← Chapters

အခန်း ၁၉၃၆

Vol. 130 Ch. 1936

အခန်း ၁၉၃၆

Vol. 130 Ch. 1936

အပိုင်း (၁၉၃၆)

အလွန်းကြီးမားလှသည့် စွမ်းအင်လုံးကြီးအဖြစ် ပေါင်းစပ်ထားခဲ့သည့် ညီအစ်ကိုနှစ်ယောက်တို့သည် များပြားလွန်းလှသော ဓားစွမ်းအင်များ၏ အပိုင်းပိုင်း လှီးဖြတ်ခြင်းကိုခံခဲ့ရပြီး တစ်စစီ ဖြစ်ကုန်လေ၏။

ကျွင်းချောင်ရှောင်း တစ်ယောက် တခြားသောသူများနှင့် ပေါင်းစပ်နိုင်လိမ့်မည်ဟု ဤညီအစ်ကိုနှစ်ယောက်တို့သည် တစ်ချက်ကလေးမှ ထင်မှတ်မိလိမ့်မည် မဟုတ်ချေ။ ထို့အပြင် ပေါင်းစပ်မှု၏ လူအရေအတွက်သည်ကလည်း ပိုမိုကာ များပြားခဲ့သည်။

ပြောရမည်ဆိုလျှင် ရှစ်ကျန်းရွှမ်နှင့် ပဋိညာဉ် ရေးထိုးစဉ်ကတည်းက ကျွင်းချောင်ရှောင်း တစ်ယောက် အထောက်အပံ့ နှစ်ခုကို တစ်ပြိုင်နက်တည်း အသုံးပြုခြင်းဆိုသည်မှာ မရှိဖူးချေ။ ယခုချိန်သာလျှင် ပထမဦးဆုံးဖြစ်၏။ ဤကဲ့သို့ပေါင်းစပ်ပြီးသည့်နောက် ဓားတစ်သောင်းမှသည် တစ်ခုတည်းအဖြစ်သို့ ဒုတိယမြောက်တိုက်ကွက်ကို ထုတ်ဖော် အသုံးပြုပြီးသည့်နောက် နတ်ဘုရားလျှို့ဝှက် အဆင့်တွင်ရှိနေသည့် အထက်ပိုင်းအကြီးအကဲနှစ်ယောက် ကိုပင် ချက်ချင်း သတ်ဖြတ်နိုင်ခဲ့၏။

“ကြောက်စရာပဲ”

စောဏကမြင်ကွင်းကို ပြန်လည်မြင်ယောင်ပြီးသည့်နောက် ကျန့်ကွေ့ရှုသည် အချိန် အတော်ကြာမှသာလျှင် ၎င်း၏နှလုံးသားထဲတွင်ရှိနေသည့် တုန်လှုပ်မှုများကို တည်ငြိမ်အောင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

ပြိုင်စံရှားဂိုဏ်း၏ တပည့်များမှာတော့ တည်ငြိမ်နေလျက်ရှိနေ၏။ ဂိုဏ်းချုပ်အသုံးပြုလိုက်သည့် ဓားတိုက်ကွက်သည် အလွန်ပင်အားကောင်းလှသည်ဆိုသော်လည်း ၎င်းတို့၏ မျက်လုံးထဲတွင် ဤအရာသည် ပုံမှန်ပင်ဖြစ်၏။ အံအားသင့်စရာမဟုတ်ချေ။

“ဒီနှစ်ယောက်”

မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်သူကြီးသည် ကြောက်လန့်တကြားဖြင့် ထကာ အော်ဟစ်လိုက်မိကြ၏။ “သေ .... သေသွားတာလား”

ကျွင်းချောင်ရှောင်းသည် လေထုထဲတွင် မတ်မတ်ရပ်လျက်ရှိ၏။ သူသည် ထိုသူတို့အား ဓားဦးနှင့်ညွှန်ပြီး နတ်ဘုရားတစ်ပါးကဲ့သို့ ကြီးမြတ်သည့် အရှိန်အဝါမျိုးနှင့် အမိန့်ပေးလိုက်သည် “အားလုံးကိုသတ်လိုက်၊ ဘယ်သူမှ အသက်ရှင်ရက် မလွှတ်စေနဲ့”

သူသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ရန်သူဖြစ်၏။ ထို့ကြောင့် အနာဂတ်တွင် ဒုက္ခမပေးနိုင်ရန် အတွက် တစ်ဖက်လူ၏ နောက်လိုက်များကို သတ်ဖြတ်ပစ်ရပေလိမ့်မည်။ မိုးကောင်းကင်နတ်ဆိုး အင်ပါယာသည်သာဆိုရင်လည်း ကုန်းရှန့်ကဲ့သို့ပင် ပြုမူမှာသေချာ၏။ လက်ရှိအခြေအနေသည် သူတို့ နှစ်ယောက်၏ကြား၌ သူသေကိုယ်သေတိုက်ခိုက်ရမည့် အခြေအနေမျိုးပင်။

“သတ်ကြ သတ်ကြစမ်း”

ကောင်းကင်နဂါးစစ်သူကြီး ရှစ်ယောက်ထဲမှ နှစ်ယောက်တို့ သတ်ဖြတ်ခံလိုက်ရပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်း၏ စိတ်ခွန်အားသည် ပိုမိုကာတိုးတက်လာခဲ့ကြ၏။ ၎င်းတို့သည် သားရဲများပေါ်သို့ ခုန်တက်ကာဖြင့် ဓားများကိုမြှောက်ကိုင်ကာ ဝင်ရောက်သတ်ဖြတ်ပြန်၏။

ရန်သူများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာသည် အလွန်အမင်းကျဆင်းနေကြ၏။ ထို့ကြောင့် အလုံးစုံရှုံးနိမ့်ကုန်ကြသည်။

အဓိက စိတ်ဓာတ်အကျရဆုံးသူများသည် မြို့ထဲတွင်ရှိနေသည့် တော်ဝင်လူသားများပင်ဖြစ်၏။ သတ်ဖြတ်ခြင်းနတ်ဘုရားနှင့် ကပ်ဘေးလွန်နတ်ဘုရားတို့ ပေါ်လာသည့် အချိန်မှာ ၎င်းတို့သည် စိတ်လှုပ်ရှားစွာဖြင့် အားပေးခဲ့၏။ တစ်ဖက်ညီအစ်ကိုနှစ်ယောက်တို့ အစိတ်စိတ်အပိုင်းပိုင်း သတ်ဖြတ်ခြင်းကိုခံလိုက်ရ သည့် အချိန်မှာတော့ နေရာမှာတင် ကြောင်အအဖြင့် မတ်တပ်ရပ်မိနေကြ၏။

မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ တကယ့်ကိုကြမ်းတမ်းလွန်းလှသည့် နဂါးစစ်သူကြီးရှစ်ဦးထဲမှ နှစ်ဦးတို့သည် တစ်ဖက်လူ၏သတ်ဖြတ်ခြင်းကို ဤကဲ့သို့ခံလိုက်ရပြီလား။

မဟုတ်သေးပေ။ လေးယောက် ဖြစ်၏။ ယခုနှစ်ယောက်အပြင် ကျားလော့ဘုရင်နှင့် တုံ့လဘုရင်တို့လည်း ရှိသေး၏။ အထူးသဖြင့် အရှက်ရဖွယ်ရာ သေခြင်းတရားနှင့် ရင်ဆိုင်ခဲ့ရသည့် တုံ့လပင်ဖြစ်သည်။ ၎င်းအနေနှင့် ကုန်းရှန့်၏ ခေါင်းဖြတ်သတ်ဖြတ်ခြင်းကိုခံခဲ့ရပြီး ထူးထူးခြားခြား တိုက်ခိုက်ခဲ့ရသည့်ပုံပင် မရှိခဲ့ချေ။ သူသည် သေဆုံးသွားခဲ့သည့်လူလေးယောက်ထဲတွင် အဆိုးဆုံးဟု သတ်မှတ်ရပေမည်။

“သတ်ကြ သတ်ကြ”

