မရဏာ၏ အတိတ် (၃)
Vol. 132 Ch. 1844
ရှီမာယူယူသည် သူ့ကိုကြည့်ပြီး လက်ထဲမှဟင်းကို မြှောက်ပြပြီး မေး လိုက်သည် “ရှင့်ကို စောဒကမတက်ရဲပါဘူး… နည်းနည်းလောက် စားဦးမလား”
“ဒါကဘာလဲ” ဟေးဒီးစ်မေးလိုက်သည်။
“ကျွန်မ ချက်ထားတဲ့ဟင်းလေ” ရှီမာယူယူ ပြောလိုက်သည် “ရှင်က ဘာ ကိုမှစိတ်မဝင်စားဘူးလို့ ထင်တယ်… အမည်းလေး မင်းဝေစုမင်း စားပြီးသွား ရင် ငါ့ဝေစုကို လာလုမစားနဲ့တော့”
အမည်းလေးသည် သူမ၏ ဝေစုကို ခိုးလုမည်အပြုတွင် လူမိသွားသဖြင့် လက်ပြန်ရုတ်ကာ နောက်တစ်ပန်းဆီသို့ ပြန်ရောက်သွားသည်။
ဟေးဒီးစ်သည် အမည်းလေးဘက်သို့ လှည့်ကြည့်ပြီး မျက်ခုံးကို ပင့်ကာ ပြောလိုက်သည်။ “မင်းဘးမှာ နတ်ဆိုးသွေးသားရှိနေတာလား… ကျွတ် ကျွတ် သူက မိုးကြိုးမှန်ပြီး အားအင်ကိုချိပ်ပိတ်ခံထားရလို့ အမှောင်ရောဂါစွဦသွားတာ သူ့ကို ဆေးဖက်ဝင်ပစ္စည်းတွေ အများကြီးပေးမှ သက်သာလာမှာပဲ”
“ဘယ်လောက် ကျွေးဖို့လိုလဲ”
“အများကြီး” ဟေးဒီးစ်သည် ပြုံးပြီး ပြောလေသည် “မင်း ဒီမှာနေရင် မင်း ကို အဆုံးမရှိတဲ့ ဆေးဖက်ဝင်စ္စည်းတွေကို ပေးမယ်၊ သူ့ရဲ့ အမှောင်ရောဂါကို ပြန်ကုပေးမယ်လို့ ငါ ကတိပေးတယ်… ဘယ်လိုလဲ”
“ရှင်လိုချင်ရင် ရှင့်ကိုပေးမယ်လေ… ဘယ်လိုပဲဖြစ်ဖြစ် ဖိအားပေးပြီး စာချုပ်တည်ထောင်တာက အကူအညီမဖြစ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
ဟေးဒီးစ် “…”
အမည်းလေးသည် ဝမ်းနည်းသွားကာ သူမ၏ စကတ်ကို ကိုက်ပြီး သူမ၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်နေသည်။
“အရိုးသာ သွားစားလိုက်” မီအာသည် အပြင်မှပြန်လာပြီး အမည်းလေး၏ အပြုအမူကိုမြင်သောအခါ မတတ်သာစွာဖြင့် မျက်လုံးလှိမ့်မိသည်။
“ဒါကရော ဘာကြီးလဲ” ဟေးဒီးစ်သည် မီအာကိုကြည့်လိုက်သည် “ကောင်းကင်နဲ့ မြေကြီးကြားမှာ မွေးဖွားလာတဲ့ဟာတွေက မင်းဘေးမှာ တော်တော်များတာပဲ… ကျွတ် ကျွတ် မင်းက အရမ်းကံကောင်းလို့ပဲ စောစော သေတာဖြစ်မယ်”
ရှီမာယူယူ အံ့အားသင့်သွားသည်။ သူ ဒါကို ဘယ်လိုမြင်နိုင်တာလဲ။
