← Chapters

အခန်း ၁၉၃၇

Vol. 130 Ch. 1937

အခန်း ၁၉၃၇

Vol. 130 Ch. 1937

အပိုင်း (၁၉၃၇)

ဘုန်း

လွင့်မျောလျက်ရှိနေသည့် တောင်ကြီးသည် ရုတ်တရက် အမှုန့်အဖြစ်သို့ ပေါက်ကွဲထွက်သွား၏။

....

သိုင်းလေ့ကျင့်ရေးကွင်းပြင်ပေါ်မှာတော့ စစ်သည်ပေါင်းတစ်သိန်းကျော်တို့သည် ဒူးထောက်လျက် ရှိနေ၏။ ၎င်းတို၏နဖူးစပ်တွင် ချွေးများပျံနေသည်။

အင်ပါယာ - အင်ပါယာသည် အလွန်ဒေါသထွက်လျက်ရှိနေ၏။ ကြယ်တာရာ စိတ်ဝိညာဉ်လောကကို ကူညီရန်အတွက် စေလွှတ်လိုက်သည့် ရွက်သင်္ဘောများနှင့် စစ်သည်များ အားလုံးတို့အပြင် အလွန်အားကောင်းလွန်းလှပါသည်ဆိုသော စစ်သူကြီးနှစ်ဦးအပါအဝင် မည်သူမျှ ပြန်မလာခဲ့ကြချေ။ မည်သူသတ်ဖြတ်ခဲ့သနည်း။ ထိုအရာကို သူတို့အဖြေမရှာနိုင်ခဲ့ချေ။

ဘုတ် ဘုတ် ဘုတ်

ထိုအချိန်မှာပဲ ကံကြမ္မာဖတ်သူတစ်ယောက်နှင့် ဆင်တူလှသော အဘိုးကြီးတစ်ယောက်သည် လက်သီးကို ဆုပ်ကာဖြင့် ရှေ့ဆီသို့လမ်းလျှောက်လာ၏။ သူသည် မြေပေါ်တွင် ဒူးထောက်ထိုင်ကာဖြင့် လေးလေးစားစားပြောလိုက်သည်။ “အင်ပါယာ .... ကံကြမ္မာဖတ်ခြင်းက ပြီးသွားပါပြီ”

“ပြောစမ်း”

အေးစက်စက်အသံတစ်ခုသည် အဓိကဟောခန်းထဲမှ ထွက်ပေါ်လာခဲ့၏။ ထိုအသံထဲတွင် အဆုံးစွန်‌သော ဒေါသတရားများပါဝင်နေ၏။

“ကပ်ဘေးလွန်ဘုရင်နဲ့ သတ်ဖြတ်ခြင်းဘုရင်တို့ကို သတ်ဖြတ်လိုက်တဲ့လူက တစ်ယောက်တည်းပဲ။ ပြီးတော့ အဲ့ဒီလူက ကျားလော်ဘုရင်နဲ့ တုံ့လဘုရင်တို့ကိုလည်း သတ်ဖြတ်ပစ်ခဲ့တာပဲ” အဘိုးအိုသည် ကြောက်ရွံ့စွာဖြင့် ပြောလိုက်သည်။

ပြောပြီးပြီးချင်းမှာပဲ ဒူးထောက်လျက်ရှိနေသည့် စစ်သည်တော်များအားလုံးသည် မည်သူ ဖြစ်ကြောင်း ချက်ချင်းနားလည်သွားခဲ့၏။

ဝှစ်

ရုတ်တရက် အလင်းတန်းတစ်ခုသည် အဓိကဟောခန်းထဲမှ ပျံသန်းထွက်ခွာလာခဲ့၏။ ထိုအရာသည် အဘိုးကြီးနားမှ ဖြတ်လျှောက်သွားပြီး ခပ်ဝေးဝေးတည်နေရာတွင် ရှိနေသည့် လွင့်မျောနေသော တောင်ကြီးကို ဖောက်ခွဲပစ်လိုက်၏။ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။

