← Chapters

မရဏာ၏ အတိတ် (၁)

Vol. 132 Ch. 1842

မရဏာ၏ အတိတ် (၁)

Vol. 132 Ch. 1842

ထိုစဉ်က ထိုပန်းများသည် ငရဲပန်းဖြစ်သည်ကို သူမ မသိပေ။ သို့‌သော် အလွန်ပင် ညှို့ယူပြီး ဖမ်းစားတတ်လွန်းသည်ဟု သူမ ခံစားရသည်။

“ဒါက ဘယ်လိုပန်းမျိုးလဲ အရမ်းကိုဆွဲဆောင်မှုရှိတာပဲ” သူမသည် အရှေ့ တွင်ရှိနေသော ပန်းခင်းကြီးကိုကြည့်ပြီး ဤနေရာတွင် ပေါ်လာရသည့် အကြောင်းအရင်းကို သိချင်နေသည်။

“မင်းက တကယ်ပဲ ဒီကိုရောက်လာတာပဲ” အသံတစ်သံသည် သူမ အနောက်မှ ထွက်လာရာ သူမလှည့်လိုက်သည်နှင့် ပုံရိပ်ခပ်ဖျော့ဖျော့တစ်ခုကို မြင်လိုက်ရလေသည်။

“ရှင်က ဘယ်သူလဲ” သူမ မေးလိုက်သည်။

ပုံရိပ်ခပ်ရေးရေးသည် သူမဆီသို့ ချဉ်းကပ်လာပြီး သူမ၏ ခန္ဓာကိုယ်ကို နမ်းရှုတ်ကာ ပြောလေသည် “ရှုပ်ထွေးနေတဲ့ချီ မင်းက ဒီ့အရင်က ရှုပ်ထွေး ကမ္ဘာကို ရောက်ခဲ့တာပဲ အဲဒါကြောင့် ဒီကိုရောက်လာနိုင်တာကိုး”

ရှုပ်ထွေး ကမ္ဘာဟုတ်လား…

ရှီမာယူယူ ထိုအခါမှပင် မှတ်မိသွားသည်။ သူမသည် ရှုပ်ထွေးကမ္ဘာဟု ခေါ်သော နေရာသို့ရောက်သွားကာ နောက်ဆုံး မိုရှားမှ ခေါ်ထုတ်ရသည်။

သူမသည် ထိုနေရာနှင့် အဆက်အစပ်မရှိတော့သလို ထပ်လည်း မသွားခဲ့ ပေ… အချိန်အတန်ကြာပြီးသည်အထိနောက် ထိုကိစ္စသည် သူမအပေါ် သက်ရောက်မှု ရှိနေဦးမည်ဟု ထင်မထားပေ။

သူမရှေ့တွင် လာရပ်သော အရိပ်ကိုကြည့်ပြီး ထပ်မေးလိုက်သည် “ရှင်က ဘယ်သူလဲ ဒီနေရာက ဘယ်နေရာလဲ”

ပုံရိပ်၏ အသံသည် သူမအနားတွင် နှစ်ကြိမ်မျှ ဝိုင်းပတ်နေကာ တိုးညင်း စွာ ပြောလေသည် “မရဏာလောကကနေ ကြိုဆိုပါတယ်… ငါက မရဏာ လောကရဲ့ ဧကရာဇ်ဟေးဒီးစ်ပါ”

“ဟေးဒီးစ်ဟုတ်လား မရဏာလောက… ကျွန်မက တစ္ဆေလောကကို သွားတာမဟုတ်ဘူးလား ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ” သူမသည် ဖောက်ထွင်းမြင်ရလုနီးပါးဖြစ်နေ‌သော ပုံရိပ် ဟေးဒီးစ်ကိုကြည့်လိုက်သည် “ရှင်က ဟေးဒီးစ်လား ဒါဆိုရင် တစ္ဆေလောကကို ဘယ်လိုသွားရမလဲဆိုတာ သိလား”

“မင်းက တစ္ဆေလောကကို သွားချင်လို့လား”

“ဟုတ်တယ်” သူမ ခေါင်းညိတ်လိုက်သည် “အဲဒီကို ဘယ်လိုသွားရမလဲ ပြောပြလို့ရမလား”