“ဒီအရှင့်နောက်လိုက်ပြီး လောကတချို့ကိုသာ ဖြတ်ကျော်လိုက်… ဘယ်လိုလဲ မင်းရဲ့ ရင်ထဲထိသွားပြီလား” ဟေးဒီးစ်သည် သူမကို ဖြားယောင်း လေသည်။
သူသည် ပုံမှန်အတိုင်းမပြောဘဲ အချိန်တိုင်းတွင် ဖြားယောင်းနေသည်ကို ရှီမာယူယူ မြင်သည်။ သူမသည် သူနှင့် စကားအပိုပြောရမည်ကိုပင် ပျင်းရိလာ ကာ စားပွဲတွင်ထိုင်ပြီး တူကောက်ကိုင်ကာ စားတော့မည်ပြုသည်။ သို့သော် သူမ တူကိုင်ပြီး ဟင်းကောက်မယူခင်မှာပင် ရှေ့တွင်ရှိသည့် ပန်းကန်သည် ပျောက်သွားလေသည်။
“ငါလည်း စားကြည့်တာပေါ့” ဟေးဒီးစ်သည် သူမနှင့် မျက်နှာချင်းဆိုင် တွင်ထိုင်ပြီး တူထုတ်ကာ စတင်စားတော့သည်။
ထို့ကြောင့် အချိန်အတန်ကြာ ချက်ပြုတ်ပြီးသည့်အထိတွင် သူမသည် တစ်လုတ်မှ မစားရသေးပေ။
သူသည် စားသောက်ပြီးသည်နှင့် ဟွမ်ကမ်းပေးသော ပုဝါကိုယူပြီး သူ၏ ပါးစပ်ထောင့်ကိုသုတ်ကာ ထုတ်ပြောလေသည် “အောင်တယ်” သူမသည် ဒေါသအလွန်ထွက်သွားကာ သူ့ကို ထပြီးရိုက်ချင်မိသည်။
သို့သော် သူမ၏ အခြေအနေကို စဉ်းစားကြည့်ပြီးနောက် သည်းခံလိုက်ရ သည်။
“မင်းက ဒီမှာ ပျင်းနေမှတော့ မရဏာလောကကို ငါ ခေါ်သွားပြပေးမယ်”
သူ ပြောပြီးသည်နှင့် ရှီမာယူယဓသည် တစ်စုံတစ်ရာ၏ ဖမ်းခေါ်ခံရသလို ခံစားရပြီး နေရာမှ ပျောက်ကွယ်သွားလေသည်။
နောက်နှစ်အနည်းငယ်ကြာသည်အထိ ဟေးဒီးစ်သည် မရဏာလောက ကို ပတ်ပြပေးပြီး သူမကို နေထိုင်ရန် ဖြားယောင်းသည်။ သို့သော် နောက်ဆုံး တွင်တော့ သူမ၏ လွှမ်းမိုးမှုကိုသာ ခံလိုက်ရလေသည်။ သူမ စိတ်မပြောင်းနိုင် သည်ကိုမြင်သည်နှင့် သူ နောက်ဆုတ်ကာ သူမကိုထွက်သွားခွင့်ပေးလိုက်ရ တော့သည်။
“ငါတို့ အလောင်းအစားလုပ်ရင်ရော ဘယ်လိုလဲ” ဟေးဒီးစ် မေးလိုက် သည်။
“ဘာကို အလောင်းအစားလုပ်ချင်တာလဲ”
“မင်းက မင်းကြုံတွေ့ရမယ့် ဘယ်အရာကိုမဆို လက်မလျော့နိုင်ဘူးလို့ ပြောခဲ့တယ်နော်… မရဏာလောကနဲ့ပတ်သက်တဲ့ မင်းရဲ့ မှတ်ဉာဏ်တွေကို ငါ ချိပ်ပိတ်မယ်… ၁၀ နှစ်အတွင်းကို မင်းမှတ်ဉာဏ်တွေ ပြန်ရရင် မင်းကို မရဏာ လောကမှာ နေဖို့ ငါ မင်းကို ဖိအားမပေးတော့ဘူး… အဲအချိန်ထိ မင်း မမှတ်မိ ဘူးဆိုရင်… ငါနဲ့အတူ မရဏာလောကကို ပြန်လိုက်ရမယ် ဘယ်လိုလဲ”
