မရဏာ၏ အတိတ် (၂)
Vol. 132 Ch. 1843
သူ့ကို ပျော်အောင်လုပ်ရမယ်ဟုတ်လား။ ဒီလိုမကောင်းဆိုးဝါးအိုကြီးကို ပျော်အောင် ဘာကများလုပ်နိုင်မှာလဲ။
ရှီမာယူယူသည် ခေါင်းကိုက်သွားသည်။
“အရှင် သူမကို ဘယ်နေရာမှာ စီစဉ်ပေးရမလဲ” ဟွမ် မေးလေသည်။
“ဒီလိုမျိုး ချစ်စရာကောင်းတာလေးကို ငါ့ခြံဝန်းမှာပဲ စီစဉ်ပေးလိုက်” ဟေးဒီးစ်သည် လက်ဆန့်ထုတ်ကာ ရှီမာယူယူ၏ ဆံပင်ကို ပုတ်လိုက်သည်။
ရှီမာယူယူသည် ခေါင်းတိမ်းကာ သူ၏လက်ကိုရှောင်ပြီး ပြောလိုက်သည် “ရှင့်ကိုယ်ရှင် နှာဘူးအိုကြီးလိုလို ဖြစ်အောင် မလုပ်စမ်းပါနဲ့”
“နှာ.. နှာဘူးအိုကြီး ဟုတ်လား”
ဟေးဒီးစ်တင်မကဘဲ ထိုနေရာတွင် ရှိနေသောလူများအားလုံး မျက်လုံး ပြူးကျယ်သွားသည်မှာ ပြုတ်ကျမတတ်ပင်ဖြစ်နေသည်။
“ငါ့ကို ဘယ်သူမှ အဲလိုမပြောဖူးဘူး… မင်းရဲ့ ဘိုးဘေးကြီးတောင် မရဘူး” ဟေးဒီးစ်၏ အေးစက်သောမျက်နှာသည် အနည်းငယ် ကြောက်မက်ဖွယ် ကောင်းနေသည်။
ရှီမာယူယူသည် အံ့ဩသွားကာ သူ့မျက်လုံးကို စိုက်ကြည့်လိုက်သည် “ကျွန်မက အမှန်အတိုင်းပြောတာပါ… ရှင့်ကိုယ်ရှင် နှာဘူးအိုကြီးဖြစ်အောင် မလုပ်နဲ့လို့ပဲပြောတာ ရှင်က နှာဘူးအိုကြီးလို့မပြောဘူး… ရှင်သာ အဲလို အပြုအမူတွေမလုပ်ရင် အဲလိုစဉ်းစားစရာအကြောင်းမရှိဘူးလေ”
“ဟားဟား ငါ ဒေါသထွက်ရင် မင်းကိုသတ်လိုက်မှာကို မကြောက်ဘူး လား”
“ရှင်က ဒီမှာ နှစ်တွေအများကြီး တစ်ယောက်တည်း နေလာတာ… နောက်ဆုံးတော့ အပြင်လူရောက်လာပြီလေ… ရှင် ကျွန်မကို အလွယ်တကူ မသတ်ပါဘူး” ရှီမာယူယူသည် ယုံကြည်ချက်ရှိရှိ ပြောလေသည်။
“မင်းက ယုံကြည်ချက်ရှိလွန်းနေတာပဲ” ဟေးဒီးစ်သည် ဒေါသပြေသွား ကာ သူ၏အရင်ပုံစံအတိုင်း ပြန်ဖြစ်သွားသည်။ သို့သော် သူ၏ အသက်ရှုသံမှာ အရင်ကထက် ပိုအေးစက်သွားသည်ကို ရှီမာယူယူ ခံစားရသည်။ သူမ၏ စကား များသည် သူ့ကိုမပျော်မရွှင်လုပ်လိုက်မိသလိုပင် “မင်းကို ဒီတစ်ခါတော့ သက်ညှာပေးလိုက်မယ်… ငါ ထပ်ပြီး ဒေါသထွက်ရင် မင်းဘယ်သူပဲဖြစ်ဖြစ် မင်းရဲ့ ဘိုးဘေးကြီးက ဘယ်သူပဲဖြစ်ဖြစ် မင်းကို ငါ သတ်မယ်”
