် နတ်သူငယ် ဘာသာစကားဖြင့် ပြောလိုက်သည်။ “ကျေးဇူးအများကြီး တင်ပါတယ်...”

သူ စကားပြောမပြီးသေးခင်မှာပင် တစ်ဖက်လူ၏အသံ ထွက်ပေါ်လာ၏။ ၎င်းက အလွန်အမင်း ပြတ်သားသော ဘုံသုံး ဘာသာစကားပင် ဖြစ်လေသည်။

“အိပ်မက်ဆိုးတောနက်ထဲမှာ ငါ လူတစ်ယောက်ကို ရှာချင်တယ်။ ဘယ်လိုလုပ်ရမလဲ။”

ခဏအကြာ ကုန်သည်အဖွဲ့က အလောင်းများကို ရှင်းလင်းပြီး ခရီးဆက်ကြတော့သည်။ သို့သော်လည်း သူတို့ထဲတွင် သိင်္ဂဿ တစ်ကောင်နှင့် မျက်နှာဖုံး ဝတ်ထားသည့် လျို့ဝှက်ဆန်းကြယ်သော “နတ်သူငယ်”တစ်ယောက် ပါဝင်လာ၏။

ကုန်သည်အဖွဲ့မှ အရပ်မြင့်မြင့် ပိန်ပိန်ပါးပါး ခေါင်းဆောင် ဖြစ်သော ခရာဒီဗာက ပြန်ဖြေသည်။ “အိပ်မက်ဆိုး‌တောနက်ထဲမှာ တစ်ယောက်ယောက်ကို ရှာချင်တယ်ဆိုရင် အော့ခ်တွေကို အရင်ရှာတာက အမြန်ဆုံးပဲ။”

ထိုနည်းလမ်းကို ချန်လွေ့က လက်ခံသည်။ ထိုဒေသခံ အော့ခ်များ၏ အင်အားကို အသုံးချပြီး ဘလန့်ချ်ကို ရှာဖွေခြင်းက ကံစမ်းပြီး ရှာဖွေခြင်းထက် ပိုမို ယုံကြည်စိတ်ချရပေသည်။

လမ်းတလျှောက်၌ ချန်လွေ့က ခရာဒီဗာအား အိပ်မက်ဆိုး တောနက်အကြောင်း မေးမြန်းလာခဲ့သည်။ ထို “နတ်သူငယ် အစွမ်းထက် ပုဂ္ဂိုလ်”က သာမန်နတ်သူငယ်များ၏ မောက်မာမှု မရှိကြောင်း ခံစားမိနေပြီး စိတ်သက်သာရာရသွားကာ ပို၍ပင် ရဲတင်းလာခဲ့သည်။ သူက တဖြည်းဖြည်းနှင့် ပို၍ပို၍ စကားပြောလာသည်။

အိပ်မက်ဆိုးတောနက်ထဲမှ အော့ခ်များက ချန်လွေ့ ဖတ်ခဲ့ဖူးသော ဝတ္ထုများမှ ကျားမလေး၊ ကြောက်နားရွက်မလေးနှင့် မြေခွေးမလေးတို့ ကဲ့သို့သော ချစ်စရာ သတ္တဝါများ မဟုတ်ကြပေ။ အများစုမှာ အကောင်ကြီးကြီးနှင့် ဖွံ့ဖွံ့ဖြိုးဖြိုး ပုံစံများ ဖြစ်ကြ၏။ အချို့က သန္ဓေပြောင်း သွေးမျိုးဆက်ရှိကြပြီး သားရဲအသွင်သို့ တစ်ကိုယ်လုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပြောင်းလဲနိုင်ကြပြီး အင်အားကြီး တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ပြနိုင်၏။

ပြောရမည်ဆိုလျှင် အော့ခ်များနှင့် လူသားများကြားထဲ၌ ဆင်တူမှု အများအပြား ရှိနေသေးသည်။ သာမန်အော့ခ်များက အရပ်မြင့်မြင့်၊ ကြွက်သားတောင့်တောင်နှင့် ကျယ်ပြန့်သော နဖူးများ၊ ထိုးထွက်နေသော မေးရိုးများ၊ အစွယ်များ၊ အရေပြား ကြမ်းကြမ်းများနှင့် နက်မှောင်သော အရောင်များ ရှိကြသည်။ အင်အားက အော့ခ်များ၏ အားသာချက်ဖြစ်ပြီး အနီးကပ် တိုက်ခိုက်ရေးတွင် တိုက်စစ်၊ ခံစစ် ကောင်းမွန်လှသည်။ သို့သော် သူတို့၏ မှော်ခုခံမှုက နိမ့်ပါးလွန်းလှသည်။ အော့ခ်အများစုက ဉာဏ်ပညာမကောင်းလှပေ။ သူတို့က မစဉ်းစားဘဲ ပြုမူတတ် ကြသည့်အတွက် သူတို့၏ စရိုက်က အခြေခံအားဖြင့် စစ်ပွဲကို သဘောကျကြပေသည်။