“ဟုတ်ပြီလေ”
“မင်းက ဒီလောက် မြန်မြန်ကြီးသဘောတူတာ… စဉ်းစားဖို့လိုသေးတာ မဟုတ်ဘူးလား”
“မလိုဘူး ကျွန်မက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတယ်” ရှီမာယူယူသည် သူ့ကိုကြည့်ပြီး လေးနက်သော အသံနေအသံထားဖြင့် ပြောလေသည် “ကျွန်မ ရှင့်ကိုရော မရဏာလောကကိုရော မမေ့ဘူး… ကျွန်မလုပ်စရာရှိတာကို မမေ့ သလိုမျိုးပေါ့”
ဟေးဒီးစ်သည် နှုတ်ခမ်းတွန့်ပြီး ပြုံးလိုက်သည်။ သို့သော် သူသည် ပျော်သွားခြင်းမဟုတ်ဘဲ စိတ်ပျက်သွားခြင်းဖြစ်သည်။
“အဲလိုဆိုမှတော့ သွားကြတာပေါ့” သူသည် လက်ဆန့်ထုတ်ပြီး သူမ၏ ခေါင်းကိုထိလိုက်ရာ အလင်းခပ်ဖျော့ဖျော့သည် သူမ၏ ခေါင်းထဲသို့ဝင်သွား လေသည်။ သူမ သတိရှိနေသည့်အချိန်၌ပင် သူ လေဟာပြင်ဝင်ပေါက်ဖွင့်ပြီး သူမကို တွန်းထည့်လိုက်သည်။
…
တယွိမြို့တော်အပြင်ဘက်တွင် ရှီမာယူယူနှင့် ဟွမ်တို့သည် မရဏာလော ကမှကိစ္စများကို ပြန်တမ်းတနေကြသည်။
“သခင်မလေးရဲ့ စိတ်ကိုပြောင်းလဲဖို့ မအောင်မြင်လိုက်တာကို အရှင်က အမြဲတမ်း နောင်တရနေတာ”
“ဒါပေမဲ့ သူက သဘောကောင်းတဲ့ မကောင်းဆိုးဝါးအိုကြီးပဲ… ငါ မလုပ် ချင်တာကို အတင်းဖိအားမပေးဘူး” ရှီမာယူယူ၏ ဟေးဒီးအပေါ် ခံစားချက်မှာ လည်း တိမ်နက်ခြင်းမရှိပေ “ငါက မရဏာလောကမှာ မကျင့်ကြံပေမဲ့ အဲဒီမှာ တွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေက ငါ့အတွက် အရေးကြီးတာပါပဲ… ရှင်တို့ အားလုံးနဲ့တွေ့ရတာ ဝမ်းသာပါတယ်”
သူသည် ဟွမ်ဆီသို့ ဝိုင်ခွက်မြှောက်ပြီး ဂုဏ်ပြုသည်။
ဟွမ်သည် ပြုံးပြီးနောက် သူမ၏ ခွက်နှင့် သူ့ခွက်ကိုတိုက်လိုက်သည်။
“ဒါနဲ့ အိပ်ဆောင်စကြာဝဠာသေတ္တာကို ရှင်ပို့လိုက်တာလား” ရှီမာယူယူ မေးလိုက်သည်။
“ဟုတ်တယ် သခင်မလေး လိုမယ်ဆိုတာကို အရှင်ကသိနေတာ”