အားလုံးသော သူတို့သည် ကြက်သီးမွေးညှင်းများပင် ထကုန်ကြ၏။ မိုးကောင်းကင်နတ်ဆိုး အင်ပါယာ ဤမျှ ဒေါသထွက်သည်ကို သူတို့မမြင်ခဲ့ဖူးချေ။ သို့ပေမဲ့ နားလည်လွယ်၏။

များပြားလှသော တပည့်များနှင့် အားကောင်းလှပါသည်ဆိုသော စစ်သူကြီးများသည် တူညီသည့်လူတစ်ယောက်၏ လက်ထဲ၌ သတ်ဖြတ်ခြင်း ခံခဲ့ရ၏။ ၎င်း၏ ကိုယ်ပွားပင်လျှင် ဤအခြင်းအရာကို မရှောင်ရှားနိုင်ခဲ့ချေ။ ထို့ကြောင့် မည်သို့မှ သည်းမခံနိုင်တော့ပေ။

“ကျွင်းချောင်ရှောင်း... မင်းနဲ့ငါ့ရဲ့ကြားမှာရှိတဲ့ ရန်ငြိုးက ဖျောက်ဖျက်လို့မရတော့ဘူး”

မိုးကောင်းကင်နတ်ဆိုး အင်ပါယာ၏ ဒေါသတကြီးအော်ဟစ်သံသည် ဂြိုဟ်တစ်ခုလုံးကို ပျံ့နှံ့လျက်ရှိ၏။

ဤအရာသည် လေဟာနယ်ထဲကို ထွင်းဖောက်ပြီး ကြယ်တာရာစိတ်ဝိညာဉ်လောက၏ အဓိက မြို့ကြီး၌ ငွေကြေးစာရင်းများ စစ်ဆေးလျက်ရှိနေသည့် ကျွင်းချောင်ရှောင်း ၏နားထဲသို့ ဝင်ရောက်လာ၏။ သူသည် လက်သီးကို အသာဆုပ်ကာဖြင့် ထူးမခြားနားသလိုပြောလိုက်သည်။ “ပွဲက ခုမှစတာပဲ”

..........

ကြယ်တာရာစိတ်ဝိညာဉ်လောကကြီးတစ်ခုလုံးကို သိမ်းပိုက်ခဲ့၏။ ထိုလောကကြီး၏ ဦးဆောင်သူအားလည်း ထျန့်ယွမ်အကျဉ်းထောင်စေတီထဲသို့ ပို့ဆောင်ခဲ့ပြီးပြီဖြစ်သည်။ အားရာ၏ အရေးပါမှုသည် ထင်ပေါ်လာခဲ့သည်။ ရက်အနည်းငယ်လောက် ဂရုစိုက်ပြီးသည့်နောက် တစ်ဖက်လူ သည် အရာအားလုံးကို ပြောဆိုတော့၏။

ကြယ်တာရာစိတ်ဝိညာဉ်လောက - မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ထိန်းချုပ်ခြင်းကို ခံထားရသည့် ဂြိုဟ်များထဲမှတစ်ခုဖြစ်ပြီး အထက်စကြဝဠာကြီးတစ်ခုလုံးတွင် ဤကဲ့သို့သော ဂြိုဟ်များသည် အများအပြား တည်ရှိနေသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ကျန့်ကွေ့ရှုသည် အသာထိုင်ချလိုက်၏။ သူ၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေခဲ့၏။

ထိုမိုးကောင်းကင်နတ်ဆိုးအင်ပါယာ ထိန်းချုပ်ထားသည့် လောကများနှင့် ၎င်းလောကများ၏ ဦးဆောင်သူ နာမည်များကို ကြားရချိန်မှာတော့ ကျန့်ကွေ့ရှုသည် မယုံကြည်နိုင်သလိုပင် ဖြစ်မိနေသည်။

