ဘီးရားမွန်း
Vol. 49 Ch. 801
ချန်လွေ့က မေးလိုက်သည်။ “မင်းတို့နှစ်ယောက် ဘာလို့ ဒီကို ရောက်နေကြတာလဲ။”
“တကယ် သခင်ပဲကိုး။” လူစီအို၏အသံက ပျော်ရွှင်မှုများ ပြည့်နှက်နေ၏။ ထိုအော့ခ်များ၏ အဖမ်းခံရပြီးနောက် သူက သေရတော့မည်ဟု ထင်ထားခဲ့သည်။ သူ၏ အစွမ်းထက်သော သခင်ဖြစ်သူအား အံ့သြဖွယ်ရာ ကောင်းလောက်အောင် ပြန်ဆုံမည်ဟု သူ မထင်ထားခဲ့ပေ။
ချန်လွေ့၏အမေးကို အီနာ ပြန်ဖြေလိုက်သည်။ “မနေ့က မိုးကြိုးမုန်တိုင်းမျိုးနွယ်စုကုိ ဝိုင်နဲ့ ပစ္စည်းတွေ လဲလှယ်ဖို့အတွက် ကုန်သည်အဖွဲ့တစ်ခုကို ကျွန်မ ဦးဆောင်ခဲ့တယ်။ ဒါပေမဲ့ အော့ခ်တွေက ရုတ်တရက် ရန်လိုပြီးတော့ ပစ္စည်းတွေ အားလုံးကို လုယူသွားမယ်လို့ မထင်ထားခဲ့ဘူး။ ကျွန်မတို့အားလုံး ဒီမှာ အကျဉ်းချခံထားရတယ်။”
အီနာက သူ၏အဖေမှာ နာတာရှည်ရောဂါကြောင်း သေဆုံး သွားခဲ့သော စီးပွားရေးသမားတစ်ယောက်ဖြစ်ကြောင်း ပြောခဲ့ ဖူးသည်ကို ချန်လွေ့ မှတ်မိသည်။ သူက ရှင်သန်ရန်အတွက် ကြေးစားတစ်ယောက် ဖြစ်လာခဲ့သော်လည်း အခွင့်အရေးရရှိလျှင် ဖခင်ဖြစ်သူ၏ အမွေကို ဆက်ခံပြီး ယခင်စီးပွားရေးကို ပြန်လုပ်ချင်နေသည်။ နောက်ပိုင်းတွင် အီနာက ချန်လွေ့အား မုန်တိုင်းကျွန်းသို့ ဦးဆောင်ပြီး ဆမ်မြူရယ်နှင့် ဂျိုအန်နာတို့ကို ကယ်တင်ပြီးနောက် ဝမ်းနည်းစွာဖြင့် ထွက်သွားခဲ့သည်။ မမျှော်လင့်ဘဲနှင့် သူက အမှန်တကယ် စီးပွားရေးသမား ဖြစ်လာခဲ့ပြီး အိပ်မက်ဆိုးတောနက်ကဲ့သို့ အန္တရာယ်များသော နေရာများ၌ပင် အလုပ်လုပ်နေခဲ့လေသည်။
“ဘလန့်ချ်လို့ခေါ်တဲ့ နတ်သူငယ်တစ်ပိုင်း ကောင်မလေး တစ်ယောက်ကို မင်းတို့ တွေးမိလား။” ထိုသို့ပြောပြီးနောက် ချန်လွေ့ကို လှောင်အိမ်ပိတ်ပတ်လည်ကို ကြည့်လိုက်သည်။ ဒီလှောင်အိမ်ဘောင်တွေက ကျောက်တိုင်တွေသုံးပြီးတော့ ပုံဖော်ထားတယ်။ မှော်စက်ဝိုင်းလိုမျိုး အရာတွေကို ငါ မခံစားမိဘူး။
အီနာနှင့် လူစီအိုတို့က အချင်းချင်း ကြည့်လိုက်ကြပြီး ခေါင်းခါလိုက်ကြသည်။ သူ့နောက်ရှိ လှောင်အိမ်ထဲမှ တစ်စုံတစ်ယောက်က ပြောသည်။ “အဲဒီ နတ်သူငယ်တစ်ပိုင်းကို ငါ သိတယ်။”
ထိုသူက ခေါင်းကြီးကြီးနှင့် နားရွက်ကြီးကြီးရှိသော ဝတုတ် တစ်ယောက်ဖြစ်ကြောင်း ချန်လွေ့ မြင်လိုက်ရသည်။
“ငါ မင်းကို ပြောပြလို့ ရတယ်။ ဒါပေမဲ့ မင်း ငါ့ကို အရင် ကယ်ရမယ်။ အန္တရာယ်ကင်းတဲ့ နေရာကို ရောက်ရင် ငါ သေချာပေါက် ပြောပြမယ်။”
အနည်းငယ် ပါးပန်သောသူများက ထို “အော့ခ်”မှာ လူသား အယောင်ဆောင်ထားခြင်းဖြစ်ကြောင်း မြင်နိုင်ကြပေသည်။ ထိုအရာက အချိန်ကိုက်ရောက်လာသော အသက်ရှင်ရန် အခွင့်အရေး တစ်ခုဖြစ်ပြီး တစ်ခုတည်းသော အခွင့်အရေးလည်း ဖြစ်ပေသည်။
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်၏။ “အခုပဲ ငါ့ကို ပြော။ ပြီးရင် ငါမင်းကို ကယ်ဖို့ ကြိုးစားပေးမယ်။”