“တစ္ဆေမျိုးနွယ်အကုန်လုံးက မရဏာလောကကို လာဖို့ကြိုးစားနေကြ တာ ဒါပေမဲ့ တစ္ဆေလောကကိုပဲ သွားချင်နေတာလား” ဟေးဒီးစ်သည် သူမ၏ တောင်းဆိုချက်ကြောင့် သဘောကျနေသည် “ဒီနေရာက ဘယ်နေရာလဲဆိုတာ သိလား”

ထိုလူ၏ ခေါင်းမှာ တစ်ခုခုဖြစ်နေသည်ဟု ရှီမာယူယူ ခံစားရသည် “ဒါက မရဏာလောကပါလို့တော့ မပြောနဲ့နော်”

“မရဏာလောကက ဘယ်မှာလဲဆိုတာ သိလား” ဟေးဒီးစ် ထပ်မေးပြန် သည်။

“ကျွန်မ မသိဘူး” ရှီမာယူယူသည် ရိုးသားစွာပင် ပြန်ဖြေလေသည်။

“တစ္ဆေလောကမှာ သုံးတဲ့သိုင်းကို မရဏာသိုင်းလို့ခေါ်တယ်၊ ဝိညာဉ် သားရဲတွေကို မရဏာသားရဲလို့ခေါ်တယ်… ပြောပါဦး မရဏာလောကကို ဘယ်လိုထင်လဲ”

“ကျွန်မ သိလောက်ပြီထင်တယ်” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ဒါပေမဲ့ ကျွန်မ တစ္ဆေလောကကို သွားချင်တုန်းပဲ”

“မရဏာလောကမှာဆိုရင် မင်း လုံးဝသန့်ရှင်းတဲ့ မရဏာစွမ်းအင်ကို ကျင့်ကြံလို့ရတယ် မင်းရဲ့တကယ့်ခန္ဓာကိုယ်ကို မြန်မြန်စုစည်းလို့ရပြီး မြန်မြန်ပဲ သန်မာလာနိုင်တယ်” ဟေးဒီးစ် ပြောလိုက်သည် “မင်း မနေချင်ဘူးလား”

“နေချင်ပါတယ် ဒါပေမဲ့ သွားချင်နေတုန်းပဲ” ရှီမာယူယူ ပြောလိုက်သည်။

“မင်းအတွက် အရေးကြီးဆုံးက သန်မာလာဖို့ပဲမဟုတ်ဘူးလား”

“ဟုတ်ပါတယ်”

“နားထောင်ကြည့်တာပေါ့ ငါ့ကို ကျေနပ်စေတယ်ဆိုရင် မင်းကို ထွက် သွားခွင့်ပြုချင်ပြုမိမှာ” သန်မာခြင်းထက် ပိုအရေးကြီးသည့်အရာ မရှိနိုင်ဟု ဟေးဒီးစ် ထင်သည်။ ထို့ကြောင့် သူမ၏ အတွေးများသည် အကျိုးအကြောင်း ဆီလျော်သည်ဟု မထင်ပေ။

“ကျွန်မက အမေ့ကို ကယ်ဖို့ တစ္ဆေလောကကို သွားမှာပါ” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ကျွန်မ အမေက အသူရာငရဲမှာ အချုပ်ခံထားရတယ် အဲဒါ ကြောင့် ကျွန်မက သူမကိုသွားကယ်မှာ”

“အခုမင်းရဲ့ လက်ရှိအားနဲ့လား” ဟေးဒီးစ်သည် သူမအား အပေါ်အောက် ကြည့်ပြီး တွေဝေနေသည် “ဒါက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာပဲမဟုတ်ဘူး လား”

“ကျွန်မက ပိုသန်မာလာမှာ”

“ဒီမှာနေပြီး သန်မာအောင်လုပ်ဖို့က မကောင်းဘူးလား”

“နေပြီးသွားရင် ထွက်သွားလို့ရလား”

“မင်း မရဏာလောကမှာ ကျင့်ကြံတာနဲ့ မရဏာလောကရဲ့ လူဖြစ်သွားပြီ မရဏာလောကမှာလည်း စည်းမျဉ်းရှိတယ်… ခွင့်ပြုချက်မရဘဲ မင်း ထွက်သွား ခွင့်မရှိဘူး”