ပုံမှန်အားဖြင့် အော့ခ်များတွင် မှော်ပါရမီများ မရှိကြပေ။ သို့သော် မျိုးနွယ်ထဲ၌ မှော်ဆရာ အရေအတွက် အနည်းငယ် ရှိသည်။ ထိုအလွန်အမင်း စိတ်တည်ငြိမ်သော သန္ဓေပြောင်း မှော်ဆရာများက “စစ်ငြာသံ သို့မဟုတ် အရုပ်စာ” စွမ်းအားဖြင့် ထူးဆန်းသော တိုက်ခိုက်မှု အမျိုးအမျိုးကို အသုံးပြုနိုင်ကြ၏။

အော့ခ်မျိုးနွယ်စုထဲ၌ မှော်ဆရာများ၏ အဆင့်အတန်းများက အလွန်ပင် ထူးခြားလှပြီး လူသားဦးနှောက်နှင့် ညီမျှပေသည်။ အော့ခ်မျိုးနွယ်စုက အချင်းချင်း တိုက်ခိုက်ကြသော်လည်း မဟာ မှော်ဆရာတစ်ယောက်၏ အမိန့်ကို အားလုံး နာခံကြသည်ဟု ပြောကြပေသည်။

ကုန်သည်အဖွဲ့၏ ပန်းတိုင်က အော့ခ်မျိုးနွယ်စုများထဲ၌ ရှင်ကျန်သူများဖြစ်သော ဂါရွန်မျိုးနွယ်စုထံ ဖြစ်ပြီး အိပ်မက်ဆိုး တောနက်ထဲ၌ အလယ်အလတ်အဆင့် အင်အားစုလည်း ဖြစ်၏။ ချန်လွေ့ကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ရှိနေသည့်အတွက် ခရာဒီဗာက ရှေ့သို့ အရှိန်ကုန် ဆက်သွားခိုင်းသည်။ သူတို့က အခက်ခဲဆုံး အခြေအနေကို ကျော်လွှားသွားပြီး၍ ဖြစ်ပေမည်။ လမ်းတလျှောက်၌ မည်သည့်အန္တရာယ်မှ မရှိခဲ့ပေ။

နှစ်ရက်ကြာပြီးနောက် ကုန်သည်အဖွဲ့က ဂါရွန်မျိုးနွယ်စု တည်နေရာသို့ ရောက်ရှိလာခဲ့သည်။

အော့ခ် စစ်သည်အဖွဲ့က ကုန်သည်အဖွဲ့ကို မြင်သည့်အခါ ရုတ်တရက် အော်ဟစ်ပြီး အမြန်ရောက်လာသည်။ အမြင့်ဆင့် နတ်ဆိုး ဖြစ်ဟန်တူသော အော့ခ်ခေါင်းဆောင်မှလွဲ၍ ကျန်သော အော့ခ်များက အလယ်ဆင့်နတ်ဆိုးများသာ ဖြစ်ကြသည်။ သူတို့က ခပ်ကြမ်းကြမ်း သားရေချပ်ကာများကို ဝတ်ဆင်ထားကြပြီး အလွန်လေးလံသော ခပ်တုံးတုံး လက်နက်များကို ကိုင်ထားကြ၏။

ခရာဒီဗာက ရှေ့တက်လာပြီး အော့ခ်များကို နှုတ်ဆက်ကာ ခေါင်းဆောင်အတွက် ပစ္စည်းအချို့ ထိုးပေးပြီး ကျန်သော အော့ခ် စစ်သည်များထံ ဝေမျှရန် စားစရာအချို့ ထုတ်လိုက်သည်။ အော့ခ်များက အလွန်ပင် ကျေနပ်သွားကြပြီး ကုန်သည်အဖွဲ့နှင့် အတူ စခန်းဆီသို့ လမ်းလျှောက်သွားလိုက်ကြသည်။

