← Chapters

နတ်ဘုရားဝတ်ပြုခန်းမ အမှန်တရား

Vol. 49 Ch. 804

နတ်ဘုရားဝတ်ပြုခန်းမ အမှန်တရား

Vol. 49 Ch. 804

လျို့ဝှက်ဘာသာစကား ကျောက်နန်းတော်ရှိ နတ်ဘုရားဝတ်ပြု ခန်းမထဲ၌ မရေမတွက်နိုင်သော လခြမ်း ထွင်းစာများက အရှိန်မြန် ခုတ်ပိုင်းသွားခဲ့ပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားကာ သံမဏိနက် ဆန်းကြယ်သရဲ၏ ခန္ဓာကိုယ်များကလည်း စုတ်ပြဲနေသော စက္ကူများသဖွယ် ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲ သွားတော့သည်။

ဘာဂျီ၏ အမူအရာက အလွန်ပင် ပုံမှန်သာ ဖြစ်နေသည်။ သူ၏ အသိစိတ်ထဲ၌ သူ့သခင်က အရာရာစွမ်းလေသည်။ ကျွန်တစ်ယောက် ဖြစ်သည့်အလျောက် သူက သခင်ထံ အချိန်မရွေး အသက်ပေးနိုင်လေ၏။

သံမဏိနက် ဆန်းကြယ်သရဲများကို ချေမှုန်းပြီးနောက် ချန်လွေ့က ဘာဂျီနှင့်အတူ နတ်ဘုရားဝတ်ပြုခန်းမသို့ အမြန် ပြေးသွားတော့သည်။

နတ်ဘုရားဝတ်ပြုခန်းမက လျို့ဝှက်ဘာသာစကား ကျောက်နန်းတော်၏ အလယ်တွင် ရှိပြီး အတော်လေး ကျယ်ဝန်း လှပေသည်။ အထင်ရှားဆုံးမှာ အရှေ့တည့်တည့်ရှိ ရုပ်ထုပင်။ ထိုရုပ်ထုက ချပ်ကာအပြည့်နှင့်ဖြစ်ပြီး ဝေဝေဝါးဝါးဖြစ်နေကာ မဟာဓားတစ်လက်နှင့် တူတစ်လက်ကို ကိုင်ထား၏။ ၎င်းက အော့ခ်နတ်ဘုရား ဖြစ်ဟန်တူသည်။

နှစ်ဖက်လုံးရှိ နံရံပေါ်တွင် ဆေးရေးပန်းချီးများ ရှိနေ၏။ ပုံစံက အော့ခ်နတ်ဘုရား၏ အမျိုးမျိုးသော ဒဏ္ဍာရီများအကြောင်း ဖြစ်လေသည်။ ထိုဒဏ္ဍာရီများထဲ၌ ပုံရိပ်တစ်ခုက အမြဲပင် ပါနေခဲ့သည်။ ထိုအရာက ဝတ်ရုံဝတ်ထားပြီး တုတ်တံတစ်ခုကို ကိုင်းသော အမျိုးသမီးတစ်ယောက် ဖြစ်၏။ တုတ်တံထိပ်တွင် ချိုပါသော သားရဲဦးခေါင်းခွံတစ်ခု ရှိနေသည်။

ဘာဂျီ၏ ဖော်ပြချက်အရဆိုလျှင် ထိုအမျိုးသမီးက အော့ခ်မျိုးနွယ်စု၏ စိတ်ဝိညာဉ်ခေါင်းဆောင် မဟာနတ်ဆရာမ လောင်မီတယ်ဖြစ်ပြီး အော့ခ်နတ်ဘုရား၏ စိတ်ဆန္ဒနှင့် ဆက်သွယ် စကားပြောနိုင်သည်ဟု ပြောကြလေသည်။

