← Chapters

အခန်း ၁၉၃၉

Vol. 130 Ch. 1939

အခန်း ၁၉၃၉

Vol. 130 Ch. 1939

အပိုင်း (၁၉၃၉)

ဂျိန်း ဂျိန်း

ထာဝရလောကကြီးသည် ယခင်ကထက် ပိုမိုကာ ချဲ့ထွင်လာခဲ့ပြီး တည်နေရာတစ်ခုလုံးသည်လည်း ယခင်ကထက် ဆယ်ဆ ပိုမိုကာ ကြီးမားလာခဲ့၏။ ပြောရမည်ဆိုလျှင် ဂြိုဟ်၏ ထိပ်တန်း မူလအရင်းအမြစ် နှစ်ခုတို့၏ ပေါင်းစပ်ခြင်းသည် တစ်+တစ်=နှစ် ဟူ၍ ဖြစ်သွားခြင်း မဟုတ်ပေ။

ကျွင်းချောင်ရှောင်းသည် အလွန်သဘောကျလျက် ရှိနေ၏။ သူသည် ကြီးမားသည့် စွန့်စားမှုကို ပြုလုပ်ကာဖြင့် ကြီးမားလှသည့် အောင်မြင်မှုနှင့် အကျိုးသက်ရောက်မှုကို ရရှိခဲ့ခြင်း ဖြစ်သည်။

ဝှစ်

ဂြိုဟ်တစ်ခုလုံး၌ အလွန် သက်သောင့်သက်သာ ဖြစ်စေသော လေပြည်ညှင်းများ တိုက်ခတ်လာသည်။ မူလဂြိုဟ်နှစ်ခု၏ ပေါင်းစပ်ခြင်းသည် တည်နေရာကိုပင် ချဲ့ထွင်သွားခဲ့သည် မဟုတ်ပေ။ ကောင်းကင်နှင့်မြေကြီး ၏ သဘာဝအားအင်များကိုလည်း ပိုမိုကာ တိုးတက်လာစေခဲ့၏။

အချိန်အတိုင်းအတာ တစ်ခုအတွင်း ထိုအကျိုးသက်ရောက်မှုကို မြင်ရရန် ခက်ခဲလှသည် ဆိုသော်လည်း အနည်းငယ်သော အချိန်တွင် အဆပေါင်း ဆယ်ဆကျော် တိုးတက်လာမှာ သေချာ၏။ ထာဝရလောကကြီးသည် ပိုမိုကြီးမားသောနှုန်းဖြင့် ဖွံ့ဖြိုးလာလိမ့်ဖြစ်ကြောင်း ကျွင်းချောင်ရှောင်းက သံသယမရှိချေ။

ဒွီ ဒွီ

မြေအောက် နန်းတော်အတွင်းမှာတော့ မူလအရင်းအမြစ်သည် တောက်ပစွာ ဖြစ်တည်လျက် ရှိနေပြီး စွမ်းအင်လှိုင်းများသည်လည်း မြေဆီလွှာများမှ တဆင့် အခြားသောတည်နေရာများ ဆီသို့ ပြန့်နှံ့နေ၏။

"ငါဒါကို အရမ်းကို မျှော်လင့်မိတယ်"

ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်မိသည်။ "အနာဂတ်မှာ ဒီဂြိုဟ်ကြီးက ဘယ်လိုဖြစ်လာမလည်းဆိုတာ အရမ်းကို သိချင်မိတယ်"

ဒွီ …..။

အသစ်ဖြစ်တည်လာခဲ့သော မူလအရင်းအမြစ်သည် အ လင်းများ တောက်ပလာပြီး သူ၏သခင်ကို အသိအမှတ်ပြု တုံ့ပြန်လိုက်၏။

................