“ရှင်က ကျွန်မ ဘိုးဘေးကြီးကို သိလို့လား” ရှီမာယူယူ မေးလိုက်သည်။
“ကိုးခုမြောက် မရဏာမျိုးနွယ်… မရဏာလောကရဲ့ တစ်ခုတည်းသော ဒုတိယမျိုးနွယ် တစ္ဆေလောကရဲ့ အုပ်စိုးရှင်အဟောင်းပဲ” ဟေးဒီးစ် ပြောလေ သည် “မင်းနောက်ကျောက ကြာပန်းနက်က ပွင့်တော့မယ်…”
ရှီမာယူယူသည် သူမ၏ ကျောပြင်ကို လက်နှင့်ထိမိသည်။ ကျောပြင်မှ ကြာပန်းနက်သည် အနည်းငယ် ပူလာသလိုပင်။
“တကယ်ပဲ မကောင်းဆိုးဝါးအိုကြီးပဲ… သူ့ကို ဘာမှဖုံးကွယ်ထားလို့မရ ဘူး”
“စိတ်ထဲမှာ အတင်းပြောမနေနဲ့… သူမကို အိမ်တော်ဆီခေါ်သွားလိုက်” ဟေးဒီးစ်သည် ပြောပြီးသည်နှင့် အားလုံး၏ ရှေ့မှ ပျောက်ကွယ်သွားလေသည်။
“မင်း… ငါနဲ့လိုက်ခဲ့” ဟွမ် လှည့်ထွက်သွားသညသ်နှင့် ရှီမာယူယူသည် အမြန်ပင် နောက်မှလိုက်သွားလိုက်သည်။
“ရှင့် နာမည် ဘယ်လိုခေါ်လဲ”
“ဟွမ်”
“ဘယ်တစ်ခုရဲ့ ‘ဟွမ်’ လဲ”
“ရက်စက်ကြမ်းကြုတ်တယ်ဆိုတဲ့ ‘ဟွမ်’ ပဲ”
“အဲဒါက… အင်း… တကယ်ကို… ထူးခြားတာပဲ”
ဟွမ်သည် သူမကို ကြည့်ပြီး ဘာမှထပ်မပြောတော့ဘဲ သိပ်မဝေးကွာ သော နန်းတော်ဆီသို့ ခေါ်သွားလေသည်။
ထိုအိမ်သည် နန်းတော်ဟု ခေါ်ဆိုသော်လည်း နန်းတော်နှင့်မတူဘဲ ဆန့်ကျင်ဘက်ဖြစ်ကာ အလွန်သေးငယ်ပြီး သနားစရာကောင်းသည့် ခြံဝန်း တချို့သာဖြစ်သည်။ သာမာန်နောက်ခံရှိသော မိသားစုတွင်သာ ဤကဲ့သို့ ခြံမျိုး ရှိလိမ့်မည်။
“ရှင်တို့ အရှင်က ဒီလိုခြံဝန်းသေးသေးလေးမှာ နေတာလား” ရှီမာယူယူ မေးလိုက်သည်။
“ငါ့အရှင်က နေရာ အကြီးကြီးတွေမှာ နေရတာကို မကြိုက်ဘူး” ဟွမ် ပြောလေသည် “အဲဒါက ပိုပြီး အထီးကျန်စေတယ်”
ရှီမာယူယူ သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။ တစ်ယောက် တည်းရှိနေချိန်တွင် အိမ်ကကြီးနေပါက လူကိုပို၍အထီးကျန်စေသည်။
ဟွမ်သည် သူမကို ချောင်အကျဆုံးခြံဝန်းဆီသို့ ခေါ်သွားပြီး ခြံဝန်းတံခါး ရှေ့တွင် ရပ်ကာ ပြောလိုက်သည် “မင်း ဒီမှာနေရမယ်”
ရှီမာယူယူသည် အကဲခတ်ကြည့်လိုက်သည်။ ကံကောင်းစွာပင် ခြံဝန်း သည် သေးငယ်သော်လည်း နန်းတော်ဖြစ်နေသေးသဖြင့် အထဲမှ အပြင်အဆင် မှာ ကောင်းလှသည်။