ချန်လွေ့က စဉ်းစားချင့်ချိန်နေသော အမူအရာတစ်ခု ပြသလိုက်သည်။ သိဒ္ဓိအလင်းကျောင်းတော်ရဲ့ ကောင်းကင်တမန် သုံးယောက်က အလင်းနတ်ဘုရားရဲ့ စောင့်ကြည်မှုအောက်မှာ ယုံကြည်မှုတွေကို ခိုးယူနေတယ်။ နတ်ဆိုးဘုံက အံ့သြဖွယ်ရာတွေ မမြင်ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ နတ်ဘုရားတွေက အိပ်စက်နေတာ ဒါမှမဟုတ် နောက်ထပ် ဆောင်းခိုတဲ့ အခြေအနေမှာ ရှိနေတာလို့ စေတန် နဲ့ ဆာရီရယ်တို့က ပြောတယ်။ တကယ်လို့ အော့ခ်နတ်ဘုရားက နတ်ဘုရားတွေထဲက တစ်ပါးဆိုရင် ဒီမဟာနတ်ဆရာမရဲ့ “စိတ်ဆန္ဒနဲ့ ဆက်သွယ်ခြင်း”က နည်းနည်းတော့ ရှင်းပြလို့မရနေဘူး။

မဟာနတ်ဆရာမ လောင်မီတယ်က ဒီခန်းမမှာ ရှိနေသင့်တယ်။ ဘာလို့ ပျောက်နေလဲ မသိဘူး။ ထိုအချိန် အဓိကခန်းမ၏ ထောင့်လေးဖက်မှ အနက်ရောင်ပုံရိပ်လေးခု ရုတ်တရက် ပေါ်ထွက်လာပြီး ဖြည်းဖြည်းချင်း အနားကပ်လာခဲ့သည်။ သူတို့က အေးစက်ပြီး ကြောက်စရာကောင်‌းသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေပြီး ချန်လွေ့နှင့် ဘာဂျီတို့ကို ဝိုင်းရံလိုက်၏။ ထို အနက်ရောင်ပုံရိပ်လေးခုက အနက်ရောင်ဝတ်ရုံများကို ဝတ်ထားကြပြီး မျက်နှာပေါ်တွင် တောက်ပသော ရွှေရောင် မျက်နှာဖုံးများကို ဝတ်ဆင်ထားကြလေသည်။

အရှေ့ဘက်မှ တစ်ယောက်က ပြောသည်။ “ဘာဂျီ။ မင်းလို နတ်ဘုရားကို သစ္စာဖောက်ခဲ့တဲ့ အပြစ်သားက အပြင်လူတွေနဲ့ ပေါင်းပြီးတော့ လျို့ဝှက်ဘာသာစကား ကျောက်နန်းတော်ကို ကျူးကျော်ခဲ့တယ်။ မင်းရော၊ ကျူးကျော်သူရောက အပြင်းထန်ဆုံး အရေးယူမှုကို ခံရလိမ့်မယ်။”

“လျို့ဝှက်အစောင့် လေးယောက်...” ဘာဂျီက တီးတိုး ပြောလိုက်သည်။ လျို့ဝှက်အစောင့်လေးယောက်က မဟာ နတ်ဆရာမ၏ အစောင့်များ ဖြစ်ကြသည်။ သူတို့တွင် ကြီးမားသော စွမ်းအားများ ရှိကြပြီး မျက်နှာအမှန်ကို မပြသကြပေ။ သုံးယောက်ကို အပြင်ထွက်ခိုင်းခဲ့ကြောင်း အစက သူ ကြားခဲ့သော်လည်း တိတ်တဆိတ် ပြန်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ထိုလေးယောက်က နတ်ဆိုးအရှင်သခင်အဆင့် စွမ်းအားများ ရှိကြသော်လည်း တိုက်ခိုက်ရေးစွမ်းအားက မိုးကြိုးမုန်တိုင်း မျိုးနွယ်စုမှ အော့ခ်ဘုရင်(၃)ပါးထက် နိမ့်ကျပေသည်။ သို့သော်လည်း ချန်လွေ့ကို တစ်စုံတစ်ခုက အံ့သြသွားစေ၏။ ဒီလေးယောက်က [ သရုပ်ခွဲမျက်လုံး ] ထဲမှာ လူသားလို့ ပြနေတယ်။

အော့ခ်မျိုးနွယ်စုရဲ့ အမြင့်ဆုံး အစောင့်အရှောက်တွေက အော့ခ်တွေ၊ အော့ခ်တစ်ပိုင်းတွေ မဟုတ်ဘဲနဲ့ လူသားတွေ ဖြစ်နေတာလား။

ယခုတွင် ဘလန့်ချ်၏ အခြေအနေက အလွန် အရေးတကြီး ဖြစ်နေသည့်အတွက် ချန်လွေ့က ထိုအကြောင်းများကို စဉ်းစားရန် အချိန်မရှိပေ။ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းအဟုန်ကို အပြည့်အဝ ထုတ်လွှတ်ပြီးနောက် ချန်လွေ့က မေးလိုက်သည်။ “လောင်မီတယ် ဘယ်မှာလဲ။ မပြောရင် သတ်ပစ်မယ်။”