“မရဘူး။ ငါ့ကို အရင်ကယ်။” ဝတုတ်က အတင်းအကြပ် တောင်းဆိုနေပြီး “ငါတို့” အစား “ငါ့”ကိုသာ အလေးပေး ပြောနေလသည်။
ထိုစကားများ ထွက်ပေါ်လာသောအခါ လူအများအပြားက အော်ပြောကြတော့သည်။ “ငါလည်းသိတယ်။ ငါ့ကို အရင်ကယ်။”
“ပါးစပ်ပိတ်ထားစမ်း!” ချန်လွေ့က အပြင်မှ အစောင့်များ သတိထားမိသွားသည်ကို စိုးရိမ်နေပြီး မမြင်ရသော စက်ဝိုင်း အဟုန်တစ်ခု ပျံ့နှံ့သွားခဲ့သည်။ ထူးဆန်းသော ဖိအားက ထိုသူများ စကားမပြောနိုင်အောင် ဖိနှိပ်လိုက်၏။
အက်ရှရှ အသံတစ်သံ ထွက်လာသည်။ “မျက်မှန်နဲ့ ကောင်မလေး တစ်ယောက်လား။”
လှောင်အိမ်နောက်မှ အသံတစ်သံ ဖြစ်၏။ တိုက်ပိတ် ခံထားရသော သူတစ်ယောက်လည်း ဖြစ်သည်။ ထိုသူက အရပ်မြင့်မြင့်နှင့် ပိန်ပိန်ပါးပါး ယောက်ျားတစ်ယောက် ဖြစ်လေသည်။ အခြားသူများနှင့်မတူဘဲ သူ၏ ခန္ဓာကိုယ်ပေါ်၌ နှိပ်စက်ကိရိယာတစ်ခု ရှိနေဟန်တူသည်။ သူ၏မျက်လုံးများက အမှောင်ထဲ၌ ဖောက်ထွင်းမြင်နေပုံရသည်။ သူက ချန်လွေ့၏ ဖိအားအောက်၌ပင် အမှန်တကယ် စကားပြောနိုင်နေ၏။
ချန်လွေ့က ချက်ချင်း နောက်လှည့်လိုက်ရာ ထိုသူက ဆက်ပြောသည်။ “လွန်ခဲ့တဲ့ ၄ရက်တုန်းက ဒီကို အော့ခ် သုံးလေးကောင်က နတ်ဆရာမတွေနဲ့တူတဲ့ မိန်းမနှစ်ယောက်နဲ့ ရောက်လာပြီးတော့ ငါ့ဘေးနားက လှောင်အိမ်မှာ တိုက်ပိတ်ထားတဲ့ မိန်းကလေးတစ်ယောက်ကို ခေါ်သွားခဲ့တယ်။ အဲဒီကောင်မလေးက ဒီထဲမှာ သုံးလေးရက် ပိတ်မိနေပြီးတော့ သတိလစ်နေခဲ့တယ်။ နတ်ဘုရားပြောတဲ့စကားတွေထဲမှာ နတ်သူငယ်တစ်ပိုင်းဆိုတဲ့ စကားလုံးကို ငါ ကြားခဲ့တယ်။”
လွန်ခဲ့တဲ့ ၄ရက်တုန်းကလား။ ချန်လွေ့ ပင့်သက်ရှိုက်လိုက်၏။ ငါ ခြေတစ်လှမ်း နောက်ကျသွားသေးတာပဲ။ ကြည့်ရတာ ဘလန့်ချ်ကို မဟာနတ်ဆရာမ ရှိတဲ့ ကြမ္မာဆိုးနွံအိုင်ဆီကို ခေါ်သွားဖို့များတယ်။ သူက ချက်ချင်း ခေါင်းညိတ်လိုက်၏။ “ကျေးဇူးပါပဲ။ ငါမင်းတို့ အားလုံးကို အရင်ဆုံး ထုတ်ပေးမယ်။”
လှောင်အိမ်၏ ချိပ်ပိတ်ထားသောပုံစံက အတော်လေး ထူးခြားလှသည်။ တံခါးမရှိဘဲ တင်းကြပ်ပိတ်နေ၏။ မည်သို့ ဖွင့်ရမည်ဖြစ်ကြောင်း သူ မသိပေ။
ထိုသူက ကျောက်တိုင်များကို ကြည့်နေသော ချန်လွေ့ကို ကြည့်ပြီး သက်ပြင်းချလိုက်၏။ “ကြိုးစားကြည့်စရာ မလိုပါဘူး။ ဒီလှောင်အိမ်တွေက အော့ခ်အင်ပါယာက ကျန်ခဲ့တာတွေ ဖြစ်လောက်တယ်။ ဒါတွေက တော်တော်လေး ခိုင်မာတယ်။ ငါ့ကို ဒီချိန်းကြိုးတွေက မချုပ်ထားဘူးဆိုရင် ဖောက်ထွက်နိုင် လောက်တယ်။ မင်းရဲ့ စွမ်းအားက သူတော်စင်အဆင့်ကို ရောက်ရုံပဲ ရှိသေးတယ်။ အဲဒါကြောင့် ဒီတိုင်လုံးတွေကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ မင်း ငါနဲ့ ဒီလူတွေကို ကယ်ချင်တယ် ဆိုရင်တော့ မရှာတွေ့ခင် ဒီကနေ ချက်ချင်း ထွက်သွားပြီးတော့ ကျက်သရေပြာ အင်ပါယာရဲ့ သိဒ္ဓိခိုလှုံရာဆီသွားပြီး အကူအညီ သွားတောင်းတာ အကောင်းဆုံး.....”