“အရင်ကတော့ မသိခဲ့ဘူး… ဒါပေမဲ့ အခုက အကုန်မှတ်မိနေပြီဆိုတော့ အဲဒါက အံ့ဖွယ်မှော်ပစ္စည်းဆိုတာ သိသွားပြီ… စောစောကသာသိရင် လျှောက် ပတ်ရှာနေစရာမလိုတော့ဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ အဲလောက် ကောင်းတဲ့ပစ္စည်းကို ဝိညာဉ်စေတီအတွက်သုံးလိုက်ရင် အရမ်း ချဲ့ကားမလွန်း ဘူးလား”
“အရှင့်အတွက် ပစ္စည်းတွေကိုချွေတာဖို့ လိုလို့လား” ဟွမ် မေးလိုက် သည်။
“ဟုတ်တယ်” ရှီမာယူယူသည် ရုတ်တရက် တစ်စုံတစ်ရာကို မှတ်မိသွား သည့်ပုံပင် “အဲလိုဆိုရင် ငါ့အားတွေ တိုးလာရင် ဝိညာဉ်လေးနဲ့ ပေါင်းစပ်လိုက် မယ်”
“ကောင်းတယ်”
“အခုတော့ ငါ့မှတ်ဉာဏ်တွေ ပြန်ကောင်းအောင်လုပ်ရဦးမယ် ရှင် ပြန်သွားတော့မှာလား” ရှီမာယူယူ မေးလိုက်သည်။
“မသွားဘူး ဒီမှာပဲနေပြီး သခင်မလေးကို ကာကွယ်ဖို့ အရှင်က အမိန့်ပေး ထားတယ်” ဟွမ် ပြောလိုက်သည်။
“ဒါဆိုလည်း ရှင်ထွက်လာခဲ့လိုက်တော့လေ တစ်ချိန်လုံး လေဟာနယ်ထဲ မှာနေဖို့မလိုပါဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်ပြီ”
ဟွမ်သည် အရင်ကကဲ့သို့ လျှို့ဝှက်သက်တော်စောင့် မလုပ်ရတော့ဘဲ ပွင့်လင်းမြင်သာစွာ သူမနောက်လိုက်ရတော့မည်ဖြစ်သဖြင့် ပျော်သွားလေ သည်။ သည်လိုဆိုလျှင် သူမအနားတွင် ကာကွယ်သည့်လူရှိနေသည်ကို တခြား သူများ သိသွားပေမည်။
သူတို့နှစ်ယောက်သည် ညဥ့်နက်သည်အထိ စကားပြောကြသည်။ အပြင် တွင် တစ်ယောက်ယောက်ရှိသည်ဟု ခံစားရသည်နှင့် အတားအဆီးပြုလုပ် လိုက်ကြသည်။ ပြီးနောက် ဟွမ်သည် သူမကို ခြံဝန်းဆီသို့ ပြန်လိုက်ပို့သည်။
“အဖေ သမီးကို ရှာလား” သူတို့ ခြံဝန်းဆီသို့ပြန်ရောက်ချိန်တွင် တံခါး လာခေါက်သော မုရုန်ဟွေ့နှင့်တွေ့လေသည်။
“သမီးက အထဲမှာမဟုတ်ဘူးလား ဒါက….” ရှီမာယူယူနှင့် ဘေးချင်းယှဉ် လျက်ရှိနေသော ဟွမ်ကိုမြင်သောအခါ မုရုန်ဟွေ့သည် ချက်ချင်းပင် သူမကို စိုးရိမ်တကြီးကြည့်လေသည်။
“သူက သမီးသူငယ်ချင်း ဟွမ်ပါ… ခုနက သူနဲ့အပြင်သွားလိုက်တာပါ” ရှီမာယူယူ ပြောလိုက်သည်။ “အဖေ သမီးကို ဘာလို့ရှာတာလဲ”