ထိုအော်သံတွင် မိစ္ဆာမျက်ဆံ၏ စိတ်ဖိအား ပါရှိပြီး သူတို့ လေးယောက်လုံး တုန်လှုပ်သွားကြသည်။ အေးစက်သော သတ်ဖြတ်ချင်စိတ်က မီးတောက်များ ပြည့်နေသော ကောင်းကင် တစ်ခုနှင့် ရင်ဆိုင်တွေ့လိုက်ရသလို ဖြစ်သွားပြီး လုံးဝ ငြိမ်သွား၏။ သူတို့အားလုံး ထိတ်လန့်သွားကြသည်။

သို့ရာတွင် ထိုတုန်လှုပ်မှုက ခဏသာ ဖြစ်သည်။ သူတို့ လေးယောက်က တစ်ချိန်တည်းမှာပင် ညည်းတွားလိုက်ကြပြီး လက်‌ကောက်ဝတ်ကို ဖြတ်တောက်လိုက်၏။ သွေးက ထူးဆန်းသော အလင်းပုံစံကွက်များအဖြစ် အငွေ့ပျံသွားပြီး နတ်ဘုရား ဝတ်ပြုခန်းမရှိ မြေပြင်က သက်ဆိုင်ရာ အမှတ်အသား တစ်ခု ပြသလာပြီး အလျင်အမြန်ပင် နေရာတစ်ခု၌ ပေါင်းစည်းသွားခဲ့သည်။ ထိုအရာက ခြောက်‌ထောင့်ကြယ် တစ်ခု ဖြစ်ဟန်တူပြီး အလယ်တွင် တစ်စုံတစ်ခု ရေးရေးလေး ပေါ်နေ၏။

မည်သည့်အရာဖြစ်ကြောင်း မမြင်နိုင်ခင်မှာပင် ချန်လွေ့က အမြင်များ တဟုန်ထိုး ပြောင်းလဲသွားကြောင်း ခံစားလိုက်မိသည်။ သူက ထူးဆန်းသော နေရာတစ်ခုသို့ ဘာဂျီနှင့်အတူ ရောက်ရှိသွားခဲ့ပြီး အစောင့်၄ယောက်လည်း ပျောက်ကွယ်သွား၏။ ချန်လွေ့က မျက်မှောင်ကြုတ်နေစဉ် အလယ်၌ တစ်စုံတစ်ခု ပေါ်ထွက်လာခဲ့သည်။ အဝေးမှကြည့်လျှင် ၎င်းက လေထဲ၌ လွင့်မျောနေဟန်တူသော ဧရာမြွေကဲ့သို့ သတ္တဝါတစ်ကောင် ဖြစ်လေသည်။

ထိုသတ္တဝါက ချန်လွေ့အား ကြောက်မက်ဖွယ်ရာ ထင်ကြေးတစ်ခု ပေးခဲ့ပြီး ဘာဂျီ၏ ထိတ်လန့်သော အသံတစ်ခု ထွက်ပေါ်လာ၏။ “သတိထား...သခင်။ ဒါက နတ်ဘုရားပေးထားတဲ့ လက်နက်....”

ဘာဂျီ၏စကား မဆုံးသေးခင်မှာပင် “ဧရာမမြွေ”က အနီရောင် အလင်းတစ်ခု တောက်ပပြီး ပေါက်ကွဲထွက်သွားသည်။ ချန်လွေ့က ဘာဂျီကို ဖမ်းဆွဲချင်ခဲ့သော်လည်း သူ့စိတ်ထဲ၌ ပြင်းထန်သော သတိပေးချက်တစ်ခု ပေါ်ထွက်လာခဲ့သည်။ သူ မစဉ်းစား နိုင်ခင်မှာပင် အကာအကွယ်ဒိုင်းကု ချက်ချင်း အသက်သွင်းလိုက် တော့သည်။

ဘာဂျီ၏ပုံရိပ်က တုန်လှုပ်သွားခဲ့ပြီး ချက်ချင်းပင် မရေမတွက် နိုင်သော အစိတ်အပိုင်းများ ဖြစ်သွားခဲ့သည်။ ထိုအစိတ်အပိုင်းများ ကြမ်းပြင်ပေါ်သို့ မရောက်ခင်မှာပင် လောင်ကျွမ်းသွားခဲ့သည်။ ပြာပင် မကျန်ခဲ့ပေ။