ထိုလူများထဲတွင် သူနှင့် သေဖော်ရှင်ဖက်အဖြစ် ဆက်ဆံရေး တည်ရှိနေသည့် လူပင်ပါဝင်နေ၏။ ထိုသူသည် မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ လက်အောက်သို့ ရောက်ရှိသွားလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။

“ဖန်းရှန်းရ”

ကျန့်ကွေ့ရှုက ပြောလိုက်သည်။ “အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ လောကကြီးတစ်ခုလုံးကို ဒုက္ခပေးခဲ့တဲ့ မိစ္ဆာနဂါးကြီးကို သတ်ဖြတ်ပစ်ခဲ့တယ်။ အခုတော့ သူက ... ”

သူသည် ရင်ဘတ်ကို အုပ်ကိုင်ကာ စိတ်မချမ်းမြေ့သလိုပြောလိုက်၏။ “တကယ့်ကို ရင်နာစရာပဲ”

“စီနီယာ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “လူတွေဆိုတာ ပြောင်းလဲတတ်ပါတယ်”

“အင်း”

ကျန့်ကွေ့ရှုသည် သက်ပြင်းချလိုက်၏။ သူ့အနေနှင့် အမှန်ပင် အိုမင်း ရင့်ရော်သွားပုံပေါ်၏။ အချက် အလက်အားဖြင့် ပြောရမည်ဆိုလျှင် ကျွမ်းမဟာမိတ်အဖွဲ့ကို ဝင်ရောက်ပြီးသည့်နောက် သူသည် ကျွင်းချောင်ရှောင်းအား ဟန်ယွမ်နယ်မြေတွင်ရှိနေသော သူ၏မိတ်ဆွေရောင်းရင်းဆီသို့ ခေါ်ဆောင်သွားရန် စဉ်းစားခဲ့ဖူး၏။

မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် တိုက်ခိုက်နိုင်ရန်အတွက် တစ်ဖက်လူအား ် လေးလေးနက်နက် နှင့် သွားရောက်ကာဖိတ်ကြားချင်ခြင်းပင်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ဤနဂါးကိုပင် သတ်ဖြတ်ခဲ့သည့် လူငယ်သည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ကျေးကျွန် တစ်ယောက်ဖြစ်လို့ နေလေသည်။

ကျွင်းချောင်ရှောင်းသည် အသာထိုင်ချပြီးသည့်နောက် မေးထောက်ကာ ပြောလိုက်၏။ “အင်း.. မိုးကောင်းကင်နတ်ဆိုးအင်ပါယာ တစ်ယောက်တည်းက ကျုပ်ရဲ့ပြိုင်ဘက်လို့ထင်ထားတာ။ ဒါပေမဲ့ ဘာမှန်း မသိတဲ့ ရန်သူတွေ အများကြီးရှိနေသေးပုံပဲ”

ကြယ်တာရာစိတ်ဝိညာဉ်လောက၏ ဦးဆောင်သူသည် သတင်းအချက်အလက် အနည်းငယ်ကိုသာ သိရှိ၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ အနေနှင့် မည်မျှများပြားလှသောဂြိုဟ်များကို သိမ်းဆည်းထားကြောင်း သေသေချာချာမပြောနိုင်ခဲ့ချေ။ လက်ရှိအခြေအနေမှာတော့ သူ့အနေနှင့် စကြဝဠာတစ်ခုလုံး ရဲ့ ရန်သူပြုလုပ်ရတော့မလိုပင် ကျွင်းချောင်ရှောင်းက ခံစားနေမိ၏။

စနစ်က ပြောလိုက်၏။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာ သိမ်းဆည်းထားတဲ့ ဂြိုဟ်က တော်တော် များနေပြီ။ တကယ်လို့ လက်ခံသူအနေနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မယ်ဆိုရင် စကြဝဠာတစ်ခုလုံးရဲ့ ရန်သူဖြစ်ဖို့လည်းများတယ်”

ကျွင်းချောင်ရှောင်းသည် လေးနက်တည်ကြည်စွာပြောလိုက်၏။ “ဘာပဲပြောပြော တိုက်ခိုက်ဖို့က အများကြီးတိုက်ခိုက်နေရအုံးမှာပဲ”

.........