ပြိုင်စံရှားဂိုဏ်း

ကျွင်းချောင်ရှောင်းသည် ပြန်ရောက်လာပြီးနောက် ဟောခန်းထဲတွင် ထိုင်လျက်ရှိနေသည်။ သူသည် နောင်ဖြစ်လာမည့် ကိစ္စရပ်များနှင့် ပက်သက်၍ သေသေချာချာ စဉ်းစားလျက် ရှိနေ၏။ ဤတစ်ကြိမ် ထာဝရလောကကြီးသို့ များပြားလှသော သတ္တဝါများ ရောက်ရှိလာခဲ့၏။ အသစ်ရောက်ရှိလာသော သတ္တဝါများကို သတ်ဖြတ်၍ မဖြစ်နိုင်ချေ။ ထို့ကြောင့် ပြန်လည်ကာ စီစဉ်မှ ဖြစ်ပေမည်။

"အမိန့်ပေးလိုက်"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "အရင် ကြယ်တာရာစိတ်ဝိညာဉ် လောကမှာ နေထိုင်တဲ့ သူတွေ အကုန်လုံး ထာဝရလောကမှာ နေထိုင်ဖို့ အခွင့်အရေးကို ရရှိကြတယ်။ တကယ်လို့ သူတို့ နေထိုင်မယ်ဆိုရင် ဂုဏ်သိက္ခာတွေ၊ မာနတွေ၊ တော်ဝင်မျိုးနွယ် စတာတွေ အားလုံးကို စွန့်ခွာပြီး မြို့ထဲမှာ တန်းတူ အခြေချ နေထိုင်ရလိမ့်မယ်။”

"ဂိုဏ်းချုပ် "

ယွမ်သခင်လေးက ပြောလိုက်သည်။ "အရင်ရှိခဲ့တဲ့ တော်ဝင်မြို့သားတွေကို ဘယ်လိုလုပ်မလဲ"

"သူတို့ကို စစ်စခန်းတွေဆီ ပို့လိုက်လေ။ သူတို့သာ ကောင်းကောင်းမွန်မွန် အလုပ်အကျွေးပြုမယ်ဆိုရင် ထာဝရနေထိုင်သူအဖြစ် အသိအမှတ် ပြုမယ်"

တော်ဝင်ပထမတန်းစား နေထိုင်သူများအပြင် ဒုတိယတန်းစားနှင့် တတိယတန်းစား နေထိုင်သူများလည်း တည်ရှိနေသေး၏။ ၎င်းတို့အားလုံးသည် ကြီးမားသည့် ဂုဏ်ကို ပိုင်ဆိုင်ခဲ့ဖူးသူများ ဖြစ်လျင် ဖြစ်ကြပေလိမ့်မည်၊

သို့ပေမဲ့ ထာဝရလောကကြီးထဲသို့ ရောက်သည့် အခါမှာတော့ အခြေခံမှစ၍ ကြိုးစားရပေလိမ့်မည်။ ကြယ်တာရာစိတ်ဝိညာဉ် လောကကြီးသည် ပြိုလဲသွားခဲ့ပြီ ဖြစ်၏။ ကျွင်းချောင်ရှောင်းအနေဖြင့် ကြင်နာမှုနှင့် တရားမျှတမှုကို လုံလောက်အောင် ပြသခဲ့ပြီးဖြစ်၏။

သိုင်းကျင့်ကြံသူများအတွက် စီစဉ်ပြီးနောက် သုသေသနပြုသူများအတွက်လည်း စီစဉ်ခဲ့၏။ လက်ရှိအချိန်တွင် ကြီးမားလှသော မြို့များသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာသည်။ အဆောက်အအုံများ၊ သင်္ဘောကျင်းများ သည်လည်း တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာ၏။ နည်းပညာပိုင်း၌လည်း တိုးတက်လာခဲ့သည်။

နောက်နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက် မည်မျှတိုးတက်လာမည်ဖြစ်ကြောင်း ခန့်မှန်းရန် ခက်ခဲလှသော်လည်း ကောင်းကင်နှင့်မြေကြီး ဓာတ်သဘာဝများ၏ ထောက်ပံ့မှုကို ရရှိထားသောကြောင့် ကြီးမားလှသည့် တိုးတက်မှု ဖြစ်လာမှာတော့ သေချာ၏။

ကျွင်းချောင်ရှောင်းသည် တောင်ကြီးတစ်ခု၏ ထိပ်တွင်ရပ်လျက်ရှိပြီး ကြီးမားလှသည့် ဂြိုဟ်ကြီးကို လှမ်းမျှော် ကြည့်ရှုလိုက်၏။ ပြီးနောက်သူသည် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ "ဒါလောကသစ်တစ်ခုပဲ"