ထိုစခန်းက အမှန်တကယ်၌ အရွယ်အစား အမျိုးမျိုးနှင့် အရောင်အမျိုးမျိုးရှိသော တဲအိမ်များဖြင့် ဖွဲ့စည်းထားသည့် အခြေစိုက် စခန်းတစ်ခု ဖြစ်လေသည်။ စခန်းထဲသို့ ကုန်သည်အဖွဲ့ ဝင်သွားသောအခါ အော့ခ်အများအပြား ပျော်ရွှင်သွားကြပြီး တိုးဝှေ့လာကြသည်။ သူတို့ကို စစ်သည်များက အော်ဟစ်ပြီး မောင်းထုတ်လိုက်ကြ၏။

ချန်လွေ့က ခေါင်း‌ဆောင်ကို ခရာဒီဗာ လာဘ်ထိုးရသည့် ရည်ရွယ်ချက်အား အနည်းငယ် သဘော‌ပေါက်လိုက်သည်။ သို့သော် ထိုသို့ ဆိုသည်နှင့် ပစ္စည်းအချို့က အခိုးခံလိုက်ရ၏။ ခရာဒီဗာ၏ မျက်နှာအခြေအနေအရ ထိုနေရာက သူ့အတွက် ပုံမှန် ဖြစ်နေပုံရသည်။ စီးပွားရေးသမား၏ လိမ္မာပါးနပ်မှုအရ အခိုးခံခဲ့ရသော ပစ္စည်းများက ရထားလုံးအပြင်ဘက်၌ သူ ပြင်ဆင်ထားသော တန်ဖိုးနည်းအရာများ ဖြစ်လောက်ပေသည်။

လေဖြူက ထိုနေရာက အထင်းဆုံး ဖြစ်နေခဲ့သည်။ အော့ခ် အများအပြားက ၎င်းကြောင့် ဆွဲဆောင်ခံလိုက်ရပြီး အချို့က အနားသို့ ကပ်လာချင်ခဲ့သည်။ သိင်္ဂဿက မကျေမနပ်ဖြင့် ဟီလိုက်ပြီး အမြင့်ဆင့်နတ်ဆိုး အဟုန်ကို ပြသလိုက်ရာ ထိုအော့ခ်များက ကြောက်လန့်ပြိး ထွက်ပြေးသွားကြ၏။ အဝေးမှ အော့ခ်များက ထိုမြင်ကွင်းကို ကြည့်ပြီး ဟားတိုက်လိုက်ကြသည်။

ရထားလုံးက စခန်း၏ ကွင်းပြင်နေရာ၌ ရပ်တန့်သွားသည်။ ချန်လွေ့က လေဖြူကို တည်ငြိမ်အောင် ပြုလုပ်ပြီး ခရာဒီဗာနောက် လိုက်ကာ အကြီးမားဆုံး တဲအိမ်ဆီသို့ ရောက်ရှိလာခဲ့သည်။

ထိုနေရာရှိ တဲအိမ်ထဲ၌ အော့်ခ် စစ်သည်များ၏ စွမ်းအားက ယခင်ထက် များစွာ သာလွန်လှပြီး အစောင့်များကလည်း ပို၍ စနစ်တကျ ဖြစ်နေသည်။ မညီမညွတ် လုံးဝ မရှိပေ။ တဲအိမ်ကြီးထဲ၌ ချန်လွေ့က ဂါရွန်မျိုးနွယ်စုခေါင်းဆောင် ဟန့်ခ်နှင့် တွေ့ဆုံခဲ့၏။

ဟန့်ခ်က သာမန်အော့ခ်များထက် အရပ်ပိုမြင့်သည်။ သူက သားရဲအရေခွံ ကုလားထိုင်တစ်ခုပေါ်တွင် ထိုင်နေ၏။ သူ့ဘေးနားတွင် ရင်သားဗလာဖြစ်နေသော အော့ခ်မိန်းမ အချို့လည်း ရှိနေကြသည်။ အော့ခ်အမျိုးသမီးများက ရဲတင်းသော ပုံစံမျိုး ရှိကြသော်လည်း ကြံ့ခိုင်သော ခန္ဓာကိုယ်နှင့် အတော်လေး ထူးဆန်းသော မျက်နှာအသွင်အပြင်တို့က လူသား စံနှုန်းများနှင့် မကိုက်ညီသည်မှာ နှမြောစရာပင်။

All Chapters