တောင်၏အနောက်ဘက်မှာတော့ လုချင်းချင်းသည် ဘုံကိုးပါးလျှို့ဝှက်နယ်မြေထဲသို့ ထုံးစံအတိုင်း ဝင်လိုက်၏။ သူမသည် အထဲသို့ဝင်ရောက်ကာ ကျင့်ကြံရန် ပြင်လိုက်သည့်အချိန်မှာပဲ ရုတ်တရက် ရပ်တန့်လိုက်မိ၏။ အဘယ့်ကြောင့်ဆိုသော် သစ်ပင်ကိုမှီကာ မတ်တပ်ရပ်လျက်ရှိသော ဂိုဏ်းချုပ်ကို မြင်လိုက်ရသောကြောင့်ပင်။

“ဆေးဟောခန်းကိုသွားပြီးတော့ အားပြန်မမွေးတော့ဘူးလား”

“.......”

“ကိုယ့်ကိုကိုယ်အဲ့လောက်ကြီးတွန်းအားမပေးနဲ့”

“..........”

လုချင်းချင်းသည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေတုန်းပင်။ သူမသည် လက်ရှိအချိန်တွင်တော့ ပုံမှန် ဖြစ်နေသည်ဟု ထင်မှတ်ရသော်လည်း သူမ၏ မရီဒန်တော်တော်များများတို့သည် ထိခိုက်ဒဏ်ရာ ရရှိခဲ့၏။ SSS အဆင့်သူရဲကောင်းဝိညာဉ်ကို ဆင့်ခေါ်ပြီးသည့်နောက် များပြားလွန်းသည့် ဓာတ်သဘာဝများကို ထုတ်ဖော်ကာ ညီအစ်ကိုနှစ်ယောက်တို့အား အေးခဲရန် အတင်း ကြိုးစားခဲ့ရသောကြောင့်ပင်။ နတ်ဘုရား လျှို့ဝှက် စဦးအဆင့် ကျင့်ကြံသူတစ်ယောက်အတွက် ဤအရာသည် ခက်ခက်ခဲခဲပြုလုပ်ရသည့်အရာပင် ဖြစ်၏။

“ဒီတပည့်က အဆင်ပြေပါတယ်” လုချင်းချင်းက ပြန်ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် တည်ကြည် အေးချမ်းသောမျက်နှာနှင့် ပြန်ကာပြောလိုက်၏။ “ဒါ ငါ့ရဲ့အမိန့်ပဲ။ အခုဆေးဟောခန်းကိုချက်ချင်းသွား”

“.........”

လုချင်းချင်းသည်အသာလှည့်ကာထွက်ခွာသွားသည်။ “တပည့်က လိုက်နာပါ့မယ်”

သူမ ထွက်ခွာသွားသည်ကိုမြင်တော့ ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ငါအစောကြီးတည်းက သိတဲ့ ကိစ္စတစ်ချို့ရှိတယ်”

လုချင်းချင်းသည် သူမ၏ လမ်း၌ ရုတ်တရက်ရပ်တန့်လိုက်၏။ သူမ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများ မရှိချေ။ စုရှောင်မိုတစ်ယောက် ဂိုဏ်းချုပ်ကို သွားရောက်ကာပြောမည်ဖြစ်ကြောင်းကို သူမအစောကြီးထဲက ခန့်မှန်းမိပြီးသားဖြစ်၏။ “တကယ်တော့ ကျွန်မက ပြိုင်စံရှားဂိုဏ်းရဲ့ အကြီးဆုံးတပည့်ကြီးဖြစ်ပြီးတော့ ထာဝရတစ်သက်လုံး ပြိုင်စံရှားဂိုဏ်းရဲ့ အကြီးဆုံးတပည့်အဖြစ် ဖြစ်ရလိမ့်မယ်လို့ ဂိုဏ်းချုပ်က ပြောခဲ့ဖူး တယ်”