"ဂိုဏ်းချုပ်ကျွင်း"

ကျန့်ကွေ့ရှုသည် လျှောက်လမ်းလာကာ ပြောလိုက်၏။ "ကျုပ်တို့ရဲ့ နောက်ခြေလှမ်းက ဘာဖြစ်မလဲ"

"အင်း …. နောက်ထပ်ဂြိုဟ်တွေကို လွှမ်းမိုးရမယ်။ ပြီးတော့ စကြဝဠာထဲမှာ ဒုက္ခပေးနေတဲ့ နတ်ဆိုးတိုက်ခိုက်သူအဖွဲ့ဝင်တွေကို ကျွင်းမဟာမိတ်အဖွဲ့ဆီ ဝင်ဖို့ တောင်းဆိုရမယ်။” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

သူသည် ကြယ်တာရာစိတ်ဝိညာဉ်လောက အတွင်း၌ မိုးကောင်းကင်နတ်ဆိုးအင်ပါယာရဲ့ စစ်တပ်ကြီးကို သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်၏။ တခြားသောသူများအနေဖြင့် သူတို့နှင့် ပူးပေါင်းသင့်ကြောင်း စွမ်းဆောင်ရည်ကို ပြသပြီးဖြစ်၏။

"အင်း"

ကျန့်ကွေ့ရှုက ပြောလိုက်သည်။ "ဒါအကောင်းဆုံး နည်းလမ်းပဲ"

"စီနီယာ ဓားသူတော်စင်"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "တခြား ဂြိုဟ်တွေဆီ ထပ်သွားဖို့ ကျုပ်မှာ ဆန္ဒရှိတယ်"

"……."

ကျန့်ကွေ့ရှု၏ မျက်နှာပေါ်၌ ဝမ်းနည်းသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့၏။ သေဖော်ရှင်ဖက် အဖြစ် သတ်မှတ်ထားသည့် ညီအစ်ကိုသည် မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ အောက်ဆွဲတစ်ယောက် ဖြစ်နေ၏။ ထိုအရာကို ပြန်လည်စဉ်းစားမိတိုင်း နှလုံးသားတစ်ခုလုံး နာကျင်နေမိသည်။

ဝှစ် ဝှစ်

ထာဝရရွက်သင်္ဘောကြီးသည် မြန်မြန်ဆန်ဆန်နှင့် အဆုံးမဲ့စကြာဝဠာထဲ သွားလာလျက် ရှိနေ၏။ ် ဤတစ်ကြိမ် လှည့်လည်သွားရခြင်း၌ အကြောင်းအရင်း နှစ်မျိုးရှိ၏။ တစ်ခုသည် မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ ခံတပ်များကို ဖျက်ဆီးရန် ဖြစ်ပြီး ဒုတိယအနေဖြင့် ၎င်း၏ အစွယ်အပွားများကို ဖျက်စီးပစ်ရန် ဖြစ်၏။

"တခြားရည်ရွယ်ချက် တစ်ခုလည်း ရှိနေတယ်"

စနစ်က ပြောလိုက်၏။ "တာဝန်ကို ပြည့်စုံစေဖို့"

မှန်ပေ၏။ ဤအရာသည် အကြီးမားဆုံးသော ရည်ရွယ်ချက်ပင် ဖြစ်တော့၏။ ကြယ်တာရာစိတ်ဝိညာဉ် လောကကို ဖျက်ဆီးပြီးနောက် သူသည် တိုးတက်မှု ဆယ့်ငါးရာခိုင်နှုန်းကို ရရှိခဲ့၏။ ထို့ကြောင့် တခြားသော ပထမတန်းစားဂြိုဟ်များကိုသာ အနိုင်ယူနိုင်ပါက တာဝန်ပြည့်စုံမှုနှုန်းက တိုးလာမှာ သေချာ၏။ ကျန့်ကွေ့ရှုသည် ပြတင်းပေါက်ကို အသာမှီပြီး အပြင်ဘက်မြင်ကွင်းအား ကြည့်ရှုမိနေ၏။ သူ၏ အတွေးများသည် အတိတ်ဆီသို့ ပြန်လည်ရောက်ရှိနေ၏။ သူသည် အလွန်သွေးပူတတ်ဖူးသော ဟန့်ရှင်းရောင်ဟူသော လူငယ်တစ်ယောက်နှင့် တွေ့ဆုံခဲ့ဖူး၏။ ထိုလူငယ်လေးသည် အမှန်ပင် အားကောင်းလွန်းလှ၏။ တရားမျှတမှုကိုလည်း တန်ဖိုးထားသည်။