“သဘောပေါက်ပြီ။” ချန်လွေ့က ဖြတ်ပြောလိုက်၏။ “ဒါကို ဖျက်ဆီးဖို့အတွက် အားသုံးလို့ပဲရတယ် မဟုတ်လား။”
“အနည်းဆုံး မင်းက တကယ့် သူတော်စင်အဆင့်ကို ရောက်ရ...” ထိုသူက ခေါင်းခါလိုက်၏။ သူ စကားပြော မပြီးသေးခင်မှာပင် ချန်လွေ့ ထုတ်လွှတ်နေသော အငွေ့အသက်က ပြောင်းလဲသွားကြောင်း ခံစားလိုက်ရသည့်အခါ သူ ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။ ၎င်းက သူတော်စင်အဆင့် ထိပ်သီးပိုင်းသို့ ရောက်ရှိတော့မည့် သူကိုယ်တိုင်ပင် ထိတ်လန့်ရသော အခြေအနေအထိ ချက်ချင်း ထိုးတက်သွား ခဲ့လေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ထက်မြက်သော ချီစွမ်းအင်က အကျဉ်းခန်းကို လွှမ်းမိုးသွားခဲ့သည်။ အလွန်အမင်း ခိုင်မာသော ကျောက်တိုင်များက တစ်ချိန်တည်း နီးပါးမှာပင် အပိုင်းပိုင်း ဖြစ်သွားခဲ့သည်။ ပြတ်ရာက ချောမွေ့နေပြီး ထက်မြက်သော ဓားတစ်လက်ဖြင့် ခုတ်ပိုင်းထားသလို ဖြစ်နေသည်။
လှောင်အိမ် ပွင့်သွားသည်ကို မြင်သည့်အခါ လူသားများက အလွန် ပျော်ရွှင်သွားကြပြီး တစ်ယောက်ပြီးတစ်ယောက် ခုန်ထွက်လာခဲ့ကြသည်။ သို့ရာတွင် ကျိုးပဲ့နေသော တိုင်လုံးများပေါ်တွင် အရုပ်စာများ လင်းလက်လာခဲ့ပြီး လှောင်အိမ်တစ်ခုလုံး တုန်လှုပ်လာခဲ့လေသည်။
“အိုး...သွားပြီ။” တစ်ခုခု လွဲနေကြောင်း ချန်လွေ့ သလိုက်သည်။ မှော်စက်ဝိုင်း အတက်အကျ မရှိတဲ့ ဒီကျောက်တိုင်တွေမှာ အော့ခ်မျိုးနွယ်စုရဲ့ အရုပ်စာစွမ်းအား ရှိနေတယ်။ ခုနက အားသုံးပြီး ဖြိုခွဲလိုက်တာက ရန်သူကို သတိပေးလိုက်သလို ဖြစ်သွားတာပဲ။
ထိုအခြေအနေက အားလုံးနီးပါးကို ကြောက်လန့်သွားစေ၏။ အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးနှင့်လူက မတ်တတ်ရပ်ပြီး ပြောသည်။ “အော့ခ်စုတ်တွေ။ ဒီလိုအရုပ်စာတွေ တကယ် ရှိနေတာပဲ။ အခု ငါတို့ အပြင်ရောက်ဖို့အတွက် သတ်မှပဲ ရတော့မယ်။ ဒီ အချုပ်အနှောင်တွေကို ပယ်ဖျက်ဖို့ နည်းလမ်းတစ်ခုခု ရှိလား။ ဒီအချုပ်အနှောင်မှာ ငါ့စွမ်းအားကို ချုပ်တည်းနိုင်တဲ့ ထူးထူးခြားခြား ဝိညာဉ်စွမ်းအားတစ်ခု ရှိနေတယ်။”
“ဝိညာဉ်စွမ်းအားလား။” ချန်လွေ့က အနည်းငယ် စဉ်းစားလိုက်ပြီး သူ့လက်ထဲ၌ ဓားတစ်ချောင်း ထွက်ပေါ်လာသည်။ ဓားလက်ကိုင်ရှေ့တွင် ကျောချင်းကပ် အမှောင် ရွှေရောင် တမန်တော် နှစ်ပါး ရှိနေ၏။ ဓားက တစ်ချောင်းလုံး အဖြူရောင်ဖြစ်ပြီး ရိုးရှင်းကာ လျို့ဝှက်ဆန်းကြယ်သော အငွေ့အသက် တစ်ခု ရှိနေ၏။ ၎င်းက ကြယ်ကြွေတမန်ဓားပင်။
ချန်လွေ့က ထိုသူဝတ်ထားသော နှိပ်စက်ကိရိယာ တည့်တည့်ကို ခုတ်ပိုင်းလိုက်၏။ နှိပ်စက်ကိရိယာက အဟ တစ်ခုသာ ဖြစ်သွားခဲ့ပြီး ချက်ချင်း မပျက်စီးသွားခဲ့ပေ။ ထိုသူ၏ အံ့သြနေသော အကြည့်အောက်တွင် အဟက စတင်၍ ဖြန့်ကျက် လာခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ကိရိယာ တစ်ခုလုံး အသက်မဲ့သွားဟန်တူပြီး မြေပေါ်သို့ ပြန့်ကျဲသွားတော့သည်။
ဗဟို တော်ဝင်တဲအိမ်နယ်မြေထဲ၌ အမိန့်ရသော စစ်သည်များက ဂူသင်္ချိုင်းဘက်သို့ အလျင်အမြန်ပင် စုစည်း သွားနေကြသည်။
နားကွဲလုမတတ် အသံနှင့်အတူ ဂူသင်္ချိုင်း ဝင်ပေါက်က ပေါက်ကွဲပြီး ပွင့်ထွက်သွားခဲ့သည်။ အနီးအနားရှိ အော့ခ် စစ်သည်များက အလွန်ကြီးမားသော လေလှိုင်းတစ်ခုကြောင့် လွင့်ထွက်ကုန်သည်။ အချို့က လေထဲ၌ပင် ခန္ဓာကိုယ်များ စုတ်ပြတ်သတ်သွားခဲ့၏။