အကာအကွယ်ဒိုင်းကာပေါ်တွင်လည်း မရေမတွက်နိုင်သော သေးငယ်သည့် အရာများ ရှိနေပြီး ဝုန်းခနဲ ကွဲကြေသွားခဲ့သည်။ ချန်လွေ့ မျက်မှောင်ကြုတ်လိုက်၏။ အကာအကွယ်ဒိုင်းကာတောင် ဒါကို ခဏ‌လောက်ပဲ ခုခံနိုင်တာလား။

ဧရာမမြွေ ပြန်လည် အရောင်တောက်လာသောအခါ ချန်လွေ့က ချက်ချင်းပင် [ အထူးစိစစ်မှု ] စွမ်းအားကို ချက်ချင်း အသုံးပြုလိုက် တော့သည်။ သူ့မျက်လုံးထဲ၌ ၎င်းက မရေမတွက်နိုင်သော စွမ်းအင်ဖြင့် စုစည်းထားသည့် ပိုးခြည်နီတစ်ခုဖြစ်ကြောင်း သေသေချာချာ မြင်နေရသည်။ ၎င်းတို့က လှုပ်ရမ်းနေပြီး မြန်နှုန်းမြင့် ပျံ့နှံ့နေခဲ့သည်။ ၎င်းက ချက်ချင်းပင် ဘာဂျီကို ချေမှုန်းခဲ့ပြီး အကာအကွယ်ဒိုင်းကာကို ဖျက်ဆီးခဲ့သည်။ ၎င်းစွမ်းအားက ကြောက်မက်ဖွယ်ရာကောင်းမှုက သိသာထင်ရှားလှပေသည်။

ချန်လွေ့က [ အလင်းဗုံး ] ကို ချက်ချင်း အသုံးပြုပြီး သူ၏ ပုံရိပ်က လျှပ်စီးသဖွယ် ရှောင်တိမ်းနေခဲ့သည်။ သံကြိုးပေါ်တွင် ကနေသကဲ့သို့ပင်။ [ အလင်းဗုံး ] က တစ်နာရီလျှင် တစ်ကြိမ်သာ အသုံးပြုရပြီး အချိန်အကန့်အသတ် တစ်ခုအတွင်းသာ သူ လျှပ်စီးကဲ့သို့ လှုပ်ရှား၍ရပေသည်။ နှေးသွားသောအခါ ချန်လွေ့က ရှောင်တိမ်းရန် အနည်းငယ် နှေးသွားခဲ့ပြီး မျက်နှာပေါ်တွင် သွေးစက်များ စင်သွားခဲ့သည်။ ငါ့ခန္ဓာကိုယ်ရဲ့ ခုခံမှု စွမ်းအားနဲ့တောင် ဒီပိုးခြည်နီကို မခုခံနိုင်ဘူး။

ပြီးတော့လည်း ပိုးချည်နီက ကြောက်စရာစွမ်းအားတစ်ခု ရှိနေတယ်။ သန့်စင်တဲ့ မီးစွမ်းအား မဟုတ်ဘူး။ ပျက်သုန်းခြင်း ဥပဒေသစွမ်းအား တစ်မျိုးပဲ။ ငါ့ကို ထိသွားတာနဲ့ ငါလည်း ဘာဂျီလိုမျိုး ပျက်သုန်းသွားမှာပဲ။

ဒီလောက် ကြောက်စရာကောင်းတဲ့စွမ်းအား...ဒါက တကယ်ပဲ နတ်ဘုရားပေးထားတဲ့ လက်နက်တစ်ခုလား။

ဧရာမမြွေ၏ နောက်ထပ် တိုက်ခိုက်မှု မရောက်လာခင် အချိန်ကို အခွင့်ကောင်းယူပြီး ချန်လွေ့က လက်ကို ဖြန့်လိုက်ကာ [ အရုဏ်ဦး ပစ်ချက် ] အများအပြားကို ပစ်လွှတ်လိုက်၏။ ဧရာမမြွေကြီးက ထိသွားပြီးနောက် အနည်းငယ် တုန်ခါသွားခဲ့သော်လည်း မထိခိုက်ခဲ့ပေ။ မရဏ ပိုးချည်နီများ ပြန်လည် အသက်ဝင်လာ ပြန်သည်။