ဟွမ်သည် ထိုစကားပြောပြီးနောက် ဘာမှထပ်မပြောတော့ဘဲ ထွက်သွား လေသည်။
ရှီမာယူယူသည် ခြံဝန်းထဲသို့ ဝင်သွားပြီး နေထိုင်ရန် တွေ့သည့်အခန်းကို သာရွေးလိုက်ကာ ယနေ့ကိစ္စများကို စတင်စဉ်းစားတော့သည်။
သိသာစွာပင် သူမသည် ယခု ဤနေရာတွင် ပိတ်မိသွားလေပြီ။ သူမ ဤနေရာတွင် မနေလိုသဖြင့် ဟေးဒီးစ်သည် သူမကို စိတ်ဝင်စားနေသည်။ ကစားစရာ အရုပ်အသစ် တစ်ရုပ်ရလိုက်သလို ဖြစ်နေသည်။
သို့သော် ယခုအချိန်တွင် ထွက်သွားရန် မည်မျှပင် ပြောစေကာမူ သူ သဘောတူမည်မဟုတ်ပေ။ ထို့ကြောင့် လက်ရှိတွင် ဤနေရာတွင်သာ နေကာ တခြားနည်းလမ်းကို စဉ်းစားရမည်။
“အိုး ငါ မကောင်းဆိုးဝါးအိုကြီးကို ဘယ်လို ပျော်အောင်လုပ်ရမှာလဲ” သူမ သည် အနည်းငယ် ရင်နာမိသည်။ ပုံမှန်အားဖြင့် ဤကဲ့သို့ တစ်ကမ္ဘာမျှ ကြာ လောက်သည်အထိ အသက်ရှင်လာသော မကောင်းဆိုးဝါးမျိုးတွင် ထူးဆန်း သည့် အကျင့်ရှိတတ်သည်။ သူ့ကို ပျော်အောင်လုပ်ရန်မှာ အမှန်တကယ်ပင် ခက်ခဲလှသည်။ ထို့ကြောင့် သူ့ကို လှည့်စားနိုင်မည့် နည်းလမ်းကို သေချာ စဉ်းစားရမည်။
နောက်ရက်အနည်းငယ်တွင် အားလုံးသည် သူမကို မေ့သွားသည်နှင့်တူ သည်။ သူမကို ဂရုစိုက်သည့်လူမရှိပေ။ သူမ ထွက်သွားချင်သော်လည်း ဟေးဒီးစ်၏ အမိန့်မရှိဘဲ ထွက်သွားခွင့်မရှိဟု ဆိုသည်။ ထို့ကြောင့် သူမသည် နန်းတော်အတွင်း၌သာ အချိန်ကုန်ဆုံးရတော့သည်။
ဟေးဒီး၏ နန်းဆောင်သို့ အတန်ကြာလမ်းလျှောက်ရသည်။ ပြီးနောက် လုပ်စရာမရှိတော့ပြန်ပေ။
ဝိညာဉ်စေတီမှာ ထိခိုက်ထားသဖြင့် ချိတ်ပိတ်သွားလေပြီ။ တခြားသာ သားရဲများသည် မေ့မြောနေကာ အမည်းလေးနှင့် မီအာသာ နိုးနေသည်။ မီအာ သည် မရဏာလောကကို စိတ်ဝင်စားသည်။ ထို့ကြောင့် သူမနှင့် အမည်းလေး ကို နန်းတော်ထဲတွင် ထားခဲ့ကာ တိတ်တိတ်လေး အပြင်ထွက်ပြီး သွားကစား သည်။
သူမသည် အမည်းလေးကို အတန်ကြာစပြီးသည်နောက် ပျင်းလာပြန် သည်။ ဟေးဒီးစ်သည် သူမကို ဤနေရာတွင် ပိတ်ထားရသည့် အကြောင်း အရင်းကို သူမ မသိတော့ပေ။
