← Chapters

အခန်း ၁၉၃၈

Vol. 130 Ch. 1938

အခန်း ၁၉၃၈

Vol. 130 Ch. 1938

အပိုင်း (၁၉၃၈)

တခြားသောဂြိုဟ်များကိုလုယက်ပြီး အသက်ရှင်နေထိုင်ခဲ့ရသည့် ဂြိုဟ်ကြီးသည် သမိုင်းမှတ်တမ်းထဲမှ ပျောက်ကွယ်သွားရပြီဖြစ်၏။ ဤကဲ့သို့သော ဖောက်ကွဲမှုကို ပြုလုပ်သူသည် ကျန်းတယ်ကျွင်း သာလျှင်ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် အထက်နယ်မြေ၏ ဝိညာဉ်ချိန်ကိုက်ဗုံးကို အသုံးပြုခဲ့ခြင်းမဟုတ်ချေ။ မဟုတ်ပါက ပေါက်ကွဲမှုသည် ပိုမိုကာပင် လှပပေလိမ့်မည်။

သူသည် အဆင့်မြင့်ဂြိုဟ်ကြီးတစ်ခုကို‌ ဖောက်ခွဲခဲ့သည် ဆိုသော်လည်း ရတနာများ၊ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းများနှင့် အထဲ၌ရှိသော သက်ရှိ၊ သတ္တဝါများ အားလုံးကို ထာဝရလောကကြီးထဲသို့ ခေါ်ဆောင်လာခဲ့၏။ ထိုအရာသည် ကျွင်းချောင်ရှောင်း ကို အလွန်ပင် အကျိုးအမြတ်များ ရရှိစေခဲ့၏။ အရင်းအမြစ်များသည် အကူအညီ သိပ်မဖြစ်လှချေ။ သူ့၌ ကောင်းကင်သွေးကြော လျှို့ဝှက်နယ်မြေတည်ရှိနေသောကြောင့်ပင်။

အစစ်အမှန် အကျိုးအမြတ်မှာတော့ အဆင့်မြင့်နည်းပညာများနှင့် အစီအရင်ဆရာများ၊ ပန်းပဲပညာများနှင့် ရွက်သင်္ဘော တည်ဆောက်သူများပင်ဖြစ်၏။ ကြယ်တာရာစိတ်ဝိညာဉ်လောကကြီးသည် သိပ္ပံနည်းကျ သုတေသနပြုလုပ်မှုများတွင် ပိုမိုအားကောင်းလွန်းလှ၏။ ထိုသူတို့အားလုံးကို ထာဝရလောကကြီးထဲသို့ ခေါ်ဆောင်ကာ သုတေသနပြုလုပ်ခြင်းအားဖြင့် ပိုမို အားကောင်းလှသည့် သိုင်းပညာအရင်းအမြစ်များကို ရရှိတော့မှာသေချာ၏။ ထို့အပြင် ကြယ်တာရာစိတ်ဝိညာဉ်လောက၏ သတ္တဝါ အားလုံး ထာဝရလောကကြီးထဲသို့ ရောက်ရှိပြီးနောက် လူဦးရေ ပိုမို များပြားလာခဲ့တော့၏။

“ဒီပြဿနာကို ငါတို့ဖြေရှင်းရအုံးမှာပဲ”

သူသည် ထျန်းယွမ်အကျဉ်းထောင်စေတီထဲသို့ ဝင်ရောက်ခဲ့ပြီးသည့် နောက် အထူးအကျဉ်းထောင်ဆီသို့ ဝင်ရောက်လိုက်သည်။ “စဉ်းစားပြီးပြီလား”

နက်မှောင်လှသည့် ပတ်ဝန်းကျင်ကြီးထဲမှာတော့ ဝိညာဉ်ကဲ့သို့သော အရာသေးသေးလေးကို မြင်လိုက်ရ၏။ ထိုအရာသည် များပြားလှသည့် ချိန်းကြိုးများနှင့် ချုပ်နှောင်ခြင်းကို ခံထားရ၏။