“အင်း”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါက အဲ့ဒါကို တကယ်ပြောခဲ့တယ်”

“ဒါကြောင့်ပဲ အကြီးဆုံးတပည့်ကြီးအနေနဲ့ ဂိုဏ်းချုပ်ကို စိတ်ဓာတ်မပျက်စေရပါဘူး” လုချင်းချင်းသည် ပြောစရာရှိသည်ကို ပြောပြီးသည့်နောက် တောင်၏အနောက်ဘက်မှ ထွက်ခွာ သွားခဲ့တော့သည်။

သစ်ပင်ကိုမှီလျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် ပခုံးကိုတွန့်လိုက်၏။ “ဒါလည်းကောင်းတာပဲ”

ဟူး

သူသည် အပျင်းကြောကိုဆန့်ပြီးသည့်နောက် အဝေးတစ်နေရာကို ပြန်လှည့်ကြည့်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ဘာတွေ လာချောင်းနေတာလဲ”

ဟွာမင်ကွေ့သည် အသာလှမ်းလျှောက်ထွက်လာပြီးသည့်နောက် သူပြုလုပ်ခဲ့သည့်ပုံစံအတိုင်းပင် ပခုံးကို တွန့်လိုက်၏။ “ဒီနားကဖြတ်သွားတာပါလို့ပြောရင် ယောက်ျားယုံမှာလား”

“.. ဘာကိစ္စ ယုံရမှာလဲ” ကျွင်းချောင်ရှောင်းသည် စိတ်တိုစွာဖြင့် ပြောလိုက်မိသည်။

“တကယ်တော့”

ဟွာမင်ကွေ့သည် ဘေးတစ်ဖက်စီသို့ ရောက်ရှိလာ၏။ သူမ ယောက်ျား၏ ပခုံးပေါ်သို့ အသာ လက်တင်ကာ ပြုံးလိုက်၏။ “ယောက်ျားရဲ့ နှလုံးသားထဲမှာ ကျွန်မ ရှိနေရင်ပြီးပြီ။ တခြားဘယ်သူ ထပ်ရှိရှိ ကိစ္စမရှိဘူး”

“..........”

ကျွင်းချောင်ရှောင်းက ဆွံ့အသွား၏။ “မင်းရဲ့ဦးနှောက်က တစ်ခုခုလွဲနေတာနဲ့တူတယ်”

“ဝိညာဉ်ကုန်းမြေတိုက်မှာတုန်းက ယောက်ျားက မိန်းမသုံးထောင်နှင့် မယားငယ်တွေ အများကြီးရှိတယ်လို့ ပြောခဲ့ဖူးတယ်လေ”

ဟွာမင်ကွေ့က ဟာသလုပ်လိုက်သည်။ “အခုဘာလို့ တစ်ယောက်မှမရှိရတာလဲ။

“အင်း... ကြုံရာတွေလျှောက်ပြောတာလေ။ မင်း တကယ်ယုံခဲ့တာလား”

“ယုံတာပေါ့”

ဟွာမင်ကွေ့ကပြောလိုက်၏။ “ရှင်တို့လူသားတွေ မိန်းမတွေအများကြီး ယူတတ်တာ သဘာဝပဲလေ။ အားလုံးကအသစ်ကိုပဲ ကြိုက်ပြီးတော့ အဟောင်းကို မုန်းတီးကြတယ်မလား”

“အဲထဲမှာ ကိုယ်မပါဘူး” ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခပ်မာမာမော့လိုက်၏။ ရင်ဘတ်သည် ကော့ထွက်လာခဲ့သည်။