၎င်းအသံများသည် ကျယ်လောင်လွန်းလှ၏။ ၎င်းတို့၏ အမိန့်ပေးအုပ်ချုပ်သူ မရှိတော့သည့်နောက် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်တပ်ကြီးသည် ကျောထောက်နောက်ခံ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်၏။ ထို့အပြင် အထူးသဖြင့် တပ်ကူများ၏ ဝင်ရောက်လာမှုကိုလည်း တားဆီးခံထား ရသေးသည်။ ၎င်းတို့လုပ်နိုင်သည်မှာ သေခြင်းတရားကို စောင့်မျှော်ယုံသာရှိ၏။

နှစ်နာရီအတွင်းမှာပဲ တပ်ကူရောက်ရှိလာခဲ့သည့် အင်အားစုများအားလုံးတို့သည် ပြိုင်စံရှားဂိုဏ်း၏ ဖျက်ဆီး သတ်ဖြတ်ခြင်းကိုခံခဲ့ရ၏။ တည်နေရာကြီးတစ်ခုလုံးတွင် အလောင်းများနှင့် ရွက်သင်္ဘော အပိုင်းအစများ ပျံ့ကျဲလျက်ရှိနေလေသည်။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်တပ်ကြီးသည် အကူအညီပေးရန် ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ လာရောက် အသေခံခြင်း နှင့် လက်နက်ပစ္စည်းများ လာရောက်ပေးအပ်ခြင်းနှင့်ပင် ဆင်တူနေလေသည်။

“တိုက်ပွဲတည်နေရာကြီးကို ရှင်းလိုက်ကြ”

“ကောင်းပါပြီ” တပည့်များသည် စတင်ကာအလုပ်များလျက်ရှိ၏။ ခဏလောက်ကြာပြီးသည့်နောက် ချပ်ဝတ်မျိုးစုံ၊ ရွက်သင်္ဘောမျိုးစုံတို့သည် ထာဝရလောကကြီးထဲသို့ ပို့ဆောင်ခြင်းခံလိုက်ရ၏။

အရာ တော်တော်များများသည် ပြင်းပြင်းထန်ထန် ထိခိုက်ခံထားရသည်ဆိုလျှင်တောင်မှ ထိုက်ရွှမ်အဘိုးအို နှင့် ဖန်ရီကျိတို့ တည်ရှိနေသောကြောင့် အမှိုက်များကို ရတနာအဖြစ် ပြောင်းလဲနိုင်ပေလိမ့်မည်။

ရွှီး

ကျွင်းချောင်ရှောင်းသည် တောင်ထိပ်ပေါ်တွင် မတ်မတ်ရပ်ပြီးသည့်နောက် မြို့၏တည်နေရာဆီသို့ လက်ညိုး ညွှန်လိုက်၏။ သူက အေးစက်စက်ပြောလိုက်၏။ “ဒီထဲမှာရှိနေတဲ့ ခေါင်းဆောင်တွေ အကုန်လုံးကို ရှင်းပစ်”

ဝူး ဝူး ဝူး

ကျုံးရီ၏ ဦးဆောင်မှုမှာပဲ အားလုံးသောသူတို့သည် ရှေ့ဆီသို့ လှမ်းဝင်သွားခဲ့ကြ၏။ ၎င်းတို့၏အောက်တွင် စီးနင်းထားသည့် သားရဲများသည် ကျယ်လောင်စွာအော်ဟစ်လိုက်ကြ၏။ အထဲတွင်ရှိနေသည့် တော်ဝင်လူသားများသည် ကြက်သီးများပင်ထပြီး ခြေများ ပျော့ခွေလျက် ရှိနေသည်။

ကြမ်းတမ်းလှပါသည်ဆိုသော ညီအစ်ကိုနှစ်ယောက်တို့တောင်မှ သတ်ဖြတ်ခံလိုက်ရသည်ဆိုမှတော့ သူတို့အတွက် ကောင်းမွန်သည့်အရာ မရှိတော့ချေ။ လက်ရှိအခြေအနေမှာတော့ ကြယ်တာရာ ကောင်းကင် လောကကြီး၏ အဓိကခံစစ်လိုင်းကြီး တစ်ခုလုံးသည် ပျက်စီးသွားခဲ့လေ၏။ ပြိုင်စံရှားဂိုဏ်းသည် ထိုမြို့ကြီးကို သေသေချာချာနှင့် ဝိုင်းပတ်ကာ ဝန်းရံထားခဲ့၏။