“ဒါဆို နေလို့မရဘူး” ရှီမာယူယူ ပခုံးတွန့်လိုက်သည် “ကျွန်မ အမေ့ကို ကယ်ဖို့ ထွက်သွားဖို့လိုတယ် အဲဒါကြောင့် ဒီမှာကျင့်ကြံလို့မရဘူး… ကျင့်ကြံပြီး လို့မှ ထွက်သွားလို့ရတယ်ဆိုတာကို သဘောတူရင် ကျွန်မ ဒီမှာနေပြီး ကျင့်ကြံ မယ်”

ဟေးဒီးစ်သည် ခေါင်းခါလိုက်သည် “မင်း မနေရင် ကျင့်ကြံလို့မရဘူး ကျင့်ကြံမယ်ဆိုရင် ထွက်သွားလို့မရဘူး”

“အဲဒါဆိုရင်လည်း တစ္ဆေလောကကို ဘယ်လိုသွားလို့ရမလဲဆိုတာ ဘာလို့ မပြောတာလဲ” ရှီမာယူယူ ပြောလိုက်သည်။

“မင်းကို ဒီမှာခဏတော့ နေခွင့်ပြုမယ်… အဲဒါကိုမှ ထွက်သွားချင်တုန်း ဆိုရင် အဲအချိန်မှ ပြောကြတာပေါ့” ဟေးဒီးစ်သည် လေထဲတွင် ပေါ်လောပေါ် ပြီး သူမအား တည့်တည့်ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်မှ အပြုံးသည် ထိုအချိန်တွင် ခံစားချက်ကောင်းနေသည်ကို ပြသနေသည်။

သူသည် နှစ်ပေါင်းများစွာ အထီးကျန်နေခဲ့သည်။ သူသည် တစ်ချိန်လုံး တူညီသည့် လူများကိုသာကြည့်နေရာကာ ပျင်းလွန်း၍ သေတော့မလိုခံစားရ သည်။ အခု နောက်ဆုံးတော့ အပြင်လူရောက်လာချေပြီ။ သူသည် အရုပ်အသစ် ရသော ကလေးသဖွယ်ဖြစ်နေသည်။ သူ သူမကို ဘယ်လိုလုပ် ဒီလိုလွှတ်နိုင်မှာ လဲ။

ရှီမာယူယူသည် ထွက်သွားမည့်ကိစ္စကို စိတ်ပူနေသော်လည်း ဟေးဒီးစ်၏ စိတ်မှာ မြင်ရသည့်အပြင်ပန်းသဏ္ဍာန်အတိုင်း ကြမ်းကြုတ်မည်ဟု မထင်ပေ။ သူမသာ သူ့ကို တရားလွန် ငြင်းဆန်နေပါက ရုတ်တရက် ဆိုးဝါးသွားနိုင်သည်။ ထိုအချိန်မှာ မည်သို့ဖြစ်သွားနိုင်သည်ကို မည်သူမှမသိကြပေ။

ထို့အပြင် သူမသည် ဤအခြေအနေကို အခွင့်ကောင်းယူကာ မရဏာ လောကသည် သူပြောသကဲ့သို့ ကောင်းသည် မကောင်းသည်ကို ကြည့်ရမည်။ ထို့ကြောင့် သူမ သူ့နောက်သို့ လိုက်သွားလိုက်သည်။

သူတို့နှစ်ယောက်သည် ပန်းခင်းကြီးမှလျှောက်ထွက်လာသည်နှင့် အပြင် တွင်စောင့်ကြပ်နေသော လူအများအပြားကို ရှီမာယူယူ မြင်လိုက်ရသည်။

“အရှင်မင်းကြီး” မိန်းကလေးတစ်ဦးနှင့် ဘေးချင်းယှဉ်‌ လျှောက်လာ သော ဟေးဒီးစ်ကို မြင်သည်နှင့် ဟွမ်အံ့ဩသွားသည်။