စနစ်သည် ဤအရာကို မငြင်းပယ်နိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် နှစ်ပေါင်းများစွာ လက်ခံသူနှင့် နေထိုင်ခဲ့ပြီးသည့်နောက် လက်ခံသူသည် အောင်မြင်မှု၊ ကျော်ကြားမှုများနှင့်အတူ အလွန် စွမ်းအားကြီးမားလာသည်ဆိုလျှင်တောင်မှ တကယ်ပဲ မဟုတ်မမှန်သည့် အတွေးမျိုး မရှိခဲ့ချေ။

“တကယ်လို့ ကျွန်မယောက်ျားက လူတစ်ချို့ကို လက်လွတ်မပေးနိုင်တဲ့အခြေအနေမျိုး ရှိနေတယ်ဆိုရင် ကျွန်မ ဘာမှမဖြစ်ဘူး”

ဟွာမင်ကွေ့ကပြောလိုက်၏။ သူမသည် သူမယောက်ျား၏ မျက်နှာကို အသာ ပွတ်သပ်ကာဖြင့် လှည့်ထွက်သွားခဲ့၏။

“ဟေး”

ကျွင်းချောင်ရှောင်းကလှမ်းအော်လိုက်သည်။ “မင်းနေမကောင်းဘူးဆိုလည်း ဆေးဟောခန်းမဆီသာ မြန်မြန်သွားလိုက်တော့”

ဟွာမင်ကွေ့သည် ရုတ်တရက် ရပ်တန့်လိုက်၏။ ပြီးနောက် ပြုံးကာ ပြောလိုက်၏။ “ကျွန်မယောက်ျားရဲ့ နှလုံးသားက တကယ့်ကို မာကျောတာပဲ”

တောင်၏အနောက်ဘက်ဆီမှ တရွှေ့ရွှေ့နှင့် ပျောက်ကွယ်သွားခဲ့သည့် မြင်ကွင်းကို ကြည့်ရှုပြီး ကျွင်းချောင်ရှောင်းသည် သူ၏ဦးခေါင်းကို ဆုပ်ကိုင်ကာ ပြောလိုက်မိသည်။ “ဒီမိန်းမ တကယ့်ကို ရူးနေပြီနဲ့တူတယ်”

.....

အထက်စကြဝဠာတစ်ခုလုံးသည် ရှုပ်ထွေးလျက်ရှိနေ၏။ အချိန်အတိုင်းအတာအတောအတွင်း မိုးကောင်းကင် နတ်ဆိုးအင်ပါယာကို ပုန်ကန်ခဲ့သော များပြားလှသော ဂြိုဟ်အသီးသီးတို့သည် တိုက်ခိုက်ဖျက်ဆီးခြင်းကို ခံနေရ၏။

စွမ်းအားမြင့်ကျင့်ကြံသူများသည် အခြေအနေကြီးတစ်ခု ပြောင်းလဲပြီး နတ်ဘုရားလျှို့ဝှက် အဆင့်ထက် ပိုမိုကာ မြင့်မားသည့်အဆင့်ဆီသို့ ချိုးဖြတ်နိုင်ရန် အခွင့်အရေး ကိုရှာဖွေခဲ့၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ၎င်းတို့၏ကျင့်ကြံခြင်းများကို ဆုံးရှုံးပြီး သေဆုံးခဲ့ရသည်။

ဆွစ် ဆွစ်

မကြာခင်မှာပဲ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်တပ်ကြီးသည် ကြယ်တာရာ စိတ်ဝိညာဉ်လောကဆီသို့ ရောက်ရှိလာခဲ့၏။ သို့ပေမဲ့ ဤဂြိုဟ်ကြီးသည် ပြောင်သလင်းခါလျက် ရှိနေ၏။ အထဲတွင် မြို့နှင့် အရင်းအမြစ်များ အားလုံးမရှိတော့ချေ။ အားလုံးသော သူတို့သည် ပျောက်ကွယ်သွားခဲ့၏။