“အရှုံးပေးပါတယ်။ အရှုံးပေးပါတယ်”

ကြောက်မက်ဖွယ်ရာကောင်းလှသည့် တိုက်ခိုက်ခြင်းစွမ်းရည်တွေနှင့် ရင်ဆိုင်ရသည့်အချိန်မှာတော့ ထိုတော်ဝင်လူသားများသည် အလံဖြူထောင်လေတော့၏။ အဆုံးသတ်မှာတော့ ပြိုင်စံရှား ဂိုဏ်းသည် စစ်သည်တစ်ယောက်ကလေးတောင် ဆုံးရှုံးခြင်းမရှိဘဲ ကြယ်တာရာစိတ်ဝိညာဉ် လောကကြီးကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်၏။ သူတို့သည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ထိန်းချုပ်မှုအောက်ဆီမှ လက်လွှဲ ရယူခဲ့သည်။

“ဒင်... လက်ခံသူသည် ကြယ်တာရာစိတ်ဝိညာဉ်လောကကြီးကို လွှမ်းမိုးနိုင်ခဲ့၏။ တာဝန် ပြည့်စုံမှုနှုန်းသည် နှစ်ဆယ်ရာခိုင်နှုန်းသို့ တိုးတက်ခဲ့၏”

အလွန်ခမ်းနားလွန်းလှသော နန်းတော်၏ ပလ္လင်ပေါ်တွင် ထိုင်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် ဤလောကကြီး၏ အမိန့်ပေးသူ ဦးခေါင်းကို ခြေဖြင့် နင်းထား၏။ ထိုအချိန်မှာပဲ သူ၏ နားထဲတွင် သတိပေးသံက ဝင်ရောက်လာခဲ့၏။ “ချီးထဲမှ အဲလောက်များတာလား”

ယခင်တုန်းက အစိမ်းရောင်အိမ်မက်ဆိုးလောကကြီးကို ကယ်တင်သည့်အချိန်တွင် တာဝန်ပြည့်စုံမှုနှုန်းသည် ငါးရာခိုင်နှုန်းသာရှိခဲ့၏။ နောက်ပိုင်း စကြဝဠာနတ်တိုက်ပွဲတွင် ဗိုလ်စွဲခဲ့သော်လည်း တာဝန်ပြည့်စုံမှုနှုန်းသည် တိုးတက်မလာခဲ့ချေ။ ယခု ကြယ်တာရာစိတ်ဝိညာဉ်လောကကို သိမ်းပိုက်ပြီးသည့်နောက် တာဝန်ပြည့်စုံမှုနှုန်း သည် ဆယ့်ငါးရာခိုင်နှုန်း တိုးတက်လာခဲ့တော့၏။ အမှန်ပင် အံ့အားသင့်စရာဖြစ်သည်။

“အင်း... မိုးကောင်းကင်နတ်ဆိုးအင်ပါယာသိမ်းပိုက်ထားတဲ့ ဂြိုဟ်ကို ငါသိမ်းနိုင်လို့လား” ကျွင်းချောင်ရှောင်း သည် အတွေးနက်သွားမိ၏။

စနစ်ကပြောလိုက်သည်။ “ကြယ်တာရာစိတ်ဝိညာဉ်လောကဆိုတာက အထက်စကြဝဠာရဲ့ ထိပ်တန်းအဆင့်ထဲမှာပါတယ်လေ။ လက်ခံသူ ကိုယ့်ရဲ့အားအင်အဆင့်နဲ့ ဒါကြီးကိုယူနိုင်တယ် ဆိုမှတော့ ဆယ့်ငါးရာခိုင်နှုန်း တိုးလာတယ်ဆိုတာက အံ့အားသင့်စရာမဟုတ်ပါဘူး”