မရဏာလောကကို ဘယ်သူမှ ရောက်မလာတာ ဘယ်လောက်တောင် ကြာနေပြီလဲ။ ပြီးတော့ မိန်းကလေးတစ်ယောက်။ သူမသည် အားလုံးကို ကြည့် နေသည်မှာ စိတ်လှုပ်ရှားခြင်း ကြောက်ရွံ့ခြင်းအလျဉ်းမရှိပေ။ တည်ငြိမ်ပြီး မရဏာလောကကို အခုမှရောက်ဖူးသည့်လူနှင့် မတူပေ။

“သူမက ရုတ်တရက် ပန်းခင်းမှာပေါ်လာတာ သူမ ဝိညာဉ်က ဒီမတိုင်ခင် ကို ရှုပ်ထွေးကမ္ဘာကိုဝင်သွားပြီး စုပ်ယူခံထားရတယ်” ဟေးဒီးစ်သည် ပြောပြီး သည်နှင့် ရှီမာယူယူကို ကြည့်လိုက်သည် “ဒါနဲ့ မင်းနာမည်က ဘယ်သူလဲ”

“ရှီမာယူယူပါ” သူမသည် အကြည့်အားပြန်ရုတ်ပြီး ဖြေလိုက်သည်။

“ရှုပ်ထွေးကမ္ဘာကို ဝင်သွားပြီးတော့ ထွက်လာနိုင်တာလား” သူသည် ရှီမာယူယူအား မသိစိတ်မှကြည့်မိသည် “သူမက အရှင့်ကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်”

ဟေးဒီးစ်သည် သူ့လက်ထဲမှ ပန်းကိုယူပြီး ကျဲ့၏ခေါင်းကို ရိုက်ပြီး အော် လိုက်သည် “တုံးလိုက်တာ ဒါတောင် မပြောနိုင်ဘူးလား”

“အရင်က အရှင်ကပဲ အဲလိုပြောတာပဲလေ တခြားလောကက လာတဲ့ လူတွေက ရှုပ်ထွေးကမ္ဘာကနေ ထွက်မသွားနိုင်ဘူးဆို… သူမက ရှုပ်ထွေးကမ္ဘာ ကိုရောက်ဖူးတယ်လို့ပြောတယ်ဆိုတော့ တကယ်ပဲ ရောက်ဖူးတာဟုတ်ရဲ့လား” ကျဲ့သည် မကျေမချမ်း ပြောလေသည်။

တခြားသူများသည် သူ့အား သနားစဖွယ်ကြည့်လေသည်။

သူ အရိုက်ခံရပြန်ပြီ။ ဟေးဒီးစ်သည် ပန်းရိုးများကိုယူပြီး သူ့ကို အကြိမ် အနည်းငယ်ရိုက်နှက်လိုက်ပြန်သည်။ သူ့ကိုရိုက်ရင်းနှင့် ပြောနေသည် “မင်းကို မရဏာလောကကို ခေါ်လာဖို့ ငါဘာလို့တွေးလိုက်မိတာပါလိမ့်… အဲတုန်းက ဆုံးဖြတ်ချက်ကို နောင်တရနေပြီ”

“အရှင်မင်းကြီး ကျွန်တော့်ကို အရှင်က မရဏာလောကကို ခေါ် လာတာမဟုတ်ပါဘူး… ဒီမှာပဲမွေးပြီး ဒီမှာပဲကြီးလာတာပါ အရှင်ကသာ သူတို့ကိုခေါ်လာတာ” ကျဲ့သည် ချက်နှင့်လက်နှင့် ထောက်ပြလေသည်။

ဟွမ်သည် အကူအညီမဲ့စွာဖြင့် နဖူးကို လက်နှင့်ရိုက်ပြီး ထိုလူကို ပြန် ကြည့်လိုက်သည်။ အချိန်တိုင်းတွင် သူသည် ဧကရာဇ်၏ ဇစ်မြစ်ကို စိန်ခေါ် သည်။ စိတ်ရှုပ်ဖို့ကောင်းလိုက်တာ။

ဟေးဒီးစ်သည် စိတ်တိုသွားကာ လက်ထဲမှ ပန်းကိုဟွမ်ဆီသို့ ပစ်ပေးပြီး နောက် သူ့နှာခေါင်းနှင့် မျက်နှာကို ထိုးလိုက်လေသည်။