သူမသည် ဝိညာဉ်စေတီအကို လှည့်ပတ်ကြည့်လိုက်ရာ ပါဝင်ပစ္စည်း တချို့မှလွဲပြီး အရာအားလုံးမှာ ချိပ်စည်းပိတ်ခံထားရသဖြင့် ပါဝင်ပစ္စည်းတချို့ ထုတ်ကာ စားရတော့သည်။ ကံကောင်းစွာပင် တချို့သော အိုးများ ဒယ်ပြားများ ကို လိုလိုမယ်မယ်မှော်ဝင်လက်စွပ်အတွင်း ထည့်ထားမိခဲ့သည်။
သို့သော် ပစ္စည်းများ အသင့်ဖြစ်သွားချိန်တွင် ထပ်မံစိတ်ပူစရာ ပေါ်လာ ပြန်သည်။
မီးတောက်မရှိပေ… သူမ ဒီဆန်ကို ဘယ်လိုသွားချက်ရမလဲ။
သူမသည် သားရဲ၏မီးတောက် သို့မဟုတ် ဝိညာဉ်စွမ်းအားမှ ဖြစ်လာ သော မီးတော်ကို သုံးလေ့ရှိသည်။ ယခုသူမတွင် ဝိညာဉ်စွမ်းအင်မရှိတော့ပေ။ သူမ၏ သားရဲများမှာ သတိမေ့နေကာ ဝိညာဉ်စေတီထဲတွင်လည်း ထင်းချောင်း မရှိပေ။
စဉ်းစားတွေးတောပြီးနောက်တွင် သူမသည် အစောင့်များဆီသို့သွားကာ ထင်းချောင်းများကို ရှာခိုင်းရသည်။
အစောင့်သည် ခေတ္တမျှ တွေဝေပြီးနောက် သူမ၏ တောင်းဆိုချက် အကြောင်းကို ဟွမ်အား သွားသတင်းပို့သည်။ ဟွမ် ထင်ချောင်းများနှင့် ရောက် လာချိန်တွင် သူမသည် ယာယီမီးဖိုကို တည်ဆောက်ပြီးဖြစ်ကာ ပါဝင်ပစ္စည်း များကို စောဒကတက်သည် “မရဏာလောက ဘယ်လောက် ကောင်းကြောင်း ကို ကျွန်မကို ပြချင်နေတာမဟုတ်ဘူးလား… အခုတော့ ဘာအရိပ်အယောင်ကို မှ မမြင်မိပါဘူး”
“ထင်းချောင်းကို ဘာလို့ရှာတာလဲ” သူ မေးလိုက်သည်။
ရှီမာယူယူသည် သူ့ကြောင့် လန့်သွားကာ လှည့်ပတ်ကြည့်ပြီးနောက် သူ့ ကို စိုက်ကြည့်လိုက်သည် “တခြားသူတွေကို အဲလိုသွားမပြောနဲ့ လန့်သွားလိမ့် မယ်”
သူမတွင် ဝိညာဉ်စွမ်းအင်မရှိပေ။ သူမ၏ အာရုံမှာလည်း ကန့်သတ်ခံထား ရသဖြင့် တစ်ယောက်ယောက်လာလျှင်တောင် သတိထားမိမည်မဟုတ်ပေ။ ဟွမ်၏ အားနှင့်တွဲလိုက်လျှင် သူမ၏ အရင်အားအဆင့်နှင့်တောင် သူနှင့် ယှဉ် နိုင်မည်မဟုတ်ပေ။
ဟွမ်သည် သူမကို လျစ်လျူရှုပြီး ဆောက်လုပ်ထားသည့် မီးဖိုကိုကြည့် ကာ မေးလိုက်သည် “ဘာလုပ်မလို့လဲ ဒါက ဘာကြီးလဲ”
“ယာယီမီးဖိုလေ ချက်ပြုတ်ဖို့” ရှီမာယူယူ ပြောလိုက်သည် “ထင်းချောင်း သုံးပြီး မချက်ပြုတ်ရတာတောင် တော်တော်ကြာနေပြီ… အဲဘက်မှာ အရည်အချင်းရှိသေးရဲ့လားတောင် မသိတော့ဘူး… ဒီမှာပဲ ထားခဲ့ပေးပါ ကျေးဇူးတင်ပါတယ်”