ချန်လွေ့က [ အလင်းဗုံး ] ပညာရပ်ကို အသုံးမပြုနိုင်တော့ပေ။ ရိုးစင်းသော ဒိုင်းကာတစ်ခုက သူ့လက်ထဲ ပေါ်ထွက်လာသည်။ ဆက်တိုက် တယ်လီပို့ ခုန်နေစဉ်အတွင်း ချန်လွေ့က လက်ထဲမှ နတ်ဆိုးဒိုင်းမှာ အဆက်မပြတ် တုန်ခါနေကြောင်း ခံစားမိခဲ့ပြီး မခုခံနိုင်သော နေရာများ၌ သွေးစက်များ ပိုမိုများပြားလာခဲ့သည်။ ကံကောင်းစွာပင် ၎င်းတို့က ပြင်ပဒဏ်ရာများသာဖြစ်၏။

နတ်ဆိုးဒိုင်း၏ ခုခံမှုစွမ်းအားက သေချာပေါက် အားကောင်း ပေသည်။ “အကာအကွယ်ဒိုင်း”ကို ချက်ချင်း ဖျက်ဆီးပစ်ခဲ့သော ပိုးခြည်နီက ၎င်းအပေါ်တွင် အရာပင် မထင်စေခဲ့ပေ။ သို့သော်လည်း ချန်လွေ့က လေးလေးနက်နက် ဖြစ်နေသေးသည်။ ထိုအတိုင်းသာ ဆက်သွားမည်ဆိုလျှင် သူက ပို၍ပို၍ နိမ့်ကျလာပေလိမ့်မည်။ မဆင်မခြင် လှုပ်ရှားမိခြင်း သို့မဟုတ် အားအင်ကုန်ခမ်းသွားခြင်းမျိုး ဖြစ်ပါက ဘာဂျီ၏ ခြေလှမ်းအတိုင်း လှမ်းရပေလိမ့်မည်။

ယခင် [ အရုဏ်ဦးပစ်ချက် ] များက ဧရာမမြွေကို မဖျက်ဆီး နိုင်ခဲ့သော်လည်း ဧရာမမြွေက တိုက်ခိုက်သာတတ်ပြီး ခုခံမတတ်ကြောင်း ချန်လွေ့ ခံစားမိသည်။ ထို့ကြောင့် [ အရုဏ်ဦး ပစ်ချက် ] များက ထိခိုက်မှု အတော်များများ ဖြစ်သွားစေခဲ့ သေးသည်။ သူကဧရာမမြွေကို အနိုင်ယူပြီး ထိုကဲ့သို့ ကြောက်စရာနေရာလွတ်၌ လွတ်မြောက်ရန်အတွက် အစွမ်း အထက်ဆုံး တိုက်ခိုက်မှုကို အသုံးပြုလိုက်ရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။

ထိုသို့ တွေးပြီးနောက် ချန်လွေ့က နတ်ဆိုးဒိုင်းကို သိမ်းလိုက်၏။ သူ၏ ခန္ဓာကိုယ်က အလျင်အမြန်ပင် အနီရောင် မီးတော်ကများ တောက်လောင်သွားခဲ့ပြီး နောက်ဘက်၌ ဇာမဏီကဲ့သို့ အနီရောင်အလင်းတောင်ပံတစ်စုံ ပေါ်ထွက်လာ၏။ ထိုတောင်ပံများ ထွက်လာသည်နှင့် အနီရောင်မီးတောက်များ၏ စွမ်းအားက အပြင်းအထန် ပေါက်ကွဲထွက်လုမတတ် ပိုမို၍ အစွမ်းထက်လာခဲ့လေသည်။

နတ်ဘုရားပေးသောလက်နက်က ချန်လွေ့ကို စွမ်းအား စုစည်းခွင့် မပေးခဲ့ပေ။ မရေမတွက်နိုင်သော ပိုးချည်နီများက မရဏ ပိုက်ကွယ်တစ်ခုသဖွယ် ရစ်ပစ်ပြီး ပေါက်ကွဲသွားပြန်သည်။ ထိုအချိန် ချန်လွေ့က တိုက်ခိုက်မှုကြီးတစ်ခု ပြုလုပ်တော့မည့် အချိန်၌ ဖြစ်သည်။ သူက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် နတ်ဆိုးဒိုင်းကို အသုံးပြုနိုင်သည်။ ထို့ကြောင့် သူက ဧရာမ ပိုက်ကွန်ဖြင့် ဖုံးလွှမ်းခံလိုက်ရတော့သည်။