ထိုတိုက်ကွက်ကို ဘွန်နက် အမည်ရသော အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးနှင့် ယောက်ျားတစ်ယောက်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အားကောင်းဟန်မတူသော သူ၏ခန္ဓာကိုယ်က အံ့သြလောက်စရာ တိုက်ခိုက်မှုစွမ်းအားများ ရှိနေလေသည်။ သူ၏လက်သီး ဝှေ့ရမ်းလိုက်သော နေရာတိုင်း အော့ခ်စစ်သည်များက သွေးမြူများ အဖြစ်သို့ ပြောင်းလဲသွားလိုက်သည်။
သိပ်မကြာခင်တွင် နေရာတစ်ခုလုံးက အဆက်မပြတ် ပေါက်ကွဲသံများနှင့်အတူ လောင်ကျွမ်းနေတော့သည်။ အချိန်က အတော်လေး ညဉ့်နက်နေပြီ ဖြစ်သည်။ အော့ခ် အများအပြားက ဖရိုဖရဲ ဖြစ်သွားကြတော့သည်။
ဘွန်နက်က တိုက်ခိုက်ရေး အင်အားများကို ဆွဲဆောင်နေစဉ် ချန်လွေ့က အီနာ၊ လူစီအိုနှင့် လူသားများကို ကယ်တင်ပြီး ဆန့်ကျင်ဘက် နေရာသို့ အလျင်အမြန် ပြေးသွားနေကြသည်။ ထိုသူက ချန်လွေ့ပေးသော ပစ္စည်းတစ်ခုကို ယူပြီး လွှင့်ပစ်လိုက်၏။ ဒေါသကို ဖြေဖျောက်ပြီးနောက် သူက မရပ်တန့်ဘဲ အဖွဲ့နောက် လိုက်သွားတော့သည်။
အဝေးရှိ ဂူသင်္ချိုင်းမှ ဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံက ဘုရင်တဲအိမ် နေရာတစ်ခုလုံးကို တုန်လှုပ်သွားစေ၏။ အားနည်းသော သူများက တဇက်ဇက် အသံများကိုသာ ကြားလိုက်ရပြီး မတ်မတ် မရပ်နိုင်ကြတော့ပေ။ ဘွန်နက်၏ မျက်နှာအမူအရာ ပြောင်းလဲသွား၏။ “ပြေးတော့။ အဲဒါ အော့ခ်ဘုရင် ဖူဂါပဲ။”
ထိုသို့ ပြောလိုက်သည်နှင့် ဟိန်းသံက အရှိန်မြန်စွာဖြင့် ချဉ်းကပ်လာနေခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် အရပ်မြင့်မြင့် ပုံရိပ်တစ်ခုက ရှေ့တွင် ပိတ်ထားလိုက်၏။ ထိုအရာက လေးလံသာ ချပ်ကာတစ်ခုကို ဝတ်ဆင်ထားပြီး ရွှေရောင် မျက်လုံးများနှင့် အလွန်ထူထဲသော အမွှေးများရှိသည့် အားကောင်းသော အော့ခ်တစ်ကောင် ဖြစ်လေသည်။ သူ၏ ကြောက်စရာ အသွင်အပြင်က လရောက်ထဲ၌ အတော်လေး ကြောက်မက်ဖွယ်ရာ ကောင်းနေသည်။
မျိုးနွယ် - အော့ခ်
စွမ်းအားအကဲဖြတ်မှု - S+
ခန္ဓာအမျိုးအစား - S+
ခွန်အား - S+
စိတ်ဝိညာဉ် - A
အမြန်နှုန်း - S
[ စိစစ်ချက် ] - ခွန်အားပါရမီ။ ဘီးရားမွန်း သွေးမျိုးဆက် အသွင်ပြောင်းခြင်း။
အန္တရာယ်အဆင့် - [ မြင့်မား ]
ဘွန်နက်ပြောခဲ့သော အော့ခ်ဘုရင် ဖူဂါက အစွမ်းအထက်ဆုံး အော့ခ်အင်အားစုထဲမှ ထိပ်တန်းတည်ရှိမှုတစ်ခု ဖြစ်ဟန်တူသည်။ ဖူဂါကို အနိုင်ယူလိုက်သည်နှင့် S အဆင့် ရှိသော ဘွန်နက်အတွက် လူစီအို၊ အီနာနှင့် အခြားသူများကို အိပ်မက်ဆိုးတောနက်မှ ခေါ်ထုတ်သွားရန် ပြဿနာ မဟုတ်တော့ပေ။ သူလည်း ကြမ္မာဆိုး နွံအိုင်ထဲသို့ ဆက်သွားပြီး ဘလန့်ချ်ကို သွားကယ်နိုင်ပေမည်။
လေထဲမှာ အော့ခ် အထီးနှင့်အမ တစ်ကောင်စီ ဆင်းသက် လာသည်ကို မြင်လိုက်သည့်အခါ ချန်လွေ့ ရုတ်တရက် မျက်မှောင် ကြုတ်လိုက်၏။ [ သရုပ်ခွဲမျက်လုံး ] ထဲ၌ သူတို့နှစ်ယောက်လုံး၏ စွမ်းအားများက S အဆင့် ဖြစ်ကြသည်။
“အမ်ရှီ။ ဆာရှိုင်....။ မိုးကြိုးမုန်တိုင်းမျိုးနွယ်စုရဲ့ အော့ခ်ဘုရင် (၃)ပါးက ဒီကိုရောက်လာကြပြီ။” ဘွန်နက်က ခါးသက်သက်နှင့် ပြုံးပြီး ချန်လွေ့ကို ပြောလိုက်သည်။ “ငါတို့ ကံကုန်သွားပြီထင်တယ်။ မင်း နာမည်က ဘာလဲ။ ငါ မသေခင် အဆုံးသတ်မှာ ငါနဲ့အတူတူ တိုက်ခိုက်ခဲ့တဲ့သူရဲ့ နာမည်ကို သိချင်တယ်....”