မည်သူဖြစ်သနည်း။ ကြယ်တာရာစိတ်ဝိညာဉ်လောကကြီး၏ မူလအရင်းအမြစ်ဖြစ်၏။ ကျွင်းချောင်ရှောင်း သည် ဂြိုဟ်ကြီးကို မဖောက်ခွဲချိန်ခင် ထိုအရာကို ဖမ်းဆီလာခဲ့သည်။။

ထျန်းယွမ်အကျဉ်းထောင်စေတီသည် ဤအဆင့်လောကကြီး၏ မူလအရင်းအမြစ်ကိုပင် ဖိနှိပ် ထားနိုင်စွမ်း ရှိနေပြီလား။ အံ့အားသင့်စရာမလိုပေ။ များပြားလွန်းလှသည့် ချိန်းကြိုးများ၊ မန္တာန်များနှင့် စည်းခတ်ခြင်းကို ခံထားရသောကြောင့်ဖြစ်၏။ မဟုတ်လျှင် ထိန်းချုပ်ထားနိုင်လိမ့်မည်မဟုတ်ချေ။

အပွင့်လင်းဆုံးပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်း ထိန်းချုပ်နိုင်သည့်အရာမှန်သမျှကို အကျဉ်းထောင် စေတီက ထိန်းချုပ်နိုင်၏။ အခြားတစ်ဖက်က ကြည့်ရမည်ဆိုလျှင် မထိန်းချုပ်နိုင်သည့်အရာဟူသည် မှာလည်း ခပ်ရှားရှားပင်။

....

ကြယ်တာရာစိတ်ဝိညာဉ်လောက၏ မူလအရင်းအမြစ်သည် တိတ်ဆိတ်ငြိမ်သက်သွား၏။

“သခင်”

အားရာသည် သူမ၏ကြာပွတ်ကို ဝှေ့ယမ်းကာဖြင့် လှမ်းလျှောက်လာခဲ့သည်။ ပြီးနောက် တင်းမာ ခက်ထန်စွာ ပြောလိုက်သည်။ “ဒီကောင့်ကို ကြည့်ရတာ မပူးပေါင်းသေးဘူး”

“အင်း”

“နည်းနည်းလေး သင်ခန်းစာ ထပ်ပေးပါရစေ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါတို့ ငြင်သာမှဖြစ်မယ်။ အကြမ်းဖက်လို့မဖြစ်ဘူး”

လူသား (သို့မဟုတ်) ဓာတ်သဘာဝတစ်မျိုးမျိုးသာဆိုပါက ကုန်းရှန့်သည် ကျိန်းသေပေါက် အားရာ ကို လွှတ်ပေးထားလိုက်မည်ဖြစ်၏။ သို့ပေမဲ့ ဤအရာသည် ဂြိုဟ်တစ်ခု၏ မူလအရင်းအမြစ်ပင်ဖြစ်သည်။ ပျက်စီး သွားသည်ဆိုပါက နှမြောစရာပင်။

“ကောင်းပြီ။ ဒါဆိုလည်း တခြားသူတွေ စိတ်ပြောင်းအောင် လုပ်ကြည့်ပါလား”

ကျွင်းချောင်ရှောင်းသည် အထဲသို့ ပို့ဆောင်ခြင်းကို ခံထားရသည့် ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ တော်ဝင်အဆင့်မြင့်ကျင့်ကြံသူများဆီသို့ လှမ်းကာကြည့်ရှုလိုက်၏။ တစ်ဖက်လူများသည် အညံ့ခံခဲ့သည် ဖြစ်သောကြောင့် သူသည် ရက်ရက် စက်စက်နှင့် သတ်ဖြတ်ခြင်းကို မပြုလုပ်ခဲ့ချေ။ သို့ပေမဲ့ လွှတ်ပေးရန်လည်း မဖြစ်နိုင်ချေ။ အကျဉ်းထောင်ထဲ၌ ဖမ်းချုပ်ထားရန်သာရှိ၏။