ရုတ်တရက် မြန်နှုန်းမြင့် ပျံ့နှံ့နေသော ပိုးချည်နီများက နေရာလွတ် တစ်ခုလုံး၏ အချိန်စီးကြောင်း ပြောင်းလဲသွား သကဲ့သို့ပင် တန့်သွားခဲ့သည်။ ချန်လွေ့မှလွဲ၍ အရာအားလုံး နှေးကွေးသွားလေသည်။

သို့သော်လည်း ပိုးချည်နီက အလျင်အမြန်ပင် အရှိန်ပြန်ရလာပြီး မြန်လာခဲ့သည်။ ထိုအချိန်၌ ကြောက်မက်ဖွယ်ရာ အငွေ့အသက်ရှိသော အနီရောင် ဧရာမမြွေပုံစံ သားရဲ ဒါဇင်ခန့် ပေါ်ထွက်လာပြီး ဧရာမမြွေကြီးဆီ ချီတက်ကြတော့သည်။

[ မီးသင့်နဂါးဟိန်းသံ ] !

မျက်စိတစ်မှိတ် အတွင်းမှာပင် ပိုက်ကွန်နီနှင့် [ မီးသင့်နဂါး ဟိန်းသံ ] တို့က အချင်းချင်း ဖြတ်သန်းသွားကြသည်။ သူတို့က အချင်းချင်း မည်သည်မှ မသက်ဆိုင်သကဲ့သို့ပင်။

အလင်းတောင်ပံနှင့်လူကို ပိုက်ကွန်နီ ဖြတ်သွားသောအခါ မရေမတွက်နိုင်အောင် အပိုင်းပိုင်း ဖြစ်သွားခဲ့ပြီး မီးသင့်နဂါးလှိုင်းက ဧရာမမြွေကို ဝါးမျိုသွားခဲ့သည်။ နေရာလွတ်တစ်ခုလုံးက တုန်ခါသွားတော့သည်။ နောက်ဆုံး၌ မခံနိုင်တော့ဘဲ ပေါက်ကွဲမှု တစ်ခုနှင့်အတူ ဗလာနတ္ထိ ဖြစ်သွားတော့သည်။

မြင်ကွင်းများက နတ်ဘုရားဝတ်ပြုခန်းမဆီသို့ ပြန်ရောက် လာခဲ့သည်။ ခြောက်ထောင့်ကြယ်အစီအရင်မှ အမှတ်အသားက ငြိမ်းသွားခဲ့သည်။ ထိုအရာက နတ်ဘုရားပေးသော လက်နက် ပျက်စီးသွားသည့်အတွက် ဖြစ်လာသော အလွန်ကြီးမားသည့် တန်ပြန်မှုတစ်ခု ဖြစ်ဟန်တူသည်။ အစောင့်လေးယောက်က ကြမ်းပြင်ပေါ်သို့ လဲကျသွားကြသည်။ သုံးယောက်က အသက်ဓာတ်များ ဆုံးရှုံးသွားပြီး ခန္ဓာကိုယ်များက တဖြည်းဖြည်း ကွယ်ပျောက်လာသည်။ သူတို့ကို အချိန်မရွေး သတ်ပစ်နိုင်၏။

“ဧရာမမြွေ”၏ နိမိတ်ပုံရိပ်က ရှိနေဆဲ ဖြစ်သော်လည်း ပုံရိပ်က တဖြည်းဖြည်း မှိန်ပျလာခဲ့သည်။ အနီးကပ် ကြည့်လိုက်သောအခါ ၎င်းက အနီရောင်အလင်း ဖျော့ဖျော့လေး တောက်ပနေသော ကြာပွတ်တစ်ခု ဖြစ်နေလေသည်။