“အခြေအနေက မင်းထင်သလောက် မဆိုးပါဘူး...”
ချန်လွေ့၏အသံက သူ့စိတ်ထဲ၌ ပေါ်ထွက်လာသည့်အတွက် ဘွန်နက်၏စကားစ ပြတ်သွားခဲ့ပြန်သည်။ “ငါ ဒီ အော့ခ်ဘုရင် (၃)ပါးကို နောက်တော့ ဖြေရှင်းလိုက်မယ်။ မင်း ဒီလူတွေကို ကယ်တင်ပြီးတော့ အနောက်ဘက်ကို ဆုတ်သွား။ အဲဒီ သစ်တောငယ်လေးထဲမှာ ငါ့ကို စောင့်နေ။ ဒါနဲ့ အဲဒီမှာ သိင်္ဂဿ တစ်ကောင်လည်း ရှိနေတယ်။ သူက ငါ့မြင်းပဲ။ သူ့ကို ထိခိုက်အောင် မလုပ်နဲ့။”
အော့ခ် ဘုရင်(၃)ပါးကို ဖြေရှင်းမှာလား။ ဘွန်နက်က ခဏတာ မတုံ့ပြန်နိုင်ခဲ့ပေ။ ထို့နောက် ချန်လွေ့က အော့ခ်ဘုရင် ဖူဂါထဲသို့ တဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်သည်။
ရုတ်တရက် လူတိုင်း၏အမြင်က ဝေဝါးသွားခဲ့ပြီးနောက် ချန်လွေ့က ချက်ချင်းပင် ဖူဂါအရှေ့သို့ ရောက်ရှိလာခဲ့သည်။ ဖူဂါက ထိတ်လန့်မသွားပေ။ သူက ထိန်းမရသိမ်းမရ စွမ်းအားဖြင့် လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။
ချန်လွေ့က မရှောင်တိမ်းဘဲ လက်သီးနှင့် ပြန်ထိုးလိုက်သည်။
“ဘုန်း...” လက်သီးနှစ်ခု ဆုံသွားပြီးနောက် မြေပြင်က အပြင်းအထန် တုန်ခါသွားခဲ့သည်။ လက်သီးချင်းဆုံးသွားသော နေရာအောက်မှ မြေပြင်ပေါ်တွင် အက်ကြောင်းများ ပေါ်ထွက်လာပြီး အလျင်အမြန်ပင် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားခဲ့သည်။
ဘွန်နက်က ဖူဂါ၏ စွမ်းအားကို ရင်ဆိုင်ခဲ့ရပြီးပြီ ဖြစ်သည့် အတွက်ကြောင်း ချန်လွေ့ ခြေမွှခံရမည့် ကြေကွဲဖွယ် မြင်ကွင်းကို မြင်နေရဟန်တူသည်။ သို့သော်လည်း သူ၏စိုးရိမ်မှုကို အံံသြမှုက အစားထိုးသွားခဲ့သည်။ ချန်လွေ့က မတ်မတ် ရပ်နေဆဲဖြစ်ပြီး အော့ခ်ဘုရင် ဖူဂါက အမှန်တကယ်ပင် နောက်သို့ ပြန်ဆုတ် သွားသည်ကို မြင်လိုက်ရသည်။ သူက အမှန်တကယ်ပင် နောက်သို့ ခြေ၅လှမ်း ဆုတ်သွားခဲ့ပြီးမှသာ မြဲမြဲမြံမြံ ရပ်နိုင်ခဲ့၏။ သူ၏ အထင်သေးသော အမူအရာက မယုံကြည်နိုင်မှုဖြင့် အစားထိုး သွားခဲ့လေသည်။
အမှန်တကယ်၌ ထိုတိုက်ကွက်၏ စွမ်းအားက နှစ်ဖက်အကြား ခြားနားချက် သိပ်မရှိပေ။ ဖူဂါက ရန်သူကို လျှော့တွက်မိခြင်း ကြောင့်သာ ထိခိုက်သွားရခြင်း ဖြစ်၏။ ချန်လွေ့က ပင်လယ် လှိုင်းကြမ်း၌ နားလည်သဘောပေါက်သွားခဲ့သော လှိုင်းထပ် စွမ်းအားကို အသုံးပြုခဲ့လေသည်။ တစ်ခုခု လွဲနေကြောင်း သဘောပေါက်သွားသောအခါ ဖူဂါက ထိုအင်အားကြီးသည့် လှိုင်းကဲ့သို့ စွမ်းအားကို မခုခံနိုင်တော့ပေ။
ပြိုင်ဘက်၏ စွမ်းအားကို ခံစားလိုက်မိသည့်အခါ ဖူဂါ၏ ရွှေရောင်မျက်လုံးများက တိုက်ခိုက်ချင်စိတ်များ ပြည့်နှက်သွား၏။ သူ တန်ပြန်မတိုက်ခိုက်နိုင်ခင်မှာပင် သူ့နောက်၌ သတိပေးသော အချက်ပြများ ရုတ်တရက် ထွက်ပေါ်လာသည်။ ပြိုင်ဘက်က သူ့နောက်သို့ သရဲတစ်ကောင်သဖွယ် ရောက်ရှိလာခြင်း ဖြစ်၏။