“ကောင်းပါပြီ” အားရာသည် မှုန်ကုပ်ကုပ်ဖြင့် ရှေ့ဆီသို့လှမ်းလျှောက်လာခဲ့၏။ သူမသည် ကြာပွတ်ကို မြေပြင်နှင့် တရွတ်တိုက်ကာ ဆွဲလာသည်ဖြစ်သောကြောင့် အသံကြီးသည် ကြောက်မက်ဖွယ်ရာ ထွက်ပေါ် လာ၏။

“ဂိုဏ်း... ဂိုဏ်းချုပ်ကျွင်း”

ဦးဆောင်သူသည် ကြောက်လန့်တကြားဖြင့် ပြောလိုက်သည်။ “မလုပ်ပါနဲ့။ မနှိပ်စက်ပါနဲ့”

ဖြောင်း ဖြောင်း ဖြောင်း

သွေးပျက်လောက်အောင် ကျယ်လောင်လှသည့် အော်ဟစ်သံကြီးသည် အကျဉ်းထောင်ထဲတွင် ပျံ့နှံ့လျက် ရှိနေ၏။ ထိုအရာကိုကြားသည့် အားလုံးသောသူများသည် ကြက်သီးမွေးညှင်းများပင် ထလျက်ရှိ၏။ အခြားသော အကျဉ်းထောင်အခန်းတွင် ချုပ်နှောင်ခြင်းကို ခံထားရသည့် ကျန်းစန်းသည် သူ၏နားကို အုပ်ကာကာ ဖြင့် စိတ်ထဲ၌ အော်ဟစ်လျက်ရှိနေ၏။ “ထပ်ပြီးရိုက်ပြန်ပြီ”

ဝိညာဉ်ဖိနှိပ်ခြင်းကြာပွတ်နှင့် ရိုက်နှက်ခံရခြင်း၏ ခံစားချက်သည် သူ ဘဝတစ်သက်တာလုံး ဘယ်တော့မှ မေ့ပျောက်၍ ရနိုင်သည့်အရာမဟုတ်ချေ။ နှလုံးသားထဲတွင် အရိပ်မည်းကြီးတစ်ခုကဲ့သို့ပင် ကျန်နေရစ်သည်။

ဤနေရာတွင် များပြားလွန်းလှသော တော်ဝင်ကျင့်ကြံသူများကို ဖမ်းချုပ်ထားသည်ဖြစ်သောကြောင့် အားရာ သည် လတ်တလော အလုပ်များပေလိမ့်မည်။

ကျွင်းချောင်ရှောင်းမှာတော့ ချက်ခြင်းထွက်ခွာမသွားခဲ့ချေ။ ဂြိုဟ်၏မူလအရင်းအမြစ်ကို ထိန်းချုပ်ထားရာ အကျဉ်းခန်းရဲ့အပြင်ဘက်တွင် ခြေချိတ်ကာထိုင်လျက်ရှိ၏။ သူသည် မျက်လုံးများကို မှေးစင်းကာဖြင့် သွေးပျက်လောက်ဖွယ် အော်ဟစ်နေသည့်အသံများကို သာယာ နာပျော်စွာ နားထောင်လျက်ရှိနေ၏။

အား

....

အား....

အား

.....

ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ တော်ဝင်လူသားများသည် တစ်ယောက်ပြီးတစ်ယောက် နှိပ်စက်ရိုက် နှက်ခြင်းကိုခံရပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လျက်ရှိနေသည်။ အကျဉ်းထောင်ထဲတွင် ချုပ်နှောင်ခြင်းကိုခံထားရသည့် ဂြိုဟ်ကြီး၏မူလအရင်းအမြစ်သည် သက်ရှိသတ္တဝါများ၏ အော်ဟစ်သံကို နားထောင်ပြီးသည့်နောက် ကြောက်လန့်စိတ်များ ပိုမိုကာဖြစ်တည်လာခဲ့၏။ ဤအရာသည် နှိပ်စက်ခြင်း တစ်မျိုးပင်ဖြစ်တော့၏။ တစ်ဖက်လူများ၏‌ အော်သံကိုနားထောင်ပြီး နှလုံးသားထဲတွင် စိုးရွံ့လာသည့် ခံစားချက်များကိုပေးပို့နေသည်။

“လူငယ်လေး”

၎င်းသည်ခက်ခက်ခဲခဲပြောလိုက်၏။ “ကျုပ် ကျုပ်တွေးထားတယ်”

ဆွစ်

ကျွင်းချောင်ရှောင်းသည် လက်ကိုအသာမြှောက်လိုက်သည်။

အားရာသည် ရုတ်တရက် ရပ်တန့်လိုက်၏။ သူမသည် မောကြီးပန်းကြီးနှင့် လက်ကိုအသာတွဲလောင်းချ လိုက်မိ၏။ အချိန်ကြာမြင့်စွာရိုက်နှက်ခဲ့ပြီးသည့်နောက် အလွန် ပင်ပန်းနေပြီဖြစ်သည်။ သို့ပေမဲ့ ပျော်ရွှင် နေမိ၏။

ကျွင်းချောင်ရှောင်းသည် လက်ချောင်းများကို အသာဆုပ်ကာဖြင့် ပြောလိုက်သည်။ “ခင်ဗျား ပြုစုပျိုးထောင် ခဲ့တဲ့ သက်ရှိသတ္တဝါတွေက ဒီလိုအကြင်နာတရားကင်းမဲ့တဲ့ ကိစ္စရပ်တွေကို လုပ်တယ်။ ဒီတော့ ခင်ဗျားရဲ့ အပြစ်တွေကို ပြန်ပြီးပေးဆပ်နိုင်ဖို့ အခွင့်အလမ်းတစ်ခု ကျုပ် ပေးမယ်”

ကြယ်တာရာစိတ်ဝိညာဉ်လောက၏ ဂြိုဟ်မူလအရင်းအမြစ်သည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။ မှန်ပေသည်။ သူသည် ဤတစ်ကိုယ်ကောင်းဆန်လွန်းလှသော သက်ရှိသတ္တဝါများကို ပြုစုပျိုးထောင်ခဲ့၏။ သို့ပေမဲ့ သက်ရှိသတ္တဝါများ၏ ကောင်းခြင်း၊ ဆိုးခြင်းဆိုသည်မှာ သူဆုံးဖြတ်၍ရနိုင်သည့်အရာမျိုး မဟုတ်ချေ။ အဘယ့်ကြောင့် သူ၌အပြစ်ရှိနေရသနည်း။

“လာခဲ့”

ကျွင်းချောင်ရှောင်းသည် တံခါးကိုဖွင့်ကာ အထဲသို့လျှောက်ဝင်သွားခဲ့၏။ ပြီးနောက် တစ်ဖက်လူ၏ ဦးခေါင်းပေါ် လက်တင်ကာပြောလိုက်၏။ “ငါ့ကို ကူညီပြီးတော့ အနာဂတ်မှာ တစ်ခုခု ဖန်တီးကြရအောင်”

.....