ဒွီး ဒွီး ဒွီး

နဂါးစစ်သူကြီးရှစ်ဦးထဲမှ လေးဦးတို့သည် ကြယ်တာရာစိတ်ဝိညာဉ်ဆီသို့ ဆင်းသက်လာ ပြီးနောက် ဟာလာဟင်းလင်း ဖြစ်လျက်ရှိနေသည့် တည်နေရာကြီးတွင် မတ်မတ်ရပ်လိုက်သည်။ သူတို့သည် ခပ်ဖျော့ဖျော့အသံတစ်ခုကို ကြားလိုက်ရသည်။

“ဘာသံပါလိမ့်”

“မကောင်းတော့ဘူး နောက်ကိုဆုတ်”

ဂျိမ်း

အထက်စကြဝဠာကြီးထဲတွင် အလွန်မြင့်မားသည့် ဂုဏ်ကျက်သရေကိုပိုင်ဆိုင်ခဲ့ဖူးသည့် ကြယ်တာရာ စိတ်ဝိညာဉ်လောကကြီးသည် ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့၏။

ကျယ်ပြောလှသော စကြဝဠာကြီး တစ်ခုလုံးတွင် မှိုပွင့်ပုံသဏ္ဍာန်တိမ်ကြီးသည် ဖုံးလွှမ်းပြည့်နှက်သွားခဲ့တော့၏။ ဤအရာသည် ကျွင်းချောင်ရှောင်း မထွက်ခွာခင် ထားရှိခဲ့သည့် လက်ဆောင်ပင် ဖြစ်သည်။

အနုပညာ - ဖောက်ခွဲမှုမှ ဖြစ်တည်လာခဲ့သည့် အနုပညာ?

ဝေါ့ ဝေါ့

ပေါက်ကွဲမှုများကြားထဲမှ နဂါးစစ်သူကြီးရှစ်ဦးထဲမှ လေးဦးတို့သည် ဆိုးဆိုးရွားရွားအခြေအနေနှင့် ပျံသန်း ထွက်ခွာလာခဲ့ကြသည်။ ၎င်းတို့သည် ဆိုးရွားစွာ ဖောက်ခွဲခြင်းကို ခံခဲ့ရသည်။ သူတို့၏ အားအင်အဆင့်သာ မမြင့်မားပါက ကျိန်းသေပေါက် ဤနေရာမှာတင် သင်္ဂြိုလ်မြှုပ်နှံပြီး ဖြစ်ပေလိမ့်မည်။

ယခု သူတို့လေးယောက်သည် အသက်ရှင်နိုင်ခဲ့သည်။ သို့ပေမဲ့ သူတို့နှင့်အတူပါလာခဲ့သော ရွက်သင်္ဘော ထောင်ချီနှင့် စစ်သည်များအားလုံးတို့သည် ကြယ်တာရာ စိတ်ဝိညာဉ်လောကကြီး နှင့်အတူ ပျောက်ကွယ်သွားခဲ့လေ၏။

.......

ပြိုင်စံရှားဂိုဏ်း

ကျွင်းချောင်ရှောင်းသည် ပေါက်ကွဲမှုကို အာရုံခံမိသည့်အချိန်မှာတော့ အားရဝမ်းသာစွာ ပြောလိုက်၏။ “နောက်ဆုံးတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးအစား လက်စားချေနိုင်ခဲ့ပြီပဲ”

ဟုတ်ပေသည်။ သူသည် အမုန်းတရားများအတွက် လက်စားချေခဲ့ပြီးပြီဖြစ်၏။ ကြယ်တာရာ စိတ်ဝိညာဉ်လောက၏ ကျူးကျော်မှုကြောင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးသည် ပြိုလဲ ခဲ့ရ၏။ ယခု ထိုဂြိုဟ်ကြီးသည် တစ်စစီပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ ကမ္မစက်ဝိုင်းသည် တကျော့ပြန်လည်လေသည်။

All Chapters