“ဒါလည်း ဟုတ်တာပဲ” ကျွင်းချောင်ရှောင်းက သဘောတူညီလိုက်သည်။

အတိတ်တုန်းက သူသည် ဂြိုဟ်ပေါင်းများစွာကို ကယ်တင်ခဲ့၏။ သို့ပေမဲ့ အထက်နယ်မြေ၏အဆင့် လောက်သာရှိသော ဂြိုဟ်များဖြစ်၏။ တစ်ချို့သည် ထို့ထက်ပင် ပိုမိုကာ အားနည်းလွန်းလှ၏။ ထို့ကြောင့် အမှတ်နည်းနည်းပဲ ပေးသည်ဆိုသည်မှာ သံသယဝင်စရာမရှိချေ။

ကြယ်တာရာစိတ်ဝိညာဉ်လောကကြီးမှာတော့ ခြားနားလျက်ရှိ၏။ အလုံးစုံသော အားအင်အဆင့်သည် ရွှမ်ယွမ်နယ်မြေထက်ပင်ပိုမိုကာအားကောင်း၏။ ထို့ကြောင့် ထိုအရာကို သိမ်းပိုက်လိုက်သည်နှင့်တပြိုင်နက် သူ့အား များပြားလှသည့် အမှတ်များပေးသည်မှာ သဘာဝပင်။

“ဒီလိုဆိုမှတော့”

ကျွင်းချောင်ရှောင်းက တွေးလိုက်သည်။ “ဒီဂြိုဟ်နဲ့တူညီတဲ့ ဂြိုဟ်တော်တော်များများကို သွားပြီးတော့ သိမ်းပိုက်နိုင်မယ်ဆိုလျှင် အဓိကတာဝန်က မြန်မြန်ဆန်ဆန်နဲ့ ပြည့်စုံသွားမှာမဟုတ်လား”

“ဟမ့်... ဒါဆိုရင် လက်ခံသူနဲ့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာကြား ဘာကွာခြားတော့မှာလဲ။ ပြီးတော့ လက်ခံသူက မိုးကောင်းကင်နတ်ဆိုးအင်ပါယာဖြစ်နေတာလည်း ဖြစ်နိုင်တယ်။ အခုကို ရည်ရွယ်ချက် ဂြိုဟ်တွေကို လိုက်လံသိမ်းပိုက်ဖို့ ဖြစ်နေပြီ”

အတိတ်တုန်းက ကုန်းရှန့်သည် သူ၏ မိဘများမှာ အလွန်ထူးခြားပြီး အားကောင်းလွန်းသော လူများဖြစ်မည်ဟု စိတ်ကူးယဉ်ခဲ့၏။ ထို့ကြောင့် သူ့အား စနစ်ကိုပင် ဖန်တီးပေးနိုင်ခဲ့၏။ သို့ပေမဲ့ စနစ်သည် သူ့အား မိုးကောင်ကင်နတ်ဆိုးအင်ပါယာဟု သမုတ်လျက်ရှိနေသည်။

“ချီးထဲမှ... တော်စမ်း” ကျွင်းချောင်ရှောင်းသည် မျက်လုံးများချာချာလည်သွား၏။

စနစ်ကဆက်ပြောလိုက်၏။ “လက်ခံသူက အထက်စကြဝဠာတစ်ခုရဲ့ ပုံပန်းသွင်ပြင်ကို ပြန်လည် ပြောင်းလဲနိုင်ဖို့အတွက် ဖန်တီးထားတဲ့ မိုးကောင်းကင် နတ်ဆိုးအင်ပါယာရဲ့ ကိုယ်ပွားလည်း ဖြစ်နိုင်တယ်”

“ ချီးထဲမှ”

ကျွင်းချောင်ရှောင်းသည် ရယ်မောကာ ဆူငေါက်လိုက်မိသည်။ "မင်းသုံးသပ်တာ မပြီးသေးဘူးလား”

“ဒါ မင်းဆီက သင်ယူထားတာလေ” စနစ်သည် ထူးမခြားနားသလိုပြောလိုက်၏။

.....