ဟွမ်သည် ထိုအစောင့်နှစ်ယောက်ကို စိုက်ကြည့်လိုက်ရာ သူတို့သည် မီးဖိုဘေးတွင် ထင်းချောင်းများထားပြီး ထွက်သွားလေသည်။
ရှီမာယူယူသည် ထင်းချောင်းတစ်ခုကို ကောက်ကိုင်ပြီး ဟွမ်ရှေ့သို့ ဆန့် ထုတ်ပေးပြီး ပြောလိုက်သည် “မီးမွှေးလိုက်”
ဟွမ်သည် သူမ၏ ကြည်လင်နေသော မျက်လုံးများကို ကြည့်လိုက် သော်လည်း သူမ၏ အတွေးကို မသိတော့ပေ။ ရှီမာယူယူ နောက်တစ်ဖန် ပြန် ဆန့်ထုတ်ပေးသည်ကို မြင်သောအခါ ထင်းချောင်းကိုကြည့်လိုက်သည်နှင့် မီးစွဲ သွားလေသည်။
“မိုက်လိုက်တာ” ရှီမာယူယူ သက်ပြင်းချမိသည်။ သူမသည် မီးစွဲနေသော ထင်းချောင်းကို မီးဖိုဆီသို့ ယူသွားပြီး စတင်ချက်ပြုတ်တော့သည်။
ဟွမ်သည် သူမကို ဆက်တိုက် ကြည့်နေသည်။ သူမ ချက်ပြုတ်ပြီး မြည်းစမ်းလိုက်၊ သီချင်းညည်းလိုက်နှင့် တစ်ခါတရံ အမည်းလေးကို အသားများ ဖြင့် စနောက်နေသည်ကို သူ စောင့်ကြည့်နေခဲ့သည်။
သူမ ပြီးစီးသည်နှင့် အမည်းလေးကို အများစုကျွေးလိုက်သည်။ ခြံဝန်းထဲ တွင်ရှိနေသေးသော ဟွမ်ကို ကြည့်ပြီး သူမ မေးလိုက်သည် “ရှင်ရော တစ်ခုခု စားချင်သေးလား”
“မင်းက ဒီစားဖို့သောက်ဖို့အတွက်နဲ့ အဲလောက် စွမ်းအင်တွေ အများကြီး သုံးတာလား” ဟွမ်သည် မလှုပ်မယှက်ရပ်နေဆဲပင်။
“ရှင်တို့ အရှင်ကြီးက ထွက်မလာသလို ကျွန်မလည်း ထွက်သွားလို့မရဘူး ကျွန်မသာ လုပ်စရာတစ်ခုခုမရှာရင် မွန်းကြပ်လွန်းလို့သေတော့မယ်” ရှီမာယူယူ ပြောလိုက်သည်။
“မင်းက ငါ့ကို စောဒကတက်နေတာလား” ဟေးဒီးစ်သည် ခြံဝန်းထဲတွင် ရုတ်တရက်ပေါ်လာကာ သူမ ချက်ပြုတ်နေသည်ကို မြင်သောအခါ ပြောလိုက် သည် “ကြည့်ရတာ မင်းက အချိန်ကောင်းတွေ ပိုင်ဆိုင်နေတာပဲ”
ကြည့်ရသည်မှာ သူမကို လျစ်လျူရှုသည့် နည်းလမ်းသည် အသုံးမဝင် သည့်ပုံပင်။ အစက သူမကို စိတ်ပျံ့လွှင့်အောင်မလုပ်ဘဲ ကျင့်ကြံခြင်းကို ခွင့်ပြု လိုက်ပါက သူမ ထွက်မသွားနိုင်ဟု ထင်ထားခဲ့မိသည်။
သူမသည် ငါးစာကို မဟပ်မိသည့်ပုံပင်။
***