ဂြိုဟ်၏မူလအရင်းအမြစ်က ပြောလိုက်သည်။ “ဒီလိုလုပ်ချင်တယ်ဆိုတာ သေချာလား”

“သေချာတာပေါ့”

“တကယ်လို့ကျရှုံးမယ်ဆိုရင် ခင်ဗျားရဲ့ဝိညာဉ်တစ်ခုလုံးဖျက်ဆီးခံရလိမ့်မယ်”

“ကျုပ်ကို ယုံစမ်းပါ။ ကျုပ်လုပ်နိုင်တယ်”

တစ်ဖက်လူသည် စိတ်ဆုံးဖြတ်ပြီးသည်ကို မြင်ရသည့်အချိန်မှာတော့ ဂြိုဟ်၏မူလအရင်းအမြစ်သည် ရုတ်တရက်ပြောဆိုရာမှ ရပ်တန့်လိုက်၏။ သူ၏စိတ်ကို လျှော့ချလိုက်ခဲ့ပြီးသည့်နောက် ခုခံခြင်းကို မပြုလုပ်ခဲ့ချေ။ သူ၏ခန္ဓာကိုယ်သည် မြူအဖြစ်ပြောင်းလဲသွားပြီးသည့်နောက် ကျွင်းချောင်ရှောင်းကို ရစ်သိုင်းနေခဲ့၏။

ဘာလုပ်နေသနည်း။ ၎င်းတို့နှစ်ဖက်သည် ပဋိညာဉ်ရေးထိုးလျက် ရှိနေခြင်းပင်။ ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် ကြယ်တာရာစိတ်ဝိညာဉ်လောက၏ မူလအရင်းအမြစ်ကို အမွေဆက်ခံရန် ပြင်ဆင်နေခြင်းပင် ဖြစ်သည်။

ဒွီး ဒွီး

သူ၏မူလအရင်းအမြစ်သည် ဘာမှမရှိခဲ့သလိုပင် ပျောက်ကွယ်သွားခဲ့၏။ တဖြည်းဖြည်းနှင့် ခန္ဓာကိုယ်နှင့် ဝိညာဉ်တစ်ခုလုံးသည် ဖြေးညင်းစွာပေါင်းစပ်နေသည်။ ကျွင်းချောင်ရှောင်းသည် ယခင်က ရွှမ်ယွမ် နယ်မြေကြီး၏ မူလအရင်းအမြစ်ကို အမွေဆက်ခံဖူးသည်ဖြစ်သောကြောင့် ဤကဲ့သို့သော အတွေ့အကြုံ ကို ပိုင်ဆိုင်ပြီးဖြစ်သည်။ ထို့ကြောင့် နေ့ဝက်အတွင်းမှာပဲ အောင်မြင်သွားခဲ့လေ၏။ မည်သည့် မတော်တဆမှုမျှ မရှိခဲ့ချေ။

ဆွစ်

ကြယ်တာရာစိတ်ဝိညာဉ်လောက၏ မူလအရင်းအမြစ်ကို ထိန်းချုပ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အကျဉ်းထောင်စေတီဆီမှ ထွက်ခွာသွားခဲ့၏။ ၎င်းသည် ထာဝရလောကကြီး၏ အလယ်ဗဟိုတည်နေရာ မြေပြင်အတွင်းပိုင်းသို့ ရောက်ရှိလာခဲ့၏။ ဤနေရာတွင် ကျယ်ပြောလွန်းလှသော နန်းတော်ကြီးတစ်ခုက တည်ရှိနေပြီး စိတ်ဝိညာဉ်ကျောက်တုံးများသည် တစ်လက်လက်တောက်ပနေ၏။ ဤအရာသည် ထာဝရ လောကကြီး၏ မူလဂြိုဟ်အရင်းအမြစ်ပင် ဖြစ်၏။

ဂြိုဟ်တစ်ခုလုံးတွင် မိုင်းတွင်းသွေးကြောများ တည်ရှိနေပြီး ကောင်းကင်နှင့် မြေကြီး၏ဓာတ်သဘာဝများ သည်လည်း ပြန့်နှံ့နေခဲ့၏။ ထိုအရာသည် ဂြိုဟ်ကြီး၏ ရှိရှိသမျှအရာအားလုံးကို ဖန်တီးနိုင်စွမ်း ရှိသည့် အရာပင်။