ဝှစ်

ထိုအချိန်မှာပဲ အလင်းတန်းတစ်ခုသည် လေဟာနယ်ကို ထိုးခွင်းကာရောက်ရှိလာ၏။ အားလုံးသော သူများသည် သတိအပြည့်နှင့်ဖြစ်သွားမိ၏။ မျက်နှာကို မြင်ရသည့် အချိန်မှာ အဆုံးသတ်မှာတော့ သူတို့အားလုံးသည် ရုတ်တရက် ထကာ အော်ဟစ်လိုက်မိကြသည်။ “ဂျူနီယာညီလေးရီ”

မှန်ပေ၏။ ဤလူသည် ရီရှင်းချန်ပင်ဖြစ်တော့၏။ လွီပု၏ ဝတ်စုံကိုဝတ်ဆင်ထားခဲ့ပြီး လက်ထဲတွင် ပုဆိန်ကြီးကို ကိုင်ဆောင်ထားသည်။ ၎င်းနန်းတော်၏အပြင်ဘက်တွင် အသာဆင်းသက်လိုက်ပြီး လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “တပည့် ရီရှင်းချန်... ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”

ကျွင်းချောင်ရှောင်းအနေနှင့် အဘယ့်ကြောင့် ရောက်ရှိလာရသနည်းဟု မေးမြန်းရန် ပြင်လိုက်၏။ သို့ပေမဲ့ ချပ်ဝတ်နှင့် လက်နက်တွင် သွေးများစွန်းထင်းနေသည်ကို မြင်ရသည့်အချိန်မှာတော့ ချက်ချင်းပဲ နားလည်သွားမိသည်။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာစစ်တပ်ကြီးကို အပြင်ဘက်မှာ တားဆီးထားတာမင်းလား”

“ဟုတ်ပါတယ်” ရီရှင်းချန်ကပြောလိုက်၏။

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခုဖြစ်တည်လာခဲ့သည်။ “အင်း... ငါတကယ့်ကို ကျေနပ်တယ်”

အချက်အလက်အားဖြင့် သူ၏ တပည့်ထွက်ခွာသွားချိန်တွင် သူသည် အနည်းငယ်ဝမ်းနည်းမိ၏။ အနာဂတ်တွင် ဘယ်တော့မှပြန်မလာနိုင်မည့် လူတစ်ယောက်အဖြစ်ပင် စိုးရိမ်နေမိခဲ့၏။ တကယ်တမ်း မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်တပ်နှင့် တိုက်ခိုက်ချိန်မှာတော့ သူ၏တပည့်သည် ရောက်ရှိလာပြီး ဂိုဏ်းကိုဂရုစိုက်သေးကြောင်း ပြသခဲ့၏။

လီချင်းယန်၊ စုရှောင်မိုနှင့် အခြားသောသူများသည်လည်း ပြုံးလိုက်မိသည်။ ဂျူနီယာညီလေးရီ ပြန်လာ သည်ကို မြင်ရသည့်အချိန်မှာတော့ သူတို့သည် နှလုံးသားထဲမှ ပျော်ရွှင်နေမိ၏။

“မင်းတို့ကောင်တွေ”

ကျွင်းချောင်ရှောင်းသည် အသာလှမ်းကြည့်ကာ အမိန့်ပေးလိုက်၏။ “အပြင်ကို ထွက်ပြီးတော့ တိုက်ခိုက်ရေးတည်နေရာကို သန့်ရှင်းကြ”

“ကောင်းပါပြီ” တပည့်များသည် အမိန့်ကိုနာခံပြီးသည့်နောက် စကြဝဠာတည်နေရာဘက်ဆီသို့ ထွက်ခွာသွားခဲ့၏။ စကြဝဠာထဲရှိ မြင်ကွင်းကို မြင်ရချိန်မှာတော့ သူတို့အားလုံးသည် အသက်ကိုပင် ပြင်းပြင်းရှူလိုက်မိ၏။ “ဂျူနီယာညီလေးရီ တစ်ယောက်တည်း ဒီလူတွေ အကုန်လုံးကို သတ်ပစ်ခဲ့တာလား”

All Chapters