ဖူဂယ်က အလွန်အမင်း လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ သူက နောက်ပြန်လှည့်ပြီး လက်သည်းဖြင့် ကုတ်လိုက်သော်လည်း ထိုတိုက်ခိုက်မှုက ရွံ့ထူသော ရေကဲ့သို့ စွမ်းအားတစ်မျိုးထဲသို့ ကျရောက်သွားပြီး ယခင် လှိုင်းစွမ်းအားနှင့် လုံးဝ ကွဲပြားနေသည်။ ထိုအရာက ဝါဂွမ်းထဲသို့ လက်သီးဖြင့် ထိုးနေရသကဲ့သို့ ဖြစ်နေပြီး တိုက်ခိုက်မှုကို အဆုံးစွန်အထိ မရောက်ရှိစေနိုင်ပေ။ ထိုလက်သီးချက်၏ စွမ်းအား မကုန်ခမ်းခင်မှာပင် နူးညံ့သော ရေလှိုင်းများက ကြာပွတ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဖူဂါ၏ နံရိုးများကို အပြင်းအထန် ရိုက်နှက်လိုက်လေသည်။ ဖူဂါက စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး တစ်ကိုယ်လည်း တုန်လှုပ်သွားခဲ့သည်။ ပြိုင်ဘက်က စွမ်းအားအများအပြား မသုံးခဲ့ဘဲ ထိုအရာက သူ၏ကိုယ်ပိုင်စွမ်းအားကသာ ထူးဆန်းသော နည်းလမ်းတစ်မျိုးမျိုးဖြင့် ပြန်ရောက်လာခြင်းဖြစ်ကြောင်း သူ၏ တိုက်ခိုက်ရေးအသိစိတ်က ပြောနေလေသည်။ ထိုအရာက ကိုယ့်ကိုယ်ကိုယ် လက်သီးနှင့် ထိုးနေကဲ့သို့ ဖြစ်နေလေသည်။
ဒုက္ခပေးသော ရေလှိုင်းစွမ်းအား ရောက်ရှိလာပြန်သည်။ ထိုကဲ့သို့ ထူးဆန်းသော ပြိုင်ဘက်မျိုးကို ဖူဂါ ယခုမှ ကြုံတွေ့ဖူးခြင်ြး ဖြစ်သည်။ သူက ယခင်ကဲ့သို့ အနီးကပ် တိုက်ခိုက်ခြင်းကိုသာ ပြန်ရွေးချယ်ချင်နေခဲ့သည်။ အကြိမ်များစွာ ရှုံးနိမ့်ပြီးတော့ သူ၏ ဒေါသသံများ ဆက်လက် ထွက်လာတော့သည်။
လရောက်အောက်မှ မြင်နိုင်စွမ်းက အခြားသူများအတွက် သိပ်ပြီး မမြင့်မားလှသော်လည်း အိပ်မက်ဆိုးတောနက်ထဲသို့ အစွမ်းအထက်ဆုံးသော အော့ခ်ဘုရင် ဖူဂါက အမည်မသိ လူသားကြောင့် အဆက်မပြတ် ဖိနှိပ်ခံနေရကြောင်းကို ဘွန်နက် သေသေချာချာ မြင်နေရသည်။ ဖူဂါ၏ ချပ်ကာပေါ်တွင် ချိုင့်ရာများ ပိုပိုများလာခဲ့သည်။
နောက်ဆုံးတွင် ဖူဂါက ထူးဆန်းသော အားစက်ကွင်းထဲမှ လွတ်မြောက်သွားခဲ့ပြီး ပြိုင်ဘက်က ပျောက်ဆုံးနေကြောင်း တွေ့လိုက်ရသည်။ ဘေးဖက်ရှိ အမ်ရှီနှင့် ဆာရှိုင်တို့ထံမှ တိုက်ခိုက်သံများ ထွက်ပေါ်လာ၏။ ဒုက္ခပေးသော ရန်သူက သူ့ကို တစ်ယောက်တည်း ချန်ထားပြီး အမ်ရှီနှင့် ဆာရှိုင်တို့ကို တိုက်ခိုက်နေခြင်း ဖြစ်လေသည်။
ထိုကဲ့သို့ လျစ်လျူရှုခြင်းမျိုးက ဖူဂါအား မည်သည့် ရန်စ စကားမျိုးမဆိုထက် ဒေါသူပုန်ထသွားစေသည်။ ကျယ်လောင်သော အော်သံနှင့်အတူ သူက ချန်လွေ့ထံ ပြေးဝင်လာခဲ့သည်။ ချန်လွေ့က သံရှည်ဆွဲကာ ရယ်လိုက်၏။ သူ၏လက်များက လျို့ဝှက် ဆန်းကြယ်သော ရေလှိုင်းများကို ရေးဆွဲလိုက်ပြီးနောက် ရေကဲ့သို့ နူးညံ့သော်ပြီး ကျယ်ပြန့်သော အားစက်ကွင်းတစ်ခုက အော့ခ် ဘုရင်(၃)ပါးကို ဝိုင်းရံလိုက်တော့သည်။
ထိုအားစက်ကွင်းက [ ရေစွမ်းအား လေးလေးနက်နက် ကျွမ်းကျင်မှု ] ပင် ဖြစ်၏။ ချန်လွေ့က ထိုအချိန်၌ ဓားအစား လက်နှစ်ဖက်ကို အသုံးပြုခဲ့သည်။ သလင်းကျောက်နဂါးနှင့် အခြားနှစ်ယောက်ကို သလင်းကျောက်တောင်ကြား၌ ကတ်သရင်း တိုက်ခိုက်ခဲ့သလိုမျိုး ဖြစ်၏။ ခြားနားချက်မှာ ကတ်သရင်း၏ “ဖြေရှင်းမှု”က ပိုမိုကျွမ်းကျင်မှ ချန်လွေ့က အားကို “ငှားယူနေခြင်း” နှင့် ပိုတူနေခြင်းပင်။