“အိုး....” ချန်လွေ့၏အသံ ထွက်ပေါ်လာသည်။ ခန္ဓာကိုယ်က မရေမတွက်နိုင်သော “အပိုင်းအစများ”အဖြစ် ပြန့်ကျဲသွား၏။ မဟုတ်ပေ။ အတိအကျပြောရလျှင် ယင်ကောင်များ ဖြစ်လေသည်။ ၎င်းတို့က လူသားအသွင် ပြန်ဖွဲ့စည်းသွားကြသည်။ “ဒါက တကယ်တော့ လက်နက်တစ်ခု မဟုတ်ဘူး။ ပုံရိပ်ယောင်ပဲ။ ခင်ဗျားက ပုံရိပ်ယောင်စွမ်းအားကို အသက်သွင်းဖို့အတွက် အသက် လျို့ဝှက်ပညာရပ်ကို သုံးလိုက်ပြီ။ အခု ကျုပ်က ပုံရိပ်ယောင်ကို ဖျက်ဆီးလိုက်တယ်ဆိုတော့ ခင်ဗျားရဲ့ အသက် မီးတောက်လည်း လုံးဝ ငြိမ်းသွားတော့မှာပဲ။”

အမှန်တကယ်၌ ချန်လွေ့က ထိုကြာပွတ်ကို ကြောက်ရွံ့နေဆဲ ဖြစ်သည်။ ထို“ကြာပွတ်”က သူမြင်ဖူးခဲ့သမျှထဲ၌ ကြောက်စရာ အကောင်းဆုံး လက်နက်များထဲမှ တစ်ခု ဖြစ်၏။ ပုံရိပ်ယောင် တစ်ခုတည်းကပင် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကို အလွယ်တကူ ချေမှုန်းနိုင်နေသည်။ သူက ကျွမ်းကျင်ထားသော အချိန်ဥပဒေသကပင် ၎င်းကို စွမ်းအားကို မထိန်းနိုင်ခဲ့ပေ။ အကယ်၍ သူက နတ်ဘုရားဝါးမျိုမျက်နှာဖုံး၏ [ နတ်ဆိုးယင်ကောင် အသွင်ပြောင်းခြင်း ] စွမ်းရည်ကို အသက်မသွင်းခဲ့လျှင် ထိုကပ်ဘေးမှ လွတ်မြောက်မည် မဟုတ်ဘဲ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပေလိမ့်မည်။

“နတ်သူငယ်-တစ်ပိုင်း ကောင်မလေး ဘယ်မှာလဲ။” ချန်လွေ့က တစ်ဦးတည်း ရှင်ကျန်နေသော လျို့ဝှက်အစောင့်ထံ လမ်းလျှောက် သွားလိုက်သည်။ အတွေးတစ်ချက်ဖြင့် သူက [ နွေဦးပိုင်နက် ] ကို အသက်သွင်းပြီး ရန်သူ၏ သေလုမျောပါး ဖြစ်နေသော အသက်ကို နှေးကွေးစေလိုက်၏။ “ပြောစမ်း။ ကျုပ် ခင်ဗျားကို ကယ်ပေးလို့ရတယ်။”

“ယုံကြည်သူက နတ်ဘုရား၏ ဘုန်းတန်ခိုးအောက်မှာ သေချာပေါက် ပြန်မွေးဖွားလာလိမ့်မယ်။” လျို့ဝှက်အစောင့်၏ အသံက အားနည်းနေသော်လည်း လုံးဝ တက်ကြွနေ၏။

“အော့ခ်နတ်ဘုရားက အိပ်ပျော်နေလား မပျော်နေဘူးဆိုတာ မပြောရအောင်။ သူက မအိပ်ရင်တော့ ဒီလိုမျိုး လူသား တစ်ယောက်ကို အရေးစိုက်မှလား။” ချန်လွေ့၏ သရော်မှုက လျို့ဝှက်အစောင့်၏ခန္ဓာကိုယ်ကို တုန်လှုပ်သွားစေခဲ့ပြီး သူက နောက်ထပ် အသံမပြုတော့ပေ။

ဘာဂျီ သေဆုံးသွားသည့်အတွက် ချန်လွေ့က တမင်တကာပင် နတ်ဘုရားဝါးမျိုမျက်နှာဖုံးကို အသုံးပြုကာ ထိုလျို့ဝှက် အစောင့်အား ရုပ်သေးအဖြစ် ပြောင်းလဲချင်ခဲ့သော်လည်း ထိုသူ၏ ဝိညာဉ်က ကြာပွတ်ပုံရိပ်ယောင်နှင့် ထူးခြားသော အဆက်အသွယ် တစ်ခု ရှိနေဟန်တူသည်။ ယခုတွင် ပုံရိပ်ယောင်က ပြိုလဲသွားပြီး သူ၏ ဝိညာဉ်မီးတောက်က အချိန်မရွေး ငြိမ်းသွားနိုင်၏။ ပြန်လည်ရှင်သန်ခြင်း ဆေးရည်ကပင် ထိရောက်မှု မရှိလောက်ပေ။