“ငါ စကားပြောနေတာကို မင်းက လာငြင်းရဲသေးတယ်… ငါက အိုနေပြီ အဲဒီကိစ္စတွေကို မမှတ်မိနိုင်တော့ဘူးလို့ ပြောချင်နေတာလား နောက်တစ်ခါ ဆိုရင် မင်းပါးစပ်ကို ငါ ချုပ်ပစ်မယ်”

ရုတ်တရက် အကျင့်ရော စိတ်ပါပြောင်းလဲသွားသော ဟေးဒီးစ်ကို ရှီမာ ယူယူ ကြည့်လိုက်သည်။ ပြီးနောက် သူမ၏ နှုတ်ခမ်းထောင့်မှာ ကွေးတက်သွား ပြီး သူ့ကို သနားစဖွယ်ကြည့်လိုက်သည်။

ဒီလူက အချိန်တွေအကြာကြီးကို တစ်ယောက်တည်းရှိလာတာလား။ အဲဒါကြောင့်လည်း သူ့အကျင့်စရိုက်က ဒီလောက် ပြောင်းသွားတာပဲ။ ဆိုးလိုက် တာ။

ဟေးဒီးစ်သည် ခေါင်းလှည့်လိုက်ရာ သူမ၏ သနားနေသော မျက်လုံးများ ကိုမြင်သောအခါ ခေတ္တမျှ မှင်တက်သွားလေသည်။

သနားတယ် ဟုတ်လား။ ဒီလူက သူ့ကို သနားနေတာလား။ ဟာသပဲ… သူက အဲလိုမျိုး အားနည်းတဲ့ဟာကို လိုနေတဲ့လူလား။

ဒါပေမဲ့ သူမ အကြည့်တွေက သူ့ကို ဘာလို့ဒေါသထွက်အောင် လုပ်နေ တာလဲ။ သူ အရင်က ဒီလိုမျိုး အပြုအမူနဲ့လူမျိုးကို မမြင်ဖူးဘူး။ တကယ်ကိုပဲ ထူးဆန်းတဲ့ခံစားချက်ရတယ်။

ဟွမ်သည် သူ၏ ငြင်းဆန်မှုကိုမြင်သောအခါ လက်ထဲမှပန်းကို ပြန်ပေးပြီး မေးလိုက်သည် “အရှင် သူမက မရဏာလောကမှာ နေမှာလား”

သူမသာ နေလျှင် လာမည့်အနာဂတ်တွင် သူမသည် သူတို့ထဲမှ တစ်ယောက်ဖြစ်လာတော့မည်။

“သူမက တစ္ဆေလောကကို သွားချင်တယ်လို့ ပြောနေတာ… ခဏတော့ သူမကို ဒီမှာနေခွင့်ပေးမလို့… ငါ့ရဲ့ မရဏာလောကက ဘယ်လောက်ကောင်း တယ်ဆိုတာ ကောင်းကောင်း နားလည်သွားစေဖို့နဲ့ သူမရဲ့ ဆုံးဖြတ် ဘယ်လောက်မှားနေလဲဆိုတာ သိသွားစေချင်တာ” ဟေးဒီးစ် ပြောလေသည်။

ရှီမာယူယူ နှုတ်ခမ်းဆူလိုက်သည်။ ဤနေရာမှာ မည်မျှပင် ကောင်းစေ ကာမူ သူမ၏ ထွက်သွားချင်သည့် စိတ်ကို ယိမ်းယိုင်စေမည်မဟုတ်ပေ။

ရုတ်တရက်ပင် ကြီးမားသောမျက်နှာတစ်ခုသည် သူမရှေ့တွင် ပေါ်လာ သည်။

သူသည် သူမ၏ အတွေးများကို ထိုးဖောက်မြင်နိုင်သဖြင့် စိတ်ဝင်တစား ပြောလေသည် “မင်း ထွက်သွားလို့ရတယ် ငါ့ကို ပျော်အောင်လုပ်နိုင်တယ်ဆို ရင် ဒီကနေဘယ်လိုထွက်သွားမလဲဆိုတာ ပြောပြပေးမယ်”

***

All Chapters