တိုက်ခိုက်ရန် စွမ်းအားကို ငှားယူခြင်းက ယခင်ဘဝမှ ချန်လွေ့ ကြားခဲ့ဖူးသော “ထိုက်ကျိ”ကဲ့သို့ ဖြစ်နေသော်လည်း သူက ထိုက်ကျိကို မသင်ယူခဲ့ဖူးသည့်အတွက် ကိုယ်ပိုင် နားလည် သဘောပေါက်မှုများနှင့် တိုးတက်လာပြီး လက်ရှိ တိုက်ခိုက်ရေး စွမ်းရည်ထဲသို့ အသုံးပြုနိုင်ရန်အတွက် တိုက်ကျိ၏ အကိုးအကား များကိုသာ အသုံးပြုနိုင်လေသည်။
အော့ခ်ဘုရင်(၃)ပါး၏ တိုက်ခိုက်မှုများက အချင်းချင်း တိုက်ခိုက်မှုများသာ ဖြစ်နေသည်။ သူက ရန်သူကို တစ်ခါတစ်ရံ ထိသည့်တိုင် ထူးဆန်းသော လှုပ်ရှားမှုနှင့် စွမ်းအားတစ်ခုကြောင့် ပယ်ပျောက်ပြီး လမ်းကြောင်း ပြောင်းသွားခဲ့သည်။ သူတို့က မည်သည့် စစ်မှန်သော ထိခိုက်မှုကိုမျှ မပြုလုပ်နိုင်ခဲ့ပေ။ ထိုအစား သူတို့ကသာ ခဏခဏ ထိနေရလေသည်။ အမှန်တကယ်၌ ထိုအရာက ကျင်းယုံ ဖော်ပြခဲ့သော “စကြဝဠာ အားလွှဲသိုင်း” နှင့် အတော်လေး နီးစပ်နေပေသည်။
ဘွန်နက် ကြောင်သွား၏။ နောက်ဆုံးတွင် သူက မည်သည် အတွက်ကြောင့် ချန်လွေ့က “ဒီအော့ခ်ဘုရင်၃ပါးကို နောက်တော့ ငါ ရှင်းလိုက်မယ်”ဟု ပြောခဲ့ကြောင်း နားလည်သွားခဲ့သည်။ ထို “အမည်မသိအစွမ်းထက်ပုဂ္ဂိုလ်”က လှောင်အိမ်ကို ဖျက်ဆီးခဲ့သော အချိန်တွင် အစွမ်းထက်ကြောင်း သူ သိထားပြီ ဖြစ်သည်။ သို့သော် သူက အော့ခ်ဘုရင်၃ပါးကို တစ်ယောက်တည်း တိုက်ခိုက်နိုင်သည် အထိ အစွမ်းရှိလိမ့်မည် ဖြစ်ကြောင်း မထင်ထားခဲ့ပေ။
ကျက်သရေပြာ အင်ပါယာရဲ့ သိဒ္ဓိခိုလှုံရာမှာတောင် လူနည်းစုပဲ ဒီလိုစွမ်းအားမျိုး ရှိကြတာ။ ထိပ်တန်း သူတော်စင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က ဘယ်လိုလုပ် လူမသိ သူမသိ ဖြစ်နေတာလဲ။ သူက ဘယ်သူလဲ။
အော့ခ်ဘုရင်(၃)ပါးက တိုက်ခိုက်နေရင်း ပို၍ ကြောက်ရွံ့လာကြသည်။ သူတို့က ချက်ချင်းပင် ဗျူဟာပြောင်းပြီး စွမ်းအင်နှင့် ကြောက်မက်ဖွယ်ရာ စွမ်းအားတိုက်ခိုက်မှုတို့ကို ဦးစားပေးတိုက်ခိုက်သော သူတို့၏ အကောင်းဆုံး တိုက်ခိုက်မှုကို စွန့်ပစ်လိုက်ကြသည်။ ထိုအရာက [ ရေစွမ်းအား လေးလေးနက်နက် ကျွမ်းကျင်မှု ] ၏ ထိရောက်မှုကို ကြိးကြိးမားမား လျော့ကျသွားစေခဲ့သည်။
ဘွန်နက်နှင့် အခြားသူများက တိုက်ပွဲကို ကြည့်နေကြောင်း မြင်သည့်အခါ ချန်လွေ့က မျက်မှောင်ကြုတ်လိုက်၏။ သူက [ ရေစွမ်းအား လေးလေးနက်နက် ကျွမ်းကျင်မှု ] အဆုံးစွန်အထိ လှည့်ပတ်စေလိုက်သည်။ သူ့ကို ဝိုင်းရံထားသော အော့ခ်ဘုရင် (၃)ပါးက ရေလှိုင်း အားစက်ကွင်း အဆတိုးသွားကြောင်း ခံစားလိုက်ရပြီးနောက် သူတို့၏ ခန္ဓာကိုယ်များက ထိန်းချုပ်မရဘဲ ပေါလောပေါ်လာသည်။ ချန်လွေ့၏လက်များ လှုပ်ရှားသွားပြီးနောက် ရေလှိုင်းများက ရုတ်တရက် အလွန်ကြီးမားသော လှိုင်းကြီးများ အဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားကာ တစ်ချိန်တည်းမှာပင် အော့ခ်ဘုရင် (၃)ပါးကို နောက်သို့ လွင့်သွားစေသည်။
“ပြေးတော့ !”