ဆွစ်

ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါပြီးသည့်နောက် သူ၏လက်ဝါးဆီမှ အလင်းတန်းများ ဖြစ်တည် လာခဲ့၏။ ထိုအလင်းတန်းများသည် အမွေဆက်ခံခဲ့ပြီးဖြစ်သော ကြယ်တာရာစိတ်ဝိညာဉ်လောက၏ မူလဂြိုဟ် အရင်းအမြစ်ပင် ဖြစ်လေ၏။ ရည်ရွယ်ချက်သည် ဤထိပ်တန်း မူလအရင်းအမြစ်ဂြိုဟ်နှစ်ခုကို ပေါင်းစပ်ရန်ပင်။

“ရူးနေတာလား”

စနစ်ကပြောလိုက်၏။ “လက်ခံသူရူးနေပြီပဲ”

ဂြိုဟ်နှစ်ခု၏မူလအရင်းအမြစ်ကို ဆက်ခံနိုင်ခြင်းကပဲ တော်တော်ကောင်းမွန်နေပြီဖြစ်၏။ အဘယ့်ကြောင့် နှစ်ခုကိုပေါင်းစပ်ရန် ပြင်ဆင်နေရသနည်း။ သို့ပေမဲ့ ဤနှစ်ခုကိုပေါင်းစပ်နိုင်သည်ဆိုပါက ကျိန်းသေပေါက် စွမ်းအင်အဆင့်သည် တိုးတက်သွားပေလိမ့်မည်။ သို့ပေမဲ့ စွန့်စားရသည့်အခြေအနေကတော့ များပြားလှ၏။

“ငါရူးနေတာမဟုတ်ဘူး”

ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်သည်။ “ကံကြမ္မာ အလှည့် အပြောင်းတစ်ခုကို ဖန်တီးနေတာပဲ”

ဆွစ်

ပြောပြီးပြီးချင်းမှာပဲ ထာဝရလောကကြီး၏ မူလအရင်းအမြစ်သည် အိတ်ကပ်တစ်ခု၏ အရွယ်အစားအဖြစ်သို့ ပြောင်းလဲကာဖြင့် သူ၏သခင်၏ လက်ဝါးပေါ်သို့ ရောက်ရှိလာခဲ့၏။

လက်ရှိအချိန်မှာ ကုန်းရှန့်သည် ဘယ်ဘက်ခြမ်းတွင် မူလအရင်းအမြစ်တစ်ခု၊ ညာဘက်ခြမ်းတွင် မူလအရင်းအမြစ်တစ်ခုကို ကိုင်ဆောင် ထား၏။ သူ၏မျက်နှာသည် တည်ကြည်လေးနက်လျက်ရှိနေသည်။ “ကံကြမ္မာအလှည့်အပြောင်းကြီး တစ်ခုကို မျက်မြင်တွေ့ရဖို့ အချိန်ရောက်ပြီ”

ဆွစ်

သူသည် လက်နှစ်ခုကိုပေါင်းစပ်လိုက်၏။ မူလအရင်းအမြစ်နှစ်ခုသည် ထိတွေ့သွား၏။

အပြင်ဘက် တွင်တော့ ပြိုင်စံရှားဂိုဏ်း တပည့်နှင့် အဓိက ကလန်ကြီးများ သည် တိုက်ပွဲမှ ရရှိခဲ့သည့် အရာပစ္စည်းများကို ရေတွက်ရင်း အလုပ်များလျက်ရှိသည်။ တစ်စုံတစ်ယောက်သည် မူလအားဖြင့် ကြည်လင်ရှင်းလင်းနေသည့် ကောင်းကင်ကြီးကို ရုတ်တရက် ခလုတ်နှိပ်ကာပိတ်လိုက်သကဲ့သို့ပင် မှောင်မဲသွားခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ” အားလုံးသောသူတို့သည် အံ့အားသင့်သွားခဲ့၏။