“ဘာမှတော့မဟုတ်ဘူး… သမီး မင်းသားကို ကုပြီးကတည်းက ထွက် မလာဘူးလို့ နန်းတော်က အစောင့်တွေကပြောလို့.. သမီးရဲ့ အခြေအနေကို စိတ်ပူနေတာ… သမီးအဆင်ပြေတယ်ဆိုတာ တွေ့ရရင်ပြီးတာပါပဲ” မုရုန်ဟွေ့ သည် ဟွမ်အား ဂရုတစိုက်ကြည့်ခြင်းမရှိသော်လည်း သူမကို သတိပေးလိုက် သည် “သမီးက အခုနန်းတော်မှာနော်… သူငယ်ချင်းတွေကို ခေါ်သွင်းလာရင် မင်းသားကိုလည်း သွားသတင်းပေးလိုက်ဦး”
“သိပါပြီ သမီး မင်းသားကို ခဏနေရင် ပြောလိုက်ပါမယ်” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “အဖေ မနေ့က စားပွဲမှာ ကြင်ယာတော်မင်းသမီးက ဘာမှမလုပ်ဘူးမလား”
“မလုပ်ဘူး သမီးမသွားဘူးဆိုတာ သိသွားတော သူမ တော်တော် စိတ်ပျက်သွားတာ… သူမက တစ်ခုခုစီစဉ်ထားတာကို မင်းသားရဲ့ကိစ္စက ဝင် နှောက်သလိုဖြစ်သွားတာထင်တယ်” မုရုန်ဟွေ့ ပြန်ဖြေလေသည်။
“အဖေ သမီး ပြောစရာရှိတယ်” မိစ္ဆာအရိပ်နက်နှစ်ယောက်တွဲ အသတ် ခံရသည့်အကြောင်းကို ရှီမာယူယူပြောပြပြီး သတိပေးလိုက်သည် “အဲဒါကြောင့် ကြင်ယာတော်မင်းသမီးက အခုဆို သမီးကို သတ်ချင်နေတာ အူယားနေ လောက်ပြီ… အဖေ အပြင်ထွက်ရင် သတိထားရမယ်နော်”
မိစ္ဆာအရိပ်နက်နှစ်ယောက်တွဲ အသတ်ခံရသည့်အကြောင်းကို မုရုန်ဟွေ့ ပထမဆုံးကြားရခြင်းဖြစ်သည်။ အံ့ဩသွားပြီးနောက် သူသည် အမြန်ပင် စိတ် ငြိမ်သွားကာ ပြောလေသည် “စိတ်မပူနဲ့ သမီး ပြည်နယ်ပြိုင်ပွဲက မပြီးသေးဘူး သူမ ပြဿနာအကြီးကြီးလုပ်မှာမဟုတ်ဘူး… ပြီးတော့ အခုက သူမ ကြောက် နေပြီ… အဲဒါကြောင့် အဖေတို့နဲ့ လာပြီးရှင်းဖို့တွေးမှာမဟုတ်ဘူး”
“သူမက ဆုံးဖြတ်ပြီးပြီလား…”
“ဟုတ်တယ် မင်းသားက သတင်းရပြီးပြီ… သူမက ဒီမတော်တဆမှုကို အခွင့်ကောင်းယူပြီး မင်းသားရဲ့ အင်အားကို တစ်ခါတည်းအပြတ်ရှင်းချင်နေ တာ အဲဒါကြောင့် အခု သူမရဲ့အင်အားတွေကို စစ်မျက်နှာဖြန့်နေပြီ… ဒါက သမီးရဲ့ အကြံမဟုတ်ဘူးလား အခု သူမ ငါးစာဟပ်မိနေပြီ”
“ကြင်ယာတော်မင်းသမီးက ရှင်းဖို့လွယ်ပါတယ်… ခက်တာက သူမ နောက်ကအင်အားစုပဲ အခု မင်းသား စိတ်ပူတဲ့ဟာကိုပဲ ရှင်းဖို့ကျန်တော့တာပဲ သမီးတို့က ဘေးကနေ ကြည့်နေရုံပဲ” ရှီမာယူယူသည် မရိုးသားသည့် အပြုံးဖြင့် ပြောလေသည်။
***