ကျယ်လောင်သော အောသံကြောင့် ဘွန်နက် နိုးထသွားခဲ့ပြီး လူတိုင်းကို ဦးဆောင်ကာ အနောက်ဘက်သို့ ပြန်ဆုတ်သွားသည်။
သူတို့ အဝေးသို့ မပြေးနိုင်ခင်မှာခင် ဘွန်နက်က ရုတ်တရက် ကြောက်မက်ဖွယ်ရာ မတည်ငြိမ်မှု တစ်ခုကို ခံစားလိုက်ရသည်။ နောက်ပြန်လှည့်ကြည့်လိုက်ရာ အော့ခ်ဘုရင် (၃)ပါး၏ ပုံရိပ်က တဖြည်းဖြည်းနှင့် အလျင်အမြန် ကြီးလာပြီး သူတို့၏အဟုန်က ထိတ်လန့်ဖွယ်ရာ ပြောင်းလဲမှုများ ဖြစ်လာနေသည်။
ဘွန်နက်က အော့ခ် တော်ဝင်မိသားစုမှ ဒဏ္ဍာရီတစ်ခုကို ရုတ်တရက် တွေးမိသွားသောအခါ စိတ်ထဲ၌ ထိတ်လန့်သွား၏။
ဧရာမသားရဲ ဘီးရားမွန်း !
ဒီအော့ခ်ဘုရင်(၃)ပါးက အော့ခ်အင်ပါယာ၏ အစွမ်းထက်ဆုံး ဖြစ်တဲ့ ဘီးရားမွန်း သွေးမျိုးဆက်ကို တကယ် ပိုင်ဆိုင်ထားတာပဲ။ သူတို့က ကြောက်စရာအကောင်းဆုံး အနီးကပ် တိုက်ခိုက်ရေး သားရဲဖြစ်တဲ့ ဧရာမသားရဲ ဘီးရားမွန်းအဖြစ်ကို အသွင်ပြောင်း နိုင်ကြတယ်။
အဲဒီအစွမ်းထက်ပုဂ္ဂိုလ်က ဒါကို ခုခံနိုင်မှာလား။ ဘွန်နက်က သူ ယခင်က ဖူဂါအား မဆင်မခြင် စိန်ခေါ်မိခဲ့သည်ကို ပြန်တွေးမိသွားပြီး ပါးစပ်ထဲ၌ ခါးသက်သွားခဲ့သည်။ သူက နေရာတွင်ပင် အသတ်မခံရဘဲ အကျဉ်းကျခံထားရသည်မှာ ကံကောင်းနေပြီ ဖြစ်လေသည်။
ဘွန်နက်က သူတော်စင်အဆင့် ရောက်ရှိသွားပြီဖြစ်သော်လည်း ထိုတိုက်ပွဲက သူ ဝင်ပါနိုင်သည့်အဆင့် မဟုတ်ကြောင်း သိသည်။ သူ ယခု လုပ်နိုင်သောအရာက ထိုသူများကို တတ်နိုင်သမျှ အဝေးဆုံး ခေါ်သွားပြီး ထိုအမည်မသိ အစွမ်းထက်ပုဂ္ဂိုလ်အား ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန်သာ ဖြစ်လေသည်။
ထိုအချိန်၌ သူက နောက်ဘက်မှ ဧရာမသားရဲ ဘီးရားမွန်း၏ ဟိန်းသံကို ကြားလိုက်ရပြီး ထိုအသံက ထိတ်လန့်မှုနှင့် ဒေါသများ ရောနှောနေဟန်တူသည်။ ဘွန်နက်က ဖျတ်ခနဲ ကြည့်မိလိုက်ရာ ကောင်းကင်က ရုတ်တရက် ချစ်ချစ်တောက် နီရဲသွားကြောင်း မြင်လိုက်ရသည်။ အဝေးမှပင် ချစ်ချစ်တောက် အနီရောင်ထဲမှ အပူရှိန်နှင့် ရက်စက်မှုတို့ကို သူ ရေးရေးလေး ခံစားမိနေရ၏။