ချန်လွေ့က စမ်းကြည့်ရန် ပြင်လိုက်စဉ် အနီးအနားရှိ မတည်ငြိမ်မှုက ပြောင်းလဲသွားကြောင့် ရုတ်တရက် ခံစားလိုက်မိ၏။ ကြာပွတ်ပုံရိပ်ယောင်စွမ်းအားက အလျင်အမြန် ပျောက်ကွယ် သွားခြင်းကြောင့် မူလက ကွယ်ဝှက်ထားသော တစ်စုံတစ်ခု ပေါ်လာဟန်တူလေသည်။

“ရှေးမှော်စာတွေလား။” ချန်လွေ့က ထိုကဲ့သို့ မတည်ငြိမ်မှုနှင့် အတော်လေး ရင်းနှီးနေသည်။ သူ၏မျက်လုံးများက ထိုထောင့်သို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။ “ဟမ့်။ ပုံရိပ်ယောင် တည်ဆောက်ပုံ၊ စစ်မှန်တဲ့အတုခိုးမှု၊ အငွေ့အသက် ဖုံးကွယ်ခြင်း။ လက်စသတ်တော့ ငါမြင်ခဲ့တဲ့ နတ်ဘုရားဝတ်ပြုခန်းမက တကယ့် ခန်းမ မဟုတ်ဘူးပဲကိုး....”

ထိုကဲ့သို့ ရှေးမှော်စာ အခင်းအကျင်းက သာမန် မှော်စက်ဝိုင်း ဆရာသခင် တစ်ယောက်အတွက် အလွန်အမင်း လျို့ဝှက် ဆန်းကြယ်ပြီး လုံးဝ ဖောက်ဖျက်ပစ်နိုင်မည် မဟုတ်ပေ။ သို့သော် ရှေးမှော်စာကို လေ့လာထားခဲ့သော ချန်လွေ့အတွက် ၎င်းတို့က အခြေခံများသာဖြစ်ပြီး သူ့ထက် အတော်လေး အဆင့်နိမ့်ပေ၏။

ဖုံးကွယ်ပြီး ပုံရိပ်ယောင် ဖန်တီးထားသော ရှေးမှော်စာကို ပယ်ဖျက်ရန် သိပ်မကြာခဲ့ပေ။ နတ်ဘုရားဝတ်ပြုခန်းမက သရုပ်မှန် ပြလာတော့သည်။

ချန်လွေ့ ပထမဆုံး မြင်တွေ့ရသည်မှာ သူ့အရှေ့မှ ပြောင်းလဲမှုများပင်။ မည်သည့် အော့ခ်နတ်ဘုရား ရုပ်ထုမှ ရှိမနေဘဲ ရုပ်ကြွပန်းပုအချို့သာ ရှိနေသည်။ အတိအကျပြောရလျှင် အလွှာ ၃ခု ရှိနေ၏။ ထိုရုပ်ကြွပန်းပုများက ယုံကြည်မှုအငွေ့အသက်ကို ဖံုးကွယ်ထားသော်လည်း သူတို့ကို ထူးဆန်းသော စွမ်းအား တစ်ခုက ဖုံးကွယ်ထားပေသည်။ မှုန်မှိုင်းပြီး ချောက်ချားဖွယ် ဖြစ်နေသော ရုပ်ကြွပန်းပုများ၏ မျက်နှာ အစစ်အမှန်ကို မြင်နိုင်ရန် မဖြစ်နိုင်ပေ။

ထိုကဲ့သို့ ရင်းနှီးသော မြင်ကွင်းမျိုးက ချန်လွေ့ကို ထိတ်လန့် သွားစေခဲ့သည်။ အနက်ရောင်ဝတ်ရုံနှင့် သတ္တုမျက်နှာဖုံး ဝတ်ထားသော လျို့ဝှက်အစောင့်(၄)ယောက်ကို တွေးမိလိုက်ပြီး သူက ချက်ချင်းပင် တုံ့ပြန်လိုက်၏။ လျို့ဝှက်ဆန်းကြယ်တဲ့ ဘာသာရေးဂိုဏ်း။ မရဏနက် နောက်လိုက်ပဲ !

All Chapters