ဆွစ် ဆွစ်

ထိုအချိန်မှာပဲ ကောင်းကင်ကြီးသည် ရုတ်တရက်ပြန်လည်ကာ တောက်ပလာခဲ့၏။ ပြီးနောက် ရုတ်တရက် ပြန်လည်ကာ မဲမှောင်သွားပြန်၏။ ဘာတွေဖြစ်နေမှန်း သူတို့မည်သို့မျှ မသိရှိကြချေ။

သို့ပေမဲ့ ဤအရာသည် ဂြိုဟ်၏ မူလအရင်းအမြစ်ပေါင်းစပ်ခြင်းကြောင့် ဖြစ်ပေါ်နေသည့် ပြောင်းလဲမှုများပင်ဖြစ်၏။ အကယ်၍ ဤအရာကို ကျရှုံးသွားသည်ဆိုပါက ဂြိုဟ်ကြီးကိုထိန်းချုပ်ထားသည့် နယ်မြေသခင်၏ ဝိညာဉ်သည် ဖျက်ဆီးခြင်း ခံရပေမည်။

ရွှီး

ထာဝရလောကကြီး၏ ကောင်းကင်ယံတွင်တော့ လျှပ်စီးများ၊ မိုးကြိုးများဖြစ်တည်လာခဲ့၏။ မြေအောက်တွင် ရောက်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာဖြင့် အော်ဟစ်လိုက်မိ၏။ “ငါ နောက်ထပ် နှစ်ပေါင်းငါးရာလောက် ထပ်ပြီး အသက်ရှင်ချင်သေးတယ်”

ရွှီး

ထာဝရလောကကြီးတွင် လျှပ်စီးနှင့် မိုးကြိုးများ တစ်လက်လက်တောက်ပလာ၏။ အားလုံးသောသူတို့၏ အမူအယာများသည် လေးနက်သွားခဲ့၏။ အလွန်ဆိုးရွားလှသည့်အရာကြီး ဖြစ်ပွားတော့မည်ဖြစ်ကြောင်းကို အားလုံးက ခံစားမိသည်။

သို့ပေမဲ့ ထိုပတ်ဝန်းကျင်ပြောင်းလဲမှုကြီးသည် ရုတ်တရက် ရပ်တန့်ပြီး ဂြိုဟ်ကြီးတစ်ခုလုံးသည် သာမာန်အဖြစ်သို့ ပြောင်းလဲသွား၏။

ဂျိန်း ဂျိန်း

၎င်းတို့၏အောက်တွင်ရှိသော မြေပြင်တစ်ခုလုံးသည် တုန်ခါလာ၏။ အားလုံးသောသူတို့သည် ဇဝေဇဝါ ဖြစ်မိနေကြသည်။ မကြာခင်မှာပဲ ထာဝရလောကကြီးတွင် ရှိနေသော တည်နေရာကြီးတစ်ခုလုံးသည် ပိုမိုကာ ကျယ်ပြန့်သွားကြောင်း သူတို့ ခံစားလိုက်မိသည်။။

ဘုန်း

မြေအောက်တည်နေရာမှာတော့ ကျွင်းချောင်ရှောင်းသည် အသာထိုင်ချလိုက်၏။ ချွေးများသည် တစ်ပြိုက်ပြိုက်နှင့် ကျလျက်ရှိနေ၏။ မူလအရင်းအမြစ်နှစ်ခု ပေါင်းစပ်ပြီး ထာဝရလောကကြီး၏ အကျယ်အဝန်း ပိုမိုကာကြီးမားသွားကြောင်း မြင်ရချိန်မှာတော့ သူ၏ မျက်နှာပေါ်၌ တောက်ပသည့် အပြုံးတစ်ခုဖြစ်တည်လာခဲ့၏။ "အလုပ်ဖြစ်တယ်။ ကံကြမ္မာကို ပြောင်းလဲပစ်ရမယ်။”

All Chapters