ဂြိုဟ်ပေါင်းများကို ဒုက္ခပေးနေသည့် နတ်ဆိုးနဂါးကြီးကို ဖြေရှင်းပြီးနောက် စကြဝဠာကြီး၏ အလင်းရောင် ပြန်လည်ရရှိအောင် ကူညီပေးခဲ့၏။ သို့ပေမဲ့ ကံဆိုးစွာဖြင့် ထိုလူငယ်သည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ ၎င်း၏ နှလုံးသားထဲတွင် ရှိနေသော တရားမျှတမှုသည် နတ်ဆိုးစိတ်များအဖြစ် ပြောင်းလဲသွားခဲ့၏။ ၎င်းသည် မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ အောက်ဆွဲအဖြစ် လိုလိုချင်ချင်နှင့် တာဝန်ထမ်းဆောင်လျက် ရှိနေ၏။

"စီနီယာ"

ကျွင်းချောင်ရှောင်းသည် လျှောက်လာပြီးသည့်နောက် အရက်မူးအိမ်မက်ဝိုင်ကို အသာချကာ ပြောလိုက်သည်။ "အရာအားလုံးကို ကိုယ်က ထိန်းချုပ်လို့ မရဘူးလေ။ ကိုယ့်စိတ်၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပေါ့"

ဟား ဟား ဟား

ကျန့်ကွေ့ရှုသည် ခေါင်းကိုမော့ကာ ရယ်မောလိုက်၏။ ပြီးနောက် ပြောလိုက်၏။ "ကောင်လေး … ဒီအဘိုးကြီးက လောကကြီးဆီကနေ ဘာကိုမှ မမျှော်လင့်၊ မတောင့်တတော့ပါဘူး"

"ဒါဆိုရင်လည်း စိတ်လိုလက်ရ သောက်ကြတာပေါ့"

…………

အထက်စကြာဝဠာ၏ ပထမတန်းစား ဂြိုဟ်တစ်ခု

အလုံးစုံ အားအင်အဆင့်အရဆိုလျှင် ကြယ်တာရာစိတ်ဝိညာဉ်လောကနှင့် နှိုင်းယှဉ်၍ မရနိုင်သော်လည်း လုံလောက်သည့် စွမ်းရည်များတော့ တည်ရှိနေသေး၏။

ကျွင်းချောင်ရှောင်းသည် ဖုံးကွယ်ခြင်း စိတ်ဝိညာဉ် ကို အသုံးပြုပြီး ဂြိုဟ်ထဲသို့ ဝင်ရောက်လိုက်သည်။ အထဲတွင် ရှိနေသည့် ကောင်းကင်နှင့်မြေကြီး ဓာတ်သဘာဝများကို ခံစားပြီးသည့်နောက် သူသည် မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။

"တကယ်လို့ ဒီကသူတွေသာ ငါ့ကို ကူညီပေးမယ် ဆိုရင် မိုးကောင်းကင် နတ်ဆိုးအင်ပါယာကို ရင်ဆိုင်ဖို့ စိုးရွံ့နေစရာမလိုတော့ဘူး"

သူသည် ပြိုင်စံရှားဂိုဏ်း၏ စစ်တပ်ကြီးကို ခေါ်ဆောင်ကာ တစ်ခါတည်း ဝင်သိမ်းသည့် နည်းလမ်းကို အသုံးမပြုခဲ့ချေ။ အခြေအနေကို စနည်းနာရန်အတွက် အဓိက မြို့အသီးသီးသို့ သွားလာခဲ့၏။ မထင်မှတ်ထားစွာဘဲ ဤတည်နေရာကြီးသည် ငြိမ်းချမ်းလျက် ရှိနေ၏။ နေထိုင်သူများနှင့် အေးအေးဆေးဆေး တည်ရှိနေ၏။

"ဒါက မိုးကောင်းကင် နတ်ဆိုးအင်ပါယာရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်ဆိုတာ သေချာရဲ့လား"

ကျွင်းချောင်ရှောင်း၏ နှလုံးသားများသည် တုန်ယင်လျက် ရှိနေ၏။ ကြယ်တာရာ စိတ်ဝိညာဉ်လောက၏ ခေါင်းဆောင်သည် သူ့အား လိမ်ညာခဲ့သည်ဟုပင် သံသယဝင်နေမိသည်။

နောက်ရက်အနည်းငယ် အတွင်းမှာပဲ သူသည် အဓိကမြို့အသီးသီးကို လှည့်လည်ကာ သွားလာခဲ့ပြီးဖြစ်၏။ စစ်ဖြစ်နေသည်ကို မမြင်ခဲ့သလို သတ်ဖြတ်နေသည်ကိုလည်း မမြင်ခဲ့ချေ။ မြို့ထဲတွင် နေထိုင်နေကြသူများသည် အလုံးစုံသော အကျိုးကျေးဇူးများကို ရရှိနေကြပြီး သာမန်ဖြစ်နေခဲ့၏။

ဤဂြိုဟ်ကြီးထဲသို့ ဝင်လာစဉ်က သတ်ဖြတ်ခြင်းများနှင့် ပြည့်နေမည်ဟု ကျွင်းချောင်ရှောင်းက ထင်မှတ်ထားခဲ့၏။ ဤနေရာတွင် ရှိနေသော သူများသည် ဆင်းရဲမှုများနှင့် တွေ့ကြုံနေပြီး သူ၏ လာရောက်ကယ်တင်မှုကို စောင့်မျှော်နေမည်ဟု သူက ထင်မှတ်ထားခဲ့၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ အဆုံးမဲ့ တည်ငြိမ်ခြင်းသည် သူ့အား ပါးဖြတ်ရိုက်ခဲ့သည်။

"ဘာတွေလဲ"

ဤဂြိုဟ်ကြီးသည် မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ တိတ်တဆိတ် ထိန်းချုပ်ခြင်းကို ခံထားရသော ဂြိုဟ်တစ်ခုဖြစ်၏။ သို့ပေမဲ့ တည်ငြိမ်အေးဆေးနေသည်။

ကြယ်တာရာ စိတ်ဝိညာဉ်လောက၌ ကျေးကျွန်များသည် အဓိက ဖြစ်၏။ ဤဂြိုဟ်ကြီးထဲမှာတော့ သာတူညီမျှ ဖြစ်မှုသည် အဓိကဖြစ်နေခဲ့၏။ မတူညီသည့် အခြေအနေနှစ်ခုကို ဖန်တီးထားလေ၏။

ကျွင်းချောင်ရှောင်း၏ အမူအကျင့်သည် တစ်ခါတရံတွင် နတ်ဆိုးကဲ့သို့ ဆိုးရွားတတ်ပြီး တခါတရံတွင် သူတော်စင်တစ်ယောက်ကဲ့သို့ ကြင်နာတတ်သည်။

စနစ်က သုံးသပ်လိုက်၏ “ဒီလို မတူညီတဲ့ အခြေအနေနှစ်ခုနဲ့ ထားတယ်ဆိုတော့မင်းက မိုးကောင်းကင်နတ်ဆိုး အင်ပါယာရဲ့ ကိုယ်ပွားပဲ ဖြစ်ရမယ်”

"……...."

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ "ဇာတ်လမ်းတွေ ရေးပြန်ပြီလား"

"ဘာပဲဖြစ်ဖြစ် ငါကောက်ချက်ချတာ ယုတ္တိရှိတယ်မလား" စနစ်သည် ပြန်လည်ကာ ခွန်းတုံ့ပြန်လိုက်သည်။ စိတ်ကူးယဉ် တွေးတောခြင်းတွင် သူသည် မည်သို့မျှ အားမနည်းလှချေ။

All Chapters